๐”น๐•ƒ๐”ธโ„‚๐•‚ ๐•ƒ๐•†๐•‹๐•Œ๐•Š | แ€กแ€”แ€€แ€บแ€›แ€ฑ...

Par BAE__YUNA

91K 6.7K 501

โœ“ ๐”๐ง๐ข๐œ๐จ๐๐ž ๐Ž๐ง๐ฅ๐ฒ ๐“๐š๐ž๐ก๐ฒ๐ฎ๐ง๐  ๐Ÿ”บ ร— ๐‰๐ฎ๐ง๐ ๐ค๐จ๐จ๐ค ๐Ÿ”ป [ ๐’๐ญ๐š๐ซ๐ญ ๐๐š๐ญ๐ž - ๐€๐ฉ๐ซ๐ข๐ฅ ๐Ÿ๐Ÿ,๏ฟฝ... Plus

แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‡)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แˆ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‰)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ‡)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแˆ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ‰)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ€)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ‡) + แ€‡แ€แ€บแ€žแ€ญแ€™แ€บแ€ธ
( แ€แ€ฑแ€ฌแ€„แ€บแ€ธแ€•แ€”แ€บแ€แ€ผแ€„แ€บแ€ธ )
1.( แ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธแ€žแ€…แ€นแ€…แ€ฌแ€แ€ญแ€ฏแ€ท แ€แ€ญแ€ฏแ€„แ€บแ€™แ€ผแ€ฒแ€…แ€ฑแ€žแ€ฌแ€ธ )
2โ€ข(แ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธแ€žแ€…แ€นแ€…แ€ฌแ€แ€ญแ€ฏแ€ท แ€แ€ญแ€ฏแ€„แ€บแ€™แ€ผแ€ฒแ€…แ€ฑแ€žแ€ฌแ€ธ)

แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ€)

2.1K 198 20
Par BAE__YUNA







Taehyung၏စေ့စပ်ပွဲမရောက်ခင်၃ရက်ခန့်အလိုက ...

" Jungkookkie ... !"

" ယားးး နောက်ကျလိုက်တာ ! ငါစောင့်နေတာနာရီ၀က်လောက်ရှိနေပြီ "

ချိန်းထားသည့်နေရာသို့ဗြောလေးကနောက်ကျမှရောက်လာ၍နှုတ်ခမ်းပါးပါးကနေပွစိပွစိနှင့်မကျေမချန်းပြောနေသည့်ကောင်လေးကယုန်ပေါက်စလေးအလား။မရှည်တဲ့စိတ်ကိုဆွဲဆန့်ကာသူတစ်ယောက်ထဲကော်ဖီ‌ဆိုင်မှာထိုင်စောင့်နေခဲ့ရသည်မှလည်းအမှန်တကယ်ပင်။မတွေ့ဖြစ်တာကြာပြီဖြစ်သည့်သူငယ်ချင်းကိုယခုပုံစံဖြင့်ကြိုဆိုလိုက်သည့်ကောင်လေးရယ်ပါ။

သူ၏မျက်နှာချက်းဆိုင်ခုံလေးမှာအပြေး၀င်ထိုင်လာသည့်ကောင်မလေးကအမောသကောနှင့်သူ့အားမျက်စောင်းထိုးကာစကားဆိုလာသည်။

" ငါနင့်ကိုပြောတယ်လေ အတန်းတက်နေပါတယ်လို့ ။ ဘာကိစ္စကြောင့်လောနေရတာလဲ ?"

" ငါသွားစရာတနေရာရှိလို့လိုက်ခဲ့ပေး "

" ဘယ်ကိုလဲ ?"

" ငါသူ့အတွက်၀ယ်ပေးချင်တာတစ်ခုရှိလို့ "

" စေ့စပ်ပွဲအတွက်လက်ဆောင်လား ?"

" အင်းပေါ့ !"

ခေါင်းတစက်စက်ငြိမ့်ပြလာသည့်ကောင်လေးကနာကြင်မှုတွေကင်းမဲ့နေပုံပါပဲ။ဒါဟာသူလိုလိုလားလားပေးချင်တဲ့လက်ဆောင်လို့အစကတည်းကတဖွဖွပြောခဲ့သည်မို့ဗြောလေးကမမေးပါပဲနှင့်တန်းသိသည်။ဘယ်အရာကိုပေးချင်လဲလို့မေးသည့်အခါမှာလည်းမပြောပါပဲလျှို့ဝှက်ချက်ဟုပြောခဲ့သည်မှာလည်းအခါခါ။ယခုတော့ထိုကောင်လေးမည်သည့်အရာ၀ယ်ပေးတော့မည်ဆိုတာဗြောလေးသိရပါတော့မည်။

ထိုကဲ့သို့ကဲသဲပြနေသည့်ကောင်လေးကို‌ခပ်ရွဲ့ရွဲ့မျက်နှာထားနှင့်ဗြောလေးကဆိုလာသည်။

" အဲ့လိုသာအရင်ကကောင်မလေးတွေကိုသဲသဲလှုပ်ချစ်ပြရင် အခုလောက်ဆိုနင်ဖူးဖူးမှုတ်ချစ်ခံရမှာ "

" အရင်ကအကြောင်းတွေပြောမယ်ဆို ဟိုမှ တွေ့လား အပေါက်၀ ! လှည့်ပြန်သွားလိုက် "

" အေး သွားမယ် ... ခွေးကောင် !"

" ယားး ယားး စတာလေကွာ ... ပြန်ထိုင်ပါ နော် !"

သူပြောသည့်အတိုင်းထထွက်သွားဖို့ပြင်လိုက်သည့်ဗြောလေးအားထိုင်ခုံမှထကာချော့ပြီးပြန်ထိုင်ခိုင်းရပြန်သည်။စိတ်လက်တစ်ဆစ်လူသားနှစ်ယောက်သူငယ်ချင်းဖြစ်မိကျသည်အခါမှာတော့ယခုလိုပဲတစ်ယောက်နဲ့တစ်ယောက်စိတ်ဆိုးအောင်လုပ်လိုက်ပြန်ချော့လိုက်နှင့်သံသရာလည်နေစမြဲပါ။

ချော့ပြောသည့်လေသံနှင့်ယုန်သွားနှစ်ပေါ်အောင်မျက်နှာချိုသွေးနေပုံကကလေးတစ်ယောက်ကဲ့သို့ပင်။ထိုအခါကျတောဘမနေနိုင်သူ သူငယ်ချင်းဖြစ်သူကပဲအလျှော့ပေးကာနေရာတွင်ပြန်ထိုင်သည်။အကြည့်တို့နှင့်မျက်နှာထားကစိတ်ရှိတိုင်းဆိုထုသတ်ပြီးနေလောက်ပြီ...။

" နင့်မျက်နှာကြီးကလည်း ... ရီပြပါအုံးကွာ "

" နေပါအုံး Jungkookkie ! နင်သူ့အပေါ်ကိုဘယ်လောက်ထိပေးဆပ်ဖို့စဉ်းစားထာလဲ ။ နင်ကကြီးပဲနာကြင်‌နေရတာမပင်ပန်းဘူးလား ?"

" နာကြင်မှုနဲ့စိတ်ပျက်တဲ့နေ့တွေကိုမခံနိုင်တောတဲ့တနေ့ကျငါသူ့ကိုစွန့်လွှတ်လိုက်မယ် "

" အင်း နောက်ကျသွားရင်ရော ။ နောက်ကျသွားလို့နင့်အတွက်နာကြင်မှုပဲထပ်ရနေအုံးမယ်ဆိုရင်တော့ အဲ့လူကိုငါကိုယ်တိုင်သတ်ပစ်မှာ ! နင်မြဲမြဲမှတ်ထား "

သူငယ်ချင်းမေတ္တာနှင့်၀င်စွတ်ဖက်နိုင်တဲ့လက်တကန်းနေရာမှာပဲရှိနေနိုင်သည့်အတွက်အကြိမ်ကြိမ်ပူလောင်ရပါတယ်။ဒီကောင်လေးငိုရင်လိုက်ငိုမိတာအခါခါ...ပျော်ရွှင်ရလည်းအတူတူမို့ နာကြင်ရလည်းအတူတူဖြတ်သန်းရတဲ့ဘေးကလူတစ်ယောက်သာသာပါပဲ။ဒီ့ထက်မပိုခဲ့ပါဘူး..."ချစ်တယ်"လို့ဖွင့်ပြောပြီးသူငယ်ချင်းအဖြစ်မှခေါင်းစဉ်ပြောင်းကာဝေးကွာသွားရမည့်အဖြစ်ကိုမလိုလားတာကြောင့်ကြိတ်မှိတ်ကာသည်းခံခဲ့သည့်ကို မျက်၀န်းအပြူးသားနဲ့ကြည့်လာတဲ့ကောင်လေးကမသိနိုင်ပါချေ။

တဖက်သက်အချစ်ကပူလောင်တယ်လို့အကြိမ်ကြိမ်ပြောနေမဲ့...ဒီကောင်လေးရဲ့တစ်ဖက်သက်အချစ်တွေကမေတ္တာကြီးပဲသီးသန့်မှု တဖက်မှလူမေတ္တာစူးသွားသည့်တနေ့ကျ နာကြင်မှုကို ဆတူခံစားရမှာပါ။

" ဘယ်ဟာယူလိုက်ရမလဲ ?"

" ငါဘယ်လိုသိမှာလဲ ? နင်စိတ်ထဲကြိုက်တာယူလိုက်လေ ။ နင်ကိုယ်တိုင်ရွေးလိုက် "

အလှဆုံးFoot chainလေးနှစ်ခုလေးယှဉ်ပြကာဘယ်ဟာကိုရွေးယူရမှန်းမသိဖြစ်နေတာကြောင့်သူငယ်ချင်းဖြစ်သူကိုအကူအညီတောင်းသော်လည်းအရာမရောက်ခဲ့ပြန်ပါ။သူ့အကြိုက်ရွေး၀ယ်ပေမဲ့အဲ့ဒီ့လူသားကသဘောကျပါ့မလား...။

" ဒါပဲယူလိုက်တော့မယ် !"

အဆုံးမှာတော့ဆုံးဖြတ်ချက်တစ်ခုကိုခိုင်မာစွာချကာတသ်ခုကိုရွေးယူလိုက်သည်။ရိုးရိူရှင်းရှင်းနှင့်chainကြိုးမျှင်ပဲသက်သက်မို့ထိုလူသားကြိုက်မှာအသေအချာပါပဲ။

" ဘာလို့Foot Chain၀ယ်ပေးတာလဲ ?"

" သူလျှောက်မဲ့ခြေလမ်းတွေမှာငါအငွေ့သက်လေးပါစေချင်လို့ "

" အဆုံးသက်ရောက်ရင် နင်အကြီးအကျယ်နာကြင်ရလိမ့်မယ်နော် ။ အရမ်းမချစ်ပြပါနဲ့ Jungkook ah !"

သူ့အားစိတ်ပျက်နေ့သည့်မျက်နှာငယ်လေးနှင့်ပြောလာသည့်သူငယ်ချင်းဖြစ်သူမှာအတော်ကိုစိတ်ပူနေပုံရသည်။တုန်ယင်နေသည့်အသံတို့ကသက်သေပင်။ဒီကောင်မလေးအရှေ့မှာမှတဖက်သက်အချစ်တွေအမြဲတမ်းဖော်ကြူးပြနေခဲ့တာ။ဒီကောင်လေးနာကြင်ရတိုင်းခံစားရလွန်းလို့"အစားနာကြင်ပါရစေ"ဆိုပြီးနတ်ဘုရားအရှေ့မှာဆုတောင်းနေမိတာအမြဲတမ်းလိုလိုပင်။

ကောင်လေးကတော့အမြဲတစေနာကြင်ရလွန်းလို့နေသားကျလုနီးပါးအခြေနေတစ်သို့ဦးတည်နေပြီဖြစ်သည်။မချစ်ပါနဲ့လို့တားမြစ်နေတဲ့သူငယ်ချင်းရဲ့စကားသံကနှလုံးသားရဲ့ချစ်ခြင်းမေတ္တာကိုမဖုံးလွှမ်းနိုင်ခဲ့ဘူး။တားလိုရကြေးဆိုထိုလူသားနှလုံးသားအတွင်းတနေရာထဲမှာအမြစ်တွယ်လာမည်မဟုတ်ပေ။

နေ့ရက်တွေတိုင်းမှာပြုံးနေပေမဲ့ ဟန်ဆောင်အပြုံးတွေဖြစ်နေခဲ့တယ်။

နာကြင်ရတာကိုဖုံးကွယ်ပြီးပျော်ချင်ယောင်ဆောင်နေရတာအချိန်တိုင်းတော့လွယ်ကူမနေခဲ့ဘူး ခင်များရယ်။

လွမ်းတိုင်းပြေးတွေ့ပြီးဖတ်ထားချင်ပေမဲ့ ခင်များကဆိုင်သူနဲ့ပျော်နေပြန်တယ်လေ။

ကိုယ်မပိုင်တဲ့အရာကိုမှစွဲလမ်းရူးသွပ်နေတဲ့ကျနော်ကခင်များအတွက်တော့ဘေးလူတစ်ယောက်ပါပဲ။

ဗီလိန်မဖြစ်ချင်ခဲ့လို့မေတ္တာကြီးပဲပေးနေခဲ့တာ ပေါသောနေလွန်းလို့တော့မဟုတ်ဘူး။

အချစ်ဆိုတဲ့အရာကသေလောက်ပူလောင်လွန်းတယ်။အသည်းအသန်ချစ်ပြတက်တဲ့အချိန်မှာချိုမြိန်ပြီး...
စိတ်ပျက်သွားတဲ့တစ်နေ့ကျ
နောင်တရပြီးပူလောင်နေတော့မှာ

...

#Jeon

~•~

စေ့စပ်ပွဲအပြီး၁လအကြာ...

အရာရာတည်ငြိမ်ပြီးအားလုံးပုံမှန်ဖြစ်နေပေမဲ့လည်း ကောင်လေးတစ်ယောက်၏ကျန်မာရေးဟာဆိုးသထက်ဆိုးလာခဲ့ပါတယ်...။

" Jungkook ah !"

တခါတရံမှာသေအလဲနာကြင်ခံစားရသည့်နှလုံးဒဏ်ကြောင့် ယခုဆိုဆေးရုံကိုတစ်ပက်တခါလာပြီးဆေးကုသမှုခံယူနေရပြီဖြစ်သည်။ဆေးရုံမှာမနေချင်၍ငြင်းဆန်ကာဆေးရုံသို့အပင်းပန်းခံပြီးလာနေရခြင်းပင်။

ပြန်ခါနီးအချိန်‌ဆေးရုံ၀န်း၏အပေါက်၀မှထွက်မည်အလုပ် နောက်ကျောမှခပ်စူးစူးခေါ်သံလေးကြောင့်လှည့်ကြည့်မိရာ...နေရောင်အောက်တွင်ဂျူတီကုက်အဖြူလေးနှင့်လှနေသည့်ဆိုင်သူ၏ဇနီးလောင်းလေးပါပဲ။အပြုံးတွေကလှလွန်းလိုခေတ္တမျှငေးကြည့်မိသွားသည်ကအမှန်ပင်။

" အာ Noona ! ဂျုတီပြီးသွားပြီလား ?"

" အင်းပေါ့ ! နေမကောင်းဘူးဆို Jiminnieဆီကကြားတယ် "

" အင်း ဟုတ်တယ် ... နဲနဲပါ "

" လာ အတူတူပြန်ရအောင် ... တော့ပိုကီသွားစားကြမယ် "

ခေါင်းတကစ်စက်ငြိမ့်ပြကာလက်ခံမိတော့သူမလေးကအလှဆုံးအပြုံးများဖြင့်ပြုံးလာသည်။နွေးနွေးထွေးထွေးဆက်ဆံတက်သည့်သူမလေး၏အကျင့်ကြောင့်ထိုလူသားကအင်မတန်အကဲပိုနေတာမဆန်းပါပေ။အပြုံးလှပြီးစိတ်ထားပါလှသည့်သူမလေးကိုပိုင်ဆိုင်ထားရသည့်အဲ့ဒီ့လူသားကအတော်ကိုကံကောင်းလွန်းလှပါသည်။အပြုံးနုလေးတွေကဖြူစင်လွန်းပြီးမျက်ဝန်းလှလှလေးများကသူမ၏အပြုံးအလှများကိုပုံဖော်ပေးနေ၏။

" ကိုယ့်ရဲ့Naeunလေး ... !"

ကားမှတ်တိုင်တွင်ကားရပ်စောင့်နေသည့်သူတို့နှစ်ဦး၏ဘေးသို့ခြေအစုံရပ်လာကာဩံရှရှအသံနှင့်စကားဆိုလာခဲ့သူကိုနှစိဦးသားလှည့်ကြည့်မိကြသည်။

" ရှင် ... !"

" Min Yoongi ! ခင်များဘာလာလုပ်တာလဲ ?"

ကောင်မလေး၏ပါးစပ်ဖျားမှအံ့ဩသံထွက်လာခဲ့သည်။သို့ပေမဲ့ကောင်လေး၏ပါးစပ်ဖျားမှာတော့မာထန်ထန်စကားလုံးများသာထွက်ကျလာခဲ့သည်။မီးတောက်လိုလောင်မြိုတ်နေသည့်အကြည့်တို့ကထိုလူကရန်မူတာနှင့်သတ်ဖြတ်တော့မည့်ပုံပါပဲ။

" ကိုယ်နဲ့ပြန်လိုက်ခဲ့ ... !"

" ရှင်ဘာလုပ်တာလဲ ... လွှတ် !"

ရုတ်တရက်ဆိုသလိုကောင်မလေး၏‌လက်ကောက်၀တ်ကိုဖမ်းဆွဲကာဆွဲခေါ်နေသည့်ထိုလူ၏အပြုမူကြောင့်ကောင်မလေးကအတင်းရုန်းရှာသည်။ထို့နောက်မှာတော့ကောင်လေးက ရုန်းရင်ဆန်ခက်ဖြစ်နေသည့်သူတို့နှစ်ဦးကြား၀င်ကာထိုလူ၏အကျီလည်ပင်းမှဆွဲဆုပ်ပြီးခပ်ပြင်းပြင်လက်သီးနှင့်ပစ်ထိုးလိုက်သည့်အခါမှာတော့ သန်မာလွန်းသည့်ထိုလူကမျက်နှာပဲတဖက်သို့လည်ထွက်သွားခဲ့သည့်။

လမ်းသွားလမ်းလာများကလည်းအရေးမစိုတ်ပါပဲရှောင်ဖယ်သွားကြပါသည်။နှုတ်ခမ်းပေါက်ကာသွေးယိုစိမ့်နေတဲ့နှုတ်ခမ်းကိုဆွဲသုပ်ပြီးကောင်မလေး၏လက်လွတ်လိုက်သည်။ပြီးနောက် ကောင်လေး၏အကျီလည်ပင်းကိုခပ်ပြင်းပြင်းဆွဲဆုပ်ကိုင်ကာစကားဆိုလာသည်။

" မင်းလေးကနေမကောင်းတာတောင်ကိုယ့်ကိုတိုက်ခိုက်ချင်တာကျပြင်းသားပဲ "

" ခင်များကသူများရဲ့ချစ်သူကိုလုယူနေတာလေ !"

Naeun _ " Min Yoongi ! ရှင်သူ့ကိုလွှတ်ပေးလိုက် သူနဲ့ဘားမှမဆိုင်ဘူး ။ ရှင်ကျမနဲ့ပဲရှင်းရမှာ "

" Okလေ ! လာကွာ ကိုယ်နဲ့လိုက်ခဲ့ "

ထိုအခါကောင်လေး၏လည်ပင်းကိုဆွဲဆုပ်ထားသည့်လက်များပြေလျော့သွားပြီးတဖန်ကောင်မလေး၏လက်ကိုဖမ်းဆွဲကာဆွဲခေါ်နေပြန်သည်သည်။အရှိန်နှင့်စောင့်ဆွဲလိုက်မှုကြောင့်ကောင်မလေးမှာထိုလူ၏နောက်သိုတရွတ်တိုက်ပါသွားခဲ့သည်။

" မလိုက်ဘူး ဒီမှာပြော ... လွှတ်ပေး !"

" မင်းတော်တော်စကားများတာပဲကွာ ... လာဆိုလာလိုက် !"

" ခင်များ !"

" မင်းဖယ် ... !"

" အာ့ ... !"

ကားမှတ်တိုင်းအနီးရှိထိုလူ၏ကားနားသိုအ‌ပါ‌ဆွဲခေါ်နေသည့်အတွက် ၃ယောက်သားလမ်မပေါ်သို့ရောက်နေကြပြီဖြစ်သည်။ရုန်းရက်းဆန်ခက်ဖြစ်နေသည့်သူတို့နှစ်ဦးကြား၀င်ဆွဲသည့်ကောင်လေးကိုအားလက်နေသည့်လက်တဖက်နှင့် ရင်ဘက်မှစောင့်‌တွန်းလိုက်မှုကြောင့်လမ်းမအလယ်သို့ဒူးထောက်ရက်သားပြုကျသွားခဲ့သည်။ဆက်ဆက်ထိမခံနိုင်သည့်နှလုံးနေရာသို့စောင့်တွန်းခြင်းခံလိုက်ရ၍မျက်နှာတစ်ချက်မဲ့ကာကောင်လေးကအတော်ကိုနာကြင်သွားရသည်။

ထိုအချိန်မှာ ဒူးထောက်ထိုက်နေသည့်ကောင်လေးဆီသို့တည့်တည့်မောင်လာနေသည့်ကုန်တင်ကားတစ်စီးဟာအရှိန်ပြင်းလျက်...။

" တီးးးးးး ... တီးးးးးး "

" Jungkook !!!"

ကျယ်လောင်စွာထွက်လာသည့်ကောက်မလေး၏အသံစူးစူးဟာကျယ်လောင်စွာထွက်လာခဲ့သည်။ကြောင်အန်းအန်းဖြစ်ကြနေသည့်အခြေနေမို့လက်ကောက်၀တ်မှပြေလျော့နေသည့်လက်အစုံကိုဖယ်ဖြုတ်ကာဒူးထောက်ရက်ဖြစ်နေသည့်ကောင်ငယ်လေးကိုအပြေးသွားပြီးပစ်တွန်းလိုက်မိသည်။သို့ပေမဲ့...

" ဝုန်းးးးး !"

အရှိန်ခပ်ပြင်းပြင်းနှင့်၀င်ရောက်လာသည့်ကုန်တင်ကားဟာလူနှစ်ဦးကိုတပြိုင်တည်း၀င်တိုက်မိလိုက်သည်ဆိုရင်ဖြင့်...လေထဲသို့လွင့်ထွက်သွားသည့်ခန္ဓာကိုယ်နှစ်ခုဟာတချိန်တည်းမှာပဲမြေပြင်ပေါ်သို့သက်မဲ့အရုပ်တွေလိုပြုတ်ကျသွားခဲ့ရသည်။

အနီရောင်သွေးအိုင်ကြားထဲကလူသားနှစ်ဦး၏အဆုံးသက်ကအမှန်တကယ်ပဲ ဤသို့ဖြစ်ရပ်နှင့်အဆုံးသတ်ရမည်လား...။

♥ BLack lotus ♥

@leryunar (June 12,2021)
#Noona

Note ::

၆နာရီအလုပ်ကပြန်ရောက်ရောက်ချင်းရေးတင်လိုက်တာ...လိုအပ်တာရှိပြီးဖတ်ရတာအဆင်မပြေရင်သာတောင်ပန်ပါတယ်နော်:'(
































Continuer la Lecture

Vous Aimerez Aussi

959K 21.8K 49
In wich a one night stand turns out to be a lot more than that.
2.7K 107 8
แ€•แ€ฑแ€ซแ€€แ€บแ€…แ€œแ€ฑแ€ธแ€€แ€€แ€ญแ€ฏแ€šแ€บแ€ทแ€กแ€•แ€ญแ€ฏแ€„แ€บแ€™แ€ญแ€ฏแ€ทแ€•แ€ฑแ€ซแ€€แ€บแ€…แ€œแ€ฑแ€ธแ€€แ€ญแ€ฏแ€€แ€ญแ€ฏแ€šแ€บแ€›แ€ฒแ€ทแ€กแ€”แ€ฌแ€ธแ€™แ€พแ€ฌแ€™แ€ผแ€แ€บแ€”แ€ญแ€ฏแ€ธแ€›แ€แ€ฒแ€ทแ€กแ€™แ€ปแ€ญแ€ฏแ€ธแ€žแ€ฌแ€ธแ€œแ€ฑแ€ธแ€กแ€–แ€ผแ€…แ€บแ€‘แ€ฌแ€แ€›แ€กแ€•แ€ญแ€ฏแ€„แ€บแ€žแ€ญแ€™แ€บแ€ธแ€‘แ€ฌแ€ธแ€แ€ฑแ€ฌแ€ทแ€™แ€พแ€ฌ Jeon Jungkook๐Ÿฐ ~~~~~~~~~~~~~~~๐Ÿ’œ๐Ÿ’œ Kim T...
2.6K 148 6
แ€’แ€ฎ fic แ€œแ€ฑแ€ธแ€แ€…แ€บแ€แ€ฏแ€œแ€ฏแ€ถแ€ธแ€€แ€›แ€ฎแ€…แ€›แ€ฌแ€œแ€ฑแ€ธแ€แ€ฝแ€ฑแ€€แ€ผแ€Šแ€ทแ€บแ€™แ€ญแ€ฏแ€ท แ€Ÿแ€ฌแ€žแ€€แ€ผแ€ญแ€ฏแ€€แ€บแ€แ€ฒแ€ทแ€žแ€ฐแ€œแ€ฑแ€ธแ€แ€ฝแ€ฑแ€–แ€แ€บแ€€แ€ผแ€Šแ€ทแ€บแ€•แ€ฑแ€ธแ€€แ€ผแ€•แ€ซ
218K 4.6K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...