Unicode
ချီမိုရဲ့အခြေအနေက တစ်နေ့ထက်တစ်နေ့ပိုပြီးဆုတ်ယုတ်လာတယ်
ဒီကိစ္စမှာ အငြှိုးအတေး၀ိညာဥ်တွေပါ ပါနေတာကိုသိသွားတော့ ဖုန်းကျင်းရဲ့အမူအရာက ပိုပြီးလေးနက်လာတယ်
သူက ဖုန်းကျင်းရဲ့အခန်းထဲမှာ အင်းစာရွက်အချို့ကိုလိုက်ကပ်နေတယ်
"အဲ့ဒါတွေက ကျွန်မအပေါ်ရော သက်ရောက်မှုရှိမှာလား.."
ရှီရှန်းက အဲ့ဒါတွေအနားကိုမသွားရဲဘူး..
ဖုန်းကျင်းက နောက်ဆုံးအင်းစာရွက်ကိုကပ်ပြီး အခန်းထဲကထွက်လာကာ တံခါးကိုပိတ်လိုက်တယ်
"သူတို့ကမင်းကိုမထိခိုက်စေနိုင်ပါဘူး.."
"ဘာလို့လဲ.."
"အင်းစာရွက်တွေက အငြှိုးအတေး၀ိညာဥ်တွေကိုပဲပစ်မှတ်ထားတာ..မင်းကသရဲဆိုပေမယ့် ငါနဲ့သွေးစာချုပ်ချုပ်ထားတာမို့လို့ အထူးပြုလုပ်ထားတဲ့အင်းစာရွက်တွေကလွဲရင် မင်းကိုထိခိုက်စေမှာမဟုတ်ဘူး.."
"အဲ့လိုလား..ဒါဆို ကျွန်မ ပယောဂဆရာတွေကိုကြောက်စရာမလိုဘူးပေါ့.."
'စုယွင်မှာ ပယောဂဆရာပေးထားတဲ့အဆောင်ရှိနေတာတောင် ငါသူမအနားကိုကပ်လို့ရတာ ဒါကြောင့်ကိုး..'
ဖုန်းကျင်းကမျက်မှောင်ကျုတ်လိုက်တယ် ရှီရှန်းရဲ့စကားနောက်ကွယ်မှာအခြားအဓိပ္ပါယ်ရှိအုံးမယ်လို့ သူထင်ပေမယ့် သူ့မှာ ဘာသက်သေမှမရှိတာကြောင့် ရှီရှန်းကိုသတိပေးရုံပဲတတ်နိုင်တယ်
"ဒါပေမယ့် တကယ်အရည်အချင်းရှိတဲ့ပယောဂဆရာနဲ့တွေ့ရင်တော့ မင်းထွက်ပြေးရမယ်နော်.."
"မစ္စတာဖုန်း..တစ်ယောက်ယောက်လာနေပြီ.." အန်းစုကသူတို့ကို လှမ်းသတိပေးလိုက်တယ်
'မစ္စတာဖုန်း တစ်ယောက်တည်းစကားပြောနေတာကို တစ်ယောက်ယောက်တွေ့သွားရင် သူ့ကိုရူးနေတယ်လို့ထင်ကြလိမ့်မယ်..'
သူမပြောတဲ့အတိုင်းပဲ သန့်ရှင်းရေးအစေခံတစ်ယောက်က လှေကားပေါ်ကနေဆင်းလာတယ် သူမက ဖုန်းကျင်းနဲ့အန်းစုကိုတွေ့တော့ ပြုံးပြပြီးထွက်သွားတယ်
"ကျွန်မတို့အခုဘာလုပ်ကြမလဲ.."
ရှီရှန်းကသူတို့နှစ်ယောက်အရှေ့ကနေပျံရင်းမေးလိုက်တယ်
"စောင့်မယ်.."
အဲ့လိုပြောတဲ့အတိုင်းပဲ ဖုန်းကျင်းကကိစ္စတွေကိုစိတ်ရှည်လက်ရှည်စောင့်နေတယ်
အန်းစုနဲ့ရှီရှန်းတို့က ပျင်းလာတိုင်း တူတာရှာတဲ့ဂိမ်းကိုဆော့ကြတယ် ဖုန်းကျင်းကသူတို့ထားပြီး မကြာခန အပြင်ထွက်သွားရပေမယ့် အမြဲတမ်း မြန်မြန်ပြန်လာတယ်
ဖုန်းကျင်း အင်းစာရွက်တွေကပ်ပြီးတဲ့မနက်ကစပြီး အစေခံတွေတစ်ယောက်ပြီးတစ်ယောက်ပျောက်ကုန်ကြတယ် ကျန်တဲ့အစေခံတွေကလည်း နောက်ထပ်ပစ်မှတ်ကသူတို့ဖြစ်လာမှာကိုစိုးရိမ်ပြီးအလုပ်ထွက်သွားကြတယ် အခုတော့ အိမ်တော်မှာ ဘဏ္ဍာထိန်းအဘိုးနဲ့ အခြားအစေခံအိုကြီး၂ယောက်ပဲကျန်ခဲ့တော့တယ်
သူတို့၃ယောက်က ချီမိသားစုကိုတစ်သက်လုံးအမှုထမ်းလာသူတွေဖြစ်ပြီး ဒီအိမ်အပေါ်လည်းသံယောဇဥ်ရှိကြတာကြောင့် ထွက်မသွားချင်ကြဘူး..
ဖုန်းကျင်းက လူတွေပျောက်နေတာကို နည်းနည်းလေးမှဂရုမစိုက်ပေမယ့် အန်းစုကတော့ စိတ်ထဲသိပ်မကောင်းဘူး..ဘာပဲဖြစ်ဖြစ် သူတို့တွေက လူတွေပဲလေ...ဒါပေမယ့် *ငါ့ကိုစကားမပြောနဲ့* ဆိုတဲ့ ဖုန်းကျင်းရဲ့မျက်နှာထားကြီးနဲ့ ရှီရှန်းရဲ့ဘုဘောက်တုန့်ပြန်ချက်တွေကိုကြောက်လို့ အန်းစုက ဘာမှ၀င်မပြောရဲဘူး..
တစ်ဖက်မှာတော့ ရှီရှန်းက နာ့လန်ရင်းတစ်ယောက်ဘယ်တွေရောက်နေလဲဆိုတာကိုသိချင်နေတယ်..
'ဖုန်းကျင်းပြောတော့ ဇာတ်လိုက်ကောင်က မကြာခင်ရောက်လာတော့မှာဆို...အန်းစုတောင် ဒီကိုရောက်နေတာ ၅ရက် ၆ရက်လောက်ရှိနေပြီ.. သူက ဘယ်သွားသေနေတာလဲ...ဒါကြီးကသဘာ၀မကျဘူးနော်...ဇာတ်လိုက်ကောင်သာပေါ်မလာရင် ငါဘယ်သူ့ကိုဒုက္ခပေးရတော့မလဲ...'
.................
အင်းစာရွက်တွေကပ်ပြီး၄ရက်မြောက်ည...
ရှီရှန်းကဖုန်းစခရင်ကိုကြည့်နေရာကနေပြောလိုက်တယ်
"လာနေပြီ..."
အန်းစုကကြောက်လို့တုန်သွာတယ်
"ဘယ်..ဘယ်မှာလဲ.."
သူတို့အခန်းက ချီမိုတို့အခန်းရဲ့ဘေးမှာရှိတာကြောင့် ဖုန်းကျင်းက တံခါးနားကိုလျှောက်သွားပြီးအပြင်ကအသံတွေကိုနားထောင်နေတယ်
လှေကားကနေလာနေတဲ့အသံတွေကို ရှင်းရှင်းလင်းလင်းကြားလိုက်ရတယ် လာနေတဲ့သူက ချီမို့အခန်းရှေ့မှာ မရပ်လိုက်မချင်းအသံတွေကိုကြားနေရတုန်းပဲ..
အချိန်အကြာကြီးတိတ်ဆိတ်သွားပြီးနောက်မှာ တံခါးတစ်ချက်ဖွင့်လိုက်တဲ့အသံကိုကြားလိုက်ရတယ် ဒါပေမယ့် အဲ့ဒါက ချီမိုရဲ့အခန်းကမဟုတ်ဘဲ သူတို့အခန်းတံခါးပွင့်သွားတာဖြစ်တယ်
ကျွီ.......
ဖုန်းကျင်းကမျက်မှောင်ကျုတ်ပြီးအပြင်ကိုထွက်သွားတယ် ရှီရှန်းကသူ့အနောက်ကနေလိုက်သွားပြီးပြောလိုက်တယ်
''အပြင်မှာရှိနေတုန်းပဲ..''
သူမအဲ့ဒီစကားပြောပြီးပြီးချင်းပဲ အခန်းတံခါးက၀ုန်းကနည်းပြန်ပိတ်သွားတယ်
အပြင်မှာ အစေခံအိုကြီးတစ်ယောက်ရပ်နေတယ်
ရှီရှန်းက သူမရဲ့ဓါးကိုဆွဲပြီး၀မ်းသာအားရပြောတယ် "အငြှိုးကြီး၀ိညာဥ်ကို ဓါးနဲ့ခုတ်ရတဲ့ခံစားချက်ကိုသိချင်နေတာနဲ့အတော်ပဲ..ဟေး..အရှေ့မှာ ကြောင်တောင်တောင်ရပ်မနေနဲ့.. ကျွန်မနောက်မှာလာနေ.."
ဖုန်းကျင်း "...."
'အဲ့ဒါငါပြောရမယ့်စကားတွေမဟုတ်ဘူးလား..'
ဘန်း!!!!!
တံခါးက နောက်တစ်ကြိမ်ပြန်ပွင့်သွားပြီး အပြင်ကမြင်ကွင်းကိုဖော်ပြနေတယ်..
အစေခံအိုကြီးကိုအနက်ရောင်မြူခိုးတွေနဲ့၀န်းရံထားတယ် သူ့အရေပြားကအစိမ်းရောင်ပြောင်းနေပြီဖြစ်လို့ သူသေသွားပြီဆိုတာသိသာနေတယ် အစေခံအိုကြီးရဲ့မျက်လုံးတွေက အသက်ရှင်နေတဲ့အရိပ်အယောင်မရှိတော့အောင် တည်ငြိမ်နေပြီး သူ့ယဲ့ခြေထောက်တွေကလည်း တောင့်တောင့်ကြီးဖြစ်နေတယ်
ရှီရှန်းက အစေခံအိုကြီးကို ဓါးနဲ့လှမ်းခုတ်ပေမယ့် သူက ခုန်ပြီးရှောင်သွားတယ်
"သွားသေလိုက်!!!!!! "
အစေခံအိုကြီးကဒေါသတကြီးအော်တယ်
သူ့အသံက သတ္တုအချင်းချင်းပွတ်တိုက်လိုက်သလို တဂျစ်ဂျစ် ဖြစ်နေတယ်
ရှီရှန်းရဲ့မျက်လုံးထဲမှာက အေးစက်စက်အလင်းတစ်ချက်လက်သွားပြီး သူမရဲ့နှုတ်ခမ်းတွေကလည်းခပ်လှောင်လှောင်ပြုံးလိုက်တယ်
" ဘယ်လိုလုပ်မလဲ....သွားသေရမယ့်နည်းလမ်းကို ကျွန်မကမသိဘူးလေ..ဒါမှမဟုတ်ရှင်အရင်သင်ပြပါလား...အေးအေးဆေးဆေး သေသွားအောင်လုပ်ပေးမယ်လေ.."
အစေခံအိုကြီးက တစ်ချက်ဟိန်းဟောက်လိုက်ပြီးရှီရှန်းကိုခုန်အုပ်တယ်
ဖုန်းကျင်းက တံခါးနားမှာရပ်ပြီးတစ္ဆေနှစ်ကောင်ကြားကတိုက်ပွဲကိုကြည့်နေတယ်
ရှီရှန်းက သူမရဲ့တစ္ဆေစွမ်းအားတွေကိုမသုံးဘဲ ဓါးနဲ့သာတိုက်ခိုက်တယ် သူမက အစေခံအိုကြီးရဲ့ပုခုံးနဲ့လက်ကိုထိခိုက်အောင်လုပ်နိုင်ခဲ့ပေမယ့် တိုက်ပွဲကိုအလုံးစုံမထိန်းချုပ်နိုင်သေးဘူး
အဲ့ဒီအချိန်မှာ ထောင့်တစ်နေရာမှာပုန်းနေတဲ့ အန်းစုကတော့ တိုက်ပွဲကို ဘလင်းဘလင်းထတဲ့မျက်လုံးတွေနဲ့ကြည့်နေတယ်
'၀ါး...တစ္ဆေမမကအရမ်းအင်အားကြီးတာပဲ'
အငြှိုးအတေးတစ္ဆေက တိုက်ပွဲကိုမနိုင်နိုင်တော့မှန်းသတိပြုမိတာနဲ့တစ်ပြိုင်နက် အစေခံအိုကြီးရဲ့အလောင်းကိုလွှတ်ပေးလိုက်ပြီး ချီမိုရဲ့အခန်းထဲ၀င်သွားတယ် မကြာခင်မှာပဲ ချီမိုရဲ့အခန်းထဲကနေ ဆူဆူညံညံအသံတွေကိုကြားလိုက်ရတယ်
ဖုန်းကျင်းကအမူအရာပြောင်းသွားပြီး အခန်းထဲကိုလိုက်၀င်သွားတယ် အခန်းထဲမှာ သူကပ်ခဲ့တဲ့ အင်းစာရွက်တချို့ကမီးလောင်နေပြီးတချို့ကသာအကောင်းအတိုင်းကျန်ခဲ့တယ်
အငြှိုးအတေး၀ိညာဥ်နဲ့စုယွင်က ချီမို့ကုတင်ရဲ့ဘေးတစ်ဖက်ဆီမှာရပ်နေကြတယ် အငြှိုးအတေး၀ိညာဥ်က ချီမိုရဲ့ခန္ဓာကိုယ်ထဲကို၀င်ချင်နေကြပြီး စုယွင်ကတော့ သူတို့ကိုတားထားတယ် အခြေအနေက လက်ရေတူနေကြတယ်
"သူသေသင့်တယ်.." အငြှိုးအတေး၀ိညာဥ်ရဲ့အသံက ခုနကလို ရှတတအသံမဟုတ်တော့ဘဲ မိန်းမပေါင်းများစွာအော်ပြောလိုက်တဲ့အသံလိုဖြစ်နေတယ်
"ဟင့်အင်း.." စုယွင်က သူမရဲ့ခေါင်းကိုခါယမ်းလိုက်တယ်
"သူသေသင့်တယ် " အငြှိုးအတေး၀ိညာဥ်က ခုနကစကားကိုပဲ ထပ်ခါထပ်ခါပြောနေတယ်
စုယွင်ကလည်းသူမရဲ့ခေါင်းကိုဆက်ပြီးယမ်းတယ် " သူက အပြစ်မရှိပါဘူး..အရာအားလုံးကို စုရှင်းတစ်ယောက်တည်းလုပ်ခဲ့တာ..ချီမိုနဲ့ဘာမှမဆိုင်ဘူး.."
"ဟားဟားဟား...အပြစ်မရှိဘူးတဲ့လား..သူ့ကိုအပြစ်မရှိဘူးလို့နင်ပြောတယ်ပေါ့...နင်ဘာတစ်ခုမှမသိပါလား. စုယွင်..နင်ကအစောကြီးသေသွားတော့ ငါတို့ခံစားခဲ့ရတာတွေကို မသိလိုက်ရဘူးပေါ့..နင်မသိပါဘူး...နင်မသိဘူး..ငါတို့သူ့ကိုသေစေချင်တယ်." အငြှိုးအတေး၀ိညာဥ်က ကြုံး၀ါးလိုက်ပြီး စုယွင်ရဲ့အတားအဆီးကိုဖောက်ထွက်ကာ ချီမိုကို အနက်ရောင်မြူခိုးတွေနဲ့၀န်းရံထားတယ်
စုယွင်ကတော့ နံရံဘက်ကိုလွင့်ထွက်သွားပြီး သူမကို ချီမိုအနားမသွားနိုင်အောင် အနက်ရောင်မြူခိုးတွေက တားဆီးထားတယ်
"ဟင့်အင်း....." စုယွင်က အော်တော့တယ် သူမ ချီမို့အနားကိုသွားချင်ပေမယ့် သွားလို့မရဘူး
ချီမိုရဲ့ခြေထောက်တွေက ရုန်းကန်နေပြီး သူ့မျက်နှာကလည်းရုတ်ချည်းနီရဲလာတယ် သူ့ကိုကြည့်ရတာ တစ်ယောက်ယောက်က လည်ပင်းညှစ်ထားလို့ အသက်မရှူနိုင်တော့တဲ့အတိုင်းပဲ.. သူက ပါးစပ်ကိုဖွင့်ပြီးအသက်ရှူဖို့ကြိုးစားပေမယ့် အသုံးမ၀င်ဘူး..
"သူ့ကိုကယ်ပါ..ကျေးဇူးပြုပြီး..."
စုယွင်က ၀င်ပေါက်မှာရပ်နေတဲ့ ရှီရှန်းဘက်ကိုလှည့်ပြီးတောင်းပန်တယ်
ရှီရှန်းက ဓါးကိုလက်ထဲမှာ လှည့်ပြီးပြောလိုက်တယ် "သူ့ကို နှာဘူးကောင်ကို ဘာကိစ္စကယ်ရမှာလဲ.."
ဖုန်းကျင်းကလည်း စုယွင်ကိုတစ်ချက်တောင်လှည့်မကြည့်တာကြောင့် သူလည်း ချီမိုကိုကယ်မယ့်ပုံမပေါ်ဘူး..
အန်းစုကလည်း စုယွင်ကိုသနားပေမယ့် ဘာမှ၀င်မပြောချင်ဘူး..ဒါပေမယ့် ချီနျန်ရဲ့နောက်ဆုံးတောင်းဆိုချက်က သူမရဲ့ခေါင်းထဲမှာပဲ့တင်ထပ်လာတယ်
"နင်ဘာကိုဆိုလိုတာလဲ.." စုယွင်က ရှီရှန်းကို ထုံအစွာကြည့်လိုက်တယ်
" ဒီမိန်းမတွေသေသွားတာက ချီမိုမှာတာ၀န်ရှိတယ်.." အန်းစုက ခပ်ဖျော့ဖျော့ပြောလိုက်တယ် " စုရှင်းကသူတို့ကိုသတ်ခဲ့တာဆိုပေမယ့် ချီမိုကလည်း အဲ့ဒါတွေအကုန်လုံးကိုသိနေခဲ့တယ်.. သူတို့ထဲကနှစ်ယောက်သေတုန်းကဆိုရင်..သူလည်းအဲ့ဒီနေရာမှာရှိနေတာ..."
အန်းစုကဘာမှဆက်မပြောနိုင်တော့ဘူး..စုယွင်ကိုအရမ်းချစ်ခဲ့တဲ့အမျိုးသားတစ်ယောက်က ဘာဖြစ်လို့ဒီလိုမအခြေအနေကိုရောက်သွားရသလဲဆိုတာ သူမ နားမလည်ဘူး..ချီမိုသာ ဒီမိန်းမတွေအပေါ် ရိုးသားတယ်ဆိုရင် စုရှင်းကသူတို့ကိုဘာမှလုပ်မှာမဟုတ်ဘူး..သူတို့ကိုသတ်တာကစုရှင်းဆိုပေမယ့် ချီမိုက ဒီဖြစ်စဥ်ရဲ့အဓိက တရားခံပဲ..
ချီမိုက စုရှင်းထပ်တောင် ပိုကောက်ကျစ်တယ်လို့ သူမခံစားရတယ်
Transalated by Dora💜 Mia💙
Zawgyi
ခ်ီမိုရဲ႕အေျခအေနက တစ္ေန႔ထက္တစ္ေန႔ပိုၿပီးဆုတ္ယုတ္လာတယ္
ဒီကိစၥမွာ အၿငႇိဳးအေတး၀ိညာဥ္ေတြပါ ပါေနတာကိုသိသြားေတာ့ ဖုန္းက်င္းရဲ႕အမူအရာက ပိုၿပီးေလးနက္လာတယ္
သူက ဖုန္းက်င္းရဲ႕အခန္းထဲမွာ အင္းစာ႐ြက္အခ်ိဳ႕ကိုလိုက္ကပ္ေနတယ္
"အဲ့ဒါေတြက ကြၽန္မအေပၚေရာ သက္ေရာက္မႈ႐ွိမွာလား.."
႐ွီ႐ွန္းက အဲ့ဒါေတြအနားကိုမသြားရဲဘူး..
ဖုန္းက်င္းက ေနာက္ဆုံးအင္းစာ႐ြက္ကိုကပ္ၿပီး အခန္းထဲကထြက္လာကာ တံခါးကိုပိတ္လိုက္တယ္
"သူတို႔ကမင္းကိုမထိခိုက္ေစႏိုင္ပါဘူး.."
"ဘာလို႔လဲ.."
"အင္းစာ႐ြက္ေတြက အၿငႇိဳးအေတး၀ိညာဥ္ေတြကိုပဲပစ္မွတ္ထားတာ..မင္းကသရဲဆိုေပမယ့္ ငါနဲ႔ေသြးစာခ်ဳပ္ခ်ဳပ္ထားတာမို႔လို႔ အထူးျပဳလုပ္ထားတဲ့အင္းစာ႐ြက္ေတြကလြဲရင္ မင္းကိုထိခိုက္ေစမွာမဟုတ္ဘူး.."
"အဲ့လိုလား..ဒါဆို ကြၽန္မ ပေယာဂဆရာေတြကိုေၾကာက္စရာမလိုဘူးေပါ့.."
'စုယြင္မွာ ပေယာဂဆရာေပးထားတဲ့အေဆာင္႐ွိေနတာေတာင္ ငါသူမအနားကိုကပ္လို႔ရတာ ဒါေၾကာင့္ကိုး..'
ဖုန္းက်င္းကမ်က္ေမွာင္က်ဳတ္လိုက္တယ္ ႐ွီ႐ွန္းရဲ႕စကားေနာက္ကြယ္မွာအျခားအဓိပၸါယ္႐ွိအုံးမယ္လို႔ သူထင္ေပမယ့္ သူ႕မွာ ဘာသက္ေသမွမ႐ွိတာေၾကာင့္ ႐ွီ႐ွန္းကိုသတိေပး႐ုံပဲတတ္ႏိုင္တယ္
"ဒါေပမယ့္ တကယ္အရည္အခ်င္း႐ွိတဲ့ပေယာဂဆရာနဲ႔ေတြ႕ရင္ေတာ့ မင္းထြက္ေျပးရမယ္ေနာ္.."
"မစၥတာဖုန္း..တစ္ေယာက္ေယာက္လာေနၿပီ.." အန္းစုကသူတို႔ကို လွမ္းသတိေပးလိုက္တယ္
'မစၥတာဖုန္း တစ္ေယာက္တည္းစကားေျပာေနတာကို တစ္ေယာက္ေယာက္ေတြ႕သြားရင္ သူ႕ကို႐ူးေနတယ္လို႔ထင္ၾကလိမ့္မယ္..'
သူမေျပာတဲ့အတိုင္းပဲ သန္႔႐ွင္းေရးအေစခံတစ္ေယာက္က ေလွကားေပၚကေနဆင္းလာတယ္ သူမက ဖုန္းက်င္းနဲ႔အန္းစုကိုေတြ႕ေတာ့ ျပဳံးျပၿပီးထြက္သြားတယ္
"ကြၽန္မတို႔အခုဘာလုပ္ၾကမလဲ.."
႐ွီ႐ွန္းကသူတို႔ႏွစ္ေယာက္အေ႐ွ႕ကေနပ်ံရင္းေမးလိုက္တယ္
"ေစာင့္မယ္.."
အဲ့လိုေျပာတဲ့အတိုင္းပဲ ဖုန္းက်င္းကကိစၥေတြကိုစိတ္႐ွည္လက္႐ွည္ေစာင့္ေနတယ္
အန္းစုနဲ႔႐ွီ႐ွန္းတို႔က ပ်င္းလာတိုင္း တူတာ႐ွာတဲ့ဂိမ္းကိုေဆာ့ၾကတယ္ ဖုန္းက်င္းကသူတို႔ထားၿပီး မၾကာခန အျပင္ထြက္သြားရေပမယ့္ အၿမဲတမ္း ျမန္ျမန္ျပန္လာတယ္
ဖုန္းက်င္း အင္းစာ႐ြက္ေတြကပ္ၿပီးတဲ့မနက္ကစၿပီး အေစခံေတြတစ္ေယာက္ၿပီးတစ္ေယာက္ေပ်ာက္ကုန္ၾကတယ္ က်န္တဲ့အေစခံေတြကလည္း ေနာက္ထပ္ပစ္မွတ္ကသူတို႔ျဖစ္လာမွာကိုစိုးရိမ္ၿပီးအလုပ္ထြက္သြားၾကတယ္ အခုေတာ့ အိမ္ေတာ္မွာ ဘ႑ာထိန္းအဘိုးနဲ႔ အျခားအေစခံအိုႀကီး၂ေယာက္ပဲက်န္ခဲ့ေတာ့တယ္
သူတို႔၃ေယာက္က ခ်ီမိသားစုကိုတစ္သက္လုံးအမႈထမ္းလာသူေတြျဖစ္ၿပီး ဒီအိမ္အေပၚလည္းသံေယာဇဥ္႐ွိၾကတာေၾကာင့္ ထြက္မသြားခ်င္ၾကဘူး..
ဖုန္းက်င္းက လူေတြေပ်ာက္ေနတာကို နည္းနည္းေလးမွဂ႐ုမစိုက္ေပမယ့္ အန္းစုကေတာ့ စိတ္ထဲသိပ္မေကာင္းဘူး..ဘာပဲျဖစ္ျဖစ္ သူတို႔ေတြက လူေတြပဲေလ...ဒါေပမယ့္ *ငါ့ကိုစကားမေျပာနဲ႔* ဆိုတဲ့ ဖုန္းက်င္းရဲ႕မ်က္ႏွာထားႀကီးနဲ႔ ႐ွီ႐ွန္းရဲ႕ဘုေဘာက္တုန္႔ျပန္ခ်က္ေတြကိုေၾကာက္လို႔ အန္းစုက ဘာမွ၀င္မေျပာရဲဘူး..
တစ္ဖက္မွာေတာ့ ႐ွီ႐ွန္းက နာ့လန္ရင္းတစ္ေယာက္ဘယ္ေတြေရာက္ေနလဲဆိုတာကိုသိခ်င္ေနတယ္..
'ဖုန္းက်င္းေျပာေတာ့ ဇာတ္လိုက္ေကာင္က မၾကာခင္ေရာက္လာေတာ့မွာဆို...အန္းစုေတာင္ ဒီကိုေရာက္ေနတာ ၅ရက္ ၆ရက္ေလာက္႐ွိေနၿပီ.. သူက ဘယ္သြားေသေနတာလဲ...ဒါႀကီးကသဘာ၀မက်ဘူးေနာ္...ဇာတ္လိုက္ေကာင္သာေပၚမလာရင္ ငါဘယ္သူ႕ကိုဒုကၡေပးရေတာ့မလဲ...'
.................
အင္းစာ႐ြက္ေတြကပ္ၿပီး၄ရက္ေျမာက္ည...
႐ွီ႐ွန္းကဖုန္းစခရင္ကိုၾကည့္ေနရာကေနေျပာလိုက္တယ္
"လာေနၿပီ..."
အန္းစုကေၾကာက္လို႔တုန္သြာတယ္
"ဘယ္..ဘယ္မွာလဲ.."
သူတို႔အခန္းက ခ်ီမိုတို႔အခန္းရဲ႕ေဘးမွာ႐ွိတာေၾကာင့္ ဖုန္းက်င္းက တံခါးနားကိုေလွ်ာက္သြားၿပီးအျပင္ကအသံေတြကိုနားေထာင္ေနတယ္
ေလွကားကေနလာေနတဲ့အသံေတြကို ႐ွင္း႐ွင္းလင္းလင္းၾကားလိုက္ရတယ္ လာေနတဲ့သူက ခ်ီမို႔အခန္းေ႐ွ႕မွာ မရပ္လိုက္မခ်င္းအသံေတြကိုၾကားေနရတုန္းပဲ..
အခ်ိန္အၾကာႀကီးတိတ္ဆိတ္သြားၿပီးေနာက္မွာ တံခါးတစ္ခ်က္ဖြင့္လိုက္တဲ့အသံကိုၾကားလိုက္ရတယ္ ဒါေပမယ့္ အဲ့ဒါက ခ်ီမိုရဲ႕အခန္းကမဟုတ္ဘဲ သူတို႔အခန္းတံခါးပြင့္သြားတာျဖစ္တယ္
ကြၽီ.......
ဖုန္းက်င္းကမ်က္ေမွာင္က်ဳတ္ၿပီးအျပင္ကိုထြက္သြားတယ္ ႐ွီ႐ွန္းကသူ႕အေနာက္ကေနလိုက္သြားၿပီးေျပာလိုက္တယ္
''အျပင္မွာ႐ွိေနတုန္းပဲ..''
သူမအဲ့ဒီစကားေျပာၿပီးၿပီးခ်င္းပဲ အခန္းတံခါးကဝုန္းကနည္းျပန္ပိတ္သြားတယ္
အျပင္မွာ အေစခံအိုႀကီးတစ္ေယာက္ရပ္ေနတယ္
႐ွီ႐ွန္းက သူမရဲ႕ဓါးကိုဆြဲၿပီး၀မ္းသာအားရေျပာတယ္ "အၿငႇိဳးႀကီး၀ိညာဥ္ကို ဓါးနဲ႔ခုတ္ရတဲ့ခံစားခ်က္ကိုသိခ်င္ေနတာနဲ႔အေတာ္ပဲ..ေဟး..အေ႐ွ႕မွာ ေၾကာင္ေတာင္ေတာင္ရပ္မေနနဲ႔.. ကြၽန္မေနာက္မွာလာေန.."
ဖုန္းက်င္း "...."
'အဲ့ဒါငါေျပာရမယ့္စကားေတြမဟုတ္ဘူးလား..'
ဘန္း!!!!!
တံခါးက ေနာက္တစ္ႀကိမ္ျပန္ပြင့္သြားၿပီး အျပင္ကျမင္ကြင္းကိုေဖာ္ျပေနတယ္..
အေစခံအိုႀကီးကိုအနက္ေရာင္ျမဴခိုးေတြနဲ႔၀န္းရံထားတယ္ သူ႕အေရျပားကအစိမ္းေရာင္ေျပာင္းေနၿပီျဖစ္လို႔ သူေသသြားၿပီဆိုတာသိသာေနတယ္ အေစခံအိုႀကီးရဲ႕မ်က္လုံးေတြက အသက္႐ွင္ေနတဲ့အရိပ္အေယာင္မ႐ွိေတာ့ေအာင္ တည္ၿငိမ္ေနၿပီး သူ႕ယဲ့ေျခေထာက္ေတြကလည္း ေတာင့္ေတာင့္ႀကီးျဖစ္ေနတယ္
႐ွီ႐ွန္းက အေစခံအိုႀကီးကို ဓါးနဲ႔လွမ္းခုတ္ေပမယ့္ သူက ခုန္ၿပီးေ႐ွာင္သြားတယ္
"သြားေသလိုက္!!!!!! "
အေစခံအိုႀကီးကေဒါသတႀကီးေအာ္တယ္
သူ႕အသံက သတၱဳအခ်င္းခ်င္းပြတ္တိုက္လိုက္သလို တဂ်စ္ဂ်စ္ ျဖစ္ေနတယ္
႐ွီ႐ွန္းရဲ႕မ်က္လုံးထဲမွာက ေအးစက္စက္အလင္းတစ္ခ်က္လက္သြားၿပီး သူမရဲ႕ႏႈတ္ခမ္းေတြကလည္းခပ္ေလွာင္ေလွာင္ျပဳံးလိုက္တယ္
" ဘယ္လိုလုပ္မလဲ....သြားေသရမယ့္နည္းလမ္းကို ကြၽန္မကမသိဘူးေလ..ဒါမွမဟုတ္႐ွင္အရင္သင္ျပပါလား...ေအးေအးေဆးေဆး ေသသြားေအာင္လုပ္ေပးမယ္ေလ.."
အေစခံအိုႀကီးက တစ္ခ်က္ဟိန္းေဟာက္လိုက္ၿပီး႐ွီ႐ွန္းကိုခုန္အုပ္တယ္
ဖုန္းက်င္းက တံခါးနားမွာရပ္ၿပီးတေစၧႏွစ္ေကာင္ၾကားကတိုက္ပြဲကိုၾကည့္ေနတယ္
႐ွီ႐ွန္းက သူမရဲ႕တေစၧစြမ္းအားေတြကိုမသုံးဘဲ ဓါးနဲ႔သာတိုက္ခိုက္တယ္ သူမက အေစခံအိုႀကီးရဲ႕ပုခုံးနဲ႔လက္ကိုထိခိုက္ေအာင္လုပ္ႏိုင္ခဲ့ေပမယ့္ တိုက္ပြဲကိုအလုံးစုံမထိန္းခ်ဳပ္ႏိုင္ေသးဘူး
အဲ့ဒီအခ်ိန္မွာ ေထာင့္တစ္ေနရာမွာပုန္းေနတဲ့ အန္းစုကေတာ့ တိုက္ပြဲကို ဘလင္းဘလင္းထတဲ့မ်က္လုံးေတြနဲ႔ၾကည့္ေနတယ္
'၀ါး...တေစၧမမကအရမ္းအင္အားႀကီးတာပဲ'
အၿငႇိဳးအေတးတေစၧက တိုက္ပြဲကိုမႏိုင္ႏိုင္ေတာ့မွန္းသတိျပဳမိတာနဲ႔တစ္ၿပိဳင္နက္ အေစခံအိုႀကီးရဲ႕အေလာင္းကိုလႊတ္ေပးလိုက္ၿပီး ခ်ီမိုရဲ႕အခန္းထဲ၀င္သြားတယ္ မၾကာခင္မွာပဲ ခ်ီမိုရဲ႕အခန္းထဲကေန ဆူဆူညံညံအသံေတြကိုၾကားလိုက္ရတယ္
ဖုန္းက်င္းကအမူအရာေျပာင္းသြားၿပီး အခန္းထဲကိုလိုက္၀င္သြားတယ္ အခန္းထဲမွာ သူကပ္ခဲ့တဲ့ အင္းစာ႐ြက္တခ်ိဳ႕ကမီးေလာင္ေနၿပီးတခ်ိဳ႕ကသာအေကာင္းအတိုင္းက်န္ခဲ့တယ္
အၿငႇိဳးအေတး၀ိညာဥ္နဲ႔စုယြင္က ခ်ီမို႔ကုတင္ရဲ႕ေဘးတစ္ဖက္ဆီမွာရပ္ေနၾကတယ္ အၿငႇိဳးအေတး၀ိညာဥ္က ခ်ီမိုရဲ႕ခႏၶာကိုယ္ထဲကို၀င္ခ်င္ေနၾကၿပီး စုယြင္ကေတာ့ သူတို႔ကိုတားထားတယ္ အေျခအေနက လက္ေရတူေနၾကတယ္
"သူေသသင့္တယ္.." အၿငႇိဳးအေတး၀ိညာဥ္ရဲ႕အသံက ခုနကလို ႐ွတတအသံမဟုတ္ေတာ့ဘဲ မိန္းမေပါင္းမ်ားစြာေအာ္ေျပာလိုက္တဲ့အသံလိုျဖစ္ေနတယ္
"ဟင့္အင္း.." စုယြင္က သူမရဲ႕ေခါင္းကိုခါယမ္းလိုက္တယ္
"သူေသသင့္တယ္ " အၿငႇိဳးအေတး၀ိညာဥ္က ခုနကစကားကိုပဲ ထပ္ခါထပ္ခါေျပာေနတယ္
စုယြင္ကလည္းသူမရဲ႕ေခါင္းကိုဆက္ၿပီးယမ္းတယ္ " သူက အျပစ္မ႐ွိပါဘူး..အရာအားလုံးကို စု႐ွင္းတစ္ေယာက္တည္းလုပ္ခဲ့တာ..ခ်ီမိုနဲ႔ဘာမွမဆိုင္ဘူး.."
"ဟားဟားဟား...အျပစ္မ႐ွိဘူးတဲ့လား..သူ႕ကိုအျပစ္မ႐ွိဘူးလို႔နင္ေျပာတယ္ေပါ့...နင္ဘာတစ္ခုမွမသိပါလား. စုယြင္..နင္ကအေစာႀကီးေသသြားေတာ့ ငါတို႔ခံစားခဲ့ရတာေတြကို မသိလိုက္ရဘူးေပါ့..နင္မသိပါဘူး...နင္မသိဘူး..ငါတို႔သူ႕ကိုေသေစခ်င္တယ္." အၿငႇိဳးအေတး၀ိညာဥ္က ၾကဳံး၀ါးလိုက္ၿပီး စုယြင္ရဲ႕အတားအဆီးကိုေဖာက္ထြက္ကာ ခ်ီမိုကို အနက္ေရာင္ျမဴခိုးေတြနဲ႔၀န္းရံထားတယ္
စုယြင္ကေတာ့ နံရံဘက္ကိုလြင့္ထြက္သြားၿပီး သူမကို ခ်ီမိုအနားမသြားႏိုင္ေအာင္ အနက္ေရာင္ျမဴခိုးေတြက တားဆီးထားတယ္
"ဟင့္အင္း....." စုယြင္က ေအာ္ေတာ့တယ္ သူမ ခ်ီမို႔အနားကိုသြားခ်င္ေပမယ့္ သြားလို႔မရဘူး
ခ်ီမိုရဲ႕ေျခေထာက္ေတြက ႐ုန္းကန္ေနၿပီး သူ႕မ်က္ႏွာကလည္း႐ုတ္ခ်ည္းနီရဲလာတယ္ သူ႕ကိုၾကည့္ရတာ တစ္ေယာက္ေယာက္က လည္ပင္းညႇစ္ထားလို႔ အသက္မ႐ွဴႏိုင္ေတာ့တဲ့အတိုင္းပဲ.. သူက ပါးစပ္ကိုဖြင့္ၿပီးအသက္႐ွဴဖို႔ႀကိဳးစားေပမယ့္ အသုံးမ၀င္ဘူး..
"သူ႕ကိုကယ္ပါ..ေက်းဇူးျပဳၿပီး..."
စုယြင္က ၀င္ေပါက္မွာရပ္ေနတဲ့ ႐ွီ႐ွန္းဘက္ကိုလွည့္ၿပီးေတာင္းပန္တယ္
႐ွီ႐ွန္းက ဓါးကိုလက္ထဲမွာ လွည့္ၿပီးေျပာလိုက္တယ္ "သူ႕ကို ႏွာဘူးေကာင္ကို ဘာကိစၥကယ္ရမွာလဲ.."
ဖုန္းက်င္းကလည္း စုယြင္ကိုတစ္ခ်က္ေတာင္လွည့္မၾကည့္တာေၾကာင့္ သူလည္း ခ်ီမိုကိုကယ္မယ့္ပုံမေပၚဘူး..
အန္းစုကလည္း စုယြင္ကိုသနားေပမယ့္ ဘာမွ၀င္မေျပာခ်င္ဘူး..ဒါေပမယ့္ ခ်ီႏ်န္ရဲ႕ေနာက္ဆုံးေတာင္းဆိုခ်က္က သူမရဲ႕ေခါင္းထဲမွာပဲ့တင္ထပ္လာတယ္
"နင္ဘာကိုဆိုလိုတာလဲ.." စုယြင္က ႐ွီ႐ွန္းကို ထုံအစြာၾကည့္လိုက္တယ္
" ဒီမိန္းမေတြေသသြားတာက ခ်ီမိုမွာတာ၀န္႐ွိတယ္.." အန္းစုက ခပ္ေဖ်ာ့ေဖ်ာ့ေျပာလိုက္တယ္ " စု႐ွင္းကသူတို႔ကိုသတ္ခဲ့တာဆိုေပမယ့္ ခ်ီမိုကလည္း အဲ့ဒါေတြအကုန္လုံးကိုသိေနခဲ့တယ္.. သူတို႔ထဲကႏွစ္ေယာက္ေသတုန္းကဆိုရင္..သူလည္းအဲ့ဒီေနရာမွာ႐ွိေနတာ..."
အန္းစုကဘာမွဆက္မေျပာႏိုင္ေတာ့ဘူး..စုယြင္ကိုအရမ္းခ်စ္ခဲ့တဲ့အမ်ိဳးသားတစ္ေယာက္က ဘာျဖစ္လို႔ဒီလိုမအေျခအေနကိုေရာက္သြားရသလဲဆိုတာ သူမ နားမလည္ဘူး..ခ်ီမိုသာ ဒီမိန္းမေတြအေပၚ ႐ိုးသားတယ္ဆိုရင္ စု႐ွင္းကသူတို႔ကိုဘာမွလုပ္မွာမဟုတ္ဘူး..သူတို႔ကိုသတ္တာကစု႐ွင္းဆိုေပမယ့္ ခ်ီမိုက ဒီျဖစ္စဥ္ရဲ႕အဓိက တရားခံပဲ..
ခ်ီမိုက စု႐ွင္းထပ္ေတာင္ ပိုေကာက္က်စ္တယ္လို႔ သူမခံစားရတယ္
Transalated by Dora💜 Mia💙