Unicode
*တီ... တီ.... တီ*
မနက်နှိုးစက်သံကြောင့် ဂျီမင်အိပ်ရာကအမြန်ထလိုက်ပီး အလုပ်သွားဖို့ပြင်ဆင်လိုက်တယ်... တိုက်ခန်းရဲ့အောက်ထပ်ကိုဆင်းလာတော့ထုံးစံအတိုင်းစောင့်နေတဲ့ထိုသူ...
"CEO Minဘာလို့ကျွန်တော့ကိုလိုက်နှောက်ယှက်နေရတာလဲ"
ထိုသူကတော့ဂျီမင့်စကားကိုဂရုမထားသည့်အလား..
"အလုပ်သွားမှမလား လိုက်ပို့မယ် ကားပေါ်တက်"
"မလိုပါဘူး ကျွန်တော်busနဲ့ပဲသွားမှာ"
ထိုသူကတချက်ရီလိုက်ရင်း...
"မင်းသိပ်ချစ်လှပါတယ်ဆိုတဲ့ဟိုလူက မင်းကိုကားတစ်စီးတောင်ပေးမထားဘူးလား ဂျီမင်.. မင်းသေချာစဉ်းစားကြည့်... မင်းသူ့အတွက်ပေးဆပ်ခဲ့ရတာတွေကတန်လို့လား"
ဂျီမင်တချက်တွေဝေသွားမိသည်.. နမ်ဂျွန်းကိုသူစတွေ့တုန်းကဆယ်ကျော်သက်အရွယ်.. အမှန်ပြောရရင်အခုကမ်ဆော့ဂျင်တင်မဟုတ် အရင်ကမ်မင်ဆူထပ်ကိုစောပီးသူနဲ့တွေ့ခဲ့တာ.. ပထမဆုံးစတွေ့တဲ့တခေါက်ကလွဲလို့ နမ်ဂျွန်းသူ့အပေါ်ကြင်နာတယ်ဆိုတာမရှိသလောက်ပဲ အဆိုးဆုံးကသူ့ကိုဂရုမစိုက်တာ... သူ့တဘ၀လုံးနမ်ဂျွန်းအတွက်ပေးဆပ်ထားတာတောင်သူ့ကိုအသိအမှတ်မပြုပေးတာ.. ဒါပေမဲ့လည်းသူဘာတတ်နိုင်မှာလဲ သူကနမ်ဂျွန်းကိုချစ်မိနေပီလေ...
.
.
.
.
.
.
.
.
.
.
ဂျီမင် ပြောမရသည့်အဆုံး ယွန်းဂီရဲ့ကားနဲ့အတူလိုက်လာခဲ့လိုက်သည်... တွေမှာတော်တော်အပြောင်းအလဲဖြစ်နေခြင်းကသံသယဖြစ်ရာပင် ဂျီမင်လည်းအချိန်ဆွဲမနေပဲ နမ်ဂျွန်းစီတင်ပြလိုက်သည်...
"မင်းပြောတဲ့ အဓိပ္ပာယ်က တယောက်ယောက်ကငါတို့ရှယ်ယာတွေကိုအလျင်စလို၀ယ်နေတယ်ပေါ့"
"အကယ်၍တယောက်ထဲသာဆိုရင်တော့ အဲဒီတယောက်က ဂျွန်းဂျန်းကုဖြစ်မှာမှန်း ကျွန်တော်သိပါတယ်.. ဒါပေမဲ့အခုတခေါက်ကအမည်မသိရတဲ့သူတစ်ဦးကပါလိုက်၀ယ်နေတယ် ကျွန်တော်စိုးရိမ်တာက ဟိုတခါထောင်ကလွတ်သွားတဲ့တယောက်ဖြစ်နေ...."
"ရပီ မင်းအဲဒီတယောက်အကြောင်းဆက်စုံစမ်းလိုက်ပါ "
"ဒါဆို ဂျွန်းဂျန်းကုကိစ္စကရော"
"ဒီအတိုင်းထားလိုက် သူ့ကိုဘယ်အရာကမှတားနိုင်မှာမဟုတ်ဘူး.. ငါအစောကတည်းကဒီအခြေအနေကိုမျှော်မှန်းထားပီးသားပဲ"
ဂျီမင် တကယ်တော့ဟိုတနေ့ကဟိုဆော့ပြောခဲ့သည့် မင်ဆူသေတာသူ့ကြောင့်မဟုတ်ဖူးဆိုသည့်ကိစ္စကိုခနခနပြန်တွေးမိသည်... ပြန်တွေးမိတိုင်းနမ်ဂျွန်းအပေါ်သံသယ၀င်မိသည် ဒါပေမဲ့သူအမှန်ကိုသိရမှာကြောက်တယ် အကယ်၍မင်ဆူ့ကိုသတ်တာ နမ်ဂျွန်းဆိုရင် သူပေးဆပ်ခဲ့သမျှအရာတွေ နမ်ဂျွန်းနောက်လိုက်ခဲ့တဲ့အချိန်တွေက အရူးတယောက်လိုဖြစ်သွားရမှာကိုသူကြောက်မိသည်.. ဒါကြောင့်ပဲသူအဲဒီအကြောင်းကိုမေ့ထားလိုက်တော့သည်...
'တောင်းပန်ပါတယ် ဂျီမင်... ပီးတော့ ကျေးဇူးလည်းတင်ပါတယ်..'
နမ်ဂျွန်း ဂျီမင့်ရဲ့နောက်ေကျာပြင်ကိုကြည့်ရင်းသက်ပြင်းတစ်ချက်သာချလိုက်တော့သည်....
.
.
.
.
.
.
.
.
.
"ဂျန်းကု ငါ့ကိုဘယ်ခေါ်လာတာလဲ.."
ဆော့ဂျင် မျက်လုံးတွေကိုအုပ်ထားတဲ့ဂျန်းကုရဲ့လက်ကိုအသာထိရင်းမေးလိုက်သည်..
"ခနပါ ဂျင်ရဲ့.. ကိုယ်တို့ရောက်တော့မှာပါ"
"မင်း တကယ်ပဲဘာတွေလုပ်နေတာလဲ.."
ဂျန်းကုကတော့ဘာမှပြန်မဖြေပဲသူသွားမဲ့နေရာကိုသာဦးတည်နေသည်.. ဆော့ဂျင်ရဲ့နားခေါင်းထဲကိုမွှေးပျံ့လက်ဆတ်တဲ့ ကော်ဖီအနံ့လေးတွေ၀င်ရောက်လာသလို အတိတ်နေ့ရက်တချို့ရဲ့မှတ်ဉာဏ်တွေကလည်းပြန်လည်ရောက်ရှိလာခဲ့သည်... အဲဒီတုန်းကအခုဆော့ဂျင်ဟာ သာမန်ကော်ဖီဆိုင်သေးသေးလေးရဲ့ပိုင်ရှင်တယောက်ပင် ပိုင်ရှင်ဆိုသော်ငြားလည်း တယောက်ထဲပိုင်ရှင် တယောက်တည်းစားပွဲထိုး တယောက်ထဲသန့်ရှင်းရေးနှင့်အတော်ပင်ဘ၀လေးကရိုးရှင်းခဲ့သည်...
ဆော့ဂျင်လဲ အတွေးလေးတချို့ကြောင့်ပြုံးလိုက်မိသည်..
"ကဲ ရောက်ပီ"
ဂျန်းကုရဲ့လက်တွေ မျက်လုံးပေါ်ကနေဖယ်ခွာသွားတဲ့အခါမှာတော့ ဆော့ဂျင်အရင်ကအလုပ်လုပ်ခဲ့တဲ့ ကော်ဖီဆိုင်ရှေ့ကိုရောက်နေပီဖြစ်သည်... ဆော့ဂျင်အံ့ဩလွန်းလို့ငေးကြည့်နေရုံသာတတ်နိုင်ခဲ့သည်...
"ဒီကို မင်းကဘလိုလုပ်..."
"ကျွန်တော်တို့ပထမဆုံးစတွေ့တဲ့နေရာလေ.."
"ဟင်?"
'မင်းကတော့မှတ်မိမလားမသိပေမဲ့ ဒီနေရာလေးမှာမင်းကိုငယ်ငယ်တုန်းကပထမဆုံးအကြိမ်တွေ့ဖူးပီးပန်းချီဆွဲပေးခဲ့ဘူးတယ်.. အသက်ကြီးတော့လည်းဒီနေရာလေးမှာပဲ မင်းကိုပြန်ရှာတွေ့ပီးပန်းချီထပ်ဆွဲပေးခဲ့ပြန်တယ်.. အခကြေးငွေယူပီးပန်ချီဆွဲတဲ့သူလို့တောင်ထင်ခဲ့သေးတယ်မဟုတ်လား..'
"မင်းမှာအချစ်ဦး ရှိခဲ့ဖူးတယ်မဟုတ်လား ဂျင် ကိုယ့်ကိုသူ့အကြောင်းပြောပြပါ့လား"
"မင်းမငြီးငွေ့သေးဘူးလား"
ဟုတ်ပါသည်... ဆော့ဂျင်ကော်ဖီဆိုင်မှာပုံတူဆွဲေပးခဲ့တဲ့အထက်တန်းေကျာင်းသားသူ့အချစ်ဦးအကြောင်းပြောပီးကတည်းက ဂျန်းကုကသ၀န်မတိုသည့်အပြင် ထိုကလေးအကြောင်းကိုအမြဲမေးလေ့ရှိသည်..
"ခနနော် ဂျင်.."
ဂျန်းကု အပြင်ဘက်ကိုခနထွက်သွားသည်.. ဆော့ဂျင်ကတော့ကော်ဖီဆိုင်လေးကိုသာပတ်ကြည့်ရင်း အချိန်ဖြုးနေလိုက်သည်.. ခနအကြာမှာတော့ က်ောဖီဆိုင်ထဲကိုလူငယ်လေးတယောက်၀င်လာသည်.. ဆော့ဂျင်လဲထိုသူ့စီကိုအကြည့်ပို့လိုက်တော့ ပုံမှန်အနောက်တိုင်း၀တ်စုံတွေနဲ့မဟုတ်ပဲ ပေါ့ပေါ့ပါးပါး၀တ်ဆင်ထားတဲ့ဂျန်းကု... သူ့ရဲ့ရှည်လျားကောက်ကွေ့တဲ့ဆံပင်နက်ကြီးဟာလည်း အုန်းမုတ်ခွက်ကေလေးနှင့်ဖြစ်နေသည့်... တွေပြည့်နေတဲ့လက်ဟာလည်းအကျီလက်ရှည်ကြောင့်မမြင်ရပေ.. ထို့အပြင်ဖြူစင်စွာပြုံးနေသည့် သူ့အပြုံးတွေဟာလည်းတကယ်ကိုကလေးတေယာက်နှင့်တူလှသည်... ထို့အတူဆော့ဂျင်ရဲ့အချစ်ဦး ထိုအထက်တန်းကျောင်းသားလေးနှင့်လဲတူလှသည်...
"မင်း.. မင်းက.."
"ကိုယ်က ဂျင့်ရဲ့အချစ်ဦး အုန်းမွှေးလုံးလေးလေ ဒီဆိုင်လေးမှာကိုယ်တို့စတွေ့ခဲ့ကြာတာလေ..
ပီးတော့ ကိုယ်နိုင်ငံခြားကပြန်ရောက်တော့လည်း မင်းနဲ့ဒီရှေ့မှာတွေ့ပီး ပန်းချီထပ်ဆွဲပေးလိုက်သေးတယ်...."
"ဘလိုလုပ်ပီးတော့..."
ဂျန်းကု သူ့လက်နဲ့အနောက်ဘက်မှာဝှက်ထားတဲ့ ပန်းစည်းတစ်စည်းကိုထုတ်ပေးလာတယ်...
"ဒီနေ့က ကိုယ်မင်းနဲ့ပထမဆုံးတွေ့တဲ့ရက်ပဲလေ 6လပိုင်း 4ရက်နေ့.. ဒီပန်းစည်းလေးထဲမှာပါတဲ့ purple lilcaက first loveကိုကိုယ်စားပြုတယ် baby's breathပန်းလေးကတော့ forever loveကိုကိုယ်စားပြုတယ် ပီးတော့..."
ဂျန်းကု သူ့ရဲ့အိပ်ကပ်ထဲကလက်စွပ်ဘူးလေးကိုထုတ်လိုက်တယ်...
"ဒီလက်စွပ်လေးရဲ့နာမည်က only youတဲ့လေ.. ကိုယ်ရဲ့ပထမဆုံးအချစ်ဖြစ်တဲ့မင်းကို ထာ၀ရတသတ်လုံးမြတ်နိုးသွားပါ့မယ်... မင်းတယောက်တည်းကိုပေါ့"
ဆော့ဂျင် ဂျန်းကုရဲ့နှုတ်ခမ်းတွေကို သူ့ရဲ့နှုတ်ခမ်းတွေနဲ့ထိကပ်ပစ်လိုက်သည်... ဂျန်းကုကတော့ကြောင်အနေဆဲပင်...
"မင်းကိုဆုချတာ ငါ့ကိုချစ်ပေးလို့.."
ဂျန်းကု ရီလိုက်ရင်း...
"ဆုကမလုံလောက်သေးဘူး.. ကိုယ်ကဒီဆိုင်ကိုပါမင်းအတွက်၀ယ်ပေးထားတာ"
"ဒါဆိုမင်းကဘာလိုချင်တာလဲ"
ဂျန်းကု ဆော့ဂျင်းနားလေးနားကပ်ပီး တီးတိုးပြောလိုက်သည်...
"ကမ်ဆော့ဂျင်ဆိုတဲ့ ခင်များလေးကို...."
ဂျင် ဂျန်းကုရဲ့ခေါင်းကိုတချက်ခပ်ဖွဖွထုလိုက်သည် ဂျန်းကုကတော့ပြုံးရီလျက်ပင်...
"ကိုယ့်ကို မင်းရဲ့ပုံတူဆွဲခွင့်ပေးမယ်မဟုတ်လား ဂျင်..."
ဆော့ဂျင်တွေဝေခြင်းမရှိခေါင်းငြိမ့်ပြလိုက်သည်...
ကြည်နူးကောင်းတဲ့ချစ်သူနှစ်ယောက်ရဲ့အချစ်တွေဟာပြည့်နက်လို့နေခဲ့ပါတယ်... မကြာခင်မှာရောက်လာတော့မဲ့မုန်တိုင်းတခုကိုသတိမထားမိခဲ့ကြပါဘူး...
........Namjin.... x..... jinkook.......
🎊❣️Happy jinkook dayပါ ဒါဒါတို့ ❣️🎊
အပေါ်ကပြောထားတဲ့ပန်းစည်းပုံးလေးပြထားတယ်နော်❣️love you all😘
Zawgyi
*တီ... တီ.... တီ*
.
.
.
.
.
.
.
နမ်ဂျွန်း ဂျီမင့်ရဲ့နောက်ကျောပြင်ကိုကြည့်ရင်းသက်ပြင်းတစ်ချက်သာချလိုက်တော့သည်....
.
.
.
.
.
.
.
"ကဲ ရောက်ပီ"
"ဒီကို မင်းကဘလိုလုပ်..."
"ဟင်?"
ဟုတ်ပါသည်... ဆော့ဂျင်ကော်ဖီဆိုင်မှာပုံတူဆွဲပေးခဲ့တဲ့အထက်တန်းကျောင်းသားသူ့အချစ်ဦးအကြောင်းပြောပီးကတည်းက ဂျန်းကုကသ၀န်မတိုသည့်အပြင် ထိုကလေးအကြောင်းကိုအမြဲမေးလေ့ရှိသည်..
"ခနနော် ဂျင်.."
ဂျန်းကု အပြင်ဘက်ကိုခနထွက်သွားသည်.. ဆော့ဂျင်ကတော့ကော်ဖီဆိုင်လေးကိုသာပတ်ကြည့်ရင်း အချိန်ဖြုးနေလိုက်သည်.. ခနအကြာမှာတော့ ကော်ဖီဆိုင်ထဲကိုလူငယ်လေးတယောက်ဝင်လာသည်.. ဆော့ဂျင်လဲထိုသူ့စီကိုအကြည့်ပို့လိုက်တော့ ပုံမှန်အနောက်တိုင်းဝတ်စုံတွေနဲ့မဟုတ်ပဲ ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားတဲ့ဂျန်းကု... သူ့ရဲ့ရှည်လျားကောက်ကွေ့တဲ့ဆံပင်နက်ကြီးဟာလည်း အုန်းမုတ်ခွက်ကေလေးနှင့်ဖြစ်နေသည့်... တွေပြည့်နေတဲ့လက်ဟာလည်းအကျီလက်ရှည်ကြောင့်မမြင်ရပေ.. ထို့အပြင်ဖြူစင်စွာပြုံးနေသည့် သူ့အပြုံးတွေဟာလည်းတကယ်ကိုကလေးတယောက်နှင့်တူလှသည်... ထို့အတူဆော့ဂျင်ရဲ့အချစ်ဦး ထိုအထက်တန်းကျောင်းသားလေးနှင့်လဲတူလှသည်...
"မင်း.. မင်းက.."
"ဘလိုလုပ်ပီးတော့..."
ဂျန်းကု ရီလိုက်ရင်း...
.......Namjin... x..... jinkook......