ရှီရှန်း (႐ွီ႐ွန္း) Book 2...

By Hanpandora

816K 125K 3.1K

This is not my own story just for offline reading and Myanmar transalation . full crd to original uploder and... More

Transalator note
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 5.11
Arc 5.12
Arc 5.13
Arc 5.14
Arc 5.15
Arc 5.16
Arc 5.17
Arc 5.18
Sorry!!!
Arc 5.19
Arc 5.20
Arc 5.21
Arc 5.22
Arc 5.23
Arc 5.24
Arc 5.25
Arc 5.26
Arc 5.27
Arc 5.28
Arc 5.29
Arc 5.30
Arc 5.31
Arc 5.32 End
​ပေ့ကျဲ့ (special episode)
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 6.11
Arc 6.11 (ဒီတစ်ခါ တကယ်😂)
Arc 6.12
Arc 6.13
Arc 6.14
Arc 6.15
Arc 6.16
Arc 6.17
Note
Arc 6.18
Arc 6.19
Arc 6.20
Arc 6.21
Arc 6.22
Arc 6.23
Arc 6.24
Arc 6.25
Arc 6.26
Arc 6.27
Arc 6.28
Arc 6.29
Arc 6.30
Arc 6.31
Arc 6.32 End
welcom back💜💙
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 7.16
Arc 7.17
Arc 7.18
Arc 7.19
Arc 7.20
Arc 7.21
Arc 7.22
Arc 7.23
Arc 7.24
Arc 7.25
Arc 7.26
Arc 7.27
Arc 2.28
Arc 7.29
Arc 7.30
Arc 7.31
Arc 7.32
Arc 7.33
spoiler alert❣
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 8.11
Arc 8.12
Arc 8.13
Arc 8.14
Arc 8.15
Arc 8.16
Arc 8.17
Arc 8.18
Arc 8.19
Arc 8.20
Arc 8.21
Arc 8.22
Arc 8.23
Arc 8.24
Arc 8.25
Arc 8.26
Arc 8.27
Arc 8.28
Arc 8.29
Arc 8.30
Arc 8.31End
Arc 8 Extra(ဖုန်းကျင်း)
Arc 9.1
Warning
Arc 9.2
Arc 9.3
Arc 9.4
Arc 9.5
Arc 9.6
Arc 9.7
Arc 9.8
Arc 9.9
Arc 9.10
Arc 9.11
Arc 9.12
Arc 9.13
Arc 9.14
Arc 9.15
Arc 9.16 + 9.17
Arc 9.18
Arc 9.19
Arc 9.20
Arc 9.21
Arc 9.22
Arc 9.23
Arc 9.24 END
Arc 10.1
Arc 10.2
Arc 10.3
Arc 10.4
Arc 10.5
Arc 10.6
Arc 10.7
Arc 10.8
Arc 10.9
Arc 10.10
Arc 10.11
Arc 10.12
Arc 10.13
Arc 10.14
Arc 10.15
Arc 10.16
Arc 10.17
Arc 10.18
Arc 10.19
Arc 10.20
Arc 10.21
Arc 10.22
Arc 10.23
Arc 10.24
Arc 10.25
Arc 10.26
Arc 10.27
Arc 10.28
Arc 10.29
Arc 10.30
Arc 10.31
Arc 10.32
Arc 10.33
Arc 10.34
Arc 10.35
Arc 10.36
Arc 10.37
Arc 10.38
Arc 10.39 to extra

Arc 7.34[END]

5K 767 46
By Hanpandora

Unicode

ရှီရှန်းက လွင့်ထွက်သွားပြီးတော့နောက်ဘက်ကနံရံနဲ့ရိုက်မိလိုက်တယ် သူမနားတွေအူသွားပြီးတော့ပြန်အဆင်ပြေသွားတဲ့အချိန်မှာထိတ်လန့်သွားတယ်

သူမနှလုံးသားကရင်ဘတ်ထဲကပေါက်ထွက်လုမတတ်ပြင်းထန်စွာခုန်နေတယ်

ဒုန်း!  ဒုန်း!  ဒုန်း! မိုးကြိုးနဲ့အပြိုင်ခုန်နေသလို!!

အရူးတစ်ယောက်လိုပဲ ကောင်းကင်ကိုရှီရှန်းတစ်ယောက်မော့ကြည့်နေတယ်ပေါက်ကွဲမှုဆီကနေ အနက်ရောင်ပြာမှုန်လေးတွေလွင့်ကျလာတယ်

ပေါက်ကွဲမှုထဲမှာလူအချို့ပါသွားပြီးမြေပြင်ပေါ်ကိုပြုတ်ကျလာတယ် အဖြစ်အပျက်တွေကအနှေးပြကွက်နဲ့ပြနေသလိုမျိုးရှီရှန်းရဲ့မျက်ဝန်းထဲမှာထင်းနေတယ်

ကောင်းကင်တစ်ခုလုံးကိုအမှောင်ထုကကြီးစိုးသွားပြီ

ရှီရှန်းရဲ့နားထဲမှာတစ်စုံတစ်ယောက်အော်ခေါ်နေတာကိုကြားနေရတယ်
"ခန်းမသခင်!!!!''

တုန်ရီခြောက်ခြားနေတဲ့အသံကရှီရှန်းနားထဲကိုဝင်လာတယ်သူမနားစည်ကနေတစ်ဆင့်ဝိညာဥ်တစ်ခုလုံးရဲ့အနက်ရှိုင်းဆုံးနေရာကိုရောက်သွားသလိုကြောင်သွားတယ်
စိတ်ကိုတင်းပြီးတော့သေချာကြည့်လိုက်ပေမဲ့သူမမီးခိုးရောင်ပဲမြင်ရတယ်

"ခန်းမသခင်ကဒီမှာ!, ခန်းမသခင်!!!''
ရှီရှန်းကရုတ်တရပ်ထရပ်လိုက်ပြီးတော့ဘေးကလူတွေအားလုံးကိုတွန်းဖယ်ပြီးအသည်းအသန်ပြေးသွားတယ်

မြေပြင်ပေါ်မှာအနီရောင်ဝတ်စုံနဲ့လဲလျောင်းနေတဲ့သူကိုကူညီပြီးထူဖို့ကြိုးစားနေကြတယ်
သူ့ကိုကြည့်ရတာတော်တော်ကိုဒဏ်ရာရထားပြီး​သွေး​တွေစိုရွှဲ​နေတယ် ဒါပေမဲ့ရင်ဘတ်ပေါ်ကညင်သာတဲ့နိမ့်ချည်မြင့်ချည်ပုံစံကြောင့်သူအသက်ရှင်နေသေးမှန်းသိစေတယ်

"ပုကျင်းယွင်''
ရှီရှန်းက မြေပြင်ပေါ်မှာထိုင်ချလိုက်တယ် သူမရဲ့အသံတွေကတုန်ရီနေပြီးသွေးအလိမ်းလိမ်းပေနေတဲ့သူ့ကိုကြည့်နေမိတယ်ရှီရှန်းကခြေမကိုင်မိလက်မကိုင်မိဖြစ်နေပြီးတော့သူမရဲ့အမြဲတမ်းတည်ငြိမ်နေတဲ့ပုံရိပ်ကဖန်ခွက်တစ်ခုလိုကွဲအက်သွားပြီ

သူမအတွက်အစားဝင်ခံပေးစရာမလိုအပ်ခဲ့ပါဘူး

တကယ်မလိုအပ်ပါဘူး.......

ပုကျင်းယွင်ရဲ့မျက်လုံးတွေကဖြည်းညှင်းစွာပွင့်လာတယ် ပြီးတော့သူ့မျက်လုံးကစူးရှတဲ့အလင်းရောင်ကိုတောင့်ခံထားတယ်

သက်တော်စောင့်ကဆေးလုံးပေါင်းစုံကိုသူ့သခင်ရဲ့နှုတ်ခမ်းထဲကိုထည့်ပေးတယ်အသုံးမဝင်တော့ဘူး....

"ခန်းမသခင်!" သက်တော်စောင့်ကမျက်ရည်ဝဲလာတယ်'ဒါတွေကနယ်မြေကိုးပါးခန်းမမှာအကောင်းဆုံးကုသရေးဆေးလုံးတွေပဲ,ဘာဖြစ်လို့!?,ဘာလို့အသုံးမဝင်ရတာလဲ!!...'

"..ယောင်...'' , ရှီရှန်းက ပုကျင်းယွင်ရုတ်တရပ်လှမ်းပေးတဲ့လက်ကိုအမြန်ဆွဲကိုင်လိုက်တယ်

"မပြောနဲ့တော့, ကျွန်မရှင့်ကိုသေခွင့်မပြုဘူး'' ရှီရှန်းက သူမဆီမှာရှိတဲ့ရှိသမျှရှားပါးဆေးတွေတိုက်လိုက်တယ် ဒါပေမဲ့ပုကျင်းယွင်ဆီမှာသက်သာတဲ့အရိပ်အယောင်မရှိဘူး, ဒါတွေကသူ့ဆီမှာအသုံးမဝင်တော့ဘူး

ရှီရှန်းက သူ့ကိုကြောင်ကြည့်နေတယ်''ဘာလို့ဒီလိုဖြစ်ရတာလဲ''

ပုကျင်းယွင်က သူမဒီလောက်ထိတုန်လှုပ်နေတာကိုပထမဆုံးမြင်ဖူးတာဖြစ်ပြီးတော့နောက်ကွယ်ကအကြောင်းအရင်းကလည်းသူ့ကြောင့်ပဲ

ဒီအတွေးကသူ့ကိုကျေနပ်စေတယ်အပြုံးပန်းတစ်ပွင့်ကသူ့နှုတ်ခမ်းပေါ်ဝေဆာနေပြီးအသံတိုးတိုးလေးနဲ့မေးရှာတယ်
"မင်း...မင်းကိုယ့်ကိုတစ်ခေါက်​လောက်နမ်းပေးနိုင်မလား''

ရှီရှန်းက ဒီတောင်ဆိုမှုကြောင့်ရင်ကွဲမတတ်ဖြစ်သွား​ပေမယ့်ခနအကြာမှာသူမခန္ဓာကိုယ်ကိုကွေးပြီးတော့သူ့နှုတ်ခမ်းကိုထိပြီး အဆုံးမဲ့သောဝိညာဥ်စွမ်းအားတွေကိုလွှဲပြောင်းပေးရင်းအနမ်းခြွေလိုက်တယ်

သူမခန္ဓာကိုယ်ထဲကဝိညာဥ်စွမ်းအားကိုလွှဲပြောင်းပေးနေတဲ့အချိန်မှာပုကျင်းယွင်နှလုံးသားထဲကနေရင်းနှီးနေတဲ့နွေးထွေးမှုကိုခံစားလိုက်ရတယ်

ရှီရှန်းရဲ့မျက်ဝန်းတွေကမယုံနိုင်စွာပြူးကျယ်သွားတယ် သူမနမ်းလိုက်တဲ့သူကတော့​အသက်ရှူရပ်တန့်သွားပြီးသူမရင်ခွင်ထဲမှာအေးချမ်းစွာထာ၀ရအနားယူသွားခဲ့ပြီ
ဒါပေမဲ့သူ့မျက်နှာပေါ်ကအပြုံးကြောင့်သူရိုးရိုးသားသားအိပ်ပျော်နေတယ်လို့ထင်ရတယ်

ခနလောက်အကြာမှာရှီရှန်းကနာမည်တစ်ခုကိုတိုးတိုးလေးရေရွတ်လိုက်တယ်
"ဖုန်း...ဖုန်းစီ!''

ရှီရှန်းက ပုကျင်းယွင်ကိုတစ်ယောက်မှထိခွင့်မပေးဘူး သက်တော်စောင့်ကိုတောင်တွန်းလွှတ်ပြီးပုကျင်းယွင်ကိုခေါ်ပြီးပျောက်သွားတယ်

........

တောင်ထိပ်တစ်ခုမှာမိန်းကလေးတစ်ယောက်ကလေပြည်ရဲ့ရိုက်ခက်မှုတွေကြောင့်ပါးလေးတွေနီရဲနေတယ်

သူမဘေးမှာတော့လူတစ်ယောက်က ကျောက်တုံးပေါ်မှာလဲလျောင်းနေပြီးအနီရောင်ဝတ်ရုံစတွေကလေထဲမှာဝဲပျံနေတယ်

သူ့ကိုသာသေ သွားပြီးလို့မသိကြရင်ပထမဆုံးမြင်မိတာနဲ့အိပ်ပျော်နေတယ်ဘို့ပဲထင်ရလောက်တယ်

ရှီရှန်းရဲ့ခန္ဓာကိုယ်ကအေးစက်နေပြီးတော့သူမရှိတော့တဲ့မြို့ကိုစိုက်ကြည့်နေတယ်

[Host ]
"ဖုန်းစီ..'' ရှီရှန်းကတုန်လှုပ်စွာ​မေးတယ်
''သူလား''

[.......]
Systemကခနလောက်တိတ်ဆိတ်သွားပြီးတော့ထပ်မေးတယ်
[Host....ဘယ်လိုရိပ်မိသွားတာလဲ]

ရှီရှန်းကသူမမှတ်ညဏ်တွေထဲကတစ်ခုခုကိုပြန်စဥ်းစားမိတယ် သူမပုကျင်းယွင်ခန္ဓာကိုယ်ထဲကိုစွမ်းအင်ကူးပြောင်းပေးတုန်းကခံစားမိတဲ့ ခံစားချက်ကအရင်ကတစ်ယောက်ယောက်ကြောင့်ခံစားရတာနဲ့တစ်ထပ်တည်းပဲ

ဖုန်းစီ.....

ဖုန်းစီကဘာမှလုပ်စရာမရှိတဲ့အခါတိုင်းသူမဆီကိုစွမ်းအင်တွေကူးပြောင်းပေးလေ့ရှိတယ်
အဲ့ဒီခံစားချက်ကအရမ်း​နွေး​ထွေးပြီးသက်​တောင့်သက်သာရှိတယ်
ဒါကသူမမေ့မရနိုင်တာတွေထဲကတစ်ခုပဲ

ဘာဖြစ်လို့ပုကျင်းယွင်ဆီကရောဒါကိုခံစားမိနေရတာလဲ

"ဘာလို့....ဘာလို့သူဒီကိုရောက်နေတာလဲ''
ရှီရှန်းက သူမခံစားချက်တွေကိုထိန်းသိမ်းထားပေမဲ့အသံကတုန်နေတုန်းပဲ

သူမကဖုန်းစီကလွဲရင်အခြားဇာတ်ကောင်တွေကိုသူစိမ်းကိုဆက်ဆံနိုင်မယ်ထင်ခဲ့တယ်
ဒါပေမဲ့သူမမလုပ်နိုင်ခဲ့ဘူး

ညရောက်လာတဲ့အချိန်တိုင်းသူပေါ်လာပြီးတော့သူမအိမ်မက်ထဲကိုဝင်လာလေ့ရှိတယ်

သူမကိုရင်ခွင်ထဲပိုက်ပြီးတော့ချောက်ကမ်းပါးကနေခုန်ဆင်းသွားတဲ့ပုံရိပ်ကသူမအတွက်တော့အိမ်မက်ဆိုးပဲ ဒါပေမဲ့ဒီကမ္ဘာမှာလည်းဒီပုံရိပ်နဲ့တစ်ထပ်တည်းဆင်တူတာဖြစ်ခဲ့တယ်

[ကျွန်တော်တောင်းပန်ပါတယ်host. ..ဒီမေးခွန်းကိုကျွန်တော်ဖြေခွင့်မရှိလို့ပါ, hostဘာသာအဖြေရှာနိုင်ပါတယ်] systemကရုတ်တရပ်စိတ်သက်သာရာရသွားတယ်
'ကံကောင်းစွာနဲ့ပဲhostကအဲ့​လောက်ထိခံစားချက်မရှိတဲ့သူ​တော့မဟုတ်ဘူး, သူမကခံစားချက်ကိုအနက်ရှိုင်းဆုံးနေရာမှာသိမ်းထားတာပဲ..ငါ​တောင်အဲ့ဒါကိုမရိပ်မိခဲ့ဘူး, ဖုန်းစီကသူမအတွက်အဲ့​လောက်ထိထူးခြားနေမယ်လို့မထင်ထားဘူး, ဒါပေမဲ့သူမဘယ်လိုသိသွားတာလဲ...,သူမကသေချာပေါက်.......'

ရှီရှန်းက စကားမပြောပဲတစ်နေရာကိုပဲစိုက်ကြည့်နေတယ် ပြီးတော့ခနအကြာမှာသူမရဲ့တည်ငြိမ်တဲ့ပုံစံကိုပြန်ရလိုက်တယ်

ကောင်းကင်တစ်ခုလုံးကလေးလံပြီးအုံ့မှိုင်းနေတယ် ပဲသီးလောက်ရှိတဲ့မိုးစက်တွေကရွာချလာပြီးမိန်းကလေးရဲ့ပုံရိပ်ကိုဝေဝါးစေတယ်

ရှီရှန်းက ဆောင့်ကြောင့်ထိုင်ချလိုက်တယ်
မိုးခြုန်းသံတွေကလောကတစ်ခွင်ဆူညံနေပေမဲ့သူမကတော့တိတ်ဆိတ်နေတုန်းပဲ

မိုးရွာတာဘယ်လောက်ကြာပြီမှန်းမသိနိုင်​တော့တဲ့အချိန်မှာ သူမထလိုက်ပြီးတော့အနီရောင်ဝတ်စုံဝတ်ထားတဲ့သူဆီကိုလျှောက်လာတယ် ပြီး​တော့သူ့ကိုသယ်ပြီးတောင်စွန်ဆီကိုလျှောက်သွားတယ်

သူမကလေထုရဲ့အလယ်ကိုရောက်သွားပြီးသူတို့ခန္ဓာကိုယ်တွေကအောက်ကိုပြုတ်ကျနေပြီ

[.....] 'hostကကိုယ့်ကိုယ်ကိုသတ်သေနေတာလား'

ရှီရှန်းက သတ်သေတာမဟုတ်ပါဘူး သူမတောင်စွန်းကနေအလယ်ကိုရောက်တဲ့အခါမှာဓားပျံထွက်လာပြီးသူမကိုခေါ်သွားတယ်

နယ်မြေကိုးပါးခန်းမဆီကိုပုကျင်းယွင်ကိုပြန်ခေါ်လာပြီးစျာပနပွဲကျင်းပပေးတယ် ပြီးတော့သူမကသူ့ကိုနယ်မြေကိုးပါးတစ်ခုလုံးကိုပေးမယ်လို့ကတိပေးဖူးတယ်

လူတိုင်းကရှီရှန်းကိုပြောဆိုနေတာတွေကိုသူမဂရုမစိုက်တော့ဘူး,သူမဒီကတိကိုပြီးအောင်လုပ်တယ်

ဒဏ်ရာတွေရပြီးသွေးအလိမ်းလိမ်းပေနေရင်တောင်သူမလုပ်စရာရှိတာကိုဆက်လုပ်တယ်

သူမကသူမကိုမုန်းတီးနေတဲ့လူတွေရဲ့ဆဲဆိုသံတွေမုန်းတီးမှုတွေဒေါသတွေကိုမခံစားရသလိုမကြားနိုင်တော့ဘူး

ကျွင်းဟန်လင်းကအထွတ်အထိပ်ကိုရောက်ခါနီးမှာရှီရှန်းရဲ့လျှပ်တစ်ပြက်တိုက်ခိုက်တာကိုခံလိုက်ရတယ်

ရှီရှန်းက နယ်မြေကိုးပါးတစ်ခွင်လုံးကိုသိမ်းပိုက်ဖို့အတွက်သုံးနှစ်အချိန်ပေးခဲ့ရတယ်

သူမ ကမ္ဗည်း​ကျောက်စာတိုင်ကိုပလ္လင်ပေါ်တင်လိုက်တဲ့အချိန်မှာလူတွေကဆဲဆိုနေကြတယ်
'ဒီမိန်းမကရူးနေပြီ,လူသေကိုမှခေါင်းဆောင်နေရာထားရတယ်လို့'

ဒါ​ပေမယ့်​ကျောက်စာတိုင်ပေါ်မှာရေးထားတဲ့နာမည်ကြောင့်သူတို့တွေ​နောက်တစ်ကြိမ် ထိတ်လန့်သွားကြရပြန်တယ်

ပုကျင်းယွင်.......

Transalated by Dora💜  Mia💙

Zawgyi

႐ွီ႐ွန္းက လြင့္ထြက္သြားၿပီးေတာ့ေနာက္ဘက္ကနံရံနဲ႔႐ိုက္မိလိုက္တယ္ သူမနားေတြအူသြားၿပီးေတာ့ျပန္အဆင္ေျပသြားတဲ့အခ်ိန္မွာထိတ္လန္႔သြားတယ္

သူမႏွလုံးသားကရင္ဘတ္ထဲကေပါက္ထြက္လုမတတ္ျပင္းထန္စြာခုန္ေနတယ္

ဒုန္း!  ဒုန္း!  ဒုန္း! မိုးႀကိဳးနဲ႔အၿပိဳင္ခုန္ေနသလို!!

အ႐ူးတစ္ေယာက္လိုပဲ ေကာင္းကင္ကို႐ွီ႐ွန္းတစ္ေယာက္ေမာ့ၾကည့္ေနတယ္ေပါက္ကြဲမႈဆီကေန အနက္ေရာင္ျပာမႈန္ေလးေတြလြင့္က်လာတယ္

ေပါက္ကြဲမႈထဲမွာလူအခ်ိဳ႕ပါသြားၿပီးေျမျပင္ေပၚကိုျပဳတ္က်လာတယ္ အျဖစ္အပ်က္ေတြကအေႏွးျပကြက္နဲ႔ျပေနသလိုမ်ိဳး႐ွီ႐ွန္းရဲ႕မ်က္ဝန္းထဲမွာထင္းေနတယ္

ေကာင္းကင္တစ္ခုလုံးကိုအေမွာင္ထုကႀကီးစိုးသြားၿပီ

႐ွီ႐ွန္းရဲ႕နားထဲမွာတစ္စုံတစ္ေယာက္ေအာ္ေခၚေနတာကိုၾကားေနရတယ္
"ခန္းမသခင္!!!!''

တုန္ရီေျခာက္ျခားေနတဲ့အသံက႐ွီ႐ွန္းနားထဲကိုဝင္လာတယ္သူမနားစည္ကေနတစ္ဆင့္ဝိညာဥ္တစ္ခုလုံးရဲ႕အနက္႐ိႈင္းဆုံးေနရာကိုေရာက္သြားသလိုေၾကာင္သြားတယ္
စိတ္ကိုတင္းၿပီးေတာ့ေသခ်ာၾကည့္လိုက္ေပမဲ့သူမမီးခိုးေရာင္ပဲျမင္ရတယ္

"ခန္းမသခင္ကဒီမွာ!, ခန္းမသခင္!!!''
႐ွီ႐ွန္းက႐ုတ္တရပ္ထရပ္လိုက္ၿပီးေတာ့ေဘးကလူေတြအားလုံးကိုတြန္းဖယ္ၿပီးအသည္းအသန္ေျပးသြားတယ္

ေျမျပင္ေပၚမွာအနီေရာင္ဝတ္စုံနဲ႔လဲေလ်ာင္းေနတဲ့သူကိုကူညီၿပီးထူဖို႔ႀကိဳးစားေနၾကတယ္
သူ႕ကိုၾကည့္ရတာေတာ္ေတာ္ကိုဒဏ္ရာရထားၿပီး​ေသြး​ေတြစို႐ႊဲ​ေနတယ္ ဒါေပမဲ့ရင္ဘတ္ေပၚကညင္သာတဲ့နိမ့္ခ်ည္ျမင့္ခ်ည္ပုံစံေၾကာင့္သူအသက္႐ွင္ေနေသးမွန္းသိေစတယ္

"ပုက်င္းယြင္''
႐ွီ႐ွန္းက ေျမျပင္ေပၚမွာထိုင္ခ်လိုက္တယ္ သူမရဲ႕အသံေတြကတုန္ရီေနၿပီးေသြးအလိမ္းလိမ္းေပေနတဲ့သူ႕ကိုၾကည့္ေနမိတယ္႐ွီ႐ွန္းကေျခမကိုင္မိလက္မကိုင္မိျဖစ္ေနၿပီးေတာ့သူမရဲ႕အၿမဲတမ္းတည္ၿငိမ္ေနတဲ့ပုံရိပ္ကဖန္ခြက္တစ္ခုလိုကြဲအက္သြားၿပီ

သူမအတြက္အစားဝင္ခံေပးစရာမလိုအပ္ခဲ့ပါဘူး

တကယ္မလိုအပ္ပါဘူး.......

ပုက်င္းယြင္ရဲ႕မ်က္လုံးေတြကျဖည္းညႇင္းစြာပြင့္လာတယ္ ၿပီးေတာ့သူ႕မ်က္လုံးကစူး႐ွတဲ့အလင္းေရာင္ကိုေတာင့္ခံထားတယ္

သက္ေတာ္ေစာင့္ကေဆးလုံးေပါင္းစုံကိုသူ႕သခင္ရဲ႕ႏႈတ္ခမ္းထဲကိုထည့္ေပးတယ္အသုံးမဝင္ေတာ့ဘူး....

"ခန္းမသခင္!" သက္ေတာ္ေစာင့္ကမ်က္ရည္ဝဲလာတယ္'ဒါေတြကနယ္ေျမကိုးပါးခန္းမမွာအေကာင္းဆုံးကုသေရးေဆးလုံးေတြပဲ,ဘာျဖစ္လို႔!?,ဘာလို႔အသုံးမဝင္ရတာလဲ!!...'

"..ေယာင္...'' , ႐ွီ႐ွန္းက ပုက်င္းယြင္႐ုတ္တရပ္လွမ္းေပးတဲ့လက္ကိုအျမန္ဆြဲကိုင္လိုက္တယ္

"မေျပာနဲ႔ေတာ့, ကြၽန္မ႐ွင့္ကိုေသခြင့္မျပဳဘူး'' ႐ွီ႐ွန္းက သူမဆီမွာ႐ွိတဲ့႐ွိသမွ်႐ွားပါးေဆးေတြတိုက္လိုက္တယ္ ဒါေပမဲ့ပုက်င္းယြင္ဆီမွာသက္သာတဲ့အရိပ္အေယာင္မ႐ွိဘူး, ဒါေတြကသူ႕ဆီမွာအသုံးမဝင္ေတာ့ဘူး

႐ွီ႐ွန္းက သူ႕ကိုေၾကာင္ၾကည့္ေနတယ္''ဘာလို႔ဒီလိုျဖစ္ရတာလဲ''

ပုက်င္းယြင္က သူမဒီေလာက္ထိတုန္လႈပ္ေနတာကိုပထမဆုံးျမင္ဖူးတာျဖစ္ၿပီးေတာ့ေနာက္ကြယ္ကအေၾကာင္းအရင္းကလည္းသူ႕ေၾကာင့္ပဲ

ဒီအေတြးကသူ႕ကိုေက်နပ္ေစတယ္အျပဳံးပန္းတစ္ပြင့္ကသူ႕ႏႈတ္ခမ္းေပၚေဝဆာေနၿပီးအသံတိုးတိုးေလးနဲ႔ေမး႐ွာတယ္
"မင္း...မင္းကိုယ့္ကိုတစ္ေခါက္​ေလာက္နမ္းေပးႏိုင္မလား''

႐ွီ႐ွန္းက ဒီေတာင္ဆိုမႈေၾကာင့္ရင္ကြဲမတတ္ျဖစ္သြား​ေပမယ့္ခနအၾကာမွာသူမခႏၶာကိုယ္ကိုေကြးၿပီးေတာ့သူ႕ႏႈတ္ခမ္းကိုထိၿပီး အဆုံးမဲ့ေသာဝိညာဥ္စြမ္းအားေတြကိုလႊဲေျပာင္းေပးရင္းအနမ္းေႁခြလိုက္တယ္

သူမခႏၶာကိုယ္ထဲကဝိညာဥ္စြမ္းအားကိုလႊဲေျပာင္းေပးေနတဲ့အခ်ိန္မွာပုက်င္းယြင္ႏွလုံးသားထဲကေနရင္းႏွီးေနတဲ့ေႏြးေထြးမႈကိုခံစားလိုက္ရတယ္

႐ွီ႐ွန္းရဲ႕မ်က္ဝန္းေတြကမယုံႏိုင္စြာျပဴးက်ယ္သြားတယ္ သူမနမ္းလိုက္တဲ့သူကေတာ့​အသက္႐ွဴရပ္တန္႔သြားၿပီးသူမရင္ခြင္ထဲမွာေအးခ်မ္းစြာထာ၀ရအနားယူသြားခဲ့ၿပီ
ဒါေပမဲ့သူ႕မ်က္ႏွာေပၚကအျပဳံးေၾကာင့္သူ႐ိုး႐ိုးသားသားအိပ္ေပ်ာ္ေနတယ္လို႔ထင္ရတယ္

ခနေလာက္အၾကာမွာ႐ွီ႐ွန္းကနာမည္တစ္ခုကိုတိုးတိုးေလးေရ႐ြတ္လိုက္တယ္
"ဖုန္း...ဖုန္းစီ!''

႐ွီ႐ွန္းက ပုက်င္းယြင္ကိုတစ္ေယာက္မွထိခြင့္မေပးဘူး သက္ေတာ္ေစာင့္ကိုေတာင္တြန္းလႊတ္ၿပီးပုက်င္းယြင္ကိုေခၚၿပီးေပ်ာက္သြားတယ္

........

ေတာင္ထိပ္တစ္ခုမွာမိန္းကေလးတစ္ေယာက္ကေလျပည္ရဲ႕႐ိုက္ခက္မႈေတြေၾကာင့္ပါးေလးေတြနီရဲေနတယ္

သူမေဘးမွာေတာ့လူတစ္ေယာက္က ေက်ာက္တုံးေပၚမွာလဲေလ်ာင္းေနၿပီးအနီေရာင္ဝတ္႐ုံစေတြကေလထဲမွာဝဲပ်ံေနတယ္

သူ႕ကိုသာေသ သြားၿပီးလို႔မသိၾကရင္ပထမဆုံးျမင္မိတာနဲ႔အိပ္ေပ်ာ္ေနတယ္ဘို႔ပဲထင္ရေလာက္တယ္

႐ွီ႐ွန္းရဲ႕ခႏၶာကိုယ္ကေအးစက္ေနၿပီးေတာ့သူမ႐ွိေတာ့တဲ့ၿမိဳ႕ကိုစိုက္ၾကည့္ေနတယ္

[Host ]
"ဖုန္းစီ..'' ႐ွီ႐ွန္းကတုန္လႈပ္စြာ​ေမးတယ္
''သူလား''

[.......]
Systemကခနေလာက္တိတ္ဆိတ္သြားၿပီးေတာ့ထပ္ေမးတယ္
[Host....ဘယ္လိုရိပ္မိသြားတာလဲ]

႐ွီ႐ွန္းကသူမမွတ္ညဏ္ေတြထဲကတစ္ခုခုကိုျပန္စဥ္းစားမိတယ္ သူမပုက်င္းယြင္ခႏၶာကိုယ္ထဲကိုစြမ္းအင္ကူးေျပာင္းေပးတုန္းကခံစားမိတဲ့ ခံစားခ်က္ကအရင္ကတစ္ေယာက္ေယာက္ေၾကာင့္ခံစားရတာနဲ႔တစ္ထပ္တည္းပဲ

ဖုန္းစီ.....

ဖုန္းစီကဘာမွလုပ္စရာမ႐ွိတဲ့အခါတိုင္းသူမဆီကိုစြမ္းအင္ေတြကူးေျပာင္းေပးေလ့႐ွိတယ္
အဲ့ဒီခံစားခ်က္ကအရမ္း​ေႏြး​ေထြးၿပီးသက္​ေတာင့္သက္သာ႐ွိတယ္
ဒါကသူမေမ့မရႏိုင္တာေတြထဲကတစ္ခုပဲ

ဘာျဖစ္လို႔ပုက်င္းယြင္ဆီကေရာဒါကိုခံစားမိေနရတာလဲ

"ဘာလို႔....ဘာလို႔သူဒီကိုေရာက္ေနတာလဲ''
႐ွီ႐ွန္းက သူမခံစားခ်က္ေတြကိုထိန္းသိမ္းထားေပမဲ့အသံကတုန္ေနတုန္းပဲ

သူမကဖုန္းစီကလြဲရင္အျခားဇာတ္ေကာင္ေတြကိုသူစိမ္းကိုဆက္ဆံႏိုင္မယ္ထင္ခဲ့တယ္
ဒါေပမဲ့သူမမလုပ္ႏိုင္ခဲ့ဘူး

ညေရာက္လာတဲ့အခ်ိန္တိုင္းသူေပၚလာၿပီးေတာ့သူမအိမ္မက္ထဲကိုဝင္လာေလ့႐ွိတယ္

သူမကိုရင္ခြင္ထဲပိုက္ၿပီးေတာ့ေခ်ာက္ကမ္းပါးကေနခုန္ဆင္းသြားတဲ့ပုံရိပ္ကသူမအတြက္ေတာ့အိမ္မက္ဆိုးပဲ ဒါေပမဲ့ဒီကမ႓ာမွာလည္းဒီပုံရိပ္နဲ႔တစ္ထပ္တည္းဆင္တူတာျဖစ္ခဲ့တယ္

[ကြၽန္ေတာ္ေတာင္းပန္ပါတယ္host. ..ဒီေမးခြန္းကိုကြၽန္ေတာ္ေျဖခြင့္မ႐ွိလို႔ပါ, hostဘာသာအေျဖ႐ွာႏိုင္ပါတယ္] systemက႐ုတ္တရပ္စိတ္သက္သာရာရသြားတယ္
'ကံေကာင္းစြာနဲ႔ပဲhostကအဲ့​ေလာက္ထိခံစားခ်က္မ႐ွိတဲ့သူ​ေတာ့မဟုတ္ဘူး, သူမကခံစားခ်က္ကိုအနက္႐ိႈင္းဆုံးေနရာမွာသိမ္းထားတာပဲ..ငါ​ေတာင္အဲ့ဒါကိုမရိပ္မိခဲ့ဘူး, ဖုန္းစီကသူမအတြက္အဲ့​ေလာက္ထိထူးျခားေနမယ္လို႔မထင္ထားဘူး, ဒါေပမဲ့သူမဘယ္လိုသိသြားတာလဲ...,သူမကေသခ်ာေပါက္.......'

႐ွီ႐ွန္းက စကားမေျပာပဲတစ္ေနရာကိုပဲစိုက္ၾကည့္ေနတယ္ ၿပီးေတာ့ခနအၾကာမွာသူမရဲ႕တည္ၿငိမ္တဲ့ပုံစံကိုျပန္ရလိုက္တယ္

ေကာင္းကင္တစ္ခုလုံးကေလးလံၿပီးအုံ႔မိႈင္းေနတယ္ ပဲသီးေလာက္႐ွိတဲ့မိုးစက္ေတြက႐ြာခ်လာၿပီးမိန္းကေလးရဲ႕ပုံရိပ္ကိုေဝဝါးေစတယ္

႐ွီ႐ွန္းက ေဆာင့္ေၾကာင့္ထိုင္ခ်လိုက္တယ္
မိုးျခဳန္းသံေတြကေလာကတစ္ခြင္ဆူညံေနေပမဲ့သူမကေတာ့တိတ္ဆိတ္ေနတုန္းပဲ

မိုး႐ြာတာဘယ္ေလာက္ၾကာၿပီမွန္းမသိႏိုင္​ေတာ့တဲ့အခ်ိန္မွာ သူမထလိုက္ၿပီးေတာ့အနီေရာင္ဝတ္စုံဝတ္ထားတဲ့သူဆီကိုေလွ်ာက္လာတယ္ ၿပီး​ေတာ့သူ႕ကိုသယ္ၿပီးေတာင္စြန္ဆီကိုေလွ်ာက္သြားတယ္

သူမကေလထုရဲ႕အလယ္ကိုေရာက္သြားၿပီးသူတို႔ခႏၶာကိုယ္ေတြကေအာက္ကိုျပဳတ္က်ေနၿပီ

[.....] 'hostကကိုယ့္ကိုယ္ကိုသတ္ေသေနတာလား'

႐ွီ႐ွန္းက သတ္ေသတာမဟုတ္ပါဘူး သူမေတာင္စြန္းကေနအလယ္ကိုေရာက္တဲ့အခါမွာဓားပ်ံထြက္လာၿပီးသူမကိုေခၚသြားတယ္

နယ္ေျမကိုးပါးခန္းမဆီကိုပုက်င္းယြင္ကိုျပန္ေခၚလာၿပီးစ်ာပနပြဲက်င္းပေပးတယ္ ၿပီးေတာ့သူမကသူ႕ကိုနယ္ေျမကိုးပါးတစ္ခုလုံးကိုေပးမယ္လို႔ကတိေပးဖူးတယ္

လူတိုင္းက႐ွီ႐ွန္းကိုေျပာဆိုေနတာေတြကိုသူမဂ႐ုမစိုက္ေတာ့ဘူး,သူမဒီကတိကိုၿပီးေအာင္လုပ္တယ္

ဒဏ္ရာေတြရၿပီးေသြးအလိမ္းလိမ္းေပေနရင္ေတာင္သူမလုပ္စရာ႐ွိတာကိုဆက္လုပ္တယ္

သူမကသူမကိုမုန္းတီးေနတဲ့လူေတြရဲ႕ဆဲဆိုသံေတြမုန္းတီးမႈေတြေဒါသေတြကိုမခံစားရသလိုမၾကားႏိုင္ေတာ့ဘူး

ကြၽင္းဟန္လင္းကအထြတ္အထိပ္ကိုေရာက္ခါနီးမွာ႐ွီ႐ွန္းရဲ႕လွ်ပ္တစ္ျပက္တိုက္ခိုက္တာကိုခံလိုက္ရတယ္

႐ွီ႐ွန္းက နယ္ေျမကိုးပါးတစ္ခြင္လုံးကိုသိမ္းပိုက္ဖို႔အတြက္သုံးႏွစ္အခ်ိန္ေပးခဲ့ရတယ္

သူမ ကမၺည္း​ေက်ာက္စာတိုင္ကိုပလႅင္ေပၚတင္လိုက္တဲ့အခ်ိန္မွာလူေတြကဆဲဆိုေနၾကတယ္
'ဒီမိန္းမက႐ူးေနၿပီ,လူေသကိုမွေခါင္းေဆာင္ေနရာထားရတယ္လို႔'

ဒါ​ေပမယ့္​ေက်ာက္စာတိုင္ေပၚမွာေရးထားတဲ့နာမည္ေၾကာင့္သူတို႔ေတြ​ေနာက္တစ္ႀကိမ္ ထိတ္လန္႔သြားၾကရျပန္တယ္

ပုက်င္းယြင္.......

Transalated by Dora💜  Mia💙

Continue Reading

You'll Also Like

853K 47.7K 36
"လွမ်းစေသော် မင်းငါ့ကိုဘာလို့ ချစ်ငယ်လို့ခေါ်တာလဲ" "ချစ်ငယ်က ငါ့ထက်ငယ်တော့ အငယ်ပေါ့ ချစ်ငယ်လို့ခေါ်မှတော့ အခြားဘာရှိသေးလို့လဲ" "..." "ကိုကို မင်းကို...
2.5M 244K 64
This story book presented by ZAWGYI & UNICODE. Cover Design By @Moa ZAWGYI ရင္ခုန္စရာ ဇာက္လမ္းေလးတစ္ပုဒ္ကုိ ငါ အခုေျပာျပမယ္ ..... ဇာက္လမ္းေလးက ဒီလိ...
19.7K 1K 23
Romance, teenage comedy , OC Unicode+Zawgyi
97.9K 9.9K 70
Type - web novel Genre - Drama, Romance , school life Author - Si Zhi Translation - Kyiphyuswe chapter - 55(complete)