❤ My little ko ko ❤ Part 10

4.3K 161 4
                                    

💫 Unicode version 💫

ထမင်းစားပြီးတာနဲ့ သူမှပန်ကန်တွေ အတင်းဝင်ဆေးနေသဖြင့်

" နေပါအုံး...မင်းကဆေးတတ်လို့လား မဆေးတတ်ရ
င် ငါ့ပန်ကန်တွေကွဲကုန်မယ်နော်.. "

" ခန့်လေးကလဲ...ကျတော်ကို အထင်သေးပြန်ပြီ ဒီလောက်တော့လုပ်တတ်ပါတယ် ရှင်းသန့်ဘဝမှာ မလုပ်တတ်တဲ့အရာမရှိဘူး... ဟင်း..ဟင်း ခန့်လေး အသိဆုံးပါ "

မျက်ခုံးတစ်ဖက် ပင့်ကာ အမြင်ကပ်အောင် မျက်နှာပေးဖြင့် ပြောနေသောကြောင့်

" ဟွန့်.... "

လှည့်ထွက်ကာ TV ရှေ့ထိုင်ပြီး မနေ့ကဝယ်လာတဲ့ horror movies  အ​ခွေ ထိုးနေတုန်း

" ခန့်လေး....မယုံရင် ကျွန်တော် လက်တွေ့ပြမယ်လေ ခန့်လေးအကြိုက် ဖြစ်စေရမယ် "

သူ့ရဲ့ညစ်တီးညစ်ပတ်စကားတွေကြောင့် TVအသံကို အကျယ်ဆုံးချဲ့ကာ မကြားချင်ယောင်ဆောင်နေလိုက်သည်။ သူကတော့ တစ်ဟားဟားနဲ့ ရီမောနေလေသည်။

မိမိလဲ TVထဲ အာရုံရောက်နေတုန်း သူကလက်ထဲမှာ အသီးပန်ကန်လေးကိုင်ကာ မိမိဘေးဝင်ထိုင်လေသည်။

" ရော့...ခန့်လေး စားလိုက်အုံး "

ပြောလဲပြော မိမိကို စတော်ဘယ်ရီသီလေး တစ်စိတ်ခွံ့လေသည်။

" အသီးတွေ အကုန် ထည့်လာတယ်နော် "

မိမိမှာ Zကားအား စိတ်ဝင်စားနေသဖြင့် ခေါင်းသာငြိမ့်ပြလိုက်လေသည်။

" မင်းပြန်တော့မှာမလား  "

"ဟွန့်... ခန့်လေးကလဲ ကျတော်က ပြန်မယ် ပြောလို့လား "

ပြောလဲပြော မိမိပေါင်ပေါ် ခေါင်းအုံးကာ လှဲချလိုက်လေသည်။
မိမိလဲ Zကားအား စိတ်ဝင်တစားကြည့် နေတာနဲ့ သူ့ကိုတစ်ချက်သာ ငုံ့ကြည့်လိုက်သည်။

ရှင်းသန့် အောက်ကနေ မော့ကြည့်နေလိုက်သည်။ ကိုကို ဇာတ်ကားကို စိတ်ဝင်တစားကြည့်နေတာမို့ မနှောက်ယှက်ချင်တာနဲ့ သူ့မျက်နှာ တစ်စိမ့်စိမ့်ကြည့်နေလိုက်သည်။ ကိုကိုက horror ကားတွေအရမ်းကြိုက်တယ် ပြီးရင်လဲကြောက်တတ်တာ သူ့အပြင်နှစ်ယောက်မရှိ မိမိက အဲ့လိုကားတွေစိတ်မဝင်စားပေ...

❤ My Little Ko Ko ❤ ( Complete) Where stories live. Discover now