❤ My little ko ko ❤ Part 13

3.3K 130 1
                                    

💫 Unicode version 💫

မနက် 3ခွဲတော့ နိုးလာတာနဲ့ မျက်နှာသစ်ပြီး... ဆွမ်းကပ်သွားရန်ပြင်လိုက်သည်။ သူ့ကြည့်လိုက်တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတာမို့ မနှိုးရက်တာနဲ့ တစ်ယောက်ထဲသာ သွားရန်လုပ်နေစဥ်

" ကိုကို.....ဒါကဘာသဘောလဲ "

"ဟင်.... မောင်...ငါ့ကြောင့်နိုးသွားတာလား "

" ဒါကဘာသဘောလဲလို့ ကျတော့ကိုမနှိုးဘဲ တစ်ယောက်ထဲသွားမယ်ပေါ့ ဟွန့် "

မျက်နှာမှာ စူပုတ်ပုတ်ပြောလာသော ကြောင့် ကိုယ်တော်ချောစိတ်ကောက်နေပြီဆိုတာသိတာနဲ့

" မောင်က နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတော့ မနှိုးရက်လို့ပါ "

" လိုက်မှာ...ကျတော်လဲဆွမ်းကပ်မယ် အဝတ်အစားထုတ်ထားပေး "

​ပြောပြီးရေချိုးခန်းဝင်သွားလေသည်။ ခန့်လဲ သူနဲ့အတူ ယောပုဆိုး အနက်လေးကို လည်ကတုံးခဲရောင်လေးနဲ့ ထုတ်ပေးထားလိုက်သည်။

အကုန်ပြီးတော့ ရင်ပြင်တော်ပေါ်ထွက်လာကာ ဆွမ်း..ဆီမီး..အမွှေးတိုင်..ပန်း..ရေချမ်းကပ်လှူကာ နှစ်ယောက်သား ဘုရားထိုင်ရှစ်ခိုးကြသည်။ မိမိတရားထိုင်နေတော့လဲ ဘေးကထိုင်စောင့်ပေးနေရှာသည်။ ပြီးတာနဲ့

" မောင်...ခြေထောက်ကျင်နေလို့ တွဲထူပါအုံး "

လက်ကိုလာတွဲပြီးထူလေသည်။ စကားတော့တစ်လုံးမှမပြောပေ...

" မောင်...ငါသန့်စင်ခန်း သွားချင်တယ် "

ပြောတော့လဲ လိုက်ပို့ပြီးစကားမပြောပေ ဒါပေမယ့် လူကြားထဲမှာတော့ မိမိလက်အား တစ်ချက်မှ မလွှတ်ပေ... ဘုရားရင်ပြင်ရဲ့ ဒုတိယအထပ်ကိုဆင်းတော့...ခွန်းတို့နဲ့တွေ့လေသည်။

" ကိုခန့် ဆွမ်းကပ်ပြီးပြီလား... "

" omm ခွန်း ရော "

" ပြီးပြီ....ဟို...စျေးတန်းဘက်က အစွန်းဆုံးဆိုင်က ကွေ့တီရိုသုတ်ကောင်းတယ်တဲ့ သွားစားရအောင်လေ "

" omm သွားမယ်လေ...ဒါနဲ့ အာကာတို့ရော "

" ဖုန်းဆက်ပြီးပြီ လိုက်လာခဲ့မယ်တဲ့ "

❤ My Little Ko Ko ❤ ( Complete) Where stories live. Discover now