Unicode
အန်းစုကအဘိုးကိုသူမဒီနေ့ထိဒီအိမ်မှာနေနေရတဲ့အကြောင်းအရင်းမှန်ကချီမိုရဲ့သမီးဖြစ်တဲ့သူမသူငယ်ချင်းချီနျန်ရဲ့တောင်းဆိုမှူကြောင့်လို့ရှင်းပြတယ်
အဘိုးကချီမိုမှာသမီးတစ်ယောက်ရှိပြီးတော့အန်းစုနဲ့တစ်ကျောင်းထဲပဲဆိုတာကိုသိတယ်သူတို့သူမနဲ့လွန်ခဲ့တဲ့ဆယ်ရက်ကပဲအဆက်အသွယ်ရသေးတယ် ပြီးတော့ဘာသတင်းမှဆက်မကြားရတော့ဘူး
ပြီးတော့အခုအန်းစုက ချီနျန်ကလွန်ခဲ့တဲ့ ၁ပတ်ကမှသေ သွားပြီဆိုတာပြောပြလိုက်တယ်
သူမမှာသာယင်-ယန်မျက်လုံးရှိမနေဘူးဆိုရင်ချီနျန်ရဲ့ဝိညာဥ်ကိုတွေ့ရမှာမဟုတ်ဘူး,ချီနျရန်ကသူမရဲ့၀ိညာဥ်နောက်ဘ၀မကူးခင်မှာအန်းစုဆီကိုလာပြီးတော့သူ့အဖေကိုကယ်ပေးဖို့လာတောင်းဆိုခဲ့တယ်
ချီနျန်ကကျောင်းမှာအထီးကျန်ရတဲ့သူဖြစ်ပြီးတော့သူမအိမ်နဲ့လည်းဆက်ဆံရေးသိပ်မကောင်းဘူး ကျောင်းကိုပေးထားတဲ့အရေးပေါ်ဆက်သွယ်ရေးအချက်အလက်တွေကလည်းမလုံလောက်တာကြောင့်အန်းစုကသူမရဲ့သူငယ်ချင်းတွေကိုလိုက်မေးကြည့်ပေမဲ့တစ်ယောက်မှမသိကြဘူး
အန်းစုကသူမကျောင်းကိုပေးခဲ့တဲ့လိပ်စာကိုအသုံးပြုဖို့ကြိုးစားသေးတယ် ဒါပေမဲ့အဲ့နေရာကလူမနေဘူး အဲတာကြောင့်မို့ချီနျန်ရဲ့အိမ်လိပ်စာအစစ်ကိုသူမမသိဘူး
ရလဒ်အနေနဲ့သူမသေဆုံးသွားတာတစ်ပတ်လောက်ကြာနေတာတောင်သူမအိမ်ကမသိခဲ့ဘူး
ကံကောင်းစွာနဲ့ပဲ, သူမကိုချီနျန်ကဒီအိမ်ရာအကြောင်းပြောပြဖူးတယ်ဒါပေမဲ့အန်းစုကဒီနေရာနဲ့မရင်းနှီးတာကြောင့်ဒီအိမ်ကိုအတော်လေးညဥ့်နက်မှရှာတွေ့ခဲ့တယ်
ခနလောက်အကြာမှာအဘိုးကသူမကျောင်းကိုဖုန်းဆက်တယ် ဒါပေမဲ့ကျောင်းကပြန်ပေးလိုက်တဲ့သတင်းကအန်းစုပြောတာနဲ့အတူတူပဲ
ဖုန်းကိုချပြီးတဲ့အခါမှာအဘိုးကလုံးဝကိုအားမရှိတော့ဘူး သူ့ခြေထောက်တွေကလေတိုက်ရင်လွင့်သွားတော့မလိုမျိုး, ယိုင်နေတယ်
'သခင်ကလည်းသေမင်းတံခါးဝနားရောက်နေပြီ, မမလေးကလည်းသေသွားပြီ'
အန်းစုကအားနာတဲ့အကြည့်တစ်ခုပဲပေးနိုင်တယ်
''တောင်းပန်ပါတယ်,အဘိုး,ကျွန်မစောစောပြောရင်မယုံမှာစိုးလို့အကြောင်းပြချက်ရှာနေရလို့ပါ''
အဘိုးရဲ့မျက်လုံးတွေကနီရဲလာပြီးတော့မျက်ရည်တွေနဲ့ပြည့်နေပြီးငိုတော့တယ်
မမလေးကသူ့မျက်စိရှေ့မှာတင်ကြီးပြင်းလာတာ...ဘယ်လိုဖြစ်ပြီးအစောကြီးထွက်သွားရတာပါလိမ့်
အန်းစုကလည်းဘာလုပ်ရမှန်းမသိဖြစ်နေတာကြောင့်အားပေးစကားလောက်ပဲသူမပြောနိုင်တယ်
''အဘိုး, အရမ်းကြီးစိတ်မကောင်းမဖြစ်ပါနဲ့, သခင်ကြီးက အဘိုးကိုအခုလိုအပ်နေတယ်,ပြီးတော့ကျွန်မလည်းသူမအဖေကိုကယ်ပါ့မယ်လို့ကတိပေးထားတယ်''
"မင်းကိုတိုက်ခိုက်ခဲ့တဲ့သရဲကိုမြင်လိုက်လား'' ဖုန်းကျင်းကကလေးတစ်ယောက်လိုတရှုံ့ရှုံ့ငိုနေတဲ့အဘိုးကိုလျစ်လျူရှုပြီးတော့အန်းစုကိုစူးစူးရှရှကြည့်ပြီးမေးလိုက်တယ်
အန်းစုကအဘိုးကိုထိုင်ဖို့ကူညီပေးပြီးတော့သက်ပြင်းချလိုက်တယ်
''ဖြစ်သွားတာကအရမ်းမြန်တယ်,ကျွန်မမကြည့်လိုက်ရဘူး''
အန်းစုကသရဲတွေမြင်နိုင်တာကလွဲရင်, ဒီနေရာမှာရှိနေတာကအပိုပဲဆိုပေမဲ့သူမချီနျန်ရဲ့ဆန္ဒကိုလျစ်လျူရှုလို့မရဘူး
"ငါဗိုက်ဆာနေပြီ''ရှီရှန်းက စကားထပြောတယ် သူမဒီကိုရောက်လာကတည်းကပိုပိုပြီးတော့ဗိုက်ဆာလာတာ
''မင်းသိလားသရဲတွေကလေဗိုက်ဆာရင်ပိုပိုပြီးတော့ကြောက်ဖို့ကောင်းလာတယ်,နင်တို့ပြောလို့မပြီးကြသေးဘူးလား''
ဖုန်းကျင်းကရှီရှန်းကို တစ်ချက်ကြည့်ပြီးတော့ထလိုက်တယ်
"ဒါကိုလုပ်တာကလူလို့ထင်လား,သရဲလို့ထင်လား''ရှီရှန်းကဖုန်းကျင်းကိုအနောက်ကနေလှမ်းမေးလိုက်တယ် ဒါပေမဲ့သူပြန်ဖြေတာကိုမစောင့်ဘဲနဲ့သူမထင်တာကိုပြောလိုက်ပြန်တယ်
''ဒီနေရာမှာကလေအစေခံတွေနဲ့အစောင့်တွေလည်းအများကြီးရှိတာနော်''
"နာ့လန်ရင်းကမကြာခင်ဒီကိုရောက်လာတော့မယ်''ဖုန်းကျင်းကတစ်ခွန်းပဲပြောတယ်
ရှီရှန်းက ပြုံးပြီးပြန်ဖြေလိုက်တယ်
''အန်းစုကဒီရောက်နေမှတော့နာ့လန်ရင်းကဒီကိုလာမှာပေါ့''
ဖုန်းကျင်းဆိုလိုတာကိုရှီရှန်းကသဘောပေါက်သွားပြီးတော့ပြုံးဖြီးဖြီးလုပ်နေတယ်''သူရောက်လာရင်ပိုပိုပြီးတော့ပျော်စရာကောင်းလာမှာပဲနော်''
ဖုန်းကျင်းကသူမကိုထပ်ကြည့်လိုက်တယ်
'သူမသေချာပေါက်တစ်ခုခုကိုသိထားတယ်,ဒါပေမဲ့သူမတစ်ချိန်လုံးငါ့နားကနေမခွာပါဘူး...သူမထွက်သွားတာဆိုလို့မနေ့ကနေ့လည်လောက်ကအချိန်ခနလေးပါဘဲ
သူမသေချာပေါက်မနေ့ကတစ်ခုခုသိထားတယ်,အဲ့လိုမှန်းသိရင်ငါသူမကိုမခေါ်လာပါဘူး'
အဘိုးက အန်းစုကိုချီနျန်ရဲ့သူငယ်ချင်းဖြစ်နေတာတွေကိုထောက်ပြီးတော့အဘိုးကသူသိသမျှပြောပြတယ်, အဲ့ဒါကြောင့်အန်းစုကဒီအိမ်ရာကိုတစ်ပတ်ပတ်ပြီးစစ်ဆေးလိုက်တယ်
သူမသခင်မချီရဲ့အခန်းကိုရောက်သွားတဲ့အခါမှာ, ရှီရှန်းက တံခါးကိုဖြတ်ဝင်သွားတာကိုတွေ့လိုက်ရတယ် ပြီးတော့အထဲကနေကြောက်လန့်တကြားအော်လိုက်တာကိုသူမကြားလိုက်ရတယ်
အသဲအသန်အော်လိုက်တဲ့အသံကြောင့်အန်းစုကနားစည်တွေပေါက်ထွက်တော့မယ့်အတိုင်းပဲသူမမြန်မြန်အခန်းတံခါးကိုတွန်းဖွင့်လိုက်တယ်
သခင်မကမှန်တင်ခုံရှေ့မှာလဲနေတယ်ပြီးတော့မှန်ပေါ်မှာလည်းသွေးတွေအများကြီးပဲရှီရှန်းကတော့အဲ့ဒါတွေကိုအလျင်မလိုတဲ့ပုံစံနဲ့သုတ်နေတယ်ပြီးတော့အခန်းထဲကနေပြန်ထွက်သွားတယ်
"ဘာလို့သူမကိုခြောက်လိုက်တာလဲ''အန်းစုကရှီရှန်းကိုလှမ်းဆွဲလိုက်တယ်
ရှီရှန်းက အန်းစုရုတ်တရပ်ဆွဲလိုက်တဲ့သူမလက်တွေကိုကြည့်လိုက်တယ် သူမအန်းစုဆီကနေပြီးတော့နွေးထွေးတဲ့ခံစားမှုကိုပဲရတယ်အခြားဘာနာကျင်မှုမှမခံစားရဘူး
"ပျော်စရာကောင်းလို့လေ''ရှီရှန်းကလက်ကိုခါလိုက်ပြီးတော့ ခုနကအထိခံလိုက်ရတဲ့လက်ကိုပဲကြည့်နေတယ်
အန်းစု''.....''
'နင်ပျော်ချင်တာနဲ့ပဲသူ့ကိုခြောက်တယ်ပေါ့'
အန်းစုကဆက်ပြီးတော့စကားပြောချင်ပေမဲ့အစေခံတွေကအသံတွေကြောင့်အပေါ်ကိုရောက်လာကြတယ်,
ရှီရှန်းက အခွင့်ကောင်းယူပြီးတော့နံရံဖြတ်ပြေးသွားတယ်
သူမအခန်းထဲကိုဝင်လာတဲ့အခါမှာဖုန်းကျင်းကသူမထွက်သွားတုန်းကရှိနေတဲ့နေရာမှာရှိနေတုန်းပဲ
တံခါးကိုဖြတ်လာပြီးတဲ့နောက်မှာရှီရှန်းကတစ်ခုခုလုပ်ဖို့အတွက်ကြံစည်နေပြီးတော့ဖုန်းကျင်းဆီကိုပျံသွားတယ်
ဖုန်းကျင်းကအဖြူရောင်အရိပ်ကိုပဲမြင်လိုက်ရပြီးတော့သူ့ခါးနားကိုအေးအေးစက်စက်လက်ကလာထိတာခံစားလိုက်ရတယ်
ရှီရှန်းကနာကျင်မှုကိုတောင့်ခံပြီးတော့သူမရဲ့ဝိညဥ်စွမ်းအင်တွေကိုလက်ထိပ်မှာစုဖို့အာရုံစိုက်လိုက်တယ်ပြီးဖုန်းကျင်း ရဲ့ခန္ဓာကိုယ်ထဲကိုထည့်ဖို့လုပ်တယ် ဒါပေမဲ့သူမမလုပ်ရသေးခင်မှာ, သူမကို ကြီးမားတဲ့အားနဲ့ဖုန်းကျင်းကတွန်းထုတ်လိုက်တယ်
ဖုန်းကျင်းကသူမကိုမျက်နှာသေကြီးနဲ့ကြည့်လိုက်တယ်
'သူမငါ့ကိုဘာလုပ်ချင်နေတာလဲ,သတ်ဖို့လုပ်နေတာလား'
ရှီရှန်းက ဒေါသတွေထွက်လာပေမဲ့သူမပြန်မြိုချလိုက်ရတယ်
'သူ့နေရာမှာသာ ငါဆိုရင်လည်းတစ်စုံတစ်ယောက်ကရုတ်တရပ်လာထိထိဖို့လုပ်ရင်ငါဓားကိုဆွဲထုတ်မိမှာပဲ'
ရှီရှန်းက ဖုန်းကျင်းကိုပြန်စိုက်ကြည့်လိုက်တယ်
''ကျွန်မကဘာကိစ္စရှင့်ကိုသတ်ဖို့အဲ့လောက်တောင်အပင်ပန်းခံရမှာလဲ, ပြီးတော့ရှင်နဲ့ကျွန်မကြားမှာစာချုပ်ရှိတယ်လေ,ရှင်သေရင်ကျွန်မပါသေမှာ, ကျွန်မအရူးမဟုတ်ဘူး''
ဖုန်းကျင်းကသူမစကားတွေကြားမှနည်းနည်းစိတ်သက်သာရာရသွားတယ်
''အဲ့ဒါဆိုလည်းငါ့ကိုထိဖို့ဘာလို့အဲ့လောက်တောင်ကြိုးပမ်းနေတာလဲ''
"ရှင့်ကိုဘာကိစ္စထိလို့မရတာလဲ''
'ထိရုံလေးထိတာပဲကို, ဘာလဲ,ထိတာလေးကရှင့်ကိုဘာဖြစ်စေလို့လဲ,ကိုယ်ဝန်ရှိစေမှာမို့လို့လား'
"မင်းကသရဲလေ''
"အဲ့တော့ဘာဖြစ်လဲ,သရဲမှာလည်းသရဲအခွင့်အရေးရှိတယ်လေရှင်ကအဆင့်အတန်းခွဲခြားနေတာလား''ရှီရှန်းကဒေါသထွက်သွားတယ်
ဖုန်းကျင်းကတိတ်သွားပြီးတော့ခနလောက်အကြာမှပြောတယ်''သရဲတွေနဲ့လူသားတွေကအတူရှိလို့မဖြစ်ဘူး''
ရှီရှန်း ''.....''
'ကျွန်မကရှင့်ကိုဖုန်းစီဟုတ်မဟုတ်အတည်ပြုချင်ရုံပါနော်,အရမ်းကြီးအတွေးမလွန်ပါနဲ့'
ရှီရှန်းက ဖုန်းကျင်းကိုတစ်ချက်ကြည့်လိုက်ပြီးတော့စိတ်မရှည်စွာနဲ့ထွက်သွားတယ်
ဖုန်းကျင်း''....''
'သူမငါ့ကိုအဲ့လိုတွေးနေတာမဟုတ်ဘူးလား,မဟုတ်ရင်ဘာကိစ္စအဲ့လောက်ထိ ထိချင်နေတာလဲ'
ဖုန်းကျင်းကအဲဒီနောက်ပိုင်းမှာရှီရှန်းကိုမတွေ့ရတော့ဘူး သူမတည်နေရာကိုရှာဖို့အတွက်စာချုပ်ကိုပဲအသုံးပြုနေရတယ် သူမကအိမ်တော်၀င်းထဲမှာရှိနေတုန်းပဲ ဒါပေမယ့်သူအပြင်ထွက်ပြီးရှီရှန်းကိုလိုက်မရှာခင်မှာအန်းစုနဲ့သခင်မချီတို့ပျောက်နေတာကိုသိလိုက်ရတယ်
သူမတို့နှစ်ယောက်ပျောက်သွားတာကိုဘယ်သူကမှမသိလိုက်ကြဘူး အစေခံတွေကသူတို့ကိုညစာစားဖို့လာခေါ်တဲ့အချိန်မှာမှသူတို့နှစ်ယောက်အခန်းတွေထဲမှာမရှိမှန်းသိတယ်
အစေခံတွေကအိမ်တော်တစ်ခုလုံးကိုမွှေနှောက်ပြီးရှာနေပေမဲ့သူတို့အရိပ်အယောင်ကိုတောင်မတွေ့ရဘူး,အပြင်မှာလည်းမိုးတွေအရမ်းရွာနေတာကြောင့်မို့လို့သူတို့တွေအပြင်ထွက်မရဘူး
.........
အဲဒီအချိန်မှာအန်းစုကမြေအောက်ခန်းထဲမှာအပိတ်ခံထားတယ်
ရှီရှန်းက သူမဘေးမှာရပ်နေပြီးတော့အေးအေးဆေးဆေးမေးတယ်
''ဘယ်လိုခံစားရလဲ?''
အန်းစု''......''
"ငါဒီကိုဘယ်လိုရောက်လာတာလဲ''
နောက်ဆုံးသူမမြင်ခဲ့ရတာကသခင်မချီနဲ့အခန်းထဲမှာစကားပြောနေတာပါဘယ်လိုဖြစ်ပြီးတော့သတိမေ့သွားတာလဲ...အခုမြင်နေရတာကလည်းသရဲတစ်ကောင်ပျံနေတာပဲတွေ့ရတယ်
ဘာဖြစ်လို့လဲတော့မသိပေမဲ့,သူမရှိနေတာကိူအန်းစုကကြောက်သလိုမခံစားရဘူး
"နင့်ကိုတစ်ယောက်ယောက်ကပြန်ပေးဆွဲလာတာလေ,ငတုံးရဲ့,ဘယ်လိုလုပ်ပြီးဒီနေရာရောက်လာတာတုန်း,နင့်ကိုငါပြန်မပို့တတ်ဘူး'' ရှီရှန်းက ပြုံးပြတယ်
အန်းစု( | | | -.- )
ရှီရှန်းရဲ့ပြုမူပုံတွေကြောင့်ပြန်ပေးဆွဲလာတာကသူမမဟုတ်ဘူးဆိုတာသေချာတယ်
အန်းစုကထူးထူးဆန်းဆန်းခံစားလိုက်ရတယ်
Transalated by Dora💜 Mia💙
Zawgyi
အန္းစုကအဘိုးကိုသူမဒီေန႔ထိဒီအိမ္မွာေနေနရတဲ့အေၾကာင္းအရင္းမွန္ကခ်ီမိုရဲ႕သမီးျဖစ္တဲ့သူမသူငယ္ခ်င္းခ်ီႏ်န္ရဲ႕ေတာင္းဆိုမႉေၾကာင့္လို႔႐ွင္းျပတယ္
အဘိုးကခ်ီမိုမွာသမီးတစ္ေယာက္႐ွိၿပီးေတာ့အန္းစုနဲ႔တစ္ေက်ာင္းထဲပဲဆိုတာကိုသိတယ္သူတို႔သူမနဲ႔လြန္ခဲ့တဲ့ဆယ္ရက္ကပဲအဆက္အသြယ္ရေသးတယ္ ၿပီးေတာ့ဘာသတင္းမွဆက္မၾကားရေတာ့ဘူး
ၿပီးေတာ့အခုအန္းစုက ခ်ီႏ်န္ကလြန္ခဲ့တဲ့ ၁ပတ္ကမွေသ သြားၿပီဆိုတာေျပာျပလိုက္တယ္
သူမမွာသာယင္-ယန္မ်က္လုံး႐ွိမေနဘူးဆိုရင္ခ်ီႏ်န္ရဲ႕ဝိညာဥ္ကိုေတြ႕ရမွာမဟုတ္ဘူး,ခ်ီႏ်ရန္ကသူမရဲ႕၀ိညာဥ္ေနာက္ဘ၀မကူးခင္မွာအန္းစုဆီကိုလာၿပီးေတာ့သူ႕အေဖကိုကယ္ေပးဖို႔လာေတာင္းဆိုခဲ့တယ္
ခ်ီႏ်န္ကေက်ာင္းမွာအထီးက်န္ရတဲ့သူျဖစ္ၿပီးေတာ့သူမအိမ္နဲ႔လည္းဆက္ဆံေရးသိပ္မေကာင္းဘူး ေက်ာင္းကိုေပးထားတဲ့အေရးေပၚဆက္သြယ္ေရးအခ်က္အလက္ေတြကလည္းမလုံေလာက္တာေၾကာင့္အန္းစုကသူမရဲ႕သူငယ္ခ်င္းေတြကိုလိုက္ေမးၾကည့္ေပမဲ့တစ္ေယာက္မွမသိၾကဘူး
အန္းစုကသူမေက်ာင္းကိုေပးခဲ့တဲ့လိပ္စာကိုအသုံးျပဳဖို႔ႀကိဳးစားေသးတယ္ ဒါေပမဲ့အဲ့ေနရာကလူမေနဘူး အဲတာေၾကာင့္မို႔ခ်ီႏ်န္ရဲ႕အိမ္လိပ္စာအစစ္ကိုသူမမသိဘူး
ရလဒ္အေနနဲ႔သူမေသဆုံးသြားတာတစ္ပတ္ေလာက္ၾကာေနတာေတာင္သူမအိမ္ကမသိခဲ့ဘူး
ကံေကာင္းစြာနဲ႔ပဲ, သူမကိုခ်ီႏ်န္ကဒီအိမ္ရာအေၾကာင္းေျပာျပဖူးတယ္ဒါေပမဲ့အန္းစုကဒီေနရာနဲ႔မရင္းႏွီးတာေၾကာင့္ဒီအိမ္ကိုအေတာ္ေလးညဥ့္နက္မွ႐ွာေတြ႕ခဲ့တယ္
ခနေလာက္အၾကာမွာအဘိုးကသူမေက်ာင္းကိုဖုန္းဆက္တယ္ ဒါေပမဲ့ေက်ာင္းကျပန္ေပးလိုက္တဲ့သတင္းကအန္းစုေျပာတာနဲ႔အတူတူပဲ
ဖုန္းကိုခ်ၿပီးတဲ့အခါမွာအဘိုးကလုံးဝကိုအားမ႐ွိေတာ့ဘူး သူ႕ေျခေထာက္ေတြကေလတိုက္ရင္လြင့္သြားေတာ့မလိုမ်ိဳး, ယိုင္ေနတယ္
'သခင္ကလည္းေသမင္းတံခါးဝနားေရာက္ေနၿပီ, မမေလးကလည္းေသသြားၿပီ'
အန္းစုကအားနာတဲ့အၾကည့္တစ္ခုပဲေပးႏိုင္တယ္
''ေတာင္းပန္ပါတယ္,အဘိုး,ကြၽန္မေစာေစာေျပာရင္မယုံမွာစိုးလို႔အေၾကာင္းျပခ်က္႐ွာေနရလို႔ပါ''
အဘိုးရဲ႕မ်က္လုံးေတြကနီရဲလာၿပီးေတာ့မ်က္ရည္ေတြနဲ႔ျပည့္ေနၿပီးငိုေတာ့တယ္
မမေလးကသူ႕မ်က္စိေ႐ွ႕မွာတင္ႀကီးျပင္းလာတာ...ဘယ္လိုျဖစ္ၿပီးအေစာႀကီးထြက္သြားရတာပါလိမ့္
အန္းစုကလည္းဘာလုပ္ရမွန္းမသိျဖစ္ေနတာေၾကာင့္အားေပးစကားေလာက္ပဲသူမေျပာႏိုင္တယ္
''အဘိုး, အရမ္းႀကီးစိတ္မေကာင္းမျဖစ္ပါနဲ႔, သခင္ႀကီးက အဘိုးကိုအခုလိုအပ္ေနတယ္,ၿပီးေတာ့ကြၽန္မလည္းသူမအေဖကိုကယ္ပါ့မယ္လို႔ကတိေပးထားတယ္''
"မင္းကိုတိုက္ခိုက္ခဲ့တဲ့သရဲကိုျမင္လိုက္လား'' ဖုန္းက်င္းကကေလးတစ္ေယာက္လိုတ႐ႈံ႕႐ႈံ႕ငိုေနတဲ့အဘိုးကိုလ်စ္လ်ဴ႐ႈၿပီးေတာ့အန္းစုကိုစူးစူး႐ွ႐ွၾကည့္ၿပီးေမးလိုက္တယ္
အန္းစုကအဘိုးကိုထိုင္ဖို႔ကူညီေပးၿပီးေတာ့သက္ျပင္းခ်လိုက္တယ္
''ျဖစ္သြားတာကအရမ္းျမန္တယ္,ကြၽန္မမၾကည့္လိုက္ရဘူး''
အန္းစုကသရဲေတြျမင္ႏိုင္တာကလြဲရင္, ဒီေနရာမွာ႐ွိေနတာကအပိုပဲဆိုေပမဲ့သူမခ်ီႏ်န္ရဲ႕ဆႏၵကိုလ်စ္လ်ဴ႐ႈလို႔မရဘူး
"ငါဗိုက္ဆာေနၿပီ''႐ွီ႐ွန္းက စကားထေျပာတယ္ သူမဒီကိုေရာက္လာကတည္းကပိုပိုၿပီးေတာ့ဗိုက္ဆာလာတာ
''မင္းသိလားသရဲေတြကေလဗိုက္ဆာရင္ပိုပိုၿပီးေတာ့ေၾကာက္ဖို႔ေကာင္းလာတယ္,နင္တို႔ေျပာလို႔မၿပီးၾကေသးဘူးလား''
ဖုန္းက်င္းက႐ွီ႐ွန္းကို တစ္ခ်က္ၾကည့္ၿပီးေတာ့ထလိုက္တယ္
"ဒါကိုလုပ္တာကလူလို႔ထင္လား,သရဲလို႔ထင္လား''႐ွီ႐ွန္းကဖုန္းက်င္းကိုအေနာက္ကေနလွမ္းေမးလိုက္တယ္ ဒါေပမဲ့သူျပန္ေျဖတာကိုမေစာင့္ဘဲနဲ႔သူမထင္တာကိုေျပာလိုက္ျပန္တယ္
''ဒီေနရာမွာကေလအေစခံေတြနဲ႔အေစာင့္ေတြလည္းအမ်ားႀကီး႐ွိတာေနာ္''
"နာ့လန္ရင္းကမၾကာခင္ဒီကိုေရာက္လာေတာ့မယ္''ဖုန္းက်င္းကတစ္ခြန္းပဲေျပာတယ္
႐ွီ႐ွန္းက ျပဳံးၿပီးျပန္ေျဖလိုက္တယ္
''အန္းစုကဒီေရာက္ေနမွေတာ့နာ့လန္ရင္းကဒီကိုလာမွာေပါ့''
ဖုန္းက်င္းဆိုလိုတာကို႐ွီ႐ွန္းကသေဘာေပါက္သြားၿပီးေတာ့ျပဳံးၿဖီးၿဖီးလုပ္ေနတယ္''သူေရာက္လာရင္ပိုပိုၿပီးေတာ့ေပ်ာ္စရာေကာင္းလာမွာပဲေနာ္''
ဖုန္းက်င္းကသူမကိုထပ္ၾကည့္လိုက္တယ္
'သူမေသခ်ာေပါက္တစ္ခုခုကိုသိထားတယ္,ဒါေပမဲ့သူမတစ္ခ်ိန္လုံးငါ့နားကေနမခြာပါဘူး...သူမထြက္သြားတာဆိုလို႔မေန႔ကေန႔လည္ေလာက္ကအခ်ိန္ခနေလးပါဘဲ
သူမေသခ်ာေပါက္မေန႔ကတစ္ခုခုသိထားတယ္,အဲ့လိုမွန္းသိရင္ငါသူမကိုမေခၚလာပါဘူး'
အဘိုးက အန္းစုကိုခ်ီႏ်န္ရဲ႕သူငယ္ခ်င္းျဖစ္ေနတာေတြကိုေထာက္ၿပီးေတာ့အဘိုးကသူသိသမွ်ေျပာျပတယ္, အဲ့ဒါေၾကာင့္အန္းစုကဒီအိမ္ရာကိုတစ္ပတ္ပတ္ၿပီးစစ္ေဆးလိုက္တယ္
သူမသခင္မခ်ီရဲ႕အခန္းကိုေရာက္သြားတဲ့အခါမွာ, ႐ွီ႐ွန္းက တံခါးကိုျဖတ္ဝင္သြားတာကိုေတြ႕လိုက္ရတယ္ ၿပီးေတာ့အထဲကေနေၾကာက္လန္႔တၾကားေအာ္လိုက္တာကိုသူမၾကားလိုက္ရတယ္
အသဲအသန္ေအာ္လိုက္တဲ့အသံေၾကာင့္အန္းစုကနားစည္ေတြေပါက္ထြက္ေတာ့မယ့္အတိုင္းပဲသူမျမန္ျမန္အခန္းတံခါးကိုတြန္းဖြင့္လိုက္တယ္
သခင္မကမွန္တင္ခုံေ႐ွ႕မွာလဲေနတယ္ၿပီးေတာ့မွန္ေပၚမွာလည္းေသြးေတြအမ်ားႀကီးပဲ႐ွီ႐ွန္းကေတာ့အဲ့ဒါေတြကိုအလ်င္မလိုတဲ့ပုံစံနဲ႔သုတ္ေနတယ္ၿပီးေတာ့အခန္းထဲကေနျပန္ထြက္သြားတယ္
"ဘာလို႔သူမကိုေျခာက္လိုက္တာလဲ''အန္းစုက႐ွီ႐ွန္းကိုလွမ္းဆြဲလိုက္တယ္
႐ွီ႐ွန္းက အန္းစု႐ုတ္တရပ္ဆြဲလိုက္တဲ့သူမလက္ေတြကိုၾကည့္လိုက္တယ္ သူမအန္းစုဆီကေနၿပီးေတာ့ေႏြးေထြးတဲ့ခံစားမႈကိုပဲရတယ္အျခားဘာနာက်င္မႈမွမခံစားရဘူး
"ေပ်ာ္စရာေကာင္းလို႔ေလ''႐ွီ႐ွန္းကလက္ကိုခါလိုက္ၿပီးေတာ့ ခုနကအထိခံလိုက္ရတဲ့လက္ကိုပဲၾကည့္ေနတယ္
အန္းစု''.....''
'နင္ေပ်ာ္ခ်င္တာနဲ႔ပဲသူ႕ကိုေျခာက္တယ္ေပါ့'
အန္းစုကဆက္ၿပီးေတာ့စကားေျပာခ်င္ေပမဲ့အေစခံေတြကအသံေတြေၾကာင့္အေပၚကိုေရာက္လာၾကတယ္,
႐ွီ႐ွန္းက အခြင့္ေကာင္းယူၿပီးေတာ့နံရံျဖတ္ေျပးသြားတယ္
သူမအခန္းထဲကိုဝင္လာတဲ့အခါမွာဖုန္းက်င္းကသူမထြက္သြားတုန္းက႐ွိေနတဲ့ေနရာမွာ႐ွိေနတုန္းပဲ
တံခါးကိုျဖတ္လာၿပီးတဲ့ေနာက္မွာ႐ွီ႐ွန္းကတစ္ခုခုလုပ္ဖို႔အတြက္ၾကံစည္ေနၿပီးေတာ့ဖုန္းက်င္းဆီကိုပ်ံသြားတယ္
ဖုန္းက်င္းကအျဖဴေရာင္အရိပ္ကိုပဲျမင္လိုက္ရၿပီးေတာ့သူ႕ခါးနားကိုေအးေအးစက္စက္လက္ကလာထိတာခံစားလိုက္ရတယ္
႐ွီ႐ွန္းကနာက်င္မႈကိုေတာင့္ခံၿပီးေတာ့သူမရဲ႕ဝိညဥ္စြမ္းအင္ေတြကိုလက္ထိပ္မွာစုဖို႔အာ႐ုံစိုက္လိုက္တယ္ၿပီးဖုန္းက်င္း ရဲ႕ခႏၶာကိုယ္ထဲကိုထည့္ဖို႔လုပ္တယ္ ဒါေပမဲ့သူမမလုပ္ရေသးခင္မွာ, သူမကို ႀကီးမားတဲ့အားနဲ႔ဖုန္းက်င္းကတြန္းထုတ္လိုက္တယ္
ဖုန္းက်င္းကသူမကိုမ်က္ႏွာေသႀကီးနဲ႔ၾကည့္လိုက္တယ္
'သူမငါ့ကိုဘာလုပ္ခ်င္ေနတာလဲ,သတ္ဖို႔လုပ္ေနတာလား'
႐ွီ႐ွန္းက ေဒါသေတြထြက္လာေပမဲ့သူမျပန္ၿမိဳခ်လိုက္ရတယ္
'သူ႕ေနရာမွာသာ ငါဆိုရင္လည္းတစ္စုံတစ္ေယာက္က႐ုတ္တရပ္လာထိထိဖို႔လုပ္ရင္ငါဓားကိုဆြဲထုတ္မိမွာပဲ'
႐ွီ႐ွန္းက ဖုန္းက်င္းကိုျပန္စိုက္ၾကည့္လိုက္တယ္
''ကြၽန္မကဘာကိစၥ႐ွင့္ကိုသတ္ဖို႔အဲ့ေလာက္ေတာင္အပင္ပန္းခံရမွာလဲ, ၿပီးေတာ့႐ွင္နဲ႔ကြၽန္မၾကားမွာစာခ်ဳပ္႐ွိတယ္ေလ,႐ွင္ေသရင္ကြၽန္မပါေသမွာ, ကြၽန္မအ႐ူးမဟုတ္ဘူး''
ဖုန္းက်င္းကသူမစကားေတြၾကားမွနည္းနည္းစိတ္သက္သာရာရသြားတယ္
''အဲ့ဒါဆိုလည္းငါ့ကိုထိဖို႔ဘာလို႔အဲ့ေလာက္ေတာင္ႀကိဳးပမ္းေနတာလဲ''
"႐ွင့္ကိုဘာကိစၥထိလို႔မရတာလဲ''
'ထိ႐ုံေလးထိတာပဲကို, ဘာလဲ,ထိတာေလးက႐ွင့္ကိုဘာျဖစ္ေစလို႔လဲ,ကိုယ္ဝန္႐ွိေစမွာမို႔လို႔လား'
"မင္းကသရဲေလ''
"အဲ့ေတာ့ဘာျဖစ္လဲ,သရဲမွာလည္းသရဲအခြင့္အေရး႐ွိတယ္ေလ႐ွင္ကအဆင့္အတန္းခြဲျခားေနတာလား''႐ွီ႐ွန္းကေဒါသထြက္သြားတယ္
ဖုန္းက်င္းကတိတ္သြားၿပီးေတာ့ခနေလာက္အၾကာမွေျပာတယ္''သရဲေတြနဲ႔လူသားေတြကအတူ႐ွိလို႔မျဖစ္ဘူး''
႐ွီ႐ွန္း ''.....''
'ကြၽန္မက႐ွင့္ကိုဖုန္းစီဟုတ္မဟုတ္အတည္ျပဳခ်င္႐ုံပါေနာ္,အရမ္းႀကီးအေတြးမလြန္ပါနဲ႔'
႐ွီ႐ွန္းက ဖုန္းက်င္းကိုတစ္ခ်က္ၾကည့္လိုက္ၿပီးေတာ့စိတ္မ႐ွည္စြာနဲ႔ထြက္သြားတယ္
ဖုန္းက်င္း''....''
'သူမငါ့ကိုအဲ့လိုေတြးေနတာမဟုတ္ဘူးလား,မဟုတ္ရင္ဘာကိစၥအဲ့ေလာက္ထိ ထိခ်င္ေနတာလဲ'
ဖုန္းက်င္းကအဲဒီေနာက္ပိုင္းမွာ႐ွီ႐ွန္းကိုမေတြ႕ရေတာ့ဘူး သူမတည္ေနရာကို႐ွာဖို႔အတြက္စာခ်ဳပ္ကိုပဲအသုံးျပဳေနရတယ္ သူမကအိမ္ေတာ္ဝင္းထဲမွာ႐ွိေနတုန္းပဲ ဒါေပမယ့္သူအျပင္ထြက္ၿပီး႐ွီ႐ွန္းကိုလိုက္မ႐ွာခင္မွာအန္းစုနဲ႔သခင္မခ်ီတို႔ေပ်ာက္ေနတာကိုသိလိုက္ရတယ္
သူမတို႔ႏွစ္ေယာက္ေပ်ာက္သြားတာကိုဘယ္သူကမွမသိလိုက္ၾကဘူး အေစခံေတြကသူတို႔ကိုညစာစားဖို႔လာေခၚတဲ့အခ်ိန္မွာမွသူတို႔ႏွစ္ေယာက္အခန္းေတြထဲမွာမ႐ွိမွန္းသိတယ္
အေစခံေတြကအိမ္ေတာ္တစ္ခုလုံးကိုေမႊေႏွာက္ၿပီး႐ွာေနေပမဲ့သူတို႔အရိပ္အေယာင္ကိုေတာင္မေတြ႕ရဘူး,အျပင္မွာလည္းမိုးေတြအရမ္း႐ြာေနတာေၾကာင့္မို႔လို႔သူတို႔ေတြအျပင္ထြက္မရဘူး
.........
အဲဒီအခ်ိန္မွာအန္းစုကေျမေအာက္ခန္းထဲမွာအပိတ္ခံထားတယ္
႐ွီ႐ွန္းက သူမေဘးမွာရပ္ေနၿပီးေတာ့ေအးေအးေဆးေဆးေမးတယ္
''ဘယ္လိုခံစားရလဲ?''
အန္းစု''......''
"ငါဒီကိုဘယ္လိုေရာက္လာတာလဲ''
ေနာက္ဆုံးသူမျမင္ခဲ့ရတာကသခင္မခ်ီနဲ႔အခန္းထဲမွာစကားေျပာေနတာပါဘယ္လိုျဖစ္ၿပီးေတာ့သတိေမ့သြားတာလဲ...အခုျမင္ေနရတာကလည္းသရဲတစ္ေကာင္ပ်ံေနတာပဲေတြ႕ရတယ္
ဘာျဖစ္လို႔လဲေတာ့မသိေပမဲ့,သူမ႐ွိေနတာကိူအန္းစုကေၾကာက္သလိုမခံစားရဘူး
"နင့္ကိုတစ္ေယာက္ေယာက္ကျပန္ေပးဆြဲလာတာေလ,ငတုံးရဲ႕,ဘယ္လိုလုပ္ၿပီးဒီေနရာေရာက္လာတာတုန္း,နင့္ကိုငါျပန္မပို႔တတ္ဘူး'' ႐ွီ႐ွန္းက ျပဳံးျပတယ္
အန္းစု( | | | -.- )
႐ွီ႐ွန္းရဲ႕ျပဳမူပုံေတြေၾကာင့္ျပန္ေပးဆြဲလာတာကသူမမဟုတ္ဘူးဆိုတာေသခ်ာတယ္
အန္းစုကထူးထူးဆန္းဆန္းခံစားလိုက္ရတယ္
Transalated by Dora💜 Mia💙