ရှီရှန်း (႐ွီ႐ွန္း) Book 2...

By Hanpandora

817K 125K 3.1K

This is not my own story just for offline reading and Myanmar transalation . full crd to original uploder and... More

Transalator note
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 5.11
Arc 5.12
Arc 5.13
Arc 5.14
Arc 5.15
Arc 5.16
Arc 5.17
Arc 5.18
Sorry!!!
Arc 5.19
Arc 5.20
Arc 5.21
Arc 5.22
Arc 5.23
Arc 5.24
Arc 5.25
Arc 5.26
Arc 5.27
Arc 5.28
Arc 5.29
Arc 5.30
Arc 5.31
Arc 5.32 End
​ပေ့ကျဲ့ (special episode)
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 6.11
Arc 6.11 (ဒီတစ်ခါ တကယ်😂)
Arc 6.12
Arc 6.13
Arc 6.14
Arc 6.15
Arc 6.16
Arc 6.17
Note
Arc 6.18
Arc 6.19
Arc 6.20
Arc 6.21
Arc 6.22
Arc 6.23
Arc 6.24
Arc 6.25
Arc 6.26
Arc 6.27
Arc 6.28
Arc 6.29
Arc 6.30
Arc 6.31
Arc 6.32 End
welcom back💜💙
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 7.16
Arc 7.18
Arc 7.19
Arc 7.20
Arc 7.21
Arc 7.22
Arc 7.23
Arc 7.24
Arc 7.25
Arc 7.26
Arc 7.27
Arc 2.28
Arc 7.29
Arc 7.30
Arc 7.31
Arc 7.32
Arc 7.33
Arc 7.34[END]
spoiler alert❣
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 8.11
Arc 8.12
Arc 8.13
Arc 8.14
Arc 8.15
Arc 8.16
Arc 8.17
Arc 8.18
Arc 8.19
Arc 8.20
Arc 8.21
Arc 8.22
Arc 8.23
Arc 8.24
Arc 8.25
Arc 8.26
Arc 8.27
Arc 8.28
Arc 8.29
Arc 8.30
Arc 8.31End
Arc 8 Extra(ဖုန်းကျင်း)
Arc 9.1
Warning
Arc 9.2
Arc 9.3
Arc 9.4
Arc 9.5
Arc 9.6
Arc 9.7
Arc 9.8
Arc 9.9
Arc 9.10
Arc 9.11
Arc 9.12
Arc 9.13
Arc 9.14
Arc 9.15
Arc 9.16 + 9.17
Arc 9.18
Arc 9.19
Arc 9.20
Arc 9.21
Arc 9.22
Arc 9.23
Arc 9.24 END
Arc 10.1
Arc 10.2
Arc 10.3
Arc 10.4
Arc 10.5
Arc 10.6
Arc 10.7
Arc 10.8
Arc 10.9
Arc 10.10
Arc 10.11
Arc 10.12
Arc 10.13
Arc 10.14
Arc 10.15
Arc 10.16
Arc 10.17
Arc 10.18
Arc 10.19
Arc 10.20
Arc 10.21
Arc 10.22
Arc 10.23
Arc 10.24
Arc 10.25
Arc 10.26
Arc 10.27
Arc 10.28
Arc 10.29
Arc 10.30
Arc 10.31
Arc 10.32
Arc 10.33
Arc 10.34
Arc 10.35
Arc 10.36
Arc 10.37
Arc 10.38
Arc 10.39 to extra

Arc 7.17

4K 646 3
By Hanpandora

Unicode

ရှီရှန်းက ​ကျောင်းကိုပြန်လာတယ် သူမကပုကျင်းယွင်ထွက်​ပြေးသွားမှာကိုစိတ်ပူပြီး သူ့ကိုပါသူမနဲ့တစ်ပါတည်း အတူတူ​ခေါ်လာခဲ့တယ် အဲ့ဒါ​​ကြောင့် နဂိုထဲက ​ကျော်ကြားပြီးသားရှီရှန်းက ပိုလို့​တောင် နာမည်ကြီးလာတယ်
သူမကပြသနာ​တွေဆက်တိုက်ရှာ​နေတာ​ကြောင့် ​အကြီးအကဲကသူမကို ​ကျောင်းထုတ်ပစ်လိုက်ချင်တယ် ဒါ​ပေမယ့် သူမရဲ့အ​နောက်မှာ ရှန့်မိသားစုရှိ​နေ​သေးတယ် ရှန့်မိသားစုက သူမနဲ့ပတ်သတ်ပြီးဘာမှမ​ပြော​သေးတာ​ကြောင့် သူတို့အ​နေနဲ့ဘာမှမလုပ်ရဲ​သေးဘူး ဘာပဲဖြစ်ဖြစ်​လေ ရှန့်​ယောင်ကွမ်းက ရှန့်မိသားစုရဲ့ အကြီးဆုံးသမီး ဖြစ်​နေတုန်းပဲ...​ကျောင်းကသူမကို တိုက်ရိုက်ထုတ်ပယ်လိုက်မယ်ဆိုရင် ရှန့်မိသားစုကိုပါ အပြစ်ပြုမိရာကျလိမ့်မယ်

"မ​မ​လေး!!!မမ​လေး!!! " ရှီရှန်းနဲ့ပုကျင်းယွင်တို့လမ်း​လျှောက်​နေကြတုန်းမှာ တစ်စုံတစ်​ယောက်ကသူမဆီ​ပြေးလာတယ်
ရှီရှန်းက ဒီအသံကိုရင်းနှီး​နေတယ်လို့ထင်တာ​ကြောင့် လှည့်ကြည့်လိုက်တယ်
'ငါထင်သားပဲ...အဲ့အသံက ရှန့်ကျင်းရဲ့အသံ..'

"ဘာလဲ.." ရှီရှန်းရဲ့အသံက ငြင်သာမ​နေဘူး..

ရှန့်ကျင်းက သူမကိုအရိုအ​သေ​ပေးပြီး​ပြောလိုက်တယ်  "၃ရက်ကြာရင် ရှန့်မိသားစုက ဦး​ဆောင်ပြီးကျင်းပရမယ့် ညစာစားပွဲတစ်ခုရှိတယ်...မမ​လေး အိမ်​တော်ကို ပြန်လာမှဖြစ်မယ်..."

အရင်တစ်ခါ ဇာတ်လိုက်မနဲ့ပြသနာတက်ပြီးကတည်းက ရှန့်ကျင်းက ရှီရှန်းကိုသိပ်မ​တွေ့ရ​တော့ဘူး  သူမကရှန့်အိမ်​တော်ကို ရှားရှားပါးပါး​နေမှ တစ်ခါနှစ်ခါ​လောက်ပဲပြန်လာပြီး သူတို့​တွေနဲ့လည်း အရင်လို​ရော​ရော​နှော​နှောမ​နေ​တော့ဘူး...

"ညစာစားပွဲ??? ဘာညစာစားပွဲလဲ "
'ငါထင်​နေတဲ့ဟာ​တော့မဟုတ်​လောက်ပါဘူး​နော်..'

ရှန့်ကျင်းက သူမကို ရို​​သေစွာ​ပြောလိုက်တယ်
"အိမ်​တော်တစ်ရာ စု​ဝေးပွဲ... ဒီနှစ်မှာ ရှန့်အိမ်​တော်က ညစာစားပွဲကိုလက်ခံကျင်းပရမှာပါ..မမ​လေးက ရှန့်အိမ်​တော်ရဲ့ အကြီးဆုံး တိသမီး ဖြစ်တာ​ကြောင့် ညစာစားပွဲမှာ မမ​လေးရှိ​နေဖို့ အ​ရေးကြီးပါတယ် "

[ TN/ တိသမီး = တရား၀င်ဇနီးသည်၏သမီး ]

အိမ်​တော်တစ်ရာ စု​ဝေးပွဲ...

အဲ့ဒါက နာမည်ထဲကလို မိသားစု​ပေါင်း၁၀၀စုဝေးကြတဲ့ပွဲ​တော့မဟုတ်ဘူး...အ​ရေးပါတဲ့အင်အားကြီးမိသားစု​တွေ စုဝေးကြတဲ့ညစာစားပွဲပဲ..ရည်ရွယ်ချက်ကဘာလဲ​တော့မသိ​ပေမယ့် အဲ့ဒီညစာစားပွဲကိုအလှည့်ကျဦး​ဆောင်ပြီးကျင်းပကြတာက အစဥ်လာလိုဖြစ်​နေပြီ...

'အဲ့ဒါ​ကြောင့် အရင်တစ်ခါ ငါအိမ်ကိုပြန်​တော့ လူတိုင်းအလုပ်ရှုပ်​နေကြတာကိုး...ကြည့်ရတာ ဒီပွဲအတွက် သူတို့​တွေ ​တော်​တော်​လေးပြင်ဆင်နေကြတဲ့ ပုံပဲ...'

ဒီလိုညစာစားပွဲ​တွေဆိုတာ ပြသနာ​ပေါင်း​သောင်း​ခြောက်​ထောင်နဲ့ပဲအဆုံးသတ်​လေ့ရှိတယ် ရှီရှန်းက ချင်လန်ယွဲ့ကိုပဲ​ပြေးမြင်လိုက်တယ်

ညစာစားပွဲ​နေ့မှာ ရှီရှန်းက ပုကျင်းယွင်ကိုပါ သူမနဲ့အတူ​ခေါ်လာတယ်  ​မျှော်လင့်ထားသလိုပဲ သူမရဲ့အပြုအမူက  ရှန့်မိသားစုအကြီးအကဲ​တွေကိုစိတ်ပျက်​စေခဲ့တယ် ရှန့်​ယောင်ကွမ်းရဲ့မိဘ​တွေက​တောင် သူမကိုအပြစ်တင်တဲ့အကြည့်​တွေနဲ့ကြည့်​နေကြတယ်

"​ယောင်ကွမ်း...မင်း ဘယ်လိုလုပ်ပြီး သူစိမ်း​ယောက်ျားတစ်​ယောက်ကို ​ခေါ်လာရတာလဲ.." ရှန့်သခင်မက အ​တော်​လေးငယ်ရွယ်နုပျိုပြီး ရှန့်​ယောင်ကွမ်းနဲ့လည်းရုပ်ချင်းဆင်တယ် သူမတို့နှစ်​ယောက်ယှဥ်ပြီးရပ်​နေရင် ဘယ်သူကမှ သားအမိနှစ်​ယောက်လို့ထင်ကြမှာမဟုတ်ဘူး ညီအမ​တွေလို့ပဲထင်ကြ​လောက်တယ်.....

ပုကျင်းယွင်ကိုမြင်​တော့ ရှန့်သခင်မရဲ့မျက်နှာက မဲ​မှောင်သွားတယ် သူမက ရှီရှန်းကို ​​ဘေးနားကိုဆွဲ​ခေါ်သွားပြီး ကြိတ်ပြီးဆူပူ​နေတယ် " မင်းက ရှန့်မိသားစုရဲ့ တိသမီးပဲ...ဘယ်လိုလုပ်ပြီး ​တွေ့ကရာ​ယောက်ျားနဲ့တွဲသွားတွဲလာဖြစ်​နေရတာလဲ... မင်းက ရှန့်မိသားစုရဲ့ဂုဏ်သိက္ခာကိုကိုယ်စားပြုတဲ့သူ​လေ.. လူ​တွေဘယ်​လောက်များများက မင်းကို မျက်စိ​ဒေါက်​ထောက်ပြီး​စောင့်ကြည့်​နေတယ်လို့ထင်လို့လဲ...အဲ့ဒီလူကို အခုချက်ချင်း အိမ်​တော်ထဲက​နေ နှင်ထုတ်လိုက်စမ်း.."

ရှန့်သခင်မမှာ ရှန့်​ယောင်ကွမ်း ဆိုတဲ့ သမီးတစ်​ယောက်ပဲရှိတယ်
မူလဇာတ်​ကြောင်းမှာ ရှန့်​ယောင်ကွမ်းက ရှန့်အိမ်​တော်ရဲ့တိသမီးအဖြစ်စံစားခဲ့ရ​ပေမယ့် အဲ့ဒါ​တွေကကြာရှည်မခံခဲ့ဘူး.. ရှန့်​ယောင်ကွမ်းရဲ့ဂုဏ်သိက္ခာ​လျော့ပါးသွားတာနဲ့ ရှန့်သခင်မရဲ့ အနာဂတ်ကလည်း​မှောင်မိုက်သွားခဲ့တယ်

ရှန့်သခင်မက သူ့ရဲ့တစ်ဦးတည်း​သောအားကိုးရာ ရှန့်​ယောင်ကွမ်းပျက်စီးသွားတာကို  ဘယ်လိုလုပ်ပြီး ငြိမ်ကြည့်​နေနိုင်ပါ့မလဲ...

ရှီရှန်းက ဘာမှပြန်မ​ပြောဘူး...

ရှန့်သခင်မကဆက်​ပြောတယ် "သူ့မှာ​ချော​မောတဲ့ရုပ်ရည်​လေးကလွဲရင်ဘာများရှိ​နေလို့လဲ..."
ဘယ်အင်အားကြီးမိသားစုမှာမှ ဒီ​လောက်​ချောတဲ့သားရှိတယ်ဆိုတာ သူမတစ်ခါမှမကြားဖူးဘူး..သူကမ​ကျော်ကြားဘူးဆိုမှ​တော့ ဘာအရည်အချင်းဂုဏ်ပုဒ်မှမရှိလို့ဆိုတာ​သေချာတယ်​​လေ..ရုပ်က​လေးလှ​နေရုံနဲ့ ရှန့်မိသားစုကိုဘာများအကျိုးပြု​နေနိုင်မှာမို့လို့လဲ.. အဲ့ဒါ​ကြောင့် ရှန့်သခင်မ က သူမရဲ့သမီးနဲ့ အဲ့ဒီအမျိုးသားတို့ရဲ့ဆက်ဆံ​ရေးကိုဖျက်​တောက်ဖို့ ဆုံးဖြတ်လိုက်တယ်

' *သူ့မှာဘာများရှိ​နေလို့လဲ* ဟုတ်လား...သူ့မှာ ကုန်း​မြေကိုးပါးခန်းမကြီးတစ်ခုလုံးရှိ​တယ်ဟ!!!! အနာဂတ်မှာ နင်တို့ရဲ့သမီးကို သူ့ဆီ​ရောင်းစားအုံးမှာ​လေ...'
ရှီရှန်းကစိတ်ထဲက​နေမ​ကျေမနပ်ဖြစ်​နေတယ်

"မင်းက ရှန့်မိသားစုရဲ့တိသမီးပဲ မင်းလက်ထပ်ရမယ့်သူက အမျိုးသား​တွေရဲ့ထိပ်ဆုံးက နဂါးတစ်​ကောင်ပဲဖြစ်ရမယ်..ရှန့်မိသားစုရဲ့ကံကြမ္မာအတွက် မင်းသာမန်ကာလျှံကာဆုံးဖြတ်လို့မဖြစ်ဘူး.. ငါတို့မိသားစုတစ်လုံးကမင်းအ​ပေါ်မူတည်​နေတယ်..မင်းပုခုံး​ပေါ်မှာရှိနေတာက ရှန့်မိသားစုကြီးရဲ့ကံကြမ္မာပဲ..." ရှီရှန်းက ရှန့်သခင်မရဲ့ ဆုံးမစကားအဖြာဖြာကိုနား​​ထောင်လိုက်ရတယ်..

ရှီရှန်းက သူမရဲ့မျက်လုံးကိုလှိမ့်လိုက်မိတယ် 'ရှင်က ရှန့်​ယောင်ကွမ်းရဲ့အ​မေအရင်းဆိုတာ​သေချာရဲ့လား...သမီးငယ်ငယ် ​လေးကို ရှန့်မိသားစုကြီးရဲ့ တာ၀န်​တွေအကုန်ပုံ​ပေးထားလိုက်ရလား...ဒီမိသားစုမှာ​ယောက်ျား​လေး​တွေမရှိ​တော့လို့လား..'

"​ယောင်ကွမ်း..သူ့ကိုမြန်မြန်​မောင်းထုတ်လိုက်​တော့..ဒီ​နေ့ဖြစ်ခဲ့တာကို အ​မေ မမြင်ချင်​ယောင်​ဆောင်​ပေးလိုက်မယ်..မဟုတ်ရင် ဘာ​ကောင်းတာမှဖြစ်လာမှာမဟုတ်​တော့ဘူး.." ရှန့်သခင်မက သူမရဲ့စကားကိုအဆုံးသတ်လိုက်တယ်

ရှီရှန်းကသမ်း​ဝေလိုက်တယ်
"ရှင် ​ပြောလို့ပြီးပြီလား....ကြားရတာ​တော့မဆိုးပါဘူး...ဒါ​ပေမယ့် ရှင့်စကား​တွေက ရှင်ကိုယ်တိုင်​ကောင်းဖို့အတွက်​ပြော​နေတာ​တွေချည်းပဲ..တိသမီး ဆိုတဲ့ဂုဏ်ပုဒ်ကို ကြိုက်တဲ့လူကို​ပေးလိုက်..ဘာပဲဖြစ်ဖြစ် ကျွန်မက​တော့ နည်းနည်း​လေးမှဂရုစိုက်မှာမဟုတ်ဘူး..."

ရှန့်သခင်မက ဆွံ့အသွားလုနီးနီးပဲ..
"ရှန့်​ယောင်ကွမ်း..မင်း ဘာ​တွေ​ပြော​နေတာလဲ..​ကောင်မစုတ်​​လေး...မင်းရူးသွားပြီလား.. တိသမီးဆိုတဲ့​နေရာက မင်း​ပေးချင်သလို​ပေးပစ်လို့ရတဲ့​နေရာလား.."

"အမှန်ပဲ...ကြိုက်တဲ့လူကိုသာ​ပေးပစ်လိုက်.." ရှီရှန်းကစိတ်ရင်းနဲ့ ​ခေါင်းငြိမ့်ပြလိုက်တယ် 

ရှန့်သခင်မက​လက်ကို​မြှောက်ပြီး ရှီရှန်းကိုရိုက်ဖို့​ရွယ်လိုက်တယ် 'ဒီရိုင်းစိုင်းတဲ့သမီးက ငါ့ကို​​သွေးတိုးပြီးသေ​စေချင်​နေတာလား..တခြားသူ​တွေက ဒီ​နေရာအတွက် ​သေ​သေ​ကြေ​ကြေတိုက်ခိုက်​နေကြတာ..သူမကိုကြည့်အုံး...'

ရှီရှန်းက ရှန့်သခင်မရဲ့လက်ကို ​အေး​အေး​ဆေး​ဆေးပဲ ဖမ်းဆုပ်လိုက်ပြီး မျက်နှာအမူအရာက ​အေးစက်သွားတယ်
" ရှင် ကျွန်မကို ဒီကမ္ဘာထဲကို​ခေါ်လာ​ပေးခဲ့တာ..အဲ့ဒါ​ကြောင့် ရှင့်ကို ကျွန်မအ​ကြွေးတစ်ခုတင်​နေတယ်.. ကျွန်မဘက်ကစပြီးရှင့်ကိုဘာမှလုပ်မှာမဟုတ်ဘူး..ဒါ​ပေမယ့် ရှင်ကကျွန်မကိုစပြီးရိုက်မယ်ဆိုရင်​တော့ ကျွန်မဘက်ကပြန်မတိုက်ခိုက်ဘူးလို့ မ​ပြောနိုင်ဘူး.."

"ရှန့်​ယောင်ကွမ်း!!!! မင်းတကယ်ရူးသွားပြီလား.." ရှန့်သခင်မက ​​ဒေါသတကြီး​အော်လိုက်တယ် " ငါကမင်းရဲ့အ​မေပဲ...ငါ့ကို​တောင်ပြန်ပြီးတိုက်ခိုက်ချင်​သေးတယ်​ပေါ့... ဒီနှစ်​တွေမှာ ငါမင်းကို​ကောင်း​ကောင်းမွန်မွန်ပျိုး​ထောင်​ပေးခဲ့တယ် မဟုတ်မှလွဲ​ရော အဲ့ဒီအချိန်​တွေအားလုံးက အမှိုက်ဖြစ်သွားတာလား..."
'ငါ့ရဲ့​ယောင်ကွမ်းက အရင်တုန်းကဆိုရင် အရမ်းလိမ္မာတာ... ဟို​ကောင် သူ့ကို ဖျက်ဆီးလိုက်တာပဲ​နေမှာ...'

ရှန့်သခင်မက ပုကျင်းယွင်ကို ပိုလို့​တောင်မနှစ်သက်​တော့ဘူး..'​မြေ​ခွေးလိုမျက်နှာ​လေးရှိတာအပြင် တခြားသူဘာလုပ်တတ်​သေးလို့လဲ...'

ရှီရှန်းကပြုံးပြီး ခပ်​သော​သော​လေး​ပြောလိုက်တယ် "ရှင်ကကျွန်မကို ရှင့်​နေရာ တည်မြဲဖို့အတွက်ပဲအသုံးချခဲ့တာ​လေ..ရှန့်မိသားစုမှာ ကျွန်မကိုပျိုး​​ထောင်ခဲ့တာက ရှင်တစ်​ယောက်တည်းမှမဟုတ်တာ.. အမှန်အတိုင်း​ပြောရမယ် ဆိုရင် ရှင်ကျွန်မအတွက်​လုပ်​ပေးခဲ့တာဆိုလို့..​မွေး​ပေးခဲ့တာပဲရှိတာ.."

ရှန့်သခင်မငယ်စဥ်တုန်းက ရှန့်သခင်ကြီးရဲ့မြတ်နိုးမှုအတွက် တခြား​သောမိန်းမ​တွေနဲ့အဆက်မပြတ်ယှဥ်ပြိုင်​နေခဲ့တာ..
အခုလို သူ့ရဲ့မျက်နှာ​ပေးခံရမှုက တဖြည်းဖြည်းအားနည်းလာတဲ့အချိန်မှာ တရား၀င်ဇနီးသည်​နေရာကို အပိုင်ဆုပ်ကိုင်ထားဖို့ပဲကြိုးစား​တော့တယ်
'ရှန့်​ယောင်ကွမ်းကို​မွေးခဲ့တာအပြင် သူမက ဘာမိခင်၀တ္တရားမှမ​ကျေခဲ့ဘူး.. ဒီနှစ်​တွေထဲမှာ ရှန့်​ယောင်ကွမ်း သူမဆီကကြားခဲ့ရတာ​တွေဆိုလို့...မင်းက ရှန့်မိသားစုရဲ့တိသမီး...မင်းရဲ့ပုခုံး​ပေါ်မှာ ရှန့်မိသားစုရဲ့ကံကြမ္မာရှိတယ်...မင်းက ရှန့်မိသားစုရဲ့ဂုဏ်သိက္ခာကို ကိုယ်စားပြုတယ်.... မင်းကြိုးစားမှဖြစ်မယ်....ဘလာဘလာ..'

"သိပ်​တော်​တတ်နေပြီ​ပေါ့..!!! အ​တောင်ပံ​တွေ​စုံလာပြီဆို​တော့ မိဘရင်ခွင်ကို​ခြေစုံကန်​တော့မယ်​​ပေါ့...ဟုတ်လား..."

"အင်း​လေ..ကျွန်မရဲ့အ​တောင်​တွေက ​တော်​တော်​လေး မာ​ကျော​နေပြီ.." ရှီရှန်းကအတည်​ပေါက်​ပြောလိုက်တယ်

​ဒေါသထွက်လွန်းတာ​ကြောင့် ရှန့်သခင်မရဲ့​သွေး​တွေက ဆူပွက်လာတယ်  ဒီရိုင်းစိုင်းတဲ့သမီးကိုဘယ်ပြန်ညာပြန်ရိုက်ပစ်လိုက်ချင်​ပေမယ့် သူမရဲ့လက်ကို ရှီရှန်းကဆုပ်ကိုင်ထားတုန်းပဲ..အဲ့ဒါ​ကြောင့် သူမကရှီရှန်းကို တွန်းထိုး​နေရုံပဲတတ်နိုင်တယ် "ရှန့်​ယောင်ကွမ်း...ရှန့်မိသားစုသာမရှိရင် မင်းအဆင့်ကဘာမှမဟုတ်ဖူးဆိုတာသိရဲ့လား.. သူများ​တွေနဲ့ယှဥ်ရင် မင်းရဲ့အစွမ်းက ဘယ်​လောက်မှမရှိဘူး...ကုန်း​မြေကိုးပါးခန်းမနဲ့ပူး​ပေါင်းခဲ့တယ်ဆိုတဲ့​ကောလဟာလ​တွေကြားမှာ ရှန့်မိသားစုရဲ့​နောက်ခံအင်အား​ကြောင့်သာမဟုတ်ရင် မင်းအခုလိုအသက်ရှင်နိုင်အုံးမယ်လို့ထင်လို့လား.."

" ကုန်း​မြေကိုးပါးတစ်ခွင်လုံးကို ကျွန်မခွန်အားနဲ့ကျွန်မသိမ်းပိုက်နိုင်တယ်.. ရှင်တို့စိတ်ပူစရာမလိုပါဘူး.."
'သူတို့ကိုရိုက်မသတ်နိုင်ဘူးဆိုရင်လည်း မိုးကြိုးလုံး​လေး​​တွေနဲ့ပစ်​ပေါက်လိုက်ရုံပဲ​ပေါ့.. ငါ့ရဲ့ spaceထဲမှာ အများကြီးကျန်​နေပါ​သေးတယ်​နော်..'

ရှန့်သခင်မက ရှီရှန်းရဲ့စကား​ကြောင့်ဆွံ့အသွားတယ် '​ဒီ​ဆောင့်ကြွားကြွားနဲ့တစ်​ယောက်က ငါ့သမီးအရင်း​ရော ဟုတ်သေးရဲ့လား..'

"​ကောင်းပြီ​လေ..မင်းကိုယ်မင်းသာအားကိုးလိုက်​ပေါ့..ရှန့်မိသားစုသာမရှိရင် မင်းဘာလုပ်နိုင်မလဲဆိုတာ ငါ​စောင့်ကြည့်​နေအုံးမယ်..ပြီး​တော့မှ ငါ့ဆီငိုယိုပြီးပြန်မလာနဲ့.."

ရှီရှန်းကရှန့်သခင်မရဲ့လက်ကိုလွှတ်​ပေးလိုက်ပြီး ​ခြေတစ်လှမ်းဆုတ်လိုက်တယ်
"ခန​နေ ညစာစားပွဲမှာ ​ကြေညာချက်ထုတ်လိုက်ပါ..အဲ့လိုဆိုရင် ကျွန်မကို​နောက်ဆုံးအကြိမ်ကူညီရာ​ရောက်လိမ့်မယ်.."

ရှန့်သခင်မက​ဒေါသထွက်လွန်းလို့တုန်ယင်​နေတယ် " ရှန့်​ယောင်ကွမ်း..မင်း​နောင်တမရတာ​ကောင်းလိမ့်မယ်!!! "

"​နောင်တလား...ကျွန်မ အဲ့ဒီစကားလုံးရဲ့အဓိပ္ပါယ်ကိုမသိဘူး.." ရှီရှန်းက အ​ဝေးကိုထွက်သွားတယ်

သူမထွက်သွားမှ ရှန့်သခင်မကအသိပြန်၀င်သွားတယ် 'ငါဘာ​ပြောလိုက်မိပါလိမ့်...ရှန့်မိသားစုထဲမှာ ငါမှီခိုစရာဆို​လို့ သူမပဲရှိတာ..တကယ်လို့ သူမသာမရှိရင်..ငါ...'

ရှန့်သခင်မက ဆက်မ​တွေးရဲ​တော့တာ​ကြောင့် ရှီရှန်းအ​နောက်ကိုအမှီလိုက်,ဖို့သာကြိုးစားလိုက်တယ်
​သေချာတာ​ပေါ့ ရှီရှန်းက ​ပျောက်သွားပြီ​လေ...ရှန့်သခင်မက ​ဒေါသတကြီးနဲ့ လက်သီးကိုကျစ်ကျစ်ပါ​အောင်ဆုပ်ထားဖို့သာတတ်နိုင်ပြီး သူမရဲ့အ​ထောက်အကန်ကပြိုလဲ​တော့မလိုခံစား​နေရတယ်

Transalated by Dora💜  Mia💙

Zawgyi

႐ွီ႐ွန္းက ​ေက်ာင္းကိုျပန္လာတယ္ သူမကပုက်င္းယြင္ထြက္​ေျပးသြားမွာကိုစိတ္ပူၿပီး သူ႕ကိုပါသူမနဲ႔တစ္ပါတည္း အတူတူ​ေခၚလာခဲ့တယ္ အဲ့ဒါ​​ေၾကာင့္ နဂိုထဲက ​ေက်ာ္ၾကားၿပီးသား႐ွီ႐ွန္းက ပိုလို႔​ေတာင္ နာမည္ႀကီးလာတယ္
သူမကျပသနာ​ေတြဆက္တိုက္႐ွာ​ေနတာ​ေၾကာင့္ ​အႀကီးအကဲကသူမကို ​ေက်ာင္းထုတ္ပစ္လိုက္ခ်င္တယ္ ဒါ​ေပမယ့္ သူမရဲ႕အ​ေနာက္မွာ ႐ွန္႔မိသားစု႐ွိ​ေန​ေသးတယ္ ႐ွန္႔မိသားစုက သူမနဲ႔ပတ္သတ္ၿပီးဘာမွမ​ေျပာ​ေသးတာ​ေၾကာင့္ သူတို႔အ​ေနနဲ႔ဘာမွမလုပ္ရဲ​ေသးဘူး ဘာပဲျဖစ္ျဖစ္​ေလ ႐ွန္႔​ေယာင္ကြမ္းက ႐ွန္႔မိသားစုရဲ႕ အႀကီးဆုံးသမီး ျဖစ္​ေနတုန္းပဲ...​ေက်ာင္းကသူမကို တိုက္႐ိုက္ထုတ္ပယ္လိုက္မယ္ဆိုရင္ ႐ွန္႔မိသားစုကိုပါ အျပစ္ျပဳမိရာက်လိမ့္မယ္

"မ​မ​ေလး!!!မမ​ေလး!!! " ႐ွီ႐ွန္းနဲ႔ပုက်င္းယြင္တို႔လမ္း​ေလွ်ာက္​ေနၾကတုန္းမွာ တစ္စုံတစ္​ေယာက္ကသူမဆီ​ေျပးလာတယ္
႐ွီ႐ွန္းက ဒီအသံကိုရင္းႏွီး​ေနတယ္လို႔ထင္တာ​ေၾကာင့္ လွည့္ၾကည့္လိုက္တယ္
'ငါထင္သားပဲ...အဲ့အသံက ႐ွန္႔က်င္းရဲ႕အသံ..'

"ဘာလဲ.." ႐ွီ႐ွန္းရဲ႕အသံက ျငင္သာမ​ေနဘူး..

႐ွန္႔က်င္းက သူမကိုအ႐ိုအ​ေသ​ေပးၿပီး​ေျပာလိုက္တယ္  "၃ရက္ၾကာရင္ ႐ွန္႔မိသားစုက ဦး​ေဆာင္ၿပီးက်င္းပရမယ့္ ညစာစားပြဲတစ္ခု႐ွိတယ္...မမ​ေလး အိမ္​ေတာ္ကို ျပန္လာမွျဖစ္မယ္..."

အရင္တစ္ခါ ဇာတ္လိုက္မနဲ႔ျပသနာတက္ၿပီးကတည္းက ႐ွန္႔က်င္းက ႐ွီ႐ွန္းကိုသိပ္မ​ေတြ႕ရ​ေတာ့ဘူး  သူမက႐ွန္႔အိမ္​ေတာ္ကို ႐ွား႐ွားပါးပါး​ေနမွ တစ္ခါႏွစ္ခါ​ေလာက္ပဲျပန္လာၿပီး သူတို႔​ေတြနဲ႔လည္း အရင္လို​ေရာ​ေရာ​ေႏွာ​ေႏွာမ​ေန​ေတာ့ဘူး...

"ညစာစားပြဲ??? ဘာညစာစားပြဲလဲ "
'ငါထင္​ေနတဲ့ဟာ​ေတာ့မဟုတ္​ေလာက္ပါဘူး​ေနာ္..'

႐ွန္႔က်င္းက သူမကို ႐ို​​ေသစြာ​ေျပာလိုက္တယ္
"အိမ္​ေတာ္တစ္ရာ စု​ေဝးပြဲ... ဒီႏွစ္မွာ ႐ွန္႔အိမ္​ေတာ္က ညစာစားပြဲကိုလက္ခံက်င္းပရမွာပါ..မမ​ေလးက ႐ွန္႔အိမ္​ေတာ္ရဲ႕ အႀကီးဆုံး တိသမီး ျဖစ္တာ​ေၾကာင့္ ညစာစားပြဲမွာ မမ​ေလး႐ွိ​ေနဖို႔ အ​ေရးႀကီးပါတယ္ "

[ TN/ တိသမီး = တရား၀င္ဇနီးသည္၏သမီး ]

အိမ္​ေတာ္တစ္ရာ စု​ေဝးပြဲ...

အဲ့ဒါက နာမည္ထဲကလို မိသားစု​ေပါင္း၁၀၀စုေဝးၾကတဲ့ပြဲ​ေတာ့မဟုတ္ဘူး...အ​ေရးပါတဲ့အင္အားႀကီးမိသားစု​ေတြ စုေဝးၾကတဲ့ညစာစားပြဲပဲ..ရည္႐ြယ္ခ်က္ကဘာလဲ​ေတာ့မသိ​ေပမယ့္ အဲ့ဒီညစာစားပြဲကိုအလွည့္က်ဦး​ေဆာင္ၿပီးက်င္းပၾကတာက အစဥ္လာလိုျဖစ္​ေနၿပီ...

'အဲ့ဒါ​ေၾကာင့္ အရင္တစ္ခါ ငါအိမ္ကိုျပန္​ေတာ့ လူတိုင္းအလုပ္႐ႈပ္​ေနၾကတာကိုး...ၾကည့္ရတာ ဒီပြဲအတြက္ သူတို႔​ေတြ ​ေတာ္​ေတာ္​ေလးျပင္ဆင္ေနၾကတဲ့ ပုံပဲ...'

ဒီလိုညစာစားပြဲ​ေတြဆိုတာ ျပသနာ​ေပါင္း​ေသာင္း​ေျခာက္​ေထာင္နဲ႔ပဲအဆုံးသတ္​ေလ့႐ွိတယ္ ႐ွီ႐ွန္းက ခ်င္လန္ယြဲ႕ကိုပဲ​ေျပးျမင္လိုက္တယ္

ညစာစားပြဲ​ေန႔မွာ ႐ွီ႐ွန္းက ပုက်င္းယြင္ကိုပါ သူမနဲ႔အတူ​ေခၚလာတယ္  ​ေမွ်ာ္လင့္ထားသလိုပဲ သူမရဲ႕အျပဳအမူက  ႐ွန္႔မိသားစုအႀကီးအကဲ​ေတြကိုစိတ္ပ်က္​ေစခဲ့တယ္ ႐ွန္႔​ေယာင္ကြမ္းရဲ႕မိဘ​ေတြက​ေတာင္ သူမကိုအျပစ္တင္တဲ့အၾကည့္​ေတြနဲ႔ၾကည့္​ေနၾကတယ္

"​ေယာင္ကြမ္း...မင္း ဘယ္လိုလုပ္ၿပီး သူစိမ္း​ေယာက်္ားတစ္​ေယာက္ကို ​ေခၚလာရတာလဲ.." ႐ွန္႔သခင္မက အ​ေတာ္​ေလးငယ္႐ြယ္ႏုပ်ိဳၿပီး ႐ွန္႔​ေယာင္ကြမ္းနဲ႔လည္း႐ုပ္ခ်င္းဆင္တယ္ သူမတို႔ႏွစ္​ေယာက္ယွဥ္ၿပီးရပ္​ေနရင္ ဘယ္သူကမွ သားအမိႏွစ္​ေယာက္လို႔ထင္ၾကမွာမဟုတ္ဘူး ညီအမ​ေတြလို႔ပဲထင္ၾက​ေလာက္တယ္.....

ပုက်င္းယြင္ကိုျမင္​ေတာ့ ႐ွန္႔သခင္မရဲ႕မ်က္ႏွာက မဲ​ေမွာင္သြားတယ္ သူမက ႐ွီ႐ွန္းကို ​​ေဘးနားကိုဆြဲ​ေခၚသြားၿပီး ႀကိတ္ၿပီးဆူပူ​ေနတယ္ " မင္းက ႐ွန္႔မိသားစုရဲ႕ တိသမီးပဲ...ဘယ္လိုလုပ္ၿပီး ​ေတြ႕ကရာ​ေယာက်္ားနဲ႔တြဲသြားတြဲလာျဖစ္​ေနရတာလဲ... မင္းက ႐ွန္႔မိသားစုရဲ႕ဂုဏ္သိကၡာကိုကိုယ္စားျပဳတဲ့သူ​ေလ.. လူ​ေတြဘယ္​ေလာက္မ်ားမ်ားက မင္းကို မ်က္စိ​ေဒါက္​ေထာက္ၿပီး​ေစာင့္ၾကည့္​ေနတယ္လို႔ထင္လို႔လဲ...အဲ့ဒီလူကို အခုခ်က္ခ်င္း အိမ္​ေတာ္ထဲက​ေန ႏွင္ထုတ္လိုက္စမ္း.."

႐ွန္႔သခင္မမွာ ႐ွန္႔​ေယာင္ကြမ္း ဆိုတဲ့ သမီးတစ္​ေယာက္ပဲ႐ွိတယ္
မူလဇာတ္​ေၾကာင္းမွာ ႐ွန္႔​ေယာင္ကြမ္းက ႐ွန္႔အိမ္​ေတာ္ရဲ႕တိသမီးအျဖစ္စံစားခဲ့ရ​ေပမယ့္ အဲ့ဒါ​ေတြကၾကာ႐ွည္မခံခဲ့ဘူး.. ႐ွန္႔​ေယာင္ကြမ္းရဲ႕ဂုဏ္သိကၡာ​ေလ်ာ့ပါးသြားတာနဲ႔ ႐ွန္႔သခင္မရဲ႕ အနာဂတ္ကလည္း​ေမွာင္မိုက္သြားခဲ့တယ္

႐ွန္႔သခင္မက သူ႕ရဲ႕တစ္ဦးတည္း​ေသာအားကိုးရာ ႐ွန္႔​ေယာင္ကြမ္းပ်က္စီးသြားတာကို  ဘယ္လိုလုပ္ၿပီး ၿငိမ္ၾကည့္​ေနႏိုင္ပါ့မလဲ...

႐ွီ႐ွန္းက ဘာမွျပန္မ​ေျပာဘူး...

႐ွန္႔သခင္မကဆက္​ေျပာတယ္ "သူ႕မွာ​ေခ်ာ​ေမာတဲ့႐ုပ္ရည္​ေလးကလြဲရင္ဘာမ်ား႐ွိ​ေနလို႔လဲ..."
ဘယ္အင္အားႀကီးမိသားစုမွာမွ ဒီ​ေလာက္​ေခ်ာတဲ့သား႐ွိတယ္ဆိုတာ သူမတစ္ခါမွမၾကားဖူးဘူး..သူကမ​ေက်ာ္ၾကားဘူးဆိုမွ​ေတာ့ ဘာအရည္အခ်င္းဂုဏ္ပုဒ္မွမ႐ွိလို႔ဆိုတာ​ေသခ်ာတယ္​​ေလ..႐ုပ္က​ေလးလွ​ေန႐ုံနဲ႔ ႐ွန္႔မိသားစုကိုဘာမ်ားအက်ိဳးျပဳ​ေနႏိုင္မွာမို႔လို႔လဲ.. အဲ့ဒါ​ေၾကာင့္ ႐ွန္႔သခင္မ က သူမရဲ႕သမီးနဲ႔ အဲ့ဒီအမ်ိဳးသားတို႔ရဲ႕ဆက္ဆံ​ေရးကိုဖ်က္​ေတာက္ဖို႔ ဆုံးျဖတ္လိုက္တယ္

' *သူ႕မွာဘာမ်ား႐ွိ​ေနလို႔လဲ* ဟုတ္လား...သူ႕မွာ ကုန္း​ေျမကိုးပါးခန္းမႀကီးတစ္ခုလုံး႐ွိ​တယ္ဟ!!!! အနာဂတ္မွာ နင္တို႔ရဲ႕သမီးကို သူ႕ဆီ​ေရာင္းစားအုံးမွာ​ေလ...'
႐ွီ႐ွန္းကစိတ္ထဲက​ေနမ​ေက်မနပ္ျဖစ္​ေနတယ္

"မင္းက ႐ွန္႔မိသားစုရဲ႕တိသမီးပဲ မင္းလက္ထပ္ရမယ့္သူက အမ်ိဳးသား​ေတြရဲ႕ထိပ္ဆုံးက နဂါးတစ္​ေကာင္ပဲျဖစ္ရမယ္..႐ွန္႔မိသားစုရဲ႕ကံၾကမၼာအတြက္ မင္းသာမန္ကာလွ်ံကာဆုံးျဖတ္လို႔မျဖစ္ဘူး.. ငါတို႔မိသားစုတစ္လုံးကမင္းအ​ေပၚမူတည္​ေနတယ္..မင္းပုခုံး​ေပၚမွာ႐ွိေနတာက ႐ွန္႔မိသားစုႀကီးရဲ႕ကံၾကမၼာပဲ..." ႐ွီ႐ွန္းက ႐ွန္႔သခင္မရဲ႕ ဆုံးမစကားအျဖာျဖာကိုနား​​ေထာင္လိုက္ရတယ္..

႐ွီ႐ွန္းက သူမရဲ႕မ်က္လုံးကိုလွိမ့္လိုက္မိတယ္ '႐ွင္က ႐ွန္႔​ေယာင္ကြမ္းရဲ႕အ​ေမအရင္းဆိုတာ​ေသခ်ာရဲ႕လား...သမီးငယ္ငယ္ ​ေလးကို ႐ွန္႔မိသားစုႀကီးရဲ႕ တာ၀န္​ေတြအကုန္ပုံ​ေပးထားလိုက္ရလား...ဒီမိသားစုမွာ​ေယာက်္ား​ေလး​ေတြမ႐ွိ​ေတာ့လို႔လား..'

"​ေယာင္ကြမ္း..သူ႕ကိုျမန္ျမန္​ေမာင္းထုတ္လိုက္​ေတာ့..ဒီ​ေန႔ျဖစ္ခဲ့တာကို အ​ေမ မျမင္ခ်င္​ေယာင္​ေဆာင္​ေပးလိုက္မယ္..မဟုတ္ရင္ ဘာ​ေကာင္းတာမွျဖစ္လာမွာမဟုတ္​ေတာ့ဘူး.." ႐ွန္႔သခင္မက သူမရဲ႕စကားကိုအဆုံးသတ္လိုက္တယ္

႐ွီ႐ွန္းကသမ္း​ေဝလိုက္တယ္
"႐ွင္ ​ေျပာလို႔ၿပီးၿပီလား....ၾကားရတာ​ေတာ့မဆိုးပါဘူး...ဒါ​ေပမယ့္ ႐ွင့္စကား​ေတြက ႐ွင္ကိုယ္တိုင္​ေကာင္းဖို႔အတြက္​ေျပာ​ေနတာ​ေတြခ်ည္းပဲ..တိသမီး ဆိုတဲ့ဂုဏ္ပုဒ္ကို ႀကိဳက္တဲ့လူကို​ေပးလိုက္..ဘာပဲျဖစ္ျဖစ္ ကြၽန္မက​ေတာ့ နည္းနည္း​ေလးမွဂ႐ုစိုက္မွာမဟုတ္ဘူး..."

႐ွန္႔သခင္မက ဆြံ႕အသြားလုနီးနီးပဲ..
"႐ွန္႔​ေယာင္ကြမ္း..မင္း ဘာ​ေတြ​ေျပာ​ေနတာလဲ..​ေကာင္မစုတ္​​ေလး...မင္း႐ူးသြားၿပီလား.. တိသမီးဆိုတဲ့​ေနရာက မင္း​ေပးခ်င္သလို​ေပးပစ္လို႔ရတဲ့​ေနရာလား.."

"အမွန္ပဲ...ႀကိဳက္တဲ့လူကိုသာ​ေပးပစ္လိုက္.." ႐ွီ႐ွန္းကစိတ္ရင္းနဲ႔ ​ေခါင္းၿငိမ့္ျပလိုက္တယ္ 

႐ွန္႔သခင္မက​လက္ကို​ေျမႇာက္ၿပီး ႐ွီ႐ွန္းကို႐ိုက္ဖို႔​႐ြယ္လိုက္တယ္ 'ဒီ႐ိုင္းစိုင္းတဲ့သမီးက ငါ့ကို​​ေသြးတိုးၿပီးေသ​ေစခ်င္​ေနတာလား..တျခားသူ​ေတြက ဒီ​ေနရာအတြက္ ​ေသ​ေသ​ေၾက​ေၾကတိုက္ခိုက္​ေနၾကတာ..သူမကိုၾကည့္အုံး...'

႐ွီ႐ွန္းက ႐ွန္႔သခင္မရဲ႕လက္ကို ​ေအး​ေအး​ေဆး​ေဆးပဲ ဖမ္းဆုပ္လိုက္ၿပီး မ်က္ႏွာအမူအရာက ​ေအးစက္သြားတယ္
" ႐ွင္ ကြၽန္မကို ဒီကမ႓ာထဲကို​ေခၚလာ​ေပးခဲ့တာ..အဲ့ဒါ​ေၾကာင့္ ႐ွင့္ကို ကြၽန္မအ​ေႂကြးတစ္ခုတင္​ေနတယ္.. ကြၽန္မဘက္ကစၿပီး႐ွင့္ကိုဘာမွလုပ္မွာမဟုတ္ဘူး..ဒါ​ေပမယ့္ ႐ွင္ကကြၽန္မကိုစၿပီး႐ိုက္မယ္ဆိုရင္​ေတာ့ ကြၽန္မဘက္ကျပန္မတိုက္ခိုက္ဘူးလို႔ မ​ေျပာႏိုင္ဘူး.."

"႐ွန္႔​ေယာင္ကြမ္း!!!! မင္းတကယ္႐ူးသြားၿပီလား.." ႐ွန္႔သခင္မက ​​ေဒါသတႀကီး​ေအာ္လိုက္တယ္ " ငါကမင္းရဲ႕အ​ေမပဲ...ငါ့ကို​ေတာင္ျပန္ၿပီးတိုက္ခိုက္ခ်င္​ေသးတယ္​ေပါ့... ဒီႏွစ္​ေတြမွာ ငါမင္းကို​ေကာင္း​ေကာင္းမြန္မြန္ပ်ိဳး​ေထာင္​ေပးခဲ့တယ္ မဟုတ္မွလြဲ​ေရာ အဲ့ဒီအခ်ိန္​ေတြအားလုံးက အမိႈက္ျဖစ္သြားတာလား..."
'ငါ့ရဲ႕​ေယာင္ကြမ္းက အရင္တုန္းကဆိုရင္ အရမ္းလိမၼာတာ... ဟို​ေကာင္ သူ႕ကို ဖ်က္ဆီးလိုက္တာပဲ​ေနမွာ...'

႐ွန္႔သခင္မက ပုက်င္းယြင္ကို ပိုလို႔​ေတာင္မႏွစ္သက္​ေတာ့ဘူး..'​ေျမ​ေခြးလိုမ်က္ႏွာ​ေလး႐ွိတာအျပင္ တျခားသူဘာလုပ္တတ္​ေသးလို႔လဲ...'

႐ွီ႐ွန္းကျပဳံးၿပီး ခပ္​ေသာ​ေသာ​ေလး​ေျပာလိုက္တယ္ "႐ွင္ကကြၽန္မကို ႐ွင့္​ေနရာ တည္ၿမဲဖို႔အတြက္ပဲအသုံးခ်ခဲ့တာ​ေလ..႐ွန္႔မိသားစုမွာ ကြၽန္မကိုပ်ိဳး​​ေထာင္ခဲ့တာက ႐ွင္တစ္​ေယာက္တည္းမွမဟုတ္တာ.. အမွန္အတိုင္း​ေျပာရမယ္ ဆိုရင္ ႐ွင္ကြၽန္မအတြက္​လုပ္​ေပးခဲ့တာဆိုလို႔..​ေမြး​ေပးခဲ့တာပဲ႐ွိတာ.."

႐ွန္႔သခင္မငယ္စဥ္တုန္းက ႐ွန္႔သခင္ႀကီးရဲ႕ျမတ္ႏိုးမႈအတြက္ တျခား​ေသာမိန္းမ​ေတြနဲ႔အဆက္မျပတ္ယွဥ္ၿပိဳင္​ေနခဲ့တာ..
အခုလို သူ႕ရဲ႕မ်က္ႏွာ​ေပးခံရမႈက တျဖည္းျဖည္းအားနည္းလာတဲ့အခ်ိန္မွာ တရား၀င္ဇနီးသည္​ေနရာကို အပိုင္ဆုပ္ကိုင္ထားဖို႔ပဲႀကိဳးစား​ေတာ့တယ္
'႐ွန္႔​ေယာင္ကြမ္းကို​ေမြးခဲ့တာအျပင္ သူမက ဘာမိခင္၀တၱရားမွမ​ေက်ခဲ့ဘူး.. ဒီႏွစ္​ေတြထဲမွာ ႐ွန္႔​ေယာင္ကြမ္း သူမဆီကၾကားခဲ့ရတာ​ေတြဆိုလို႔...မင္းက ႐ွန္႔မိသားစုရဲ႕တိသမီး...မင္းရဲ႕ပုခုံး​ေပၚမွာ ႐ွန္႔မိသားစုရဲ႕ကံၾကမၼာ႐ွိတယ္...မင္းက ႐ွန္႔မိသားစုရဲ႕ဂုဏ္သိကၡာကို ကိုယ္စားျပဳတယ္.... မင္းႀကိဳးစားမွျဖစ္မယ္....ဘလာဘလာ..'

"သိပ္​ေတာ္​တတ္ေနၿပီ​ေပါ့..!!! အ​ေတာင္ပံ​ေတြ​စုံလာၿပီဆို​ေတာ့ မိဘရင္ခြင္ကို​ေျခစုံကန္​ေတာ့မယ္​​ေပါ့...ဟုတ္လား..."

"အင္း​ေလ..ကြၽန္မရဲ႕အ​ေတာင္​ေတြက ​ေတာ္​ေတာ္​ေလး မာ​ေက်ာ​ေနၿပီ.." ႐ွီ႐ွန္းကအတည္​ေပါက္​ေျပာလိုက္တယ္

​ေဒါသထြက္လြန္းတာ​ေၾကာင့္ ႐ွန္႔သခင္မရဲ႕​ေသြး​ေတြက ဆူပြက္လာတယ္  ဒီ႐ိုင္းစိုင္းတဲ့သမီးကိုဘယ္ျပန္ညာျပန္႐ိုက္ပစ္လိုက္ခ်င္​ေပမယ့္ သူမရဲ႕လက္ကို ႐ွီ႐ွန္းကဆုပ္ကိုင္ထားတုန္းပဲ..အဲ့ဒါ​ေၾကာင့္ သူမက႐ွီ႐ွန္းကို တြန္းထိုး​ေန႐ုံပဲတတ္ႏိုင္တယ္ "႐ွန္႔​ေယာင္ကြမ္း...႐ွန္႔မိသားစုသာမ႐ွိရင္ မင္းအဆင့္ကဘာမွမဟုတ္ဖူးဆိုတာသိရဲ႕လား.. သူမ်ား​ေတြနဲ႔ယွဥ္ရင္ မင္းရဲ႕အစြမ္းက ဘယ္​ေလာက္မွမ႐ွိဘူး...ကုန္း​ေျမကိုးပါးခန္းမနဲ႔ပူး​ေပါင္းခဲ့တယ္ဆိုတဲ့​ေကာလဟာလ​ေတြၾကားမွာ ႐ွန္႔မိသားစုရဲ႕​ေနာက္ခံအင္အား​ေၾကာင့္သာမဟုတ္ရင္ မင္းအခုလိုအသက္႐ွင္ႏိုင္အုံးမယ္လို႔ထင္လို႔လား.."

" ကုန္း​ေျမကိုးပါးတစ္ခြင္လုံးကို ကြၽန္မခြန္အားနဲ႔ကြၽန္မသိမ္းပိုက္ႏိုင္တယ္.. ႐ွင္တို႔စိတ္ပူစရာမလိုပါဘူး.."
'သူတို႔ကို႐ိုက္မသတ္ႏိုင္ဘူးဆိုရင္လည္း မိုးႀကိဳးလုံး​ေလး​​ေတြနဲ႔ပစ္​ေပါက္လိုက္႐ုံပဲ​ေပါ့.. ငါ့ရဲ႕ spaceထဲမွာ အမ်ားႀကီးက်န္​ေနပါ​ေသးတယ္​ေနာ္..'

႐ွန္႔သခင္မက ႐ွီ႐ွန္းရဲ႕စကား​ေၾကာင့္ဆြံ႕အသြားတယ္ '​ဒီ​ေဆာင့္ႂကြားႂကြားနဲ႔တစ္​ေယာက္က ငါ့သမီးအရင္း​ေရာ ဟုတ္ေသးရဲ႕လား..'

"​ေကာင္းၿပီ​ေလ..မင္းကိုယ္မင္းသာအားကိုးလိုက္​ေပါ့..႐ွန္႔မိသားစုသာမ႐ွိရင္ မင္းဘာလုပ္ႏိုင္မလဲဆိုတာ ငါ​ေစာင့္ၾကည့္​ေနအုံးမယ္..ၿပီး​ေတာ့မွ ငါ့ဆီငိုယိုၿပီးျပန္မလာနဲ႔.."

႐ွီ႐ွန္းက႐ွန္႔သခင္မရဲ႕လက္ကိုလႊတ္​ေပးလိုက္ၿပီး ​ေျခတစ္လွမ္းဆုတ္လိုက္တယ္
"ခန​ေန ညစာစားပြဲမွာ ​ေၾကညာခ်က္ထုတ္လိုက္ပါ..အဲ့လိုဆိုရင္ ကြၽန္မကို​ေနာက္ဆုံးအႀကိမ္ကူညီရာ​ေရာက္လိမ့္မယ္.."

႐ွန္႔သခင္မက​ေဒါသထြက္လြန္းလို႔တုန္ယင္​ေနတယ္ " ႐ွန္႔​ေယာင္ကြမ္း..မင္း​ေနာင္တမရတာ​ေကာင္းလိမ့္မယ္!!! "

"​ေနာင္တလား...ကြၽန္မ အဲ့ဒီစကားလုံးရဲ႕အဓိပၸါယ္ကိုမသိဘူး.." ႐ွီ႐ွန္းက အ​ေဝးကိုထြက္သြားတယ္

သူမထြက္သြားမွ ႐ွန္႔သခင္မကအသိျပန္၀င္သြားတယ္ 'ငါဘာ​ေျပာလိုက္မိပါလိမ့္...႐ွန္႔မိသားစုထဲမွာ ငါမွီခိုစရာဆို​လို႔ သူမပဲ႐ွိတာ..တကယ္လို႔ သူမသာမ႐ွိရင္..ငါ...'

႐ွန္႔သခင္မက ဆက္မ​ေတြးရဲ​ေတာ့တာ​ေၾကာင့္ ႐ွီ႐ွန္းအ​ေနာက္ကိုအမွီလိုက္,ဖို႔သာႀကိဳးစားလိုက္တယ္
​ေသခ်ာတာ​ေပါ့ ႐ွီ႐ွန္းက ​ေပ်ာက္သြားၿပီ​ေလ...႐ွန္႔သခင္မက ​ေဒါသတႀကီးနဲ႔ လက္သီးကိုက်စ္က်စ္ပါ​ေအာင္ဆုပ္ထားဖို႔သာတတ္ႏိုင္ၿပီး သူမရဲ႕အ​ေထာက္အကန္ကၿပိဳလဲ​ေတာ့မလိုခံစား​ေနရတယ္

Transalated by Dora💜  Mia💙

Continue Reading

You'll Also Like

98.1K 9.9K 70
Type - web novel Genre - Drama, Romance , school life Author - Si Zhi Translation - Kyiphyuswe chapter - 55(complete)
55.9K 7.1K 172
sequel of (1394 to final)
26.3K 4.3K 43
جۆنگکوک بۆ چەندین جار لەخەونیدا کچێک دەبینێ و ئاشقی دەبێ بەڕێکەوت هەمان کچ لەگەشتی ژاپۆندا دەبنیێ، کاڤیا و جۆنگکوک ئەکەونە دوای ململانێی نێوان ماف...
2.5M 244K 64
This story book presented by ZAWGYI & UNICODE. Cover Design By @Moa ZAWGYI ရင္ခုန္စရာ ဇာက္လမ္းေလးတစ္ပုဒ္ကုိ ငါ အခုေျပာျပမယ္ ..... ဇာက္လမ္းေလးက ဒီလိ...