Unicode
'လုပ်နိုင်မယ်လို့ထင်တယ်ဆိုပဲ'
ကျုံးရှီရိကသည်းမခံနိုင်ဖြစ်သွားတယ်
'ဖြစ်ချင်တယ်ပြောတိုင်းထိပ်ဆုံးကိုရောက်မယ်ထင်နေတာလား'
နယ်မြေကြီးကိုးခုမှာမြောက်မြားစွာသောအဆင့်မြင့်ကျင့်ကြံသူတွေရှိတယ် ဘယ်သူကမှသူတို့ကိုယ်သူတို့အတော်ဆုံးလို့မပြောဘူး
"ယောင်ကွမ်းရေ..,ဒါကအရမ်းကိုကောင်းတဲ့ရည်မှန်းချက်ပဲ''
အရမ်းကိုကျေနပ်နေတဲ့ပုံစံနဲ့သူဖုန်းစားဦးလေးရှီရှန်းကိုပြောလိုက်တယ်
''ကိုယ့်ကိုယ်ကိုယုံကြည်ထား,ဒီဆရာ
က သမီးလုပ်နိုင်မယ်ဆိုတာသိတယ်''
ရှီရှန်းက တကယ်ပဲသူ့ကိုကြည့်ကိုမကြည့်ချင်တော့ဘူး
"ယဲ့ထျန်းနန်, မင်း ရဲ့တပည့်ကိုဒီလောက်ထိအလိုလိုက်နေမယ်ဆိုရင်သူမကိုပျက်စီးစေလိမ့်မယ်,''
ကျုံးရှီရိကအတော်ကိုလက်မခံနိုင်တွေဖြစ်နေတယ်သူမဘယ်လောက်ထိတော်နေပါစေဒီလောက်ထိစိတ်ကြီးမဝင်နေသင့်ဘူးလို့သူထင်တယ် အဲ့လိုလူမျိုးတွေကအသက်ရှည်ရှည်နေရလေ့မရှိဘူး
"ကိုယ့်အတွက်ကိုယ်သာစိတ်ပူစမ်းပါ အဘိုးကြီးရာ, ငါ့တပည့်ကိုငါဘယ်လိုသင်သင်မင်းနဲ့မဆိုင်ဘူး''
သူဖုန်းစားဦးလေးကသက်ပြင်းချလိုက်တယ်
"ဆီလျော်မှုကိုမရှိဘူး''
ကျုံးရှီရိကစိတ်တိုတိုနဲ့ပြောလိုက်ပြီးသူ့တပည့်ဆီလှည့်သွားတယ်
''တပည့်, မင်းအဆင်ပြေရဲ့လား,သူတို့မင်းကိုအနိုင်ကျင့်သေးလား,ဆရာကိုသာပြော,အခုမင်းကငါ့တပည့်ဖြစ်နေပြီ.ဆရာမင်းကိုကာကွယ်ပေးမယ်''
ချင်လန်ယွဲ့ကသူတို့ကိုကြည့်ပြီးတဲ့နောက်မှာခေါင်းယမ်းလိုက်တယ်
''ဟင့်အင်း.''
"မကြောက်နဲ့,,ယဲ့ထျန်းနန်က ကျောင်းအုပ်မဟုတ်ဘူး''
ကျုံးရှီရိကသူမပြောဖို့ကြောက်နေတယ်လို့ပဲထင်နေမိတယ်
"ဆရာ''
ရှီရှန်းကလှောင်ရယ်တဲ့ပုံစံနဲ့ကြည့်လိုက်တယ်
''ဂျူနီယာလေး ကတောင်မဟုတ်ဘူးလို့ပြောနေပြီကိုသူမကိုဘာလို့အတင်းဖိအားပေးနေရတာလဲ...လူတွေကိုမျက်လုံးကန်းနေတယ်များထင်နေလား..သူများတွေကိုစွပ်စွဲတာမကောင်းဘူးနော်''
ကျုံးရှီရိရဲ့အမူအရာကပြောင်းသွားတယ်
'ငါအဲ့လိုမရည်ရွယ်ပါဘူး,သူမကဘာလို့ဒီလောက်တောင်ပြောလိုက်ရတာလဲ'
ဘေးနားမှာရှိနေတဲ့တခြားကျောင်းသားတွေလည်းသက်သေပြပေးရမလားဘာလုပ်ပေးရမလဲတောင်မသိဖြစ်သွားတယ်
"အရမ်းကိုစပ်စုတာပဲအဘိုးကြီးရယ်''
သူဖုန်းစားဦးလေးကစိတ်တိုတိုနဲ့ပြောလိုက်တယ်
'မင်းစောင့်ကြည့်နေလိုက်, ပြီးမှအရှေ့ကိုအနောက်မပြောင်းချင်နဲ့'
"ယောင်ကွမ်း, မင်းကြိုးစားရမယ်နော်,အနာဂတ်မှာအဲ့အဘိုးကြီးကိုနိုင်အောင်တိုက်ပစ်''
ရှီရှန်းကသူ့ဆရာရဲ့စကားတွေကိုလျစ်လျူရှုလိုက်တယ်
'အရူး, မနိုင်မှန်းသိနေတာတောင်တိုက်ချင်သေးတယ်ပေါ့,ဒီလိုဆရာမျိုးရှိနေလို့ယောင်ကွမ်းကအဆုံးသတ်မကောင်းရတာ...အံ့သြစရာမရှိပါဘူးလေ'
"ယောင်ကွမ်းရေ,မင်းကဆရာ့ရဲ့မျှော်လင့်ချက်လေးနော်,ဆရာ့ကိုစိတ်မပျက်စေနဲ့''
သူမဆရာက ရှီရှန်းကိုမျှော်လင့်တကြီးနဲ့ကြည့်နေတယ်
ရှီရှန်းကပြုံးသွားတယ်
"သိပါတယ်,သိပါတယ်,ဆရာ့ကိုစိတ်မပျက်စေရပါဘူး,အဲ့အချိန်အထိသာအသက်ရှင်နေစမ်းပါ, ကိုယ့်သေတွင်းကိုယ်တူးမနေနဲ့''
"အရူးမလေး, မင်းကများငါ့ကိုပြောရဲသေးတယ်...အဲ့အဘိုးကြီးမသေခင်ငါသေစရာလား'' သူဖုန်းစားဦးလေးကမျက်မှောင်ကြုတ်သွားတယ်
"ပြောမရဘူးလေ,ဆရာ့ကြည့်ရတာသူများသတ်လို့သေမယ့်ပုံပဲကို''
"အရူးမလေး,မင်းဆရာကိုတစ်ခါတောင်ယုံကြည်လို့မရဘူးလား''
သူမကိုဆရာကလက်ဖက်ရည်ခွက်နဲ့ပစ်ပေါက်လိုက်တယ်
ရှီရှန်းကဘေးကိုရှောင်လိုက်ပြီးတော့မသိမသာနေလိုက်တယ်
'ကျုံးရှီရိနဲ့အားတိုင်းရန်ဖြစ်ချင်နေတဲ့သူကိုငါဘယ်လိုများယုံကြည်ရမလဲ'
ရှီရှန်းကသူမနှုတ်ခမ်းနားရောက်လာတဲ့စကားတွေကိုပြန်မြိုချလိုက်တယ်
.....................
ဇာတ်လိုက်မအများစုကဒီလိုပြဿနာကိုမီးထွန်းရှာရတာကြိုက်ကြတယ်ဆိုတဲ့အတိုင်းပဲ
ယဲ့ထျန်းနန်ရဲ့အိမ်တော်ကနေထွက်လာလာချင်းမှာပဲချင်လန်ယွဲ့နဲ့မင်းသားသုံးရဲ့အတင်းအဖျင်းပြောသံတွေကိုရှီရှန်းကကြားလိုက်ရတယ်
ရာထူးအခြေအနေကရှုပ်ထွေးလွန်းတယ်နယ်မြေခွဲလေးတွေတစ်ခုစီမှာအင်အားကြီးသူတွေကသူ့ဟာသူအုပ်ချုပ်နေကြတယ်
ဒီကမ္ဘာမှာတော့အင်အားကြီးတဲ့သူတွေကအင်အားနည်းသူတွေကိုအုပ်ချုပ်တယ်တော်ဝင်မိသားစုကအုပ်ချုပ်သူလူတန်းစားဆိုပေမဲ့သူတို့ရဲ့အရှိန်အဝါကလျော့နည်းနေပြီ
လွန်ခဲ့တဲ့ရာစုနှစ်တုန်းကတော်ဝင်မိသားစုမှာအရည်အချင်းရှိတဲ့သူတွေမမွေးဖွားခဲ့ဘူး,အဲ့တာကြောင့်တော်ဝင်မိသားစုကပြဿနာအကြီးအကျယ်တက်ခဲ့တယ်..ဒါပေမဲ့မင်းသားသုံးကိုမွေးဖွားတဲ့အခါမှာဒါတွေကအကုန်ပျောက်ကွယ်သွားတယ်
သူကအရမ်းကိုထက်မြက်ပြီးတော့ရှန့်ယောင်ကွမ်းနဲ့တောင်ယှဥ်လို့ရတယ် ဒါပေမဲ့မထင်မှတ်ထားတာက သူကချင်လန်ယွဲ့နဲ့စေ့စပ်ထားခဲ့တယ်
သူ့လိုအရည်အချင်းရှိတဲ့သူတစ်ယောက်ကဒီအရူးမကိုဘာလို့လက်ထပ်ရမှာလဲ အဲ့ဒါကြောင့်သူတို့နှစ်ယောက်ကျောင်းတစ်ခုတည်းရောက်တဲ့အချိန်မှာသူ့ရဲ့မနှစ်မြိုမှုကိုခန့်မှန်းမိနိုင်တယ်
ရှီရှန်းရောက်လာတဲ့အချိန်မှာသူတို့နှစ်ယောက်ကိုလူတွေကဝိုင်းကြည့်နေကြတယ်
အချို့မိန်းကလေးတွေကတော့မနာလိုတဲ့အသံနဲ့အတင်းပြောနေကြတယ်
"သူမကချင်လန်ယွဲ့လား, ငါတို့မင်းသားသုံးနဲ့များလက်ထပ်ချင်သေးတယ်ပေါ့လေ,ကိုယ့်ကိုယ်ကိုယ်လည်းပြန်ကြည့်ပါဦး,သူမကဆင်းရဲတယ်မဟုတ်လား,ဘယ်လိုလုပ်ကျောင်းကိုဝင်လာနိုင်တာလဲ''
"သူမဘာနည်းလမ်းတွေသုံးလိုက်လဲမှမသိဘဲ''
မိန်းကလေးကစကားကိုရပ်ပြီးဆက်ပြောတယ်
''ဝင်လာနိုင်တော့ကောဘာဖြစ်လဲ,သူမကိုမင်းသားသုံးကကြိုက်မှာမှမဟုတ်ဘဲ,မင်းသားသုံးကဟိုကကောင်းကင်မှာသာနေတဲ့လမင်းလေးလေ,သူ့အဆင့်နဲ့မင်းသားသုံးရဲ့ဖိနပ်တိုက်ဖို့တောင်မတန်ဘူး''
"မင်းသားသုံး''
ရှီရှန်းက လူတွေအုတ်အော်သောင်းတင်းဖြစ်နေလို့သေချာမမြင်ရဘူး အဲ့တာကြောင့်သူမခေါင်မိုးပေါ်ကိုခုန်တက်ပြီးတော့ကြည့်လိုက်တယ်ခေါင်မိုးပေါ်ကဆိုတော့အကုန်ရှင်းရှင်းလင်းလင်းမြင်ရလောက်မယ်လို့သူမထင်လိုက်တယ်
ဒါပေမဲ့လမ်းတစ်ဝက်မှာပဲရှီရှန်းကရပ်လိုက်တယ်
အဲ့မှာလူတစ်ယောက်ရှိနေတယ်
အဲ့ဒီသူကအဝတ်အစားတွေကစုတ်စုတ်ပြတ်ပြတ်ဝတ်ထားပေမယ့်ထူးဆန်းတဲ့အရှိန်အဝါကတော့ရှိနေတုန်းပဲ..ရှီရှန်းကမျက်မှောင်ကြုတ်ကြည့်လိုက်တယ်
အဲ့ဒါကမင်းသားခုနစ်ကျွင်းဟန်လင်းပဲ
ဇာတ်လိုက်ကောင်ကသူမကိုမြင်တော့သူ့အရှိန်အဝါတွေကိုဖုံးဖို့လုပ်လိုက်တယ်
'အိုး,ငါအကုန်မြင်ပြီးနေပြီပဲကိုနင်ကဘာတွေလာဖုံးနေတာလဲ'
ကျွင်းဟန်လင်းကရှန့်ယောင်ကွမ်းကိုသိတယ်ဒါပေမဲ့သူကဟန်ဆောင်နေတာဆိုတော့နာမည်ထုတ်မခေါ်ဘဲနဲ့အပြစ်ကင်းတဲ့လေသံလေးနဲ့လှမ်းပြောလိုက်တယ်
"အမကြီး, သားဒီပေါ်ကနေမဆင်းတတ်တော့လို့''
'အမကြီးဆိုပဲ!!. ..ငါနင့်ထက်ငယ်တယ်ငတုံးရဲ့'
"အိုး..,အဲ့ဒါဆိုမင်းဘယ်လိုတက်လာတာလဲ'' ရှီရှန်းက အေးတိအေးစက်ပြုံးပြလိုက်တယ်
ကျွင်းဟန်လင်းကအနည်းငယ်အံသြသွားတယ်
'ဒီရှန့်ယောင်ကွမ်းကငါသိထားတာနဲ့မတူပါလား'
သူကတော်ဝင်မိသားစုမှာမွေးဖွားလာတာကြောင့်အင်အားကြီးမိသားစုတွေရဲ့စိတ်ရင်းမှန်ကိုဖုံးကွယ်ထားလေ့ရှိတဲ့သဘောကို အကျွမ်းတ၀င်ရှိတယ်
"သူတို့ကျွန်တော့်ကိုတစ်ယောက်ထဲထားပစ်ခဲ့ကြတာ''
သူကအပြစ်ကင်းတဲ့လေသံလေးနဲ့ပြောတယ်
ဒါကတော့ဟန်ဆောင်တာမဟုတ်ဘူး သူကတော်ဝင်မိသားစုမှာမွေးလာတယ်ဆိုပေမဲ့တော်တော်ဆိုးဆိုးဝါးဝါးဆက်ဆံခံရတယ်
"အဲ့တော့မင်းအောက်ကိုဆင်းချင်တာလား''
ရှီရှန်းက နူးနူးညံညံ့လေးပြုံးပြလိုက်တယ်
"အင်း''ကျွင်းဟန်လင်းကခေါင်းကိုညိတ်ပြတယ်
''အမကြီးကူညီပေးမလား''
"ဒါပေါ့''ရှီရှန်းကပြုံးပြတယ်
ကျွင်းဟန်လင်းကလက်ကမ်းပေးလိုက်ပြီးနောက်မှာတော့သူ့စိတ်ထဲမှာမသက်မသာခံစားလိုက်ရတယ်
ရှီရှန်းကသူ့ကိုခေါင်မိုးပေါ်ကနေကန်ချလိုက်ပြီး အမူအရာကင်းမဲ့စွာရပ်နေတယ်
သူမရဲ့ အင်္ကျီစတွေက လေထဲမှာ၀ဲနေပြီး နေသူမရဲ့အနောက်မှာရောင်ခြည်ထိုးနေတာကြောင့် ကောင်းကင်ပေါ်ကဆင်းလာတဲ့နတ်ဘုရားမတစ်ပါးလိုပဲ
Transalated by Dora💜 Mia💙
Zawgyi
'လုပ္ႏိုင္မယ္လို႔ထင္တယ္ဆိုပဲ'
က်ံဳး႐ွီရိကသည္းမခံႏိုင္ျဖစ္သြားတယ္
'ျဖစ္ခ်င္တယ္ေျပာတိုင္းထိပ္ဆုံးကိုေရာက္မယ္ထင္ေနတာလား'
နယ္ေျမႀကီးကိုးခုမွာေျမာက္ျမားစြာေသာအဆင့္ျမင့္က်င့္ၾကံသူေတြ႐ွိတယ္ ဘယ္သူကမွသူတို႔ကိုယ္သူတို႔အေတာ္ဆုံးလို႔မေျပာဘူး
"ေယာင္ကြမ္းေရ..,ဒါကအရမ္းကိုေကာင္းတဲ့ရည္မွန္းခ်က္ပဲ''
အရမ္းကိုေက်နပ္ေနတဲ့ပုံစံနဲ႔သူဖုန္းစားဦးေလး႐ွီ႐ွန္းကိုေျပာလိုက္တယ္
''ကိုယ့္ကိုယ္ကိုယုံၾကည္ထား,ဒီဆရာ
က သမီးလုပ္ႏိုင္မယ္ဆိုတာသိတယ္''
႐ွီ႐ွန္းက တကယ္ပဲသူ႕ကိုၾကည့္ကိုမၾကည့္ခ်င္ေတာ့ဘူး
"ယဲ့ထ်န္းနန္, မင္း ရဲ႕တပည့္ကိုဒီေလာက္ထိအလိုလိုက္ေနမယ္ဆိုရင္သူမကိုပ်က္စီးေစလိမ့္မယ္,''
က်ံဳး႐ွီရိကအေတာ္ကိုလက္မခံႏိုင္ေတြျဖစ္ေနတယ္သူမဘယ္ေလာက္ထိေတာ္ေနပါေစဒီေလာက္ထိစိတ္ႀကီးမဝင္ေနသင့္ဘူးလို႔သူထင္တယ္ အဲ့လိုလူမ်ိဳးေတြကအသက္႐ွည္႐ွည္ေနရေလ့မ႐ွိဘူး
"ကိုယ့္အတြက္ကိုယ္သာစိတ္ပူစမ္းပါ အဘိုးႀကီးရာ, ငါ့တပည့္ကိုငါဘယ္လိုသင္သင္မင္းနဲ႔မဆိုင္ဘူး''
သူဖုန္းစားဦးေလးကသက္ျပင္းခ်လိုက္တယ္
"ဆီေလ်ာ္မႈကိုမ႐ွိဘူး''
က်ံဳး႐ွီရိကစိတ္တိုတိုနဲ႔ေျပာလိုက္ၿပီးသူ႕တပည့္ဆီလွည့္သြားတယ္
''တပည့္, မင္းအဆင္ေျပရဲ႕လား,သူတို႔မင္းကိုအႏိုင္က်င့္ေသးလား,ဆရာကိုသာေျပာ,အခုမင္းကငါ့တပည့္ျဖစ္ေနၿပီ.ဆရာမင္းကိုကာကြယ္ေပးမယ္''
ခ်င္လန္ယြဲ႕ကသူတို႔ကိုၾကည့္ၿပီးတဲ့ေနာက္မွာေခါင္းယမ္းလိုက္တယ္
''ဟင့္အင္း.''
"မေၾကာက္နဲ႔,,ယဲ့ထ်န္းနန္က ေက်ာင္းအုပ္မဟုတ္ဘူး''
က်ံဳး႐ွီရိကသူမေျပာဖို႔ေၾကာက္ေနတယ္လို႔ပဲထင္ေနမိတယ္
"ဆရာ''
႐ွီ႐ွန္းကေလွာင္ရယ္တဲ့ပုံစံနဲ႔ၾကည့္လိုက္တယ္
''ဂ်ဴနီယာေလး ကေတာင္မဟုတ္ဘူးလို႔ေျပာေနၿပီကိုသူမကိုဘာလို႔အတင္းဖိအားေပးေနရတာလဲ...လူေတြကိုမ်က္လုံးကန္းေနတယ္မ်ားထင္ေနလား..သူမ်ားေတြကိုစြပ္စြဲတာမေကာင္းဘူးေနာ္''
က်ံဳး႐ွီရိရဲ႕အမူအရာကေျပာင္းသြားတယ္
'ငါအဲ့လိုမရည္႐ြယ္ပါဘူး,သူမကဘာလို႔ဒီေလာက္ေတာင္ေျပာလိုက္ရတာလဲ'
ေဘးနားမွာ႐ွိေနတဲ့တျခားေက်ာင္းသားေတြလည္းသက္ေသျပေပးရမလားဘာလုပ္ေပးရမလဲေတာင္မသိျဖစ္သြားတယ္
"အရမ္းကိုစပ္စုတာပဲအဘိုးႀကီးရယ္''
သူဖုန္းစားဦးေလးကစိတ္တိုတိုနဲ႔ေျပာလိုက္တယ္
'မင္းေစာင့္ၾကည့္ေနလိုက္, ၿပီးမွအေ႐ွ႕ကိုအေနာက္မေျပာင္းခ်င္နဲ႔'
"ေယာင္ကြမ္း, မင္းႀကိဳးစားရမယ္ေနာ္,အနာဂတ္မွာအဲ့အဘိုးႀကီးကိုႏိုင္ေအာင္တိုက္ပစ္''
႐ွီ႐ွန္းကသူ႕ဆရာရဲ႕စကားေတြကိုလ်စ္လ်ဴ႐ႈလိုက္တယ္
'အ႐ူး, မႏိုင္မွန္းသိေနတာေတာင္တိုက္ခ်င္ေသးတယ္ေပါ့,ဒီလိုဆရာမ်ိဳး႐ွိေနလို႔ေယာင္ကြမ္းကအဆုံးသတ္မေကာင္းရတာ...အံ့ၾသစရာမ႐ွိပါဘူးေလ'
"ေယာင္ကြမ္းေရ,မင္းကဆရာ့ရဲ႕ေမွ်ာ္လင့္ခ်က္ေလးေနာ္,ဆရာ့ကိုစိတ္မပ်က္ေစနဲ႔''
သူမဆရာက ႐ွီ႐ွန္းကိုေမွ်ာ္လင့္တႀကီးနဲ႔ၾကည့္ေနတယ္
႐ွီ႐ွန္းကျပဳံးသြားတယ္
"သိပါတယ္,သိပါတယ္,ဆရာ့ကိုစိတ္မပ်က္ေစရပါဘူး,အဲ့အခ်ိန္အထိသာအသက္႐ွင္ေနစမ္းပါ, ကိုယ့္ေသတြင္းကိုယ္တူးမေနနဲ႔''
"အ႐ူးမေလး, မင္းကမ်ားငါ့ကိုေျပာရဲေသးတယ္...အဲ့အဘိုးႀကီးမေသခင္ငါေသစရာလား'' သူဖုန္းစားဦးေလးကမ်က္ေမွာင္ၾကဳတ္သြားတယ္
"ေျပာမရဘူးေလ,ဆရာ့ၾကည့္ရတာသူမ်ားသတ္လို႔ေသမယ့္ပုံပဲကို''
"အ႐ူးမေလး,မင္းဆရာကိုတစ္ခါေတာင္ယုံၾကည္လို႔မရဘူးလား''
သူမကိုဆရာကလက္ဖက္ရည္ခြက္နဲ႔ပစ္ေပါက္လိုက္တယ္
႐ွီ႐ွန္းကေဘးကိုေ႐ွာင္လိုက္ၿပီးေတာ့မသိမသာေနလိုက္တယ္
'က်ံဳး႐ွီရိနဲ႔အားတိုင္းရန္ျဖစ္ခ်င္ေနတဲ့သူကိုငါဘယ္လိုမ်ားယုံၾကည္ရမလဲ'
႐ွီ႐ွန္းကသူမႏႈတ္ခမ္းနားေရာက္လာတဲ့စကားေတြကိုျပန္ၿမိဳခ်လိုက္တယ္
.....................
ဇာတ္လိုက္မအမ်ားစုကဒီလိုျပႆနာကိုမီးထြန္း႐ွာရတာႀကိဳက္ၾကတယ္ဆိုတဲ့အတိုင္းပဲ
ယဲ့ထ်န္းနန္ရဲ႕အိမ္ေတာ္ကေနထြက္လာလာခ်င္းမွာပဲခ်င္လန္ယြဲ႕နဲ႔မင္းသားသုံးရဲ႕အတင္းအဖ်င္းေျပာသံေတြကို႐ွီ႐ွန္းကၾကားလိုက္ရတယ္
ရာထူးအေျခအေနက႐ႈပ္ေထြးလြန္းတယ္နယ္ေျမခြဲေလးေတြတစ္ခုစီမွာအင္အားႀကီးသူေတြကသူ႕ဟာသူအုပ္ခ်ဳပ္ေနၾကတယ္
ဒီကမ႓ာမွာေတာ့အင္အားႀကီးတဲ့သူေတြကအင္အားနည္းသူေတြကိုအုပ္ခ်ဳပ္တယ္ေတာ္ဝင္မိသားစုကအုပ္ခ်ဳပ္သူလူတန္းစားဆိုေပမဲ့သူတို႔ရဲ႕အ႐ွိန္အဝါကေလ်ာ့နည္းေနၿပီ
လြန္ခဲ့တဲ့ရာစုႏွစ္တုန္းကေတာ္ဝင္မိသားစုမွာအရည္အခ်င္း႐ွိတဲ့သူေတြမေမြးဖြားခဲ့ဘူး,အဲ့တာေၾကာင့္ေတာ္ဝင္မိသားစုကျပႆနာအႀကီးအက်ယ္တက္ခဲ့တယ္..ဒါေပမဲ့မင္းသားသုံးကိုေမြးဖြားတဲ့အခါမွာဒါေတြကအကုန္ေပ်ာက္ကြယ္သြားတယ္
သူကအရမ္းကိုထက္ျမက္ၿပီးေတာ့႐ွန္႔ေယာင္ကြမ္းနဲ႔ေတာင္ယွဥ္လို႔ရတယ္ ဒါေပမဲ့မထင္မွတ္ထားတာက သူကခ်င္လန္ယြဲ႕နဲ႔ေစ့စပ္ထားခဲ့တယ္
သူ႕လိုအရည္အခ်င္း႐ွိတဲ့သူတစ္ေယာက္ကဒီအ႐ူးမကိုဘာလို႔လက္ထပ္ရမွာလဲ အဲ့ဒါေၾကာင့္သူတို႔ႏွစ္ေယာက္ေက်ာင္းတစ္ခုတည္းေရာက္တဲ့အခ်ိန္မွာသူ႕ရဲ႕မႏွစ္ၿမိဳမႈကိုခန္႔မွန္းမိႏိုင္တယ္
႐ွီ႐ွန္းေရာက္လာတဲ့အခ်ိန္မွာသူတို႔ႏွစ္ေယာက္ကိုလူေတြကဝိုင္းၾကည့္ေနၾကတယ္
အခ်ိဳ႕မိန္းကေလးေတြကေတာ့မနာလိုတဲ့အသံနဲ႔အတင္းေျပာေနၾကတယ္
"သူမကခ်င္လန္ယြဲ႕လား, ငါတို႔မင္းသားသုံးနဲ႔မ်ားလက္ထပ္ခ်င္ေသးတယ္ေပါ့ေလ,ကိုယ့္ကိုယ္ကိုယ္လည္းျပန္ၾကည့္ပါဦး,သူမကဆင္းရဲတယ္မဟုတ္လား,ဘယ္လိုလုပ္ေက်ာင္းကိုဝင္လာႏိုင္တာလဲ''
"သူမဘာနည္းလမ္းေတြသုံးလိုက္လဲမွမသိဘဲ''
မိန္းကေလးကစကားကိုရပ္ၿပီးဆက္ေျပာတယ္
''ဝင္လာႏိုင္ေတာ့ေကာဘာျဖစ္လဲ,သူမကိုမင္းသားသုံးကႀကိဳက္မွာမွမဟုတ္ဘဲ,မင္းသားသုံးကဟိုကေကာင္းကင္မွာသာေနတဲ့လမင္းေလးေလ,သူ႕အဆင့္နဲ႔မင္းသားသုံးရဲ႕ဖိနပ္တိုက္ဖို႔ေတာင္မတန္ဘူး''
"မင္းသားသုံး''
႐ွီ႐ွန္းက လူေတြအုတ္ေအာ္ေသာင္းတင္းျဖစ္ေနလို႔ေသခ်ာမျမင္ရဘူး အဲ့တာေၾကာင့္သူမေခါင္မိုးေပၚကိုခုန္တက္ၿပီးေတာ့ၾကည့္လိုက္တယ္ေခါင္မိုးေပၚကဆိုေတာ့အကုန္႐ွင္း႐ွင္းလင္းလင္းျမင္ရေလာက္မယ္လို႔သူမထင္လိုက္တယ္
ဒါေပမဲ့လမ္းတစ္ဝက္မွာပဲ႐ွီ႐ွန္းကရပ္လိုက္တယ္
အဲ့မွာလူတစ္ေယာက္႐ွိေနတယ္
အဲ့ဒီသူကအဝတ္အစားေတြကစုတ္စုတ္ျပတ္ျပတ္ဝတ္ထားေပမယ့္ထူးဆန္းတဲ့အ႐ွိန္အဝါကေတာ့႐ွိေနတုန္းပဲ..႐ွီ႐ွန္းကမ်က္ေမွာင္ၾကဳတ္ၾကည့္လိုက္တယ္
အဲ့ဒါကမင္းသားခုနစ္ကြၽင္းဟန္လင္းပဲ
ဇာတ္လိုက္ေကာင္ကသူမကိုျမင္ေတာ့သူ႕အ႐ွိန္အဝါေတြကိုဖုံးဖို႔လုပ္လိုက္တယ္
'အိုး,ငါအကုန္ျမင္ၿပီးေနၿပီပဲကိုနင္ကဘာေတြလာဖုံးေနတာလဲ'
ကြၽင္းဟန္လင္းက႐ွန္႔ေယာင္ကြမ္းကိုသိတယ္ဒါေပမဲ့သူကဟန္ေဆာင္ေနတာဆိုေတာ့နာမည္ထုတ္မေခၚဘဲနဲ႔အျပစ္ကင္းတဲ့ေလသံေလးနဲ႔လွမ္းေျပာလိုက္တယ္
"အမႀကီး, သားဒီေပၚကေနမဆင္းတတ္ေတာ့လို႔''
'အမႀကီးဆိုပဲ!!. ..ငါနင့္ထက္ငယ္တယ္ငတုံးရဲ႕'
"အိုး..,အဲ့ဒါဆိုမင္းဘယ္လိုတက္လာတာလဲ'' ႐ွီ႐ွန္းက ေအးတိေအးစက္ျပဳံးျပလိုက္တယ္
ကြၽင္းဟန္လင္းကအနည္းငယ္အံၾသသြားတယ္
'ဒီ႐ွန္႔ေယာင္ကြမ္းကငါသိထားတာနဲ႔မတူပါလား'
သူကေတာ္ဝင္မိသားစုမွာေမြးဖြားလာတာေၾကာင့္အင္အားႀကီးမိသားစုေတြရဲ႕စိတ္ရင္းမွန္ကိုဖုံးကြယ္ထားေလ့႐ွိတဲ့သေဘာကို အကြၽမ္းတ၀င္႐ွိတယ္
"သူတို႔ကြၽန္ေတာ္႕ကိုတစ္ေယာက္ထဲထားပစ္ခဲ့ၾကတာ''
သူကအျပစ္ကင္းတဲ့ေလသံေလးနဲ႔ေျပာတယ္
ဒါကေတာ့ဟန္ေဆာင္တာမဟုတ္ဘူး သူကေတာ္ဝင္မိသားစုမွာေမြးလာတယ္ဆိုေပမဲ့ေတာ္ေတာ္ဆိုးဆိုးဝါးဝါးဆက္ဆံခံရတယ္
"အဲ့ေတာ့မင္းေအာက္ကိုဆင္းခ်င္တာလား''
႐ွီ႐ွန္းက ႏူးႏူးညံညံ့ေလးျပဳံးျပလိုက္တယ္
"အင္း''ကြၽင္းဟန္လင္းကေခါင္းကိုညိတ္ျပတယ္
''အမႀကီးကူညီေပးမလား''
"ဒါေပါ့''႐ွီ႐ွန္းကျပဳံးျပတယ္
ကြၽင္းဟန္လင္းကလက္ကမ္းေပးလိုက္ၿပီးေနာက္မွာေတာ့သူ႕စိတ္ထဲမွာမသက္မသာခံစားလိုက္ရတယ္
႐ွီ႐ွန္းကသူ႕ကိုေခါင္မိုးေပၚကေနကန္ခ်လိုက္ၿပီး အမူအရာကင္းမဲ့စြာရပ္ေနတယ္
သူမရဲ႕ အက်ႌစေတြက ေလထဲမွာ၀ဲေနၿပီး ေနသူမရဲ႕အေနာက္မွာေရာင္ျခည္ထိုးေနတာေၾကာင့္ ေကာင္းကင္ေပၚကဆင္းလာတဲ့နတ္ဘုရားမတစ္ပါးလိုပဲ
Transalated by Dora💜 Mia💙