ကမ္ဘာတစ်ဖက်ခြား
Part 16
တချို့အဖွဲ့သားများက အနားယူရန်ထွက်ခွာသွားသော်လည်း တိုက်ပွဲမှာ လန်သခင်လေး ဒဏ်ရာအနည်းအကျဉ်းရရှိခဲ့သဖြင့် သူ...လန်သခင်လေးနှင့်အတူ နန်းတွင်းသို့ လိုက်ပါလာရသည်... တိုက်ပွဲပြီးချိန်မှာ အရေးပေါ်ကုသပေးခဲ့ပြီးဖြစ်ပေမယ့် ခရီး ကြမ်းကို ထပ်နှင်လာရသဖြင့် ဒဏ်ရာအား သေချာသန့်စင်ကာ ပြန်လည်ကုသပေးဖို့လိုသည် မဟုတ်လား...
တကယ်တန်း နန်းတွင်းမှအပြန်မှသာ ကုသပေးရမည်ဖြစ်သော်လည်း ဘာကြောင့်မှန်းမသိ
ဝမ်ချင် ဝမ်နင်မောင်နှမနှင့် သူ့ကိုပါခေါ်ကာ ဘဏ္ဍာတော်တင်ဆောင်ထားသော လှည်းအား
စောင့်ကြပ်သူများနှင့်အတူ နန်းတွင်းသို့ ဝင်ခဲ့ခြင်းဖြစ်သည်....
ရှေးခေတ် ဘုရင်များ အစဉ်အဆက် အုပ်စိုး နန်းစံလျှက်ရှိသော အထင်ကရ ရွှေနန်းတော်ကြီး
အား မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရ၍ ရင်သတ်ရှုမောငေးမောနေသဖြင့် လန်သခင်လေးတို့
ဘုရင်ထံအခစားဝင်သွားတာကိုတောင် သတိမထားမိလိုက်တော့ပေ....
"ဝေ့ကော... ဒီမှာ စောင့်နေနော်... လျှောက်မသွားနဲ့... ကျွန်တော် ပြန်လာခဲ့မယ်... လန်သခင်
လေးက မင်းကြီးဆီမှာ အခစားဝင်ပြီးရင်.သူလဲ... ဒီကို ပြန်လာလိမ့်မယ် ''
"အင်းအင်း.... ''
သူ့ဘဝမှာ တွေ့မြင်နိုင်စရာအကြောင်းမရှိတော့သည့် သမိုင်းဝင် နန်းတော်ကြီးက သူ..မွေးဖွား
ကြီးပြင်းလာတဲ့ကာလမှာ.သဘာဝဘေးအန္တရာယ်များကြောင့် ခေတ်အဆက်ဆက်ထိန်းသိမ်း
လာသည့်ကြားမှ အတော်ကြီးကို ဟောင်းနွမ်းပျက်စီးခဲ့ပြီဖြစ်ကြောင်း သူ... မှတ်သားခဲ့ရသည်..
ယခင်ဘဝက တစ်ခါမှမရောက်ခဲ့ဖူးသည့် ကမ္ဘာကျော် သမိုင်းဝင်နန်းတော်ကြီးကို ခုတော့...
မျက်ဝါးထင်ထင် တွေ့မြင်ရလေပြီ...
သူ..ပဒုမ္မမာကြာများဖြင့် လှပနေသော ရေကန်ကြီးပေါ်က ကျောက်တံတားလေးအား တယု တယ ပွတ်သပ်လျှက် ညနေခင်းချိန်ရဲ့ လေပြေညှင်းလေးကို ငြိမ်သက်စွာခံယူမိသည်..
"ဒါက... ဘာကြီးလဲ.... ''
သူ့.... မျက်လုံးထဲမှာ.ထင်ထင်ရှားရှားမြင်လိုက်ရသော စာများကို အံ့သြတကြီး.ပွတ်သပ်ကြည့်
လျှက်... ဉီးနှောက်ထဲမှာ ရှုပ်ထွေးသွားသည်....
*ဝမ်ရိပေါ်နှင့် ဝေ့ဝူရှန့် အလည်အပတ်ရောက်ခဲ့သည်*
ဟူသော မှင်ဖျက်ဆေးဖြင့် ရေးထားဟန်တူသော စာတမ်းမွဲမွဲတစ်ခုက သူ့ဉီးနှောက်ကို ကစဥ့်
ကလျား ဖြစ်သွားစေသည်...
"ရက်... ရက်စွဲက.... ငါ... ငါ...နေခဲ့တဲ့ ခေတ်ရဲ့ ရက်စွဲပဲ ... ဒါဆိုရင်... အခု ဝေ့ဝူရှန့်ရဲ့ဝိဉာဉ်က .. ငါ့ခန္ဓာကိုယ်ထဲ ရောက်နေတာလား?.ဒါဆို... ငါ....ဟိုမှာ.မသေသေးဘူးပေါ့...ဘာလို့
ဝမ်ရိပေါ်နဲ့လဲ? သူတို့... ချန်အန်းမြို့ကို အတူရောက်နေကြတာလား?''
သူ့အတွေးထဲ ချာချာလည်သွားပြီး သတိဝင်ကာ သူ့ရင်ဘတ်ထဲမှာ ထည့်ထားတတ်သည့် စာရေး
သည့် စုတ်တံအားထုတ်ကာ.... စာ တစ်ကြောင်း ရေးသားလိုက်လေသည်....
"ဝေ့ကော..... ''
ဝမ်နင့်အသံကြားသဖြင့် သူ...ကဗျာကယာ ထရပ်ကာ... စုတ်တံအား ရင်ဘတ်ထဲ ပြန်ထည့်လိုက်သည်...
"ပြန်လာပြီလား? "
"ပျင်းနေပြီလား... ဝေ့ကော... လန်သခင်လေးက နည်းနည်းကြာဉီးမယ်... သူ့အိမ်မှာ စောင့်
နေတဲ့... ကျွန်တော်လိုက်ပို့ပေးမယ်.... ''
"အင်း အင်း... ''
သူ... စောဒက မတက်ဘဲ ဝမ်နင်နောက်ကလိုက်လာရင်း သွေးများစိမ့်ကျနေသော ဒဏ်ရာများ
နှင့် လန်သခင်လေးအား စိတ်ပူမိလိုက်သေးသည်....
သူတို့နှစ်ယောက် ထွက်လာချိန်တွင် ရဲမက်များမှ သွေးသံတရဲရဲဖြစ်နေသော လူတစ်ဉီးအား
ကြိုးများဖြင့် ချည်နှောင်လျှက်ခေါ်ဆောင်လာသဖြင့် သူ... ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်
လိုက်မိသည်...
"ဟင်... အဲ့ဒါ... ဟို တောပုန်းအဖွဲ့ခေါင်းဆောင်ဘဲ... သူ့ကို မမိခဲ့ဘူးဆို... ဘယ်.လို ဖြစ် ပြီး... ''
"သူ့ကို မမိခဲ့ဘူးလို့ တမင်လိမ်ပြောခဲ့တာ... အဖွဲ့ထဲမှာ.သစ္စာဖောက်ရှိနေတော့ သူ့ကိုဖော်ထုတ်
မယ့်သူကို အသက်ရှင်ခွင့်ဘယ်ပေးပါ့မလဲ... ဒါကြောင့် လှည့်ကွက်လေးသုံးခဲ့တာ... ''
"သြော်... ဒါနဲ့.... အခု ပြောပြလို့ရပြီလား? "
"ဘာကိုလဲ ?''
"ဝမ်မောင်နှမက... နန်းတွင်းကမလား?''
"အင်း... ဝေ့ကော ရိပ်မိမယ်ဆိုတာ..သဘောပေါက်ပါတယ်... ဝေ့ကောက ပါးနပ်တယ်လေ...''
"ငါ့ကို စိတ်မပူဘူးလား? မင်းတို့အကြောင်း ပေါက်ကြားစေမှာကို... ''
သူ့စကားကြောင့် ဝမ်နင်က သူ့ကို တည့်တည့်လှည့်ကြည့်ကာ...ပြုံးစိစိလုပ်ပြီး
"ဝေ့ကော မျက်လုံးက... ဖတ်ရလွယ်လွန်းလို့... ဝေ့ကော မျက်နှာမှာလေ... လူ့လောကကြီးကို
ဘာမှမသိနားမလည်ပါဘူးလို့ စာတမ်းရေးထားသလိုကို ဖြူစင်အေးချမ်းနေတာ ''
"အာ... အဲ့ဒါ ဟန်ဆောင်ထားတာဆိုရင် ဘယ်လိုလုပ်မလဲ ''
"ဝေ့ကောက နည်းနည်းမှ ဟန်မဆောင်တတ်တာကို ခရီးအတူသွားခဲ့တဲ့ တစ်ပတ်အတွင်းကောင်းကောင်းသိခဲ့တယ် .. ပြီးတော့ ဝေ့ကောက လန်သခင်လေးကို လေးစားတဲ့မျက်လုံးတွေနဲ့
ကြည့်တတ်သလို ကျွန်တော့်ကိုဆို ရင်းနီးခင်မင်တဲ့ မျက်လုံးမျိုးနဲ့ကြည့်တတ်တယ် ..ဒီလိုပဲ လူ
တိုင်းကို ကြည့်တဲ့ပုံတွေက စိတ်ထဲဖြစ်ပေါ်နေတဲ့အတိုင်းကို ဝေ့ကော မျက်နှာမှာပေါ်လာတာ..
အဲ့တာကို သိလား?''
"အမ်... အဲ့လိုကြီးလား? "
တကယ်... ဒီ ဝေ့ဝူရှန့်ဆိုတဲ့ ကလေးက... အရမ်းကို ဖြူစင်တဲ့သူလား?
ဒီလောက် ချစ်စရာကောင်းပြီး.ဖြူစင်တဲ့ကောင်လေးရဲ့ ခန္ဓာကိုယ်ကို သူ..ရထားတာပဲ...
တကယ်တန်း... ရှောင်းကျန့်ဆိုတဲ့ ၂၈နှစ်အရွယ် ဆရာဝန်တစ်ယောက်ရဲ့ အမူအယာတွေဟာ
ဝေ့ဝူရှန့်လိုတော့ ကလေးဆန် မနေဘူးမလား?
သူတို့နှစ်ယောက်စကားပြောရင်းနှင့် လန်အိမ်တော်သို့ ရောက်ရှိလာခဲ့လေသည်.. စစ်သူကြီးမျိုးရိုး လန်အိမ်တော်ကြီးက တကယ်ပင် ခမ်းနားထည်ဝါလှသည်... ဒီလို ပြည့်စုံတဲ့မိသားစုက
လန်သခင်လေးက ဘာကြောင့်များ ဒုက္ခခံပြီး အာမခံအဖွဲ့ခေါင်းဆောင် လုပ်နေရပါလိမ့်...
"ဘယ်သူနဲ့ တွေ့ချင်လို့လဲ? "
သူတို့နှစ်ယောက်ကို စူးစမ်းတဲ့အမူအယာနှင့် ကြည့်ကာမေးလာသည့် အစေခံယောကျာ်းကို
ဝမ်နင်က ပြုံးပြလိုက်ပြီး
"လန်သခင်လေးရဲ့ ဒဏ်ရာကို ကုသပေးဖို့ လာစောင့်ခိုင်းလို့ပါ.. လန်သခင်လေးက နန်းတွင်းမှာ
မင်းကြီးဆီ အခစားဝင်နေတုန်းမို့... ''
သူတို့ကို အဆောင်တစ်ခုသို့ခေါ်လာကာ နေရာထိုင်ခင်းပေးလျှက် စားသောက်ဖွယ်ရာများဖြင့်
ဧည့်ခံလေသည်... သိပ်မကြာခင် လှပချောမောကာ ကျက်သရေရှိလှသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဉီးရောက်ရှိလာပြီး လန်သခင်လေးအခြေအနေအား စိုးရိမ်ကာမေးမြန်း
နေသဖြင့် သူ.. ဉီးခေါင်းတွေ ပူထူလာကာ... တအံ့တသြကြည့်နေမိလေသည်
အဲ့ဒါ... ဝမ်ရိပေါ်ရဲ့ အမေ... သူ့ရဲ့ မိထွေးလေ... အဲ့ဒါ.... လင်းရှီးကျင်း ကြီး မဟုတ်လား?
ဘာတွေ ဖြစ်ကုန်တာလဲ?
ထိုအမျိုးသမီးကလဲ စကားပြောနေရင်း သူ့ကို စူးစမ်းကာ မကြာခဏ ကြည့်လို့နေလေသည်
"ဒါနဲ့... ဒီက... သားလေးက... ဘာမျိုးရိုးလဲ ''
သူမ... ဘယ်ကတည်းက မေးချင်နေမှန်းမသိ... သူ့သားအကြောင်း မေးပြီးတာနှင့် သူ့မျိုးရိုးကို
ချက်ချင်းမေးလေသည် ...
"ဝေ့မျိုးရိုးပါ... သခင်မကြီး.... ဝေ့ဝူရှန့် လို့ ခေါ်ပါတယ်.... ''
"ဝေ့ဝူရှန့်..... ဝေ့.... ဝေ့ရင်း.... ဝေ့ရင်းလား? "
"ဟုတ်ပါတယ်ဗျ... သခင်မကြီးက ကျွန်တော့်ကို သိနေတာလား? "
သူ့အမေးစကားမဆုံးမီမှာပင်..သူမက သူ့နားရောက်လာကာ လက်နှစ်ဖက်ကို ဆုပ်ကိုင်လာလျှက်
မျက်ရည်များ ကျလာလေတော့သည်... သူလဲ.. ဘာဖြစ်မှန်းမသိပဲ.. မျက်ရည်များဝဲတက်လာပြီး
လန်သခင်မကြီးလက်အား ပြန်ဆုပ်ကိုင်ထားမိသည်...
"သား... သားလေး ဖခင်ရော ကျန်းမာရဲ့လား?
"ကျွန်တော့်အဖေက ကျွန်တော် ၁၀နှစ်သားတည်းက ဆုံးသွားတာပါ... သခင်မကြီး... ''
"ဟင်... ဒါဆို... သားလေးက မိထွေးနဲ့ ကြီးပျင်းခဲ့ရတာပေါ့... ဘာကြောင့်... ဘာကြောင့်များ
မပြောပြခဲ့တာလဲ... သားလေး... မယ်မယ့်သားလေး... ''
သူ့ကို ပွေ့ဖက်ကာ သည်းထန်စွာငိုနေသော လန်သခင်မကြီးအား နားမလည်စွာ အတောင့်လိုက်
ကြီး ငြိမ်သက်နေမိရာမှ လန်သခင်မကြီးက သူ့မျက်နှာကို ပွတ်သပ်ပြီး ကြည့်လာမှ သူလဲ အံ့သြ
စွာ မော့ကြည့်မိသည်....
"သားလေး..ဝေ့ရင်း ... သားလေးက... မယ်မယ့်သားပါ... ဝေ့သခင်ကြီးက မယ်မယ့်ကိုစိတ်နာ
ပြီး သားလေး မယ်မယ်ဆုံးသွားပြီလို့ ပြောထားမှန်း မယ်မယ်သိထားပါတယ်... အခု ..မယ်မယ့်
သားလေးကို မယ်မယ် ပြန်ရပြီ... ''
ပြောပြီး ထပ်ငိုကာ ပြန်ဖက်ထားသဖြင့် သူလဲ အူကြောင်ကြောင်ဖြင့် ပြန်ဖက်ထားမိသည်
တကယ်ပဲ လန်သခင်မကြီးက ဝေ့ဝူရှန့်မိခင်ရင်းလား? ဒါဆို လန်ဝမ့်ကျီးက ဝေ့ဝူရှန့်နဲ့ ညီအစ်ကို တော်တာလား? ဘာလို့ ဝေ့ဝူရှန့်က အများကြီးပိုငယ်နေရတာလဲ? ဒါမှမဟုတ်
အခု လန်သခင်မက... ဒုတိယဇနီးလား?
ထိုအချိန်မှာ လန်သခင်လေး အခန်းဝတံခါးဝသို့ရောက်လာကာ တွေတွေကြီးရပ်ကြည့်နေ
သဖြင့်.သူလဲ မချိတင်ကဲ ပြုံးပြမိသည်... တကယ်တော့ ဝေ့ဝူရှန့်ရဲ့ မိခင်ရင်းဆိုရင်တောင်
သူ့အနေနဲ့က ဘာမှမပတ်သက်သူမို့ သိပ်ပြီးခံစားချက်မရှိသလို ယခင်ဘဝကလည်း မိခင်ဆို
တာ ဖြူသလား မဲသလား မသိခဲ့ဘဲ ဖခင်ရဲ့ မေတ္တာအပြည့်အဝရခဲ့သူမို့ မိခင်အပေါ် ခံစားချက်
မထားတတ်သူ ဖြစ်ခဲ့သည်မဟုတ်လား?
"ဒါဆို... သူက... မယ်မယ့် သားအရင်းလား? "
လန်ဝမ့်ကျီး၏ တည်ငြိမ်အေးစက်သော စကားသံကြောင့် လန်သခင်မကြီးက သူ့ကို ထွေးဖက်
ထားရာက လှည့်ကြည့်လိုက်သည်...
"ဟုတ်တယ်... ဝမ့်ကျီး... သူက မယ်မယ် ကျန်ခဲ့တဲ့ မယ်မယ့်ရဲ့သားလေးပါ.. ဘယ်သူနဲ့
မှ မတူတဲ့ နှုတ်ခမ်းအောက်က မှဲ့လေးရယ်... ရှေ့သွားကြီးကြီးလေးရယ် ပေါင်းလိုက်တော့ ငယ်
ရုပ်ကို ပြန်ဖမ်းမိသွားတာ ရင်းလေး ၆နှစ်အရွယ်လောက်ထိကို မယ်မယ်က ခိုးခိုးပြီးလာကြည့်
သေးတယ်... နောက်ပိုင်း ဝေ့သခင်ကြီး သိသွားတော့ ... မယ်မယ့်ကို တင်းတင်းကြပ်ကြပ်ပိတ်ပင်ခံလိုက်ရလို့.... ''
"ဝေ့ရင်း.. မင်းမယ်မယ်က မင်းကို အမြဲရှာနေတာ...သူက... ဝေ့အိမ်တော်ကိုလဲ မသွားရဲဘူးလေ
ဒါကြောင့် မင်းအရွယ်ကောင်လေးတိုင်းကို အမြဲတမ်းစေ့စေ့စပ်စပ်ကြည့်တတ်တယ် ''
သူ... ဘာပြောရမှန်းမသိဘဲ လန်သခင်မကြီးနှင့် လန်ကျန့်ကို အလှည့်ကျကြည့်ကာ.ဆွံ့အ နေမိသည်.... ယခင်ဘဝက ဝမ်ရိပေါ်ရဲ့ မိခင်ကရော... သူနဲ့ တစ်ခုခု စပ်ဆက်နေနိုင်မလား?
ညစာစားပွဲနေ့က သူ့ကို ရင်းနှီးချစ်ခင်စွာကြည့်နေတဲ့ လင်းရှီကျင်းရဲ့ အကြည့်တွေနဲ့ ဝမ်းနည်း
ရိပ်သန်းနေပုံပေါ်တဲ့ မျက်ဝန်းတွေကို သတိပြန်ရမိသည်...ဒါက... တမင်လုပ်ပြနေခဲ့တာမဟုတ်
ဘဲ သူမရဲ့ ခံစားချက်ပေါ်လွင်နေတဲ့ မျက်နှာသာဆိုရင်....???.
"မယ် မယ်..... ''
သူ့အသံက အနည်းငယ်အက်ကွဲလျှက်...ရင်ထဲမှာ ဝေဒနါတစ်ခုခုကို ခံစားလိုက်ရသလို ဝမ်းနည်း နာကျင်လျှက်....
"သား.... မယ်မယ့်ရဲ့ သားလေး.... ''
ဒီတစ်ခါတော့ သူ.... လန်သခင်မကြီး၏ ရင်ခွင်မှာ ခေါင်းမှီလိုက်ပြီး စိတ်ရောကိုယ်ပါ ပွေ့ဖက်
လိုက်မိသည်.... မိခင် ဟူသော....ကြင်နာနွေးထွေး သည့် ရင်ခွင်က ဒီလိုပဲ လုံခြုံစေနိုင်သလား?
***