Save The Loser System ( Syste...

By Alainkar_koii22

61.2K 5.7K 151

Unicode + Zawgyi ရှောင်ရှင်းယံ - အချစ်ဆိုတာ.... System - ယီးပါပဲတဲ့ !!! ရှောင်ရှင်းယံ - ငါလူးမ -_- # ပေါတေ... More

Arc.1 ( လီရှောင်ဖေး )
ဇာတ်ကောင်မိတ်ဆက် / ဇာတ္ေကာင္မိတ္ဆက္
Arc - 1.2
Arc - 1.3
Arc - 1.4
Arc - 1.5
Arc - 1.6
Arc - 1.7
Arc - 1.8
Arc - 1.9
Arc - 1.10
Arc - 1.11
Arc - 1.12
Arc - 1.13
Arc - 1.14
Arc - 1.15 ( Final )
System space
Arc - 2 ( Huá / ဟွား )
ဇာတ်ကောင်မိတ်ဆက်
Arc - 2.1
Arc - 2.2
Arc - 2.3

System ကမ္ဘာသို့ရောက်ရှိခြင်း

8.2K 327 4
By Alainkar_koii22

Unicode

"အားယား ခေါင်းကိုက်လိုက်တာ ကျွတ်ကျွတ်"

ရှောင်ရှင်းယံတစ်ယောက် သတိရလာတဲ့အချိန်
ခေါင်းတွေမတရားကိုက်နေလို့ ငြီးလိုက်မိတယ် မျက်လုံးဖွင့်လိုက်တော့ သူရောက်နေတဲ့နေရာက်ုကြည့်ကာ တစ်ခနတာကြောင်အနေမိတယ်....
ဘယ်နေရာကိုပဲကြည့်ကြည့်တိမ်တွေနဲ့ပဲပြည့်နေတာ အဆုံးကိုလဲမမြင်ရဘူး

~ ငါလေး နတ်ပြည်များရောက်လာတာလား~

သူတွေးလို့ပင်မပီးသေးဘူးအသံလေးတစ်သံထွက်လာတယ်

* အဟမ်း အဟမ်း Host သတိရလာပီလား
Save the loser system ကကြိုဆိုပါတယ် ကျွန်တော်က system 88 ပါ host *

ရှောင်ရှင်းယံ အသံလာရာနေရာကို ကြည့်လိုက်တော့ အမဲရောင် နားရွက်‌လေးနှစ်ဖက်နဲ့ နောက်က အမြှီးလေးပါ ပါတဲ့ ပုပုသေးသေးလေး ကောင်လေးတစ်ယောက်

" ဝါးးး မင်းက ချစ်စရာလေးပဲ
နားရွက်လေးနဲ့ အမြှီးလေးက တကယ့်အစစ်‌လေး အတိုင်းပဲနော် ။ မင်း အဲ့တာတွေ ဘယ်မှာ ဝယ်တာလဲဟင် "

ရှောင်ရှင်းယံရဲ့ စကားကို ကြားလိုက်ရတဲ့ system ကတော့ မျက်လုံးကိုသာ လှိမ့်လိုက်ပြီး
' စိတ်လေတယ် ' ဟူသော အကြည့်ဖြင့် ‌ရှင်းယံကို ကြည့်လိုက်တယ်....။

* Host မဟုတ်တာတွေ လျှောက်မပြောပါနဲ့
ဒါတွေက အင်တွေ မဟုတ်ဘူးဗျ အစစ် အစစ်!!
ကျွန်တော့်ရဲ့ တကယ့်နားရွက်နဲ့အမြှီးတွေ "

" အာ အဲ့လိုလား ဒါနဲ့ငါဘယ်ကိုရောက်နေတာလဲ မင်းခုနကပြောတဲ့ loser system ဘာကြီး..? "

* Host အခုရောက်နေတာ Save the loser system ဆိုတဲ့ System ကမ္ဘာတစ်ခုကိုပါ
ဒီ system က host တို့လိုလူ့ဘဝမာ မတရားလုပ်ကြံခံရပီးသေတဲ့လူတွေကိုပြန်ကယ်တင်ပေးတဲ့ systemတစ်ခုပါ ဒုတိယအခွင့်အရေးပေးတာပေါ့ ။ host က ကမ္ဘာတွေတစ်ခုပီးတစ်ခုသွားရမယ် အဲ့ကမ္ဘာတွေမာမတရားလုပ်ကြံခံရပီးသေသွားတဲ့လူတွေရဲ့ကိုယ်ထဲကိုဝင်ပီး သူ့တို့ရဲ့ဆန္ဒတွေကို mission အနေနဲ့လုပ်ပေးရမာပါ။ သူတို့ဆန္ဒတွေမပြီးပဲ host အဲ့ကမ္ဘာမာသေသွားခဲ့ရင် mission fail မာပါ။ ပီးတော့ out of character (OOC) ဖြစ်လို့လဲမရပါဘူး။ တကယ်လို့ mission တွေသာအကုန်အောင်ခဲ့ရင် ဆုအနေနဲ့ point တွေရမာပါ ကျွန်တော်ရှင်းပြတာနားလည်ရဲ့လား host *

ရှောင်းရှင်းယံကတော့ system လေးပြောသမျှကိုခေါင်းတငြိမ့်ငြိမ့်နဲ့နားထောင်ရင်း

" အင်း ငါနားလည်သလောက်တော့ရှိပီ မင်းပြောသလိုဆို ငါက သူတို့ရဲ့ဆန္ဒတွေကို လိုက်လုပ်ပေးရမယ်ပေါ့ ဒါဆိုငါ့အတွက်ဘာပြန်ရမာလဲ ပီးတော့ point တွေကရောဘာလုပ်လို့ရလဲ "

* host ကသူတို့ရဲ့ကိုယ်ထဲရောက်သွားတဲ့အချိန်မာ hostအတွက် mission တွေလာပါလိမ့်မယ် main mission,side mission တွေပေါ့ main mission ဆိုတာသူတို့ရဲ့ဆန္ဒတွေပေါ့ side mission ကတော့ အထက်က host အတွက်ချပေးတဲ့ mission ပေါ့ အဲ့missionတွေအကုန်အောင်မြင်ရင် points တွေရပါမယ် points10000 ပြည့်ရင် hostရဲ့ကမ္ဘာ့အစစ်ကိုပြန်လို့ရပါပီ *

" ငါ့ရဲ့ကမ္ဘာအစစ် ငါကသေသွားပီမဟုဘူးလား တကယ်လို့ points တွေပြည့်လို့ အဲ့ကိုပြန်လို့ရရင် ငါကမြေကြီးထဲကပြန်ထွက်လာရမာလား "

' အားးး God ရေ ဒီ host ကိုပြန်လဲပေးပါ ဒီလောက်တုံးတဲ့ host ကိုသူမလိုချင်ဘူး ဗြဲ '

system လေးမှာစိတ်ထဲမာပဲငိုကြွေးလိုက်ပီးအပြင်မာတော့

* အဲ့လိုလဲမဟုသေးဘူးလေ host ရယ် အခု hostကဆေးရုံမာ coma ဝင်နေပါတယ် ဒီကြားထဲ host mission တွေလုပ်ဖို့သွားရင် host ရဲ့ကမ္ဘာအစစ်ကအချိန်တွေရပ်ထားမာမို့လို့စိတ်မပူပါနဲ့ *

" အာ ငါသဘောပေါက်ပီ "

* ဟုတ်ကဲ့ Host. ဒါဆိုစတင်ပီးသွားတော့မလား host mission တွေမြန်မြန်ပီးမှ host ရဲ့ကမ္ဘာအစစ်ကိုပြန်သွားပီး hostကိုမကောင်းကြံတဲ့သူတွေကိုပြန်လက်စားချေလို့ရမာ *

" ဟမ် ငါ့ကိုမကောင်းကြံတာ ငါကဒီတိုင်းရိုးရိုးကားအက်စီးဒင့်ကြောင့်ပဲသေသွားတာမဟုဘူးလား.."

* မဟုတ်ပါဘူး host ကလုပ်ကြံခံရတာပါ hostရဲ့ကားမတော်တဆမှုကလုံးဝမရိုးရှင်းပါဘူး မယုံရင် host ဘာသာသေချာပြန်တွေးကြည့်လို့ရပါတယ် *

System လေးစကားကြောင့်သူအကြောင်းကိုသူသေချာပြန်တွေးကြည့်မိတယ်

~ သူ့နာမည်ကရှောင်ရှင်းယံ ရှောင်မျိုးနွယ်မိသားစုကပေါ့ သူဟာပြီးပြည့်စုံတဲ့မိသားစုကနေမွေးဖွားလာတဲ့သခင်လေးတစ်ယောက် သူကပျော်ပျော်နေတတ်တယ် လူတိုင်းအပေါ်လဲကောင်းကောင်းဆက်ဆံတယ် သူ့အပေါ်တစ်ခြားသူကရန်ငြိုးထားရလောက်တဲ့အထိလဲသူတစ်ခါမှမဟုတ်တာမလုပ်ဖူးဖူး သူအခုမှအသက်၁၇ပြည့်ထားတာ ၁ပတ်ပဲရှိသေးတယ် အဲ့နေ့က အမ်းရှင်းရှင်းပြောရရင် သူသေမယ့်မနက်ကပေါ့ ကျောင်းသွားတဲ့လမ်းမာ ကားအက်စီးဒင့်ဖြစ်ပီးသူမေ့သွားတယ် သတိရလာတော့ဒီနေရာကိုရောက်လာတာပဲ သူလုံးဝကိုတွေးလို့မရဘူး system လေးကလိမ်မယ့်ပုံလဲမပေါ်ဘူး ဒါဆိုဘယ်သူလဲ သူ့ကိုလုပ်ကြံသူက..? ~ သူ့အတွေးနဲ့သူစိတ်ရှုပ်လွန်းလို့မျက်ခုံးနှစ်ခုကအလိုလိုတွန့်ချိုးသွားတယ် ဒါကိုမြင်တဲ့ system လေးက

* Host တွေးမရရင်လဲအရမ်းမစဉ်းစားနဲ့တော့ကြာတော့သိလာလိမ့်မယ် ကျွန်တော်တို့ပထမကမ္ဘာကိုစပီးသွားကြတော့မလား *

" အင်း သွားကြမယ်လေ ဒါဆို "

* ဟုတ်ပီ Host နဲနဲနာလိမ့်မယ်နော်..
စတင်ကူးပြောင်းမယ် 1% 5% 37%.....100% *

ရှောင်ရှင်းယံ ( Host )

နားရွက်အမဲ အမြှီးအမဲလေးနဲ့ System
___________________________________________

ပထမဆုံးစရေးတာဖြစ်တဲ့အတွက် မကောင်းတာတွေ ဟာကွက်တွေ အပြစ်တွေရှိရင်ခွင့်လွှတ်ပေးပါ system ficလေးအရမ်းသဘောကျလို့ရေးလိုက်တာပါ 🥺❤️

Zawgyi















" ငါ့ရဲ့ကမ္ဘာအစစ် ငါကသေသွားပီမဟုဘူးလား တကယ်လို့ points တြွေပည့်လို့ အဲ့ကိုပြန်လို့ရရင် ငါကမြေကြီးထဲကပြန်ထွက်လာရမာလား "




" အာ ငါသဘောပေါက်ပီ "

* ဟုတ်ကဲ့ Host. ဒါဆိုစတင်ပီးသွားတော့မလား host mission တြွေမန်မြန်ပီးမှ host ရဲ့ကမ္ဘာအစစ်ကိုပြန်သွားပီး hostကိုမကောင်းကြံတဲ့သူတွေကိုပြန်လက်စားချေလို့ရမာ *








ရှောင်ရှင်းယံ ( Host )


_____________________________________


Continue Reading

You'll Also Like

2.5M 180K 66
ယုံကြည်မှုကလည်းအချစ် နားလည်မှုကလည်းအချစ် ပေးဆပ်မှုကလည်းအချစ် ခွင့်လွတ်မှုကလည်းအချစ် ဟု ဆိုခဲ့သော် ပြောင်းပြန်အချိုးကျခဲ့တဲ့ချစ်ခြင်းတစ်ခုရဲ့ အဆုံးသတ်က ဘယ...
376K 35.1K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
112K 11.2K 32
မမမေငြိဏ်းကျော်က ကျွန်မနှလုံးခုန်သံရဲ့ ရေသောက် မြစ်ငယ်ပေါ့။သူ စီးဝင်လာခဲ့တယ်။သူ ဝင်ရောက်လာခဲ့ပုံဟာ မြူငွေ့ဆန်လွန်းလို့ အဲ့ဒီညင်သာမှုကို ကျွန်မ မမေ့နိ...
98.2K 13.6K 93
ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေ...