ရှီရှန်း (ရှီရှန်း) Book 2...

By Hanpandora

816K 125K 3.1K

This is not my own story just for offline reading and Myanmar transalation . full crd to original uploder and... More

Transalator note
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 5.11
Arc 5.12
Arc 5.13
Arc 5.14
Arc 5.15
Arc 5.16
Arc 5.17
Arc 5.18
Sorry!!!
Arc 5.19
Arc 5.20
Arc 5.21
Arc 5.22
Arc 5.23
Arc 5.24
Arc 5.25
Arc 5.26
Arc 5.27
Arc 5.28
Arc 5.29
Arc 5.30
Arc 5.31
Arc 5.32 End
​ပေ့ကျဲ့ (special episode)
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 6.11
Arc 6.11 (ဒီတစ်ခါ တကယ်😂)
Arc 6.12
Arc 6.13
Arc 6.14
Arc 6.15
Arc 6.16
Arc 6.17
Note
Arc 6.18
Arc 6.19
Arc 6.20
Arc 6.21
Arc 6.22
Arc 6.23
Arc 6.24
Arc 6.25
Arc 6.26
Arc 6.27
Arc 6.28
Arc 6.29
Arc 6.30
Arc 6.31
Arc 6.32 End
welcom back💜💙
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 7.16
Arc 7.17
Arc 7.18
Arc 7.19
Arc 7.20
Arc 7.21
Arc 7.22
Arc 7.23
Arc 7.24
Arc 7.25
Arc 7.26
Arc 7.27
Arc 2.28
Arc 7.29
Arc 7.30
Arc 7.31
Arc 7.33
Arc 7.34[END]
spoiler alert❣
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 8.11
Arc 8.12
Arc 8.13
Arc 8.14
Arc 8.15
Arc 8.16
Arc 8.17
Arc 8.18
Arc 8.19
Arc 8.20
Arc 8.21
Arc 8.22
Arc 8.23
Arc 8.24
Arc 8.25
Arc 8.26
Arc 8.27
Arc 8.28
Arc 8.29
Arc 8.30
Arc 8.31End
Arc 8 Extra(ဖုန်းကျင်း)
Arc 9.1
Warning
Arc 9.2
Arc 9.3
Arc 9.4
Arc 9.5
Arc 9.6
Arc 9.7
Arc 9.8
Arc 9.9
Arc 9.10
Arc 9.11
Arc 9.12
Arc 9.13
Arc 9.14
Arc 9.15
Arc 9.16 + 9.17
Arc 9.18
Arc 9.19
Arc 9.20
Arc 9.21
Arc 9.22
Arc 9.23
Arc 9.24 END
Arc 10.1
Arc 10.2
Arc 10.3
Arc 10.4
Arc 10.5
Arc 10.6
Arc 10.7
Arc 10.8
Arc 10.9
Arc 10.10
Arc 10.11
Arc 10.12
Arc 10.13
Arc 10.14
Arc 10.15
Arc 10.16
Arc 10.17
Arc 10.18
Arc 10.19
Arc 10.20
Arc 10.21
Arc 10.22
Arc 10.23
Arc 10.24
Arc 10.25
Arc 10.26
Arc 10.27
Arc 10.28
Arc 10.29
Arc 10.30
Arc 10.31
Arc 10.32
Arc 10.33
Arc 10.34
Arc 10.35
Arc 10.36
Arc 10.37
Arc 10.38
Arc 10.39 to extra

Arc 7.32

4K 617 3
By Hanpandora

Unicode

ရှီရှန်းက ချင်လန်ယွဲ့ဘာဖြစ်​နေပြီလဲ ဆိုတာကိုဂရုမစိုက်အားဘူး သူမဆီမှာ​တောင် ပြသနာ​ပေါင်း​သောင်း​ခြောက်​​ထောင်တက်​နေပြီးသား..
ရှီရှန်းလေး​ထောင့်မြို့ကိုပြန်​ရောက်ပြီလို့ကြားတာနဲ့ သက်တန့်ကြာပန်းအတွက် သူမကို လာတိုက်ခိုက်ကြတယ် ရှီရှန်းက ​သေဖို့​တောင်းဆိုနေတဲ့လူအုပ်လိုက်ကြီးနဲ့ရင်ဆိုင်​နေရပြန်တယ်...
အဲ့​ဒါ​ကြောင့် မြို့ရဲ့၀င်​ပေါက်​တွေအကုန်ပိတ်သွားပြီး ဘယ်သူ့ကိုမှထပ်၀င်ခွင့်မပြု​တော့ဘူး..

"မင်းအတွက်.." အနီ​ရောင်၀တ်စုံ၀တ်ထားပြန်တဲ့ပုကျင်းယွင်က သူမဆီ ကြာပန်းထည့်ထားတဲ့ဘူးကိုကမ်း​ပေးတယ်
' ငါ့အတွက် ဆိုတာဘာအဓိပ္ပါယ်လဲ.. ငါဒါကြီးကိုမလိုပါဘူး..'
ရှီရှန်းကသူ့ကို​ကြောင်ပြီးကြည့်​နေတယ်

"ငါမင်းကို​ပေး​နေတယ်​လေ...ယူလိုက်​ပေါ့.."

ရှီရှန်း "......"
'ငါကမှ နင့်ကို ဒါယူ​ပေးခဲ့တာပါ​နော်!!! ဘာကိစ္စပြန်လာ​ပေး​နေတာလဲ..'

"ဟမ့်!"
ပုကျင်းယွင်က ဘူးကိုရှီရှန်းဆီ​ပေးခဲ့ပြီးထွက်သွားတယ်

ရှီရှန်းက နှုတ်ခမ်းကိုခပ်တင်းတင်း​စေ့ထားတယ် 'ဒီသူ​တောင်းစား​ကောင်ရဲ့ ​ဆောင့်ကြွားကြွားနိုင်မှုက တဖြည်းဖြည်းပိုပိုဆိုးလာ​နေပြီ
...အဲ့ဒီ​နေ့က လင်းယုန်လက်သည်းစာမိပြီး​သေ​အောင်ပစ်ထားလိုက်ရမှာ..'

ရှီရှန်းက ကြာပန်းကိုငုံ့ကြည့်ပြီး​ကောက်ကျစ်စွာပြုံးလိုက်တယ်
'သိပ်ကိုလိုချင်​နေကြတယ်​ပေါ့ ဟုတ်လား...​ကောင်းပြီ​လေ..'

.............

​လေး​ထောင့်မြို့ကအလုပ်ရှုပ်​နေကြပြန်ပြီ...သူတို့ရဲ့မြို့သခင်က ကစားနည်းအသစ်တစ်ခုထွင်​နေပြန်ပြီ​လေ.. သူမက ကုန်း​မြေကြီးကိုးပါးက အင်အားကြီးမိသားစု​တွေကို ​လေး​ထောင့်မြို့ဆီဖိတ်​ခေါ်လိုက်တယ်

'အရင်တစ်ခါတုန်းက​တော့ သူတို့ကို​ပေးမ၀င်ဖို့ မြို့တံခါးကိုအ​သေအ​ကြေပိတ်ထားခိုင်းခဲ့တာမဟုတ်ဖူးလား..အခုကျ တကူးတကလှမ်းဖိတ်တယ်​ပေါ့..မြို့သခင်ဘာ​တွေ​တွေး​နေတယ်ဆိုတာလုံး၀နားမလည်နိုင်​တော့ဘူး..'

သာမန်လူ​တွေသာမက ပုကျင်းယွင်​တောင်မှရှီရှန်းကိုနားမလည်ဘူး ' ဒီမိန်းမ ဘာအရှုပ်လုပ်ပြန်ပြီလဲ မသိဘူး..'

ပုကျင်းယွင်က ရှီရှန်းအပြင်ကိုဖြန့်လိုက်တဲ့ဖိတ်ကြားစာရဲ့ မိတ္တူကိုကြည့်လိုက်တယ်

ဖိတ်ကြားစာ​ပေါ်မှာ အဖိတ်ခံရတဲ့သူ​တွေရဲ့အမည်ကလွဲရင် စာတစ်​ကြောင်းပဲရှိတယ်

'သက်တန့်ကြာပန်းကိုလိုချင်လား...​လေး​ထောင့်မြို့ကိုလာခဲ့...'

သူမရဲ့​ခေါင်းထဲမှာဘာ​တွေ​တွေး​နေတယ်ဆိုတာသူလုံး၀နားမလည်​တော့ဘူး..

ဖိတ်ကြားခံရတဲ့သူ​တွေကလည်း လက်ခံကြတယ် ဒါက​ထောင်​ချောက်တစ်ခုဖြစ်​နေတယ်ဆို​ရင်​တောင် သက်တန့်ကြာပန်းအတွက် ဆိုရင် စွန့်စားဖို့တန်တယ်လို့ သူတို့က​တွေးကြတယ်

လအနည်းငယ်ကြာတဲ့အခါမှာ ​လေး​ထောင့်မြို့က ထပ်ပြီးစည်ကားလာပြန်တယ်  လမ်းမ​တွေ​ပေါ်မှာလူ​တွေပြည့်ကျပ်​နေတာ​ကြောင့် လူ​တွေတွန်းတိုက်မိပြီး ရန်ပွဲငယ်​လေး​တွေ​တောင်ဖြစ်ကုန်တယ်

ချင်လန်ယွဲ့ နဲ့ ကျုံးရှီရိကလည်း မြို့ထဲကို၀င်လာကြတယ် ချင်လန်ယွဲ့ရဲ့တစ်ကိုယ်လုံးကို အနက်​ရောင်၀တ်ရုံကဖုံးအုပ်ထားပြီး အနက်​ရောင်​ခေါင်း​ဆောင်းကိုလည်း​ဆောင်းထားတယ် သူမရဲ့ပုံစံက ​သွေး​အေးရက်စက်တဲ့လူသတ်သမားလိုပဲ..

"မပူပါနဲ...သက်တန့်ကြာပန်းကိုသာရရင် မင်းရဲ့ အရင်ရုပ်ရည်ကိုပြန်ရနိုင်ပါတယ် " ကျုံးရှီရိက ချင်လန်ယွဲ့ကို အား​ပေးလိုက်တယ်

"​ကျေးဇူးတင်ပါတယ် ဆရာ " ချင်လန်ယွဲ့က ခပ်တိုးတိုးပြန်​ဖြေတယ်
ကျုံးရှီရိက သက်ပြင်းချလိုက်တယ် သူတန်ဖိုးအထားဆုံးတပည့်က ဒီလိုအ​ခြေအ​နေထိ​ရောက်​အောင် ဖိအား​ပေးခံထားရရှာတယ်..

ချင်လန်ယွဲ့ရဲ့အကြည့်က သူမရဲ့၀မ်းဗိုက်ကို​ရောက်သွား​တော့ ပိုလို့​တောင် ​ကြောက်မက်ဖွယ်ကောင်းသွားတယ်
ကျုံးရှီရိက အဲ့ဒါကိုဖျက်ချလို့မရဘူးလို့​ပြောလို့သာ သူမက အဲ့ဒါကိုဒီတိုင်းထားထားတာ..

သူမဗိုက်ထဲမှာရှိ​နေတဲ့က​လေးက ၀ံပု​လွေဘုရင်ရဲ့က​လေးလား ​မြွေဘုရင်ရဲ့က​လေးလား ဆိုတာ​တောင် ​သေချာမသိဘူး.. ပြီး​တော့ သူမဗိုက်ထဲကဒီကျက်သ​ရေမရှိတဲ့အရာ​ကြောင့်သာမဟုတ်ရင် သူမရဲ့ရုပ်ရည်က ဒီလိုအ​ခြေအ​နေထိ​ရောက်သွားစရာအ​ကြောင်းမရှိဘူး..သူမ အဲ့ဒါကို မမုန်းဘဲ ဘယ်​နေမလဲ..

'ကံ​ကောင်းစွာနဲ့ပဲ ငါ့မှာ အ​ခြေအ​နေ​တွေကို​ပြောင်းပြန်လှန်လို့ရတဲ့အခွင့်အ​ရေးရှိ​နေတုန်းပဲ... သက်တန့်ကြာပန်းကိုသာရမယ်ဆိုရင် ငါ့ရဲ့ အရင်ရုပ်ရည်ကိုပြန်ရနိုင်​သေးတယ် .'

"မြို့သခင်လာ​နေပြီ..."
လူအုပ်ကြီးကတွန်းထိုးကုန်ကြတယ် တစ်​ယောက်​ယောက်က သူမကိုတွန်းလိုက်တာ​ကြောင့် ​မြေပြက်​ပေါ်ကိုလဲကျလုနီးပါးဖြစ်သွားပြီး ကျုံးရှီရိက အမြန်တွဲပေးလိုက်ရတယ် 
လူအုပ်ကြီးက နှစ်ပိုင်းကွဲသွားပြီး အလယ်မှာ အနီ​ရောင်၀တ်စုံ၀တ်ထားတဲ့အမျိုးသားနဲ့ ခရမ်း​ရောင်၀တ်စုံကို၀တ်ထားတဲ့ အမျိုးသမီး​လေးတစ်​ယောက်​ပေါ်လာတယ် သူတို့နှစ်​ယောက်က ညားခါစဇနီး​မောင်နှံ​တွေလို ချစ်ကြည်နူးစရာ​ကောင်း​နေတယ်

ရှီရှန်းကိုမြင်​တော့ ချင်လန်ယွဲ့ရဲ့​ဘေးမှာ လူသတ်ချင်တဲ့အရှိန်အ၀ါ​ပေါ်ထွက်လာတယ် ဒါ​ပေမယ့် ရှီရှန်းကိုသတ်ချင်တဲ့သူကခပ်များများဖြစ်တာ​ကြောင့်ဘယ်သူကမှဒါကိုအ​ရေးတယူလုပ်မ​နေကြဘူး

ကျုံးရှီရိက သူမကိုလှမ်းဆွဲကာ အသာ​ခေါင်းယမ်းပြပြီး စိတ်လိုက်မာန်ပါမလုပ်ဖို့သတိ​ပေးတယ် 
ချင်လန်ယွဲ့ကအသက်ပြင်းပြင်းရှူပြီးသူမကိုယ်သူမထိန်းလိုက်တယ်
'ရှန့်​ယောင်ကွမ်း....နင့်ကို ခန​လောက် အသက်ရှင်ခွင့်​ပေးထားလိုက်မယ်..'

သူမရဲ့အကြည့်တွေကရှီရှန်းအနောက်ကတစ်ယောက်ဆီကိုရောက်သွားတယ်
'သူပဲ မီးဘုရင်ရဲ့ဆေးပြင်းဖိုရှိနေတဲ့လူ..'

.....

လူတိုင်းကစုဝေးနေကြတယ် လူအုက်ထဲမှာချင်လန်ယွဲ့ရဲ့ပုံစံကအတော်ကိုသိသာထင်ရှားနေတယ် သူမကတစ်ကိုယ်လုံးကိုအမဲရောင်ဝတ်စုံနဲ့ဖုံးထားပြီးတော့ခေါင်း​ဆောင်းကိုလည်းဝတ်ထားတယ်

ပြီးတော့မျက်နှာဖုံးစွပ်ထားတဲ့လူတစ်ယောက်ရဲ့အရှိန်အဝါကလညအရမ်းကိုသိသာထင်ရှားနေတယ်သူ့အရှိန်အဝါကြောင့်လူတွေကသူတို့နှစ်​ယောက်အနားကိုမကပ်ရဲကြဘူး

လေးထောင့်မြို့တော်ကအဆောက်အဦးတွေနဲ့လေးဘက်လေးရံဝန်းကာထားပြီးတော့အထဲကမြေပြန့်မှာလေးထောင့်ပုံစံခန်းမရှိတယ်အဲဒီမှာသူတို့အားလုံးကစုဝေးနေကြတယ်

လူစုံပြီဆိုတာနဲ့ရှီရှန်းကရှေ့ကိုထွက်လာတယ်''...မတွေ့ရတာကြာပြီနော်''သူမအသံကလူထုကြီးကိုတိတ်ဆိတ်သွားစေတယ်

"ရှန့်ယောင်ကွမ်း, မင်းဘာတွေကြံနေတာလဲ''လူတစ်ယောက်ကလှမ်းအော်ပြောတယ်,

ရှီရှန်းကဒုတိယထပ်ကိုဆင်းလာပြီးတော့အဲ့လူကိုကြည့်လိုက်တယ်''လုပ်စမ်းပါ, ကျွန်မကအခုမြို့သခင်ဖြစ်နေပြီ, 'ရှန့်ယောင်ကွမ်း! ရှန့်ယောင်ကွမ်း 'နဲ့ခေါ်နေတာဘာသဘောလဲ''

"ငါတို့မင်းကိုရှန့်ယောင်ကွမ်းလို့ခေါ်နေတာတောင်ကျေးဇူးတင်သင့်နေပြီ,အပြင်နေရာကသူတွေမင်းကိုဘယ်လိုခေါ်လဲသိချင်နေလား''အဲဒီလူကဒေါသထွက်သွားတယ်

​ဘေးနားကနေခပ်ပိန်ပိန်လူလေးတစ်ယောက်ကသူ့ကိုဆွဲခေါ်သွားတယ်
''မြို့သခင်ရှန့် ,ကျေးဇူးပြုပြီးဗွေမယူပါနဲ့, အခုမြို့သခင်..ဖိတ်ကြားလို့ရောက်လာရတာပါ,အဲ့ဒါကြောင့်ကျွန်တော်တို့ကဧည့်သည်ဖြစ်ပြီး, မြို့သခင် ကအိမ်ရှင်ဖြစ်နေလို့ခွင့်လွှတ်ပေးပါ''

"အဲတော့...ရှင်ဆိုလိုတာက ကျွန်မကသူကျွန်မကိုရိုက်ခဲ့မယ်ဆိုရင်တောင်သည်းခံပေးရမယ်ပေါ့လေ''ရှီရှန်းကမျက်ခုံးပင့်ပြလိုက်တယ်

'ငါကအိမ်ရှင်ဖြစ်တော့ရောဘာဖြစ်လဲ,သူတို့ကိုအတင်းလာခိုင်းနေတာမှမဟုတ်တာ'

"မြို့သခင်ရှန့်,ငါတို့လာရင်းကိစ္စကိုပဲပြောကြရအောင်,ဒီကိုရောက်နေတာကသက်တန့်ကြာပွင့်အတွက်ပဲမင်းအဲဒီပန်းကိုပေးဖို့ဘာပြန်ပေးရမလဲဆိုတာကိုသာပြောပါ''
စိတ်မရှည်တဲ့သူတစ်ယောက်ကဝင်ပြောတယ်

ရှီရှန်းက ပြုံးလိုက်ပြီးတော့ပစ္စည်းကိုလှေကားလက်တန်းပေါ်တင်လိုက်တယ်

ဘူး​လေးတစ်ဘူးထဲမှာကြာပန်းကိုထည့်ထားတယ်လူတွေကအဲ့ပစ္စည်းကိုပဲစူးစိုက်ကြည့်နေကြတယ်

သေတ္တာကိုဖွင့်လိုက်တဲ့အချိန်မှာပြင်းထန်တဲ့ဝိညဥ်စွမ်းအားကသူတိုင်းအားလုံးကိုလန်းဆန်းသွားစေတယ်
အားလုံးရဲ့မျက်လုံးထဲမှာလောဘတွေပေါ်လာကြတယ်

အချို့လူတွေဆိုလာရင်းကိစ္စကိုမေ့သွားပြီးတော့ပစ္စည်းကိုသာကြည့်နေတယ်

"ကျွန်မရှင်တို့ကိုခေါ်ရတဲ့အကြောင်းအရင်းကတော့......''ရှီရှန်းက ကြာပွင့်ကိုအပြင်ကိုထုတ်လိုက်တဲ့အချိန်မှာအရောင်ကတစ်ဖြည်းဖြည်းဖျော့လာတယ်

"သူ့ကိုအပြင်မထုတ်နဲ့''လူတစ်ယောက်ကအော်ပြောတယ်''အာနိသင်ပျယ်သွားလိမ့်မယ်''

ရှီရှန်းက သေတ္တာထဲပြန်ထည့်ပြီးပြောတယ်''ကျွန်မရှင်တို့ကိုခေါ်ရတဲ့အကြောင်းအရင်းကတော့,ဒီသက်တန့်ကြာပန်းကိုဖျက်ဆီးတာကိုမျက်မြင်တွေ့စေချင်လို့ပဲ,ဒါကိုကြည့်ပြီးတော့ကျွန်မကိုလိုက်နှောက်ယှက်နေတာတွေရပ်မယ်လို့မျှော်လင့်ပါတယ်''

'ဘာ!!'

'ကြာပန်းကိုဖျက်ဆီးမယ်သူမဘာတွေပြောနေတာလည်းငါတို့ကရောဘာလို့သဘောမပေါက်နိုင်ရတာလဲ ..သူမကလူရောဟုတ်ရဲ့လား'

"ရှန့်ယောင်ကွမ်း! "လူတိုင်းကဝိညာဥ်စွမ်းအင်ကိုသုံးပြီးတော့လေပေါ်ပျံဖို့လုပ်တယ်

သူတို့တွေကိုရှီရှန်းကဂရုမစိုက်ဘဲနဲ့ကြာပန်းကိုအပြင်ကိုထုတ်ပစ်လိုက်တယ်လူတိုင်းကဒုတိယထပ်ကိုရောက်တဲ့အခါမှာအကုန်လုံးမြေပြင်ပေါ်ကိုကျောက်တုံးလိုပြုတ်ကြကုန်တယ် တစ်ယောက်ပြုတ်ကျတာနဲ့နောက်ကလူတွေပါ တန်းစီပြီးလဲကျကုန်တယ်

ရှီရှန်းကလှောင်ပြောင်တဲ့အပြုံးတစ်ခုကိုပေးလိုက်တယ်လူတိုင်းကအားမရှိတော့ဘဲနဲ့မြေပြင်ပေါ်ကနေတောင်ပြန်မထနိုင်တော့ဘူး

"အားသုံးမနေပါနဲ့,ရှင်တို့ဝင်လာကတည်းကကျွန်မကရှင်တို့ကိုအဆိပ်ခတ်ထားတာ''
ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာလူတိုင်းကဝိညညဥ်စွမ်းအင်သုံးပြီးအဆိပ်ဖြေဖို့ကြိုးစားတယ်,

"ကြင်ကြင်နာနာနဲ့သတိပေးပါရစေ,ဝိညဥ်စွမ်းအင်သုံးရင်အဆိပ်ကပြန့်လွယ်တယ်နော်'
.........

Transalated by Dora💜   Mia💙

Zawgyi




ရှီရှန်း "......"

"ဟမ့်!"



.............
















"မြို့သခင်လာ​နေပြီ..."




.....



















'ဘာ!!'






.........


Continue Reading

You'll Also Like

48.6K 4.7K 14
ငါ့ကို အစားထိုးချင်တဲ့ မင်းရဲ့ဆန္ဒတွေ ပြည့်ပြည့်မြောက်မြောက် ပြည့်ဝသွားခဲ့ပြီ လွေ့ချီ...။
42.5K 1.3K 64
[Unicode] ကျူးလစ်ပန်းအဝါရောင်လေးတွေရဲ့အဓိပ္ပါယ်က နေရောင်ခြည်လိုတောက်ပပြီးနွေးထွေးတဲ့အပြုံးလေးကိုရည်ညွှန်းသတဲ့။ [Zawgyi] ကျူးလစ်ပန်းအဝါရောင်လေးတွေရဲ့အ...
3.8M 263K 81
Married Life ( Male Pregnant ) " ငါမောင့်ကိုချစ်တယ် ဒါပေမယ့် ငါ့မှာလည်းသည်းခံနိုင်တဲ့အတိုင်းအတာဆိုတာရှိတယ် မင်းငါ့ကိုအရင်ကျောခိုင်းရင် မင်းထားခဲ့တဲ့အ...
2.5M 244K 64
This story book presented by ZAWGYI & UNICODE. Cover Design By @Moa ZAWGYI ရင်ခုန်စရာ ဇာက်လမ်းလေးတစ်ပုဒ်ကို ငါ အခုပြောပြမယ် ..... ဇာက်လမ်းလေးက ဒီလိ...