💫 Unicode version 💫
ဘယ်လောက်တောင်အိပ်ပျော်သွားလဲ မသိဘူး... ခေါင်တွေအရမ်းကိုက်နေလို့ ဖြည်းဖြည်းလေးထထိုင်ပြီး အိပ်ရာဘေးစာပွဲပေါ်မှ နာရီကိုလှမ်းကြည့်တော့ 11 တောင်ခွဲနေပြီ
' ဟယ်... ငါတော်တော် အိပ်ပျော်သွားတာပဲ မောင်ကလဲ မနိုးဘူးတော့ '
တစ်ယောက်ထဲ ရေရွတ်ပြီး ထဖို့ပြင်တော့ အခန်းတံခါးပွင့်လာကာ ဝင်လာသူကတော့ မောင်ပင်
" ကိုကို...နိုးပြီလား ဖြည်းဖြည်း "
ပြောလဲပြော မိမိအနာကို ခြေလှမ်းကျဲတွေနဲ့ ရောက်လာလေသည်။
မနက်ကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာမို့ မနှိုးခဲ့ခြင်းပင်... 10 နာရီ meeting ရှိနေတာနဲ့ company ခနသွားခြင်းပင်
ပြီးတာနဲ့ ထူးမြတ်ကိုမှာစရာရှိတာမှာကာ အိမ်ကိုပြန်လာခြင်းပင်....
" ကိုကို မူးနေသေးလားဟင်... ဘယ်လိုနေသေးလဲ ကိုယ်နွေးနေသေးလားဟင် "
သူရဲ့ဂရုတစိုက်အမေးတွေကြောင့် စိတ်ထဲကြည်နူးသွားကာ
" ငါဘာမှမဖြစ်တော့ပါဘူး မောင်ရယ်.... ဖယ် ရေချိုးတော့မယ်..."
ပြောပြီး ဗိုက်လေးပွတ်ပြတော့
" ဗိုက်ဆာနေပြီလား ကိုကို "
ခေါင်းလေးပြန်ငြိမ့်ပြတော့ ရေချိုးခန်းကို ချီပြီးလိုက်ပို့ပေလေသည်။
🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵
ဒီနေ့ Shopping ထွက်ချင်တာနဲ့ မောင်ကိုလိုက်ပို့ခိုင်းခဲ့ခြင်းပင်....
" ဟာ.....ကိုခန့်..... "
ဆိုပြီး ခွန်းမာန်မှာ ပြေးလာဖက်လေသည်။ မိမိလဲ ပြန်ဖက်ကာ နှစ်ယောက်သား...
" မာန်....စင်ကာပူမှာပျော်ခဲ့လားဟင်...."
" ပျော်ခဲ့တယ်...ဘူး..."
" ဟင်...ဘယ်လိုကြီးလဲ "
" ကိုခန့်တို့မပါတော့ အများကြီးမပျော်ရဘူး အဲ့တာကိုပြောခြင်တာ "
" ဟုလား....ဒါဆိုနောက်တခါအတူတူ သွားကြမယ်နော် "
" Omm "
ရှင်းသန့်နဲ့ ဟန်ငြိမ်းမှာ ခန့်လေးနဲ့မာန်ကိုကြည့်ကာ ခေါင်ခါလိုက်ပြီး တစ်ခုခုစားရန် ဆိုင်ထဲသို့ ဆွဲခေါ်ခဲ့ကြသည်။
တကယ်ပါ မူကြိုကလေးနှစ်ယောက်ပိတ်ရက်မှာ ခရီးသွားလို့ တစ်ယောက်ကသူရဲ့ ခရီးအတွေ့အကြုံကို ပြောပြနေတာကြနေတာပဲ စျေးဝယ်သူတွေတောင်လှည့်ကြည့်ကုန်ကြတယ်....
" မောင်ကလဲ...စကားပြောနေတာကို ဘာလို့အတင်းဆွဲခေါ်လာတာလဲ "
" ရပ်ပြီးပြောရင် မောမှာစိုးလို့ စားရင်းပြောရအောင်ခေါ်လာတာပါ ကိုကိုကလဲ "
" ဟုတ်တယ်..ဟုတ်တယ်...မာန်လဲ ဗိုက်ဆာနေတာနဲ့ အတော်ပဲ ကိုခန့်ဘာစားမလဲ "
နှစ်ယောက်သား စားစရာမှာနေကြတာ တစ်ဆိုင်လုံးမှာနေတဲ့အတိုင်းပင်....
ဒီဝိုင်းမှာ သူတို့နှစ်ယောက်ထဲ ထိုင်နေသလိုပင် တစ်ယောက်ကကြိုက်တယ် မကြိုက်ဘူးငြင်းကာ မိမိတို့နှစ်ယောက်အား ဘာစားမလဲပင် မပေးပေ....
" ခွန်းလေး...ကိုယ်လဲ ပါစပ်ပါတယ်နော် "
ကိုဟန်ငြိမ်းမှထပြောတယ်ဆို ခွန်းကလဲ
" သိပါတယ်.... ကိုယ်က အရင်စားနေကြဟာပဲမလား "
ဟန်ငြိမ်းလဲ ခေါင်းသာငြိမ့်ပြလိုက်ရသည်။ ရှင်းသန့်လဲ
" ကိုဟန်ငြိမ်း....ခနပဲသည်းခံ အစားလာရင်သူတို့ပါစပ်တွေပိတ်တော့မှာ ဟီးးးး"
ပြောလိုက်တယ်ဆို ခန့်မှာ မှာပြီးတဲ့အချိန်နဲ့ ကိုက်ကာ ကြားသွားပြီး..
" မောင်....ဘာလဲမောင်က နားငြီးတယ် ဆိုတဲ့သဘောလား "
မကြားဘူးအထင်နဲ့ပြောလိုက်တာ ကြားသွားသဖြင့် ပြာပြာသလဲ
" ဟာ..ဟာ...မဟုတ်..ဟုတ်ရပါဘူးဗျာ...ကိုကို ကိုပြောတာမဟုတ်ဘူး....သူ့ကို...သူ့ကို မာန်မင်းအသံလျော့ပြော "
မာန်ကို လွဲချလိုက်တော့ မာန်ဆီမှ မျက်စောင်းက အော်တိုမစ်တစ် ကျရောက်လာသည်။😁😁
ပြီးတာနဲ့အစားတွေရောက်လာတော့ အစားလေးစားလိုက် စကားလေးပြောလိုက်နဲ့ပင်....
ကိုကိုခုရက်ပိုင်း ပျင်းနေမှာပဲလေ...ခရီးကပြန်လာထဲက ကိုဟန်ငြိမ်းကအလုပ်နဲ့ စင်ကာပူသွားတော့ ခွန်းမာန်ပါလိုက်သွားတော့ အဖော်မရှိပေ....မိမိကလဲ အလုပ်ရှုပ်နေတော့ပိုဆိုး နေမကောင်းတုန်းကသာဂရုစိုက်နိုင်တာ အဲ့နောက် အချိန်သိပ်မပေးနိုင်...
ခုတော့ကိုကိုမှာ ခွန်းနဲ့စကားတွေပြောပြီးပျော်နေပုံမှာ တစ်ကယ်ချစ်စရာလေးပင်....
ကိုကိုက တဖြည်းဖြည်း ကလေးနဲ့တူလာကာ မသိရင်မာန်နဲ့သူက သူငယ်ချင်းဖြစ်ပြီး ကိုဟန်ငြိမ်းနဲ့ ကျတော်က သူငယ်ချင်း ဖြစ်နေသလိုပင်....
"မောင်....toilet ခနသွားအုံးမယ်နော် လိုက်မှာလား "
" ဟင့်အင်း....မလိုက်တော့ဘူး...သွားရဲတယ်မလား ကိုကို "
" မာန်ရော..."
" ကျတော် ဗိုက်အင့်နေတယ် မထနိုင်ဘူး "
" ရတယ်..ရတယ် "
ပြောပြီး သန့်စင်ခန်း ဘက်ထွက်လာခဲ့သည်။
" ခုမှပဲ ပေါ့သွားတော့တယ်....အရမ်းစားတာကို ခန့်လေးရဲ့ "
ကိုယ့်ဖာသာပြောပြီးဘေစင်မှာလက်ဆေးနေတုန်း နောက်နားလေးဆီမှ....
" ခန့်.....ကိုယ်မရှိတုန်း...အရမ်းတွေပျော်နေတယ်ပေါ့ "
ဆိုတဲ့အသံကြောင့် မော့ကြည့်လိုက်တော့ မှန်ထဲမှာ မြင်လိုက်ရတဲ့သူကြောင့် အသက်ရူဖို့ပင် မေ့သွားကာ လန့်သွားခဲ့ရသည်။
" ခန့်....ကိုယ့်ကို မှတ်မိလားဟင် .... ခန့်က အရင်ကထက်ကိုထွားလာပြီး ပိုချောလာတယ် ပြီးတော့ ပိုပြီး ချစ်စရာကောင်းလာတာပဲ "
ပြောပြီး ထိုလူမှာ မိမိနောက်မှ ပုခုံးသားလေးကို ငုံနမ်းလိုက်သဖြင့် အသိဝင်လာကာ တွန်းထုတ်ပစ်လိုက်ပြီး
" ကို....ကို....ကိုသြရထူး...."
" ဟ...မင်း..ကိုယ့်နာမည်ကိုမှတ်မိသေးသားပဲ "
ပြောပြီး မိမိနားကပ်လာတော့ နောက်ကိုနှစ်လှမ်းဆုတ်လိုက်တော့ သူကလဲရှေ့ကို ဆက်တိုးလာလေသည်။ သူတိုးလေ နောက်ဆုတ်လေနဲ့ နောက်နားမှာ နံရံသာရှိတော့သည်။
" ဘာလို့ လန့်နေတာလဲ.... ကိုယ်အခု နိုင်ငံခြားကပြန်လာပြီ..မင်းလဲ အသက်ပြည့်ပြီဆိုတော့ မင်းကိုငါယူလို့ရပြီ "
ကိုသြရထူး မှာ မိမိအားတစ်ကိုယ်လုံးလိုက်ကြည့်ကာ ပြောလာတဲ့စကားမှာ ကြောက်စရာကောင်းတာနဲ့ အတင်းတွန်းဖယ်ပြီး....
" ကျတော်တောင်းပန်ပါတယ် ကျတော့ကိုမနှောက်ယှက်ပါနဲ့...ကျတော့ဘဝလေးနဲ့ ကျနော် နေပါရစေ..."
" ကိုယ်...သိတာတော့ မင်းမိန်းမမရသေးဘူးလို့ ကိုယ်သိတာပဲ "
" ကျတော့မှာကာမပိုင် ယောကျ်ားရှိတယ် " ( ယောကျ်ားနော် ဟွင်းဟွင်း)
ထိုစကားကိုကြားလိုက်တယ်ဆို သြရ အံ့သြသွားကာ မျက်နှာမှာလဲ ချက်ချင်းတည်သွားပြီး
" မင်းက..ကိုယ့်တုန်းကျငြင်းပြီး ခုတော့ ယောကျာ်းယူထားတယ်ပေါ့ .... ငါအဲ့တာတွေနားမလည်ဘူး.... မင်းကငါ့အပိုင်ပဲ "
" မဟုတ်တာတွေမပြောနဲ့ ကိုသြရ...ကျတော်နဲ့ ကိုသြရ ကအရင်တုန်းကလဲ မပတ်သတ်ခဲ့ဖူးသလို ခုလဲမသတ်သတ်ဘူး "
" ဟ.....မင်းက သတ္တိတွေရှိလာပါ့လား ဘာလဲ အားကိုးရှိလာလို့လားနေအုံး....မင်းကောင်က မင်းကို ဘယ်လောက်ပေးလဲ ငါကသူ့ထက် သုံးဆပေးမယ် "
" ကိုသြရ...သူ့ကိုမစော်ကားနဲ့ ဒီမှာကိုသြရ ဆယ်ဆပုံပေးမယ်ဆိုတောင်... ကျတော့ရွေးချယ်မှုက ခင်ဗျားမဖြစ်နိုင်ဘူး "
" ဟား........မင်းသတ္တိတွေ အရမ်းကောင်းပေါ့လား အေးပါ မင်းနဲ့ငါ အရင်ကအကြောင်းကို သူသိသွားရင် သူကမင်းကိုရွေးချယ်အုံးမလား သိချင်တယ်... "
" ခင်....ခင်ဗျား "
" အဲ့လိုမှမဟုတ်ရင်တော့ ငါခေါ်တိုင်းမင်းလာရမယ်..."
ပြောပြီး လူကိုချုပ်ကာ နှုတ်ခမ်းကိုအတင်းနမ်းရန်ကြိုးစားလေသည်။ ခန့်လဲ အတင်းရှုန်းကာ ခုချိန်မောင်ဝင်ခါရင်ဆိုတဲ့အတွေးနဲ့ အတင်းဆောင့်တွန်းပြီး ပြေးထွက်ခဲ့သည်။
" ကိုကိုသွားတာ နည်းနည်းကြာနေပြီ အဆင်ပြေရဲ့လား မသိဘူး အရမ်းစားတာကို "
ပြောပြီးလိုက်သွားရန်အထ ကိုကိုမှာ ချွေးစေတွေပြန်ကာ ပြာပြာသလဲပြန်လာလေသည်။
" ကိုကို...ကျတော်တောင် ကိုကို ကြာနေလို့ ခုပဲလိုက်လာမလို့ "
ပြောတော့ ဘာမှပြန်မပြောဘဲ
" သွားရအောင် မောင်....ရှင်းပြီးပြီလား "
ခေါင်းငြိမ့်ပြလိုက်တယ်ဆို သူ့အိတ်ကိုကောက်ကိုင်ပြီး ပြန်ဖို့သာအတင်းလုပ်နေတာနဲ့ ခွန်းမာန်မှ
" ကိုခန့်...ဘာဖြစ်နေတာလဲ အိမ်သာထဲမှာ ဘာဖြစ်ခဲ့လို့လဲ "
" ဟင်...မ..မဟုတ်ပါဘူး...ဟို အစားစားတာများပြီး ဗိုက်ထဲနေလို့ မကောင်းလို့ပါ "
" omm ပါအဲ့တာဆိုလဲ ပြန်မယ်လေ "
" ဟို.....ရှင်းသန့်....မင်းတို့ပြန်နှင့် ငါ...ငါ ဝယ်စရာရှိသေးလို့ ကျန်ခဲ့အုံးမယ် "
အဲ့တာနဲ့ ခွန်းတို့နဲ့ လမ်းခွဲလာပြီး ပြန်ဖို့ထွက်လာတော့
" လာ..ကိုကို ကျတော့လက်ကိုကိုင် "
ကိုကိုလက်ကို ကိုင်လိုက်တော့ ချွေးစေလေးတွေနဲ့ ...
" ကိုကို ဒီနားမှာခနစောင့်နော်...ကျတော် ကားသွားထုတ်လိုက်အုံးမယ် "
ပြောပြီး ကားသွားထုတ်လိုက်သည်။ ကားပေါ်ကနေ ကိုကို ကိုလှမ်းကြည့်လိုက်တော့ ကိုကိုမှာ ဟိုကြည့်ဒီကြည့်နဲ့ မျက်နှာမှာလဲ ထိတ်လန့်နေတဲ့ပုံပင်
" ကိုကို လာတက်.. "
ပြောပြီး တံခါးဖွင့်ပေးလိုက်ကာ ကိုကိုတက်လာတယ်ဆို ခါးပတ်ပါတပ်ပေးလိုက်သည်။
အိမ်ကိုပြန်တဲ့တလျောက်လဲ တခုခုကိုတွေးပြီး စိုးရိမ်နေသလိုဖြစ်တာနဲ့
" ကိုကို...အရမ်းဗိုက်အောင့်နေလို့လားဟင်... "
". ............"
" ကိုကို.......ဗိုက်အရမ်းနာနေလို့လား "
" ..........."
ပြန်မဖြေတာနဲ့ ကိုကိုလက်ကို ကိုင်ပြီးလှုပ်လိုက်တော့
ခန္ဓာကိုယ်လေးမှာတုန်တက်သွားလေသည်။
" ကိုကို....ဘာဖြစ်နေတာလဲ.... အိမ်သာကပြန်လာထဲက ကိုကိုမူမမှန်ဘူး တစ်ခုခုဖြစ်ခဲ့လို့လား ကျတော့ကိုပြောပါ "
" ဟမ်...အင်း...ဟို...ဘာမှမဖြစ်ပါဘူး..... ဟီး..."
မောင့်ကိုမုသားဆိုကာ ဟန်ဆောင်ရီပြလိုက်မှ မောင်လဲ ပြုံးသွားတော့သည်။
' ခန့် မင်းက ကလေးမှမဟုတ်တော့ဘဲ မင်းဖြေရှင်းနိုင်မှာပါ အရာရာကို '
စိတ်ထဲမှာမိမိကိုယ့်ကို အားပေးပြီး ဟန်ဆောင်သာပြုံးနေလိုက်တော့သည်။
..
..
" ခွန်းလေး...ဘာဝယ်စရာရှိလို့လဲဟင်... "
" ဟင့်အင်း..... ကိုခန့် သန့်စင်ခန်းမှာတစ်ခုခုဖြစ်လာသလားသိချင်လို့ ကျန်ခဲ့တာ လာသွားကြည့်ရအောင် "
ပြောပြီးထွက်သွားတယ်ဆို ဟန်ငြိမ်းလဲ နောက်ကလိုက်သွားလိုက်သည်။ သန့်စင်ခန်းထဲရောက်တော့လဲ ဘယ်သူမှမရှိဘူး
" ကို....ကိုခန့် ဘာဖြစ်သွားတာလဲ မသိဘူး သူ့ပုံကတစ်ခုခုကိုကြောက်နေတဲ့ပုံပဲ "
" ကို လဲစဥ်းစားနေတာ ခန့်လေး အဲ့လိုမျိုးကြောက်ဖူးတာမရှိဘူး "
"နောက်နေ့ကျရင် သူ့ကို ကိုသေချာလေးမေးကြည့်ပါအုံးမယ် တစ်ကယ်လို့ သူဘယ်သူ့ကိုမှမသိစေချင်တဲ့ ကိစ္စဆိုရင်တောင် ကိုယ်က သူငယ်ချင်းမို့ ပြောလောက်မှာပါ"
" အွန်း....အာ့ဆိုလဲ ပြန်ကျမယ် "
ဟန်ငြိမ်းလဲ အတွေးတွေများစွာနဲ့ ' ခန့်လေး...ဘာပြဿနာပဲရှိရှိ ငါမင်းကို ကာကွယ်မှာပါကွာ ' စိတ်ထဲတွေးကာ သက်ပြင်းသာချလိုက်သည်။ ( သူငယ်ချင်း ကိုချစ်တာ)
ဒါပေမယ့် သူတို့မသိလိုက်တာက ရှင်းသန့်ရဲ့ ခြံရှေ့ထိ သူပါလာတယ်ဆိုတာကို.......😔😔
🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵
" ဟင့်အင်း.....ဟင့်အင်း......တောင်းပန်ပါတယ်....တောင်းပန်ပါတယ်နော်...."
" ခန့်....ခန့်က အဲ့လိုလူစားမျိုး မဟုတ်ပါဘူး... ဟင့်...အင့်....အင့်... "
ကိုကို အိမ်မက်တွေယောင်ကာ ငိုနေသဖြင့် macbook လေးဘေးချကာ ရင်ခွင်ထဲဆွဲသွင်းပြီး ဖက်ထားလိုက်သည်။
" ကိုကို....ဘာတွေမက်လို့ အဲ့လောက်တောင်ငိုနေရတာလဲဟင်...ကိုကို ဘာတွေဖြစ်နေတာလဲ ကျတော့ပြောပြပါ ဒါဆို ကိုကို ခုလိုမခံစားရတော့ဘူး "
ခနနေတော့ ရင်ခွင်ထဲက လှုပ်လာကာ
" မောင်...... "
" ကိုကို...နိုးလာတာလား "
" မောင်.....ငါ့ကိုချစ်လားဟင် "
" ချစ်တာပေါ့ဗျာ..... "
" ဒါဆိုရင်.... ပြဿနာတစ်ခုခုကြုံခဲ့ရင်ရော ငါ့ဘက်က ရပ်တည်ပေးမှာလားဟင် "
" ဟင်..ဘာပြဿနာလဲ "
" လုပ်...မေးတာဖြေပါမောင်ရဲ့ "
" ကိုကို...ကိုကိုကမလိမ်တတ်တဲ့အတွက် အဲ့ပြဿနာကို အရင်းအမြစ်ကို ရှာပြီး ကိုကို့ဘက်က ရပ်တည်ပေးမှာပေါ့ "
" အာ့ဆို.....ဖယ်ပေးတော့ "
" ဗျာ....ဘာဖြစ်လို့လဲ "
" ငါ...သေးပေါက်ခြင်လို့ "
ရှင်းသန့်လဲ တဟားဟား ထရီကာ
" အောင်မလေးကိိုကိုရယ် ဒါဆိုလဲ အစောထဲက ဖယ်အုံး အပေါ့သွားမို့ပြောပေါ့ ခုတော့ရပ်တည်မှာလား ဘာတွေလာရောပဲ အဲ့လိုရစ်လို့ မဖယ်ဘူးဗျာ "
" ငါက မောင့်ကို စခြင်လို့ပါ... ဖယ် တကယ်ထွက်ကြလိမ့်မယ် "
" ဖယ်ဘူး ကျကျ... မနက်ဖြန်ကျ ကျတော်က ကိုဟန်ငြိမ်းရယ် ခွန်းမာန်ရယ် အာကာတို့ကို ပြောလိုက်မှာ ကိုကိုက အိပ်ရာထဲမှာ မကြီးမငယ် သေးပေါက်ချတယ်လို့ "
" ဟာ..မောင် မဟုတ်တာလျှောက်မပြောနဲ့ ဖယ်"
အတင်း
ရုန်းလေ ပိုဖက်ထားလေ ဖက်ထားရုံမကဘူး နောက်ဆုံးကျ ကလိပါထိုးသေးတာ
" အာ...ယားတယ်...ယားတယ်လို့ မောင်...ဟာ ငါတကယ်ထွက်ကျတော့မယ်နော် ဟာ...ဟီး မောင် "
" ဗျာ... "
" ဖယ်ပါဆို "
အိပ်ခန်းထဲမှာ တစ်ယောက်ကလိထိုး တစ်ယောက်က အော်ဟစ်နေတဲ့ ကလေးလူကြီးလေးနှစ်ယောက်ကတော့ တော်တော်နဲ့ မအိပ်ဘဲဆော့နေလေရဲ့......
11.6.2021 ( 2312)
4:51 pm
#Hnaung
💙upပေးလိုက်ပြီနော် 😁 စာလုံးပေါင်းမှာရင် သွေ့ပုချီ ပြန်မစစ်ထားလို့ ဖတ်ပြီးတော့ ဝေဖန်ပေးပါအုံးဗျာ ကြာနေတဲ့အတွက်တောင်းပန်ပါနော် ဖတ်ပေးတဲ့တစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးတင်ပါတယ်ဗျာ 😘
ဒီတစ်ပိုင်းတော့ ကြယ်လေးအလှူခံပါတယ်ဗျ 😘💙
💫 Zawgyi version 💫
" ဟာ.....ကိုခန့်..... "
" ပျော်ခဲ့တယ်...ဘူး..."
" ဟင်...ဘယ်လိုကြီးလဲ "
" Omm "
တကယ်ပါ မူကြိုကလေးနှစ်ယောက်ပိတ်ရက်မှာ ခရီးသွားလို့ တစ်ယောက်ကသူရဲ့ ခရီးအတွေ့အကြုံကို ပြောပြနေတာကြနေတာပဲ ဈေးဝယ်သူတွေတောင်လှည့်ကြည့်ကုန်ကြတယ်....
ဒီဝိုင်းမှာ သူတို့နှစ်ယောက်ထဲ ထိုင်နေသလိုပင် တစ်ယောက်ကြိုက်တယ် မကြိုက်ဘူးငြင်းကာ မိမိတို့နှစ်ယောက်အား ဘာစားမလဲပင် မပေးပေ....
ပြောလိုက်တယ် ခန့်မှာ မှာပြီးတဲ့အချိန်နဲ့ ကိုက်ကာ ကြားသွားပြီး..
" မာန်ရော..."
" ရတယ်..ရတယ် "
" ကို....ကို....ကိုသြရထူး...."
" ကျတော့မှာကာမပိုင် ယောက်ျားရှိတယ် " ( ယောက်ျားနော် ဟွင်းဟွင်း)
" ခင်....ခင်ဗျား "
" ကိုကို လာတက်.. "
". ............"
" ..........."
..
..
" မောင်...... "
" ကိုကို...နိုးလာတာလား "
" ချစ်တာပေါ့ဗျာ..... "
" ဟင်..ဘာပြဿနာလဲ "
" အာ့ဆို.....ဖယ်ပေးတော့ "
" ဗျာ....ဘာဖြစ်လို့လဲ "
" ငါ...သေးပေါက်ခြင်လို့ "
" အောင်မလေးကိုကိုရယ် ဒါဆိုလဲ အစောထဲက ဖယ်အုံး အပေါ့သွားမို့ပြောပေါ့ ခုတော့ရပ်တည်မှာလား ဘာတွေလာရောပဲ အဲ့လိုရစ်လို့ မဖယ်ဘူးဗျာ "
" ဟာ..မောင် မဟုတ်တာလျောင်မပြောနဲ့ ဖယ်"
အတင်းရရုန်းလေ ပိုဖက်ထားလေ ဖက်ထားရုံမကဘူး နောက်ဆုံးကျ ကလိပါထိုးသေးတာ
" ဗျာ... "
" ဖယ်ပါဆို "
11.6.2021 ( 2312)
4:51 pm
#Hnaung