ချစ်သူ့ရင်ခွင်ထက်ဝယ် (မောင့်ခ...

By Yoeyarthit

89K 6.4K 1.7K

ကိုယ်ကအားလုံးအတွက် ဧည့်လမ်းညွှန် ဖြစ်ခဲ့ပေမဲ့ မင်းအတွက်တော့ နှလုံးသားလမ်းညွှန် ဖြစ်ပါရစေ.....။ (27.1.2021)... More

ချစ်သူ့ရင်ခွင်ထက်ဝယ်(မောင့်ချစ်သူ)
အခန်း (၁)
အခန်း (၂)
အခန်း (၃)
အခန်း (၄)
အခန်း (၅)
အခန်း (၆)
အခန်း (၇)
အခန်း (၈)
အခန်း (၉)
အခန်း (၁၀)
အခန်း (၁၁)
အခန်း (၁၂)
အခန်း (၁၃)
အခန်း (၁၄)
အခန်း (၁၅)
အခန်း (၁၆)
အခန်း (၁၇)
အခန်း (၁၈)
အခန်း (၁၉)
အခန်း (၂၀)
အခန်း (၂၁)
အခန်း (၂၂)
အခန်း (၂၃)
အခန်း (၂၄)
အခန်း ( ၂၅ )
အခန်း ( ၂၆)
အခန်း ( ၂၇)
အခန်း ( ၂၉)
အခန်း ( ၃၀)
အခန်း ( ၃၁)
အခန်း ( ၃၂)- (ဇာတ်သိမ်းပိုင်း)
ကျေးဇူးတင်လွှာ ( ေက်းဇူးတင္လႊာ )
New Fic
!!!!

အခန်း ( ၂၈)

1.5K 122 71
By Yoeyarthit

Unicode

နေ့သစ်တစ်ယောက် ကိုယ့်အလုပ်စားပွဲမှာကိုယ်ထိုင်ကာ လုပ်စရာအလုပ်များကို လုပ်နေလေ၏။

( Ringtone)

စားပွဲပေါ်မှ ဖုန်းလေးဆီမှ သီချင်းသံကြောင့် Keyboard ပေါ်ပြေးလွှားနေသည့် လက်ကလေးများက ဖုန်းကို ကောက်ကိုင်လိုက်သည်။

'' ဟယ်လို.......''

''....................''

'' ဗျာ..အခုလား၊ ဟုတ်...ဟုတ်.အခုလာခဲ့မယ်နော် အမေ ''

တစ်ဖက်မှ ဖုန်းချသွားသည့်နှင့် နေ့သစ်လည်း ထိုင်ခုံမှအမြန်ထကာ ဘုန်းသာလျှံတို့ရှိရာ ရုံးခန်းဘက်သို့ထွက်လာခဲ့၏။

'' ဒေါက်..ဒေါက်...''

အခန်းရှေ့တွင်ရပ်ကာ တံခါးခေါက်လိုက်ပြီး အထဲမှ ဝင်ခဲ့ ဟူသည့် စကားပြန်ကြားမှ တံခါးဖွင့်ကာ အထဲဝင်သွားလိုက်သည်။

'' ဟို ကျွန်တော်အိမ် ခဏလောက်ပြန်ချင်လို့ပါ ဘော့စ်၊ အမေက ဖုန်းလှမ်းဆက်ခေါ်လို့....အရေးကြီးကိစ္စရှိလို့ပါ...''

'' ရတယ်..သွားလေ၊ ဒီနေ့ခွင့်ယူလိုက်တော့ ''

ဘုန်းသာလျှံက သလင်း၏စကားကို ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။

' ခွင့်ပြုပါဦး ' ဟုဆိုကာ အပြေးတပိုင်းထွက်သွားသည့် နေ့သစ်ကိုကြည့်ရင်း တနေ့က စားသောက်ဆိုင်မှာ ဆုံခဲ့သည့် ကောင်လေးတစ်ယောက်ကို သတိရသွားပြန်၏။

(လွန်ခဲ့သောရက်အနည်းငယ်က)

အလုပ်ပိတ်ရက်ဖြစ်ပေမယ့် ဧည့်သည့်တစ်ဦးနှင့်တွေဆုံရန်အတွက် ချိန်းထားသည့် စားသောက်ဆိုင်တွင် ဝင်ထိုင်နေသူက ဘုန်းသာလျှံ။

ချိန်းထားသည်ထက် မိနစ်(မိနစ်၂၀)ခန့်စောလာခဲ့သည့်အတွက် ကော်ဖီတစ်ခွက်သာ သောက်ရင်း မှန်တံခါးဘောင်မှတဆင့် အပြင်ဘက်သို့ ငေးကြည့်နေမိသည်။

(Ringtone)

ရုတ်တရက်ဖုန်းဝင်လာသဖြင့် ဖုန်းကိုင်လိုက်၏။

ဖုန်းဆက်သူက ချိန်းဆိုထားသည့် တစ်ဖက်မှဧည့်သည်.....။

'' ဟယ်လို..၊ ကျွန်တော် ဘုန်းသာလျှံပါ ''

''...............''

'' ဗျာ..ဟုတ်၊ အဆင်ပြေပါတယ် ''

''...............''

'' အားနာစရာမလိုပါဘူးဗျ၊ မိသားစုကိစ္စပဲ ကျွန်တော်နားလည်ပေးရမှာပေါ့ ''

'' ...........''

'' ကောင်းပါပြီ၊ နောက်တစ်ခေါက်ထပ်တွေ့ကြတာပေါ့ ''

'' ............''

'' ဟုတ်ကဲ့ပါဗျ၊ အဆင်ပြေပါစေဗျာ ''

ဖုန်းချလိုက်ပြီးတော့မှ သက်​ပြင်းချလိုက်မိသည်။

ကိုယ့်ဘက်က စောလာခဲ့ပေမယ့် တစ်ဖက်က မိသားစု ကိစ္စကြောင့် ဆိုတော့လည်း အပြစ်မပြောလို့တော့။

စီးပွားရေးလောကမှာ ဒါမျိုးအခြေအနေက ဖြစ်နေကျပင်မဟုတ်လား။

ထိုင်နေရာမှထကာ လှည့်အထွက် စားပွဲထိုးတစ်ဦးအား ဝင်တိုက်မိလိုက်ပြန်၏။

'' ခွမ်း......''

'' ဘုန်း.....''

'' အာ့....''

အဆင်မပြေချင်ရင် ဘယ်တစ်ခုမှအဆင်မပြေ။

'' တောင်းပန်ပါတယ် ဧည့်သည်၊ ကျွန်တော်မမြင်လို့ဖြစ်သွားတာမလို့...၊ ကျွန်တော်တောင်းပန်ပါတယ် ''

လက်ထဲမှလွတ်ကျသွားသည့် ကြမ်းပြင်ထက်မှ ဖန်ခွက် အပိုင်းအစတွေကို ထိုင်ကောက်နေရင်းမှ တောင်းပန်စကားဆိုနေသောသူ။

အမှန်ဆို မိမိကိုယ်တိုင်လည်း အပြစ်မကင်းတာကြောင့် တစ်ဖက်သတ်တောင်းပန်နေသည့်အတွက် အားနာရပြန်သည်။

'' ရ..ရပါ..၊ဟင်....မင်းပဲလား ''

ကြမ်းပြင်ပေါ်မှ ဖန်ခွက်အပိုင်းအစများကို ထိုင်ကောက်နေသည့်သူရှေ့တွင် ဒူးတစ်ဖက်ထောက်ကာ ပခုံးမှကိုင်ပြီး ဆွဲထူမည်အပြု မြင်လိုက်ရသည့် ပုံရိပ်တစ်ခုကြောင့် ရင်ထဲမှ လှိုက်ကနဲခံစားလိုက်ရ၏။

ဧည့်သည်ဖြစ်သူထံမှ ထွက်လာသည့် စကားကြောင့် စားပွဲထိုးလေးက မော့ကြည့်လာပြီး အံ့သြမှင်သက်နေဟန်။

ဟိုတစ်လောက ကုမ္ပဏီတစ်ခုရဲ့ နှစ်ပတ်လည်ပွဲမှာလိုက်ပြီး စားပွဲထိုးတာဝန်ယူရင်း မတော်တဆဖြစ်ခဲ့သည့်လူကြီး။

' နောက်ထပ်မဖြစ်စေနဲ့ ' ဆိုကာမှ ထပ်ဖြစ်ပြန်သည့်အတွက် အားနာမှုကအပြည့်အဝ။

မျက်နှာလည်းပူမိနေပြန်ပြီ။

'' ဘာတွေဖြစ်နေတာလဲ ''

သူတို့နှစ်ဦးရှိရာသို့ အသံကျယ်ကျယ်ပြုကာ လျှောက်လာသည့် အရပ်ပုပု ဗိုက်ကြီးတကားကားနှင့် ခပ်ဝဝ လူကို သေချာကြည့်လိုက်သည်။

'' ဘာမှမဖြစ်ပါဘူး ဂျာကြီး၊ ကျွန်တော်ခလုတ်တိုက်လဲလို့ ဖန်ခွက်တွေကျကွဲကုန်တာပါ၊ တောင်းပန်ပါတယ် ''

စားပွဲထိုးကောင်လေးရဲ့စကားကြောင့်သာ ထိုသူမှာ ဆိုင်မန်နေဂျာဖြစ်ကြောင်း ဘုန်းသာလျှံသိလိုက်ရသည်။

'' တောင်းပန်တာ..ဘာညာ လာမပြောနဲ့၊ ထုံးစံအတိုင်း လခထဲက ဖြတ်မယ် ''

'' ဟုတ်..ဟုတ်ကဲ့ ''

မဖြတ်ပါနဲ့ပြောလည်း မရမယ့်အတူတူ အပင်ပန်းခံပြီးပြောချင်ပုံမရသည့် စိတ်ပျက်နေဟန်နှင့်ကောင်လေး။

မတရားဖိနှိပ်နေတာကို မြင်နေရသည့် ဘုန်းသာလျှံကတော့ လူစွမ်းကောင်းဝင်လုပ်ပေးရတော့မည်။

'' ဒီမှာ ခင်ဗျားက ဒီဆိုင်က မန်နေဂျာထင်တယ် ''

ဂျာကြီးဆိုသူက ဘုန်းသာလျှံအား တစ်ချက်မော့ကြည့်လိုက်ပြီး

'' ဟုတ်ပါတယ် ကျွန်တော်က မန်နေဂျာပါ ''

'' ဒါဆို ဒီပျက်စီးမှုအတွက် ကျွန်တော်ကပဲ လျော်ကြေးပေးလိုက်မယ်၊ ဒီကလေးရဲ့ လခထဲက မဖြတ်နဲ့တော့..ရမလား ''

'' ဒါကတော့ သူ့ထဲကပဲ ဖြတ်မှဖြစ်မယ်၊ ဆိုင်ရဲ့ စည်းကမ်းမလို့ ''

'' ကျွန်တော် ဒီပျက်စီးမှုတန်ဖိုးရဲ့(၅)ဆ လျော်ပေးရင်ရောဖြစ်မလား ''

ငွေမက်တဲ့သူကို ငွေနှင့်မျှားလိုက်တော့ ဂျာကြီးဆိုသူရဲ့ မျက်လုံးတွေက အရောင်တလက်လက်။

ငွေမက်တဲ့သူတွေကို ငွေနဲ့မျှားပြီး ခိုင်းရတာအလွယ်ဆုံးအလုပ်ပင်။

'' ရပါတယ်၊ သူ့ထဲကမဖြတ်တော့ပါဘူး ''

'' ဒါဆို ကိစ္စပြတ်ပြီပဲ၊ အခု ဒီကောင်လေးနဲ့စကားပြောချင်လို့ ခဏခေါ်သွားလို့ရမလား ''

'' ရ...ရပါတယ် ''

'' လာ ကောင်လေး...ကိုယ်နဲ့စကားပြောရအောင် ''

ဖန်ကွဲစများထည့်ထားသည့် ဗန်းကိုကိုင်ကာရပ်နေသည့် ကောင်လေးကို ခေါ်လိုက်တော့ ထိုကောင်လေးသည် လက်ထဲမှ ဗန်းကို စားပွဲပေါ်တင်ခဲ့၏။

​ရှေ့မှ ထွက်သွားသည့် မိမိကိုကာကွယ်ပေးခဲ့သည့် ဧည့်သည်နောက်အားလိုက်သွားရန်သာ လောစော်နေခဲ့မိသည်။

မိမိကို ကာကွယ်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်းပြောရမည်မဟုတ်လား။

ဆိုင်ထောင့်နားမှာရပ်ကာ ဆိုင်ကိုကျောပေးရင်း ကားလမ်းဘက်သာ အာရုံရောက်နေသည့်လူကြီး၏ ဘေူးတွင် ဝင်ရပ်လိုက်၏။

'' ကျေးဇူးတင်ပါတယ် ဦး ''

' ဦး ' ဆိုသည့်အသံကြောင့် ဘုန်းသာလျှံ မျက်လုံးပြူးသွားပြီး အသည်းအသန်လှည့်ကြည့်လိုက်သည်။

'' ဒီမှာ သံစဥ်မောင်၊ ကိုယ့်ကို ဦးလို့ခေါ်ရအောင် ကိုယ့်အသက်က အရမ်းကြီးနေလို့လား ''

'' ဦးက ကျွန်တော့်နာမည်သိတယ် ''

မခေါ်နဲ့ဆိုကာမှ ထပ်ခေါ်ပြန်ပြီ၊ ဆူဖ်ို့ ကြံရွယ်မိတော့ သူ့နာမည်သိတာကို ဂုဏ်ယူနေသည့်အလား မျက်လုံးတွေကအစ ပြုံးယောင်ပြနေသည်။

'' အရင်တစ်ခါတိုက်မိတုန်းက ရင်ဘက်မှာထိုးထားတာလေးကိုတွေ့လိုက်လို့....မှတ်မိနေတာ ''

'' ဦးက တကယ်တော်တာပဲ၊ ဉာဏ်ကောင်းလိုက်တာ ''

တကယ်ပင် တတိယကြိမ်မြောက် ' ဦး '

ရွဲ့များရွဲ့နေတာလားဟုပင် အောက်မေ့မိ၏။

'' ကိုယ့်ကို ဦးလို့ခေါ်ရအောင် ကိုယ်ကအသက်မကြီးသေးဘူးနော် ၃၀ပဲဲရှိသေးတယ် ''

'' အာ ဒါဆိုကွက်တိပဲ...ဦး၊ ကျွန်တော်က ၁၉ ဆိုတော့ ၁၁နှစ်တောင်ကွာတယ်၊ ဦးလို့ခေါ်လို့ရတယ်...ဟီးဟီး...''

သေလိုက်စမ်းဟု ကိုယ့်ကိုယ်ကိုယ် ချီးကျူးမိသည်။

ဦး လို့မခေါ်စေရန် အကျိုးအကြောင်းရှင်းပြလိုက်ကာမှ ဦး ဟုခေါ်ရန် အကြောင်းပြချက်က ခိုင်မာသွားတော့၏။

ခေါ်ချင်နေမှတော့ မခေါ်နဲ့ဟုလည်း မတားရက်၊ သံစဥ်မောင့် နှုတ်ခမ်းမှ ဦး ဟူသည့်အသံလေးသည် ဘုန်းသာလျှံနားထဲဝယ် အေးမြပြီး နှစ်သက်သလိုရှိလာသည်။

ခေါ်ချင်သလိုသာ ခေါ်ပါစေတော့လေ။

'' ကိုယ် ဉာဏ်ကောင်းသလို မင်းဉာဏ်ကောင်းလားသိရအောင် အရင်တစ်ခါ တိုက်မိတုန်းက ကိုယ်ဘာပြောခဲ့လဲ မှတ်မိလား ''

'' အမ်..ခဏ..အာ..''

နားထင်အား လက်ညှိုးလေးနှင့် ထောက်ကာ၊ ခြစ်ကာစဥ်းစားနေပုံရသည့် သံစဥ်မောင့်အား ဘုန်းသာလျှံ ကြည့်နေမိသည်။

'' သိပြီ သိပြီ၊ နောက်တစ်ခါမဖြစ်စေနဲ့လို ပြောခဲ့တာ၊ ဟုတ်တယ်မလား...''

ဘုန်းသာလျှံ မျက်နှာက တည်နေသော်ငြား ဘယ်သူမှမမြင်နိူင်သည့်ရင်ထဲမှာတော့ အမှတ်ပြည့်ပေးလိုက်၏။

တကယ်ကိုပင် ထူးခြားလှသည့် မေးခွန်းတစ်ခုဖြေရုံနှင့် အမှတ်ပြည့်ရသွားသည့် ဘုရားစူးစာမေးပွဲပင်။

'' အင်း..အခုထပ်တိုက်ပြန်ပြီလေ ''

'' အဲဒါက ဦးကြောင့်လေ၊ ဦးက နောက်ကိုမကြည့်ဘဲ လှည့်လာတာကိုး....''

နှုတ်ခမ်းလေးဆူကာ ချက်ချင်းပင် မျက်နှာလေးညှိုးသွားသည့် သံစဥ်မောင့်အားကြည့်ရင်း အကယ်ဒမီများရှင် ဝါရင့်သရုပ်ဆောင်လားဟုပင် တွေးလိုက်မိ၏။

'' ခနတုန်းက မန်နေဂျာကို ဒီအတိုင်း ဘာလို့မပြောလိုက်တာလဲ ''

'' ဒီလိုပါပဲ အချေအတင်မဖြစ်ချင်လို့...''

မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ပြောနေသည့်ကောင်လေးအားကြည့်ရင်း အားမလိုအားမရ​​ဖြစ်လာမိ၏။

'' အခုမှ သိတယ်ဆိုပေမယ့် ကိုယ့်ကိုယုံကြည်လို့ရပါတယ်နော် ''

'' ဟုတ် ယုံပါတယ်ဦး၊ ပြောရရင် ဦးကိုမြင်မြင်ချင်း အားကိုးယုံကြည်မိပါတယ်၊ ခဏက ဝင်ဖြေရှင်းပေးတာအတွက်လည်း ကျေးဇူးတင်ပါတယ်နော် ဦး...''

'' ရပါတယ်ကွာ...''

မိမိရဲ့ ပခုံးမျှသာရှိသော ကောင်လေး၏ ဆံပင်တွေကို အသာအယာထိုးဖွပေးလိုက်၏။

'' တကယ်တော့ ကျွန်တော့်လို ပညာအရည်အချင်းမရှိတဲ့ လူတစ်ယောက်က ဒီလိုဆိုင်မှာ အလုပ်ရဖို့က လွယ်တဲ့ကိသ္စမဟုတ်ဘူးလေ၊ ဂျာကြီးကပဲ မရ,ရအောင် အလုပ်သွင်းပေးခဲ့တာ၊ ရတဲ့လစာရဲ့တစ်ဝက်ကိုတော့ သူ့ကိုပေးရတယ် ''

'' ဘာအတွက်လဲ ''

'' အင်း....သူကတော့ အလုပ်သွင်းပေးခလို့ပြောတာပဲ ''

'' မင်းကရော မငြင်းဘူးလား၊ တောင်းတိုင်းပေးစရာလား ''

'' ပြောမရတော့လည်း ပြောမနေတော့ပါဘူး၊ ရတဲ့လစာတစ်ဝက်နဲ့ လောက်ငှတော့လည်း ပြဿနာမဖြစ်အောင် သည်းခံနေလိုက်တော့တာ ''

'' ဒီလို ဝန်ထမ်းလစာက ဘယ်လောက်မှ များမှာမဟုတ်ဘူး၊ မင်းမိဘတွေအတွက်ရော အဆင်ပြေရဲ့လား ''

'' ဟင်း.....လောက်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်က တစ်ကောင်ကြွက်မလို့ပါ အဟက်ဟက် ''

ခြောက်ကပ်ကပ်ရယ်သံပြုပေမယ့် အပြုံးရိပ်မပါသည့် ကောင်လေးရဲ့စကားသံများအဆုံး ဘုန်းသာလျှံတစ်ယောက် သက်ပြင်းချမိ၏။

'' မင်း အလုပ်ထွက်လိုက်တော့...''

'' ဗျာ....''

အံသြသွားမှုနှင့်အတူ ပြူးကျယ်ဝိုင်းစက်သွားသည့်မျက်ဝန်းတစ်စုံနှင့် ကောင်လေးက ဘုန်းသာလျှံအား မော့ကြည့်လာသည်။

'' ဘာ...ဘာလို့လဲ ''

'' မင်းကို ကိုယ်အလုပ်ခန့်မယ်၊ ကိုယ့်အိမ်မှာနေရမယ်၊ ခြံအလုပ်တွေ ဘာတွေကိုလုပ်ရမယ်၊ အိမ်အကူ ဒေါ်လေးခင်လည်းရှိတယ်....လစာလည်း ထိုက်တန်သလောက်ပေးမယ်၊ ဘယ်လိုလဲ လုပ်မယ်မလား ''

အံ့သြစိုးရွံ့မှုမှသည် ပျော်ရွှင်ခြင်းဆီသို့ ကူးပြောင်းသွားသည့် မျက်နှာလေး....။

'' ကျေး...ကျေးဇူးတင်ပါတယ် ''

'' ကဲ မင်းပစ္စည်းတွေသွားယူ...၊ ကိုယ့်အိမ်တစ်ခါတည်းလိုက်ခဲ့တော့ ''

'' ဟုတ်ကဲ့  ဦး ''

ဆိုင်ထဲသို့ အလျှင်အမြန်ပြေးဝင်သွားသည့် ကောင်လေးကတော့ တကယ်ကို ပျော်ရွှင်သွားသည်ထင်။

လူတစ်ယောက်၏ အခက်အခဲကို အမှန်တကယ်ကူညီချင်၍လား၊ ကူညီရမယ့်သူက ထိုကောင်လေးဖြစ်နေ၍ ကူညီခဲတာလား ဆိုတာ  ဘုန်းသာလျှံကိုယ်တိုင် မသိတော့။

.
.
.

'' ကိုဘုန်း...ရေ၊ သတိလေး ဘာလေးထားပါဦး၊ ခန္ဓာကိုယ်ပဲ ကျန်ခဲ့ပြီး ဝိညာဥ်များထွက်သွားပြီလားလို့ တွေးနေတာ ''

သလင်း၏ စကားသံကြားကာမှ အတိတ်ကမ္ဘာသို့ အလည်သွားနေသည့် ဘုန်းသာလျှံ၏ စိတ်အာရုံက ပစ္စုပ္ပန်ကာလသို့ ပြန်ရောက်လာတော့သည်။

လက်မှနာရီကို ငုံ့ကြည့်လိုက်တော့ ၁၁ နာရီထိုးသွားပြီဖြစ်သည့်အတွက် ဟိုကောင်လေး ထမင်းရောစား​ပြီးရဲ့လားဟု တွေးကာစိတ်ပူမိပြန်၏။

'' ဦးလေး မြန်မြန်မောင်းပေးပါဗျာ ''

တက္ကစီဦးလေးကြီးအား တောင်းဆိုလိုက်သည့် နေ့သစ်၏အသံက စိတ်အတွင်းမှ အလျင်လိုမူကို ပေါ်လွှင်စေ၏။

'' ဦးလည်း တတ်နိုင်သလောက်အမြန်မောင်းနေပါတယ် ငါ့တူရ...''

ဦးလေးကြီး၏ အတတ်နိုင်ဆုံးအမြန်ဆိုတာကို နေ့သစ်သဘောမကျ။

ဆင်းပြီးတွန်းသွားရင်တောင် ဒီထက်ပိုမြန်လိမ့်မည်ဟု တွေးလိုက်မိသည်။

အတန်ကြာမောင်းပြီးသွားတော့ အိမ်လမ်းကြားထဲထိကားကိုထိုးရပ်ပေး၏။

ဦးလေးကြီးအား ကားခလှမ်းပေးပြီးနောက် ကားပေါ်မှ အမြန်ဆင်းကာ အိမ်ဘက်ဆီသို့ အပြေးတစ်ပိုင်းပြေးသွားလိုက်၏။

ခြံရှေ့ရောက်တော့ မင်းသန့်ကိုကို၏ ကားလေးရပ်ထားသည်ကိုတွေ့လိုက်ရတော့ အနည်းငယ်စိတ်အေးသွားရသည်။

ဖွင့်ထားပြီးသားဖြစ်သော ခြံတံခါးကိုဖြတ်ကျော်ကာ အိမ်ရှေ့ ဖိနပ်ချွတ်ခုံမှ လိုတာထပ်ပိုနေသည့် ဖိနပ်များကိုတွေ့လိုက်ရတာကြောင့် အိမ်ပေါ်သို့ ပြေးတက်လိုက်တော့သည်။

အင်္ကျီအဖြူအပေါ်တွင် တိုက်ပုံအညိုရောင်နှင့် ပုဆိုးအပြာကွက် ဝတ်ဆင်ထားသည့် လူကြီးတစ်ယောက်နှင့် မြန်မာအင်္ကျီကို စမတ်ကျကျနှင့် ကျော့ကျော့မော့မော့ဝတ်ဆင်ထားသည့် ရွှေတွဲလွဲ ငွေတွဲလွဲနှင့်အမျိုးသမီးတစ်ဦး။

ရုပ်ရည်ရူပကာကြည့်ရတာတော့ သဘောကောင်းပြီး စိတ်ထားတည်ကြည်အေးချမ်းပုံရ၏။

မျက်နှာချင်းဆိုင်မှာတော့ အမေနှင့် မင်းသန့်ကိုကိုတို့က ထိုင်လျက်သား။

သူ့ကိုမြင်တော့ မင်းသန့်ကိုကိုက လက်ယက်ခေါ်ကာ ဘေးမှထိုင်ခုံအလွတ်ကို ပုတ်ပြ၏။

မင်းသန့်ကိုကိုဘေးမှ အမေဖြစ်သူအားကြည့်လိုက်တော့ ဘာမှသိပုံမရ...။

အားလုံးရဲ့အလယ်မှ စားပွဲပေါ်မှာတော့ ငှက်ပျောသီးနှင့်အုန်းသီးတို့ကိုပြင်ဆင်ထားသည့် ကန်တော့ပွဲတစ်ပွဲက အသင့်။

အမေဖြစ်သူနှင့် မင်းသန့်ကိုကိုတို့ကြားမှ နေရာအလွတ်တွင် ဝင်ထိုင်လိုက်ရင်း အမေဖြစ်သူ၏ မျက်နှာအား အရိပ်အကဲခတ်ကာ

'' ဘာဖြစ်နေကြတာလဲ မေမေ ''

'' သား...သားကို လာတောင်းကြတာတဲ့...''

ဗုဒ္ဓေါ...။ မိမိကိုလာတောင်းရမ်းသည်ဟု ပြောရအောင် မိမိက မိန်းကလေးမှမဟုတ်ဘဲ။

ဗလငါးတန်နဲ့ ပြည့်စုံသည့် အတောင်နှစ်ဆယ်ဝတ် မင်းယောက်ျားပင်မဟုတ်လား။

ဒီလိုမျိုး လာတောင်ရမ်းသည်ဆိုတာကတော့ စိတ်ထဲနည်းနည်းတော့ အောင့်သက်သက်ရှိလှသည်မှာအမှန်။

'' ဗျာ..ဘယ်..ဘယ်သူကလဲ ''

နေ့သစ်ကအလန့်တကြားမေးလိုက်မိတော့ မေမေက စိတ်ပျက်လက်ပျက်ပုံစံနှင့် နေ့သစ်ဘေးမှ မျက်နှာကို ဖြီးနိုင်သည်ထက်ပိုဖြီးထားသည့် မင်းသန့်ကိုကိုအား မေးငေါ့ပြလေ၏။

နေ့သစ်လှည့်ကြည့်တာတောင် ပြောင်စပ်စပ်ရုပ်နှင့်ပြုံးပြနေတုန်း။

နေ့သစ်ပီပီ မျက်နှာတစ်ချက်မဲ့ပြလိုက်တော့မှ မင်းသန့်ကိုကိုပါမျက်နှာတည်သွားပြီး မျက်နှာချင်းဆိုင်မှ အမျိုးသမီးကြီးအား အချက်ပြလိုက်သည်။

'' ဟို...ကျွန်မက ဒေါ်ခင်မေသူပါ၊ ဟော့ဒီက မင်းသန့်လေးရဲ့ အဒေါ်ပါ၊ ဒီဘက်ကတော့ ကျွန်မတို့ရဲ့မိသားစုရှေ့နေကြီးပါ ''

'' ဟုတ်ကဲ့ရှင့်၊ ကျွန်မက ဒေါ်မူယာပါ၊ ဟော့ဒါက ကျွန်မရဲ့သားလေး နေ့သစ်၊ သမီးလေးကတော့ကျောင်းသွားနေလေရဲ့..''

မြန်မာမှုအတိုင်း တစ်ဦးက ပီယဝါယစကားဖြင့် ကောင်းကောင်းမွန်မွန် မိတ်ဆက်စကားဆိုလာတော့ ဒေါ်မူယာဘက်မှ ပြန်လည်မိတ်ဆက်လိုက်၏။

မင်းသန့်ကိုကို၏ ဒေါ်လေးဆိုသူ ဒေါ်ခင်မေသူကလည်း တစ်စုံတစ်ခုကိုပြောရန် အားနာရှက်ရွံ့နေသည့်နှယ်။

'' ဟို...ကျွန်မကိုယ်တိုင်ကပဲ မိဘမရှိတော့တဲ့ မင်းသန့်ကိုကိုအတွက် မိဘလိုမျိုးစောင့်ရှောက်ခဲ့ရတာ၊ သူလိုချင်တာမရဘူးမရှိရအောင် လိုလေသေးမရှိထားခဲ့တော့ နည်းနည်းတော့ဆိုးချင်တယ်လေ၊

ခုလည်း....နားနဲ့မနာ ဖဝါးနဲ့သာနာပါ အစ်မရယ်၊ ကျွန်မလာရတဲ့အကြောင်းရင်းကတော့ ဟောဒီက အစ်မရဲ့သား နေ့သစ်လေးကို ကျွန်မရဲ့တူလေးနဲ့ လက်ထပ်ပေးဖို့အတွက် လာရောက်တောင်းရမ်းတာပါ...''

'' ရှင်....ကျွန်မနားကြားများလွဲသလားကွယ်၊ ကျွန်မသားကလည်း ယောက်ျားသား၊ ဟောဒီက မောင်မင်းသန့်ကိုကိုလည်း ယောက်ျားတစ်ယောက်ပဲလေ၊ ဖြစ်နိုင်ပါ့မလား ညီမရယ်....''

'' ဖြစ်နိုင်ပါ့မလားဆိုရင် ဖြစ်နိုင်တယ်ပဲပြောရမှာပေါ့ အစ်မရယ်၊ ဖြစ်နိုင်မှ တော်ကာကျမယ် အစ်မရေ၊ မဟုတ်ရင် ကျွန်မအိမ် ပြာကျသွားတော့မယ်ရှင့်..''

ဒေါ်ခင်သူမျိုးသည် ညည်းညည်းညူညူပြောကာ မင်းသန့်ကိုကိုအား မျက်စောင်းပစ်လိုက်တော့သည်။

'' ရှင် ဘယ်လို....''

'' ဟိုအဲ့ကိစ္စထက် အစ်မရဲ့သားနဲ့ ကျွန်မတူလေးကိုသဘောတူပေးဖို့က အရေးကြီးပါတယ် အစ်မရယ်...''

'' အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲရှင် ''

'' သိပ်လည်း စဥ်းစားမနေပါနဲ့အစ်မရယ်၊ သားဖြစ်သူ စိတ်ချမ်းသာဖို့လည်း တွေးပေးပါဦးလား၊ မင်းသန့်လေး ပြောပြပုံအရ နေ့သစ်လေးက မိဘအပေါ်သိတတ်ပြီး မိဘစကားနားထောင်တဲ့ကလေးဆိုတာ ကျွန်မသိပါတယ်၊ အစ်မကသာ ဒါမကြိုက်ဘူး မလုပ်နဲ့ ဆိုရင်တောင် ချက်ချင်းရပ်ပစ်မယ့်အထိ လိမ္မာတဲ့ကလေးပါ...အဲ့ဒီလောက်လိမ္မာတဲ့ကလေးတစ်ယောက်အတွက် သူဖြစ်ချင်တဲ့ဆန္ဒကို တစ်ခါလောက်တော့ လိုက်လျောပေးသင့်တယ်မလား....၊ ကျွန်မဆိုလည်း ဘာမှအသုံးမကျတဲ့ ဒီကောင်လေးရဲ့ ဆန္ဒကိုလိုက်လျောပေးခဲ့တာပဲ....''

'' သားလေး လိမ္မာတယ်ဆိုတာတော့ ကျွန်မလက်ခံပါတယ်၊ ဒါပေမယ့် သူတို့အခြေအနေကို မသိလိုက်ရဘဲ ရုတ်တရက်ကြီးဆိုတော့ ကျွန်မအတွက်က သိပ်အဆင်မပြေဘူးပေါ့ရှင်၊ သားလေးနဲ့ စကားပြောကြည့်ပါဦးမယ်၊ နောက်မှ အကြောင်းပြန်လိုက်ပါ့မယ်ရှင် ''

'' ဟို ကျွန်မတို့က ရုတ်တရက်ကြီးရောက်လာတယ်ဆိုပေမယ့် လုံးဝပေါ့ပေါ့တန်တန်ဆုံးဖြတ်ခဲ့တာ မဟုတ်ပါဘူးရှင်၊ မင်းသန့်လေးကိုလည်း သူစိတ်ကစားတာလားလို့လည်း အကြိမ်ကြိမ်စဥ်းစားခိုင်းခဲ့ပါတယ်၊ သူက အတည်တကျသစ္စာရှိရှိလက်တွဲသွားမယ်ဆိုလို့ ကျွန်မတို့ရောက်လာခဲ့တာပါ၊ အလွယ်တကူ ပေါ့ပေါ့တန်တန်သဘောထားတယ်မထင်ရအောင် ရှေ့နေကြီးကိုပါ ခေါ်လာခဲ့တာပါ...၊ ကလေးတွေအတွက်ပဲဖြစ်ဖြစ် နည်းနည်းလောက်တော့ စဥ်းစားပေးပါဦး အစ်မရယ်....''

'' ကျွန်မနားလည်ပါတယ်ရှင်၊ ဟော့ဒီက ညီမကိုရော၊ ရှေ့နေကြီးကိုပါ အားနာပါတယ်၊ သားရဲ့ဆန္ဒနဲ့သဘောကိုလည်း သေချာဆွေးနွေးချင်သေးတာမလို့...၊ အချိန်နည်းနည်းယူရတာပါ...ကျွန်မကိုနားလည်ပေးမယ်လို့ ထင်ပါတယ်၊ ပြီးတော့ သားမင်းသန့်ကိုကိုကလည်း ဒီရက်ပိုင်းတော့ သားအဒေါ်နဲ့ ပြန်လိုက်နေလိုက်ပါနော် သားလေး....''

'' ဟုတ်ကဲ့....''

ဒေါ်မာယာ၏ ပညာသားပါပါ ပထုတ်သည့်စကားကို မင်းသန့်ကိုကိုက မျက်နှာအပျက်ပျက်နဲ့သာ လက်ခံလိုက်ရသည်။

လက်မခံလို့လည်းမရ...အခုအခြေအနေ၏ အဖြေတစ်စုံတစ်ခုက ဒေါ်မာယာအပေါ်မူတည်ပြီး ပြောင်းလဲသွားနိုင်သည်မလား။

'' ဟုတ် ကျွန်မနားလည်ပါတယ် အစ်မရယ်၊ ကဲ ငါ့တူပြန်ကြရအောင်၊ ကျွန်မတို့ကို ခွင့်ပြုပါဦးနော်၊ သေချာလေးလည်းစဥ်းစားပေးပါအစ်မရယ်....''

'' ဟုတ်ပါပြီရှင်.....ဂရုစိုက်ပြန်ကြပါရှင့် ''

ဒေါ်ခင်မေသူနှင့် ရှေ့နေကြီးတို့အိမ်ထဲကထွက်သွားတော့ ဒေါ်မာယာကပါလိုက်ပို့ပေးလေ၏။

အိမ်ထဲတွင်တော့ မင်းသန့်ကိုကိုနှင့် နေ့သစ်တို့နှစ်ဦးတည်းသာ ကျန်ရှိနေခဲ့လေ၏။

မလှုပ်မယှက်နဲ့ ခေါင်းငုံကာထိုင်နေသည့် နေ့သစ်၏ပခုံးလေးကိုဆွဲကာ ရင်ခွင်ထဲဆွဲသွင်းလိုက်သည့် မင်းသန့်ကိုကိုပါလေ...။

'' ဘယ်...ဘယ်လိုလုပ်မလဲဟင်...မေမေက သဘောမတူလောက်ဘူး...ဟင့်..''

'' မငိုနဲ့နော်နေ့....မေမေလက်ခံလာအောင် ကျွန်တော်အတတ်နိုင်ဆုံး ကြိုးစားမှာမလို့....၊ တစ်ခုပါပဲ..နေ့ ကျွန်တော့်ကိုပဲ စောင့်နေပါနော်...ကျွန်တော် နေ့ကိုမရ,ရအောင် လက်ထပ်ယူမှာမလို့...၊ အချိန်ခဏလောက်ပဲ သည်းခံပေးပါနော် ''

'' ဟင့်...အင်း...ငါစောင့်နေပါမယ်၊ မကြာနဲ့နော် ဟင့်...''

'' အင်း မကြာစေရပါဘူး၊ မငိုနဲ့တော့နော်...နေ့ ငိုနေရင် ကျွန်တော်ရင်နာလို့ပါ....''

ချစ်သူ၏ ပါးပြင်လေးထက်မှ မျက်ရည်စလေးများကို သုတ်ယူပေးလိုက်ရင်းမှ ရင်တွင်းစကားများကို ပြောဖြစ်အောင်ပြောလိုက်သည်။

မိမိရဲ့စကားလုံးလေးတွေက ချစ်သူအတွက် ခွန်အားအနည်းငယ် မြူတစ်မှုန်စာဖြစ်ဖြစ် ရောက်ရှိသွားပါစေလေ။

'' ကျွန်တော်သွားတော့မယ်နော်...နေ့ ''

'' အင်း...ငါလိုက်မပို့တော့ဘူးနော်၊ မင်းထွက်သွားတာကိုကြည်ဖို့ ငါ့မှာ ခွန်အားနည်းနည်းမှတောင်မရှိတာမလို့...''

'' အင်းပါ..ကျွန်တော်ကိုယ်ချင်းစာပါတယ် ''

မျက်နှာမကောင်းဘဲ အဖြေပေးလာသည့် ချစ်သူအား သိမ်းကြုံး၍ ဖက်လိုက်တော့ ချစ်ရသူရဲ့လက်တွေကလည်း မိမိကိုပြန်လည်သိုင်းဖက်လာတာကို နေ့သစ် ချက်ချင်းခံစားမိလိုက်သည်။

သိပ်ကိုနွေးထွေးသွားပါလေသော။

ဒါကြောင့်ပဲ 'ဒုက္ခနွံထဲကျရောက်နေတဲ့ချိန်တိုင်း ချစ်သူရဲ့ အပြုံးတစ်ပွင့်၊ အနမ်းတစ်ချက်၊ ကမ်းပေးလာသော လက်တစ်ကမ်းဆိုတာမျိုးက တကယ့်ကို အားတစ်ခုဖြစ်သွားစေသည်' ဟုစာဆိုရှိခဲ့ပုံရ၏။

'' စိတ်မကောင်းမဖြစ်ပါနဲ့...မင်းထွက်သွားတာကိုလိုက်မပို့တဲ့အစား မင်းပြန်လာမယ့်နေကို အလွမ်းတွေနှစ်ဆတိုးပြီး စောင့်နေမယ်လေ၊ ဆက်ဆက်ပြန်လာခဲ့ရမယ်နော်....''

'' စိတ်ချ အလွမ်းတွေနှစ်ဆတိုးပြီး စောင့်နေမယ့် ချစ်သူဆီကို ဟော့ဒီကကောင်ကြီးက အချစ်တွေအဆပေါင်းများစွာတိုးပြီး ပြန်လာခဲ့ပါမယ်ဗျာ...''

မိမိစကားကြောင့်ရှက်ပြုံးလေးပြုံးသွားသည့် ချစ်သူအားကြည့်ကာ မင်းသန့်ကိုကိုပီတိဖြစ်မိလေသည်။

# ခဏလေးပါပဲ၊ တကယ်ခဏလေးမလို့ စောင့်နေပေးပါ #

စိတ်ထဲမှ ထပ်တလဲလဲတောင်းဆိုနေရင်း....။

မသွားခင်လေး ချစ်သူ၏အပြုံးတစ်ချက်ကို မြင်လိုက်ရသည်က ထွက်သွားဖို့အားမဖြစ်စေဘဲ အနားမှာပိုနေချင်အောင် ဆွဲဆောင်ထားသလို...။

'' သွားတော့မယ် ''

ဟုတစ်ခွန်းသာပြောပြီး အိမ်ထဲကထွက်သွားသည့် မင်းသန့်ကိုကို၏ ကျောပြင်လေးကို ငေးကြည့်နေမိရင်းမှ

'' တကယ်ခွဲရရင် ခွဲရနိုင်တယ်၊ ငါ့အတွက် မေမေက ဘာမဆို လက်ခံနိုင်၊ ခွင့်ပြုပေးနိုင်ပေမယ့် ဒီလိုကိစ္စကို လက်ခံနိုင်ဖို့ဆိုတာ တကယ်မလွယ်ဘူး မင်းသန့်ကိုကို...''

ဟု တစ်ကိုယ်စာကြားရရုံမျှသာ ရေရွတ်ရင်းကျန်နေခဲ့သည်မှာ နေ့သစ်.....။

-------------------------------------------------------------------------

'' မောင်...ဒီနေ့ကိုယ်အလုပ်နားတယ်နော် ''

မနက်စာဝိုင်းတွင် သလင်းက သွေးသစ်အား ကော်ဖီငှဲ့ပေးလိုက်ရင်း စကားစလိုက်၏။

အခုဆိုလျှင် အားလုံး၏ ဆန္ဒအတိုင်း သလင်းသည် သွေးသစ်တို့၏အိမ်ဆီသို့ ပြောင်းရွှေ့ခဲ့ရလေပြီ။

၅နှစ်၊၆နှစ် နေလာခဲ့သည့် ကွန်ဒိုအခန်းလေးကိုသတိရပေမယ့်လည်း ကိုဘုန်းကိုပြန်အပ်ခဲ့လိုက်တော့သည်။

အခုနေမလိုအပ်လည်း တစ်ချိန်ချိန်မှာတော့ လိုအပ်လာမှာပဲမလား။

ပိတ်ရက်များဆိုလျှင် လမ်းသလားတတ်သည့် ကိုဘုန်းဟာ အခုဆိုလျှင် အိမ်မှာပဲကပ်နေတော့သည်ကိုလည်း သလင်းသတိထားမိ၏။

တစ်ခါတစ်လေ အလုပ်ကို နောက်ကျမှ ကရောသောပါးရောက်လာတတ်ပြီး ရုံးဆင်းတာနဲ့ လှစ်ကနဲပျောက်သွားတတ်ပြန်သည်။

မတွေ့တော့၍ ဖုန်းဆက်မမေးလိုက်နဲ့ ' အိမ်မှာ၊ အိမ်ရောက်နေပြီ၊ အိမ်ပြန်နေတာ ' ဟူသည့် သူ့ရဲ့နှုတ်စွဲနေပြီဖြစ်သည့် မူပိုင်စကားလုံးများသာ ကြားရတတ်သည်။

အိမ်နဲ့များ ချစ်သူတွေဖြစ်နေကြတာလားဟု မဆီမဆိုင်တွေးမိလေ၏။

အိမ်ကိုသာ တန်းတန်းစွဲဖြစ်နေရအောင် ကိုဘုန်းကိုကြိုမယ့်သူတောင် အိမ်မှာမရှိတာကို သလင်းကောင်းကောင်းသိထားလေသည်။

'' အင်း...မောင်လည်း အားပါတယ်၊ အချစ်ဘယ်သွားချင်လို့လဲ ''

'' လဝက်လည်းကျိုးနေပြီဆိုတော့ ကိုယ့်ဂေဟာဆီကို သွားမလားလို့...၊ ဆရာမကြီးကိုလည်းတွေ့ရင်း ကလေးတွေအတွက် မုန့်နဲ့အရုပ်လေးတွေ ဝယ်သွားချင်လို့....မောင်လိုက်ပို့မယ်မလား ''

သွေးသစ်၏ဘေးမှ ခုံအလွတ်တွင်ဝင်ထိုင်လိုက်ပြီး ချွဲချွဲနွဲနွဲ ပူစာမိပါသည်။

သွေးသစ်သည် မျက်ကြောများတင်းနေအောင်အထိ မျက်မှောင်ကြုတ်လိုက်ပြီး

'' မောင် မအားဘူးအချစ် ''

'' ဟင်...ခဏကပြောတော့ အားတယ်ဆို ''

'' အင်း ခဏကတော့ အားတယ်၊ အခုတော့မအားတော့ဘူး ''

'' အင်းပါ လိုက်မပို့ပါနဲ့တော့၊ ကိုယ့်ဘာသာသွားလိုက်တော့မယ် ''

သွားပြီ။ သွေးသစ် တွေးထားသည်နှင့်လုံးဝဆန့်ကျင်ဘက်။

မိမိက မလိုက်ပို့ဘူးဟုပြောလျှင် ချစ်သူကအတင်းလိုက်ပို့ဖို့ ပြောမည်၊ ထိုအခါ လိုက်ပို့စေချင်ရင် မောင့်ကိုနမ်းရင်လိုက်ပို့မယ်ဟုပြောလိုက်ရင် သလင်းကလည်း နမ်းလိုက်ရင်..........

သို့သော် အတွေးတို့က ဖြစ်မလာ၊ လေထဲတိုက်အိမ်ဆောက်သည့်နှယ် လေညှင်းတစ်ချက်အဝှေ့မှာ ပျောက်ကွယ်သွားပါတော့သည်။

'' စတာပါ...မောင်လိုက်ပို့ပါ့မယ်၊ စိတ်မချဘူးဗျ၊ တော်ကြာဟိုတစ်ခါကလို ဦးဘုန်းသာလျှံရောက်လာလိမ့်မယ် ''

နှုတ်ခမ်းမဲ့ကာရွဲ့ကာပြောနေသည့် မောင့်အားကြည့်ရင်း သလင်းရယ်လိုက်မိသည်။

ပြက်ရယ်ပြုချင်းသဘောမျိုးလုံးဝမဟုတ်၊ ကလေးဆန်နေသည့်အတွက် သဘောကျ၍ ရယ်ချင်းမျိုးသာဖြစ်လေသည်။

'' အဲ့ဒါကတော့ လုံးဝဖြစ်လာမယ်မထင်ဘူး၊ ဘာလို့လဲဆိုတော့ အခုရက်ပိုင်း ကိုဘုန်းက အိမ်မှအိမ်ဖြစ်နေတာလေ၊ ကုတ်နဲ့ကော်ထုတ်ရင်တောင် ထွက်လာမှာမဟုတ်ဘူး...၊ထူးတော့ထူးဆန်းတယ် ကိုဘုန်းက အိမ်ကပ်နေရတယ်လို့....''

'' သူ့အိမ်ထဲမှာ တစ်ယောက်ယောက်များရှိနေတာလား ''

သွေးသစ်တို့များ တော်ချက်၊ ချက်ကနဲ စဥ်းစားရင် ဒက်ကနဲ အဖြေရ၏။

seme,seme ချင်း ခြေမြင်တာမျိုးနေမှာပေါ့။ (မြွေမြွေချင်းခြေမြင်ကို version ပြောင်းထားသည်။)

'' ထားလိုက်ပါ...မောင်လိုက်ပို့မှာသေချာပါတယ်နော် ''

'' သွေးသစ်ပါ...စကားကိုတစ်ခွန်းကို နှစ်ခါမပြောဘူး၊ ပျင်းလို့....''

'' ဟား...ဟာ....''

တိုင်ပင်ထားခြင်းမရှိဘဲ နှစ်ယောက်သားပြိုင်တူရယ်လိုက်မိကြ၏။

'' လုပ် စားစား၊ သွားရအောင် အဝတ်အစားလည်း လဲရဦးမှာ ''

'' ဘယ်သွားကြမလို့လဲ သားတို့က ''

မိမိတို့၏ ကျောဘက်ဆီမှ ကြားလိုက်ရသည့်အသံပိုင်ရှင်အား လှည့်ကြည့်လိုက်တော့ အိမ်အပေါ်ထပ်မှ ဆင်းလာကာ ထမင်းစားခန်းထဲဝင်လာသည့် ဒေါ်ရူပါမျိုး။

စားပွဲတွင်ဝင်ထိုင်လိုက်သော အသစ်စက်စက် မေမေ့အတွက် ကော်ဖီတစ်ခွက် ငှဲ့ပေးနေရင်း

'' ဒီနေ့ သားငယ်ငယ်ကနေခဲ့တဲ့ ဂေဟာကို ခဏသွားမလို့၊ ဆရာမကြီးကို နှုတ်ဆက်ရင်း ကလေးတွေနဲ့လည်းတွေ့ချင်လို့လေ....မောင်လည်း အားနေတော့ လိုက်ပို့ခိုင်းနေတာ ''

'' ကောင်းသားပဲ သွားကြလေ ''

'' မေမေရော လိုက်ခဲ့ပါလား ''

'' လိုက်တော့လိုက်ချင်ပေမယ့် အခု ချိန်းထားပြီးသားဖြစ်နေလို့ နောက်တစ်ခါသွားဖြစ်ရင် မေမေ့ကို ကြိုပြောလေ...''

'' ဟုတ်ကဲ့...''

'' ကဲ သွားပြီ သားတို့ ''

ကော်ဖီကို တစ်ကျိုက်တည်းမော့ကာ လက်စသတ်လိုက်ပြီး ထွက်သွားသည့် ဒေါ်ရူပါမျိုးအား သွေးသစ့တို့နှစ်ယောက်လုံး ဟုတ်ကဲ့ ဟုသာတုန့်ပြန်ဖြစ်ခဲ့၏။

'' အချစ် ဘယ်သူမှမရှိတုန်းလေး မောင့်ကိုနမ်းပါဦး ''

ချစ်သူအားပေါင်ပေါ်ဆွဲထိုင်စေလိုက်ပြီး ပါးဖောင်းပေးထားလိုက်သည်။

အခုပုံစံက သလင်းက သွေးသစ်ပေါင်ပေါ်ရောက်နေပြီး ဘေးတစောင်းထိုင်နေသည့် သလင်းရဲ့ လက်နှစ်ဖက်က သွေးသစ်၏ ဂုတ်ပိုးကို သိုင်းကာ ဖက်တွယ်ထားလေသည်။

'' စောစောစီးစီး ဘာဖြစ်နေတာလဲ ''

'' Morning kiss လေ ''

'' မနက်က အိပ်ရာထတော့ ပေးပြီးပြီလေ ''

'' ပါးကို မဟုတ်ဘူး၊ နှုတ်ခမ်းကို ''

ဟု ပြောကာ နှုတ်ခမ်းထော်ပေးထားလိုက်သည်။

'' ကြီးမြ ပြန်လာရင် တွေ့သွားမယ် ''

'' မလာသေးပါဘူး၊ ကြီးမြက စျေးသွားရင် အကွာကျွိး...နမ်းသာနမ်းစမ်းပါ၊ အခုလိုလုပ်တာကမှ အချိန်ပိုကြာတယ် ''

'' မောင်ကတော့..ဇွတ်ပဲ ''

'' အဲ့တော့ မချစ်ဘူးလား ''

'' အင်...မချစ်ပါဘူး ''

'' မောင်ကတော့ မြူတစ်မှုန်စာလေးကနေ စကြာဝဋ္ဌာလောက်ကြီးထိ ချစ်တယ်....''

'' ဘာလို့လဲ ''

'' သလင်းနွေဆိုတဲ့ မောင့်အချစ်လေးဖြစ်နေလို့ပေါ့....''

'' အာလူး ''

'' အာလူးမဟုတ်ပါဘူး၊ နှာဗူး ပါ ''

'' ကိုယ့်ကိုယ်ကိုယ်ကျသိသားပဲ ဟွန့် ''

'' ကဲ ကြာတယ်ဗျာ နမ်းတော့ ''

'' အင်း မျက်လုံးမှိတ် ''

မောင့်ရဲ့ မျက်လုံးတွေမှိတ်ကျသွားပေမယ့် ဆေးလိပ်မသောက်တော့၍ အနည်းငယ်ပြန်ဖွေးလာသည့် နှုတ်ခမ်းတစ်စုံက ဆွဲဆောင်မှုရှိလှပြန်၏။

ထိုနှုတ်ခမ်းသားလေးကို အသွေးအသားထဲကပါ တပ်မက်စွဲလမ်းနေမိသူက သလင်းနွေ။

နှုတ်ခမ်းလှသူနှင့် ထိုနှုတ်ခမ်းတွေကို စွဲလမ်းနေသူတို့ကြား တစ်ပွဲတစ်လမ်း နွှဲစမ်းကြပေဦးမည်။

သလင်းကပါ မျက်စိစုံမှိတ်လိုက်ကာ သွေးသစ်၏ နှုတ်ခမ်းသားတို့ကို နမ်းရှိုက်မည်အပြု....။

'' အီး....ဟီး...သူငယ်ချင်း သွေးသစ်ရေ....အီး...ဟီး...ငါ့ ငါ့ကို ကယ်ပါဦး...အီး...''

သလင်းရော သွေးသစ်ပါ ရုတ်တရက် မျက်လုံးမျက်စံများပင်ပြူးသာ အကြောင်သား မတ်တပ်ရပ်လိုက်မိကြသည်။

'' သွေးသစ်ရေ မင်းဘယ်မှာလဲ...ဟီး..အီး...ငါ..ငါ့ကိုအသံပေးပါဦး...ဟင့်...''

ထမင်းစားခန်းထဲမှ သွေးသစ်နဲ့သလင်းတို့ကတော့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ များစွာသောမေးခွန်းများ မေးနေမိကြသည်။

'' ဟေ့ကောင် ငါထမင်းစားခန်းထဲမှာ လာခဲ့ ''

'' အီး...လာပြီ လာပြီ ''

ထမင်းစားခန်းထဲ ရောက်တာနဲ့ပဲ မင်းသန့်ကိုကိုသည် စားပွဲပေါ်လက်တင် ခေါင်းမှောက်ကာ ငိုနေတော့၏။

~~~~~~~~~~~~~~~~~~~<<<>>>~~~~~~~~~~~~~~~~~~

( 11.6.2021)
vote လေးဘာလေး ပေးကြပါဦးဗျ။

____________________________________________________

{ Zawgyi Version }

ေန႕သစ္တစ္ေယာက္ ကိုယ့္အလုပ္စားပြဲမွာကိုယ္ထိုင္ကာ လုပ္စရာအလုပ္မ်ားကို လုပ္ေနေလ၏။

( Ringtone)

စားပြဲေပၚမွ ဖုန္းေလးဆီမွ သီခ်င္းသံေၾကာင့္ Keyboard ေပၚေျပးလႊားေနသည့္ လက္ကေလးမ်ားက ဖုန္းကို ေကာက္ကိုင္လိုက္သည္။

'' ဟယ္လို.......''

''....................''

'' ဗ်ာ..အခုလား၊ ဟုတ္...ဟုတ္.အခုလာခဲ့မယ္ေနာ္ အေမ ''

တစ္ဖက္မွ ဖုန္းခ်သြားသည့္ႏွင့္ ေန႕သစ္လည္း ထိုင္ခုံမွအျမန္ထကာ ဘုန္းသာလွ်ံတို႔ရွိရာ ႐ုံးခန္းဘက္သို႔ထြက္လာခဲ့၏။

'' ေဒါက္..ေဒါက္...''

အခန္းေရွ႕တြင္ရပ္ကာ တံခါးေခါက္လိုက္ၿပီး အထဲမွ ဝင္ခဲ့ ဟူသည့္ စကားျပန္ၾကားမွ တံခါးဖြင့္ကာ အထဲဝင္သြားလိုက္သည္။

'' ဟို ကြၽန္ေတာ္အိမ္ ခဏေလာက္ျပန္ခ်င္လို႔ပါ ေဘာ့စ္၊ အေမက ဖုန္းလွမ္းဆက္ေခၚလို႔....အေရးႀကီးကိစၥရွိလို႔ပါ...''

'' ရတယ္..သြားေလ၊ ဒီေန႕ခြင့္ယူလိုက္ေတာ့ ''

ဘုန္းသာလွ်ံက သလင္း၏စကားကို ေခါင္းညိတ္ကာ ေထာက္ခံလိုက္သည္။

' ခြင့္ျပဳပါဦး ' ဟုဆိုကာ အေျပးတပိုင္းထြက္သြားသည့္ ေန႕သစ္ကိုၾကည့္ရင္း တေန႕က စားေသာက္ဆိုင္မွာ ဆုံခဲ့သည့္ ေကာင္ေလးတစ္ေယာက္ကို သတိရသြားျပန္၏။

(လြန္ခဲ့ေသာရက္အနည္းငယ္က)

အလုပ္ပိတ္ရက္ျဖစ္ေပမယ့္ ဧည့္သည့္တစ္ဦးႏွင့္ေတြဆုံရန္အတြက္ ခ်ိန္းထားသည့္ စားေသာက္ဆိုင္တြင္ ဝင္ထိုင္ေနသူက ဘုန္းသာလွ်ံ။

ခ်ိန္းထားသည္ထက္ မိနစ္(မိနစ္၂၀)ခန့္ေစာလာခဲ့သည့္အတြက္ ေကာ္ဖီတစ္ခြက္သာ ေသာက္ရင္း မွန္တံခါးေဘာင္မွတဆင့္ အျပင္ဘက္သို႔ ေငးၾကည့္ေနမိသည္။

(Ringtone)

႐ုတ္တရက္ဖုန္းဝင္လာသျဖင့္ ဖုန္းကိုင္လိုက္၏။

ဖုန္းဆက္သူက ခ်ိန္းဆိုထားသည့္ တစ္ဖက္မွဧည့္သည္.....။

'' ဟယ္လို..၊ ကြၽန္ေတာ္ ဘုန္းသာလွ်ံပါ ''

''...............''

'' ဗ်ာ..ဟုတ္၊ အဆင္ေျပပါတယ္ ''

''...............''

'' အားနာစရာမလိုပါဘူးဗ်၊ မိသားစုကိစၥပဲ ကြၽန္ေတာ္နားလည္ေပးရမွာေပါ့ ''

'' ...........''

'' ေကာင္းပါၿပီ၊ ေနာက္တစ္ေခါက္ထပ္ေတြ႕ၾကတာေပါ့ ''

'' ............''

'' ဟုတ္ကဲ့ပါဗ်၊ အဆင္ေျပပါေစဗ်ာ ''

ဖုန္းခ်လိဳက္ၿပီးေတာ့မွ သက္ျပင္းခ်လိဳက္မိသည္။

ကိုယ့္ဘက္က ေစာလာခဲ့ေပမယ့္ တစ္ဖက္က မိသားစု ကိစၥေၾကာင့္ ဆိုေတာ့လည္း အျပစ္မေျပာလို႔ေတာ့။

စီးပြားေရးေလာကမွာ ဒါမ်ိဳးအေျခအေနက ျဖစ္ေနက်ပင္မဟုတ္လား။

ထိုင္ေနရာမွထကာ လွည့္အထြက္ စားပြဲထိုးတစ္ဦးအား ဝင္တိုက္မိလိုက္ျပန္၏။

'' ခြမ္း......''

'' ဘုန္း.....''

'' အာ့....''

အဆင္မေျပခ်င္ရင္ ဘယ္တစ္ခုမွအဆင္မေျပ။

'' ေတာင္းပန္ပါတယ္ ဧည့္သည္၊ ကြၽန္ေတာ္မျမင္လို႔ျဖစ္သြားတာမလို႔...၊ ကြၽန္ေတာ္ေတာင္းပန္ပါတယ္ ''

လက္ထဲမွလြတ္က်သြားသည့္ ၾကမ္းျပင္ထက္မွ ဖန္ခြက္ အပိုင္းအစေတြကို ထိုင္ေကာက္ေနရင္းမွ ေတာင္းပန္စကားဆိုေနေသာသူ။

အမွန္ဆို မိမိကိုယ္တိုင္လည္း အျပစ္မကင္းတာေၾကာင့္ တစ္ဖက္သတ္ေတာင္းပန္ေနသည့္အတြက္ အားနာရျပန္သည္။

'' ရ..ရပါ..၊ဟင္....မင္းပဲလား ''

ၾကမ္းျပင္ေပၚမွ ဖန္ခြက္အပိုင္းအစမ်ားကို ထိုင္ေကာက္ေနသည့္သူေရွ႕တြင္ ဒူးတစ္ဖက္ေထာက္ကာ ပခုံးမွကိုင္ၿပီး ဆြဲထူမည္အျပဳ ျမင္လိုက္ရသည့္ ပုံရိပ္တစ္ခုေၾကာင့္ ရင္ထဲမွ လွိုက္ကနဲခံစားလိုက္ရ၏။

ဧည့္သည္ျဖစ္သူထံမွ ထြက္လာသည့္ စကားေၾကာင့္ စားပြဲထိုးေလးက ေမာ့ၾကည့္လာၿပီး အံ့ၾသမွင္သက္ေနဟန္။

ဟိုတစ္ေလာက ကုမၸဏီတစ္ခုရဲ႕ ႏွစ္ပတ္လည္ပြဲမွာလိုက္ၿပီး စားပြဲထိုးတာဝန္ယူရင္း မေတာ္တဆျဖစ္ခဲ့သည့္လူႀကီး။

' ေနာက္ထပ္မျဖစ္ေစနဲ႕ ' ဆိုကာမွ ထပ္ျဖစ္ျပန္သည့္အတြက္ အားနာမႈကအျပည့္အဝ။

မ်က္ႏွာလည္းပူမိေနျပန္ၿပီ။

'' ဘာေတြျဖစ္ေနတာလဲ ''

သူတို႔ႏွစ္ဦးရွိရာသို႔ အသံက်ယ္က်ယ္ျပဳကာ ေလွ်ာက္လာသည့္ အရပ္ပုပု ဗိုက္ႀကီးတကားကားႏွင့္ ခပ္ဝဝ လူကို ေသခ်ာၾကည့္လိုက္သည္။

'' ဘာမွမျဖစ္ပါဘူး ဂ်ာႀကီး၊ ကြၽန္ေတာ္ခလုတ္တိုက္လဲလို႔ ဖန္ခြက္ေတြက်ကြဲကုန္တာပါ၊ ေတာင္းပန္ပါတယ္ ''

စားပြဲထိုးေကာင္ေလးရဲ႕စကားေၾကာင့္သာ ထိုသူမွာ ဆိုင္မန္ေနဂ်ာျဖစ္ေၾကာင္း ဘုန္းသာလွ်ံသိလိုက္ရသည္။

'' ေတာင္းပန္တာ..ဘာညာ လာမေျပာနဲ႕၊ ထုံးစံအတိုင္း လခထဲက ျဖတ္မယ္ ''

'' ဟုတ္..ဟုတ္ကဲ့ ''

မျဖတ္ပါနဲ႕ေျပာလည္း မရမယ့္အတူတူ အပင္ပန္းခံၿပီးေျပာခ်င္ပုံမရသည့္ စိတ္ပ်က္ေနဟန္ႏွင့္ေကာင္ေလး။

မတရားဖိႏွိပ္ေနတာကို ျမင္ေနရသည့္ ဘုန္းသာလွ်ံကေတာ့ လူစြမ္းေကာင္းဝင္လုပ္ေပးရေတာ့မည္။

'' ဒီမွာ ခင္ဗ်ားက ဒီဆိုင္က မန္ေနဂ်ာထင္တယ္ ''

ဂ်ာႀကီးဆိုသူက ဘုန္းသာလွ်ံအား တစ္ခ်က္ေမာ့ၾကည့္လိုက္ၿပီး

'' ဟုတ္ပါတယ္ ကြၽန္ေတာ္က မန္ေနဂ်ာပါ ''

'' ဒါဆို ဒီပ်က္စီးမႈအတြက္ ကြၽန္ေတာ္ကပဲ ေလ်ာ္ေၾကးေပးလိုက္မယ္၊ ဒီကေလးရဲ႕ လခထဲက မျဖတ္နဲ႕ေတာ့..ရမလား ''

'' ဒါကေတာ့ သူ႕ထဲကပဲ ျဖတ္မွျဖစ္မယ္၊ ဆိုင္ရဲ႕ စည္းကမ္းမလို႔ ''

'' ကြၽန္ေတာ္ ဒီပ်က္စီးမႈတန္ဖိုးရဲ႕(၅)ဆ ေလ်ာ္ေပးရင္ေရာျဖစ္မလား ''

ေငြမက္တဲ့သူကို ေငြႏွင့္မွ်ားလိုက္ေတာ့ ဂ်ာႀကီးဆိုသူရဲ႕ မ်က္လုံးေတြက အေရာင္တလက္လက္။

ေငြမက္တဲ့သူေတြကို ေငြနဲ႕မွ်ားၿပီး ခိုင္းရတာအလြယ္ဆုံးအလုပ္ပင္။

'' ရပါတယ္၊ သူ႕ထဲကမျဖတ္ေတာ့ပါဘူး ''

'' ဒါဆို ကိစၥျပတ္ၿပီပဲ၊ အခု ဒီေကာင္ေလးနဲ႕စကားေျပာခ်င္လို႔ ခဏေခၚသြားလို႔ရမလား ''

'' ရ...ရပါတယ္ ''

'' လာ ေကာင္ေလး...ကိုယ္နဲ႕စကားေျပာရေအာင္ ''

ဖန္ကြဲစမ်ားထည့္ထားသည့္ ဗန္းကိုကိုင္ကာရပ္ေနသည့္ ေကာင္ေလးကို ေခၚလိုက္ေတာ့ ထိုေကာင္ေလးသည္ လက္ထဲမွ ဗန္းကို စားပြဲေပၚတင္ခဲ့၏။

ေရွ႕မွ ထြက္သြားသည့္ မိမိကိုကာကြယ္ေပးခဲ့သည့္ ဧည့္သည္ေနာက္အားလိုက္သြားရန္သာ ေလာေစာ္ေနခဲ့မိသည္။

မိမိကို ကာကြယ္ေပးခဲ့သည့္အတြက္ ေက်းဇူးတင္ေၾကာင္းေျပာရမည္မဟုတ္လား။

ဆိုင္ေထာင့္နားမွာရပ္ကာ ဆိုင္ကိုေက်ာေပးရင္း ကားလမ္းဘက္သာ အာ႐ုံေရာက္ေနသည့္လူႀကီး၏ ေဘူးတြင္ ဝင္ရပ္လိုက္၏။

'' ေက်းဇူးတင္ပါတယ္ ဦး ''

' ဦး ' ဆိုသည့္အသံေၾကာင့္ ဘုန္းသာလွ်ံ မ်က္လုံးျပဴးသြားၿပီး အသည္းအသန္လွည့္ၾကည့္လိုက္သည္။

'' ဒီမွာ သံစဥ္ေမာင္၊ ကိုယ့္ကို ဦးလို႔ေခၚရေအာင္ ကိုယ့္အသက္က အရမ္းႀကီးေနလို႔လား ''

'' ဦးက ကြၽန္ေတာ့္နာမည္သိတယ္ ''

မေခၚနဲ႕ဆိုကာမွ ထပ္ေခၚျပန္ၿပီ၊ ဆူဖ်ို့ ႀကံ႐ြယ္မိေတာ့ သူ႕နာမည္သိတာကို ဂုဏ္ယူေနသည့္အလား မ်က္လုံးေတြကအစ ၿပဳံးေယာင္ျပေနသည္။

'' အရင္တစ္ခါတိုက္မိတုန္းက ရင္ဘက္မွာထိုးထားတာေလးကိုေတြ႕လိုက္လို႔....မွတ္မိေနတာ ''

'' ဦးက တကယ္ေတာ္တာပဲ၊ ဉာဏ္ေကာင္းလိုက္တာ ''

တကယ္ပင္ တတိယႀကိမ္ေျမာက္ ' ဦး '

႐ြဲ႕မ်ား႐ြဲ႕ေနတာလားဟုပင္ ေအာက္ေမ့မိ၏။

'' ကိုယ့္ကို ဦးလို႔ေခၚရေအာင္ ကိုယ္ကအသက္မႀကီးေသးဘူးေနာ္ ၃၀ပဲဲရွိေသးတယ္ ''

'' အာ ဒါဆိုကြက္တိပဲ...ဦး၊ ကြၽန္ေတာ္က ၁၉ ဆိုေတာ့ ၁၁ႏွစ္ေတာင္ကြာတယ္၊ ဦးလို႔ေခၚလို႔ရတယ္...ဟီးဟီး...''

ေသလိုက္စမ္းဟု ကိုယ့္ကိုယ္ကိုယ္ ခ်ီးက်ဴးမိသည္။

ဦး လို႔မေခၚေစရန္ အက်ိဳးအေၾကာင္းရွင္းျပလိုက္ကာမွ ဦး ဟုေခၚရန္ အေၾကာင္းျပခ်က္က ခိုင္မာသြားေတာ့၏။

ေခၚခ်င္ေနမွေတာ့ မေခၚနဲ႕ဟုလည္း မတားရက္၊ သံစဥ္ေမာင့္ ႏႈတ္ခမ္းမွ ဦး ဟူသည့္အသံေလးသည္ ဘုန္းသာလွ်ံနားထဲဝယ္ ေအးျမၿပီး ႏွစ္သက္သလိုရွိလာသည္။

ေခၚခ်င္သလိုသာ ေခၚပါေစေတာ့ေလ။

'' ကိုယ္ ဉာဏ္ေကာင္းသလို မင္းဉာဏ္ေကာင္းလားသိရေအာင္ အရင္တစ္ခါ တိုက္မိတုန္းက ကိုယ္ဘာေျပာခဲ့လဲ မွတ္မိလား ''

'' အမ္..ခဏ..အာ..''

နားထင္အား လက္ညွိုးေလးႏွင့္ ေထာက္ကာ၊ ျခစ္ကာစဥ္းစားေနပုံရသည့္ သံစဥ္ေမာင့္အား ဘုန္းသာလွ်ံ ၾကည့္ေနမိသည္။

'' သိၿပီ သိၿပီ၊ ေနာက္တစ္ခါမျဖစ္ေစနဲ႕လို ေျပာခဲ့တာ၊ ဟုတ္တယ္မလား...''

ဘုန္းသာလွ်ံ မ်က္ႏွာက တည္ေနေသာ္ျငား ဘယ္သူမွမျမင္နိူင္သည့္ရင္ထဲမွာေတာ့ အမွတ္ျပည့္ေပးလိုက္၏။

တကယ္ကိုပင္ ထူးျခားလွသည့္ ေမးခြန္းတစ္ခုေျဖ႐ုံႏွင့္ အမွတ္ျပည့္ရသြားသည့္ ဘုရားစူးစာေမးပြဲပင္။

'' အင္း..အခုထပ္တိုက္ျပန္ၿပီေလ ''

'' အဲဒါက ဦးေၾကာင့္ေလ၊ ဦးက ေနာက္ကိုမၾကည့္ဘဲ လွည့္လာတာကိုး....''

ႏႈတ္ခမ္းေလးဆူကာ ခ်က္ခ်င္းပင္ မ်က္ႏွာေလးညွိုးသြားသည့္ သံစဥ္ေမာင့္အားၾကည့္ရင္း အကယ္ဒမီမ်ားရွင္ ဝါရင့္သ႐ုပ္ေဆာင္လားဟုပင္ ေတြးလိုက္မိ၏။

'' ခနတုန္းက မန္ေနဂ်ာကို ဒီအတိုင္း ဘာလို႔မေျပာလိုက္တာလဲ ''

'' ဒီလိုပါပဲ အေခ်အတင္မျဖစ္ခ်င္လို႔...''

မ်က္လုံးေလး ပုတ္ခတ္ပုတ္ခတ္လုပ္ရင္း ေျပာေနသည့္ေကာင္ေလးအားၾကည့္ရင္း အားမလိုအားမရျဖစ္လာမိ၏။

'' အခုမွ သိတယ္ဆိုေပမယ့္ ကိုယ့္ကိုယုံၾကည္လို႔ရပါတယ္ေနာ္ ''

'' ဟုတ္ ယုံပါတယ္ဦး၊ ေျပာရရင္ ဦးကိုျမင္ျမင္ခ်င္း အားကိုးယုံၾကည္မိပါတယ္၊ ခဏက ဝင္ေျဖရွင္းေပးတာအတြက္လည္း ေက်းဇူးတင္ပါတယ္ေနာ္ ဦး...''

'' ရပါတယ္ကြာ...''

မိမိရဲ႕ ပခုံးမွ်သာရွိေသာ ေကာင္ေလး၏ ဆံပင္ေတြကို အသာအယာထိုးဖြေပးလိုက္၏။

'' တကယ္ေတာ့ ကြၽန္ေတာ့္လို ပညာအရည္အခ်င္းမရွိတဲ့ လူတစ္ေယာက္က ဒီလိုဆိုင္မွာ အလုပ္ရဖို႔က လြယ္တဲ့ကိသၥမဟုတ္ဘူးေလ၊ ဂ်ာႀကီးကပဲ မရ,ရေအာင္ အလုပ္သြင္းေပးခဲ့တာ၊ ရတဲ့လစာရဲ႕တစ္ဝက္ကိုေတာ့ သူ႕ကိုေပးရတယ္ ''

'' ဘာအတြက္လဲ ''

'' အင္း....သူကေတာ့ အလုပ္သြင္းေပးခလို႔ေျပာတာပဲ ''

'' မင္းကေရာ မျငင္းဘူးလား၊ ေတာင္းတိုင္းေပးစရာလား ''

'' ေျပာမရေတာ့လည္း ေျပာမေနေတာ့ပါဘူး၊ ရတဲ့လစာတစ္ဝက္နဲ႕ ေလာက္ငွေတာ့လည္း ျပႆနာမျဖစ္ေအာင္ သည္းခံေနလိုက္ေတာ့တာ ''

'' ဒီလို ဝန္ထမ္းလစာက ဘယ္ေလာက္မွ မ်ားမွာမဟုတ္ဘူး၊ မင္းမိဘေတြအတြက္ေရာ အဆင္ေျပရဲ႕လား ''

'' ဟင္း.....ေလာက္ပါတယ္၊ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္က တစ္ေကာင္ႂကြက္မလို႔ပါ အဟက္ဟက္ ''

ေျခာက္ကပ္ကပ္ရယ္သံျပဳေပမယ့္ အၿပဳံးရိပ္မပါသည့္ ေကာင္ေလးရဲ႕စကားသံမ်ားအဆုံး ဘုန္းသာလွ်ံတစ္ေယာက္ သက္ျပင္းခ်မိ၏။

'' မင္း အလုပ္ထြက္လိုက္ေတာ့...''

'' ဗ်ာ....''

အံၾသသြားမႈႏွင့္အတူ ျပဴးက်ယ္ဝိုင္းစက္သြားသည့္မ်က္ဝန္းတစ္စုံႏွင့္ ေကာင္ေလးက ဘုန္းသာလွ်ံအား ေမာ့ၾကည့္လာသည္။

'' ဘာ...ဘာလို႔လဲ ''

'' မင္းကို ကိုယ္အလုပ္ခန့္မယ္၊ ကိုယ့္အိမ္မွာေနရမယ္၊ ၿခံအလုပ္ေတြ ဘာေတြကိုလုပ္ရမယ္၊ အိမ္အကူ ေဒၚေလးခင္လည္းရွိတယ္....လစာလည္း ထိုက္တန္သေလာက္ေပးမယ္၊ ဘယ္လိုလဲ လုပ္မယ္မလား ''

အံ့ၾသစိုး႐ြံ႕မႈမွသည္ ေပ်ာ္႐ႊင္ျခင္းဆီသို႔ ကူးေျပာင္းသြားသည့္ မ်က္ႏွာေလး....။

'' ေက်း...ေက်းဇူးတင္ပါတယ္ ''

'' ကဲ မင္းပစၥည္းေတြသြားယူ...၊ ကိုယ့္အိမ္တစ္ခါတည္းလိုက္ခဲ့ေတာ့ ''

'' ဟုတ္ကဲ့ ဦး ''

ဆိုင္ထဲသို႔ အလွ်င္အျမန္ေျပးဝင္သြားသည့္ ေကာင္ေလးကေတာ့ တကယ္ကို ေပ်ာ္႐ႊင္သြားသည္ထင္။

လူတစ္ေယာက္၏ အခက္အခဲကို အမွန္တကယ္ကူညီခ်င္၍လား၊ ကူညီရမယ့္သူက ထိုေကာင္ေလးျဖစ္ေန၍ ကူညီခဲတာလား ဆိုတာ ဘုန္းသာလွ်ံကိုယ္တိုင္ မသိေတာ့။

.
.
.

'' ကိုဘုန္း...ေရ၊ သတိေလး ဘာေလးထားပါဦး၊ ခႏၶာကိုယ္ပဲ က်န္ခဲ့ၿပီး ဝိညာဥ္မ်ားထြက္သြားၿပီလားလို႔ ေတြးေနတာ ''

သလင္း၏ စကားသံၾကားကာမွ အတိတ္ကမၻာသို႔ အလည္သြားေနသည့္ ဘုန္းသာလွ်ံ၏ စိတ္အာ႐ုံက ပစၥဳပၸန္ကာလသို႔ ျပန္ေရာက္လာေတာ့သည္။

လက္မွနာရီကို ငုံ႕ၾကည့္လိုက္ေတာ့ ၁၁ နာရီထိုးသြားၿပီျဖစ္သည့္အတြက္ ဟိုေကာင္ေလး ထမင္းေရာစားၿပီးရဲ႕လားဟု ေတြးကာစိတ္ပူမိျပန္၏။

'' ဦးေလး ျမန္ျမန္ေမာင္းေပးပါဗ်ာ ''

တကၠစီဦးေလးႀကီးအား ေတာင္းဆိုလိုက္သည့္ ေန႕သစ္၏အသံက စိတ္အတြင္းမွ အလ်င္လိုမူကို ေပၚလႊင္ေစ၏။

'' ဦးလည္း တတ္နိုင္သေလာက္အျမန္ေမာင္းေနပါတယ္ ငါ့တူရ...''

ဦးေလးႀကီး၏ အတတ္နိုင္ဆုံးအျမန္ဆိုတာကို ေန႕သစ္သေဘာမက်။

ဆင္းၿပီးတြန္းသြားရင္ေတာင္ ဒီထက္ပိုျမန္လိမ့္မည္ဟု ေတြးလိုက္မိသည္။

အတန္ၾကာေမာင္းၿပီးသြားေတာ့ အိမ္လမ္းၾကားထဲထိကားကိုထိုးရပ္ေပး၏။

ဦးေလးႀကီးအား ကားခလွမ္းေပးၿပီးေနာက္ ကားေပၚမွ အျမန္ဆင္းကာ အိမ္ဘက္ဆီသို႔ အေျပးတစ္ပိုင္းေျပးသြားလိုက္၏။

ၿခံေရွ႕ေရာက္ေတာ့ မင္းသန့္ကိုကို၏ ကားေလးရပ္ထားသည္ကိုေတြ႕လိုက္ရေတာ့ အနည္းငယ္စိတ္ေအးသြားရသည္။

ဖြင့္ထားၿပီးသားျဖစ္ေသာ ၿခံတံခါးကိုျဖတ္ေက်ာ္ကာ အိမ္ေရွ႕ ဖိနပ္ခြၽတ္ခုံမွ လိုတာထပ္ပိုေနသည့္ ဖိနပ္မ်ားကိုေတြ႕လိုက္ရတာေၾကာင့္ အိမ္ေပၚသို႔ ေျပးတက္လိုက္ေတာ့သည္။

အကၤ်ီအျဖဴအေပၚတြင္ တိုက္ပုံအညိုေရာင္ႏွင့္ ပုဆိုးအျပာကြက္ ဝတ္ဆင္ထားသည့္ လူႀကီးတစ္ေယာက္ႏွင့္ ျမန္မာအကၤ်ီကို စမတ္က်က်ႏွင့္ ေက်ာ့ေက်ာ့ေမာ့ေမာ့ဝတ္ဆင္ထားသည့္ ေ႐ႊတြဲလြဲ ေငြတြဲလြဲႏွင့္အမ်ိဳးသမီးတစ္ဦး။

႐ုပ္ရည္႐ူပကာၾကည့္ရတာေတာ့ သေဘာေကာင္းၿပီး စိတ္ထားတည္ၾကည္ေအးခ်မ္းပုံရ၏။

မ်က္ႏွာခ်င္းဆိုင္မွာေတာ့ အေမႏွင့္ မင္းသန့္ကိုကိုတို႔က ထိုင္လ်က္သား။

သူ႕ကိုျမင္ေတာ့ မင္းသန့္ကိုကိုက လက္ယက္ေခၚကာ ေဘးမွထိုင္ခုံအလြတ္ကို ပုတ္ျပ၏။

မင္းသန့္ကိုကိုေဘးမွ အေမျဖစ္သူအားၾကည့္လိုက္ေတာ့ ဘာမွသိပုံမရ...။

အားလုံးရဲ႕အလယ္မွ စားပြဲေပၚမွာေတာ့ ငွက္ေပ်ာသီးႏွင့္အုန္းသီးတို႔ကိုျပင္ဆင္ထားသည့္ ကန္ေတာ့ပြဲတစ္ပြဲက အသင့္။

အေမျဖစ္သူႏွင့္ မင္းသန့္ကိုကိုတို႔ၾကားမွ ေနရာအလြတ္တြင္ ဝင္ထိုင္လိုက္ရင္း အေမျဖစ္သူ၏ မ်က္ႏွာအား အရိပ္အကဲခတ္ကာ

'' ဘာျဖစ္ေနၾကတာလဲ ေမေမ ''

'' သား...သားကို လာေတာင္းၾကတာတဲ့...''

ဗုေဒၶါ...။ မိမိကိုလာေတာင္းရမ္းသည္ဟု ေျပာရေအာင္ မိမိက မိန္းကေလးမွမဟုတ္ဘဲ။

ဗလငါးတန္နဲ႕ ျပည့္စုံသည့္ အေတာင္ႏွစ္ဆယ္ဝတ္ မင္းေယာက္်ားပင္မဟုတ္လား။

ဒီလိုမ်ိဳး လာေတာင္ရမ္းသည္ဆိုတာကေတာ့ စိတ္ထဲနည္းနည္းေတာ့ ေအာင့္သက္သက္ရွိလွသည္မွာအမွန္။

'' ဗ်ာ..ဘယ္..ဘယ္သူကလဲ ''

ေန႕သစ္ကအလန့္တၾကားေမးလိုက္မိေတာ့ ေမေမက စိတ္ပ်က္လက္ပ်က္ပုံစံႏွင့္ ေန႕သစ္ေဘးမွ မ်က္ႏွာကို ၿဖီးနိုင္သည္ထက္ပိုၿဖီးထားသည့္ မင္းသန့္ကိုကိုအား ေမးေငါ့ျပေလ၏။

ေန႕သစ္လွည့္ၾကည့္တာေတာင္ ေျပာင္စပ္စပ္႐ုပ္ႏွင့္ၿပဳံးျပေနတုန္း။

ေန႕သစ္ပီပီ မ်က္ႏွာတစ္ခ်က္မဲ့ျပလိုက္ေတာ့မွ မင္းသန့္ကိုကိုပါမ်က္ႏွာတည္သြားၿပီး မ်က္ႏွာခ်င္းဆိုင္မွ အမ်ိဳးသမီးႀကီးအား အခ်က္ျပလိုက္သည္။

'' ဟို...ကြၽန္မက ေဒၚခင္ေမသူပါ၊ ေဟာ့ဒီက မင္းသန့္ေလးရဲ႕ အေဒၚပါ၊ ဒီဘက္ကေတာ့ ကြၽန္မတို႔ရဲ႕မိသားစုေရွ႕ေနႀကီးပါ ''

'' ဟုတ္ကဲ့ရွင့္၊ ကြၽန္မက ေဒၚမူယာပါ၊ ေဟာ့ဒါက ကြၽန္မရဲ႕သားေလး ေန႕သစ္၊ သမီးေလးကေတာ့ေက်ာင္းသြားေနေလရဲ႕..''

ျမန္မာမႈအတိုင္း တစ္ဦးက ပီယဝါယစကားျဖင့္ ေကာင္းေကာင္းမြန္မြန္ မိတ္ဆက္စကားဆိုလာေတာ့ ေဒၚမူယာဘက္မွ ျပန္လည္မိတ္ဆက္လိုက္၏။

မင္းသန့္ကိုကို၏ ေဒၚေလးဆိုသူ ေဒၚခင္ေမသူကလည္း တစ္စုံတစ္ခုကိုေျပာရန္ အားနာရွက္႐ြံ႕ေနသည့္ႏွယ္။

'' ဟို...ကြၽန္မကိုယ္တိုင္ကပဲ မိဘမရွိေတာ့တဲ့ မင္းသန့္ကိုကိုအတြက္ မိဘလိုမ်ိဳးေစာင့္ေရွာက္ခဲ့ရတာ၊ သူလိုခ်င္တာမရဘူးမရွိရေအာင္ လိုေလေသးမရွိထားခဲ့ေတာ့ နည္းနည္းေတာ့ဆိုးခ်င္တယ္ေလ၊

ခုလည္း....နားနဲ႕မနာ ဖဝါးနဲ႕သာနာပါ အစ္မရယ္၊ ကြၽန္မလာရတဲ့အေၾကာင္းရင္းကေတာ့ ေဟာဒီက အစ္မရဲ႕သား ေန႕သစ္ေလးကို ကြၽန္မရဲ႕တူေလးနဲ႕ လက္ထပ္ေပးဖို႔အတြက္ လာေရာက္ေတာင္းရမ္းတာပါ...''

'' ရွင္....ကြၽန္မနားၾကားမ်ားလြဲသလားကြယ္၊ ကြၽန္မသားကလည္း ေယာက္်ားသား၊ ေဟာဒီက ေမာင္မင္းသန့္ကိုကိုလည္း ေယာက္်ားတစ္ေယာက္ပဲေလ၊ ျဖစ္နိုင္ပါ့မလား ညီမရယ္....''

'' ျဖစ္နိုင္ပါ့မလားဆိုရင္ ျဖစ္နိုင္တယ္ပဲေျပာရမွာေပါ့ အစ္မရယ္၊ ျဖစ္နိုင္မွ ေတာ္ကာက်မယ္ အစ္မေရ၊ မဟုတ္ရင္ ကြၽန္မအိမ္ ျပာက်သြားေတာ့မယ္ရွင့္..''

ေဒၚခင္သူမ်ိဳးသည္ ညည္းညည္းၫူၫူေျပာကာ မင္းသန့္ကိုကိုအား မ်က္ေစာင္းပစ္လိုက္ေတာ့သည္။

'' ရွင္ ဘယ္လို....''

'' ဟိုအဲ့ကိစၥထက္ အစ္မရဲ႕သားနဲ႕ ကြၽန္မတူေလးကိုသေဘာတူေပးဖို႔က အေရးႀကီးပါတယ္ အစ္မရယ္...''

'' အဲ့ဒါက ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲရွင္ ''

'' သိပ္လည္း စဥ္းစားမေနပါနဲ႕အစ္မရယ္၊ သားျဖစ္သူ စိတ္ခ်မ္းသာဖို႔လည္း ေတြးေပးပါဦးလား၊ မင္းသန့္ေလး ေျပာျပပုံအရ ေန႕သစ္ေလးက မိဘအေပၚသိတတ္ၿပီး မိဘစကားနားေထာင္တဲ့ကေလးဆိုတာ ကြၽန္မသိပါတယ္၊ အစ္မကသာ ဒါမႀကိဳက္ဘူး မလုပ္နဲ႕ ဆိုရင္ေတာင္ ခ်က္ခ်င္းရပ္ပစ္မယ့္အထိ လိမၼာတဲ့ကေလးပါ...အဲ့ဒီေလာက္လိမၼာတဲ့ကေလးတစ္ေယာက္အတြက္ သူျဖစ္ခ်င္တဲ့ဆႏၵကို တစ္ခါေလာက္ေတာ့ လိုက္ေလ်ာေပးသင့္တယ္မလား....၊ ကြၽန္မဆိုလည္း ဘာမွအသုံးမက်တဲ့ ဒီေကာင္ေလးရဲ႕ ဆႏၵကိုလိုက္ေလ်ာေပးခဲ့တာပဲ....''

'' သားေလး လိမၼာတယ္ဆိုတာေတာ့ ကြၽန္မလက္ခံပါတယ္၊ ဒါေပမယ့္ သူတို႔အေျခအေနကို မသိလိုက္ရဘဲ ႐ုတ္တရက္ႀကီးဆိုေတာ့ ကြၽန္မအတြက္က သိပ္အဆင္မေျပဘူးေပါ့ရွင္၊ သားေလးနဲ႕ စကားေျပာၾကည့္ပါဦးမယ္၊ ေနာက္မွ အေၾကာင္းျပန္လိုက္ပါ့မယ္ရွင္ ''

'' ဟို ကြၽန္မတို႔က ႐ုတ္တရက္ႀကီးေရာက္လာတယ္ဆိုေပမယ့္ လုံးဝေပါ့ေပါ့တန္တန္ဆုံးျဖတ္ခဲ့တာ မဟုတ္ပါဘူးရွင္၊ မင္းသန့္ေလးကိုလည္း သူစိတ္ကစားတာလားလို႔လည္း အႀကိမ္ႀကိမ္စဥ္းစားခိုင္းခဲ့ပါတယ္၊ သူက အတည္တက်သစၥာရွိရွိလက္တြဲသြားမယ္ဆိုလို႔ ကြၽန္မတို႔ေရာက္လာခဲ့တာပါ၊ အလြယ္တကူ ေပါ့ေပါ့တန္တန္သေဘာထားတယ္မထင္ရေအာင္ ေရွ႕ေနႀကီးကိုပါ ေခၚလာခဲ့တာပါ...၊ ကေလးေတြအတြက္ပဲျဖစ္ျဖစ္ နည္းနည္းေလာက္ေတာ့ စဥ္းစားေပးပါဦး အစ္မရယ္....''

'' ကြၽန္မနားလည္ပါတယ္ရွင္၊ ေဟာ့ဒီက ညီမကိုေရာ၊ ေရွ႕ေနႀကီးကိုပါ အားနာပါတယ္၊ သားရဲ႕ဆႏၵနဲ႕သေဘာကိုလည္း ေသခ်ာေဆြးႏြေးခ်င္ေသးတာမလို႔...၊ အခ်ိန္နည္းနည္းယူရတာပါ...ကြၽန္မကိုနားလည္ေပးမယ္လို႔ ထင္ပါတယ္၊ ၿပီးေတာ့ သားမင္းသန့္ကိုကိုကလည္း ဒီရက္ပိုင္းေတာ့ သားအေဒၚနဲ႕ ျပန္လိုက္ေနလိုက္ပါေနာ္ သားေလး....''

'' ဟုတ္ကဲ့....''

ေဒၚမာယာ၏ ပညာသားပါပါ ပထုတ္သည့္စကားကို မင္းသန့္ကိုကိုက မ်က္ႏွာအပ်က္ပ်က္နဲ႕သာ လက္ခံလိုက္ရသည္။

လက္မခံလို႔လည္းမရ...အခုအေျခအေန၏ အေျဖတစ္စုံတစ္ခုက ေဒၚမာယာအေပၚမူတည္ၿပီး ေျပာင္းလဲသြားနိုင္သည္မလား။

'' ဟုတ္ ကြၽန္မနားလည္ပါတယ္ အစ္မရယ္၊ ကဲ ငါ့တူျပန္ၾကရေအာင္၊ ကြၽန္မတို႔ကို ခြင့္ျပဳပါဦးေနာ္၊ ေသခ်ာေလးလည္းစဥ္းစားေပးပါအစ္မရယ္....''

'' ဟုတ္ပါၿပီရွင္.....ဂ႐ုစိုက္ျပန္ၾကပါရွင့္ ''

ေဒၚခင္ေမသူႏွင့္ ေရွ႕ေနႀကီးတို႔အိမ္ထဲကထြက္သြားေတာ့ ေဒၚမာယာကပါလိုက္ပို႔ေပးေလ၏။

အိမ္ထဲတြင္ေတာ့ မင္းသန့္ကိုကိုႏွင့္ ေန႕သစ္တို႔ႏွစ္ဦးတည္းသာ က်န္ရွိေနခဲ့ေလ၏။

မလႈပ္မယွက္နဲ႕ ေခါင္းငုံကာထိုင္ေနသည့္ ေန႕သစ္၏ပခုံးေလးကိုဆြဲကာ ရင္ခြင္ထဲဆြဲသြင္းလိုက္သည့္ မင္းသန့္ကိုကိုပါေလ...။

'' ဘယ္...ဘယ္လိုလုပ္မလဲဟင္...ေမေမက သေဘာမတူေလာက္ဘူး...ဟင့္..''

'' မငိုနဲ႕ေနာ္ေန႕....ေမေမလက္ခံလာေအာင္ ကြၽန္ေတာ္အတတ္နိုင္ဆုံး ႀကိဳးစားမွာမလို႔....၊ တစ္ခုပါပဲ..ေန႕ ကြၽန္ေတာ့္ကိုပဲ ေစာင့္ေနပါေနာ္...ကြၽန္ေတာ္ ေန႕ကိုမရ,ရေအာင္ လက္ထပ္ယူမွာမလို႔...၊ အခ်ိန္ခဏေလာက္ပဲ သည္းခံေပးပါေနာ္ ''

'' ဟင့္...အင္း...ငါေစာင့္ေနပါမယ္၊ မၾကာနဲ႕ေနာ္ ဟင့္...''

'' အင္း မၾကာေစရပါဘူး၊ မငိုနဲ႕ေတာ့ေနာ္...ေန႕ ငိုေနရင္ ကြၽန္ေတာ္ရင္နာလို႔ပါ....''

ခ်စ္သူ၏ ပါးျပင္ေလးထက္မွ မ်က္ရည္စေလးမ်ားကို သုတ္ယူေပးလိုက္ရင္းမွ ရင္တြင္းစကားမ်ားကို ေျပာျဖစ္ေအာင္ေျပာလိုက္သည္။

မိမိရဲ႕စကားလုံးေလးေတြက ခ်စ္သူအတြက္ ခြန္အားအနည္းငယ္ ျမဴတစ္မႈန္စာျဖစ္ျဖစ္ ေရာက္ရွိသြားပါေစေလ။

'' ကြၽန္ေတာ္သြားေတာ့မယ္ေနာ္...ေန႕ ''

'' အင္း...ငါလိုက္မပို႔ေတာ့ဘူးေနာ္၊ မင္းထြက္သြားတာကိုၾကည္ဖို႔ ငါ့မွာ ခြန္အားနည္းနည္းမွေတာင္မရွိတာမလို႔...''

'' အင္းပါ..ကြၽန္ေတာ္ကိုယ္ခ်င္းစာပါတယ္ ''

မ်က္ႏွာမေကာင္းဘဲ အေျဖေပးလာသည့္ ခ်စ္သူအား သိမ္းႀကဳံး၍ ဖက္လိုက္ေတာ့ ခ်စ္ရသူရဲ႕လက္ေတြကလည္း မိမိကိုျပန္လည္သိုင္းဖက္လာတာကို ေန႕သစ္ ခ်က္ခ်င္းခံစားမိလိုက္သည္။

သိပ္ကိုႏြေးေထြးသြားပါေလေသာ။

ဒါေၾကာင့္ပဲ 'ဒုကၡႏြံထဲက်ေရာက္ေနတဲ့ခ်ိန္တိုင္း ခ်စ္သူရဲ႕ အၿပဳံးတစ္ပြင့္၊ အနမ္းတစ္ခ်က္၊ ကမ္းေပးလာေသာ လက္တစ္ကမ္းဆိုတာမ်ိဳးက တကယ့္ကို အားတစ္ခုျဖစ္သြားေစသည္' ဟုစာဆိုရွိခဲ့ပုံရ၏။

'' စိတ္မေကာင္းမျဖစ္ပါနဲ႕...မင္းထြက္သြားတာကိုလိုက္မပို႔တဲ့အစား မင္းျပန္လာမယ့္ေနကို အလြမ္းေတြႏွစ္ဆတိုးၿပီး ေစာင့္ေနမယ္ေလ၊ ဆက္ဆက္ျပန္လာခဲ့ရမယ္ေနာ္....''

'' စိတ္ခ် အလြမ္းေတြႏွစ္ဆတိုးၿပီး ေစာင့္ေနမယ့္ ခ်စ္သူဆီကို ေဟာ့ဒီကေကာင္ႀကီးက အခ်စ္ေတြအဆေပါင္းမ်ားစြာတိုးၿပီး ျပန္လာခဲ့ပါမယ္ဗ်ာ...''

မိမိစကားေၾကာင့္ရွက္ၿပဳံးေလးၿပဳံးသြားသည့္ ခ်စ္သူအားၾကည့္ကာ မင္းသန့္ကိုကိုပီတိျဖစ္မိေလသည္။

# ခဏေလးပါပဲ၊ တကယ္ခဏေလးမလို႔ ေစာင့္ေနေပးပါ #

စိတ္ထဲမွ ထပ္တလဲလဲေတာင္းဆိုေနရင္း....။

မသြားခင္ေလး ခ်စ္သူ၏အၿပဳံးတစ္ခ်က္ကို ျမင္လိုက္ရသည္က ထြက္သြားဖို႔အားမျဖစ္ေစဘဲ အနားမွာပိုေနခ်င္ေအာင္ ဆြဲေဆာင္ထားသလို...။

'' သြားေတာ့မယ္ ''

ဟုတစ္ခြန္းသာေျပာၿပီး အိမ္ထဲကထြက္သြားသည့္ မင္းသန့္ကိုကို၏ ေက်ာျပင္ေလးကို ေငးၾကည့္ေနမိရင္းမွ

'' တကယ္ခြဲရရင္ ခြဲရနိုင္တယ္၊ ငါ့အတြက္ ေမေမက ဘာမဆို လက္ခံနိုင္၊ ခြင့္ျပဳေပးနိုင္ေပမယ့္ ဒီလိုကိစၥကို လက္ခံနိုင္ဖို႔ဆိုတာ တကယ္မလြယ္ဘူး မင္းသန့္ကိုကို...''

ဟု တစ္ကိုယ္စာၾကားရ႐ုံမွ်သာ ေရ႐ြတ္ရင္းက်န္ေနခဲ့သည္မွာ ေန႕သစ္.....။

-------------------------------------------------------------------------

'' ေမာင္...ဒီေန႕ကိုယ္အလုပ္နားတယ္ေနာ္ ''

မနက္စာဝိုင္းတြင္ သလင္းက ေသြးသစ္အား ေကာ္ဖီငွဲ႕ေပးလိုက္ရင္း စကားစလိုက္၏။

အခုဆိုလွ်င္ အားလုံး၏ ဆႏၵအတိုင္း သလင္းသည္ ေသြးသစ္တို႔၏အိမ္ဆီသို႔ ေျပာင္းေ႐ႊ႕ခဲ့ရေလၿပီ။

၅ႏွစ္၊၆ႏွစ္ ေနလာခဲ့သည့္ ကြန္ဒိုအခန္းေလးကိုသတိရေပမယ့္လည္း ကိုဘုန္းကိုျပန္အပ္ခဲ့လိုက္ေတာ့သည္။

အခုေနမလိုအပ္လည္း တစ္ခ်ိန္ခ်ိန္မွာေတာ့ လိုအပ္လာမွာပဲမလား။

ပိတ္ရက္မ်ားဆိုလွ်င္ လမ္းသလားတတ္သည့္ ကိုဘုန္းဟာ အခုဆိုလွ်င္ အိမ္မွာပဲကပ္ေနေတာ့သည္ကိုလည္း သလင္းသတိထားမိ၏။

တစ္ခါတစ္ေလ အလုပ္ကို ေနာက္က်မွ ကေရာေသာပါးေရာက္လာတတ္ၿပီး ႐ုံးဆင္းတာနဲ႕ လွစ္ကနဲေပ်ာက္သြားတတ္ျပန္သည္။

မေတြ႕ေတာ့၍ ဖုန္းဆက္မေမးလိုက္နဲ႕ ' အိမ္မွာ၊ အိမ္ေရာက္ေနၿပီ၊ အိမ္ျပန္ေနတာ ' ဟူသည့္ သူ႕ရဲ႕ႏႈတ္စြဲေနၿပီျဖစ္သည့္ မူပိုင္စကားလုံးမ်ားသာ ၾကားရတတ္သည္။

အိမ္နဲ႕မ်ား ခ်စ္သူေတြျဖစ္ေနၾကတာလားဟု မဆီမဆိုင္ေတြးမိေလ၏။

အိမ္ကိုသာ တန္းတန္းစြဲျဖစ္ေနရေအာင္ ကိုဘုန္းကိုႀကိဳမယ့္သူေတာင္ အိမ္မွာမရွိတာကို သလင္းေကာင္းေကာင္းသိထားေလသည္။

'' အင္း...ေမာင္လည္း အားပါတယ္၊ အခ်စ္ဘယ္သြားခ်င္လို႔လဲ ''

'' လဝက္လည္းက်ိဳးေနၿပီဆိုေတာ့ ကိုယ့္ေဂဟာဆီကို သြားမလားလို႔...၊ ဆရာမႀကီးကိုလည္းေတြ႕ရင္း ကေလးေတြအတြက္ မုန့္နဲ႕အ႐ုပ္ေလးေတြ ဝယ္သြားခ်င္လို႔....ေမာင္လိုက္ပို႔မယ္မလား ''

ေသြးသစ္၏ေဘးမွ ခုံအလြတ္တြင္ဝင္ထိုင္လိုက္ၿပီး ခြၽဲခြၽဲႏြဲႏြဲ ပူစာမိပါသည္။

ေသြးသစ္သည္ မ်က္ေၾကာမ်ားတင္းေနေအာင္အထိ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး

'' ေမာင္ မအားဘူးအခ်စ္ ''

'' ဟင္...ခဏကေျပာေတာ့ အားတယ္ဆို ''

'' အင္း ခဏကေတာ့ အားတယ္၊ အခုေတာ့မအားေတာ့ဘူး ''

'' အင္းပါ လိုက္မပို႔ပါနဲ႕ေတာ့၊ ကိုယ့္ဘာသာသြားလိုက္ေတာ့မယ္ ''

သြားၿပီ။ ေသြးသစ္ ေတြးထားသည္ႏွင့္လုံးဝဆန့္က်င္ဘက္။

မိမိက မလိုက္ပို႔ဘူးဟုေျပာလွ်င္ ခ်စ္သူကအတင္းလိုက္ပို႔ဖို႔ ေျပာမည္၊ ထိုအခါ လိုက္ပို႔ေစခ်င္ရင္ ေမာင့္ကိုနမ္းရင္လိုက္ပို႔မယ္ဟုေျပာလိုက္ရင္ သလင္းကလည္း နမ္းလိုက္ရင္..........

သို႔ေသာ္ အေတြးတို႔က ျဖစ္မလာ၊ ေလထဲတိုက္အိမ္ေဆာက္သည့္ႏွယ္ ေလညွင္းတစ္ခ်က္အေဝွ႕မွာ ေပ်ာက္ကြယ္သြားပါေတာ့သည္။

'' စတာပါ...ေမာင္လိုက္ပို႔ပါ့မယ္၊ စိတ္မခ်ဘဴးဗ်၊ ေတာ္ၾကာဟိုတစ္ခါကလို ဦးဘုန္းသာလွ်ံေရာက္လာလိမ့္မယ္ ''

ႏႈတ္ခမ္းမဲ့ကာ႐ြဲ႕ကာေျပာေနသည့္ ေမာင့္အားၾကည့္ရင္း သလင္းရယ္လိုက္မိသည္။

ျပက္ရယ္ျပဳခ်င္းသေဘာမ်ိဳးလုံးဝမဟုတ္၊ ကေလးဆန္ေနသည့္အတြက္ သေဘာက်၍ ရယ္ခ်င္းမ်ိဳးသာျဖစ္ေလသည္။

'' အဲ့ဒါကေတာ့ လုံးဝျဖစ္လာမယ္မထင္ဘူး၊ ဘာလို႔လဲဆိုေတာ့ အခုရက္ပိုင္း ကိုဘုန္းက အိမ္မွအိမ္ျဖစ္ေနတာေလ၊ ကုတ္နဲ႕ေကာ္ထုတ္ရင္ေတာင္ ထြက္လာမွာမဟုတ္ဘူး...၊ထူးေတာ့ထူးဆန္းတယ္ ကိုဘုန္းက အိမ္ကပ္ေနရတယ္လို႔....''

'' သူ႕အိမ္ထဲမွာ တစ္ေယာက္ေယာက္မ်ားရွိေနတာလား ''

ေသြးသစ္တို႔မ်ား ေတာ္ခ်က္၊ ခ်က္ကနဲ စဥ္းစားရင္ ဒက္ကနဲ အေျဖရ၏။

seme,seme ခ်င္း ေျချမင္တာမ်ိဳးေနမွာေပါ့။ (ေႁမြေႁမြခ်င္းေျချမင္ကို version ေျပာင္းထားသည္။)

'' ထားလိုက္ပါ...ေမာင္လိုက္ပို႔မွာေသခ်ာပါတယ္ေနာ္ ''

'' ေသြးသစ္ပါ...စကားကိုတစ္ခြန္းကို ႏွစ္ခါမေျပာဘူး၊ ပ်င္းလို႔....''

'' ဟား...ဟာ....''

တိုင္ပင္ထားျခင္းမရွိဘဲ ႏွစ္ေယာက္သားၿပိဳင္တူရယ္လိုက္မိၾက၏။

'' လုပ္ စားစား၊ သြားရေအာင္ အဝတ္အစားလည္း လဲရဦးမွာ ''

'' ဘယ္သြားၾကမလို႔လဲ သားတို႔က ''

မိမိတို႔၏ ေက်ာဘက္ဆီမွ ၾကားလိုက္ရသည့္အသံပိုင္ရွင္အား လွည့္ၾကည့္လိုက္ေတာ့ အိမ္အေပၚထပ္မွ ဆင္းလာကာ ထမင္းစားခန္းထဲဝင္လာသည့္ ေဒၚ႐ူပါမ်ိဳး။

စားပြဲတြင္ဝင္ထိုင္လိုက္ေသာ အသစ္စက္စက္ ေမေမ့အတြက္ ေကာ္ဖီတစ္ခြက္ ငွဲ႕ေပးေနရင္း

'' ဒီေန႕ သားငယ္ငယ္ကေနခဲ့တဲ့ ေဂဟာကို ခဏသြားမလို႔၊ ဆရာမႀကီးကို ႏႈတ္ဆက္ရင္း ကေလးေတြနဲ႕လည္းေတြ႕ခ်င္လို႔ေလ....ေမာင္လည္း အားေနေတာ့ လိုက္ပို႔ခိုင္းေနတာ ''

'' ေကာင္းသားပဲ သြားၾကေလ ''

'' ေမေမေရာ လိုက္ခဲ့ပါလား ''

'' လိုက္ေတာ့လိုက္ခ်င္ေပမယ့္ အခု ခ်ိန္းထားၿပီးသားျဖစ္ေနလို႔ ေနာက္တစ္ခါသြားျဖစ္ရင္ ေမေမ့ကို ႀကိဳေျပာေလ...''

'' ဟုတ္ကဲ့...''

'' ကဲ သြားၿပီ သားတို႔ ''

ေကာ္ဖီကို တစ္က်ိဳက္တည္းေမာ့ကာ လက္စသတ္လိုက္ၿပီး ထြက္သြားသည့္ ေဒၚ႐ူပါမ်ိဳးအား ေသြးသစ့တို႔ႏွစ္ေယာက္လုံး ဟုတ္ကဲ့ ဟုသာတုန့္ျပန္ျဖစ္ခဲ့၏။

'' အခ်စ္ ဘယ္သူမွမရွိတုန္းေလး ေမာင့္ကိုနမ္းပါဦး ''

ခ်စ္သူအားေပါင္ေပၚဆြဲထိုင္ေစလိုက္ၿပီး ပါးေဖာင္းေပးထားလိုက္သည္။

အခုပုံစံက သလင္းက ေသြးသစ္ေပါင္ေပၚေရာက္ေနၿပီး ေဘးတေစာင္းထိုင္ေနသည့္ သလင္းရဲ႕ လက္ႏွစ္ဖက္က ေသြးသစ္၏ ဂုတ္ပိုးကို သိုင္းကာ ဖက္တြယ္ထားေလသည္။

'' ေစာေစာစီးစီး ဘာျဖစ္ေနတာလဲ ''

'' Morning kiss ေလ ''

'' မနက္က အိပ္ရာထေတာ့ ေပးၿပီးၿပီေလ ''

'' ပါးကို မဟုတ္ဘူး၊ ႏႈတ္ခမ္းကို ''

ဟု ေျပာကာ ႏႈတ္ခမ္းေထာ္ေပးထားလိုက္သည္။

'' ႀကီးျမ ျပန္လာရင္ ေတြ႕သြားမယ္ ''

'' မလာေသးပါဘူး၊ ႀကီးျမက ေစ်းသြားရင္ အကြာကြၽိး...နမ္းသာနမ္းစမ္းပါ၊ အခုလိုလုပ္တာကမွ အခ်ိန္ပိုၾကာတယ္ ''

'' ေမာင္ကေတာ့..ဇြတ္ပဲ ''

'' အဲ့ေတာ့ မခ်စ္ဘူးလား ''

'' အင္...မခ်စ္ပါဘူး ''

'' ေမာင္ကေတာ့ ျမဴတစ္မႈန္စာေလးကေန စၾကာဝ႒ာေလာက္ႀကီးထိ ခ်စ္တယ္....''

'' ဘာလို႔လဲ ''

'' သလင္းႏြေဆိုတဲ့ ေမာင့္အခ်စ္ေလးျဖစ္ေနလို႔ေပါ့....''

'' အာလူး ''

'' အာလူးမဟုတ္ပါဘူး၊ ႏွာဗူး ပါ ''

'' ကိုယ့္ကိုယ္ကိုယ္က်သိသားပဲ ဟြန့္ ''

'' ကဲ ၾကာတယ္ဗ်ာ နမ္းေတာ့ ''

'' အင္း မ်က္လုံးမွိတ္ ''

ေမာင့္ရဲ႕ မ်က္လုံးေတြမွိတ္က်သြားေပမယ့္ ေဆးလိပ္မေသာက္ေတာ့၍ အနည္းငယ္ျပန္ေဖြးလာသည့္ ႏႈတ္ခမ္းတစ္စုံက ဆြဲေဆာင္မႈရွိလွျပန္၏။

ထိုႏႈတ္ခမ္းသားေလးကို အေသြးအသားထဲကပါ တပ္မက္စြဲလမ္းေနမိသူက သလင္းႏြေ။

ႏႈတ္ခမ္းလွသူႏွင့္ ထိုႏႈတ္ခမ္းေတြကို စြဲလမ္းေနသူတို႔ၾကား တစ္ပြဲတစ္လမ္း ႏႊဲစမ္းၾကေပဦးမည္။

သလင္းကပါ မ်က္စိစုံမွိတ္လိုက္ကာ ေသြးသစ္၏ ႏႈတ္ခမ္းသားတို႔ကို နမ္းရွိုက္မည္အျပဳ....။

'' အီး....ဟီး...သူငယ္ခ်င္း ေသြးသစ္ေရ....အီး...ဟီး...ငါ့ ငါ့ကို ကယ္ပါဦး...အီး...''

သလင္းေရာ ေသြးသစ္ပါ ႐ုတ္တရက္ မ်က္လုံးမ်က္စံမ်ားပင္ျပဴးသာ အေၾကာင္သား မတ္တပ္ရပ္လိုက္မိၾကသည္။

'' ေသြးသစ္ေရ မင္းဘယ္မွာလဲ...ဟီး..အီး...ငါ..ငါ့ကိုအသံေပးပါဦး...ဟင့္...''

ထမင္းစားခန္းထဲမွ ေသြးသစ္နဲ႕သလင္းတို႔ကေတာ့ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ကာ မ်ားစြာေသာေမးခြန္းမ်ား ေမးေနမိၾကသည္။

'' ေဟ့ေကာင္ ငါထမင္းစားခန္းထဲမွာ လာခဲ့ ''

'' အီး...လာၿပီ လာၿပီ ''

ထမင္းစားခန္းထဲ ေရာက္တာနဲ႕ပဲ မင္းသန့္ကိုကိုသည္ စားပြဲေပၚလက္တင္ ေခါင္းေမွာက္ကာ ငိုေနေတာ့၏။

~~~~~~~~~~~~~~~~~~~<<<>>>~~~~~~~~~~~~~~~~~~

( 11.6.2021)
vote ေလးဘာေလး ေပးၾကပါဦးဗ်။

____________________________________________________

Continue Reading

You'll Also Like

300K 36.7K 54
First Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှား​နေတယ် မုန့်လင်လင်ကွ... ဪ​အေး ဟုတ်သား...
110K 5.5K 19
Zawgyi နာမည္ႀကီး Companyပိုင္ရွင္ သူေဌးတေယာက္နဲ႔ေလာကႀကီးကို ခပ္ေပါ့ေပါ့ပဲျဖတ္သန္းရင္း Intention လႊတ္ခံရၿပီး တကၠသိုလ္တက္ေနတဲ့ေကာင္ေလး ငယ္ငယ္ထဲကကြဲခဲ့...
104K 6.3K 42
cover by Cohen အမုန်းတရားတွေကနေ ဖြစ်ပေါ်လာတဲ့ လက်စားချေမှုရဲ့ အဆုံးသတ်က ဘာများဖြစ်လေမလဲ...။ ကျေးဇူးတရားကနေ ဖြစ်ပေါ်လာတဲ့ ဂရုစိုက်၊စောင့်ရှောက်မှုရဲ့...