၂၀၀၇ခုႏွစ္/ဒီဇင္ဘာလ/၂၇ ရက္ေန႔။
ဒီဇင္ဘာရဲ႕ညေတြကို ႏွင္းေတြပိန္းပိတ္ေအာင္က်ျခင္းျဖင့္ ပံုေဖၚေနသည္။
ေရာင္စံုမီးပြင့္ေလးေတြက ႏွင္းမ်ားၾကား ထိုးေဖာက္၍ ဟိုတစ္စု ဒီတစ္စု လင္းလက္ျဖာထြက္ေနသည္။
ည(၁၁)နာရီဝန္းက်င္မို႔ လူသြားလူလာ သိပ္မရွိေတာ့ေလာက္ေအာင္ နည္းပါးလို႔ေနသည္။
လမ္းမႀကီးေပၚတြင္ ကားတစ္စီးစ ႏွစ္စီးစ၏ ဘီးရာမ်ားသာ စြတ္ေၾကာင္းႀကီးသဖြယ္ က်န္ရွိေနသည္။
"သူေဌးေလး... အဲ သူေဌး ကၽြန္ေတာ္ အိမ္ပဲ ေမာင္းလိုက္ရမလား"
မွန္အနက္ေရာင္ အျပည့္ကာရံထားသည့္ ေနာက္ဆံုးေပၚ ကားတစ္စီးေပၚတြင္ အထက္ေအာက္အနက္ေရာင္ဝတ္စံုကို ဝတ္ဆင္ထားသည့္ လူငယ္ေလး။
ထိုလူငယ္ေလး၏ ဝတ္စားဆင္ယင္ပံုအရ ဝမ္းနည္းဖြယ္ အခမ္းနားတစ္ခုမွ ျပန္လာဟန္တူေလသည္။
ကားေမာင္းေနသူ၏ စကားမွားသြားဟန္ကို ေဗြမယူဘဲ ေခါင္းညိတ္ျပလိုက္ေလေတာ့သည္။
ထိုလူငယ္ေလးသည္ ေမွာင္ခိုဂိုဏ္းႀကီး၏ ေလာေလာလတ္လတ္ ဆက္ခံသူျဖစ္ေလသည္။
သူေဌးႀကီး ဆံုးပါးသြားသည့္ေနာက္ ယခင္က သူေဌးေလးဟုေခၚတြင္ခဲ့သူသည္ ဂိုဏ္းေခါင္းေဆာင္၏ ေနရာကို ဆက္ခံလိုက္ရေလၿပီမို႔ ေရွ႕ေလ်ာက္ အမွားလုပ္၍ မရေတာ့ေပ။ မစစ အရာရာ သတိခ်ပ္မွ ရေတာ့မည့္ အေနအထား ျဖစ္ေလသည္။
ဂိုဏ္းအေမြကိုဆက္ခံရေလာက္သည္အထိ တကၠသိုလ္ေက်ာင္းသားအရြယ္ ထိုလူငယ္ေလးမွာ အရြယ္မေရာက္ေသး။
ဖခင္ႀကီး ရွိစဥ္က ကေလးလိုသာေနခဲ့ရေပမယ့္ ယခုအခါမွာေတာ့ အရာရာဟာ မိမိ၏ဆံုးျဖတ္ခ်က္ေပၚတြင္ မူတည္ေနသလို (၅၀၀၀)ေသာ ဂိုဏ္းသားေတြကလည္း မိမိအေပၚ မွီခိုေနေလၿပီ။
ထို႔အျပင္ ဖခင္ျဖစ္သူက ေရွ႕ေနခ်ဳပ္ႀကီးႏွင့္ တစ္ေနရာထဲတြင္ ေသဆံုးေနခဲ့ၿပီး ထိုေရွ႕ေနကို ဖခင္ျဖစ္သူက သတ္သေယာင္အေျခေနမ်ား ထြက္ေပၚလာၿပီးသည့္ေနာက္ ေငြေၾကးေျမာက္ျမားစြာ ကုန္က်ခံၿပီး ထိုအမွဳကို ပိတ္သိမ္းရသည္အထိ လူငယ္ေလးကို အလုပ္ရွဳတ္ေစခဲ့သည္။
က်ြီးးးးး!!!!!
ကားဘရိတ္အုပ္လိုက္သံက က်ယ္ေလာင္စြာ ထြက္ေပၚလာသည္။
ကားမီးေရာင္းစူးစူးက ႏွင္းေဖြးေဖြးက်ေနသည့္ လမ္းမႀကီးေပၚကို အလင္းေရာင္လံုေလာက္စြာ ထြန္းလင္းေပးေနသည္။
ထိုႏွင္းေဖြးေဖြးေတြၾကား အနီေရာင္ ထက္ေအာက္တူညီဝတ္စံုကို ဝတ္ဆင္ထားသည့္ ကေလးငယ္တစ္ဦးက လမ္းမေပၚ တုန္ရီစြာ လဲေလွာင္းေနေလသည္။
"မတိုက္မိဘူး သူေဌး"
ျဖစ္ႏိုင္သည္။ ကားေမာင္းသမားမွာ အိမ္ေတာ္တြင္း (၁၅)ႏွစ္နီးပါး အမွဳထမ္းလာသည္မွာ လမ္းစည္းကမ္းဥပေဒ ခ်ိဳးေဖါက္ျခင္း ျပစ္မွဳတစ္စံုတစ္ရာမရွိခဲ့ေခ်။
"ဆင္းၾကည့္လိုက္"
ကားေပၚက ေျပးဆင္းသြားသည့္ ကားသမားအလာကို မ်က္လံုးအစံုေမွးမွိတ္ၿပီးသာ ေစာင့္ေနလိုက္သည္။
သူ အလြန္ပင္ပန္းေနေလၿပီ။ အိမ္ကိုေရာက္သည္ႏွင့္ အိပ္ယာေပၚ အေျပးတက္ကာ လဲေလွာင္းခ်င္ေနသည္။
မအိပ္ရသည့္ရက္ေတြကလည္း ဘယ္ႏွစ္ရက္ေျမာက္မွန္း မသိေတာ့ေပ။ ဖခင္ေသဆံုးသည္ကေန တစ္ပတ္ေျမာက္ရက္လည္အထိ မိမိမွာ မနားရေသး။
ေဒါက္ ေဒါက္ ေဒါက္!!!
မွန္ကို ဖြဖြလာေခါက္သံေၾကာင့္ မ်က္လံုးအစံုကို ဖြင့္ၾကည့္လိုက္သည္။
"ဘာျဖစ္လို႔လဲ"
"သူေဌး ကေလးက ဘာေမးေမး ဘာမွမေျပာႏိုင္ဘူး ျဖစ္ေနတယ္ ေျခေထာက္ကလည္း ေသြးထြက္ေနတယ္ လန္႔ၿပီး လဲက်တုန္းက ရတဲ့ဒါဏ္ရာထင္တယ္ အဲ့ဒါ"
"ေခၚခဲ့လိုက္"
"ဗ်ာ!!!"
"ေခၚခဲ့လိုက္ အိမ္ျပန္မယ္"
"ဟုတ္... ဟုတ္ကဲ့ပါ ေခၚလာခဲ့လိုက္ပါ့မယ္ဗ်"
ဟုတ္တယ္။ ေသြးထြက္ေနတယ္ေျပာတာကို အိမ္ကို မေခၚခဲ့ေတာ့ ဒီကေလးကို ေသြးထြက္သံယိုအတိုင္း ထားခဲ့ရမတဲ့လား။ ဒီလိုေအးတဲ့ ရာသီမွာေလ။ စားစရာမရွိ။ မိဘမရွိနဲ႔ ဒီလိုခံစားခ်က္ကို မိမိကလြဲၿပီး ဘယ္သူကမ်ား စာနာႏိုင္အံုးမွာတဲ့လဲ။
**အေဖသာ ဒီလိုေစာေစာ ထြက္သြားမယ္ဆိုတာ သိခဲ့ရင္ ကၽြန္ေတာ္ လိမ္လိမ္မာမာေနခဲ့တာေပါ့။ အဲ့ဒီႏွစ္က အိမ္ေျပးတစ္ေယာက္ လုပ္ၿပီး အေဖ့ကို စိတ္အေႏွာက္ယွက္ ေပးခဲ့မိမွာ မဟုတ္ဘူး။ သားမလိမ္မာခဲ့တာ ေတာင္းပန္ပါတယ္ အေဖ**
ထိုဒါဏ္ရာရ သမင္ငယ္ေလးလို မ်က္လံုးဝိုင္းေလးေတြနဲ႔ ေကာင္ငယ္ေလးက ကားေနာက္ခန္းထဲရွိ လူရြယ္ေလးေဘးနားတြင္ က်ံဳ႕က်ံဳ႕ေလး လိုက္ပါစီးနင္းလာသည္။
ထိုေန႔က အိမ္ျပန္ခရီးမွာ ကေလးငယ္ေလးတစ္ေယာက္ အိမ္ေတာ္သို႔ ပါသြားေလေတာ့သည္။
_________________________________________
၂၀၀၇ခုႏွစ္/ဒီဇင္ဘာလ/၂၇ရက္ေန႔။
ေခတ္မီလွသည့္ အေဆာက္အဦးတစ္ခုတြင္ လူေတြ အဝင္အထြက္မ်ားေနၿပီး အားလံုး၏ မ်က္ႏွာေပၚတြင္ေတာ့ သနားျခင္း၊ ဂ႐ုဏာသက္ျခင္း ၊ ပူေဆြၚျခင္းတို႔ ျခံရံေနသည္။
ထိုအိမ္ႀကီးသည္း ယခင္က လူအဝင္အထြက္ မရွိခဲ့သေလာက္ ယခုအခါတြင္ေတာ့ ညဘက္ထိကို အရမ္းကို စည္ကားေနေလသည္။
"သခင္မရယ္ သခင္ႀကီး မရွိေတာ့ေပမယ့္ ကၽြန္မတို႔ ရွိပါေသးတယ္ "
တအီအီငိုေနသည့္ သက္လတ္ပိုင္း အမ်ိဳးသမီးအရြယ္ေဘးတြင္ ဒူးတုပ္ထိုင္ေနသည့္ အိမ္အကူျဖစ္ဟန္တူသူက ႏွစ္သိမ့္ေပးေနေလသည္။
ခပ္လွမ္းလွမ္းက ထိုင္ခံုမွာေတာ့ အေပၚေအာက္ အနက္ေရာင္တို႔ကိုသာ ဝတ္ဆင္ထားသည့္ အိမ္ႀကီး၏ သခင္ေလးျဖစ္ဟန္တူသူက လက္သီးကို က်စ္က်စ္ပါေအာင္ဆုပ္ရင္ ေမး႐ိုးမ်ားေထာင္ထသည္ထိ အံႀကိတ္ထားကာ မ်က္ေမွာင္တို႔ကိုလည္း တြန္႔ခ်ိဳးထားေလသည္။
သူ၏ဖခင္ေသဆံုးမွဳသည္ မ႐ိုးရွင္းဟု သိေနေပမယ့္ ဘယ္အရာက မ႐ိုးရွင္းမွန္း မသိေပ။
႐ိုး႐ိုးေအးေအးဖခင္က လာဘ္မစား ေျဖာင့္မတ္ကာ ဥပေဒ၏အထက္တြင္ မည္သူမွမရွိေစရ မူကိုႏွလံုးမူျပီး ေနခဲ့သည့္ ေရွ႕ေနခ်ဳပ္ျဖစ္သည္။
ယခုအခါမွ လာဘ္စားျခင္းေၾကာင့္ ေသဆံုးရသည္ဟုဆိုကာ ေသမွဳေသခင္းကို ပိတ္လိုက္ေလၿပီ။
အေမႏွင့္ သူ႔လို ဟိုမေရာက္ ဒီမေရာက္အရြယ္ တကၠသိုလ္ေက်ာင္းသားေလးက ဒီအမွဳကို မည္သို႔ေသာ အင္အားႏွင့္ လိုက္ရမတဲ့လဲ။
မိမိရဲ႕ စိတ္ႏွလံုးထဲက ယံုၾကည္ေနသည္မွာ ဖခင္ျဖစ္သူသည္ ဘယ္ေတာ့မွ မဟုတ္မမွန္မလုပ္။ မိမိသာ (၁၀)ခါျပန္ေသသြားပါေစ၊ ဖခင္ျဖစ္သူ လာဘ္မစားေၾကာင္း ေျဖျပခ်င္ပါေသးသည္။
အခုေတာ့။
"ေတာက္စ္!!!!"
ေတာက္ခတ္သံက က်ယ္ေလာင္စြာ ထြက္ေပၚလာၿပီး ထိုင္ရာမွဝုန္းကနဲ ထသြားသည့္ သခင္ေလးကို အိမ္ထဲရွိ သူသူကိုယ္ကိုယ္ အကုန္လံုးက ေငးေမာၾကည့္ေနေတာ့သည္။
_________________________________________
အနက္ေရာင္တူညီဝတ္စံုေတြကို ဝတ္ဆင္ထားသည့္ ေထာင္ေထာင္ေမာင္းေမာင္း လူအခ်ိဳ႕သည္ ျခံဝင္းႀကီးထဲ လွည့္ပတ္သြားလာေနၾကသည္။
သတိ။ ေနရာတိုင္းမွာ သတိရွိမွ ရေတာ့မည္။ ဂိုဏ္းေခါင္းေဆာင္ၾကီး ေသဆံုးသြားသည့္ေနာက္ ေခါင္းေဆာင္သစ္ကို လက္ရည္စမ္းခ်င္ေနသည့္ ဂိုဏ္းငယ္ေလးက လူတစ္ခ်ိဳ႔ေရာ ၿပိဳင္ဘက္ဂိုဏ္းက လူတစ္ခ်ိဳ႔ေရာ ရွိေနၾကသည္။
ထိုသို႔ေသာ အေၾကာင္းေတြေၾကာင့္ ေခါင္းေဆာင္သစ္ကို ရာထူးမတင္ရေသးမခ်င္း အဖြဲ႕ဝင္တို႔သည္ သတိရွိရွိ ေနေနၾကေလသည္။
ထိုစဥ္မွာပဲ (၁၀)ေပအတိျမင့္သည့္ သံတံခါးႀကီးသည္ ေဘးသို႔ေျဖးၫွင္းစြာ ေရြ႕လ်ားသြားေလေတာ့သည္။
ေလ်ာကနဲေကြ႕ဝင္လာသည့္ ေနာက္ဆံုးေပၚ ကားနက္ႀကီးေနာက္တြင္ ပံုစံတူ ကား(၃)စီး လိုက္ပါလာသည္။
" ႀကိဳဆိုပါတယ္"
ကားတံခါး ပြင့္လာသည့္ေနာက္ ဆင္းလာသည့္ လူရြယ္တစ္ေယာက္ႏွင့္ ကေလးေသးေသးေလးတစ္ေယာက္ကို ခါးတို႔ကိုင္းကာ ႀကိဳဆိုလိုက္သည္။
"သူေဌး သူက"
အိမ္ေတာ္ထိန္းႀကီးက ေဘးနားကို ေရာက္လာကာ လူရြယ္ေလးေနာက္က ကုတ္ကုတ္ေလး လိုက္လာသည့္ ကေလးေသးေသးေလးကို ေမးလိုက္သည္။
ထိုကေလးေလးမွာ ရွိရင္းစြဲ အသက္(၇)ႏွစ္ထက္ မ်ားစြာ ေသးလြန္းသည္။
အစာေရစာ မျပည့္ဝတာေၾကာင့္ျဖစ္မည္ဟု လူရြယ္ေလးက သတ္မွတ္ထားသည္။
"ဆရာဝန္ေခၚၿပီး လိုအပ္တာေတြၾကည့္ေပးလိုက္၊ အဝယ္ေတာ္ကို ဒီကေလးအတြက္ လိုအပ္တာေတြ ဝယ္ေပးဖို႔ ၫႊန္ၾကားလိုက္၊ အေပၚထပ္မွာ လြတ္ေနတဲ့ ေဘးခန္းကို သူ႔အတြက္ျပင္ေပးလိုက္၊ တစ္ခုခုဆို Bobbyကိုေျပာ၊ ကၽြန္ေတာ္အတန္းပိုင္ဆီ ဒီတစ္ပတ္ခြင့္တင္ေပး"
ေတာက္ေလ်ာက္ မနားတမ္းေျပာၿပီး အိမ္အေပၚထပ္သို႔ liftျဖင့္တက္သြားသည့္ အိမ္ေတာ္သခင္ေၾကာင့္ အိမ္ထိန္းႀကီးမွာ ေခါင္းကိုအျမန္ၿငိတ္ျပလိုက္ရသည္။
ဘယ္ေတာ့မွ စကားေလးလံုးကြဲေအာင္ မေျပာတဲ့ သူတို႔သခင္ေလးက သခင္ႀကီးဆံုးပါးသြားသည့္ တစ္ပတ္မွာပဲ ကေလးတစ္ေယာက္ကို ေခၚလာၿပီး ေနစရာ၊ ဝတ္စရာ စီစဥ္ေပးတယ္ေပါ့ေလ။ ဒါ ဘယ္လို မေလ်ာ္ကန္မွဳႀကီးလဲ။ သခင္ေလးက ကေလးေမြးစားလိုက္တာလား။
အေတြးတို႔ကို အျမန္ျဖတ္ၿပီး အိမ္ေတာ္ထိန္းႀကီးမွာ တုံ႕ဆိုင္းဆိုင္းျဖစ္ေနတဲ့ ကေလးေလးကို ဆြဲေခၚသြားေလေတာ့သည္။
________________________________________
"သား ဘယ္သြားမလို႔လဲ"
အိမ္ေပၚထပ္မွ ဖိနပ္သစ္ အဝတ္စား အသစ္ျဖင့္ ေျပးဆင္းလာကာ အိတ္တရမ္းရမ္း လုပ္ေနသည့္ သားေခ်ာေလးကို ဖခင္ျဖစ္သူမွာ ေမးလိုက္ရသည္။
"Daddy ကလည္း သိရဲ႕နဲ႔ သားမွာသြားစရာဆိုလို႔ Offအိမ္ပဲ ရွိတာကို"
ႏွဳတ္ခမ္းတစူစူနဲ႔ ခ်စ္စဖြယ္သားေလးက ဒီအခ်ိန္မွာ ဘယ္ေလာက္ပဲ ခ်စ္စရာေကာင္းေကာင္း မိမိသေဘာကေတာ့ ထိုအိမ္ကို မသြားေစခ်င္။
"မသြားရဘူး"
"Daddyကလည္း"
"အိမ္ေပၚျပန္တက္ Mommyႀကီးေရ သားကိုျပန္ေခၚအံုး"
အိမ္အေပၚထပ္ရွိ ဇနီးျဖစ္သူကိုပါ လွမ္းေအာ္ၿပီး ဖခင္ျဖစ္သူမွာ အေၾကာင္းၾကားလိုက္ေသးသည္။
"အို ဒီသားအဖေတြ ဘာျဖစ္ၾကတာလဲ"
မိခင္ျဖစ္သူ ဆင္းလာေတာ့ Newမွာ အေျပးေလးသြားဖက္ကာ ခၽြဲလိုက္ေလသည္။
"Mommy သားက Offတို႔အိမ္ေလး ခဏသြားမလို႔ကို Daddyက မသြားရဘူးတဲ့၊ Offက ဒီအခ်ိန္ဆို သားကိုလိုအပ္မွာ Mommyရဲ႕"
"ကေလးေျပာတာ ဟုတ္သားပဲ Daddyႀကီးရဲ႕ ေပးသြားလိုက္ပါ"
"မရလို႔ေပါ့ကြာ အဲ့ဒီအိမ္ကို အစိုးရပိုင္းက လူႀကီးေတြ ဘယ္ေလာက္ေတာင္ ၾကည့္ေနလဲဆိုတာ မင္းလည္းအသိပဲ၊ မသြားရဘူးလို႕ မေျပာဘူးေလကြာ၊ အေျခအေနေကာင္းရင္ ျပန္သြားေပါ့"
"အဲ့လိုဆိုေတာ့လည္း ဟုတ္တာပဲ သားရဲ႕၊ လိမၼာတယ္ အခန္းထဲျပန္ေနာ္"
"ဟြန္း Mommyတို႔မ်ား Daddyတစ္ခြန္းပဲ"
လြယ္ထားသည့္အိတ္ကို ရမ္းခါရင္း အိမ္ေပၚျပန္ေျပးတက္သြားသည့္ သားျဖစ္သူကိုၾကည့္ရင္း ေခါင္းခါလိုက္မိသည္။ ဒီလိုမရင့္က်က္ပံုနဲ႔မ်ား... ဟင္း။
"Mommyႀကီး သားကို ေသခ်ာဂ႐ုစိုက္၊ အစိုးရရာထူးပိုင္းမွာ အေျပာင္းအလဲႀကီးရွိေနတယ္၊ ကိုယ္ေျပာတာ နားလည္လား"
"စိတ္ခ်ပါ Daddyႀကီးရယ္ "
ဇနီးျဖစ္သူမွာ ဆံုးရွဳံးလိုက္ရတဲ့ သူငယ္ခ်င္းျဖစ္သူအတြက္ ႏွလံုးေၾကကြဲဝမ္းနည္းေနသည့္ ခင္ပြန္းျဖစ္သူကို ဖက္ကာ ႏွစ္သိမ့္ေပးေနေလေတာ့သည္။
______________________________________
BLOOM
(6.6.2021)
2:02pm
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
၂၀၀၇ခုနှစ်/ဒီဇင်ဘာလ/၂၇ ရက်နေ့။
ဒီဇင်ဘာရဲ့ညတွေကို နှင်းတွေပိန်းပိတ်အောင်ကျခြင်းဖြင့် ပုံဖေါ်နေသည်။
ရောင်စုံမီးပွင့်လေးတွေက နှင်းများကြား ထိုးဖောက်၍ ဟိုတစ်စု ဒီတစ်စု လင်းလက်ဖြာထွက်နေသည်။
ည(၁၁)နာရီဝန်းကျင်မို့ လူသွားလူလာ သိပ်မရှိတော့လောက်အောင် နည်းပါးလို့နေသည်။
လမ်းမကြီးပေါ်တွင် ကားတစ်စီးစ နှစ်စီးစ၏ ဘီးရာများသာ စွတ်ကြောင်းကြီးသဖွယ် ကျန်ရှိနေသည်။
"သူဌေးလေး... အဲ သူဌေး ကျွန်တော် အိမ်ပဲ မောင်းလိုက်ရမလား"
မှန်အနက်ရောင် အပြည့်ကာရံထားသည့် နောက်ဆုံးပေါ် ကားတစ်စီးပေါ်တွင် အထက်အောက်အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်လေး။
ထိုလူငယ်လေး၏ ဝတ်စားဆင်ယင်ပုံအရ ဝမ်းနည်းဖွယ် အခမ်းနားတစ်ခုမှ ပြန်လာဟန်တူလေသည်။
ကားမောင်းနေသူ၏ စကားမှားသွားဟန်ကို ဗွေမယူဘဲ ခေါင်းညိတ်ပြလိုက်လေတော့သည်။
ထိုလူငယ်လေးသည် မှောင်ခိုဂိုဏ်းကြီး၏ လောလောလတ်လတ် ဆက်ခံသူဖြစ်လေသည်။
သူဌေးကြီး ဆုံးပါးသွားသည့်နောက် ယခင်က သူဌေးလေးဟုခေါ်တွင်ခဲ့သူသည် ဂိုဏ်းခေါင်းဆောင်၏ နေရာကို ဆက်ခံလိုက်ရလေပြီမို့ ရှေ့လျောက် အမှားလုပ်၍ မရတော့ပေ။ မစစ အရာရာ သတိချပ်မှ ရတော့မည့် အနေအထား ဖြစ်လေသည်။
ဂိုဏ်းအမွေကိုဆက်ခံရလောက်သည်အထိ တက္ကသိုလ်ကျောင်းသားအရွယ် ထိုလူငယ်လေးမှာ အရွယ်မရောက်သေး။
ဖခင်ကြီး ရှိစဉ်က ကလေးလိုသာနေခဲ့ရပေမယ့် ယခုအခါမှာတော့ အရာရာဟာ မိမိ၏ဆုံးဖြတ်ချက်ပေါ်တွင် မူတည်နေသလို (၅၀၀၀)သော ဂိုဏ်းသားတွေကလည်း မိမိအပေါ် မှီခိုနေလေပြီ။
ထို့အပြင် ဖခင်ဖြစ်သူက ရှေ့နေချုပ်ကြီးနှင့် တစ်နေရာထဲတွင် သေဆုံးနေခဲ့ပြီး ထိုရှေ့နေကို ဖခင်ဖြစ်သူက သတ်သယောင်အခြေနေများ ထွက်ပေါ်လာပြီးသည့်နောက် ငွေကြေးမြောက်မြားစွာ ကုန်ကျခံပြီး ထိုအမှုကို ပိတ်သိမ်းရသည်အထိ လူငယ်လေးကို အလုပ်ရှုတ်စေခဲ့သည်။
ကျွီးးးးး!!!!!
ကားဘရိတ်အုပ်လိုက်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ကားမီးရောင်းစူးစူးက နှင်းဖွေးဖွေးကျနေသည့် လမ်းမကြီးပေါ်ကို အလင်းရောင်လုံလောက်စွာ ထွန်းလင်းပေးနေသည်။
ထိုနှင်းဖွေးဖွေးတွေကြား အနီရောင် ထက်အောက်တူညီဝတ်စုံကို ဝတ်ဆင်ထားသည့် ကလေးငယ်တစ်ဦးက လမ်းမပေါ် တုန်ရီစွာ လဲလှောင်းနေလေသည်။
"မတိုက်မိဘူး သူဌေး"
ဖြစ်နိုင်သည်။ ကားမောင်းသမားမှာ အိမ်တော်တွင်း (၁၅)နှစ်နီးပါး အမှုထမ်းလာသည်မှာ လမ်းစည်းကမ်းဥပဒေ ချိုးဖေါက်ခြင်း ပြစ်မှုတစ်စုံတစ်ရာမရှိခဲ့ချေ။
"ဆင်းကြည့်လိုက်"
ကားပေါ်က ပြေးဆင်းသွားသည့် ကားသမားအလာကို မျက်လုံးအစုံမှေးမှိတ်ပြီးသာ စောင့်နေလိုက်သည်။
သူ အလွန်ပင်ပန်းနေလေပြီ။ အိမ်ကိုရောက်သည်နှင့် အိပ်ယာပေါ် အပြေးတက်ကာ လဲလှောင်းချင်နေသည်။
မအိပ်ရသည့်ရက်တွေကလည်း ဘယ်နှစ်ရက်မြောက်မှန်း မသိတော့ပေ။ ဖခင်သေဆုံးသည်ကနေ တစ်ပတ်မြောက်ရက်လည်အထိ မိမိမှာ မနားရသေး။
ဒေါက် ဒေါက် ဒေါက်!!!
မှန်ကို ဖွဖွလာခေါက်သံကြောင့် မျက်လုံးအစုံကို ဖွင့်ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ"
"သူဌေး ကလေးက ဘာမေးမေး ဘာမှမပြောနိုင်ဘူး ဖြစ်နေတယ် ခြေထောက်ကလည်း သွေးထွက်နေတယ် လန့်ပြီး လဲကျတုန်းက ရတဲ့ဒါဏ်ရာထင်တယ် အဲ့ဒါ"
"ခေါ်ခဲ့လိုက်"
"ဗျာ!!!"
"ခေါ်ခဲ့လိုက် အိမ်ပြန်မယ်"
"ဟုတ်... ဟုတ်ကဲ့ပါ ခေါ်လာခဲ့လိုက်ပါ့မယ်ဗျ"
ဟုတ်တယ်။ သွေးထွက်နေတယ်ပြောတာကို အိမ်ကို မခေါ်ခဲ့တော့ ဒီကလေးကို သွေးထွက်သံယိုအတိုင်း ထားခဲ့ရမတဲ့လား။ ဒီလိုအေးတဲ့ ရာသီမှာလေ။ စားစရာမရှိ။ မိဘမရှိနဲ့ ဒီလိုခံစားချက်ကို မိမိကလွဲပြီး ဘယ်သူကများ စာနာနိုင်အုံးမှာတဲ့လဲ။
**အဖေသာ ဒီလိုစောစော ထွက်သွားမယ်ဆိုတာ သိခဲ့ရင် ကျွန်တော် လိမ်လိမ်မာမာနေခဲ့တာပေါ့။ အဲ့ဒီနှစ်က အိမ်ပြေးတစ်ယောက် လုပ်ပြီး အဖေ့ကို စိတ်အနှောက်ယှက် ပေးခဲ့မိမှာ မဟုတ်ဘူး။ သားမလိမ်မာခဲ့တာ တောင်းပန်ပါတယ် အဖေ**
ထိုဒါဏ်ရာရ သမင်ငယ်လေးလို မျက်လုံးဝိုင်းလေးတွေနဲ့ ကောင်ငယ်လေးက ကားနောက်ခန်းထဲရှိ လူရွယ်လေးဘေးနားတွင် ကျုံ့ကျုံ့လေး လိုက်ပါစီးနင်းလာသည်။
ထိုနေ့က အိမ်ပြန်ခရီးမှာ ကလေးငယ်လေးတစ်ယောက် အိမ်တော်သို့ ပါသွားလေတော့သည်။
_________________________________________
၂၀၀၇ခုနှစ်/ဒီဇင်ဘာလ/၂၇ရက်နေ့။
ခေတ်မီလှသည့် အဆောက်အဦးတစ်ခုတွင် လူတွေ အဝင်အထွက်များနေပြီး အားလုံး၏ မျက်နှာပေါ်တွင်တော့ သနားခြင်း၊ ဂရုဏာသက်ခြင်း ၊ ပူဆွေါ်ခြင်းတို့ ခြံရံနေသည်။
ထိုအိမ်ကြီးသည်း ယခင်က လူအဝင်အထွက် မရှိခဲ့သလောက် ယခုအခါတွင်တော့ ညဘက်ထိကို အရမ်းကို စည်ကားနေလေသည်။
"သခင်မရယ် သခင်ကြီး မရှိတော့ပေမယ့် ကျွန်မတို့ ရှိပါသေးတယ် "
တအီအီငိုနေသည့် သက်လတ်ပိုင်း အမျိုးသမီးအရွယ်ဘေးတွင် ဒူးတုပ်ထိုင်နေသည့် အိမ်အကူဖြစ်ဟန်တူသူက နှစ်သိမ့်ပေးနေလေသည်။
ခပ်လှမ်းလှမ်းက ထိုင်ခုံမှာတော့ အပေါ်အောက် အနက်ရောင်တို့ကိုသာ ဝတ်ဆင်ထားသည့် အိမ်ကြီး၏ သခင်လေးဖြစ်ဟန်တူသူက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင် မေးရိုးများထောင်ထသည်ထိ အံကြိတ်ထားကာ မျက်မှောင်တို့ကိုလည်း တွန့်ချိုးထားလေသည်။
သူ၏ဖခင်သေဆုံးမှုသည် မရိုးရှင်းဟု သိနေပေမယ့် ဘယ်အရာက မရိုးရှင်းမှန်း မသိပေ။
ရိုးရိုးအေးအေးဖခင်က လာဘ်မစား ဖြောင့်မတ်ကာ ဥပဒေ၏အထက်တွင် မည်သူမှမရှိစေရ မူကိုနှလုံးမူပြီး နေခဲ့သည့် ရှေ့နေချုပ်ဖြစ်သည်။
ယခုအခါမှ လာဘ်စားခြင်းကြောင့် သေဆုံးရသည်ဟုဆိုကာ သေမှုသေခင်းကို ပိတ်လိုက်လေပြီ။
အမေနှင့် သူ့လို ဟိုမရောက် ဒီမရောက်အရွယ် တက္ကသိုလ်ကျောင်းသားလေးက ဒီအမှုကို မည်သို့သော အင်အားနှင့် လိုက်ရမတဲ့လဲ။
မိမိရဲ့ စိတ်နှလုံးထဲက ယုံကြည်နေသည်မှာ ဖခင်ဖြစ်သူသည် ဘယ်တော့မှ မဟုတ်မမှန်မလုပ်။ မိမိသာ (၁၀)ခါပြန်သေသွားပါစေ၊ ဖခင်ဖြစ်သူ လာဘ်မစားကြောင်း ဖြေပြချင်ပါသေးသည်။
အခုတော့။
"တောက်စ်!!!!"
တောက်ခတ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ထိုင်ရာမှဝုန်းကနဲ ထသွားသည့် သခင်လေးကို အိမ်ထဲရှိ သူသူကိုယ်ကိုယ် အကုန်လုံးက ငေးမောကြည့်နေတော့သည်။
_________________________________________
အနက်ရောင်တူညီဝတ်စုံတွေကို ဝတ်ဆင်ထားသည့် ထောင်ထောင်မောင်းမောင်း လူအချို့သည် ခြံဝင်းကြီးထဲ လှည့်ပတ်သွားလာနေကြသည်။
သတိ။ နေရာတိုင်းမှာ သတိရှိမှ ရတော့မည်။ ဂိုဏ်းခေါင်းဆောင်ကြီး သေဆုံးသွားသည့်နောက် ခေါင်းဆောင်သစ်ကို လက်ရည်စမ်းချင်နေသည့် ဂိုဏ်းငယ်လေးက လူတစ်ချို့ရော ပြိုင်ဘက်ဂိုဏ်းက လူတစ်ချို့ရော ရှိနေကြသည်။
ထိုသို့သော အကြောင်းတွေကြောင့် ခေါင်းဆောင်သစ်ကို ရာထူးမတင်ရသေးမချင်း အဖွဲ့ဝင်တို့သည် သတိရှိရှိ နေနေကြလေသည်။
ထိုစဉ်မှာပဲ (၁၀)ပေအတိမြင့်သည့် သံတံခါးကြီးသည် ဘေးသို့ဖြေးညှင်းစွာ ရွေ့လျားသွားလေတော့သည်။
လျောကနဲကွေ့ဝင်လာသည့် နောက်ဆုံးပေါ် ကားနက်ကြီးနောက်တွင် ပုံစံတူ ကား(၃)စီး လိုက်ပါလာသည်။
" ကြိုဆိုပါတယ်"
ကားတံခါး ပွင့်လာသည့်နောက် ဆင်းလာသည့် လူရွယ်တစ်ယောက်နှင့် ကလေးသေးသေးလေးတစ်ယောက်ကို ခါးတို့ကိုင်းကာ ကြိုဆိုလိုက်သည်။
"သူဌေး သူက"
အိမ်တော်ထိန်းကြီးက ဘေးနားကို ရောက်လာကာ လူရွယ်လေးနောက်က ကုတ်ကုတ်လေး လိုက်လာသည့် ကလေးသေးသေးလေးကို မေးလိုက်သည်။
ထိုကလေးလေးမှာ ရှိရင်းစွဲ အသက်(၇)နှစ်ထက် များစွာ သေးလွန်းသည်။
အစာရေစာ မပြည့်ဝတာကြောင့်ဖြစ်မည်ဟု လူရွယ်လေးက သတ်မှတ်ထားသည်။
"ဆရာဝန်ခေါ်ပြီး လိုအပ်တာတွေကြည့်ပေးလိုက်၊ အဝယ်တော်ကို ဒီကလေးအတွက် လိုအပ်တာတွေ ဝယ်ပေးဖို့ ညွှန်ကြားလိုက်၊ အပေါ်ထပ်မှာ လွတ်နေတဲ့ ဘေးခန်းကို သူ့အတွက်ပြင်ပေးလိုက်၊ တစ်ခုခုဆို Bobbyကိုပြော၊ ကျွန်တော်အတန်းပိုင်ဆီ ဒီတစ်ပတ်ခွင့်တင်ပေး"
တောက်လျောက် မနားတမ်းပြောပြီး အိမ်အပေါ်ထပ်သို့ liftဖြင့်တက်သွားသည့် အိမ်တော်သခင်ကြောင့် အိမ်ထိန်းကြီးမှာ ခေါင်းကိုအမြန်ငြိတ်ပြလိုက်ရသည်။
ဘယ်တော့မှ စကားလေးလုံးကွဲအောင် မပြောတဲ့ သူတို့သခင်လေးက သခင်ကြီးဆုံးပါးသွားသည့် တစ်ပတ်မှာပဲ ကလေးတစ်ယောက်ကို ခေါ်လာပြီး နေစရာ၊ ဝတ်စရာ စီစဉ်ပေးတယ်ပေါ့လေ။ ဒါ ဘယ်လို မလျော်ကန်မှုကြီးလဲ။ သခင်လေးက ကလေးမွေးစားလိုက်တာလား။
အတွေးတို့ကို အမြန်ဖြတ်ပြီး အိမ်တော်ထိန်းကြီးမှာ တုံ့ဆိုင်းဆိုင်းဖြစ်နေတဲ့ ကလေးလေးကို ဆွဲခေါ်သွားလေတော့သည်။
________________________________________
"သား ဘယ်သွားမလို့လဲ"
အိမ်ပေါ်ထပ်မှ ဖိနပ်သစ် အဝတ်စား အသစ်ဖြင့် ပြေးဆင်းလာကာ အိတ်တရမ်းရမ်း လုပ်နေသည့် သားချောလေးကို ဖခင်ဖြစ်သူမှာ မေးလိုက်ရသည်။
"Daddy ကလည်း သိရဲ့နဲ့ သားမှာသွားစရာဆိုလို့ Offအိမ်ပဲ ရှိတာကို"
နှုတ်ခမ်းတစူစူနဲ့ ချစ်စဖွယ်သားလေးက ဒီအချိန်မှာ ဘယ်လောက်ပဲ ချစ်စရာကောင်းကောင်း မိမိသဘောကတော့ ထိုအိမ်ကို မသွားစေချင်။
"မသွားရဘူး"
"Daddyကလည်း"
"အိမ်ပေါ်ပြန်တက် Mommyကြီးရေ သားကိုပြန်ခေါ်အုံး"
အိမ်အပေါ်ထပ်ရှိ ဇနီးဖြစ်သူကိုပါ လှမ်းအော်ပြီး ဖခင်ဖြစ်သူမှာ အကြောင်းကြားလိုက်သေးသည်။
"အို ဒီသားအဖတွေ ဘာဖြစ်ကြတာလဲ"
မိခင်ဖြစ်သူ ဆင်းလာတော့ Newမှာ အပြေးလေးသွားဖက်ကာ ချွဲလိုက်လေသည်။
"Mommy သားက Offတို့အိမ်လေး ခဏသွားမလို့ကို Daddyက မသွားရဘူးတဲ့၊ Offက ဒီအချိန်ဆို သားကိုလိုအပ်မှာ Mommyရဲ့"
"ကလေးပြောတာ ဟုတ်သားပဲ Daddyကြီးရဲ့ ပေးသွားလိုက်ပါ"
"မရလို့ပေါ့ကွာ အဲ့ဒီအိမ်ကို အစိုးရပိုင်းက လူကြီးတွေ ဘယ်လောက်တောင် ကြည့်နေလဲဆိုတာ မင်းလည်းအသိပဲ၊ မသွားရဘူးလို့ မပြောဘူးလေကွာ၊ အခြေအနေကောင်းရင် ပြန်သွားပေါ့"
"အဲ့လိုဆိုတော့လည်း ဟုတ်တာပဲ သားရဲ့၊ လိမ္မာတယ် အခန်းထဲပြန်နော်"
"ဟွန်း Mommyတို့များ Daddyတစ်ခွန်းပဲ"
လွယ်ထားသည့်အိတ်ကို ရမ်းခါရင်း အိမ်ပေါ်ပြန်ပြေးတက်သွားသည့် သားဖြစ်သူကိုကြည့်ရင်း ခေါင်းခါလိုက်မိသည်။ ဒီလိုမရင့်ကျက်ပုံနဲ့များ... ဟင်း။
"Mommyကြီး သားကို သေချာဂရုစိုက်၊ အစိုးရရာထူးပိုင်းမှာ အပြောင်းအလဲကြီးရှိနေတယ်၊ ကိုယ်ပြောတာ နားလည်လား"
"စိတ်ချပါ Daddyကြီးရယ် "
ဇနီးဖြစ်သူမှာ ဆုံးရှုံးလိုက်ရတဲ့ သူငယ်ချင်းဖြစ်သူအတွက် နှလုံးကြေကွဲဝမ်းနည်းနေသည့် ခင်ပွန်းဖြစ်သူကို ဖက်ကာ နှစ်သိမ့်ပေးနေလေတော့သည်။
______________________________________
BLOOM
(6.6.2021)
2:02pm