မုန္း၍ခ်စ္ခဲ့သည္ ( မုန်း၍ချစ်...

By Tokebloom

16.4K 1.1K 131

OFFGUN Fanfic Zawgyi & Unicode 6.6.2021 to 11.7.2021 More

အပိုင္း(၁)
အပိုင္း (၂)
အပိုင္း(၄)
အပိုင္း(၅)
အပိုင္း(၆)
အပိုင္း(၇)
အပိုင္း(၈)
အပိုင္း(၉)
အပိုင္း(၁၀)
အပိုင္း(၁၁)
အပိုင္း(၁၂)
အပိုင္း(၁၃)
အပိုင္း(၁၄)
အပိုင္း(၁၅)
အပိုင္း(၁၆)
အပိုင္း(၁၇)
အပိုင္း(၁၈)
အပိုင္း(၁၉)
အပိုင္း(၂၀)
အပိုင္း(၂၁)
အပိုင္း(၂၂)
The end

အပိုင္း(၃)

925 65 8
By Tokebloom

ကၽြန္ေတာ္နာမည္က Gun Atthaphan။ အသက္က(၂၀)ရွိၿပီ။ ဒီေန႔သြားမယ့္ ေက်ာင္းေလ့လာေရးခရီးစဥ္ကို အရမ္းစိတ္လွဳပ္ရွားေနတဲ့ ေကာင္ေလး တစ္ေယာက္ေပါ့။ ကိုကိုမပါဘဲ ပထမဆံုး ထြက္ဖူးတဲ့ ခရီးတစ္ခုမို႔ ရန္တုန္ေနတာေတာ့ အမွန္ပဲ။ ဒါေတာင္ ကိုကိုက ကၽြန္ေတာ္ကို ေနာက္ကေန ကားတစ္စီးနဲ႔ လူလႊတ္ေပးမယ္ေျပာေနလို႔ မနည္းေျပာထားရတာ။ အဲ့လိုေျပာလို႔ရေအာင္လည္း ဆုေပးဒဏ္ေပးစနစ္ကို ႀကိဳက္ႏွစ္သက္တဲ့ကိုကိုေၾကာင့္ ဒီတစ္ႏွစ္ပတ္လံုးရဲ႕ အထူးခၽြန္ဆံုး ေက်ာင္းသားဆုကို ႏွစ္စကတည္းက ကိုကိုသေဘာက်ေအာင္ ႀကိဳးစားေပးထားရတာ။

"Gun...Gun!!"

"လာၿပီ"

သူငယ္ခ်င္းျဖစ္သူ Tulipက ကားျပတင္းေပါက္ကေန လွမ္းေအာ္ေနေလၿပီ။

Gunက ပါလာတဲ့ Luggageကို ကားဝမ္းဗိုက္ထဲ ထည့္ေပးေနသည့္ စီနီယာေတြလက္ထဲ ထည့္ခဲ့ကာ ကားေပၚအေျပးတက္လိုက္ေလသည္။

အတန္းတူ သူငယ္ခ်င္းေတြကို ေနရာတူတူစီစဥ္ေပးထားသည္မို႔ သူငယ္ခ်င္းမျဖစ္သူ Tulipနဲ႔ အတူတူထိုင္ရသည္။

"နင့္ကိုကိုေရာ"

ကားျပတင္းေပါက္ျခမ္းကို ေက်ာ္ၾကည့္ၿပီး Gunကိုေမးလိုက္သည္။

"ကိုကိုက လိုက္မလို႔"

"အြန္း"

" ငါ ဒီတစ္ေခါက္ရတဲ့ဆုက ကိုကို႔ကို လိုရာေတာင္းေလ"

"အဲ့ဒါနဲ႔ နင္ကို ဒီလိုတစ္ေယာက္တည္း လႊတ္လိုက္တယ္ေပါ့ေလ"

"အြန္း"

"အမေလး ေတာ္ေတာ္ေပ်ာ္ေန၊ ဟိုေရာက္ရင္ နင္နဲ႔ငါနဲ႔က အခန္းတူတူ မက်ဘူး၊ ငါ စီနီယာတို႔ကို အခန္းကပ္လ်က္ထားဖို႕ သြားေျပာလိုက္မယ္"

စိတ္လွဳပ္ရွားမွဳအျပည့္နဲ႔ ျပန္ေျဖသည့္ Gunဆိုသည့္ သူငယ္ခ်င္းေလးကိုၾကည့္ရင္း Tulipရယ္ရယ္ျပံဳးျပံဳးဆိုမိသည္။

Gun နည္းနည္း စိတ္လွဳပ္ရွားေနတာမို႔ နားၾကပ္ကိုတပ္ကာ Taylor Swift best songs playlistထဲက သီခ်င္းေတြကို ဖြင့္နားေထာင္ရင္း လိုက္ညည္းေနေတာ့သည္။

_________________________________________

အခ်ိန္အားျဖင့္ (၁၃)ႏွစ္ၾကာခဲ့ၿပီ။ အေဖရဲ႕ အမွဳက ခုခ်ိန္ထိ သဲလြန္စရွာမရေသး။ ယေန႔အထိ စံုစမ္းရသေလာက္ တဖက္က စီးပြါးေရးလုပ္ငန္းရွင္အမည္ခံ ဂိုဏ္းေခါင္းေဆာင္သူေဌးႀကီး၏ဆက္ခံသူမွာ Tay Tawanဆိုသည့္ လက္ရွိလုပ္ငန္းစုႀကီးေတြမွာ ေအာင္ျမင္ေနသည့္ လူငယ္တစ္ေယာက္ ျဖစ္ေလသည္။

Tay Tawanက စီးပြါးေရးအျမင္ရွိသည္ဟု ဆိုရမည္။ ဒါ့အျပင္ သူ၏တစ္ဦးတည္းေသာ ညီေလးကို ခ်စ္ခင္လြန္းသည္ဟု သတင္းထြက္ေလသည္။ သို႔ေပမယ့္ ထိုညီေလးကို မီဒီယာအေရွ႕သို႔ ထုတ္ေဖာ္ေျပာၾကားျခင္း မရွိ၊ ဖြက္ထားသည္ဟုပင္ ထင္ရသည္။

Tayမွာ ဖခင္လက္ထပ္က ဂိုဏ္းႀကီးရဲ႕ ဆက္ခံသူအျဖစ္ နာမည္ႀကီးေပမယ့္ သူ႔လက္ထပ္မွာေတာ့ အစိုးရႏွင့္မည္သည့္အခ်ိန္မွ ဝင္ေရာက္ပတ္သတ္ျခင္း မရွိေတာ့ေပ။

ထိုအစား အစိုးရလူႀကီးပိုင္းေတြကသာ တကူးတက သြားေရာက္ေတြ႕ဆံုသည့္ အေနအထားသို႔ ေရာက္ရွိသြားေလေတာ့သည္။

"ဆရာOff... အမႈသည္ ေရာက္ပါၿပီ"

"Ok..."

ဒီေန႔ခ်ိန္းထားသည့္ ေနာက္ဆံုးဧည့္သည္ဟု ဆိုရမည္။ Off၏ဝါသနာမွာ ဖခင္ျဖစ္သူေရွ႕ေနခ်ဳပ္ႀကီး ေသဆံုးၿပီးသည့္ေနာက္ ထူးဆန္းစြာပင္ ေျပာင္းလဲခဲ့သည္။

ဖခင္ေျခရာလိုက္သည္ဟုဆိုကာ မိခင္ျဖစ္သူမွာေတာ့ အရာအားလံုး ပ့ံပိုးေပးေလသည္။ မိသားစုပိုင္လုပ္ငန္းေတြကိုေတာ့ မိခင္ျဖစ္သူကသာ ဆက္လက္ဦးေဆာင္ေနေတာ့သည္။

ဖခင္အမွဳကို ေဖၚထုတ္လို႔ မရမခ်င္း ဒီအလုပ္မွ ရပ္နားမည္မဟုတ္ေၾကာင္းကိုေတာ့ Offကလြဲၿပီး မည္သူတစ္ဦးတစ္ေယာက္ကမွ် သိရွိမည္မဟုတ္ေခ်။

"အမွဳသည္ ေစာင့္ရတာၾကာသြားလားဗ်"

"မၾကာပါဘူးရွင္၊ ကၽြန္မလည္း အခုမွ ေရာက္တာပါ။ ဆရာေျပာထားတဲ့ အခ်က္လက္ေတြ ကၽြန္မအကုန္ယူခဲ့ပါတယ္၊ ဒါက သူနဲ႔ကၽြန္မလက္ထပ္ကတည္းက ထက္ထပ္ပြားေတြကို စာရင္းအတိအက်လုပ္ခဲ့တာပါ။ ျမန္ျမန္ေလး အဆံုးသတ္ေပးပါရွင္။ ကၽြန္မ အဲ့ဒီလူကို ဘယ္လိုမွ မေတြ႕ခ်င္ေတာ့လို႔ပါ"

အညိဳေရာင္စာအိတ္ရွည္တစ္ခုကို Offရွိရာဘက္ တြန္းေပးရင္း ထိုအမ်ိဳးသမီးက စကားတို႔ကို မရပ္မနားဆိုသည္။

အိမ္ေထာင္ရွင္မ်ား ကြဲၾကသည့္အခါ မည္သည့္အေၾကာင္းေၾကာင့္၊ ဘယ္သို႔ဘယ္ပံု စသည့္အေၾကာင္းတရားမ်ားစြာ ထြက္ေပၚလာတတ္ၾကသည္။ ထိုသူမ်ားက အစကတည္းက ခ်စ္ျခင္းနဲ႔ကပ္လ်က္က အမုန္းတရားကို မခံစားမိၾကဘူးတဲ့လား။ အစတုန္းကေတာ့ ၾကားေလေသြးလို႔မရေအာင္ ခ်စ္ၾကပါသည္ဆို။ အခုေတာ့....

"ေကာင္းပါၿပီ အမွဳသည္၊ လိုအပ္တာေတြ အကုန္စံုပါတယ္"

စာအိတ္ညိဳထဲသို႔ စာရြက္စာတမ္းေတြကို ျပန္လည္ထည့္သိမ္းလိုက္ၿပီး Off စကားဆက္လိုက္သည္။

"ကၽြန္မ သူ႔မ်က္ႏွာ မျမင္ရဘဲ ၿပီးသြားခ်င္တယ္ ဆရာ၊ အကူညီေတာင္းပါတယ္"

"ေကာင္းၿပီ"

ထိုအမွဳသည္အမ်ိဳးသမီး ျပန္သြားသည့္ေနာက္ Offမွာ စာရြက္စာတမ္းအိတ္ကို မီးခံေသတၱာထဲထည့္ကာ သိမ္းလိုက္သည္။

"Khon No(ခြန္ႏို) "

"ခင္ဗ်ာ"

ခြန္ႏိုက Offရံုခန္းစဖြင့္ကတည္းက ရံုးအကူလုပ္ခဲ့သည္မွာ (၅)ႏွစ္ပင္ေက်ာ္ေလၿပီ။ Offရဲ႕ နာမည္ဟာလည္း ထိုႏွစ္ေတြမွာ တစတစ နာမည္ႀကီးလာၿပီး အခုဆို အထက္တန္းအထူးေရွ႕ေနႀကီးအျဖစ္ အသက္ငယ္ငယ္ရြယ္ရြယ္ျဖင့္ ေအာင္ျမင္ေနေလသည္။ ထိုသို႔ နည္းလမ္းမွန္မွန္ တတ္လွမ္းလာသည္ကလည္း New၏ဖခင္ ေရွ႕ေနခ်ဳပ္ႀကီး၏ အကူညီမ်ားစြာပါေလသည္။

ေရွ႕ေနခ်ဳပ္ဆိုမွ New၏ဖခင္သည္ ေရွ႕ေနခ်ဳပ္ရာထူးမွ ရပ္နားကာ အမတ္ေလာင္းၿပိဳင္ပြဲတြင္ ဝင္အေရြးခံေနေလသည္။

ၿမိဳ႕နယ္ကိုယ္စားျပဳကေန တိုင္းအဆင့္ထိ တက္လွမ္းသြားကာ ယခုဆို ဇကာတင္အမတ္(၄)ေယာက္က်န္ရွိရာတြင္ New၏ဖခင္က တစ္ေျပးေနသည့္ အမတ္ေလာင္းျဖစ္ေလသည္။ ဒီႏွစ္ကုန္သည္ႏွင့္ သမၼတရာထူးအထိ တက္လွမ္းသြားမည္မွာ မလြဲဧကန္ျဖစ္ေလေတာ့သည္။

"ဆရာ...ဆရာOff"

"ဟင္... ကၽြန္ေတာ္ရံုးဆင္းေတာ့မယ္၊ အလုပ္ၿပီးရင္ Khon Noလည္း ျပန္လို႔ရပါၿပီ"

"ဟုတ္ကဲ့ဆရာ"

Off ယေန႔ Newႏွင့္ခ်ိန္းဆိုထားသည့္ကိစၥက ေနာက္အပတ္ ခရီးထြက္ရမည္မို႔ လိုအပ္တာေတြ သြားဝယ္ၿပီး Offအိမ္ကို လာပို႔မယ္ဆိုတာသာသိသည္။ ဘယ္ကိုသြားမလဲဆိုတာ မသိရေသး။

ခရီးထြက္ရတာ ဝါသနာပါသည့္ Newဆိုသည့္ ထိုလူသားကေတာ့ လုပ္ငန္းခြင္ဝင္သည့္ အသက္ရြယ္ေရာက္တာေတာင္ Offကို ဒုကၡေပးေကာင္းဆဲ၊ ေကာင္းတုန္း ျဖစ္ေလသည္။

လက္ရွိအမွဳကို အၿပီးသတ္ဖို႔က (၃)ရက္က်န္ေသးသည္။ ရွားရွားပါးပါး အစိုးရရံုးပိတ္ရက္ေလး အိမ္မွာနားမည္စဥ္းစားထားေပမယ့္လည္း ေခ်ာလာဆြဲသည့္သူက Newျဖစ္ေနေတာ့လည္း ျငင္းမရသည္မွာ အမွန္ပင္ျဖစ္သည္။

ဘာတဲ့ " အလုပ္ပိေနတဲ့ Offကို မၾကည့္ရက္ေတာ့လို႔ " ဆိုတာက ပါေသးသည္။ ကဲ ဒီလိုဆိုေတာ့လည္း ကၽြန္ေတာ္က ဘယ္လို ျငင္းရက္ပါေတာ့မလဲ။

ကားစတီယာရင္ကို ေျဖးၫွင္းစြာလွည့္လိုက္ရင္း ကားရပ္နားထားရာမွ အိမ္ကိုဦးတည္ၿပီး ေမာင္းလိုက္ေတာ့သည္။

_________________________________________

တူ.....တူ....!

အင္တာကြန္မွ ထြက္ေပၚလာသည့္အသံေၾကာင့္ ခလုတ္ကို ႏွိပ္လိုက္ကာ

"သူေဌး၊ ကၽြန္ေတာ္ Khon Sixပါ၊ သခင္ေလးတို႔ တည္းမယ့္ေနရာကို ေရာက္ပါၿပီ၊ အားလံုး ေအးေအးေဆးေဆးပါပဲ"

"သတိရွိရွိနဲ႔ မင္းတို႔သခင္ေလးကို ေစာင့္ေရွာက္၊ ဘာသံညာသံ ငါမၾကားခ်င္ဘူး"

"စိတ္ခ်ပါသူေဌး"

စိတ္ခ်ပါလို႔သာ ေျပာလိုက္ရသည္ Khon Sixတစ္ေယာက္ မ်က္ခံုးက ခပ္လွဳပ္လွဳပ္။ သခင္ေလးက သခင္ႀကီးျဖစ္တဲ့ ကၽြန္ေတာ္တို႔သူေဌးနဲ႔ ခပ္ေဝးေဝးေနလို႔မရသည့္သူထဲတြင္ပါသည္။

အစားအေသာက္ပဲၾကည့္မလား၊ အဝတ္အစားပဲၾကည့္မလား၊ က်န္းမာေရးပဲၾကည့္မလား၊ သခင္ေလးတစ္ေယာက္တည္းကို လႊတ္ထားလို႔ မရ။ ရာဇဝင္ေတြနဲ႔မို႔ Khon Sixမ်က္ခံုးမလွဳပ္မွသာ အဆန္းျဖစ္မည္။

"Zero နဲ႔ Oneမင္းတို႔က ဟိုတယ္ပတ္ဝန္းက်င္ကို သြားၾကည့္လိုက္၊ Threeနဲ႔ Fiveက ဟိုတယ္တြင္းက အစားေသာက္ေတြဘက္ကို ေစာင့္ၾကည့္ထား၊ သခင္ေလးနဲ႔ မတည့္စာေတြပါေနရင္ သခင္မလာခင္ အကုန္ရွင္းထား၊ ငါက သခင္ေလးတို႔ အိပ္ေဆာင္ငွားထားတဲ့ဘက္ သြားၾကည့္မယ္ တစ္ခုခုျဖစ္လို႔မရတာ သိတယ္မွတ္လား၊ သြားေတာ့"

"ဟုတ္ !!!!"

အားလံုးက အလ်ိဳလ်ိဳ ေပ်ာက္ကြယ္သြားေလသည္။

သခင္ေလးက ေက်ာင္းသားအရြယ္ေလးေပမယ့္ (၁၀)ႏွစ္သားအရြယ္မွာ ျပန္ေပးဆြဲခံရသည္မို႔ Tayဟာ အရာရာကို စိတ္မခ်ထား၊ အခုလက္ရွိ အသက္(၂၀)ျပည့္ေနတာေတာင္ သံသယအၿမဲရွိေနတတ္ေလသည္။ သခင္ႀကီးဆံုးသြားကတည္းက သခင္ေလးက သူေဌးရဲ႕တစ္ဦးတည္းေသာ ခင္တြယ္ရာ ျဖစ္လာပံုရသည္။

ထိုအခ်ိန္က ရွိသမွ်တရားေရးဘက္ကလူေတြေရာ လ်ိဳ႕ဝွက္ဂိုဏ္းသားေတြေရာ မေနရ၊ တရားခံကို မဖမ္းမိမခ်င္း ဘယ္သူမွ မနားရဲခဲ့။

(၃)ရက္ၾကာၿပီးေနာက္ ေငြၫွစ္မည့္ျပန္ေပးသမားကို ဖမ္းမိခဲ့ၿပီး သခင္ေလးဟာလည္း အဟာရျပတ္လပ္ေနသည္မို႔ သတိလစ္လ်က္သား ရွာေဖြေတြ႕ရွိခဲ့ရသည္။

ထိုကေလးသူခိုးကေတာ့ သနားစရာေကာင္းလွစြာပဲ မည္သည့္လြတ္ၿငိမ္းခ်မ္းသာခြင့္တြင္မွ မပါဝင္ ခံစားခြင့္မရွိဘဲ ေထာင္ဒဏ္တစ္သက္တစ္ကၽြန္း က်ခံရသည္အထိ Tayက လုပ္ေဆာင္ခဲ့သည္။

ထိုကိစၥေတြ ျပီးသြားသည့္ေနာက္ သခင္ေလးရဲ႕ လ်ိဳ႕ဝွက္အေစာင့္အေရွာက္(၅)ေယာက္က သခင္ေလးသြားရာေနာက္ မသိေအာင္လိုက္ေစာင့္ေရွာက္ရေလေတာ့သည္။

ကဲ ကဲ ကၽြန္ေတာ္လည္း ကၽြန္ေတာ့္သခင္ေလးအေၾကာင္း ေျပာေနတာနဲ႔ အေတာ္ၾကာေနၿပီ။ သခင္ေလးကို ေစာင့္ေရွာက္ဖို႔ သြားလိုက္အံုးမယ္။

_________________________________________

Daddyရဲ႕ အမိန္႔ေၾကာင့္ ေတြ႕ဆံုပြဲတစ္ခုကို Newတစ္ေယာက္ ေရာက္ရွိလို႔ေနသည္။

ဖခင္ရဲ႕အစိုးရဝန္ထမ္းလမ္းေၾကာင္းနဲ႔ ေသြဖီစြာ Newကေတာ့ မိဘပိုင္လုပ္ငန္းတစ္ခုျဖစ္တဲ့ ဟိုတယ္နဲ႔ခရီးသြားလုပ္ငန္းကို လုပ္ကိုင္ေနရသည္။

ဒါလည္း ဝါသနာပါလားဆိုေတာ့ မပါပါ။ ခရီးသြားရတာ ႀကိဳက္ေပမယ့္ လုပ္ငန္းပိုင္းကို ဦးစီးဖို႔က Newႏွစ္သက္ရာ မဟုတ္ခဲ့ေပ။

Newဝါသနာပါတာက တစ္ႏွစ္ကိုတစ္မ်ိဳး ေျပာင္းလဲေနေလသည္။

ငယ္ငယ္တုန္းကေတာ့ နတ္သမီးပံုျပင္ထဲကလို စြမ္းအားရွင္မင္းသားေလး ျဖစ္ခ်င္ခဲ့သည္။

နည္းနည္းသိတတ္လာတဲ့ ဆယ္ေက်ာ္သက္အရြယ္မွာေတာ့ အိမ္နီးခ်င္းသူငယ္ခ်င္းမေလးရဲ႕ အိမ္ေထာင္ဘက္ျဖစ္ခ်င္တာက သူ႔ဝါသနာျဖစ္ခဲ့သည္။

လူပ်ိဳေဖာ္ဝင္စအရြယ္မွာေတာ့ လည္ပင္းဖက္ေပါင္းတဲ့ သူငယ္ခ်င္းျဖစ္သူOffေၾကာင့္ လိင္တူစိတ္ဝင္စားတဲ့သူျဖစ္ေနမွန္း မိမိကိုယ္ကိုယ္ ေဖာ္ထုတ္မိကာ Offရဲ႕ လက္တြဲေဖာ္ျဖစ္ခ်င္ခဲ့သည္။

ဒါကလည္း (၂၀)ေက်ာ္သက္အရြယ္မွာ ေရမွဳန္မႊားေလးေတြလို ျပယ္ပ်က္ကာ Offကိုလည္း မႀကိဳက္ေတာ့ေပ။ လွပတဲ့ မည္သည့္ေကာင္ေလးမဆို New၏အႀကိဳက္ျဖစ္ခဲ့သည္။

ထို႔ေၾကာင့္ ဖခင္တားျမစ္ေနသည့္ၾကားမွ ေမာ္ဒယ္ေအဂ်င္စီတစ္ခုကို တည္ေထာင္ကာ လူသစ္ေတြကို ပ်ိဳးေထာင္ေပးၿပီး နာမည္ႀကီး showပြဲေပါင္းမ်ားစြာကို နာမည္ႀကီးBrandေပါင္းမ်ားစြာနဲ႔ ခ်ိတ္ဆက္ၿပီး လုပ္ေဆာင္ခဲ့တာေၾကာင့္ Newရဲ႕ ေအဂ်င္စီကေန နာမည္ႀကီးေမာ္ဒယ္ေတြေရာ သ႐ုပ္ေဆာင္ေတြေရာဟာ (၅)ႏွစ္အတြင္း ထြက္ေပၚလာသည္။

ထိုေအဂ်င္စီက နာမည္ႀကီးေမာ္ဒယ္ေတြထက္ နာမည္ႀကီးတာကေတာ့ ေအဂ်င္စီ၏သူေဌးကိုယ္တိုင္ပင္ ျဖစ္ေနေတာ့သည္။

"အကိုNew Berryေရာက္ၿပီ"

အခုလည္း Daddyစီစဥ္ထားသည့္ ေတြ႕ဆံုပြဲဆိုတာထက္ ၾကင္ဖက္ေတြ႕ဆံုပြဲဆိုပိုမွန္မည့္ အမတ္ေလာင္း၏သမီးတစ္ေယာက္ျဖစ္သည့္ ေကာင္မေလးႏွင့္ Off၏ဆိုင္တြင္ ခ်ိန္းထားေလသည္။

Offဆိုင္ဆိုလို႔ ဒီဆိုင္ေလးက သူတို႔ငယ္ငယ္ကတည္းက လာေရာက္စားေသာက္ဖူးတဲ့ Offအေဒၚအပ်ိဳႀကီးပိုင္ဆိုင္သည့္ ျပင္သစ္စားေသာက္ဆိုင္ျဖစ္သည္။

အခုအခါမွာေတာ့ Offကို အေမြေတြအားလံုး လႊဲေပးကာ သူမကေတာ့ ကမ႓ာပတ္ခရီးထြက္ေနတတ္ျပီး Offမအားလပ္သည့္အတြက္ ဆိုင္ကိုတစ္ခါတစ္ရံ လာျကည့္ေပးတတ္သည္။

Offအေနျဖင့္ သူ႔အမွဳသည္ေတြႏွင့္ေတာင္ မအားလပ္တာ ဒီဆိုင္ေတြကို အုပ္ခ်ဳပ္ဖို႔ေဝးလို႔ အေဒၚျဖစ္သူကသာ နာမည္အရOffပိုင္ဆိုင္ေပမယ့္ စိတ္ခ်ရသည့္ဝန္ထမ္းေတြႏွင့္အပ္ႏွံေပးထားကာ စာရင္းအင္းကအစ လွည့္ၾကည့္စရာမလိုေအာင္ စီမံေပးထားေလသည္။

ျကိုေရာက္ႏွင့္ေနေသာ ခပ္လွလွေကာင္မေလးက Newကို လက္လွမ္းျပေနသည္မို့ သူမဆီသာ ဦးတည္ေလ်ွာက္သြားလိုက္သည္။

ေတြ႕ဆံုပြဲကို ေနာက္က်မွ ေရာက္သည္ဆိုကတည္းက အမွတ္က (၉၀%)ေလ်ာ့ေနေလၿပီ။

Newတို႔က ေလ်ာ့ေလပိုႀကိဳက္ေလ။ သူမွ ေကာင္မေလးေတြ မႀကိဳက္တာ။ ေလ်ာ့ခ်င္သေလာက္သာ ေလ်ာ့ပါေစေတာ့။

______________________________________

BLOOM
(6.6.2021)
3:39pm

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀


ကျွန်တော်နာမည်က Gun Atthaphan။ အသက်က(၂၀)ရှိပြီ။ ဒီနေ့သွားမယ့် ကျောင်းလေ့လာရေးခရီးစဉ်ကို အရမ်းစိတ်လှုပ်ရှားနေတဲ့ ကောင်လေး တစ်ယောက်ပေါ့။ ကိုကိုမပါဘဲ ပထမဆုံး ထွက်ဖူးတဲ့ ခရီးတစ်ခုမို့ ရန်တုန်နေတာတော့ အမှန်ပဲ။ ဒါတောင် ကိုကိုက ကျွန်တော်ကို နောက်ကနေ ကားတစ်စီးနဲ့ လူလွှတ်ပေးမယ်ပြောနေလို့ မနည်းပြောထားရတာ။ အဲ့လိုပြောလို့ရအောင်လည်း ဆုပေးဒဏ်ပေးစနစ်ကို ကြိုက်နှစ်သက်တဲ့ကိုကိုကြောင့် ဒီတစ်နှစ်ပတ်လုံးရဲ့ အထူးချွန်ဆုံး ကျောင်းသားဆုကို နှစ်စကတည်းက ကိုကိုသဘောကျအောင် ကြိုးစားပေးထားရတာ။

"Gun...Gun!!"

"လာပြီ"

သူငယ်ချင်းဖြစ်သူ Tulipက ကားပြတင်းပေါက်ကနေ လှမ်းအော်နေလေပြီ။

Gunက ပါလာတဲ့ Luggageကို ကားဝမ်းဗိုက်ထဲ ထည့်ပေးနေသည့် စီနီယာတွေလက်ထဲ ထည့်ခဲ့ကာ ကားပေါ်အပြေးတက်လိုက်လေသည်။

အတန်းတူ သူငယ်ချင်းတွေကို နေရာတူတူစီစဉ်ပေးထားသည်မို့ သူငယ်ချင်းမဖြစ်သူ Tulipနဲ့ အတူတူထိုင်ရသည်။

"နင့်ကိုကိုရော"

ကားပြတင်းပေါက်ခြမ်းကို ကျော်ကြည့်ပြီး Gunကိုမေးလိုက်သည်။

"ကိုကိုက လိုက်မလို့"

"အွန်း"

" ငါ ဒီတစ်ခေါက်ရတဲ့ဆုက ကိုကို့ကို လိုရာတောင်းလေ"

"အဲ့ဒါနဲ့ နင်ကို ဒီလိုတစ်ယောက်တည်း လွှတ်လိုက်တယ်ပေါ့လေ"

"အွန်း"

"အမလေး တော်တော်ပျော်နေ၊ ဟိုရောက်ရင် နင်နဲ့ငါနဲ့က အခန်းတူတူ မကျဘူး၊ ငါ စီနီယာတို့ကို အခန်းကပ်လျက်ထားဖို့ သွားပြောလိုက်မယ်"

စိတ်လှုပ်ရှားမှုအပြည့်နဲ့ ပြန်ဖြေသည့် Gunဆိုသည့် သူငယ်ချင်းလေးကိုကြည့်ရင်း Tulipရယ်ရယ်ပြုံးပြုံးဆိုမိသည်။

Gun နည်းနည်း စိတ်လှုပ်ရှားနေတာမို့ နားကြပ်ကိုတပ်ကာ Taylor Swift best songs playlistထဲက သီချင်းတွေကို ဖွင့်နားထောင်ရင်း လိုက်ညည်းနေတော့သည်။

_________________________________________

အချိန်အားဖြင့် (၁၃)နှစ်ကြာခဲ့ပြီ။ အဖေရဲ့ အမှုက ခုချိန်ထိ သဲလွန်စရှာမရသေး။ ယနေ့အထိ စုံစမ်းရသလောက် တဖက်က စီးပွါးရေးလုပ်ငန်းရှင်အမည်ခံ ဂိုဏ်းခေါင်းဆောင်သူဌေးကြီး၏ဆက်ခံသူမှာ Tay Tawanဆိုသည့် လက်ရှိလုပ်ငန်းစုကြီးတွေမှာ အောင်မြင်နေသည့် လူငယ်တစ်ယောက် ဖြစ်လေသည်။

Tay Tawanက စီးပွါးရေးအမြင်ရှိသည်ဟု ဆိုရမည်။ ဒါ့အပြင် သူ၏တစ်ဦးတည်းသော ညီလေးကို ချစ်ခင်လွန်းသည်ဟု သတင်းထွက်လေသည်။ သို့ပေမယ့် ထိုညီလေးကို မီဒီယာအရှေ့သို့ ထုတ်ဖော်ပြောကြားခြင်း မရှိ၊ ဖွက်ထားသည်ဟုပင် ထင်ရသည်။

Tayမှာ ဖခင်လက်ထပ်က ဂိုဏ်းကြီးရဲ့ ဆက်ခံသူအဖြစ် နာမည်ကြီးပေမယ့် သူ့လက်ထပ်မှာတော့ အစိုးရနှင့်မည်သည့်အချိန်မှ ဝင်ရောက်ပတ်သတ်ခြင်း မရှိတော့ပေ။

ထိုအစား အစိုးရလူကြီးပိုင်းတွေကသာ တကူးတက သွားရောက်တွေ့ဆုံသည့် အနေအထားသို့ ရောက်ရှိသွားလေတော့သည်။

"ဆရာOff... အမှုသည် ရောက်ပါပြီ"

"Ok..."

ဒီနေ့ချိန်းထားသည့် နောက်ဆုံးဧည့်သည်ဟု ဆိုရမည်။ Off၏ဝါသနာမှာ ဖခင်ဖြစ်သူရှေ့နေချုပ်ကြီး သေဆုံးပြီးသည့်နောက် ထူးဆန်းစွာပင် ပြောင်းလဲခဲ့သည်။

ဖခင်ခြေရာလိုက်သည်ဟုဆိုကာ မိခင်ဖြစ်သူမှာတော့ အရာအားလုံး ပ့ံပိုးပေးလေသည်။ မိသားစုပိုင်လုပ်ငန်းတွေကိုတော့ မိခင်ဖြစ်သူကသာ ဆက်လက်ဦးဆောင်နေတော့သည်။

ဖခင်အမှုကို ဖေါ်ထုတ်လို့ မရမချင်း ဒီအလုပ်မှ ရပ်နားမည်မဟုတ်ကြောင်းကိုတော့ Offကလွဲပြီး မည်သူတစ်ဦးတစ်ယောက်ကမျှ သိရှိမည်မဟုတ်ချေ။

"အမှုသည် စောင့်ရတာကြာသွားလားဗျ"

"မကြာပါဘူးရှင်၊ ကျွန်မလည်း အခုမှ ရောက်တာပါ။ ဆရာပြောထားတဲ့ အချက်လက်တွေ ကျွန်မအကုန်ယူခဲ့ပါတယ်၊ ဒါက သူနဲ့ကျွန်မလက်ထပ်ကတည်းက ထက်ထပ်ပွားတွေကို စာရင်းအတိအကျလုပ်ခဲ့တာပါ။ မြန်မြန်လေး အဆုံးသတ်ပေးပါရှင်။ ကျွန်မ အဲ့ဒီလူကို ဘယ်လိုမှ မတွေ့ချင်တော့လို့ပါ"

အညိုရောင်စာအိတ်ရှည်တစ်ခုကို Offရှိရာဘက် တွန်းပေးရင်း ထိုအမျိုးသမီးက စကားတို့ကို မရပ်မနားဆိုသည်။

အိမ်ထောင်ရှင်များ ကွဲကြသည့်အခါ မည်သည့်အကြောင်းကြောင့်၊ ဘယ်သို့ဘယ်ပုံ စသည့်အကြောင်းတရားများစွာ ထွက်ပေါ်လာတတ်ကြသည်။ ထိုသူများက အစကတည်းက ချစ်ခြင်းနဲ့ကပ်လျက်က အမုန်းတရားကို မခံစားမိကြဘူးတဲ့လား။ အစတုန်းကတော့ ကြားလေသွေးလို့မရအောင် ချစ်ကြပါသည်ဆို။ အခုတော့....

"ကောင်းပါပြီ အမှုသည်၊ လိုအပ်တာတွေ အကုန်စုံပါတယ်"

စာအိတ်ညိုထဲသို့ စာရွက်စာတမ်းတွေကို ပြန်လည်ထည့်သိမ်းလိုက်ပြီး Off စကားဆက်လိုက်သည်။

"ကျွန်မ သူ့မျက်နှာ မမြင်ရဘဲ ပြီးသွားချင်တယ် ဆရာ၊ အကူညီတောင်းပါတယ်"

"ကောင်းပြီ"

ထိုအမှုသည်အမျိုးသမီး ပြန်သွားသည့်နောက် Offမှာ စာရွက်စာတမ်းအိတ်ကို မီးခံသေတ္တာထဲထည့်ကာ သိမ်းလိုက်သည်။

"Khon No(ခွန်နို) "

"ခင်ဗျာ"

ခွန်နိုက Offရုံခန်းစဖွင့်ကတည်းက ရုံးအကူလုပ်ခဲ့သည်မှာ (၅)နှစ်ပင်ကျော်လေပြီ။ Offရဲ့ နာမည်ဟာလည်း ထိုနှစ်တွေမှာ တစတစ နာမည်ကြီးလာပြီး အခုဆို အထက်တန်းအထူးရှေ့နေကြီးအဖြစ် အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် အောင်မြင်နေလေသည်။ ထိုသို့ နည်းလမ်းမှန်မှန် တတ်လှမ်းလာသည်ကလည်း New၏ဖခင် ရှေ့နေချုပ်ကြီး၏ အကူညီများစွာပါလေသည်။

ရှေ့နေချုပ်ဆိုမှ New၏ဖခင်သည် ရှေ့နေချုပ်ရာထူးမှ ရပ်နားကာ အမတ်လောင်းပြိုင်ပွဲတွင် ဝင်အရွေးခံနေလေသည်။

မြို့နယ်ကိုယ်စားပြုကနေ တိုင်းအဆင့်ထိ တက်လှမ်းသွားကာ ယခုဆို ဇကာတင်အမတ်(၄)ယောက်ကျန်ရှိရာတွင် New၏ဖခင်က တစ်ပြေးနေသည့် အမတ်လောင်းဖြစ်လေသည်။ ဒီနှစ်ကုန်သည်နှင့် သမ္မတရာထူးအထိ တက်လှမ်းသွားမည်မှာ မလွဲဧကန်ဖြစ်လေတော့သည်။

"ဆရာ...ဆရာOff"

"ဟင်... ကျွန်တော်ရုံးဆင်းတော့မယ်၊ အလုပ်ပြီးရင် Khon Noလည်း ပြန်လို့ရပါပြီ"

"ဟုတ်ကဲ့ဆရာ"

Off ယနေ့ Newနှင့်ချိန်းဆိုထားသည့်ကိစ္စက နောက်အပတ် ခရီးထွက်ရမည်မို့ လိုအပ်တာတွေ သွားဝယ်ပြီး Offအိမ်ကို လာပို့မယ်ဆိုတာသာသိသည်။ ဘယ်ကိုသွားမလဲဆိုတာ မသိရသေး။

ခရီးထွက်ရတာ ဝါသနာပါသည့် Newဆိုသည့် ထိုလူသားကတော့ လုပ်ငန်းခွင်ဝင်သည့် အသက်ရွယ်ရောက်တာတောင် Offကို ဒုက္ခပေးကောင်းဆဲ၊ ကောင်းတုန်း ဖြစ်လေသည်။

လက်ရှိအမှုကို အပြီးသတ်ဖို့က (၃)ရက်ကျန်သေးသည်။ ရှားရှားပါးပါး အစိုးရရုံးပိတ်ရက်လေး အိမ်မှာနားမည်စဉ်းစားထားပေမယ့်လည်း ချောလာဆွဲသည့်သူက Newဖြစ်နေတော့လည်း ငြင်းမရသည်မှာ အမှန်ပင်ဖြစ်သည်။

ဘာတဲ့ " အလုပ်ပိနေတဲ့ Offကို မကြည့်ရက်တော့လို့ " ဆိုတာက ပါသေးသည်။ ကဲ ဒီလိုဆိုတော့လည်း ကျွန်တော်က ဘယ်လို ငြင်းရက်ပါတော့မလဲ။

ကားစတီယာရင်ကို ဖြေးညှင်းစွာလှည့်လိုက်ရင်း ကားရပ်နားထားရာမှ အိမ်ကိုဦးတည်ပြီး မောင်းလိုက်တော့သည်။

_________________________________________

တူ.....တူ....!

အင်တာကွန်မှ ထွက်ပေါ်လာသည့်အသံကြောင့် ခလုတ်ကို နှိပ်လိုက်ကာ

"သူဌေး၊ ကျွန်တော် Khon Sixပါ၊ သခင်လေးတို့ တည်းမယ့်နေရာကို ရောက်ပါပြီ၊ အားလုံး အေးအေးဆေးဆေးပါပဲ"

"သတိရှိရှိနဲ့ မင်းတို့သခင်လေးကို စောင့်ရှောက်၊ ဘာသံညာသံ ငါမကြားချင်ဘူး"

"စိတ်ချပါသူဌေး"

စိတ်ချပါလို့သာ ပြောလိုက်ရသည် Khon Sixတစ်ယောက် မျက်ခုံးက ခပ်လှုပ်လှုပ်။ သခင်လေးက သခင်ကြီးဖြစ်တဲ့ ကျွန်တော်တို့သူဌေးနဲ့ ခပ်ဝေးဝေးနေလို့မရသည့်သူထဲတွင်ပါသည်။

အစားအသောက်ပဲကြည့်မလား၊ အဝတ်အစားပဲကြည့်မလား၊ ကျန်းမာရေးပဲကြည့်မလား၊ သခင်လေးတစ်ယောက်တည်းကို လွှတ်ထားလို့ မရ။ ရာဇဝင်တွေနဲ့မို့ Khon Sixမျက်ခုံးမလှုပ်မှသာ အဆန်းဖြစ်မည်။

"Zero နဲ့ Oneမင်းတို့က ဟိုတယ်ပတ်ဝန်းကျင်ကို သွားကြည့်လိုက်၊ Threeနဲ့ Fiveက ဟိုတယ်တွင်းက အစားသောက်တွေဘက်ကို စောင့်ကြည့်ထား၊ သခင်လေးနဲ့ မတည့်စာတွေပါနေရင် သခင်မလာခင် အကုန်ရှင်းထား၊ ငါက သခင်လေးတို့ အိပ်ဆောင်ငှားထားတဲ့ဘက် သွားကြည့်မယ် တစ်ခုခုဖြစ်လို့မရတာ သိတယ်မှတ်လား၊ သွားတော့"

"ဟုတ် !!!!"

အားလုံးက အလျိုလျို ပျောက်ကွယ်သွားလေသည်။

သခင်လေးက ကျောင်းသားအရွယ်လေးပေမယ့် (၁၀)နှစ်သားအရွယ်မှာ ပြန်ပေးဆွဲခံရသည်မို့ Tayဟာ အရာရာကို စိတ်မချထား၊ အခုလက်ရှိ အသက်(၂၀)ပြည့်နေတာတောင် သံသယအမြဲရှိနေတတ်လေသည်။ သခင်ကြီးဆုံးသွားကတည်းက သခင်လေးက သူဌေးရဲ့တစ်ဦးတည်းသော ခင်တွယ်ရာ ဖြစ်လာပုံရသည်။

ထိုအချိန်က ရှိသမျှတရားရေးဘက်ကလူတွေရော လျို့ဝှက်ဂိုဏ်းသားတွေရော မနေရ၊ တရားခံကို မဖမ်းမိမချင်း ဘယ်သူမှ မနားရဲခဲ့။

(၃)ရက်ကြာပြီးနောက် ငွေညှစ်မည့်ပြန်ပေးသမားကို ဖမ်းမိခဲ့ပြီး သခင်လေးဟာလည်း အဟာရပြတ်လပ်နေသည်မို့ သတိလစ်လျက်သား ရှာဖွေတွေ့ရှိခဲ့ရသည်။

ထိုကလေးသူခိုးကတော့ သနားစရာကောင်းလှစွာပဲ မည်သည့်လွတ်ငြိမ်းချမ်းသာခွင့်တွင်မှ မပါဝင် ခံစားခွင့်မရှိဘဲ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံရသည်အထိ Tayက လုပ်ဆောင်ခဲ့သည်။

ထိုကိစ္စတွေ ပြီးသွားသည့်နောက် သခင်လေးရဲ့ လျို့ဝှက်အစောင့်အရှောက်(၅)ယောက်က သခင်လေးသွားရာနောက် မသိအောင်လိုက်စောင့်ရှောက်ရလေတော့သည်။

ကဲ ကဲ ကျွန်တော်လည်း ကျွန်တော့်သခင်လေးအကြောင်း ပြောနေတာနဲ့ အတော်ကြာနေပြီ။ သခင်လေးကို စောင့်ရှောက်ဖို့ သွားလိုက်အုံးမယ်။

_________________________________________

Daddyရဲ့ အမိန့်ကြောင့် တွေ့ဆုံပွဲတစ်ခုကို Newတစ်ယောက် ရောက်ရှိလို့နေသည်။

ဖခင်ရဲ့အစိုးရဝန်ထမ်းလမ်းကြောင်းနဲ့ သွေဖီစွာ Newကတော့ မိဘပိုင်လုပ်ငန်းတစ်ခုဖြစ်တဲ့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းကို လုပ်ကိုင်နေရသည်။

ဒါလည်း ဝါသနာပါလားဆိုတော့ မပါပါ။ ခရီးသွားရတာ ကြိုက်ပေမယ့် လုပ်ငန်းပိုင်းကို ဦးစီးဖို့က Newနှစ်သက်ရာ မဟုတ်ခဲ့ပေ။

Newဝါသနာပါတာက တစ်နှစ်ကိုတစ်မျိုး ပြောင်းလဲနေလေသည်။

ငယ်ငယ်တုန်းကတော့ နတ်သမီးပုံပြင်ထဲကလို စွမ်းအားရှင်မင်းသားလေး ဖြစ်ချင်ခဲ့သည်။

နည်းနည်းသိတတ်လာတဲ့ ဆယ်ကျော်သက်အရွယ်မှာတော့ အိမ်နီးချင်းသူငယ်ချင်းမလေးရဲ့ အိမ်ထောင်ဘက်ဖြစ်ချင်တာက သူ့ဝါသနာဖြစ်ခဲ့သည်။

လူပျိုဖော်ဝင်စအရွယ်မှာတော့ လည်ပင်းဖက်ပေါင်းတဲ့ သူငယ်ချင်းဖြစ်သူOffကြောင့် လိင်တူစိတ်ဝင်စားတဲ့သူဖြစ်နေမှန်း မိမိကိုယ်ကိုယ် ဖော်ထုတ်မိကာ Offရဲ့ လက်တွဲဖော်ဖြစ်ချင်ခဲ့သည်။

ဒါကလည်း (၂၀)ကျော်သက်အရွယ်မှာ ရေမှုန်မွှားလေးတွေလို ပြယ်ပျက်ကာ Offကိုလည်း မကြိုက်တော့ပေ။ လှပတဲ့ မည်သည့်ကောင်လေးမဆို New၏အကြိုက်ဖြစ်ခဲ့သည်။

ထို့ကြောင့် ဖခင်တားမြစ်နေသည့်ကြားမှ မော်ဒယ်အေဂျင်စီတစ်ခုကို တည်ထောင်ကာ လူသစ်တွေကို ပျိုးထောင်ပေးပြီး နာမည်ကြီး showပွဲပေါင်းများစွာကို နာမည်ကြီးBrandပေါင်းများစွာနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်ခဲ့တာကြောင့် Newရဲ့ အေဂျင်စီကနေ နာမည်ကြီးမော်ဒယ်တွေရော သရုပ်ဆောင်တွေရောဟာ (၅)နှစ်အတွင်း ထွက်ပေါ်လာသည်။

ထိုအေဂျင်စီက နာမည်ကြီးမော်ဒယ်တွေထက် နာမည်ကြီးတာကတော့ အေဂျင်စီ၏သူဌေးကိုယ်တိုင်ပင် ဖြစ်နေတော့သည်။

"အကိုNew Berryရောက်ပြီ"

အခုလည်း Daddyစီစဉ်ထားသည့် တွေ့ဆုံပွဲဆိုတာထက် ကြင်ဖက်တွေ့ဆုံပွဲဆိုပိုမှန်မည့် အမတ်လောင်း၏သမီးတစ်ယောက်ဖြစ်သည့် ကောင်မလေးနှင့် Off၏ဆိုင်တွင် ချိန်းထားလေသည်။

Offဆိုင်ဆိုလို့ ဒီဆိုင်လေးက သူတို့ငယ်ငယ်ကတည်းက လာရောက်စားသောက်ဖူးတဲ့ Offအဒေါ်အပျိုကြီးပိုင်ဆိုင်သည့် ပြင်သစ်စားသောက်ဆိုင်ဖြစ်သည်။

အခုအခါမှာတော့ Offကို အမွေတွေအားလုံး လွှဲပေးကာ သူမကတော့ ကမ်ဘာပတ်ခရီးထွက်နေတတ်ပြီး Offမအားလပ်သည့်အတွက် ဆိုင်ကိုတစ်ခါတစ်ရံ လာကြည့်ပေးတတ်သည်။

Offအနေဖြင့် သူ့အမှုသည်တွေနှင့်တောင် မအားလပ်တာ ဒီဆိုင်တွေကို အုပ်ချုပ်ဖို့ဝေးလို့ အဒေါ်ဖြစ်သူကသာ နာမည်အရOffပိုင်ဆိုင်ပေမယ့် စိတ်ချရသည့်ဝန်ထမ်းတွေနှင့်အပ်နှံပေးထားကာ စာရင်းအင်းကအစ လှည့်ကြည့်စရာမလိုအောင် စီမံပေးထားလေသည်။

ကြိုရောက်နှင့်နေသော ခပ်လှလှကောင်မလေးက Newကို လက်လှမ်းပြနေသည်မို့ သူမဆီသာ ဦးတည်လျှောက်သွားလိုက်သည်။

တွေ့ဆုံပွဲကို နောက်ကျမှ ရောက်သည်ဆိုကတည်းက အမှတ်က (၉၀%)လျော့နေလေပြီ။

Newတို့က လျော့လေပိုကြိုက်လေ။ သူမှ ကောင်မလေးတွေ မကြိုက်တာ။ လျော့ချင်သလောက်သာ လျော့ပါစေတော့။

______________________________________

BLOOM
(6.6.2021)
3:39pm

Continue Reading

You'll Also Like

18.4K 926 30
☀️Love = အချစ် 🌻 ဖွားဖွား ရှိုင်းက ကိုကို့ကို တကယ်လက်ထပ်ရမှာလား...မယူချင်ဘူး ဗြဲ.... (Zaw Shine Htet) မင်းက ငါ့ကိုယူရတာ နာ...
26.1K 988 20
Sirius and Remus sitting in a tree, then there's regulus, oh there's three! Then came James then came Lily, now they're in a three way marriage.
5.9K 522 15
(Unicode) အမှတ်မထင် crh နဲ့ တွေ့ရာက လက်ထပ်ဖို့ထိဖြစ်လာတဲ့သူ ဂျူနီယာလေးနဲ့မှ အမှားကြီးမှားမိတဲ့စီနီယာအကိုကြီး ချီးးး ငါတို့ကြားထဲမှာဘာလွှဲမှားနေလို့လ...
1M 65.3K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...