မုန္း၍ခ်စ္ခဲ့သည္ ( မုန်း၍ချစ်...

By Tokebloom

16.4K 1.1K 131

OFFGUN Fanfic Zawgyi & Unicode 6.6.2021 to 11.7.2021 More

အပိုင်း(၁)
အပိုင်း (၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
The end

အပိုင်း(၉)

508 45 2
By Tokebloom














×××××××××××××××××××××××





ကိုယ်ပေါ်ကစောင်ကို ဖယ်ခွာလိုက်တော့ ဖြူလွန်းသောအသားရည်မှာ နေရာအနှံ့ကိုက်ရာ ဗရပွဖြင့် အညိုမဲစွဲနေလေသည်။


Ph Ringing...!!!





ဂလု...!!!














"ခင်ဗျား...!!!"



________________________________________



"ငယ် သိလား"


"အင်"


















"အွန့်!!!"


"အကိုOffကလည်း"



















______________________________________

BLOOM
14.6.2021
(1:59)PM




🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀





"အင်း၊ ဘယ်သူဘယ်ဝါဆိုတာ စိတ်မဝင်စားဘူး၊ သူကပြစ်မှုတွေကျူးလွန်ထားသူပဲ၊ တော်ပြီ...တော်ပြီ ငါ့ကိုတရားမပြနဲ့ Arm၊ အင်း ၊ အင်း ကျေးဇူးပဲ ၊ ငါ့အိမ်ကို တစ်ချက်ကြည့်ထားပေးအုံး...အင်း… ဒါပဲ"

တီကနဲ ကျသွားသည့် Phကို Sofaရှည်ပေါ် ပစ်တင်လိုက်သည်။

ထို့နောက် ရှပ်လက်ရှည်အနက်ရောင်ကို ကြယ်သီးသုံးလုံးချန်တပ်လိုက်ပြီး လောင်းကုတ်နီညိုရောင်ကို အပေါ်ကထပ်ဝတ်လိုက်ကာ လည်သာပြောင်လက်နေသော ဖိနပ်တစ်ရံကို ဝတ်လိုက်သည်။

ထို့နောက် သူပိုင်သည့် ဟိုတယ်ပေါ်မှ ဆင်းလာကာ Barရှိရာသို့ ဦးတည်သွားလေသည်။

ကောင်တာက ကောင်လေးက Tayကို မြင်တာနှင့် ခေါင်းညိတ်ပြသည်။

သားကောင်ဖမ်းဖို့စောင့်နေတာ နေ့ပေါင်းများစွာ။

လွယ်လင့်တကူ အဆင်သင့်လေးကြတော့ ရေခြားမြေခြားမှာမှ လာအဆင်ပြေရတယ်လို့...ဟက်... ခင်ဗျားကြီး လုပ်ထားသမျှ သွေးကြွေးတွေ ခင်ဗျားသားကို ဆပ်ခိုင်းရတာ စိတ်မကောင်းပါဘူး။

လဲပြိုနေသော ကိုယ်ပျော့ပျော့လေးကို ခါးလည်ကဖြတ်ထမ်းကာ ပုခုံးပေါ်တင်ရင်း အပေါ်ထပ်က အသင့်ပြင်ထားသည့် အခန်းကိုလာလိုက်သည်။

ဆေးရဲ့အာနိသင်ပြလာမယ့် အချိန်က တစ်နာရီစာအချိန်ရသေးသည်။

ကိုယ်တို့ဖြည်းဖြည်းချင်း သွားကြတာပေါ့ အတန်းတူသူငယ်ချင်းလေး။

စောစောသိခဲ့ရင် ကိုယ်စောစော လာရှာမှာပေါ့။ ခုတော့ အသိနောက်ကျလိုက်တာ။

ဖြူနုနုကိုယ်လေးကို တစ်လွှာချင်းခွာရင်း Tayတစ်ယောက် ဟားတိုက်ရယ်လိုက်သည်။

ယောကျာ်းတစ်ယောက်ရဲ့မာနက ကျိုးကျေပျက်ဆီးသွားတဲ့အခါ မင်းဆီက အပြစ်တင်လာမယ့်စကားလုံးတွေကို ကိုယ်စောင့်နေပါသေးရဲ့။

×××××××××××××××××××××××

ထိုးကိုက်လာသော ခေါင်းကြောင့် ကျွတ်စ်တစ်ချက် စုပ်သပ်ရင်း မျက်လုံးတို့မှေးမှိတ်ထားရာမှ ခေါင်းကိုခါရမ်းမိသည်။

မျက်လုံးအစုံဖွင့်လိုက်တော့ မိုးပြာရောင်မျက်နှာကျက်ကို မြင်လိုက်ရသည်။

ညကကိစ္စကို စဉ်းစားကြည့်တော့... ဦးလေးZeal...ကို သတိရသွားပြီး အိပ်နေရာမှ ထလိုက်တော့....

" အား!!!!! ဘယ်ခွေး×× ငါ့ကိုဘာလုပ်သွားတာလဲ".
ခန္ဓာဗေဒအရ မိမိတစ်ကိုယ်လုံး ကိုင်ရိုက်ထားသလိုဖြစ်ကာ အောက်ပိုင်းက သိသိသာသာ နာကျင်နေလေသည်။

ကိုယ်ပေါ်ကစောင်ကို ဖယ်ခွာလိုက်တော့ ဖြူလွန်းသောအသားရည်မှာ နေရာအန့ှံကိုက်ရာ ဗရပွဖြင့် အညိုမဲစွဲနေလေသည်။

အခန်းထဲဝေ့ကြည့်တော့ ဟိုတယ်ခန်းတစ်ခုထဲ ရောက်နေပုံရသည်။

Ph Ringing...!!!

ကုတင်အောက် ကျဲပြန့်နေသော New၏ အဝတ်အစားတွေထဲမှ အော်မြည်လာသော Phသံ။

ညကပြန်မအိပ်သည့် Newကြောင့် လက်ထောက်က ရှာနေတာဖြစ်မည်။

နည်းနည်းချင်းစီ ကိုယ်ကိုရွှေ့ပြီး ကိုယ်ကိုကိုင်း၍ ကုတင်အောက်ကို လက်လှမ်းလိုက်သည်။

မိမိမျက်စိအရှေ့ကို ဝင်လာတဲ့ ခြေထောက်တစ်စုံ၊ အထက်ကိုရွေ့သွားတော့ နီညိုရောင် Bathrobeကို ခါးတွင် ခပ်တင်းတင်း စည်းနှောင်ထားသည့် ကြိုးရှည်ရှည်နှစ်စက အောက်ကိုတွဲလျားကျနေလျက်၊ အထက်ဘက်ကို စုံဆန်သွားတော့ ရင်ဘက်ဟကွဲထဲမှ ကြွတက်နေတဲ့မာဆယ်အမြောင်းတွေကို တွေ့လိုက်ရသည်။

ဂလု...!!!

Newရဲ့ Adam's Appleလေးက အထက်အောက် လှုပ်ရှားသွားသည်။

မျက်နှာကို မကြည့်မိခင်မှာပဲ မျက်စိရှေ့ကိုရောက်လာသည့် New၏Phလေး။

လက်ကိုဆန့်ထုတ်ပြီး ယူလိုက်ကာ...

"ကျေးဇူးတင်...ဟင်...ခင်ဗျားက ဘယ်လိုလုပ် ရောက်နေတာလဲ"

Newအလန့်တကြား မေးမိသည်။

"ကိုယ်တို့တစ်ညလုံး အတူတူရှိခဲ့ပြီးပြီပဲ ဒီမှာရှိတာ ဘာထူးဆန်းလို့လဲ"

Tayက ထီမထင်သည့်ဟန်အပြည့်ပါသော မျက်နှာထားဖြင့်ဖြေရင်း ခုံတစ်လုံးပေါ် ဝင်ထိုင်သည်။

" ဒီလိုဖြစ်အောင် လုပ်ထားတာ ခင်ဗျားလို့ မပြောနဲ့နော်"

ကိုယ့်မျက်စိကို ကိုယ်တောင် မယုံနိုင်လောက်သည်အထိ ဖြစ်သွားရသည်။

Tayကို လန်ဒန်မှာ ဒီလောက်တိုက်တိုက်ဆိုင်ဆိုင် တွေ့ရအောင် သူတို့နှစ်ယောက် အဲ့လောက်ထိ ကံနီးစပ်သွားသလား။

ပြီးတော့ ဒီလူကိုမတွေ့ခင်အထိ Newထင်ထားတာက One Night Standတစ်ယောက်နဲ့အဆင်ပြေခဲ့ပေမယ့် ကိုယ်အောက်ထပ်ကို ဆင်းလိုက်ရတယ်ဆိုတဲ့အသိ ဝင်သွားပြီး ခဏတာ စိတ်တိုသွားပေမယ့် ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ထားရတာ။

ထိုသို့မဟုတ်ဘဲ ဒီလူသာ သူ့ကိုဤကဲ့သို့ ဖြစ်သွားစေတဲ့ တရားခံသာ ဆိုလျှင်......!

"ဒီအခန်းထဲမှာ မင်းနဲ့ကိုယ်နဲ့ နှစ်ယောက်ပဲရှိတာ၊ မင်းရဲ့ ဒီပုံစံက တခြားသူလာလုပ်သွားတယ်လို့ မျှော်လင့်နေတာလား"

"ခင်ဗျား...!!!"

Newတစ်ယောက် ဆုတောင်းတွေ မပြည့်ခဲ့ပါ၊ ထိုအစား အသားတဆတ်ဆတ်တုန်သည်အထိ စိတ်တိုလာရသည်။

သူနဲ့ကိုယ်က ဘယ်လိုကိစ္စနဲ့မှ မပတ်သတ်ခဲ့ပဲနဲ့။ လူးဝစ်ကုမ္ပဏီသူဌေးက ဂေးနေတယ်လို့ သူတစ်ခါမှ မကြားမိခဲ့ဘူးလေ။

________________________________________

ကောင်းကင်မှာ တိမ်ကင်းစင်ပြီး ပြာလွင်လွင်ကောင်းကင်အောက်မှာ တိမ်ဖြူလုံးလေးတွေ တရွေ့ရွေ့ လွင့်နေလေသည်။

ထိုကဲ့သို့ သာယာလွန်းလှသော နေ့တစ်နေ့မှာပဲ ကောင်ငယ်လေးတစ်ယောက်က ပန်းချီသင်တန်းကို ပြေးကာ ချစ်ရသူအိမ်ကို ရောက်နေလေသည်။

"ငယ် သိလား"

Offရဲ့ပေါင်ပေါ် ခေါင်းအုံးကာ Sofaပေါ် အလျားလိုက်လှဲနေသော ကောင်လေးက စားလက်စ စတော်ဘယ်ရီတို့ကို ဝါးနေရာမှ မျက်နှာချောချောကို ကြည့်လိုက်သည်။

"အင်"

"ကိုယ့်ရင်ထဲ တဒုန်းဒုန်းနဲ့ ဗုံတီးသလိုကို ဖြစ်နေတာ"

Tay အနောက်နိုင်ငံကို ခရီးထွက်သည်ဟု သတင်းအတိအကျရထားသည်မို့ ဒီကာလအတွင်း ငယ်သည် သူ့ကိုသာစွဲလန်းနေရမည်။

ထို့ကြောင့် Off တစ်ခါမှတောင် မစဉ်းစားဘူးတဲ့ စကားလုံးတို့ကို နေ့စဉ်သုံးရင်း ငယ့်ကို ဆွဲဆောင်နေလေသည်။

"ဟင် ဘာလို့လဲ အကိုOff နေမကောင်းဘူးလား"

Gunမှာ လှဲနေရာက အလျင်အမြန်ထလိုက်ကာ Offရင်ဘတ်ကို စမ်းလေသည်။

ဒီကောင်လေးကတော့ Offတစ်ခုခုပြောလိုက်တာနှင့် ပြာနေတတ်သည်။

"ကိုယ် ဘာမှမဖြစ်ပါဘူး၊ ငယ်နဲ့အတူတူရှိနေရလို့ ကိုယ်ပျော်တယ်ဆိုတာ ပြောချင်တာ"

"ကိုယ်ပျော်တယ် ငယ်ရေပြောလိုက် ပြီးရောကို၊ အကိုကလေ"

ရင်ဘတ်ကို လက်သီးစုပ်ကလေးနဲ့ ထုလိုက်ပြီး Offနံဘေးတွင် တည့်တည့်မတ်မတ်ထိုင်လိုက်သည်။

"ငယ် ပျင်းနေပြီလား ပြန်မလား"

Offကွန်ဒိုကို Gunရောက်နေသည်မှာ တစ်နာရီကျော်နေပြီဖြစ်သည်။

သင်တန်းချိန်က(၂)နာရီခွဲကြာချိန်မို့ နောက်ထပ်တစ်နာရီနီးပါး Offအတွက်အချိန်ကျန်သေးသည်။

ချစ်သူဖြစ်ပြီး တစ်ပတ်အတွင်း Gunဒီကို ဒုတိယတစ်ခေါက် ထပ်ရောက်လာခြင်းဖြစ်သည်။

"ဟင့်အင်း၊ Gun နာရီဝက်လောက် နေအုံးမယ်လေ၊ Driverဦးလေးကြီးက ခဏနေမှ သင်တန်းကိုလာမှာ"

Gunခုတလော အသစ်တက်နေသည့် ပန်းချီကျောင်းသည် Offဝယ်ယူထားသော ကွန်ဒိုနှင့် တွဲလျက်အဆောက်အဦးတွင်ဖြစ်သည်။

အမွှာအဆောက်အဦးလို့လည်း တချို့က ခေါ်ကြသည်။

အမှန်က ကျောင်းလည်းပြေးရင်း ချစ်သူနှင့်လည်း တွေ့ရတာအဆင်ပြေအောင် အိမ်နဲ့ဝေးသည့် နေရာထိ သင်တန်းလာတက်ခြင်းဖြစ်သည်။

"အွန့်!!!"

ဘေးချင်းကပ်ထိုင်နေသည့် Gun၏မျက်နှာနား ပူးကပ်သွားရင်း Off သည် ဖျပ်ကနဲနှုတ်ခမ်းကို နမ်းလိုက်သည်။

"အကိုOffကလည်း"

ရှက်ရဲရဲလေးဖြစ်နေတဲ့မျက်နှာကိုကြည့်ရင် Offပြုံးပြလိုက်သည်။

"ဘာလဲ ငယ်ကလည်း နောက်ဆို အကျင့်ဖြစ်သွားမှာ"

တစ်ခါတရံ နစ်ဝင်သွားမတတ် ဖြစ်နေသည့် မိမိနှလုံးသားတစ်စုံကို ဆူးအထပ်ထပ်ကာရံရင်း ထိုကောင်လေးပေါ် ဟန်ဆောင်ပြုံးတွေနဲ့ ဆက်ဆံနေရသည်။

ဟန်ဆောင်မှုတွေကြားမှ တိုးထွက်လာတတ်တဲ့ စစ်မှန်ခြင်းတွေကလည်း အကြိမ်ကြိမ်။

**Off Off... သတိလေးထားစမ်းပါ၊ သူ့အဖေက ကိုယ့်အဖေကို ဘယ်လိုရက်စက်သွားခဲ့သလဲဆိုတာ**

မီးခံသေတ္တာထဲရှိ နောက်ဆုံးရရှိထားသည့် သတင်းအချက်အလက်အရ Tayဖခင်ဂိုဏ်းရာဇာကြီးသည် Offဖခင်လက်ထဲရှိ နိုင်ငံပိုင်Projectလေလံကို အပိုင်လိုချင်လေသည်။

ညှိနှိုင်းကြရာတွင် အခြေအတင်စကားများကြသည်ဟု မှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုအကြောင်းများကြောင့် စကားအခြေအတင်ဖြစ်ကြရပြီး Tayဖခင်ဘက်မှ စတင်ပစ်ခတ်ရာ Off၏ဖခင်က ပြန်လည်ခုခံခဲ့သည်။

ထို့နောက် ဖခင်ဖြစ်သူမှာ လာဘ်စားခြင်း မဟုတ်မမှန်လုပ်တဲ့ရှေ့နေ့ချုပ်ဆိုသည့် နာမည်ဆိုးများဖြင့် သေဆုံးခဲ့ရသည်။

ဖခင်၏ပျက်ဆီးသွားသော ဂုဏ်သိက္ခာတွေအတွက် Offတို့မိသားစုပိုင် လုပ်ငန်းများကိုရင်းပြီး အမှုကိုအဆုံးသတ်ခဲ့ရသည်။

အတော်ခက်ခဲနေသည့်အချိန်တွင် သူငယ်ချင်းဖြစ်သူ New၏ဖခင်မှ ကူညီခဲ့သည့်အပြင် Offရှေ့နေလောကကို ဝင်သည့်နှစ်မှစပြီး ဒီအခြေအနေရောက်သည်အထိ ကြည့်ရှူ့စောင့်ရှောက်ပေးခဲ့လေသည်။

"အကိုOff အကိုOff Gunခေါ်နေတာ ကြာနေပြီ"

Off၏လက်ကို လှုပ်ခါရင်း Gun ခေါ်နေသည်။

"ဟင်...Sorry...ငယ် ကိုယ်အပျော်လွန်သွားလို့"

မုသားစကားတို့ဆိုရာတွင် ရိုးရှင်းလှသောငယ်က အဆုံးထိယုံကြည်ပေးလေသည်။

" ဖြစ်ရမယ် အကိုOff ရယ် ခစ် ခစ် ခစ်"

သဘောတကျရယ်ရင်း Off ကိုတိုးလို့ဖက်လိုက်သည်။

Offဘက်ကတော့ ပြန်လည်ဖက်တွယ်ခြင်း မရှိခဲ့ပါ။

______________________________________

BLOOM
14.6.2021
(1:59)PM

Continue Reading

You'll Also Like

13.2K 424 30
နိုင်ငံအတွင်း သောင်းကျန်းနေသော ဂိုဏ်းအချို့ကို ဖမ်းဆီးဖို့အတွက် villaဆိုသော ဂိုဏ်းကို ရုပ်ဖျက်၀င်သွားခဲ့သူ _Nunew အမှောင်ဂိုဏ်းထဲမှာ အာဏာအကြီးဆုံးဖြစ...
1M 40.2K 93
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
211K 6K 73
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
954 65 7
"အို....ဗျာ~ တရားလိုမောင်၊တရားလိုမောင်နဲ့ ခင်ဗျားမမောဘူးလား။အဲ့အစား"မောင်" လို့ခေါ်လိုက်ရင် ခင်ဗျားမမောတော့ဘူး~~"