ကမ္ဘာတစ်ဖက်ခြား
Parrt 12
"မင်းက.... ခရီးဝေးသွားနိုင်လို့လား... မင်းပုံ မင်းလဲကြည့်ဉီး.... ဖြူဖတ်ဖြူလျော်နဲ့... ''
ကျားမင်း... အာမခံဌာန၏ တာဝန်ခံ ပြောသောစကားကြောင့် ဝေ့ဝူရှန့်တစ်ယောက် မိမိ
ကိုယ်ကို ပြန်ငုံ့ကြည့်လိုက်သည်... သူ ပြောသလောက်ကြီးလဲ မဆိုးပါဘူး....
ဒီနေ့...နန်ကျင်း မြို့စားမှ နန်းတော်သို့ ဆက်သသော အခွန်ငွေများအား သွားရောက် သယ် ဆောင်ရမည်ဖြစ်သဖြင့် သမားတော်အကူအဖြစ် အလုပ်ရရှိထားသော ဝေ့ဝူရှန့်ပါ လိုက်ပါရ
မည်ဖြစ်သည်.... သမားတော်အသစ်က မည်သူမှန်း.ယခုထိ မမြင်ရသေး...
ရှေးခေတ် အာမခံခရီးသွားလုပ်ငန်းမှာ လုံခြုံရေးခေါင်းဆောင်နှင့် တချို့သာ မြင်းဖြင့် ခရီးနှင်
ပြီး.ကျန်လူများမှာ ခြေလျှင်သွားကြရခြင်းဖြစ်သဖြင့် သူ့ကိုယ်သူ အတော်လေးအားတင်းထား
ရသည်...
သိပ်မကြာခင် အနီရောင်ဝတ်စုံဖြင့် အမျိုးသမီးငယ်တစ်ဉီးနှင့် အမျိုးသားငယ်တစ်ဉီးတို့ ရောက်
ရှိလာလေသည်.... တာဝန်ခံက ပြုံးဖြီးနေသောမျက်နှာဖြင့် ပျုငှာစွာကြိုလေသည်...
"ဝေ့ဝူရှန့်.... သူက... သမားတော် ဝမ်ချင်တဲ့.... မင်းက... သူ့ကို ကူညီပေးရမှာ.... ''
"ဗျာ..... သြော်.... ဟုတ်.... ဟုတ်ကဲ့.... ''
ဘယ်နှယ့် အမျိုးသမီးငယ်လေးက သမားတော်တဲ့... သေးသေးသွယ်သွယ် အရပ်ရှည်ရှည်နှင့်
ထိုအမျိုးသမီးကရော လမ်းလျှောက်နိုင်ပါ့မလား ... ဘေးနားက ကောင်လေးကတော့ တော်
တော်လေး အရပ်မြင့်ကာ ထွားကျိုင်းသန်မာပုံပေါ်သည်.... သူကရော သမားတော်ပဲလား?
"ကျွန်တော်က ဝမ်နင်... ဝမ်ချင်ကျဲရဲ့ မောင်ပါ... ကျဲကို အဖော်လုပ်ပေးရင်း အတွေ့အကြုံရချင်
လို့ လိုက်လာတာ... ''
ဝမ်ချင်ဆိုသော ခပ်လှလှ အမျိုးသမီးက မျက်နှာထားတင်းတင်းနှင့် သူ့ကို အထက်စီးကနေ
ကြည့်သော်လည်း ဝမ်နင်ဟူသော ကောင်လေးကတော့ နုညံ့စွာပြုံးလျှက် ဖော်ရွေစွာနှုတ်ဆက်
လေသည်...
"ဟုတ်လား... အဖော်ရတာပေါ့.... ညီလေးဝမ်နင်....''
"အာ....ကျွန်တော်က အသက် ၁၈နှစ်ပြည့်တော့မယ်ဗျ... ကျွန်တော်က ပိုကြီးလိမ့်မယ်ထင်ပါ
တယ်.... ''
"ဗျာ.....အဲ... ကျွန်တော်က.... ၂၈.... အဲလေ..... ၂၀ ပြည့်ပြီးပြီဗျ... ''
"အာ.... တောင်းပန်ပါတယ်.... အစ်ကိုဝေ့က တော်တော်ငယ်တဲ့ပုံပေါက်တာပဲ... ''
ဝမ်နင်စကားကြောင့် ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်... သူ့... တကယ့်အသက်က ၂၈နှစ်ပင်
ရှိနေလေပြီ.... အသက်အများကြီးငယ်တဲ့ ခန္ဓာကိုယ်ကိုရထားတော့ တခါတလေ ကမောက်ကမ
လေးတွေ ကြုံရတတ်တာ ထုံးစံလိုပင်ဖြစ်နေပြီ....
"ကဲ.... ထွက်ဖို့ အဆင်သင့်လုပ်ထားတော့... ခဏနေ လုံခြုံရေးခေါင်းဆောင် လန်သခင်လေး
ရောက်လာတော့မယ်... အားလုံး ရှေ့မှာ တန်းစီကြ... ''
ဝေ့ဝူရှန့်.... ဝမ်နင်ကို ခေါင်းငြိမ့်ကာ ပြုံးပြရင်း သွားဖို့အချက်ပြလိုက်သည်...
ဘာပဲဖြစ်ဖြစ်... သမားတော်က မိန်းကလေးတစ်ယောက်ဖြစ်နေတော့... သူမရဲ့မောင် ပါလာတာ
သူ့အတွက် အဆင်ပြေသွားသည်...မဟုတ်ရင် ရွယ်တူနီးပါးဖြစ်နေသည့် မိန်းကလေးနှင့် အလုပ်
တွဲလုပ်ဖို့ အတော်အခက်တွေ့လိမ့်မည်....
သိပ်မကြာခင် လုံခြုံရေးခေါင်းဆောင်ဖြစ်သည့် လန်ဝမ့်ကျီးရောက်လာလေသည်....
လုံခြုံရေးအဖွဲ့များ နောက်လိုက်နောက်ပါများအား ဆောင်ရန်ရှောင်ရန်များမှာကြားပြီး ခရီး
စထွက်ဖို့ ပြင်ဆင်ကြလေသည်....
အသွားခရီးမှာတော့ ကုန်စည်ပစ္စည်းများသာ လှည်းတွင်ပါမည်ဖြစ်သဖြင့် ဘာအန္တရာယ်မရှိနိုင်
ကြောင်းနှင့် အပြန်ခရီးတွင် ဘုရင့်ဘဏ္ဍာတော်များ ပါလာမည်ဖြစ်၍ လုံခြုံရေးအထူးဂရုစိုက်
ရန် လန်ဝမ့်ကျီးမှ အထပ်ထပ် မှာကြားပြီးမှ ခရီးစတင်ထွက်လာခဲ့တော့သည်...
အပူကြောက်သော သူ့အဖို့ ခမောက်ကလေးတစ်လုံးအကာအကွယ်ပြုလျှက် ခြေလျှင်လျှောက်ကာ ခရီးသွားရသော်လည်း ဘေးနားက သူနဲ့အတူ စကားတပြောပြောနှင့်ပါလာသည့် ဝမ်နင်
ကြောင့် ပျင်းစရာမကောင်းတော့ပေ....
ဝေ့ဝူရှန့်တစ်ယောက်... သူတို့အရှေ့ အတော်လှမ်းလှမ်းမှ လမ်းလျှောက်နေသော အနီရောင်
ဝတ်စုံဝတ်ထားသော မိန်းကလေးအား လှမ်းကြည့်လျှက်...
"မင်းရဲ့ကျဲကျဲက...အဝေးကြီး လမ်းလျှောက်နိုင်ပါ့မလား... ''
"အာ.... ကျဲကျဲက အတွင်းအားကောင်းတယ်လေ... အစ်ကိုဝေ့ကိုပဲ ကျွန်တော် စိတ်ပူတာ..
အစ်ကို့ကြည့်ရတာ.. ပျော့ဖတ်ဖတ်နဲ့... သိုင်းလဲတတ်ပုံမရဘူး ... ခုလို ခရီးသွားတဲ့ အလေ့
အကျင့်လဲ ရှိပုံမရဘူး... ''
အာ.... ဒါကြောင့်... သမားတော်ဝမ်ချင်ကြည့်ရတာ သူ့မောင်ထက်တောင် မာကျောတဲ့ပုံပေါက်
နေတာပဲ....
"ဟင်... ဟုတ်တယ်မလား... တစ်ခါမှ ခရီးမသွားဖူးဘူး မဟုတ်လား ''
ဝမ်နင်စကားကြောင့် နားရွက်ကို လက်နဲ့အသာကုပ်ပြီး ရှက်ရယ်ရယ်လိုက်သည်...
သူ့ပုံစံက အဲ့လောက်တောင်... သိသာနေတာလား? ဒါကြောင့် ကျားမင်းရဲ့ တာဝန်ခံက ပြော
တာဖြစ်မယ်....
"ဒါပေမယ့်.... ငါ....မနက်တိုင်း Gym ဆော့ပါတယ်..... ''
"ဟမ်.... ဘာ ဆော့တာ.... ''
"အာ... မဟုတ်ဘူး.... လမ်းလျှောက်တာ... ပြေးတာလို့ပြောတာ... မနက်တိုင်းလေ... ''
သူ... ရှည်လျားထွေပြားလှသည့် ဆံပင်တွေကို အကြောင်းမရှိ ထိုးကုပ်လိုက်ပြီး အသည်းအသန်
ဖြေရှင်းချက်ပေးမိသည် ....
"သြော် ... ဟုတ်လား.... ''
ဝမ်နင်ကလဲ သူ့လိုပင် အူကြောင်ကြောင်အမူအယာဖြင့် ခေါင်းကိုကုပ်ပြီး ပြန်ပြောသည်...
ဝမ်နင့်အမူအယာကြောင့် ရင် ထိတ်ခနဲ ဖြစ်သွားရပြန်သည် ...
ဒီဘက်ခေတ်မှာ လူတွေက လမ်းလျှောက်တာ ပြေးတာမျိုး လေ့ကျင့်ခန်း မလုပ်ကြဘူး ထင်ပါရဲ့
သူ့ရဲ့ အယောင်ယောင်အမှားမှားစကားတွေကို ဘယ်သူကမှ အရေးတယူလုပ်မနေကြလို့သာ
တော်သေးသည်...
အတော်လေး သွားမိတော့ မောဟိုက်ပင်ပန်းလာကာ ချွေးသီး ချွေးပေါက်တွေပင် ကျလာသည်
နဖူးပေါ်က ချွေးများကို လက်နှင့်သပ်ချလိုက်ရင်း ခါးမှာချိတ်ထားသော ရေဗူးကို ဖွင့်သောက် လိုက်ပြီး ဝမ်နင်ကို လှမ်းပေးတော့ ဝမ်နင်က လက်ကာပြသည်... သူ့ကိုကြည့်ရတာ ပင်ပန်းတဲ့
ပုံပင်မပေါ်....
ဟုတ်ပါတယ်... ဝမ်နင်တစ်ယောက်တည်း ပင်ပန်းတဲ့ပုံ မပေါ်တာတော့မဟုတ်ဘူး... အားလုံးက
ပင်ပန်းပုံမပေါ်ကြတာပါ... သူ့တစ်ယောက်တည်းသာ မောဟိုက်ပင်ပန်းနေတာ....
"ဖြစ်ရဲ့လား... ဝေ့ကော.... ''
"ရတယ်... ရတယ်.... ''
တဖြေးဖြေး ခြေလှမ်းနှေးလာပြီး နောက်ကလူတွေ သူ့ကိုကျော်တက်သွားပေမယ့် ဝမ်နင်ကတော့ သူ့ကို စောင့်ကာ အတူအဖော်လုပ်ပေးနေလို့ တော်သေးသည်...
"ဒီလူတွေအားလုံးက သိုင်းပညာမြင့်မားကြတာလား... ဘယ်သူမှ မပင်ပန်းကြသလိုပဲ ''
"ဘယ်ဟုတ်မလဲ... အလေ့အကျင့်ကြောင့်ပေါ့... ''
"ဒါဆို... မင်း က ရော... ''
"ကျွန်တော်က အနည်းအကျဉ်းတော့ သိုင်းပညာတတ်ပါတယ်... အလေ့အကျင့်လဲရှိတယ်လေ
ဝေ့ကောကိုတောင် ကျောပိုးပြီး သွားနိုင်တယ်.... ကျွန်တော့် ကျောပေါ်ကနေ လိုက်မလား''
"အာ... မလုပ်ပါနဲ့.... ငါလဲ တဖြေးဖြေးတော့ ကျင့်သားရသွားမှာပါ... ''
လူ ၃၀ လောက်ပါသည့် အာမခံအဖွဲ့သားများ၏ အလယ်လောက်ကနေ လိုက်ပါလာသော
ဝေ့ဝူရှန့်မှာ... ခုဆိုရင် နောက်ဆုံးသို့ပင် ရောက်နေလေပြီ....
"နားမယ်.... ''
နားဝင်ချိုလှသော အသံကြောင့် ဝေ့ဝူရှန့်တစ်ယောက် ဝမ်းသာအားရဖြင့် အပင်ကြီးတစ်ပင်
အောက်သို့ ပြေးသွားကာ... ပင်စည်ကို ကျောမှီလျှက်ထိုင်ချလိုက်ပြီး ရေဗူးထဲက လက်ကျန်
ရေလေးကို အကုန်မော့သောက်လိုက်သည်....
အခြားလူများကတော့ နားနေသူ သိပ်မရှိဘဲ တာဝန်အသီးသီးယူ၍ နေ့လည်စာချက်ပြုတ်ရန်အတွက် ပြင်ဆင်နေကြလေပြီ... လန်သခင်လေးအား လှမ်းကြည့်လိုက်တော့ သစ်မြစ်တစ်ခုမှာ
ငြိမ်သက်စွာ ထိုင်နေလေသည်...
"သူ့ ဒဏ်ရာတွေ အရှင်းမပျောက်သေးတာ သေချာတယ်... ဘာလို့အနားမယူပဲ ခရီးထွက်ရတာ
လဲ? "
ခပ်တိုးတိုးရေရွတ်လိုက်ပြီး သူ့ဆီလျှောက်လာနေသည့် ဝမ်နင်ကို မော့ကြည့်ကာ ရယ်ပြလိုက်
သည်...
"ခဏနားပြီးရင် ရေသွားရှာရအောင်... ''
"အင်း... မင်းကတော့ မောကို မမောဘူးနော်... ဒါနဲ့ ... ခေါင်းဆောင် လန်ဝမ့်ကျီးနဲ့မင်း ရင်းနီး
လား? "
"သိတယ်ဆိုရုံပဲ....သူနဲ့ ဘယ်သူမှ မရင်းနီးဘူး... ကြည့်ပါလား.. အဲ့လိုပဲ အမြဲသီးသန့်နေတာ ''
"အင်း... ဟုတ်တယ်နော်...အရင်တစ်ခေါက်က သူ့မှာ.ဒဏ်ရာတွေအများကြီးရလာတာ..အရှင်း ပျောက်ဉီးမှာ မဟုတ်ဘူး... ကျားမင်းအဖွဲ့က အစားထိုးမယ့်သူမရှိလို့လား? "
"ရှိပါတယ်... ဒုခေါင်းဆောင် ချန်မင်ချုလဲ တော်တဲ့သူပဲ... ဒါပေမယ့် ဘုရင့်ဘဏ္ဍာတော် သယ်
ယူမယ့်ကိစ္စကျတော့ နန်းတော်က ခေါင်းဆောင်လန်ဝမ့်ကျီးကိုပဲ ယုံကြည်တာလေ.. အရေးကြီး
တဲ့ သယ်ယူပို့ဆောင်မှုမျိုးတိုင်းမှာ လန်သခင်လေးကပဲ ဉီးဆောင်တာ ''
"သြော်.... ''
သူတို့အားလုံး အနီးရှိ ချောင်းတွင် အလှည့်ကျရေဆင်းချိုးပြီး သိပ်မကြာခင် သမားတော်နှင့်အကူကို ခေါ်ခိုင်းသဖြင့် သူနှင့် ဝမ်နင် လန်ဝမ့်ကျီးရှေ့သို့ ရောက်လာကြလေသည်... သူတို့ရှေ့တွင် ဝမ်ချင်က ကြိုရောက်နေပြီး လန်ဝမ့်ကျီးရဲ့ အမျက်ဒေါသကို ခံစားလိုက်ရသည်...
"ဘယ်သူက.. အမျိုးသမီးသမားတော်ကို လက်ခံလိုက်တာလဲ....တောက် ...အခု.. ငါ့ကို ဘယ်လို
ဆေးထည့်ပေးမှာလဲ? "
သမားတော် ဝမ်ချင်ကို စူးစူးရဲရဲ ကြည့်ကာ ဒေါသအိုးပေါက်ကွဲနေသော လန်ဝမ့်ကျီးကြောင့် သူ
လန့်ဖြတ်ကာ ရှေ့ဆက်မတိုးရဲပဲ ရောက်ရာနေရာမှာ ခြေစုံရပ်လိုက်မိသည်...ရပ်လိုက်မှပဲ.. လန်
ဝမ့်ကျီး မျက်လုံးက သူ့ဆီ တည့်တည့်ရောက်လာတော့သည်....
"မင်း.... ''
အေးစက်စက်လေသံနှင့်အတူ သူ့ဆီ လက်ညှိုးထိုးလိုက်သည့် လန်သခင်လေးကြောင့် ပုခုံးလေး
ပင် ကျုံ့လိုက်မိသည်အထိ ထိတ်လန့်သွားရသည်....
"ငါ့ကို ဆေး လာ ထည့်ပေး.... အကူ ကောင်လေး....''
"ဟုတ်... ဟုတ်.... ''
လန်သခင်လေးက.. သူ့ခန္ဓာကိုယ်ကို သူစိမ်းတွေ မြင်တာ ကြိုက်ပုံမရပေ...
အမျိုးသမီး သမားတော် ဖြစ်နေတော့ ပိုဆိုးပေမည်..... ကြည့်ရတာ အာမခံဌာနတာဝန်ခံက
ငယ်ရွယ်ချောမောသော အမျိုးသမီးသမားတော်အား... ဘူး... ပြီး ရွေးလိုက်ပုံပေါ်သည်....
သူ... သမားတော် ဝမ်ချင်ပေးသော လိမ်းဆေးအချို့အားယူ၍ လန်သခင်လေး ဝင်သွားသည့်
ရွက်ဖျင်တဲထဲသို့ လိုက်ဝင်ရန်.. ဝမ်နင်ကို လှည့်ကြည့်သော်လည်း ဝမ်ချင်က သူ့မောင်လက်ကို ဆွဲထားပြီး သူ့ကို မေးဆတ်ပြလေသည်...
"အားနင် .. ဝင်သွားလဲ မောင်းထုတ်ခံရမှာပဲ.... ကြည့်ရတာ... ခေါင်းဆောင်က နင့်ကို သိတယ်
ထင်တယ်.... ''
"အင်း အင်း.... ''
သူ... စကားဆက်မပြောတော့ဘဲ ရွက်ဖျင်တဲထဲသို့ ဝင်ခဲ့လေသည် ... လန်သခင်လေးက သူ ဝင်
လာတာမြင်တာနှင့် အပေါ်ဝတ်ရုံအားချွတ်ကာ တစ်ဖက်သို့ လှည့်လိုက်လေသည်....
"မင်း.... ဆေးရော လိမ်းတတ်ရဲ့လား ''
"မလိမ်းဖူးပေမယ့်... ကြိုးစားပါ့မယ်ခင်ဗျ... ကျန်းသမားတော် လုပ်တာ အမြဲကြည့်နေကြပါ ''
စကားသံ ထပ်မထွက်လာသဖြင့် လန်သခင်လေးနောက်မှ ဒူးတုတ်ထိုင်လိုက်ကာ လက်ကို သေ
သေချာချာသန့်စင်၍ သက်သာခါစ ဓားဒဏ်ရာများအား ညှင်သာစွာ ဆေးလိမ်းပေးလိုက်သည်
ဆရာဝန်တစ်ယောက်ဖြစ်ခဲ့ပေမယ့် ယခုကဲ့သို့ များပြားလှသော ဓားဒဏ်ရာများအား မြင်တွေ့
ဖူးခြင်းမရှိသဖြင့် လန်သခင်လေးအစား ကျောတွေပင် ကျိန်းစပ်နေသလို ခံစားရသည်...
"သခင်လေး... အရမ်းကြီး လှုပ်လှုပ်ရှားရှား လုပ်လို့မကောင်းသေးဘူး... ဒဏ်ရာတွေက သက်
သာတယ်ဆိုပေမယ့် သေချာကျက်သေးတာမဟုတ်ဘူး... ''
စကားပြန်မရသော်လည်း စိတ်ထဲတွင် ထွေထွေထူးထူး မခံစားရ... လန်သခင်လေးက ထိုကဲ့သို့
သော သူမျိုးဆိုတာ... သူ... သိပြီးသား မဟုတ်လား?
ဆေးသေချာလိမ်းပေးပြီးတော့ လန်သခင်လေးက အပေါ်အကျီအား ပြန်ဝတ်နေစဉ် သူက..
သောက်ရမည့်ဆေးအား သမားတော်ဝမ်ချင်ထံ သွားယူရန် ထ,ရပ်လိုက်သည်...
"ဆေးက ကြိုနေပြီလား? "
အေးစက်နေပေမယ့် အနည်းငယ် နွေးထွေးသံရောနှောနေသော လန်သခင်လေးအသံကြောင့်
သူ...လန်သခင်လေးကို နွေးထွေးစွာ ပြုံးပြလိုက်သည်....ကြည့်ရတာ... သူ့ကို လန်သခင်လေး
က အသိမှတ်ပြုလိုက်ပြီ ထင်သည်...
"သမားတော် ဝမ်ချင်က ဘယ်လိုဆေးမျိုးသုံးလဲမသိဘူး ခင်မျ.. သူ့ကိုပြောပြီး သောက်ဆေး
ပြန်ယူခဲ့ပေးပါ့မယ် ''
လန်သခင်လေး ခေါင်းငြိမ့်ပြသဖြင့် သူ.... အပြင်သို့ ပြန်ထွက်လာခဲ့သည်
သမားတော် ဝမ်ချင်တို့ မောင်နှမက သစ်ပင်အောက်တွင် ဆေးကြိုနေတာကိုတွေ့ရသဖြင့် သူလဲ
ထိုနေရာသို့ လျှောက်လာခဲ့လိုက်သည်....
"အဆင်ပြေလား ဝေ့ကော.... ''
"အင်း... ပြေပါတယ်... ''
ဝမ်ချင်ကတော့ စကားတစ်ခွန်းမှ မဆို လှည့်ပင်မကြည့်ပဲ ဆေးအိုးပွက်ရန် မီးဖိုကို ယပ်ခတ်နေ
လေသည်.... သိပ်မကြာခင် ဆေးရည်ရသဖြင့် ရွက်ဖျင်တဲထဲသို့ ပြန်ဝင်လာခဲ့သည်....
"အနာကျက်မြန်တဲ့ဆေးရည်ပါ သခင်လေး ''
လန်သခင်လေးက ဆေးရည်ခွက်ကို လှမ်းယူကာ တစ်ခါတည်း မော့သောက်လိုက်ပြီး ပြပေး
သဖြင့် ခွက်အလွတ်ကို ပြန်ယူကာ ရွက်ဖျင်တဲထဲမှ ပြန်ထွက်ခဲ့တော့သည်
"ဒီ လန်သခင်လေးက ဝမ်ရိပေါ်နဲ့ လုံးဝမတူဘူးပဲ... အရမ်းတည်ငြိမ်ပြီး အေးစက်လွန်းတယ်..
သူ....လဲ... လန်သခင်လေးလို တည်ငြိမ်တဲ့သူဆိုရင် ငါလဲ အမြင်ကပ်မိမှာ မဟုတ်ဘူး... ''
****