❤ My little ko ko ❤ Part 7

4.7K 208 1
                                    

💫 Unicode version 💫

တည်ကြည်ခန့် လဲ နိုးလာတာနဲ့ သူ့ကိုမျက်နှာချင်း မဆိုင်ခြင်ပေ...ညကကိစ္စကြောင့် မျက်နှာပူသည့်အပြင် ဟန်ငြိမ်းတို့ သိသွားလျှင် ရှက်ဖို့ကောင်းသည်ဟု တွေးကာ အစောထွက်လာခြင်းပင်.....

ဘယ်သွားရမှန်း မသိသေးတာကြောင့် အရင်ကအကြောင်းတွေစဥ်းစားရင်း... မိဘတွေရှိစဥ် ကမိမိအား ထိန်းကျောင်းခဲ့သော ကြီးကြီး​မြကို သတိရသွားသဖြင့် ကြီးကြီး​မြနေတဲ့ ရွာကို ထွက်လာခဲ့လေသည်။

ငယ်ငယ်က ကျောင်းပိတ်တိုင်း မေမေတို့ကိုပူဆာကာ ကြီးကြီးမြ  ရွာသို့ ခနခန သွားလည်သောကြောင့် မိမိမှာ မှတ်မိနေခြင်းပင်.....

" ကြီးကြီး... နေကောင်းတယ်နော် "

"ကောင်းတာပေါ့ သားရယ် ဘယ်ကနေဘယ်လိုရောက်လာတာလဲ "

" ဟို....ကြီးကြီးကို သတိရလို့ လာလည်တာ "

" တကယ်လား...  အေးမြကြည်နဲ့ နေရတာရော အဆင်ပြေရဲ့လား သား "

" ပြေပါတယ် ကြီးကြီး "

"ဟုလို့လား...ကြီးကြီးကိုမညာပါနဲ့ ခုရော ဘာဖြစ်လာတာလဲ ကြီးကြီးကိုပြော သားက ကြီးကြီးရဲ့သားပါပဲ  "

ကြီးကြီးရဲ့ အပြောကြောင့် မျက်ရည်တွေဝဲလာကာ မေမေကိုသတိရမိသည်။
အေးမြကြည် ဆိုတာ ခန့်ရဲ့ အဒေါ်ပင် ဖြစ်သည်။

"ဟို.... ကျတော် ဒေါ်လေနဲ့ အတူမနေတော့ဘူး ကြီးကြီး "

" ကြီးကြီး ထင်ပါတယ်...သူသားကို အိမ်ကနှင်ချလိုက်ပြီမလား အရမ်းတရားလွန်တာပဲ လူမဆန်လိုက်တာ.. စိတ်ချသား..ကြီးကြီးဆီမှာ သားတစ်သက်လုံးနေလို့ရတယ် "

" ရတယ် ကြီးကြီး ကျတော် တိုက်ခန်းလေးငှားပြီးနေနေတယ်... အလုပ်လဲရနေပြီ ခုဟာက ကျတော်ကြီးကြီးကိုလွမ်းလို့ သက်သက်လာ လည်တာ"

" အလုပ်တောင်လုပ်နေပြီလား ကလေးရယ်... omm ပါကြီးကြီးဆီမှာ အဲ့တာဆို ပျော်သလောက်နေနော် "

"ဟုတ်ကဲ့....."

" တူမကြီးရေ... တူမကြီး.. "

ကြီးကြီးက လှမ်းအော်လိုက်တယ်ဆို အိမ်နောက်ဖေးမ မကြီးတစ်ယောက်ဝင်လာကာ

❤ My Little Ko Ko ❤ ( Complete) Where stories live. Discover now