{1}
"သခင်လေးရှောင်း သခင်လေးရှောင်း"
သူ့အခန်းရှေ့တံခါး၀ကနေ တရောသောပါးပြေးလာရင်း တကြော်ကြော်အော်နေတဲ့ကောင်မလေးကြောင့် ရှောင်းကျန့်ဖတ်လိုက်စစာအုပ်ကိုလက်က ခဏချလိုက်တယ်။
"ကဲပြော ချင်းအာ ဘာဖြစ်ရပြန်ပြီလဲ"
"ပြဿနာတက်နေလို့ သခင်လေး"
"ထုံးစံအတိုင်းမူးပြီးရစ်ကြတာမို့လားချင်းအာ အရင်လိုပဲမောင်းထုတ်လိုက်ပေါ့"
အသာတကြည်ပြောရင်းသခင်လေးရှောင်းကခုနကစာအုပ်ကို ကောက်ကိုင်သည်။သူပြောပြီးတဲ့ထိထွက်မသွားသေးတဲ့ ချင်းအာကြောင့်မျက်ခုံးတန်းတွေကို ကွေးညွှတ်မိလိုက်သည်။
"ဘာလဲ အရက်ဖိုးမပေးလို့လား ကောင်မလေးတွေနဲ့ပြဿနာတက်တာလား"
ကောင်မလေးတွေနဲ့ပြဿနာတက်စရာအကြောင်းတော့မရိှ။ဒီနယ်တဝိုက်မှာ သူပိုင်တဲ့ဒီဆောင်ကြာမြိုင်ကကောင်မလေးတွေက အလှဆုံးနာမည်အကြီးဆုံးပဲကို။အရက်ဖိုးမပေးချင်လို့ ပြဿနာမီးခွက်ထွန်းရှာတာဆိုရင်တော့ သူနဲ့ငြိပြီ။
"မဟုတ်ဘူး သခင်လေးရှောင်း ဘာမှလည်းမမှာထားဘူး မူးလည်းမမူးနေဘူး ဒီဆိုင်ပိုင်ရှင်နဲ့တွေ့ချင်လို့တဲ့"
"လူပုံစံကရော"
"မျက်နှာကိုအ၀တ်အုပ်ထားပါတယ်။ အရပ်မြင့်မြင့်နဲ့သာမန်ယောက်ျားပါပဲ သခင်လေးရှောင်း"
တော်ကြာ အထက်တန်းအဆင့်ဆွေကြီးမျိုးကြီးကသားတွေဘာတွေဖြစ်နေမှာဆိုးလို့ ရှောင်းကျန့်မေးလိုက်ခြင်း။သာမန်အ၀တ်အစားလောက်နဲ့ဆို သူထွက်တွေ့စရာမလိုပါဘူး။ဒီဆောင်ကြာမြိုင်မှာသူ့ကိုလာရှာမယ့် သူဆိုတာလည်းမရိှသလောက်ပဲ။
"ရှုပ်ရှုပ်ရှက်ရှက်တွေ မရိှဘူးလို့သာပြောလိုက် မရရင်လူအင်အားသုံးပီးမောင်းထုတ်လိုက်"
စာအုပ်ဖတ်တာအရိှန်ပျက်သွားတာကြောင့် မမြင်ဘူးတဲ့လူကိုပင်စိတ်ကတိုမိသည်။ချင်းအာကတော့သူ့အော်သံကြားတာနဲ့ခပ်သွက်သွက်သာထွက်သွားသည်။
"ဟေ့လူ ဒီမှာပြဿနာလာရှာမနေနဲ့ ဆိုင်ပိုင်ရှင်မရိှဘူး သွား သွား ထွက်သွား"
အနီရောင်၀တ်စုံပြည့်၀တ်ထားတဲ့ ကောင်မလေးတယောက်ကသူ့ကိုလာအော်သည်။ထောင်းခနဲထွက်သွားသည့် စိတ်ကိုမြိုသိပ်ကာ...
"မင်းတို့ဆိုင်ရှင်နဲ့ပဲတွေ့ချင်တာ သူ့ကိုခေါ်ပေး"
"သခင်လေးမရိှဘူးလို့ပြောနေတာကို ခင်ဗျားနားမပါဘူးလား"
ခပ်ကျယ်ကျယ်အော်သံကြောင့် ဘေးကကိုယ်ရံတော်ရွှမ် လက်သီးတင်းခနဲဆုပ်လိုက်တာကိုသူမြင်လိုက်တာကြောင့် ခေါင်းကိုအသာအယာခါယမ်းပြလိုက်သည်။
"ဟေ့လူတွေ ဘာလုပ်နေတာလဲ ဒီလူတွေကိုအပြင်ကိုဆွဲထုတ်သွား"
ခပ်၀၀နဲ့လူမိုက်ပုံစံပေါက်တဲ့လူ၈ယောက်လောက်သူတို့အနားကိုရောက်လာတာကြောင့် ကိုယ်ရံတော်ရွှမ်ကသူ့ရှေ့ကကာရပ်သည်။
ဒီမြင်ကွင်းကိုသာ သူ့မယ်မယ်မြင်ရင်ဒီကောင်မလေးအပြင် ဒီဆောင်ကြာမြိုင်တခုလုံးရိှလူတွေဘ၀ကမတွေးရဲစရာပင်။
ကိုယ်ရံတော်ရွှမ်ရဲ့လက်ကိုသာ အသာကပ်ပီးပြန်ဖို့လုပ်ရသည်။ကြာကြာနေလို့လည်းမကောင်းတော့မှန်း အငွေ့အသက်တွေရနေလေသည်။
**************
{2}
"မင်းသား ဒီညရောသွားဦးမှာလား"
သူ့အရှေ့မှာဦးညွှတ်ရင်းမေးသည့် ကိုယ်ရံတော်ရွှမ်ရဲ့ စကားကိုသွားရမှာပေါ့ ဆိုသည့်မျက်နှာပေးနဲ့ကြည့်တော့ ချက်ချင်းကိုယ်ရံတော်ရွှမ်ရဲ့မျက်နှာက လငမုန့်ဖမ်းသလိုဖြစ်သွားသည်။
"ဒီကိစ္စသာ မယ်မယ်ကြီးနဲ့ မိဖုရားခေါင်ကြီးသိသွားရင် ပြဿနာတက်ပါလိမ့်မယ် မင်းသား"
"ကိုယ်ရံတော်ရွှမ်မပြောရင် ဘယ်သူမှမသိပါဘူး"
ကိုယ်ရံတော်ရွှမ်ပြောတာလည်း ဟုတ်တော့ဟုတ်ပါသည်။ဒီအကြောင်း အနီရောင်အပြည့်၀တ်ထားတဲ့ကောင်မလေးက သူဆိုတဲ့နှစ်ယောက်မရိှတဲ့အိမ်ရှေ့မင်းသား၀မ်ရိပေါ်ကိုလက်ညိုးငေါက်ငေါက်ထိုးပြီး မောင်းထုတ်တာသာသိရင် အဲ့ကောင်မလေးဆွေစဥ္ခုနစ်ဆက်ခေါင်းဖြတ်သတ်ခံရသည်ထက်ဆိုးသည့်အဖြစ်နှင့် တွေ့မည်ပင်။
"ကဲပါ သိပ်လည်းစိုးရိမ်မနေပါနဲ့။သွား သွား အပြင်သွားဖို့ အ၀တ်အစားတွေသာအသင့်ပြင်ပေးထား"
ဦးညွှတ်အလေးပြုပြီးတာနဲ့ ထွက်သွားသည့်ကိုယ်ရံတော်ရွှမ်ရဲ့ကျောပြင်ကိုသာကြည့်ရင်း၀မ်ရိပေါ် ရယ်သာရယ်မိတော့သည်။ဘ၀ကလည်းတွေ့ချင်တဲ့သူ ဒုတိယတခေါက် မြင်ချင်တဲ့မျက်နှာလေးကအတွေ့မခံမှတော့
အသန့်အပြန့်တအားကြိုက်တဲ့ တမိုးအောက်က၀မ်ရိပေါ်က ကိုယ့်ကိုယ်ရံတော်ရဲ့အကျီတွေတောင်ယူ၀တ်နေရသည့်အဖြစ်။
မ၀တ်လို့ကလည်းမဖြစ် သူ့အကျီတွေနဲ့သာအပြင်ထွက်ရင် အိမ်ရှေ့စံမှန်းမသိရင်တောင်နန်းတွင်းကလူမှန်းတန်းသိကြမှာပင်။နန်းတွင်းကလူဆိုတာနဲ့ ကြောက်ကြသည့်အရပ်သားများကြောင့် တခုခုသူသိချင်တာရိှလည်းလွယ်လွယ်မေးလို့ရမည်မဟုတ်။
ခေါင်းရှုပ်စရာအတွေးတွေကိုသာခဏဘေးချရင်း နှုတ်ခမ်းအောက်ကမှဲ့နက်လေးနဲ့ ရှောင်းကျန့်ဆိုသည့် ယောက်ျားပျိုတဦးမျက်နှာလေးကိုသာမြင်ယောင်ရင်း။
************
{3}
"ကျစ် ဒီလူထပ်လာပြန်ပြီလား"
မျက်မှောင်ကိုကြုတ်ကာ ဒေါသထွက်နေသည့် သခင်လေးရှောင်းမျက်နှာကြောင့် ချင်းအာကခေါင်းကိုသာငုံထားသည်။
ဒီလူခဏခဏလာနေတာ ဒါနဲ့ဆို၁ပတ်
လောက်ရိှပြီ။ထုံးစံအတိုင်းနှင်ထုတ်ရအောင်လည်း နောက်ရက်လည်းအဲ့လူကဆက်လာနေရင် စိတ်ရှုပ်ရမှာကသူပင်။
"မောင်းထုတ်ရမှာပဲလား သခင်လေး။ဒီလူ့ပုံစံကဒီတခါလွယ်လွယ်နဲ့ထွက်သွားမယ့် ပုံမပေါ်ဘူး။
"နေ နေ ငါပဲထွက်တွေ့လိုက်တော့မယ်"
ခဏခဏသူ့ဆီလာနေတာ သွေးရိုးသားရိုးတော့မဖြစ်နိုင်။ဘုရား ဘုရား ဘာတွေများပါလိမ့်။
တုန်နေသည့်ရင်ကိုအသာလက်နှင့်အသာဖိ၍အပြင်ကိုထွက်လာလိုက်သည်။အရက်အိုးချတဲ့သူနဲ့ ကောင်မလေးတွေပေါ်လက်တင်ပြီး ငွေလာဖြုန်းနေတဲ့မင်းသားတွေနဲ့ ဆောင်ကြာမြိုင်ကအတော်လေးကိုဆူညံနေသည်။
သူ့ရှေ့ကထွက်သွားတဲ့ချင်းအာနောက်ကိုသာ
လိုက်လာလိုက်တယ်။တောင့်စွန်းဝိုင်းတနေရာအရောက်မှာ ရပ်လိုက်သည့်ချင်းအာကြောင့် ရှေ့ကလူကိုကြည့်လိုက်တော့
ပဝါအနက်ကိုနှာခေါင်းကနေစည်းထားတဲ့အတွက် မျက်နှာကိုသာမမြင်ရ။မြင်နေရတဲ့ ဝိုင်းစက်စက်မျက်လုံးတွေက သူ့ကိုစိုက်ကြည့်နေတာများ ပိုင်စိုးပိုင်နင်း။နောက်မှာလည်း သူ့လို့ပဝါစည်းထားသည့် လူတယောက်ပါသေးသည်။ဘယ်လိုလူတွေလည်း
၀တ်ကောင်းစားတွေသာမ၀တ်ထားရင် ပုံစံတွေကိုက လူဆိုးဓားမြတွေကျနေတာပဲ။
"ဒီက ဧည့်သည်က ဘာလို့ကျွန်တော့်ကိုတွေ့ချင်တာလဲမသိဘူး"
ဆိုင်ကိုလာသည့်ဧည့်သည့်ဖြစ်သည့်အပြင် ကောင်းကောင်းမွန်မွန်၀တ်စားထားသည့်မို့ ယဥ္ယဥ္ေကျးကျေးသာနှုတ်ဆက်လိုက်သည်။
"ဒီကအဖော်တယောက်လောက် လိုချင်လို့"
ကောင်မလေးလိုချင်တာကိုများ ဘာလို့တပတ်လောက်နေ့တိုင်းလာပြီး သူ့ကိုလာရှာနေရတာလဲ။တဖက်ကပြန်တွေးကြည့်ရင်လည်းဆောင်ကြာမြိုင်လာမှတော့ ကောင်မလေးတွေနဲ့ပျော်ပါးချင်လို့ပဲပေါ့ ဒါ့အပြင်ဘာရိှဦးမှာလဲ အင်းခုမှသူ့စိတ်တွေအနည်းငယ်ပေါ့သွားသယောင်။
"မိန်းကလေးလိုချင်တာများ ဧည့်သည်ရယ်
သူ့ကိုပြောလို့ရပါတယ် ဆိုင်ပိုင်ရှင်ကျွန်တော့်ထိရှာဖို့မလိုပါဘူး။ချင်းအာ ဒီကဧည့်သည်ဖို့မိန်းကလေးလွှတ်ပေးလိုက်ပါ။"
"ဟုတ်ကဲ့ သခင်လေး"
အနောက်ကနေ သူ့ကိုမောင်းထုတ်တဲ့ကောင်မလေးက ဦးညွှတ်တယ်။ချက်ချင်းပဲ ဒီလူကထွက်သွားဖို့ပြင်နေတာကြောင့်။
"ခဏလေး"
လက်ကောက်၀တ်ကိုလှမ်းဆွဲတော့
ဘာလဲဆိုသည့် မျက်နှာထားခပ်တင်းတင်းနဲ့လှည့်ကြည့်သည်။ပြုံးနေသည့် သူ့မျက်နှာကိုတော့ ပဝါစကြောင့်မြင်ရမည်မဟုပေ။
"တွေ့ကရာ လူမခေါ်ချင်ဘူး"
"ဒီမှာ မိန်းကလေးအစုံရိှပါတယ်။
လှတာ ချောတာ ချစ်ဖို့ကောင်းတာ ဆွဲဆောင်မှုရိှတာ ဧည့်သည်ကြိုက်တဲ့သူအဆင်ပြေတဲ့သူခေါ်လို့ရပါတယ်။"
သူကိုင်ထားလက်ကောက်၀တ်ကိုခါပြီး ပြောသည်။ထောင့်ကျကျမေးရိုးနဲ့ ဒီသခင်လေးရှောင်းက တော်တော်ကိုချောမောသည်။ဆံစတမျှင်တောင်ကျမနေပဲ ပြေပြစ်တဲ့မျက်နှာမှာ အပြစ်အနာအဆာဆိုတာမရိှ။လိုချင်လွန်းလို့ ဘယ်လိုလုပ်ရမလဲ။တခါတည်းအိမ်ရှေ့စံလို့ ပြောပြီးအပိုင်သိမ်းလိုက်ရမလား။
"ကောင်းပြီလေ ဒါဆိုဒီဆောင်ကြာမြိုင်မှာ ရိှတဲ့လူတွေထဲက နှုတ်ခမ်းအောက်မှာမှဲ့ပါတဲ့လူကို လွှတ်လိုက်။ သူနဲ့အတူနေချင်တယ်"
စကားအဆုံးမှာ အနည်းငယ်အံ့သြရိပ်သန်းသွားတဲ့မျက်လုံးတွေ။တဆက်တည်းမှာပဲ သူ့အပိုင်ဖြစ်တဲ့နေ့ကျရင် တလောကလုံးကကြယ်တွေစုနေတယ်လို့ထင်ရတဲ့ အဲ့မျက်လုံးတွေကို ခပ်ဖွဖွလေးနမ်းမယ်လို့တွေးလိုက်တယ်။
"ချင်းအာ ဒီမှာရိှတဲ့မိန်းကလေးတွေထဲက
ဧည့်သည်ပြောတဲ့ပုံစံ ရှာပေးလိုက်ပါ"
"ဟုတ်ကဲ့ သခင်လေး"
ချင်းအာကဦးညွှတ်ကာ မိန်းကလေးဆောင်တွေဘက်ထွက်သွားသည်။
"မသွားနဲ့ဦး ခင်ဗျား"
"......"
"တခုခုအဆင်မပြေရင် ဘယ်လိုလုပ်မလဲ
ခင်ဗျားရိှနေပေးရမှာပေါ့"
မကြာခင်သူ့ဘ၀ကိုအုပ်စိုးတော့မယ့် သခင်လေးက စိတ်ရှုပ်သလိုပုံစံနဲ့ရပ်နေပါသည်။
"မရိှဘူး သခင်လေး ဧည့်သည်ပြောတဲ့ပုံစံရှာပြီးပြီ မတွေ့ခဲ့ဘူး စိုးရွံ့မိပါတယ်"
ချင်းအာက ရှာပြီးထွက်လာတဲ့ပုံပါပဲ မတွေ့တော့လည်းမရိှဘူးပေါ့။
"ကဲ ကြားတဲ့အတိုင်းပဲ ဒီဆောင်ကြာမြိုင်မှာ နှုတ်ခမ်းအောက်မှဲ့ပါတဲ့မိန်းကလေး တယောက်မှမရိှဘူး"
"ဘာလို့မရိှရမှာလဲ ဒီမှာလေ ခင်ဗျားတယောက်လို့ရိှနေတာကို"
"ဘာ! ခွေးကောင် မင်း!"
နှုတ်ခမ်းအောက်ကမှဲ့ကို ရှေ့တိုးပြီးလက်နဲ့သွားထိတော့ လည်ပည်းက၀တ်ရုံစကိုထထိုးတော့မယ့်ပုံစံနဲ့ဆွဲသည်။ဒေါသထွက်တာတောင် သိပ်လှတဲ့လူ။
"စိတ်လျှော့ပါဦး ဘေးမှာလူတွေကြည့်နေကြပြီလေ ပြီးတော့ကျွန်တော်ရှာခိုင်းတာ နှုတ်ခမ်းအောက် မှဲ့ပါတဲ့လူကိုပါပဲ မိန်းကလေးဖြစ်ရမယ်လို့ မပြောမိဘူး။"
ထိုအခါမှ ရှူးရှူးရှဲရှဲနဲ့ လည်ပည်းက၀တ်ရုံစကိုဆွဲထားသည်ကို လွှတ်သည်။
"ဒီမှာ! မင်းကိုယ်မင်း ဘာများထင်နေလဲ လူဆိုရင်လူစကားပြော ငါယောက်ျားကွ ဒီဆောင်ကြာမြိုင်ပိုင်ရှင်!သဘောပေါက်လား နှစ်ယောက်လုံးအလောင်းမပါပဲ ပျောက်သွားချင်နေတာလား"
နောက်ဆုံးစကားကြောင့် ၀မ်ရိပေါ်မှာရယ်ချင်စိတ်ကိုအသေထိန်းထားရသည်။ကိုယ်ရံတော်ရွမ်ကတော့ သူ့နောက်မှာပင်တိတ်ဆိတ်စွာရပ်နေသည်။
"ဒီကသခင်လေးရှောင်းက ဘာကိုအထင်လွဲနေလည်းမသိဘူး ကျွန်တော့်မှာလည်းပြောစရာတွေရိှတာမို့ အရက်တူတူသောက်ဖို့ခေါ်တာပါ အရက်သောက်ရုံလေးတင်ပါပဲ"
ရှောင်းကျန့်ခဏတော့ တွေေ၀သွားသည်။
တော်ကြာလက်မခံမှ သူ့ကိုငကြောက်လို့ထင်သွားမှဖြင့်။
"ကောင်းပြီလေ ချင်းအာ အခန်းတခန်းပြင်လိုက်"
"......"
"မင်း...ကောင်မလေးတွေရောခေါ်ဦးမလား"
"မလိုဘူး မလိုဘူး ခင်ဗျားရိှရင်ရပီ။"
အနှောင့်မလွတ်အသွားမလွတ်တဲ့စကားတွေပြောနေတဲ့ရှေ့ကငနဲကို ရှောင်းကျန့်တစီစုတ်ဖြဲပစ်ချင်လွန်းလို့သေတော့မည်။အရက်တူတူသောက်ဖို့ကို လက်ခံတာကလည်း မြန်မြန်ပြီးမြန်မြန်ပြန်သွားအောင်ပင်။
*****************
{ 4 }
အရက်တူတူသောက်ဖို့လက်ခံလိုက်တဲ့ ရှောင်းကျန့် သူနဖူးသူသာပြန်ရိုက်ချင်တော့တယ်။ချင်းအာစီစဥ္ပေးထားတဲ့ အခန်းသီးသန့်ထဲ၀င်ပီးကတည်းက ရှေ့ကငနဲကကောင်မလေးကလည်းမခေါ်သည့်အပြင်
အခန်းထဲတယောက်မှလည်းမရိှ။ကိုယ့်ကိုအန္တရာယ်များပြုမလား ဆိုသည့်စိတ်က
သူ့ရင်ကိုစိုးထိတ်စေသည်။
ဧကရာဇ်ပြုံး၀င့်တွေ(သေရည်)လာချပေးသည့် ကောင်မလေးတွေပြန်သွားတာနဲ့ သူ့ဘေးကိုထိုင်ခိုင်းသည်။ခုထိပဝါကလည်းမချွတ်သေး ဘယ်လိုကောင်မှန်းကိုမသိဘူး။
"ဒီမှာ ဒီမှာ မင်းရုပ်ကဆိုးနေလို့လား လူမြင်ခံလို့မရလောက်တဲ့ထိ တအားဆိုးရွားနေလို့လား။ ပြီးတော့အရက်သောက်တာ အရက်သောက်တော့ရော ပဝါကြီးစည်းပြီးသောက်မလို့လား"
"ဟုတ်ပြီ ခင်ဗျားမကြိုက်ရင် အခုချွတ်လိုက်မယ်။"
ပ၀ါစဖယ်ကျသွားတာအခါမှာ ထွက်လာတဲ့မျက်နှာခပ်ချောချောကြောင့် လူချောတယောက်ဆိုတာရှောင်းကျန့် လက်မခံချင်ပဲလက်ခံရတော့သည်။ဖြောင်းတန်းနေတဲ့နှာတံအောက်မှာ ပိရိတဲ့နှုတ်ခမ်းတစုံ အင်း သူ့လောက်နီးနီးတော့ချောပါတယ်။
"မင်းကိုငါအရက်ငှဲ့မပေးနိုင်ဘူးနော် သောက်ချင်းကိုယ့်သာသာငှဲ့သောက်"
"ဟုတ်ပါပြီ ခင်ဗျားရယ် ကျွန်တော်ကလည်းခင်ဗျားကိုအရက် မငှဲ့ခိုင်းရက်ပါဘူး"
သူ့စကားကြောင့်ထွက်လာတဲ့ ဒေါသတွေကိုကြိတ်မှိတ်မြိုသိပ်နေရတဲ့ ရှေ့ကလူကိုကြည့်ပီး ၀မ်ရိပေါ်ရယ်ချင်စိတ်ကိုအတော်ထိန်းထားရတယ်။
ထို့နောက် စားပွဲခုံပေါ်ကသေရည်အိုးကိုကိုင်ပြီး ခွက်နှစ်ခွက်ကိုကိုင်လိုက်တယ်။ဘေးကသခင်လေးရှောင်းကတော့ သူလုပ်တာမှန်သမျှလိုက်ကြည့်နေတယ်။
ထို့နောက်ပဝါစဖယ်မပါတဲ့ရှေ့ကခပ်ချောချောနဲ့ငနဲကတခွက်ပြီးတခွက်သောက်တယ်။တခါသောက်တယ် သူ့မျက်နှာကိုကြည့်တယ် သောက်ပြီးထပ်ငှဲ့တယ် သူ့မျက်နှာကိုပိုင်စိုးပိုင်နင်းကြည့်နေတုန်းပဲ။ဘယ်ယောက်ျားကအရက်သောက်နေတုန်း ဘေးကလူကိုထိုင်ကြည့်လို့တုန်း။
"ဒီမှာ မင်း...ငါ့မျက်နှာကိုဘာလို့အဲ့လောက်ကြည့်နေရတာလဲ!"
"လှလို့လေ"
"ခွေးကောင် မင်း!!"
မဆိုင်းမတွ့ဖြေတဲ့သူ့အဖြေကြောင့် ရှောင်းကျန့်မျက်နှာဟာ ဒေါသထွက်တာရောရှက်တာပါပေါင်းပြီး နီရဲနေတယ်။ပါးလေးတွေဆိုသွေးကြောလေးတွေပေါ်တဲ့အထိ။
"ကျွန်တော့်နာမည်ခွေးကောင်မဟုဘူးနော်
နာမည်ရိှတယ်"
"ကောင်းပြီ မင်းနာမည်ပြောကြည့်"
"၀မ်ရိပေါ်"
"၀မ်...ရိ....ပေါ်"
သူ့နာမည်ကို သံယောင်လိုက်ပြီး ခေါ်ကြည့်နေတဲ့ ရှောင်းကျန့်ကသူ့ကိုဒီနိုင်ငံရဲ့အိမ်ရှေ့စံမှန်းသိတဲ့ပေါ်မပေါ်ပါဘူး။ဒါကသိပ်တော့
မဆန်းပါဘူး အရပ်သားတော်တော်များများက နန်းတွင်းကလူတွေနဲ့မှ အဆက်အနွယ်မရိှကြတာ။
"ကောင်းပြီ ၀မ်ရိပေါ် မင်းပြောစရာရိှတယ်ဆို ဘာပြောမှာလဲပြော"
"အခုပဲပြောနေတယ်လေ ကျွန်တော့်မျက်လုံးတွေက"
"......"
"ခင်ဗျားဖတ်တတ်ရင် ဖတ်ကြည့်လေ"
"ကျစ်! ရှုပ်ရှုပ်ရှက်ရှက်တွေ"
ရှုပ်ရှုပ်ရှက်ရှက်တွေလို့ပြောတဲ့ရှောင်းကျန့်ကပဲ သူ့မျက်နှာနားကပ်လာပြီး မျက်လုံးချင်းဆုံပြီးစူးစူးစိုက်စိုက်ကြည့်တယ်။ဒီလူကတော့မကြောက်မလန့်မရိှ!။
"အဟမ်း...ခင်ဗျား အရက်မသောက်ဘူးလား"
သူ့မျက်လုံးတွေကို စိုက်ကြည့်နေတဲ့မျက်နှာလေးကိုပြန်ခွာစေဖို့ တစုံတခုရှာကြံပြောရပါတော့တယ်။တော်ကြာ အဲ့မျက်၀န်းတွေကိုပြန်ကြည့်မိရင် ဘာလုပ်မိမယ်မှန်းသူ့ကိုယ်သူ အာမှမခံနိုင်။
"သူစိမ်းတွေနဲ့ မသောက်ဘူး"
"ဟုတ်ပြီ ဒါဆိုနောက်မစိမ်းအောင် နေ့တိုင်းလာမှပဲ။ခင်ဗျားနဲ့ဧကရာဇ်ပြုံး၀င့်တူတူသောက်ချင်တာကို"
ဘာမှထပ်မပြောကြတော့ပဲ တိတ်ဆိတ်နေကြတဲ့အခန်းထဲမှာ ၀မ်ရိပေါ်ဆိုတဲ့ငနဲကအရက်တခွက်ပြီးတခွက်သောက်တယ်။ပိုင်စိုးပိုင်နင်းအကြည့်တွေကတော့ခုထိသူ့မျက်နှာကနေမခွာသေးဘူး။နှစ်ခါပြန်စဥ္းစားမလိုအောင် ၀မ်ရိပေါ်ကသူ့ထက် အများကြီးငယ်လောက်မယ်ဆိုတာလည်းသိသာတယ်။
"ဒီညတော့ဒီလောက်နဲ့ပဲကျေနပ်လိုက်တော့မယ်ခင်ဗျားလည်း အိပ်ချင်နေပြီမို့လား"
မဆိုးပါဘူး ဒီလူအလိုက်သိသားပဲ။သူအိပ်ချင်တာမှသေလောက်အောင်ကို အိပ်ချင်နေပါပြီ။အာ့တာကိုလည်း ဘာလို့ဆက်ထိုင်နေမိမှန်းသူ့ကိုသူလည်းမသိ။
"ခင်ဗျားဆီ နောက်ညတွေလည်းလာခဲ့မယ်နော်"
ပြောပြီးတာနဲ့၀မ်ရိပေါ်က ပဝါစကိုပြန်စည်းပြီးအခန်းထဲကနေထွက်သွားသည်။
ဒါကဘယ်လိုတောင်ထူးဆန်းတဲ့
ဧည့်သည်လဲ..?