๐”น๐•ƒ๐”ธโ„‚๐•‚ ๐•ƒ๐•†๐•‹๐•Œ๐•Š | แ€กแ€”แ€€แ€บแ€›แ€ฑ...

By BAE__YUNA

90.6K 6.7K 501

โœ“ ๐”๐ง๐ข๐œ๐จ๐๐ž ๐Ž๐ง๐ฅ๐ฒ ๐“๐š๐ž๐ก๐ฒ๐ฎ๐ง๐  ๐Ÿ”บ ร— ๐‰๐ฎ๐ง๐ ๐ค๐จ๐จ๐ค ๐Ÿ”ป [ ๐’๐ญ๐š๐ซ๐ญ ๐๐š๐ญ๐ž - ๐€๐ฉ๐ซ๐ข๐ฅ ๐Ÿ๐Ÿ,๏ฟฝ... More

แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‡)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แˆ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ€)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ‡)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแˆ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ‰)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ€)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ‡) + แ€‡แ€แ€บแ€žแ€ญแ€™แ€บแ€ธ
( แ€แ€ฑแ€ฌแ€„แ€บแ€ธแ€•แ€”แ€บแ€แ€ผแ€„แ€บแ€ธ )
1.( แ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธแ€žแ€…แ€นแ€…แ€ฌแ€แ€ญแ€ฏแ€ท แ€แ€ญแ€ฏแ€„แ€บแ€™แ€ผแ€ฒแ€…แ€ฑแ€žแ€ฌแ€ธ )
2โ€ข(แ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธแ€žแ€…แ€นแ€…แ€ฌแ€แ€ญแ€ฏแ€ท แ€แ€ญแ€ฏแ€„แ€บแ€™แ€ผแ€ฒแ€…แ€ฑแ€žแ€ฌแ€ธ)

แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‰)

2K 197 5
By BAE__YUNA





အပြုံးလေးတခုကိုမြင်လိုက်တိုင်းနာကြင်ရသမျှကလျော့ပါးသွားတယ်ဆိုရင်ခင်များလက်ခံမလား...။

ယုံတမ်းပုံပြင်တွေမဟုတ်တဲ့"မြင်မြင်ချင်းအချစ်"ဆိုတာကခင်များနဲ့တွေကကျနော်လည်းယုံကြည်လာခဲ့တာ။အဲ့လိုပဲ ခင်များဆီကရလာတဲ့နာကြင်မှုတွေကို ခင်များရဲ့အပြုံးနဲ့ပြန်ပြီးဖြေဖျောက်ရခဲ့တာပဲလေ။

ချစ်ချင်းမေတ္တာဟာစေတနာဖြစ်တယ်...။
မေတ္တာစေတနာချည်းပဲဒီလူကပေးနိုင်လို့ တခါတလေမှာတော့အရှက်မရှိမျှော်လင့်မိပါသေးတယ်။အပြင်ကသွေးထွက်ဒဏ်ရာကအစ ရင်ဘက်ထဲကနာကြင်မှုအဆုံး ခင်များကိုပြောပြပြီးမေတ္တာတွေလိုချင်ခဲ့တာ။

ပြန်ချစ်ပေးပါလို့တောင်းတလို့မရတာသိပေမဲ့ လွယ်လွယ်ကူကူလက်ခံလို့မဖြစ်နိုင်တဲ့အခြေနေကျတော့ ရူးမတက်ခံစားရပါတယ်...။

စချစ်မိတယ်ဆိုထဲကပြန်ချစ်လာဖို့အတွက် အနည်းနဲ့အများတော့မျှော်လင့်မိကြတာပဲ။မျှော်လင့်သလိုအမှန်တကယ်ဖြစ်မလာတော့တဲ့အခါ ကံကိုသာအပြစ်ပုံလိုက်ချတယ်။ပြီးတော့ခေါင်းစဉ်တပ်တယ် ၀၌ကြွေးတဲ့...

အဲ့ဒီ့လူသားကိုမျက်၀န်းလေးနဲ့ငေးကြည့်နေရဖို့အတွက်ပေးဆက်လိုက်တဲ့အထဲမှာ အချစ်တွေက၈၀%ပါတယ်...ကျန်တဲ့၂၀%ကနာကြင်မှုပေါ့။

စချစ်ထဲကတဖက်အချစ်ဖြစ်ဖို့မရည်ရွယ်ခဲ့ပါဘူး။အသိနောက်ကျပြီးမှဆိုင်သူရှိမှန်းသိပြန်တော့ ပြန်နှုတ်မရတဲ့အချစ်တွေနဲ့ရင်အစုံဟာခင်များတစ်ယောက်ထဲအတွက် တဒုတ်ဒုတ်မြည်အောင်ခုန်နေခဲ့တာ။

ကိုယ့်အတွက်လို့ထင်ခဲ့ပြီးဖတ်တွယ်ခဲ့ပေမဲ့ အနားရောက်သွားမှကိုယ်နဲ့မအပ်စပ်မှန်းသိလိုက်ရတဲ့အခါ ဘယ်လောက်ပဲသဘောကျပါစေ ငေးကြည့်ခွင့်သာရှိတဲ့ဖြစ်ရပ်တွေဟာ သေလောက်ပအာင်နာကြင်ရတဲ့အခိုက်အတန့်တွေပါပဲ။

ဖွင့်ပြောလိုက်ချင်ပေမဲ့ ဟန့်တားနေတဲ့အခြေနေတွေကလှောင်ပြောင်လာတဲ့အခါ ဂျောင်ပိတ်ရိုတ်ခံရတဲ့အခြေနေလိုပဲ။ရုန်းလေ ပိုအထိနာလေ...။

လွှတ်ချလိုက်ဖို့အတွက်စဉ်းစားလိုက်ပြန်တော့လည်း အဲ့ဒီ့လူသားမျက်နှာတစ်ကမ္ဘာမို့ ဝေးကွာသွားရရင်ရူးသွားရပါ့လိမ့်မယ်။

အဲ့ဒါကြောင့် တိုးတိုးတိတ်တိတ်လေးပဲ၀န်ခံလိုက်တယ် ...

ခင်များကိုကျနော် အရမ်းချစ်တယ်။

#Jeon

~•~


နိုးထလာတဲ့မနတ်တစ်ခုဟာအရင်နေ့တွေကလိုသိပ်တော့မျှော်လင့်ချက်မပါခဲ့ဘူး...။ရင်အစုံမှာနာကြင်မှုတွေအပြည့်နဲ့။စိတ်လိုလက်ရအားရပါးရငိုခဲ့ပြီးပြီးမို့မျက်၀န်းအိမ်တွေဟာအတော်အတန်ဖောင်းလို့နေသည်။ငိုထားသည့်အရှိန်ကြောင့်ထင်သည့် ဦးခေါင်းထဲကတဆစ်ဆစ်ထိုးကိုက်နေတဲ့ဒဏ်ကအနည်းငယ်တော့ခံစားရစေသည်။

မကြာခင်ကျော်ဖြတ်သွားနိုင်မှာပါ...

ဒီနေ့ကထိုလူသားရဲ့စေ့စပ်ပွဲနေ့...

" ကျနော်ခင်များကိုပေးစရာရှိတယ် "

ဂျယ်ဂျူကျွန်း၏ပင်လယ်ပြာပြာကိုငေးမောနေသည့်ထိုလူသားမျက်နှာကပင်လယ်ပြာထပ်လှတယ်။မျက်၀န်းဝိုင်းဝိုင်းလေးတွေနေရောင်ကြောင့်တလက်လက်တောက်ပ‌နေလိုက်တာများ လင်းလတ်လို့ရယ်။နှုတ်ခမ်းပါးရဲရဲတို့ကဆေးဆိုးပန်းရိုတ်မဟုတ်ပဲပင်ဂိုနီရဲနေ၏။ဘယ်ဘက်လက်သကြွယ်ကတလက်လက်ပြောင်လက်နေတဲ့လက်စွပ်ကွင်းလေးက ကောင်လေးကိုလှောင်ပြောင်နေသရော့ပင်။

နှစ်ယောက်ထဲရှိသည့်ဒီအခြေနေဟာသိပ်ကိုရင်ခုန်စရာကောင်းလှပါသည်။အရှက်မရှိ သူများပိုင်ချစ်သူကိုပစ်မှာမိနေခြင်း...

" အင်း ပေးလေ "

ထိုလူသားဆီမှခွင့်ပြုချက်ရသည်နှင့်ဘောင်းဘီအိပ်ကပ်ထဲကကတ္တီပါဘူးလေးအားထုပ်လိုက်သည်။ပြီးနောက်ကတ္တီပါဘူးလေးအားဖွင့်ပြီးအထဲမှတလက်လက်တောက်ပနေသည့်ပလက်တီနမ်ငွေရောင်ကြိုးလေးယူလိုက်ပြီး...

" ‌ညာဘက်ခြေထောက်ပေး "

" ဟမ် !!"

" ကျနော်foot chainလေး၀တ်ပေးမလို့ ။ ပေးပါ ခြေထောက်ကို "

မဝံ့မရဲလုပ်နေသည့်ထိုလူသားကတကယ်ကိုကလေးတယောက်လိုပါပဲ။ညှင်သာစွာထိုလူသား၏ညာဘက်ခြေထောက်လေးအားဆွဲယူပြီးငွေမျှင်ကြိုးလေး၀တ်ဆင်ပေးလိုက်သည့်အခါ အခုနထက်နောက်ပို့လိုလှသွားပြီးခြေထောက်သွယ်သွယ်တလက်လက်နှင့်ကြည့်လိုကောင်းနေ၏။

" ကြိုက်တယ်မလား ။ ခင်များရဲ့စေ့စပ်ပွဲအတွက်ကျနော်လက်ဆောင်ပေးတာ "

" အင်း လှတယ် "

ညာဘက်ခြေထောက်လေးအားလှုပ်ခက်ကာသဘောကျနေသည့်ထိုလူသား၏ပျော်ရွှင်မှုကကောင်လေးကိုကူးစက်သွားသည်ထင်ပါရဲ့ လိုက်ပြုံးနေသည့်အပြုံးနုများကအလွန်လှပနေသည်။

ငွေမျှင်ရောင်ကြိုးလေးတခုကထိုလူသားကိုမသွားပါနဲ့လို့ထိန်းချုပ်ထားလို့မရမှန်းသိပါသည်။ဘာလို့အဲ့ဒါလေးပေးလည်းမေးရင် ရူးမိုတ်မိုတ်နဲ့"ခင်များရဲ့ခြေလှမ်းတွေမှာကျနော်ရဲ့အငွေ့အသက်တွေပါအောင်"လို့ဆိုပြီးဖြေမိမှာ။ခပ်ကြွကြွခြေလှမ်းတွေနဲ့ခင်များကျနော့်ဆီဦးတည်လာတဲ့အခါ အဲ့ဒီခြေလှမ်းတွေအသက်၀င်သွားအောင်လို့ပါ။

ရူးမိုတ်တယ်မလား ... ဒီလိုပဲ အချစ်နဲ့တွေ့ရင်လူတွေကရူးသွားကြတာချည်းပါပဲ။

" နှလုံးအစားထိုးခွဲစိတ်ဖို့အတွက်လက်ခံလိုက်ပါ Jungkook ah !"

" ဟင့်အင်း "

ရုတ်တရက်ပြောဆိုလာသည့်စကားကိုတိခနဲငြင်းပစ်လိုက်သည့်ကောင်လေးဟာပင်လယ်ပြင်ကိုငေးမောနေ၏။မလိုချင်ဘူး ထိုလူသားရဲ့သနားကြင်နာမှုတွေကို...

" ဘာလို့လဲ ?"

" တစ်ယောက်ထဲရှင်သန်နေရတဲ့ဘ၀ကိုမုန်းလာလို့ အဆုံးသတ်မဲ့အချိန်ကိုစောင့်နေတာ "

" မင်းတစ်ယောက်ထဲလို့ဘယ်သူပြောလဲ ? မင်းချစ်တဲ့လူအတွက် ........ "

" တော် ! ကျနော့်ကိုအဲ့လိုမနှစ်သိမ့်ပါနဲ့လား ။ ခင်များကအဲ့လိုပဲနှစ်သိမ့်နေရင် ကျနော့်မျှော်လင့်ချက်တွေများသထက်များလာလိမ့်မယ် "

" မျှော်လင့်ချက်ရှိမှမင်းအသက်ရှင်နိုင်မှာပေါ့ ။ တခါလေးတောင်မကြိုးစားကြည့်ပဲနဲ့ဘာလို့အရှုံးပေးနေရတာလဲ ?"

စကားလုံးတွေဟာရင်ထဲသို့တဆစ်ဆစ်နဲ့၀င်ရောက်လာခဲ့သည်။နာကြင်နေတဲ့နှလုံးသားကိုတော့ထိုလူသားကမမြင်နိုင်ပါဘူးလေ။နှုတ်ဖျားမှတင်စကားလုံးတွေပျောက်ကွယ်ရသည်အထိ ထိုလူသားရဲ့စကားတွေမှန်‌နေပါရော့လား။ကြိုးစားကြည့်ချင်ပေမဲ့ မျှော်လင့်ချက်တွေရိုတ်ချိုးခံရရင်တော့အဆမတန်နာကြင်ရမှာဒီလူပါ။

" ခင်များကချစ်တဲ့လူကိုပိုင်ဆိုင်ထားတော့ ကျနော့်ခံစားချက်ကိုခင်များနားမလည်နိုင်ဘူး "

" မင်ချစ်တဲ့သူကပြန်မချစ် ........ "

" အင်း ... ခင်များလေ !"

ပြူးကျယ်သွားသည့်မျက်၀န်းများနှင့်အကြည့်စူးစူးတို့ကကကောင်လေးဆီအလျှင်အမြန်ရောက်ချလာသည်။စွံ့အသွားတယ်ထင်သည်နှုတ်ခမ်းပါးတို့ပွင့်ဟကုန်၏။ပြီးရင်တော့မုန်းသွားမယ်မှတ်လား...

" Jungkook !"

" လက်မခံနိုင်ဘူးဖြစ်နေတယ်မလား ။ ကျနော်လည်းလက်ခံပေးဖို့မမျှော်လင့်ထားတာကြောင့်ခင်များကအရင်လိုပဲနေပေးပါ ခြေထောက်က၀တ်ပေးထားတာကိုတော့မဖြုတ်ပါနဲ့နော် ~ အဲ့ဒီတစ်ခုပဲတောင်းဆိုချင်တာပါ "

" မဟုတ်ဘူး ... မင်းငါ့ကိုချစ်လို့မရဘူး ။ ငါရောမင်းရောယောကျာ်းတစ်ယောက်လေ မင်းရူးနေလား !!"

" ထွေထွေးထူးထူးကိစ္စမဟုတ်လို့အများကြီးမတွေးပါနဲ့ ။ မပြောခဲ့ဘူးလို့သဘောထားလိုက်ပါ ပြီးတော့စိတ်အနှောက်ယှက်ဖြစ်သွားရင် တောင်းပန်ပါတယ် .... "

" မင်းး ........ "

အပြေးတပိုင်းခြေလှမ်းကျဲများစွားဖြင့်ထွက်သွားကောင်လေး၏မျက်နှာငယ်ကမငိုမိရုံတမယ်ပါပဲ။လက်မခံနိုင်တဲ့အခြေနေတခုကိုတွေးထားရက်နဲ့အရဲစွန့်ပြီးဖွင့်ပြောခဲ့တာ ထင်ထားသည့်အတိုင်း သိပ်ကိုနာကြင်ရတာပါပဲ။

ခင်များရဲ့ပျော်ရွှင်စရာစေ့စပ်ပွဲ့နေမှာအနှောက်အယှက်ပေးမိလို့တောင်းပန်ပါတယ်။

ဒီအတိုင်းကြိတ်ခံစားပြီးမေ့လိုက်ရတာထက် သိအောင်ဖွင့်ပြောပြီးမေ့ဖို့ကြိုးစားတာကပိုသက်ရောက်တယ်မဟုတ်လား။အနည်းဆုံးတော့အဲ့ဒီ့လူသားကိုချစ်ကြောင်း‌ဖွင့်ပြောလိုက်နိုင်တာပါပဲ။နာကြင်ရမယ်မှန်းသိရက်ဖွင့်ပြောခဲ့တာ ရူးမိုတ်ခြင်းတစ်မျိုးပဲ။

ရင်နာနာနဲ့နောက်ဆုတ်လိုက်ရတာထက်အသိပေးပြီးရင်နောက်ဆုတ်မယ်ဆိုတဲ့အတွေးကြောင့်အသိပေးလိုက်ရတာပါ။အဲ့ဒီလူသားပါးစပ်ဖျားကမဖြစ်နိုင်ဘူးလို့ပြောပြီး မနှစ်သက်သလိုမျက်၀န်းအစုံကအဆိပ်ရှိတဲ့စူးသွားတစ်ချောင်းလိုပဲ တရစ်ရစ်နဲ့နာကြင်စေတာ။

ဘာပဲဖြစ်ဖြစ် နောက်ဆုတ်ပေးမှာမို့လို့ငေးကြည့်နေခွင့်လေးတော့ပေး...။

~•~

" Jungkookရော ဘယ်သွားလဲ ?"

" မင်းသိနေခဲ့သေးလား ?"

ညနေအချိန်ထဲကကောင်လေးပျောက်လို့ရှာမတွေ့သည့်အတွက်လိုက်မေးနေသည့်Jimin၏မေးခွန်းကိုပြန်ပြီးမေးခွန်းထုပ်လိုက်သည့်ထို့လူးရယ်ပါ။မာထန်နေတဲ့မျက်နှာထားနှင့်တင်းတင်းစေ့ထားသည့်နှုတ်ခမ်းပါးတို့အားကြည့်ရုံနှင့်တင်အခြေနေတခုကိုခန့်မှန်းမိလိုက်ပါသည်။

မလွယ်ကူသည့်အခြေနေမို့ခပ်ပြင်းပြင်းသက်ပြင်းတခုအားပြုမိသည်။ပြီးနောက်ထိုလူသားဘေးတွင်၀င်ထိုင်၏။

" သူငယ်သေးလို့ပါ ။ မင်းကပဲနားလည်းပေးပြီးလျစ်လျှူရှုပေးလိုက်ပေါ့ "

" ဒီလိုပုံစံနဲ့သူနဲ့ငါထပ်မတွေ့သင့်တော့ဘူးထင်တယ် "

" အဲ့ဒါဆိုသူ့ရဲ့အဆုံးသတ်အကြောင်းအရင်းကမင်းဖြစ်သွားလိမ့်မယ် "

" ငါ့ကိုပျော်စေမဲ့ဒီနေရာကိုရွေးချယ်ခဲ့တာ ဒီလိုတွေဖြစ်လာဖို့မဟုတ်ဘူး "

" သူကမင်းကိုစိတ်အနှောက်အယှက်ဖြစ်စေတယ်ဆိုရင် မင်းအရှေ့ကပျောက်ကွယ်သွားပေးဖို့တခွန်းထဲပြောလိုက်ပေါ့ "

အခုနကမြင်တွေ့ခဲ့ရသည့်ကောင်လေး၏မျက်နှာငယ်နှင့်ယခုကြားနေရသည့်စကားတို့ဟာမည်သို့မျှမအပ်စက်သလိုပင်။ကိုယ့်အပေါ်မေတ္တာသက်၀င်နေတဲ့လူကိုငြင်းဖို့လွယ်ကူပေမဲ့ ယခုလိုနာကြင်အောင်လုပ်ဖို့ကျနည်းနည်းလေးမှအဆင်မပြေလှပါ။

ခြေ‌ချင်း၀တ်နားကတလက်လက်တောက်ပနေသည့်ငွေမျှင်ရောင်ကြိုးလေးကိုငေးကြည့်မိတိုင်းထိုကောင်လေး၏မျက်နှာကိုမျက်နှာငယ်ကမျက်၀န်းစထဲအတိုင်းသားမြင်ရလာသည်။

" သူအသက်ရှင်ဖို့အတွက်မင်းတိုတ်တွန်းဖို့လိုအပ်တယ်ထင်တယ် ။ သူငယ်သေးလွန်းတယ် "

" ငါ့ရဲ့စေတနာသက်သက်သူ့အတွက်မျှော်လင့်ချက်ဖြစ်သွားရင် သူခံစားနေရတဲ့ရောဂါထက်ဆိုးသွားမှာပေါ့ "

" အနည်းဆုံးတော့ငေးကြည့်ခွင့်ပေးလိုက်ပါ သူနောက်ဆုတ်ပေးမှာမို့လို့ မင်းကဒီအတိုင်းလေးပဲနေပေးလိုက် "

လက်သကြွယ်ငွေရောင်လက်စွပ်နှင့်ခြေချင်း၀တ်ကငွေရောင်ကြိုးမျှင်လေးကထိုလူသားနှင့်လိုက်ဖတ်လို့တလက်လက်ကိုတောင်ပနေပါသည်။မျက်နှာပြင်အထက်စိတ်သောကတွေကတော့ပျော်ရွှင်စရာနေ့တနေ့ကိုဖျက်စီးမိပြန်ပါသည်။

ကိုယ်ကဒီကောင်လေးကိုအရောင်တွေကင်းခဲ့ပေမဲ့ ထိုကောင်လေးကတော့အရောင်တွေမကင်းကဲ့ပါဘူး။ချစ်မိပြီဆိုအရူးမူးဖြစ်ရတဲ့ခံစားချက်ကိုအပြည့်အ၀နားလည်ပေမဲ့ ဒီဖြစ်ရပ်ကလုံး၀ကိုလက်မခံနိုင်စရာအခြေနေတခုပင်။

တဖက်သက်အချစ်ကိုကောင်းကောင်းကြီးနားလည်ပေမဲ့ သူနဲ့ကိုယ်ဟာအကွာအဝေးတစ်ခုစီကမဖြစ်နိုင်တဲ့အခြေနေမှာနေထိုင်ကြတဲ့သူတွေပါ။

၀၌ကြွေးအရပေးဆပ်လိုက်တဲ့အထဲမှာချစ်ခြင်းက၈၀%ပါပြီး...ကျန်တဲ့၂၀%ကနာကြင်ခြင်းပေါ့။

ချစ်လွန်းလို့နှင်းဆီတပွင့်နဲ့တင်စားမိပေမဲ့ ... သူကကိုယ့်ကိုစူးတွေစူးစေတဲ့နှင်းစီတပွင့်ပါပေါ့။

လက်တစ်ကန်းကနေငေးကြည့်နေခွင့်ရမိချင်ပေမဲ့ ... အချိန်တော့ထိုလူသားဟာသူ၏ဆိုင်ရာမိန်းမလှလေးကိုငေးကြည့်နေတာပေါ့။

နာကြင်ရလည်းပဲ ...

ရူးမိုတ်စွာနဲ့ထပ်ပြီးတော့၀န်ခံလိုက်ပါတယ်

ခင်များကိုကျနော်အရမ်းချစ်တယ် ...။

#Jeon

♥ BLACK LOTUS ♥

@leeynar (June 9,2021)
#Noona

Note ::

ဖတ်လို့အဆင်ပြေကြရဲ့လား:'(
WallထဲမှာTaekook [ F L A M E S ]ဆိုတဲ့အသစ်လေး Introတင်ထားပေးတယ်နော်:'(

ဖတ်ကြမယ်မလား?:'(

























Continue Reading

You'll Also Like

185K 3.9K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
70.7K 1.8K 55
[COMPLETED] Seven Unfortunate Lifetimes All Thanks to a Single Moment of Impulse Author: Jiu Lu Fei Xiang - ไน้นญ้ž้ฆ™ Associated Names: Love You Seven Tim...
123K 8K 38
Jeon Jungkook n Kim Taehyung
135K 8.5K 22
แ€œแ€ฐแ€€แ€ผแ€ฎแ€ธแ€†แ€”แ€บแ€แ€ฒแ€ทแ€กแ€žแ€€แ€บ20แ€กแ€›แ€ฝแ€šแ€บแ€€แ€ฑแ€ฌแ€„แ€บแ€œแ€ฑแ€ธ.....Jeon Jungkook แ€€แ€œแ€ฑแ€ธแ€…แ€ญแ€แ€บแ€™แ€•แ€ปแ€ฑแ€ฌแ€€แ€บแ€žแ€ฑแ€ธแ€แ€ฒแ€ทแ€กแ€žแ€€แ€บ25แ€กแ€›แ€ฝแ€šแ€บCEO.....Kim Taehyung And ~YoonMin~Nam...