#Unicode
မန္တလေး အပူပိုင်းဒေသဖြစ်ပေမယ့် ဆောင်းရာသီဆိုရင် အအေးကဲကြောင်း ရှေးစာဆိုအချုပ်တန်းဆရာဖေက "မန်းတုန်အောင် လမ်းဆုံက ဟစ်ချင်တော့လို့"တောင်ဖွဲ့ထားခဲ့ပေမယ့် အခုနှစ်ပိုင်းဆောင်းရာသီမှာတော့ အနွေးထည်ဆို ဆွယ်တာပါးလေးတစ်ထည်လောက်နဲ့ အနွေးဓါတ်လုံလောက်နေတယ်။
ကမ္ဘာ့စက်မှုလက်မှုဖွံ့ဖြိုးလာတာနဲ့အညီ မန္တလေးမှာလည်း ယာဥ်တွေ ဥဒဟို သွားလာနေကြတယ်။
အဲ့ဒီကအငွေ့တွေကြောင့်ပဲ မန်းလေးကြီး ပိုပူလာတယ်ဆိုရမလား ။
မနက်၅နာရီ မြူတွေလွှမ်းခြုံဆဲ ငွေရောင်မြူနှင်းထုကြီးကအလှခြယ်မှုန်းထားဆဲကောင်းကင်ပြင်နှင့်အပြိုင် ကျွန်တော့် ဆောင်းမနက်ခင်းလေးမှာ ကျုံးရေပြင်ကိုခြံရံပြီး အပြေးလေ့ကျင့်ဖို့ အိမ်ကနေ စက်ဘီးလေးစီးပြီး ထွက်လာခဲ့လိုက်တယ်။
လမ်းပေါ်မှာလည်း မနက်ခင်းအားကစားလုပ်ဖို့သွားလာနေသူများ ဟိုတစ်စုသည်တစ်စုနဲ့ စည်ကားသက်၀င်နေတယ်။
၁၅မိနစ်လောက်စက်ဘီးနင်းပြီးတာနဲ့ အရှေ့ဘက်မုဂ်တံတားထိပ်ရောက်တော့ စက်ဘီးလေးကို ဘေးကပ်ရပ် သော့သေချာခတ်ပြီး ကျုံးပတ်ပြေးတဲ့လုပ်ငန်းစလိုက်တော့တယ် ။
၂ပတ်မြောက်ပြေးပြီးတာနဲ့ မောလာ၍ စက်ဘီးနားပြန်လာကာပလက်ဖောင်းပေါ်ခဏနားနေတုန်း ကျွန်တော်နှင့်မလှမ်းမကမ်းတွင် ကလေးတစ်ယောက်ခွေးလေးဆွဲကာပြေးလာတုန်း လွတ်ထွက်သွားတာကို တွေ့လိုက်ရသည်။
"Chop မပြေးနဲ့လေ Chop "
ကလေးလေးက နောက်ကနေ တဆာဆာ ခေါ်ရင်းလွတ်သွားတဲ့ခွေးလေးနောက်ကနေ ပြေးလိုက်နေသည်။
ကျွန်တော်လည်း မနေသာတော့ဘဲ ခွေးလေးနောက်လိုက်ကာ ဖမ်းပေးလိုက်သည်။ ပြီးတော့ ရပ်နေတဲ့ကလေးအနားသွားကာ ခွေးလည်ပတ်က ကြိုးစရှည်လေးကို လက်ထဲသေချာထည့်ပေးလိုက်တော့
"ကျေးဇူးတင်ပါတယ် ဦးဦး"
လို့ ကလေးက ပြောလာတော့ ကျွန်တော်လည်း လိမ္မာလိုက်တာလို့တွေးမိပြီး ကလေးရဲ့ ဆံပင်အုပ်အုပ်လေးတွေကို ဆွဲဖွကာ ပြန်ပြောလိုက်သည်။
" ရပါတယ် ခွေးလေးသေချာကြည့်ထားနော်
နောက်ခါ လွတ်မသွားစေနဲ့အုံး
လမ်းမပေါ်မှာ အန္တရာယ်များတယ်ကွ"
လို့ ပြုံးကာ ဆိုတော့ ကလေးက ခေါင်းလေး တဆတ်ဆတ်ငြိမ့်ပြလာသည်။ ကလေးရဲ့ ဘေးဘီကို တစ်ချက်ကြည့်ကာ
"သားလူကြီးတွေမပါဘူးလား "
လို့မေးလိုက်သည်။ တစ်ယောက်တည်း အိမ်ကလူကြီးတွေမသိအောင် ထွက်လာတာ ဆိုရင် သူအိမ်ထိ ပြန်လိုက်ပို့ ပေးဖို့ မေးမိသည်။
ကလေးလေးက ဘေးဘီကို ကြည့်ရင်း တစ်စုံတစ်ယောက်ကိုရှာနေပုံရသည်။
"သားငယ် "
ကျွန်တော့်နောက်ကျောဘက်ဆီမှကလေးကိုခေါ်သံကြားလိုက်ရပြီး
"ပါးပါး "
ဟုခေါ်ကာကျွန်တော့်ရှေ့က ကလေးကထိုသူ့ထံ ပြေးသွားသည်။
"သားငယ် ဘယ်ထွက်သွားတာလဲ စိတ်ပူလိုက်ရတာ "
"သားက Chopလေးပြေးသွားလို့ လိုက်ခေါ်တာပါ "
"အွန်းနောက်ဆို အဲ့လိုမလုပ်ရဘူးနော် ပါးပါး ပြန်ခေါ်ပေးမှာပေါ့ ခုသားလေး ဘာဖြစ်သွားသေးလဲ "
"ဟုတ် သားဘာမှမဖြစ်ပါဘူး ဟောဒီက ဦးဦး ကူညီပေးတာ"
ချထားတဲ့ရေဘူးလေးကောက်ဆွဲပြီးစက်ဘီးသော့ဖြုတ်နေတဲ့ ကိုယ့်ကို ကလေးက ညွှန်ပြသည်။
အစကတော့ ကျေးဇူးတင်ခံချင်လို့ကူညီတာ မဟုတ်တဲ့အတွက် ဒီတိုင်းထွက်သွားမလို့ဖြစ်သည် ။
ကလေးအဖေက ကိုယ့်နားလျှောက်လာကာ
"ဒီကမိတ်ဆွေ ကျေးဇူးတင်ပါတယ်ဗျ သားငယ်ကိုခုလိုကူညီပေးတဲ့အတွက် "
လို့ ပြောလာတာမို့ ကျွန်တော်လည်း
"ရပါတယ်ဗျ ကူညီခွင့်ကြုံတုန်း ကူညီရ.....ရ...."
လို့ပြောကာ သော့ဖြုတ်ပြီးလို့ တစ်ချက်မော့ကြည့်လိုက်မိတော့ အံ့သြကာ လက်ထဲက သော့ကြိုးလေးပင် ပြုတ်ကျသွားရသည်။ တစ်ဖက်လူမှာလည်း မျက်လုံးလေးပြူးကာ ဘာစကားမှမဆိုနိုင် ။
အွန်းလေ သူလည်း ရုတ်တရက် ဘယ်မျှော်လင့်ထားပါ့မလဲ သူဘယ်လိုခံစားသွားရလဲတော့ ကျွန်တော် မသိပါ။
အံ့သြခြင်းလား။ နှစ်ချီမတွေ့ဖြစ်ခဲ့သော ငယ်သူငယ်ချင်းတစ်ယောက်ကိုတွေ့ရသလို ပျော်ရွှင်ခြင်းလား။ မဖြစ်နိုင်ပါ။ ကျွန်တော်နှင့်ပတ်သက်၍ကောင်းသော အမှတ်တရတွေဖြစ်ခဲ့ရဲ့လား ကျွန်တော်မသိ။
အပြင်ဆင်ကြောင့်အနည်းငယ် လူကြီးဆန်လာသည်မှလွဲ၍အရင်အတိုင်းမပြောင်းလဲစွာရှိနေသောသူ.....။
ခဏ ကလေးလေးအပြုံးကို မြင်ကတည်းက တစ်စုံတစ်ယောက်နဲ့တူတယ်လို့ထင်မိခဲ့တာ။
" နှောင်း ...နှောင်းရိပ်မာန် မလား"
သူဖက်ကအရင်စကားစလာသည် ။
"အွန်း ဆောင်းဒီခေတ်"
ကျွန်တော့် သူ့မျက်နှာကို မျက်တောင်မခတ်စိုက်ကြည့်ရင်း ပြန်ပြောလိုက်တော့ သူက အကြည့်တို့ကိုဖယ်ရှောင်ပစ်ရင်း
"ကျေးဇူးပဲကွာ သားငယ်ကိုမင်းကူညီပေးတာ ငါ့ကိုခွင့်ပြုပါအုံး"
လို့ဆိုပြီး ကလေးပွေ့ချီကာထွက်သွားတော့သည်။
ခဏလောက်ဖြစ်ဖြစ် ထပ်မြင်တွေ့ချင်သေးတဲ့စိတ်နဲ့ လှမ်းဆွဲဖို့ ပြင်မိတဲ့လက်တို့ဟာ လေဟာနယ်ကိုဖမ်းဆုပ်ပစ်ရင်း
အသိစိတ်တို့က ထိန်းချုပ်စေခဲ့သည်။
"ပြန်တွေ့ရတာ၀မ်းသာတယ်ကွာ"
လို့ သူငယ်ချင်းဟောင်းတွေဆုံရင် နှုတ်ဆက်ကြသလိုမျိုးတော့ ကျွန်တော်တို့မနှုတ်ဆက်ဖြစ်ခဲ့ကြ
"သားငယ် ...."
တဲ့ သူတောင် အိမ်ထောင်ကျသွားပြီလား
အဖေတစ်ယောက်ဖြစ်နေခဲ့ပြီပေါ့.....
အိမ်ပြန်ရောက်တော့ ရေချိုးသန့်စင်ကာ အလုပ်သွားဖို့အောက်ထပ်ဆင်းလာတော့
"သား မနက်စာမစားတော့ဘူးလား"လို့ မေမေက မီးဖိုခန်းကထွက်လာကာမေးလာတာမို့
"မစားတော့ဘူးမေမေ အစည်းဝေးအတွက် ပြင်ဆင်စရာတွေရှိလို့နောက်ကျနေမှာစိုးလို့"
လို့ ပြန်ဖြေလိုက်သည်။
"ဒါဆိုလည်း အသီးဖျော်ရည်လေးတော့ သောက်သွားပါအုံး မေမေကိုယ်တိုင်ဖျော်ပေးထားတာ"
အသီးဖျော်ရည်လေး အပြေးဝင်ယူကာ သောက်ခိုင်းတာမို့
ကျွန်တော်လည်းမေမေစိတ်ချမ်းသာအောင် ကမ်းပေးလာတဲ့ ဖျော်ရည်ကိုယူသောက်ပြီး နှုတ်ဆက်ကာ အလုပ်သို့ထွက်ခဲ့လိုက်သည်။
အလုပ်ရောက်တော့ မနက်ကကိစ္စမစဥ်းစားနိုင်အောင်ပင် အလုပ်ကိုစိတ်နှစ်ထားလိုက်တော့သည်။
" အဖွဲ့ မှူး MD ခေါ်နေတယ် "
၀န်ထမ်း တစ်ယောက်လာပြောတာနှင့်လုပ်လက်စ ရပ်ကာ MD အခန်းရှိရာ လာခဲ့လိုက်သည်။
အခန်းရှေ့ရောက်တော့ တံခါးခေါက်လိုက်ပြီး အထဲက ဝင်ခဲ့ပါ ဆိုတာကြောင့် တံခါးဖွင့်ပြီးဝင်သွားလိုက်တော့
MD အခန်းတွင် ဧည့်သည်တစ်ယောက်ယောက်နေသည်ကို တွေ့လိုက်ရသည်။
အလုပ်ကိစ္စ လာအပ်သူပင်ဖြစ်မယ် ဟုတွေးကာ
ကျွန်တော်လည်းထိုဧည့်သည်ဘေး ခုံတွင်၀င်ထိုင်လိုက်သည် ။
ကျွန်တော် ထိုင်ပြီးသည်နှင့် MDက တဖက်က လူနှင့်မိတ်ဆက်ပေးလာသည်။
" ကိုမာန် ဒီဖက်က ကျွန်တော်တို့ကုမ္ပဏီနဲ့အခု
လာမယ့်project ကိုပူးပေါင်းဆောင်ရွက်မယ့် Singapore ကုမ္ပဏီက ကိုယ်စားလှယ်..."
MD မိတ်ဆက်ပေးတာမို့ တစ်ဖက်လှည့်လိုက်တော့ တွေ့လိုက်ရတဲ့သူကြောင့် နှောင်းရိပ်မာန် အံ့သြတကြီးဖြစ်သွားရသည်။
"ကိုယ်စားလှယ် ကိုဆောင်းဒီခေတ် တဲ့"
MD ဆက်ပြောလာတဲ့ သူ့နာမည်ကို ကြားလိုက်ရတာက နှောင်းရိပ်မာန် မြင်နေရတဲ့ထိုသူ မှာ သူအမြင်မှားနေတာမဟုတ်ကြောင်း ပိုသေချာသွားတော့သည်။
ကံကြမ္မာက တကယ်ဆန်းကြယ်ပေသည် ဒီတစ်သက် ဘယ်လိုမှပြန်မတွေ့နိုင်တော့လို့မှတ်ယူခဲ့ကြတဲ့ ကျွန်တော်တို့နှစ်ယောက် အခုလိုလာဆုံဖို့ အကြောင်းဖန်လာခဲ့ပြန်သည် မဟုတ်ပါလား။
ကျွန်တော်က ငြိမ်သက်နေ၍ MD ကပင် ကျွန်တော့်ကို
ကြည့်ကာ
"ဒီဖက်ကတော့ ကျွန်တော်တို့ကုမ္ပဏီက အခုproject ကိုတာ၀န်ယူမယ့် ကိုနှောင်းရိပ်မာန်ပါ "
ဟု ပြန်မိတ်ဆက်ပေးသည်။
ကျွန်တော် ဘာမှပြောမပြောနိုင်အောင်ပင် ငြိမ်သက်နေမိတုန်း သူကအရင်
"ဟုတ်ကဲ့တွေ့ရတာ၀မ်းသာပါတယ် "
ဟု လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းလာခဲ့သည်။
ထိုသူကတော့ အခုမှတွေ့ဖူးသူတစ်ယောက်လိုတည်တည်ငြိမ်ငြိမ်နဲ့ နှုတ်ဆက်လာသည်။
"ဟုတ်ကဲ့ ကျွန်တော်လည်း ၀မ်းသာပါတယ် ခုလိုပူးပေါင်းဆောင်ရွက်ခွင့်ရတာ"
ဟု အံ့သြရိပ်တွေ၌ကို သိုဝှက်ရင်း တည်တည်ငြိမ်ငြိမ်နဲ့ပဲ လက်ကမ်းကာ ပြန်နှုတ်ဆက်လိုက်သည်။
ထို့နောက် MD ကဦးဆောင်ကာ projectအတွက် လိုအပ်သည်များကိုဆွေးနွေးပြီး နောက်နေ့မှလုပ်ငန်းစတင်ရန် ဆိုကာ ပြန်ခဲ့ကြသည် ။
ကျွန်တော်သူ့အကြောင်းတွေမေးကြည့်ချင်မိပေမယ့်လည်းသူကပြောပြချင်တဲ့ပုံမပေါ် ၍ဘာမှမမေးတော့ဘဲ နှုတ်ဆိတ်ကာကျွန်တော်လည်း ရုံးခန်းပြန်လာပြီးရုံးဆင်းရန်ပြင်လိုက်သည် ။
အိပ်ပြန်ရောက်တာနဲ့ ရေချိုးပြီး အိပ်ယာပေါ် တန်းအိပ်ပစ်လိုက်သည် ။
ပင်ပန်းသည် သူ့ကိုမသိသလိုဟန်ဆောင်ရတာ။
ပြန်မတွေ့ခဲ့ကြရင်အကောင်းသား ။
အသားကျအောင် ကြိုးစားယူခဲ့ရသော စိတ်တို့သည် မွန်းကြပ်လာရသည်။
ဒီတစ်ခါတွင်လည်း ကံဇာတ်ဆရာက ဘယ်လိုများ မျက်လှည့်ပြပါလိမ့်အုံးမလဲ ကျွန်တော်မသိတော့ပါ။
ငယ်ရွယ်စဥ်စိတ်ကစားခဲ့ကြတဲ့ ချစ်ခြင်းတစ်ခု ။
ထိုသူဟာ ကျွန်တော့်အချစ်ဦးလို့ဆိုရမလား......။
တကယ်တော့ အချစ်ဦးထက် ပိုကြောင်း ကိုယ်သာလျှင်အသိဆုံးဖြစ်ပေသည်။
သူကတော့ သူ့မိသားစုလေးနဲ့အေးချမ်းတဲ့ဘ၀တစ်ခုကိုပိုင်ဆိုင်နေလေပြီ။
ကျွန်တော်တို့ရဲ့ အတိတ်တွေကို သူမေ့ပစ်လိုက်ပြီလားလို့တွေးမိတော့၀မ်းနည်းစိတ်လေးတော့ဖြစ်မိသည်။
တစ်ဖက်မှလည်း သူ့ဘ၀လေး အဆင်ပြေစွာ ဖြတ်သန်းနေတာတွေးမိတော့ စိတ်ချမ်းသာမိပါသည် ။
"ငါဟာမင်းနဲ့ပတ်သက်လာရင် အခုထိ အရူးတစ်ယောက်လို ခံစားချက်မျိုးစုံနဲ့ ထိလွယ်ရှလွယ်ဆဲပါပဲ
ဒီခေတ်ရယ် "
လို့ ရေရွတ်မိတော့ ဘယ်ဖက်ပါးပြင်ပေါ်သို့ အရည်တချို့က စိုစွတ်စေခဲ့တော့သည်။
_______________________________________
#Zawgyi
မႏၲေလး အပူပိုင္းေဒသျဖစ္ေပမယ့္ ေဆာင္းရာသီဆိုရင္ အေအးကဲေၾကာင္း ေရွးစာဆိုအခ်ဳပ္တန္းဆရာေဖက "မန္းတုန္ေအာင္ လမ္းဆုံက ဟစ္ခ်င္ေတာ့လို႔"ေတာင္ဖြဲ႕ထားခဲ့ေပမယ့္ အခုႏွစ္ပိုင္းေဆာင္းရာသီမွာေတာ့ အေႏြးထည္ဆို ဆြယ္တာပါးေလးတစ္ထည္ေလာက္နဲ႔ အေႏြးဓါတ္လုံေလာက္ေနတယ္။
ကမၻာ့စက္မႈလက္မႈဖြံ့ၿဖိဳးလာတာနဲ႔အညီ မႏၲေလးမွာလည္း ယာဥ္ေတြ ဥဒဟို သြားလာေနၾကတယ္။
အဲ့ဒီကအေငြ႕ေတြေၾကာင့္ပဲ မန္းေလးႀကီး ပိုပူလာတယ္ဆိုရမလား ။
မနက္၅နာရီ ျမဴေတြလႊမ္းျခဳံဆဲ ေငြေရာင္ျမဴႏွင္းထုႀကီးကအလွျခယ္မႈန္းထားဆဲေကာင္းကင္ျပင္ႏွင့္အၿပိဳင္ ကၽြန္ေတာ့္ ေဆာင္းမနက္ခင္းေလးမွာ က်ဳံးေရျပင္ကိုၿခံရံၿပီး အေျပးေလ့က်င့္ဖို႔ အိမ္ကေန စက္ဘီးေလးစီးၿပီး ထြက္လာခဲ့လိုက္တယ္။
လမ္းေပၚမွာလည္း မနက္ခင္းအားကစားလုပ္ဖို႔သြားလာေနသူမ်ား ဟိုတစ္စုသည္တစ္စုနဲ႔ စည္ကားသက္၀င္ေနတယ္။
၁၅မိနစ္ေလာက္စက္ဘီးနင္းၿပီးတာနဲ႔ အေရွ႕ဘက္မုဂ္တံတားထိပ္ေရာက္ေတာ့ စက္ဘီးေလးကို ေဘးကပ္ရပ္ ေသာ့ေသခ်ာခတ္ၿပီး က်ဳံးပတ္ေျပးတဲ့လုပ္ငန္းစလိုက္ေတာ့တယ္ ။
၂ပတ္ေျမာက္ေျပးၿပီးတာနဲ႔ ေမာလာ၍ စက္ဘီးနားျပန္လာကာပလက္ေဖာင္းေပၚခဏနားေနတုန္း ကၽြန္ေတာ္ႏွင့္မလွမ္းမကမ္းတြင္ ကေလးတစ္ေယာက္ေခြးေလးဆြဲကာေျပးလာတုန္း လြတ္ထြက္သြားတာကို ေတြ႕လိုက္ရသည္။
"Chop မေျပးနဲ႔ေလ Chop "
ကေလးေလးက ေနာက္ကေန တဆာဆာ ေခၚရင္းလြတ္သြားတဲ့ေခြးေလးေနာက္ကေန ေျပးလိုက္ေနသည္။
ကၽြန္ေတာ္လည္း မေနသာေတာ့ဘဲ ေခြးေလးေနာက္လိုက္ကာ ဖမ္းေပးလိုက္သည္။ ၿပီးေတာ့ ရပ္ေနတဲ့ကေလးအနားသြားကာ ေခြးလည္ပတ္က ႀကိဳးစရွည္ေလးကို လက္ထဲေသခ်ာထည့္ေပးလိုက္ေတာ့
"ေက်းဇူးတင္ပါတယ္ ဦးဦး"
လို႔ ကေလးက ေျပာလာေတာ့ ကၽြန္ေတာ္လည္း လိမၼာလိုက္တာလို႔ေတြးမိၿပီး ကေလးရဲ့ ဆံပင္အုပ္အုပ္ေလးေတြကို ဆြဲဖြကာ ျပန္ေျပာလိုက္သည္။
" ရပါတယ္ ေခြးေလးေသခ်ာၾကည့္ထားေနာ္
ေနာက္ခါ လြတ္မသြားေစနဲ႔အုံး
လမ္းမေပၚမွာ အႏၲရာယ္မ်ားတယ္ကြ"
လို႔ ျပဳံးကာ ဆိုေတာ့ ကေလးက ေခါင္းေလး တဆတ္ဆတ္ၿငိမ့္ျပလာသည္။ ကေလးရဲ့ ေဘးဘီကို တစ္ခ်က္ၾကည့္ကာ
"သားလူႀကီးေတြမပါဘူးလား "
လို႔ေမးလိုက္သည္။ တစ္ေယာက္တည္း အိမ္ကလူႀကီးေတြမသိေအာင္ ထြက္လာတာ ဆိုရင္ သူအိမ္ထိ ျပန္လိုက္ပို႔ ေပးဖို႔ ေမးမိသည္။
ကေလးေလးက ေဘးဘီကို ၾကည့္ရင္း တစ္စုံတစ္ေယာက္ကိုရွာေနပုံရသည္။
"သားငယ္ "
ကၽြန္ေတာ့္ေနာက္ေက်ာဘက္ဆီမွကေလးကိုေခၚသံၾကားလိုက္ရၿပီး
"ပါးပါး "
ဟုေခၚကာကၽြန္ေတာ့္ေရွ႕က ကေလးကထိုသူ႔ထံ ေျပးသြားသည္။
"သားငယ္ ဘယ္ထြက္သြားတာလဲ စိတ္ပူလိုက္ရတာ "
"သားက Chopေလးေျပးသြားလို႔ လိုက္ေခၚတာပါ "
"အြန္းေနာက္ဆို အဲ့လိုမလုပ္ရဘူးေနာ္ ပါးပါး ျပန္ေခၚေပးမွာေပါ့ ခုသားေလး ဘာျဖစ္သြားေသးလဲ "
"ဟုတ္ သားဘာမွမျဖစ္ပါဘူး ေဟာဒီက ဦးဦး ကူညီေပးတာ"
ခ်ထားတဲ့ေရဘူးေလးေကာက္ဆြဲၿပီးစက္ဘီးေသာ့ျဖဳတ္ေနတဲ့ ကိုယ့္ကို ကေလးက ညႊန္ျပသည္။
အစကေတာ့ ေက်းဇူးတင္ခံခ်င္လို႔ကူညီတာ မဟုတ္တဲ့အတြက္ ဒီတိုင္းထြက္သြားမလို႔ျဖစ္သည္ ။
ကေလးအေဖက ကိုယ့္နားေလၽွာက္လာကာ
"ဒီကမိတ္ေဆြ ေက်းဇူးတင္ပါတယ္ဗ် သားငယ္ကိုခုလိုကူညီေပးတဲ့အတြက္ "
လို႔ ေျပာလာတာမို႔ ကၽြန္ေတာ္လည္း
"ရပါတယ္ဗ် ကူညီခြင့္ၾကဳံတုန္း ကူညီရ.....ရ...."
လို႔ေျပာကာ ေသာ့ျဖဳတ္ၿပီးလို႔ တစ္ခ်က္ေမာ့ၾကည့္လိုက္မိေတာ့ အံ့ၾသကာ လက္ထဲက ေသာ့ႀကိဳးေလးပင္ ျပဳတ္က်သြားရသည္။ တစ္ဖက္လူမွာလည္း မ်က္လုံးေလးျပဴးကာ ဘာစကားမွမဆိုနိုင္ ။
အြန္းေလ သူလည္း ႐ုတ္တရက္ ဘယ္ေမၽွာ္လင့္ထားပါ့မလဲ သူဘယ္လိုခံစားသြားရလဲေတာ့ ကၽြန္ေတာ္ မသိပါ။
အံ့ၾသျခင္းလား။ ႏွစ္ခ်ီမေတြ႕ျဖစ္ခဲ့ေသာ ငယ္သူငယ္ခ်င္းတစ္ေယာက္ကိုေတြ႕ရသလို ေပ်ာ္ရႊင္ျခင္းလား။ မျဖစ္နိုင္ပါ။ ကၽြန္ေတာ္ႏွင့္ပတ္သက္၍ေကာင္းေသာ အမွတ္တရေတြျဖစ္ခဲ့ရဲ့လား ကၽြန္ေတာ္မသိ။
အျပင္ဆင္ေၾကာင့္အနည္းငယ္ လူႀကီးဆန္လာသည္မွလြဲ၍အရင္အတိုင္းမေျပာင္းလဲစြာရွိေနေသာသူ.....။
ခဏ ကေလးေလးအျပဳံးကို ျမင္ကတည္းက တစ္စုံတစ္ေယာက္နဲ႔တူတယ္လို႔ထင္မိခဲ့တာ။
" ေႏွာင္း ...ေႏွာင္းရိပ္မာန္ မလား"
သူဖက္ကအရင္စကားစလာသည္ ။
"အြန္း ေဆာင္းဒီေခတ္"
ကၽြန္ေတာ့္ သူ႔မ်က္ႏွာကို မ်က္ေတာင္မခတ္စိုက္ၾကည့္ရင္း ျပန္ေျပာလိုက္ေတာ့ သူက အၾကည့္တို႔ကိုဖယ္ေရွာင္ပစ္ရင္း
"ေက်းဇူးပဲကြာ သားငယ္ကိုမင္းကူညီေပးတာ ငါ့ကိုခြင့္ျပဳပါအုံး"
လို႔ဆိုၿပီး ကေလးေပြ႕ခ်ီကာထြက္သြားေတာ့သည္။
ခဏေလာက္ျဖစ္ျဖစ္ ထပ္ျမင္ေတြ႕ခ်င္ေသးတဲ့စိတ္နဲ႔ လွမ္းဆြဲဖို႔ ျပင္မိတဲ့လက္တို႔ဟာ ေလဟာနယ္ကိုဖမ္းဆုပ္ပစ္ရင္း
အသိစိတ္တို႔က ထိန္းခ်ဳပ္ေစခဲ့သည္။
"ျပန္ေတြ႕ရတာ၀မ္းသာတယ္ကြာ"
လို႔ သူငယ္ခ်င္းေဟာင္းေတြဆုံရင္ ႏႈတ္ဆက္ၾကသလိုမ်ိဳးေတာ့ ကၽြန္ေတာ္တို႔မႏႈတ္ဆက္ျဖစ္ခဲ့ၾက
"သားငယ္ ...."
တဲ့ သူေတာင္ အိမ္ေထာင္က်သြားၿပီလား
အေဖတစ္ေယာက္ျဖစ္ေနခဲ့ၿပီေပါ့.....
အိမ္ျပန္ေရာက္ေတာ့ ေရခ်ိဳးသန္႔စင္ကာ အလုပ္သြားဖို႔ေအာက္ထပ္ဆင္းလာေတာ့
"သား မနက္စာမစားေတာ့ဘူးလား"လို႔ ေမေမက မီးဖိုခန္းကထြက္လာကာေမးလာတာမို႔
"မစားေတာ့ဘူးေမေမ အစည္းေဝးအတြက္ ျပင္ဆင္စရာေတြရွိလို႔ေနာက္က်ေနမွာစိုးလို႔"
လို႔ ျပန္ေျဖလိုက္သည္။
"ဒါဆိုလည္း အသီးေဖ်ာ္ရည္ေလးေတာ့ ေသာက္သြားပါအုံး ေမေမကိုယ္တိုင္ေဖ်ာ္ေပးထားတာ"
အသီးေဖ်ာ္ရည္ေလး အေျပးဝင္ယူကာ ေသာက္ခိုင္းတာမို႔
ကၽြန္ေတာ္လည္းေမေမစိတ္ခ်မ္းသာေအာင္ ကမ္းေပးလာတဲ့ ေဖ်ာ္ရည္ကိုယူေသာက္ၿပီး ႏႈတ္ဆက္ကာ အလုပ္သို႔ထြက္ခဲ့လိုက္သည္။
အလုပ္ေရာက္ေတာ့ မနက္ကကိစၥမစဥ္းစားနိုင္ေအာင္ပင္ အလုပ္ကိုစိတ္ႏွစ္ထားလိုက္ေတာ့သည္။
" အဖြဲ႕ မႉး MD ေခၚေနတယ္ "
၀န္ထမ္း တစ္ေယာက္လာေျပာတာႏွင့္လုပ္လက္စ ရပ္ကာ MD အခန္းရွိရာ လာခဲ့လိုက္သည္။
အခန္းေရွ႕ေရာက္ေတာ့ တံခါးေခါက္လိုက္ၿပီး အထဲက ဝင္ခဲ့ပါ ဆိုတာေၾကာင့္ တံခါးဖြင့္ၿပီးဝင္သြားလိုက္ေတာ့
MD အခန္းတြင္ ဧည့္သည္တစ္ေယာက္ေယာက္ေနသည္ကို ေတြ႕လိုက္ရသည္။
အလုပ္ကိစၥ လာအပ္သူပင္ျဖစ္မယ္ ဟုေတြးကာ
ကၽြန္ေတာ္လည္းထိုဧည့္သည္ေဘး ခုံတြင္၀င္ထိုင္လိုက္သည္ ။
ကၽြန္ေတာ္ ထိုင္ၿပီးသည္ႏွင့္ MDက တဖက္က လူႏွင့္မိတ္ဆက္ေပးလာသည္။
" ကိုမာန္ ဒီဖက္က ကၽြန္ေတာ္တို႔ကုမၸဏီနဲ႔အခု
လာမယ့္project ကိုပူးေပါင္းေဆာင္ရြက္မယ့္ Singapore ကုမၸဏီက ကိုယ္စားလွယ္..."
MD မိတ္ဆက္ေပးတာမို႔ တစ္ဖက္လွည့္လိုက္ေတာ့ ေတြ႕လိုက္ရတဲ့သူေၾကာင့္ ေႏွာင္းရိပ္မာန္ အံ့ၾသတႀကီးျဖစ္သြားရသည္။
"ကိုယ္စားလွယ္ ကိုေဆာင္းဒီေခတ္ တဲ့"
MD ဆက္ေျပာလာတဲ့ သူ႔နာမည္ကို ၾကားလိုက္ရတာက ေႏွာင္းရိပ္မာန္ ျမင္ေနရတဲ့ထိုသူ မွာ သူအျမင္မွားေနတာမဟုတ္ေၾကာင္း ပိုေသခ်ာသြားေတာ့သည္။
ကံၾကမၼာက တကယ္ဆန္းၾကယ္ေပသည္ ဒီတစ္သက္ ဘယ္လိုမွျပန္မေတြ႕နိုင္ေတာ့လို႔မွတ္ယူခဲ့ၾကတဲ့ ကၽြန္ေတာ္တို႔ႏွစ္ေယာက္ အခုလိုလာဆုံဖို႔ အေၾကာင္းဖန္လာခဲ့ျပန္သည္ မဟုတ္ပါလား။
ကၽြန္ေတာ္က ၿငိမ္သက္ေန၍ MD ကပင္ ကၽြန္ေတာ့္ကို
ၾကည့္ကာ
"ဒီဖက္ကေတာ့ ကၽြန္ေတာ္တို႔ကုမၸဏီက အခုproject ကိုတာ၀န္ယူမယ့္ ကိုေႏွာင္းရိပ္မာန္ပါ "
ဟု ျပန္မိတ္ဆက္ေပးသည္။
ကၽြန္ေတာ္ ဘာမွေျပာမေျပာနိုင္ေအာင္ပင္ ၿငိမ္သက္ေနမိတုန္း သူကအရင္
"ဟုတ္ကဲ့ေတြ႕ရတာ၀မ္းသာပါတယ္ "
ဟု လက္ဆြဲႏႈတ္ဆက္ရန္ လက္ကမ္းလာခဲ့သည္။
ထိုသူကေတာ့ အခုမွေတြ႕ဖူးသူတစ္ေယာက္လိုတည္တည္ၿငိမ္ၿငိမ္နဲ႔ ႏႈတ္ဆက္လာသည္။
"ဟုတ္ကဲ့ ကၽြန္ေတာ္လည္း ၀မ္းသာပါတယ္ ခုလိုပူးေပါင္းေဆာင္ရြက္ခြင့္ရတာ"
ဟု အံ့ၾသရိပ္ေတြ၌ကို သိုဝွက္ရင္း တည္တည္ၿငိမ္ၿငိမ္နဲ႔ပဲ လက္ကမ္းကာ ျပန္ႏႈတ္ဆက္လိုက္သည္။
ထို႔ေနာက္ MD ကဦးေဆာင္ကာ projectအတြက္ လိုအပ္သည္မ်ားကိုေဆြးေႏြးၿပီး ေနာက္ေန႔မွလုပ္ငန္းစတင္ရန္ ဆိုကာ ျပန္ခဲ့ၾကသည္ ။
ကၽြန္ေတာ္သူ႔အေၾကာင္းေတြေမးၾကည့္ခ်င္မိေပမယ့္လည္းသူကေျပာျပခ်င္တဲ့ပုံမေပၚ ၍ဘာမွမေမးေတာ့ဘဲ ႏႈတ္ဆိတ္ကာကၽြန္ေတာ္လည္း ႐ုံးခန္းျပန္လာၿပီး႐ုံးဆင္းရန္ျပင္လိုက္သည္ ။
အိပ္ျပန္ေရာက္တာနဲ႔ ေရခ်ိဳးၿပီး အိပ္ယာေပၚ တန္းအိပ္ပစ္လိုက္သည္ ။
ပင္ပန္းသည္ သူ႔ကိုမသိသလိုဟန္ေဆာင္ရတာ။
ျပန္မေတြ႕ခဲ့ၾကရင္အေကာင္းသား ။
အသားက်ေအာင္ ႀကိဳးစားယူခဲ့ရေသာ စိတ္တို႔သည္ မြန္းၾကပ္လာရသည္။
ဒီတစ္ခါတြင္လည္း ကံဇာတ္ဆရာက ဘယ္လိုမ်ား မ်က္လွည့္ျပပါလိမ့္အုံးမလဲ ကၽြန္ေတာ္မသိေတာ့ပါ။
ငယ္ရြယ္စဥ္စိတ္ကစားခဲ့ၾကတဲ့ ခ်စ္ျခင္းတစ္ခု ။
ထိုသူဟာ ကၽြန္ေတာ့္အခ်စ္ဦးလို႔ဆိုရမလား......။
တကယ္ေတာ့ အခ်စ္ဦးထက္ ပိုေၾကာင္း ကိုယ္သာလၽွင္အသိဆုံးျဖစ္ေပသည္။
သူကေတာ့ သူ႔မိသားစုေလးနဲ႔ေအးခ်မ္းတဲ့ဘ၀တစ္ခုကိုပိုင္ဆိုင္ေနေလၿပီ။
ကၽြန္ေတာ္တို႔ရဲ့ အတိတ္ေတြကို သူေမ့ပစ္လိုက္ၿပီလားလို႔ေတြးမိေတာ့၀မ္းနည္းစိတ္ေလးေတာ့ျဖစ္မိသည္။
တစ္ဖက္မွလည္း သူ႔ဘ၀ေလး အဆင္ေျပစြာ ျဖတ္သန္းေနတာေတြးမိေတာ့ စိတ္ခ်မ္းသာမိပါသည္ ။
"ငါဟာမင္းနဲ႔ပတ္သက္လာရင္ အခုထိ အ႐ူးတစ္ေယာက္လို ခံစားခ်က္မ်ိဳးစုံနဲ႔ ထိလြယ္ရွလြယ္ဆဲပါပဲ
ဒီေခတ္ရယ္ "
လို႔ ေရရြတ္မိေတာ့ ဘယ္ဖက္ပါးျပင္ေပၚသို႔ အရည္တခ်ိဳ႕က စိုစြတ္ေစခဲ့ေတာ့သည္။
_______________________________________