"ဒါပေမယ့် သူဌေးက.."
"အကိုOff... ဘယ်လာတာလဲ"
"တက်!!!"
"ဗျာ!!!"
"စိတ်ချပါ"
__________________________
"ဟင်...ကိုကို...လာလေ"
"သိတာတော့ သိတာပေါ့၊ Gunကို ကစားကွင်းလည်း လိုက်မပို့တော့ဘူး၊ ရေခဲမုန့်ဆိုင်အသစ်ဖွင့်တာ လိုက်ဝယ်ကျွေးတယ်ဆိုပြီး အခုထိ လိုက်လည်းမပို့ဘူး"
"ကတိနော်"
"အင်း၊ ကတိ"
"ဟ ဟား"
___________________________________
Ph Ringing!!!
"Mommy.."
"အင်း"
"...."
တီ!!!
ထို့နောက်......!
_____________________________________
လန်ဒန်မြို့၏ညတစ်ည။
"လူ လူမှားနေတယ်"
တစ်နာရီကြာပြီးနောက်။
"Thank!!!"
________________________________________
BLOOM
13.6.2021
(6:26)PM
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
"သခင်လေး ကားက မရတော့ဘူး"
အိမ်ကထွက်လာတုန်းက အကောင်းကို။ အခုကြတော့ ကောင်းရောပဲ။ ကားဘီလေစိမ့်သည်တဲ့။
"ဟူး၊ ရတယ် ဦးလေး၊ ကျွန်တော် Tulipကို အငှားကားနဲ့တင်ပေးလိုက်မယ်၊ ဦးလေးနဲ့ ကျွန်တော်က အိမ်ကလာတဲ့ကားကို ပြန်စောင့်ကြတာပေါ့"
Tulipနဲ့ ပန်းချီဆွဲပြီးတော့ သူတို့မြို့နယ်ထဲက Martတစ်ခုကို ထွက်လာကာ တိုလီထွာလီ လိုက်ဝယ်ကြသည်။
"ဒါပေမယ့် သူဌေးက.."
"ကိုကိုမဆူပါဘူး၊ Gunတို့ အိမ်ကကားပဲစောင့်ရအောင်"
workshopကို လှမ်းခေါ်ထားသည်မို့ ကားကို ခဏနေလာဆွဲသွားမည်။
Gun တို့လည်း ကားလာယူသွားတာနဲ့ အိမ်ပြန်ရုံပဲ။
"ဟော...တူပါတယ်လို့ ကြည့်နေတာ၊ ညီပဲ၊ Gun"
လျောကနဲ အရှေ့မှာ လာရပ်သည်က အကိုOffရဲ့ကား။ ဟိုနေ့ကလို Maybachတော့ မဟုတ်တော့ဘဲ Toyotaအမျိုးအစားထဲက ကားနောက်တစ်စီးနှင့်ဖြစ်သည်။
"အကိုOff... ဘယ်လာတာလဲ"
"ကိုယ့်ရုံးက ဒီနားလေးပဲ၊ ညီကရော ကားပျက်တာလား"
"ကားဘီးလေစိမ့်တာတဲ့ အဲ့တာ အိမ်ကိုလှမ်းခေါ်မလို့"
ကားဘီးလေစိမ့်တာဆိုမှ Davidကို ကျိတ်ချီးကျူးရသည်။ ဒီလူ တကယ်လုပ်လိုက်တာပဲ။
"တက်!!!"
"ဗျာ!!!"
"ကားပေါ်တက် ကိုယ်လိုက်ပို့မယ်"
Offကပြောတော့ ညီကစဉ်းစားသလို ဖြစ်နေလေသည်။
စဉ်းစားခိုင်းလို့ ဘယ်ရမလဲ။ ဒီလိုအခြေအနေကို မရရအောင် ဂွင်ဖန်ထားရတာ။
"ဒါဆို Gun အိမ်အရင်ပြန်နှင့်မယ်နော်၊ ဦးလေးက ကားကိုပဲစောင့်လိုက်တော့"
"စိတ်ချ သခင်လေး၊ ဒီက ညီလေးရေ သခင်လေးကို သေချာလိုက်ပို့ပေးပါနော်၊ အိမ်ကကားလာတာကို စောင့်ရင် ကြာအုံးမှာမို့ စိတ်မရှိပါနဲ့ဗျ"
Driverက လူယဉ်ကျေးဖြစ်ကာ စကားပြောရည်မွန်လေသည်။
"စိတ်ချပါ"
Offလည်း လူယုံကြည်လောက်သည့်အပြုံးကို ပြုံးပြရင်း ထိုနေရာမှ ထွက်ခွာလာခဲ့တော့သည်။
__________________________
Offသည် နေ့စဉ်မရိုးရသော အကြောင်းပြချင်များဖြင့် Gunဧ အနီးကို ချဉ်းကပ်လာသည်။
ကိုယ်စားနေရင်း ညီကိုပါ သတိရသွားတော့ ဝယ်လာလိုက်တယ်ဆိုပြီး ကျောင်းထိပါ မုန့်လာပို့တတ်သည်။
ထိုနေ့ကစလို့ Offသည် Gun၏အနားတွင် ရိုးကနဲ ရိပ်ကနဲ အရိပ်လိုအမြဲတမ်း ရှိနေလေတော့သည်။
"Gun... ခုတလော ပျော်နေတာလား"
Tay အလုပ်စားပွဲမှ ထလာပြီး Gunရှိရာအခန်းကို တံခါးဟကြည့်လိုက်သည်။
Phကို ပြုံးပြီးကြည့်လိုက် ဘေးကိုချထားလိုက်၊ စာလုပ်လိုက်ဖြင့် Gunသည် စိတ်လိုလက်ရ ပြုံးနေလေသည်။
အကိုဖြစ်သူနှင့် အတူရှိသည့်အခါ ပြုံးသည်နှင့်မတူ ကွဲပြားနေသည်ဟု Tayခံစားနေမိသည်။
ထိုသို့တွေ့နေရသည်မှာ (၃) (၄)ရက်ပင်ကျော်လို့ တစ်ပတ်နားနီးလာပြီဖြစ်သည်။
"Gun....ဒီရက်ပိုင်း စိတ်ပျော်စရာ ရှိနေတာလား"
"ဟင်...ကိုကို...လာလေ"
လူကဆတ်ကနဲ ဖြစ်သွားပြီး Phကို မှောက်ချလိုက်သည်။
ph screenပေါ်ရှိ စာတိုလေးမှာတော့....
{{ ငယ်က သိပ်ချစ်ဖို့ကောင်းတယ်}}
အခန်းဝတွင် ရပ်ကြည့်လျက်သားကနေ မေးနေသည့် Tayကို အခန်းထဲထိ ဆွဲသွင်းလိုက်သည်။
"ကိုကိုက Gunကို ပစ်ထားတယ်ရော"
တကယ်ကို အလုပ်ရှုတ်နေသည်မို့ ခုတလော အငယ်လေးကို ပစ်ထားသလို ဖြစ်သွားသည်။
"ကိုယ် အလုပ်ရှုတ်နေတာ Gunလည်း သိရဲ့နဲ့"
"သိတာတော့ သိတာပေါ့၊ Gunကို ကစားကွင်းလည်း လိုက်မပို့တော့ဘူး၊ ရေခဲမုန့်ဆိုင်အသစ်ဖွင့်တာ လိုက်ဝယ်ကျေွးတယ်ဆိုပြီး အခုထိ လိုက်လည်းမပို့ဘူး"
မျက်စောင်းတို့ချီလာပြီး လူကို မကျေမချမ်းလေး ကြည့်သည်။
"သူငယ်ချင်းတွေနဲ့ သွားတယ်ဆို"
လက်လှမ်းမီရာ မြို့ထဲတွင်တော့ Driverသည်ပင် တိုက်ရည်ခိုက်ရည်ကျွမ်းကျင်သော ဘော်ဒီဂတ်ဖြစ်သည်။
"Driver ဦးလေးကြီး ပြောတာမှတ်လား၊ Gunက ကိုကိုနဲ့ သွားချင်တာကို "
"ဟုတ်ပါပြီ၊ ကိုယ် တစ်ရက်အားအောင် လုပ်ထားလိုက်မယ်"
"ကတိနော်"
လက်သန်းလေးကို ဆန့်ထုတ်လာရင်း Tayလက်သန်းကို လာချိတ်သည်။
"အင်း၊ ကတိ"
Tayလည်း စိတ်လိုလက်ရ လက်သန်းချင်းချိတ် လက်မနှင့်တံဆိပ်နှိပ်လိုက်သေးသည်။
"ဟီးဟီး Gunက ကိုကို့ကို အချစ်ဆုံးပဲ"
Gunသည် ထိုင်နေရာမှ နံဘေးနားတွင် ရပ်နေသည့် Tay၏ခါးကို အားရပါးရ ဖက်လိုက်သည်။
"ဟ ဟား"
Tay သဘောကျစွာ ရယ်လိုက်ပြီး Gunဆံပင်ပျော့ပျော့လေးတွေကို ဖွဖွပုတ်လိုက်သည်။
လိုချင်တာရှိလို့ ကပ်ချွဲတိုင်း ဆန္ဒပြည့်တာနှင့်ကိုကို့ကို အချစ်ဆုံးပဲ ဟု ငယ်စဉ်ကတည်းက ပြောနေကျစကားဖြစ်သည်။
ကျွန်တော်မေးနေသည့် ပျော်နေတာလားဆိုသည့် အမေးစကားကိုတော့ Gunကမေ့သွားသည်ထင် ပြန်လည်ဖြေကြားလာဖြင်း မရှိပေ။
___________________________________
Ph Ringing!!!
"Mommy.."
"သား၊ ဒီအပတ် ခရီးသွားမလို့ဆို"
"အင်း"
"သားရယ် သားDaddyကို စိတ်မဆိုးပါနဲ့ကွယ်"
"...."
"သားပြန်လာရင် အိမ်ကို ပြန်လာအုံးနော်"
"ကျွန်တော်လာနိုင်အောင် ကြိုးစားပါ့မယ် Mommy "
တီ!!!
phကိုချပစ်လိုက်ပေမယ့် Mommyကို ပြန်လာမယ်လို့ ကတိမခံလိုက်ပေ။
Daddyရဲ့ မတော်လောဘက သူငယ်ချင်းတစ်ယောက်ကိုပါ အဆုံးရှုံးခံနိုင်လေသည်။
ကျွန်တော်ဆိုရင်ရော။ ဟင့်အင်း အဆုံးရှုံးမခံနိုင်ဘူး။ Daddyကို စိတ်ဆိုးနေဆဲပေမယ့် Daddy ကိုလည်း အဆုံးရှုံး မခံနိုင်ဘူး။ ဘယ်လိုတွေးတွေး မဆုံးရှုံးရအောင် နှစ်ဖက်လုံးကို ကာကွယ်မည်ဟုသာ အဖြေထွက်သည်။
ယနေ့ည လေယာဉ်ဖြင့် လန်ဒန်ကို တစ်လခရီးထွက်ရန် အကြောင်းပေါ်လာသည်။
ကြော်ငြာကုမ္ပဏီက ကမ်းလှမ်းလာသည်က မော်ဒယ်အသစ်လေးတစ်ယောက်ကို ဖြစ်နေသည့်အပြင် မန်နေဂျာလည်း မစီစဉ်ပေးရသည့်ကလေးမို့ အစ/ဆုံးက ကိုယ်တိုင်သွားမှရမည်။
လက်ထောက်တစ်ယောက်ကိုလည်း ထိုကလေး၏ အထွေထွေကိစ္စတို့တွင်သုံးရန် ခေါ်ထားသည်မို့ သုံးယောက်အတူထွက်မည့် ခရီးဖြစ်သည်။
ထိုခရီးစဉ်မှာ မထင်မှတ်ထားသည့်သူနှင့် Newသည် တွေ့ဆုံခဲ့လေတော့သည်။
ထို့နောက်......!
_____________________________________
လန်ဒန်မြို့၏ညတစ်ည။
"ဦးလေး Zeal..ဟုတ်တယ်မှတ်လား"
New စိတ်ပြေလက်ပျောက် Barတစ်ခုတွင် လာသောက်နေလိုက်သည်။
အလုပ်ကိစ္စတွေ အဆင်ပြေပေမယ့်လည်း လူက စိတ်မကြည်လင်သမျှကို ခေါင်းလာဆေးနေခြင်းဖြစ်သည်။
One night standလေးတစ်ယောက်လောက် စိတ်တိုင်းကျရင် ခေါ်သုံးမယ်လို့ တွေးလာလေသည်။
သို့ပေမယ့် သောက်ထားတာလေးတွေတောင် အမူးပြေသွားရသည်။
လွန်ခဲ့သည့် ဆယ်နှစ်ဝန်းကျင်လောက်က Newတို့အိမ်တွင် ဝင်ထွက်သွားလာနေသည့် Daddy၏ အားကိုးရတဲ့ လက်ရုံးတစ်ဆူဖြစ်လေသည်။
ဦးလေး Zeal ကို သူတက္ကသိုလ်ကျောင်းသားဘဝက တွေ့လိုက်တာ နောက်ဆုံးမဟုတ်လား။
"ဦးလေး Zeal...ဟုတ်တယ်မလား"
သုတ်သုတ်လှည့်ထွက်သွားသူ၏လက်ကို လိုက်ဆွဲလိုက်တော့...
"လူ လူမှားနေတယ်"
လက်ကို အတင်းရုန်းပြီး နောက်မကြည့်စတမ်း ပြေးထွက်သွားသူက လူအုပ်ကြားထဲ ဝင်ရောက်ပျောက်ကွယ်သွားလေတော့သည်။
ထိုမြင်ကွင်းကို ကြည့်နေသူတစ်ယောက်လည်း သူတို့၏ မလှမ်းမကမ်းတွင် ရှိနေသည်ကို Newတစ်ယောက် သတိထားမိလိုက်ခြင်း မရှိပေ။
တစ်နာရီကြာပြီးနောက်။
Barပေါ်တွင် မှောက်ခုံမှီရင်း မူးကွဲနေသူတစ်ယောက် ရှိလေသည်။
ဖြူဖွေးလွန်းသော အသားရည်နှင့် မျက်နှာပုံစံကြောင့် အာရှသားမှန်း သိသာစေသည်။
ထိုအနားသို့ ရောက်ရှိလာသူက မူးနေသူထံလျှောက်သွားပြီး ဆံပင်တို့ကို ဆုတ်ကိုင်ကာ မျက်နှာကို ဆွဲမော့လိုက်သည်။
"Boss...အခန်းစီစဉ်ပြီးပါပြီ"
"Thank!!!"
ကနဦးရောက်လာခဲ့စဉ်က One night standလေး တစ်ယောက်လောက်ဖြင့် ရည်ရွယ်ခဲ့သော Newသည် ကိုယ်တိုင်က သားကောင်ဘဝသို့ ကျရောက်သွားလေတော့သည်။
"ကိုယ့်ကို မပြစ်မတင်နဲ့ကောင်လေး၊ ဒါတွေအားလုံးက မင်းDaddyကြောင့်ပဲ"
ထိုသို့ပြောရင်း ပျော့ပျောင်းနေတဲ့ ခန္ဓာကိုယ်ကို ပုခုံးပေါ် ထမ်းတင်သွားလေတော့သည်။
________________________________________
BLOOM
13.6.2021
(6:26)PM