ချစ်သူ့စကား ရင်နှင့်ကြားစေ

By SpringGenAerri

428K 30.4K 834

အချစ်ဟာ ပျားရည်မြစ် အချစ်ဟာ စမ်းရေအေး အချစ်ဟာ ဆောင်းနှင်းရည်နဲ့သီးတဲ့ချိုမြိန်သစ်သီး အချစ်ဟာ နွေဦးရဲ့လေပြေ အ... More

part(1)
part(2)
part(3)
part(4)
part(5)
part(6)
part(7)
part(8)
part(9)
part(10)
part(11)
part(12)
part(13)
part(14)
part(15)
part(16)
part(17)
part(18)
part(19)
part(20)
part(21)
part(22)
part(23)
part(24)
part(25)
part(26)
part(27)
part(28)
part(29)
part(30)
part(31)
part(32)
part(33)
part(34)
part(35)
part(36)
part(37)
part(38)
part(39)
part(40)
part(41)
part(42)
part(43)
part(44)
part(45)
part(46)
part(47)
part(48)
part(49)
part(50)
part(51)
part(52)
part(53)
part(54)
Sorry
part(55)
part(56)
part(58)
part(59)
part(60)Ending

part(57)

4.8K 342 29
By SpringGenAerri

Unicode

မြေတွေလိုက်ကြည့်ရင်း....မိုးဦးအကြိုက်တွေ့သည့်မြေရလာခဲ့ပြီ။ ဒေါ်စောနုတို့အမျိုးဝမ်းကွဲ​တွေရဲ့မြေပါပဲ။ လိုသလောက်အကျယ်ရလာသည့်အပြင် ရွာနဲ့မဝေး။ ဒါကြောင့် မိုးဦးက ရွာထဲတွင်အိမ်အတွက် မြေ နေရာမဝယ်တော့ဘဲ အခင်းထဲတွင် အိမ်ကောင်းကောင်းတစ်လုံးဆောက်မည်ဟုစီစဥ်သည်။ ရွာနဲ့က အလွန်ဆုံးသွားရမှ ငါးမိနစ်ခန့်သာ။

ဒီနေရာကိုကြိုက်ပြီဆိုတာနဲ့ ချက်ချင်းဝယ်ဖို့လုပ်ကြရသည်။ မိုးဦးက ဝယ်ယူသည့်မြေကို ပြင်ရအုံးမည်။
လီလီစိုက်ဖို့ဆိုရင် မြေအရင်ပြင်ရမည်။ စက်တင်ဘာမှာစိုက်ဖို့အတွက် ခုကထဲကသွက်သွက်လုပ်ထားရမည်။
ရာသီမရွေးစိုက်လို့ရသည်ဆိုပေမဲ့ စက်တင်ဘာက စိုက်လို့အကောင်းဆုံးလဖြစ်သည်တဲ့။

နေရောင်ကြိုက်သည့်ပန်းဆိုပေမဲ့ အမိုးလုပ်ပေးရမည်။ အေးတဲ့မြေကြိုက်ပေမဲ့ ရေဝပ်မခံ။ ဒါကြောင့် ပန်းမစိုက်ခင် ပြင်ဆင်စရာရှိတာတွေပြင်ဆင်ရမည်။ ဒါ့အပြင် နေဖို့ရာအတွက်အိမ်ကိုလဲ ခပ်မြန်မြန်ဆောက်ရမည်။

မိုးဦးက ကျွန်း သို့မဟုတ် ပျဥ်းကတိုးနှင့်သစ်သားအိမ်တောင့်တောင့်ဆောက်ချင်တာ။ ရေချိုးခန်း အိမ်သာနဲ့ မီးဖိုခန်းကိုတော့ အုတ်နဲ့ပဲဆောက်မည်။ အိမ်မကိုသစ်အိမ်လေးနေချင်သည်။ သစ်ရှာရမည်။ ကျွန်း ပျဥ်းကတိုးရှိရောရှိသေးပါရဲ့လား။ သစ်ကရှာတာတော့ရှားရမည်။ လိုသလောက်ရနိုင်ပါ့မလားရယ် ရင့်တာရပါ့မလားရယ်ပေါ့။
အိမ်ဆောက်ဖို့သစ်ဝယ်မှ ခက်နေတာ။
တစ်တောလုံးအပြောင်ရှင်းရတာကမခက်။

ဦးလေးသန်း ဖိုးကျော်နဲ့ အဒေါ်စောနုတို့ကတော့ တစ်ရက်မှမနား​ကြ။အားလုံးကူညီကြတာ။ မိုးဦးလဲမနားပါ။ ဒေါ်စောနုအမျိုးတွေနဲ့ တစ်ချို့ရွာကလူကြီးတစ်ချို့လဲ လိုတာအကုန် ကူညီကြသည်။ လီလီပန်းစိုက်မည်ဆိုတော့ တစ်ရွာလုံးစိတ်ဝင်စားကြသည်။ ဒါ့အပြင် မိုးဦးကငွေကိုထိုက်သင့်သလောက်သုံးနေတော့ ပိုပြီးစိတ်ဝင်စားသည်။ ငွေသုံးပုံကအစ တောသူတောင်သားနှင့် မိုးဦးကွာခြါးပါသည်။ မြေကြိုက်ပြီဆို စျေးမဆစ်။သစ်ကြိုက်တာတွေ့ရင် စျေးမဆစ်သူ။
သော်ကတော့ ကို့ သဘောသာ။ ကို လုပ်သမျှ အားလုံးခေါင်းညိမ့်ရုံပါပဲ။

ဒီလိုနဲ့ လိုချင်တဲ့အခင်းလဲရခဲ့ကြပြီ။
အိမ်ဆောက်ဖို့အားလုံးစီစဥ်ပြီးပြီ။
မိုးဦးနဲ့သော် ဒီရွာရောက်တာလဲ တစ်လကျော်ခဲ့ပြီ။

မိုးမဝင်ခင် ရန်ကုန်က ပစ္စည်းတစ်ချို့သွားသယ်ရမည်။
ယခုစီးလာတဲ့ကားကတော့ ရောင်းဖို့ မိုးဦးသူငယ်ချင်းတစ်ချို့ထံ ပြောပြီးပြီ။ ရန်ကုန်ရောက်ရင်ရောင်းရုံသာ။

.
.
.

အခင်းအတွက်စာချုပ် ချုပ်ကြတော့ သော့်နာမည်နဲ့ဝယ်ပေးသည်။ အိမ်အတွက်တော့စာချုပ်သပ်သပ်မလိုတော့သည့်အပြင် မြေအတွက်လဲ အပိုမကုန်။
အားလုံးကို ထောင့်စေ့အောင် မိုးဦးစီမံသွားခဲ့သည်။
ရွာကလူကြီးတွေရော...အလုပ်လုပ်နေသူ လူငယ်တွေရော မိုးဦးကို ခင်မင်နေကြပြီ။ အရည်အချင်းကိုအသိအမှတ်ပြုကြရပြီ။
ကြာကြာနေရင် ရွာလူကြီးများဖြစ်မလားမသိပါနော်။

ဒီလိုနဲ့ အိမ်လေး ကို စ ဆောက်သည့်နေ့ရက်ရောက်လာခဲ့ပြီ။

♥ဒီလိုလေးဆောက်မှာပါတဲ့♥

.
.
.
.
.

အိမ်ဆောက်ရန် လက်သမားကျွမ်းကျင်သူရှာအပ်ကြရသည်။ တိုက်ဆောက်တာမဟုတ်လေတော့ လက်သမားက ရှာရခက်သည်။ လက်သမားပညာက မိရိုးဖလာပညာရပ်ဆိုတော့ စိတ်တိုင်းကျဆောက်ပေးနိုင်သူတွေ့တော့ အသက်အတော်ကြီးနေရှာပြီ။ အိမ်မဆောက်တာလဲ ကြာပြီ။ ဒါပေမဲ့ မိုးဦးနဲ့သော်တို့အိမ်လေးကိုတော့ လာပြီး ကြီးကြပ်ပေးပါမည်တဲ့။

အိမ်လေးက မိုးဦးစိတ်တိုင်းကျ ပုံပေါ်ကာနီးတော့...ရန်ကုန်ကို ပစ္စည်းသယ်ဖို့ပြန်ကြရပြန်သည်။
အိမ်ဆောက်သည့်နေရာကိုတော့ ဦးလေးသန်းကိုအပ်ခဲ့ရသည်။
.
.
.

ရန်ကုန်ရောက်တာနဲ့ မနားရပါ။ကားရောင်းရန်ကိစ္စနှင့် မိုးဦးက အပြင်နေ့တိုင်းထွက်ရသည်။
သော်ကတော့ အထုတ်အပိုးတွေ ထည့်ပြီးအိမ်မှာကျန်ခဲ့ရသည်။ ရဲရင့် မြတ်နိုးနဲ့ နန္ဒတို့နေ့တိုင်းလာကူကြသည်။

တစ်ချို့ပစ္စည်းတွေက ဒီမှာပဲ ထားခဲ့ဖို့ရှိသည်။ ကိုနဲ့သော် တစ်ခါတစ်ရံ ရန်ကုန်တက်လာတဲ့အခါ လိုအပ်မှာတွေကို သောချာထုတ်ပိုးပြီး သိမ်းခဲ့ရသည်။
ဗီရိုဆို နှစ်လုံးရှိပေမဲ့ တစ်လုံးပဲသယ်ရမည်။ အိုးခွက်ပန်းကန်တွေ သေချာသိမ်းဆည်းထားခဲ့ရမည်။ မီးဖိုချောင်ပစ္စည်းတွေကတော့ ဟိုရောက်မှ နီးရာမြို့မှာအသစ်ဝယ်မည်။ အဝတ်အစားဆိုလဲ နဲနဲထားခဲ့ရမည်။ အိပ်ယာအသုံးအဆောင်လဲထို့နည်းတူ။ ရန်ကုန်ပြန်လာရင်သုံးဖို့နဲ့ ရွာကိုသယ်သွားဖို့ ခွဲထည့်ရသည်။

ရန်ကုန်ထားခဲ့မဲ့ပစ္စည်းတွေကို သေချာ အထပ်ထပ်ထုတ်ပိုးခဲ့ရသည်။ ပိုး​ေကာင်မွှားကောင်လဲ ကြောက်ရသလို ဖုန်အညစ်အကြေးလဲ တင်မည်စိုးသည်။
ဒီတိုက်ခန်းရဲ့သော့ကိုတော့ အောက်ထပ်ကအန်တီတို့ဆီပေးခဲ့ရမည်။ အန်တီက သော်တို့ သိမ်းဆည်းနေတာ လာကြည့်ရင်း မျက်ရည်လေးတစမ်းစမ်းနှင့်။
သော့်မှာ အန်တီ့ကို ချော့နေရသေးသည်။ မိသားစုလို သံယောဇဥ်တွယ်ကြတာကြောင့် ခွဲရကာနီးတော့ စိတ်မကောင်းကြတော့။

ညနေ​ရောက်တော့ သော်တို့လဲ သိမ်းသင့်သလောက်သိမ်းပြီးပြီ။
ကို့ကို မမြင့်မိုရ်က ကားမောင်းပြီးအိမ်ထိလိုက်ပို့သည်။
ကို ကားရောင်းခဲ့ပြီပေါ့။

မနက်ဖန်တစ်ရက်တော့ လူစုံစုပြီး ထမင်းစားကြအုံးမည်။ ဘုရားလဲ သွားမည်။ နောက်ထပ်တစ်ရက်လောက်နေပြီးရင် ကိုနဲ့သော် ရွာကိုပြန်မည်။ ရန်ကုန်ရောက်တာ လေး ငါးရက်ဆိုပေမဲ့ ဒီမှာလဲ တစ်ရက်မှမနားရသလို...ရွာက ကိစ္စတွေကလဲ မပြီးပြတ်သေးတော့ မြန်မြန်ပြန်ကြရမည်။

ကိုက....ပင်ပန်းသည့်ပုံကို မပေါက်ပါ။ သော်ကသာ... ဝိုင်းကူတဲ့သူတွေရှိရက်နဲ့ မောနေပါရော။ သို့သော် ရန်ကုန်နွေကိုတော့ ကိုတစ်ယောက်လက်လန်နေရှာတယ်။
ကိုပြန်လာတာနဲ့ သော့်မှာ ထုတ်ပိုးထားတာတွေက်ုပြရင်း.....ဘာလိုသေးလဲ....ဘာထပ်ထည့်ချင်သေးလဲ ​​မေးရသေးသည်။

သိမ်းစရာရှိတာသိမ်းပြီး ထုတ်စရာရှိတာထုတ်ပိုးလိုက်တော့ တိုက်ခန်းက အကျယ်ကြီးပါ။ ရွာကိုတော့ ပစ္စည်းတွေကို ကားကြီးနှင့်သယ်ရမည်။
ဦးလေးသန်းက ကုန်လာပို့သည့်ကား ပြန်အတက်မှာ ပစ္စည်းတွေသယ်ခဲ့ဖို့ချိတ်ပေးပြီးသား။

ခဏနေတော့ အားလုံးမမြင့်မိုရ်ကားနဲ့ပဲ ပြန်လိုက်သွားကြသည်။

.
.
.
.

"သည်းသော်.....လာပါအုံး"

အထုတ်အပိုးတွေပေါ်မှာ သော်က မာကာလိုက်ရေးနေတာ....ကိုခေါ်တော့ အနားရောက်အောင်သွားရသည်။
ခုနပဲ အပြင်ကပြန်လာလို့ အခန်းထဲပြေးဝင် ပုဆိုးလဲပေးထားရသည်။ ခု ခေါ်ပြန်ပြီ။ ကိုပြန်ရောက်လာရင် အလုပ်မတွင်တော့ပါ။

"သော်လေး နားအုံးလေ....တနေကုန်လုပ်နေရတာမှလား"

"ပြီးနေပါပြီ.....ကိုထပ်ထည့်ချင်တာရှိသေးလား"

"မရှိတော့ပါဘူး.....သည်းသော်လေးရယ်... အဲ...သော့်ငယ်ငယ်က ဓာတ်ပုံလေးတွေ ကို စာကြည့်စားပွဲပေါ်ထား ထားတာ ထည့်ခဲ့နော်....ခရေပန်းခြောက်ထည့်ထားတဲ့စာအုပ်လေးရောပဲ"

"ထည့်ပြီးပါပြီ...အရေးကြီးမှန်းသိပါတယ်"

"အင်း အင်း...ချစ်လိုက်တာ....မနမ်းရတာတောင်ကြာပြီနော်"

"နေပါအုံး... အလုပ်လုပ်ထားရတာ ချွေးတွေချည်းပဲ"

ကို့ရင်ဘတ်ကို လက်နဲ့တွန်းရင်း အသည်းအသန်ပြောရသည်။ သော်က သိပြီးသား.....နမ်းရုံနဲ့မပြီးနိုင်တာ။

ရွာမှာဆိုလဲ လူကြီးတွေရှိလို့ရယ်....ပူတူးကတစ်ခါတစ်လေ သော်တို့နဲ့လာအိပ်တာကြောင့်ရယ်...သူများအိမ်မှာဧည့်သည်လုပ်နေတာကြောင့်ရယ်...အကြောင်းပြချက်အမျိုးမျိုးနဲ့ ကို့ကို အလိုမလိုက်နိုင်။
ကို ကိုယ်တိုင်လဲ အလုပ်ကိစ္စများဆီသို့စိတ်ရောက်နေတော့ သော့်ကို စိတ်မလည်နိုင်သေး။

ခု ရန်ကုန်ပြန်ရောက်ပြီး ကိစ္စတွေလဲ ပြီးပြတ်သလောက်ရှိပြီဆိုတော့ ဇာတ်လမ်းကစချင်သည်။
မဖြစ်သေး....ရွာပြန်ရမည်လေ။ ပထမတစ်ခေါက်လို ကိုယ့်ကားကိုယ်မောင်းသွားရတာမဟုတ်တော့။ လိုင်းကားနဲ့သွားရမှာ။ မနက်ဖန်လဲ မိတ်ဆွေတွေနဲ့ချိန်းထားသေးတာကို။ မဖြစ်ပါဘူး။ ကို စိတ်ရှိတိုင်းပေးမိရင် နောက်နေ့ တစ်ခုခုဖြစ်တာ သော့်အတွက် မဆန်းကြယ်တော့။ နားလည်အောင်ရှင်းပြရမည်။

"ပူတယ်ကွာ...ရေချိုးရအောင်"

"ကို သွားချိုးနှင့်တော့...သော် ပြီးမှချိုးမယ်...ညစာလုပ်လိုက်အုံးမယ်"

"တူတူချိုးချင်တယ်....သော် ရေချိုးမပေးတာ ကြာလှပြီ....ပြီးရင် အပြင်ထွက်စားကြမယ်လေ"

ကလေးလို....သနားစဖွယ်ရုပ်နဲ့ တောင်းဆိုနေတာ။
အလိုလိုက်ရမှာလဲ ကြောက်သည်။ခက်ခက်ကြီးပါလား။

ဟုတ်မှာ....ပူနေတာတော့...ပုံစံကိုကြည့်လိုက်....

ဝတ်ထားတဲ့ အိင်္ကျီကို လက်တစ်တောင်ကွေးထိခေါက်ထားရတယ်....ဝတ်သွားတာဘောင်းဘီ....ပြန်ရောက်ရောက်ချင်း ချွတ်ချပြီး ပုဆိုးကိုလဲဝတ်တော့သည်။
ပုဆိုးစကို ဒူးလောက်ထိမတင်ထားပြီး ခြေပစ်လက်ပစ်နဲ့ဖြစ်နေရှာသည်။

ကို့ခမျာ....ရွာမှာနေတာ ဒီလို မဟုတ်။ ရွာသွားနေတာဖြင့် တစ်လ​ကျော်ရှိသေးသည်။ ရန်ကုန်နွေကို တောင့်မခံနိုင်တော့။ ရွာမှာက နေ့လယ်ပူတော့ပူသည်..... ဒါပေမဲ့ လေကတဖြူးဖြူးရယ်။ မနက်ခင်းပိုင်း ညနေပိုင်းတွေဆို အေးကိုနေတာ။

ဘယ်ချိန်ကြည့်ကြည့် အမြဲ ခန့် သန့် နေသူက...ခုတော့ အပူမိတဲ့ ဟင်းရွက်ပြုတ်ဖြစ်နေပြီ။
ရန်ကုန်....ရန်ကုန်.....အတော်ပူနိုင်တဲ့ မြို့....

"သော့်ကို ဘာမှမလုပ်ရင် ချိုးပေးမယ်"

ကြောက်ကြောက်နဲ့ပဲ ပြောလိုက်ရသည်။

"ကို့ကို မသနားဘူးလား"

"အင်း.....မသနားဘူး"

"ဟာ......တကယ်"

ပြောရင်း တိုးလာတာ စွေ့ကနဲ....အနားရောက်လာသည်။

"သနားတော့ သနားသား.... ဒါပေမဲ့ အလုပ်တွေများနေတာကို ဘယ်လိုလုပ်ဖြစ်နိုင်မလဲ....ကိုကပဲ သော့်ကို ပြန်သနားပါအုံး"

"ကြာနေပြီလေ...ရွာမှာဆိုလဲ...သော် ကအကြောင်းအမျိုးမျိုးပြနေတာ....တစ်ခါပဲ....တစ်ခါပဲဆိုရင်ရော ရလား"

ကလေးပူဆာသလို လက်တစ်ချောင်းထောင်ပြီး တောင်းဆိုနေတာ။
ခက်တော့တာပဲ......
ဘယ်လိုလုပ်ရင်ကောင်းမလဲ....ပြောကြပါအုံး....
ကြည့်မနေကြပါနဲ့လို့.....
.
.
.
.
ဘယ်လို ပြန်ပြောရမလဲ တွေးနေတုန်းရှိသေး....သော့်ကို ကောက်ပွေ့လိုက်ပြီ။

ဆက်မတွေးနဲ့တော့.....မှန်တယ်.....အားလုံးထင်တဲ့အတိုင်းပဲ။
.
.
.
.

ဆက်ရန်.........


Zawgyi

Unicode

ေျမေတြလိုက္ၾကည့္ရင္း....မိုးဦးအႀကိဳက္ေတြ႕သည့္ေျမရလာခဲ့ၿပီ။ ေဒၚေစာႏုတို႔အမ်ိဳးဝမ္းကြဲ​ေတြရဲ႕ေျမပါပဲ။ လိုသေလာက္အက်ယ္ရလာသည့္အျပင္ ႐ြာနဲ႔မေဝး။ ဒါေၾကာင့္ မိုးဦးက ႐ြာထဲတြင္အိမ္အတြက္ ေျမ ေနရာမဝယ္ေတာ့ဘဲ အခင္းထဲတြင္ အိမ္ေကာင္းေကာင္းတစ္လုံးေဆာက္မည္ဟုစီစဥ္သည္။ ႐ြာနဲ႔က အလြန္ဆုံးသြားရမွ ငါးမိနစ္ခန္႔သာ။

ဒီေနရာကိုႀကိဳက္ၿပီဆိုတာနဲ႔ ခ်က္ခ်င္းဝယ္ဖို႔လုပ္ၾကရသည္။ မိုးဦးက ဝယ္ယူသည့္ေျမကို ျပင္ရအုံးမည္။
လီလီစိုက္ဖို႔ဆိုရင္ ေျမအရင္ျပင္ရမည္။ စက္တင္ဘာမွာစိုက္ဖို႔အတြက္ ခုကထဲကသြက္သြက္လုပ္ထားရမည္။
ရာသီမေ႐ြးစိုက္လို႔ရသည္ဆိုေပမဲ့ စက္တင္ဘာက စိုက္လို႔အေကာင္းဆုံးလျဖစ္သည္တဲ့။

ေနေရာင္ႀကိဳက္သည့္ပန္းဆိုေပမဲ့ အမိုးလုပ္ေပးရမည္။ ေအးတဲ့ေျမႀကိဳက္ေပမဲ့ ေရဝပ္မခံ။ ဒါေၾကာင့္ ပန္းမစိုက္ခင္ ျပင္ဆင္စရာ႐ွိတာေတြျပင္ဆင္ရမည္။ ဒါ့အျပင္ ေနဖို႔ရာအတြက္အိမ္ကိုလဲ ခပ္ျမန္ျမန္ေဆာက္ရမည္။

မိုးဦးက ကြၽန္း သို႔မဟုတ္ ပ်ဥ္းကတိုးႏွင့္သစ္သားအိမ္ေတာင့္ေတာင့္ေဆာက္ခ်င္တာ။ ေရခ်ိဳးခန္း အိမ္သာနဲ႔ မီးဖိုခန္းကိုေတာ့ အုတ္နဲ႔ပဲေဆာက္မည္။ အိမ္မကိုသစ္အိမ္ေလးေနခ်င္သည္။ သစ္႐ွာရမည္။ ကြၽန္း ပ်ဥ္းကတိုး႐ွိေရာ႐ွိေသးပါရဲ႕လား။ သစ္က႐ွာတာေတာ့႐ွားရမည္။ လိုသေလာက္ရႏိုင္ပါ့မလားရယ္ ရင့္တာရပါ့မလားရယ္ေပါ့။
အိမ္ေဆာက္ဖို႔သစ္ဝယ္မွ ခက္ေနတာ။
တစ္ေတာလုံးအေျပာင္႐ွင္းရတာကမခက္။

ဦးေလးသန္း ဖိုးေက်ာ္နဲ႔ အေဒၚေစာႏုတို႔ကေတာ့ တစ္ရက္မွမနား​ၾက။အားလုံးကူညီၾကတာ။ မိုးဦးလဲမနားပါ။ ေဒၚေစာႏုအမ်ိဳးေတြနဲ႔ တစ္ခ်ိဳ႕႐ြာကလူႀကီးတစ္ခ်ိဳ႕လဲ လိုတာအကုန္ ကူညီၾကသည္။ လီလီပန္းစိုက္မည္ဆိုေတာ့ တစ္႐ြာလုံးစိတ္ဝင္စားၾကသည္။ ဒါ့အျပင္ မိုးဦးကေငြကိုထိုက္သင့္သေလာက္သုံးေနေတာ့ ပိုၿပီးစိတ္ဝင္စားသည္။ ေငြသုံးပုံကအစ ေတာသူေတာင္သားႏွင့္ မိုးဦးကြာျခါးပါသည္။ ေျမႀကိဳက္ၿပီဆို ေစ်းမဆစ္။သစ္ႀကိဳက္တာေတြ႕ရင္ ေစ်းမဆစ္သူ။
ေသာ္ကေတာ့ ကို႔ သေဘာသာ။ ကို လုပ္သမွ် အားလုံးေခါင္းညိမ့္႐ုံပါပဲ။

ဒီလိုနဲ႔ လိုခ်င္တဲ့အခင္းလဲရခဲ့ၾကၿပီ။
အိမ္ေဆာက္ဖို႔အားလုံးစီစဥ္ၿပီးၿပီ။
မိုးဦးနဲ႔ေသာ္ ဒီ႐ြာေရာက္တာလဲ တစ္လေက်ာ္ခဲ့ၿပီ။

မိုးမဝင္ခင္ ရန္ကုန္က ပစၥည္းတစ္ခ်ိဳ႕သြားသယ္ရမည္။
ယခုစီးလာတဲ့ကားကေတာ့ ေရာင္းဖို႔ မိုးဦးသူငယ္ခ်င္းတစ္ခ်ိဳ႕ထံ ေျပာၿပီးၿပီ။ ရန္ကုန္ေရာက္ရင္ေရာင္း႐ုံသာ။

.
.
.

အခင္းအတြက္စာခ်ဳပ္ ခ်ဳပ္ၾကေတာ့ ေသာ္႕နာမည္နဲ႔ဝယ္ေပးသည္။ အိမ္အတြက္ေတာ့စာခ်ဳပ္သပ္သပ္မလိုေတာ့သည့္အျပင္ ေျမအတြက္လဲ အပိုမကုန္။
အားလုံးကို ေထာင့္ေစ့ေအာင္ မိုးဦးစီမံသြားခဲ့သည္။
႐ြာကလူႀကီးေတြေရာ...အလုပ္လုပ္ေနသူ လူငယ္ေတြေရာ မိုးဦးကို ခင္မင္ေနၾကၿပီ။ အရည္အခ်င္းကိုအသိအမွတ္ျပဳၾကရၿပီ။
ၾကာၾကာေနရင္ ႐ြာလူႀကီးမ်ားျဖစ္မလားမသိပါေနာ္။

ဒီလိုနဲ႔ အိမ္ေလး ကို စ ေဆာက္သည့္ေန႔ရက္ေရာက္လာခဲ့ၿပီ။

♥ဒီလိုေလးေဆာက္မွာပါတဲ့♥

.
.
.
.
.

အိမ္ေဆာက္ရန္ လက္သမားကြၽမ္းက်င္သူ႐ွာအပ္ၾကရသည္။ တိုက္ေဆာက္တာမဟုတ္ေလေတာ့ လက္သမားက ႐ွာရခက္သည္။ လက္သမားပညာက မိ႐ိုးဖလာပညာရပ္ဆိုေတာ့ စိတ္တိုင္းက်ေဆာက္ေပးႏိုင္သူေတြ႕ေတာ့ အသက္အေတာ္ႀကီးေန႐ွာၿပီ။ အိမ္မေဆာက္တာလဲ ၾကာၿပီ။ ဒါေပမဲ့ မိုးဦးနဲ႔ေသာ္တို႔အိမ္ေလးကိုေတာ့ လာၿပီး ႀကီးၾကပ္ေပးပါမည္တဲ့။

အိမ္ေလးက မိုးဦးစိတ္တိုင္းက် ပုံေပၚကာနီးေတာ့...ရန္ကုန္ကို ပစၥည္းသယ္ဖို႔ျပန္ၾကရျပန္သည္။
အိမ္ေဆာက္သည့္ေနရာကိုေတာ့ ဦးေလးသန္းကိုအပ္ခဲ့ရသည္။
.
.
.

ရန္ကုန္ေရာက္တာနဲ႔ မနားရပါ။ကားေရာင္းရန္ကိစၥႏွင့္ မိုးဦးက အျပင္ေန႔တိုင္းထြက္ရသည္။
ေသာ္ကေတာ့ အထုတ္အပိုးေတြ ထည့္ၿပီးအိမ္မွာက်န္ခဲ့ရသည္။ ရဲရင့္ ျမတ္ႏိုးနဲ႔ နႏၵတို႔ေန႔တိုင္းလာကူၾကသည္။

တစ္ခ်ိဳ႕ပစၥည္းေတြက ဒီမွာပဲ ထားခဲ့ဖို႔႐ွိသည္။ ကိုနဲ႔ေသာ္ တစ္ခါတစ္ရံ ရန္ကုန္တက္လာတဲ့အခါ လိုအပ္မွာေတြကို ေသာခ်ာထုတ္ပိုးၿပီး သိမ္းခဲ့ရသည္။
ဗီ႐ိုဆို ႏွစ္လုံး႐ွိေပမဲ့ တစ္လုံးပဲသယ္ရမည္။ အိုးခြက္ပန္းကန္ေတြ ေသခ်ာသိမ္းဆည္းထားခဲ့ရမည္။ မီးဖိုေခ်ာင္ပစၥည္းေတြကေတာ့ ဟိုေရာက္မွ နီးရာၿမိဳ႕မွာအသစ္ဝယ္မည္။ အဝတ္အစားဆိုလဲ နဲနဲထားခဲ့ရမည္။ အိပ္ယာအသုံးအေဆာင္လဲထို႔နည္းတူ။ ရန္ကုန္ျပန္လာရင္သုံးဖို႔နဲ႔ ႐ြာကိုသယ္သြားဖို႔ ခြဲထည့္ရသည္။

ရန္ကုန္ထားခဲ့မဲ့ပစၥည္းေတြကို ေသခ်ာ အထပ္ထပ္ထုတ္ပိုးခဲ့ရသည္။ ပိုး​ေကာင္မႊားေကာင္လဲ ေၾကာက္ရသလို ဖုန္အညစ္အေၾကးလဲ တင္မည္စိုးသည္။
ဒီတိုက္ခန္းရဲ႕ေသာ့ကိုေတာ့ ေအာက္ထပ္ကအန္တီတို႔ဆီေပးခဲ့ရမည္။ အန္တီက ေသာ္တို႔ သိမ္းဆည္းေနတာ လာၾကည့္ရင္း မ်က္ရည္ေလးတစမ္းစမ္းႏွင့္။
ေသာ္႕မွာ အန္တီ့ကို ေခ်ာ့ေနရေသးသည္။ မိသားစုလို သံေယာဇဥ္တြယ္ၾကတာေၾကာင့္ ခြဲရကာနီးေတာ့ စိတ္မေကာင္းၾကေတာ့။

ညေန​ေရာက္ေတာ့ ေသာ္တို႔လဲ သိမ္းသင့္သေလာက္သိမ္းၿပီးၿပီ။
ကို႔ကို မျမင့္မိုရ္က ကားေမာင္းၿပီးအိမ္ထိလိုက္ပို႔သည္။
ကို ကားေရာင္းခဲ့ၿပီေပါ့။

မနက္ဖန္တစ္ရက္ေတာ့ လူစုံစုၿပီး ထမင္းစားၾကအုံးမည္။ ဘုရားလဲ သြားမည္။ ေနာက္ထပ္တစ္ရက္ေလာက္ေနၿပီးရင္ ကိုနဲ႔ေသာ္ ႐ြာကိုျပန္မည္။ ရန္ကုန္ေရာက္တာ ေလး ငါးရက္ဆိုေပမဲ့ ဒီမွာလဲ တစ္ရက္မွမနားရသလို...႐ြာက ကိစၥေတြကလဲ မၿပီးျပတ္ေသးေတာ့ ျမန္ျမန္ျပန္ၾကရမည္။

ကိုက....ပင္ပန္းသည့္ပုံကို မေပါက္ပါ။ ေသာ္ကသာ... ဝိုင္းကူတဲ့သူေတြ႐ွိရက္နဲ႔ ေမာေနပါေရာ။ သို႔ေသာ္ ရန္ကုန္ေႏြကိုေတာ့ ကိုတစ္ေယာက္လက္လန္ေန႐ွာတယ္။
ကိုျပန္လာတာနဲ႔ ေသာ္႕မွာ ထုတ္ပိုးထားတာေတြက္ုျပရင္း.....ဘာလိုေသးလဲ....ဘာထပ္ထည့္ခ်င္ေသးလဲ ​​ေမးရေသးသည္။

သိမ္းစရာ႐ွိတာသိမ္းၿပီး ထုတ္စရာ႐ွိတာထုတ္ပိုးလိုက္ေတာ့ တိုက္ခန္းက အက်ယ္ႀကီးပါ။ ႐ြာကိုေတာ့ ပစၥည္းေတြကို ကားႀကီးႏွင့္သယ္ရမည္။
ဦးေလးသန္းက ကုန္လာပို႔သည့္ကား ျပန္အတက္မွာ ပစၥည္းေတြသယ္ခဲ့ဖို႔ခ်ိတ္ေပးၿပီးသား။

ခဏေနေတာ့ အားလုံးမျမင့္မိုရ္ကားနဲ႔ပဲ ျပန္လိုက္သြားၾကသည္။

.
.
.
.

"သည္းေသာ္.....လာပါအုံး"

အထုတ္အပိုးေတြေပၚမွာ ေသာ္က မာကာလိုက္ေရးေနတာ....ကိုေခၚေတာ့ အနားေရာက္ေအာင္သြားရသည္။
ခုနပဲ အျပင္ကျပန္လာလို႔ အခန္းထဲေျပးဝင္ ပုဆိုးလဲေပးထားရသည္။ ခု ေခၚျပန္ၿပီ။ ကိုျပန္ေရာက္လာရင္ အလုပ္မတြင္ေတာ့ပါ။

"ေသာ္ေလး နားအုံးေလ....တေနကုန္လုပ္ေနရတာမွလား"

"ၿပီးေနပါၿပီ.....ကိုထပ္ထည့္ခ်င္တာ႐ွိေသးလား"

"မ႐ွိေတာ့ပါဘူး.....သည္းေသာ္ေလးရယ္... အဲ...ေသာ္႕ငယ္ငယ္က ဓာတ္ပုံေလးေတြ ကို စာၾကည့္စားပြဲေပၚထား ထားတာ ထည့္ခဲ့ေနာ္....ခေရပန္းေျခာက္ထည့္ထားတဲ့စာအုပ္ေလးေရာပဲ"

"ထည့္ၿပီးပါၿပီ...အေရးႀကီးမွန္းသိပါတယ္"

"အင္း အင္း...ခ်စ္လိုက္တာ....မနမ္းရတာေတာင္ၾကာၿပီေနာ္"

"ေနပါအုံး... အလုပ္လုပ္ထားရတာ ေခြၽးေတြခ်ည္းပဲ"

ကို႔ရင္ဘတ္ကို လက္နဲ႔တြန္းရင္း အသည္းအသန္ေျပာရသည္။ ေသာ္က သိၿပီးသား.....နမ္း႐ုံနဲ႔မၿပီးႏိုင္တာ။

႐ြာမွာဆိုလဲ လူႀကီးေတြ႐ွိလို႔ရယ္....ပူတူးကတစ္ခါတစ္ေလ ေသာ္တို႔နဲ႔လာအိပ္တာေၾကာင့္ရယ္...သူမ်ားအိမ္မွာဧည့္သည္လုပ္ေနတာေၾကာင့္ရယ္...အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးနဲ႔ ကို႔ကို အလိုမလိုက္ႏိုင္။
ကို ကိုယ္တိုင္လဲ အလုပ္ကိစၥမ်ားဆီသို႔စိတ္ေရာက္ေနေတာ့ ေသာ္႕ကို စိတ္မလည္ႏိုင္ေသး။

ခု ရန္ကုန္ျပန္ေရာက္ၿပီး ကိစၥေတြလဲ ၿပီးျပတ္သေလာက္႐ွိၿပီဆိုေတာ့ ဇာတ္လမ္းကစခ်င္သည္။
မျဖစ္ေသး....႐ြာျပန္ရမည္ေလ။ ပထမတစ္ေခါက္လို ကိုယ့္ကားကိုယ္ေမာင္းသြားရတာမဟုတ္ေတာ့။ လိုင္းကားနဲ႔သြားရမွာ။ မနက္ဖန္လဲ မိတ္ေဆြေတြနဲ႔ခ်ိန္းထားေသးတာကို။ မျဖစ္ပါဘူး။ ကို စိတ္႐ွိတိုင္းေပးမိရင္ ေနာက္ေန႔ တစ္ခုခုျဖစ္တာ ေသာ္႕အတြက္ မဆန္းၾကယ္ေတာ့။ နားလည္ေအာင္႐ွင္းျပရမည္။

"ပူတယ္ကြာ...ေရခ်ိဳးရေအာင္"

"ကို သြားခ်ိဳးႏွင့္ေတာ့...ေသာ္ ၿပီးမွခ်ိဳးမယ္...ညစာလုပ္လိုက္အုံးမယ္"

"တူတူခ်ိဳးခ်င္တယ္....ေသာ္ ေရခ်ိဳးမေပးတာ ၾကာလွၿပီ....ၿပီးရင္ အျပင္ထြက္စားၾကမယ္ေလ"

ကေလးလို....သနားစဖြယ္႐ုပ္နဲ႔ ေတာင္းဆိုေနတာ။
အလိုလိုက္ရမွာလဲ ေၾကာက္သည္။ခက္ခက္ႀကီးပါလား။

ဟုတ္မွာ....ပူေနတာေတာ့...ပုံစံကိုၾကည့္လိုက္....

ဝတ္ထားတဲ့ အိက်ႌကို လက္တစ္ေတာင္ေကြးထိေခါက္ထားရတယ္....ဝတ္သြားတာေဘာင္းဘီ....ျပန္ေရာက္ေရာက္ခ်င္း ခြၽတ္ခ်ၿပီး ပုဆိုးကိုလဲဝတ္ေတာ့သည္။
ပုဆိုးစကို ဒူးေလာက္ထိမတင္ထားၿပီး ေျခပစ္လက္ပစ္နဲ႔ျဖစ္ေန႐ွာသည္။

ကို႔ခမ်ာ....႐ြာမွာေနတာ ဒီလို မဟုတ္။ ႐ြာသြားေနတာျဖင့္ တစ္လ​ေက်ာ္႐ွိေသးသည္။ ရန္ကုန္ေႏြကို ေတာင့္မခံႏိုင္ေတာ့။ ႐ြာမွာက ေန႔လယ္ပူေတာ့ပူသည္..... ဒါေပမဲ့ ေလကတျဖဴးျဖဴးရယ္။ မနက္ခင္းပိုင္း ညေနပိုင္းေတြဆို ေအးကိုေနတာ။

ဘယ္ခ်ိန္ၾကည့္ၾကည့္ အၿမဲ ခန္႔ သန္႔ ေနသူက...ခုေတာ့ အပူမိတဲ့ ဟင္း႐ြက္ျပဳတ္ျဖစ္ေနၿပီ။
ရန္ကုန္....ရန္ကုန္.....အေတာ္ပူႏိုင္တဲ့ ၿမိဳ႕....

"ေသာ္႕ကို ဘာမွမလုပ္ရင္ ခ်ိဳးေပးမယ္"

ေၾကာက္ေၾကာက္နဲ႔ပဲ ေျပာလိုက္ရသည္။

"ကို႔ကို မသနားဘူးလား"

"အင္း.....မသနားဘူး"

"ဟာ......တကယ္"

ေျပာရင္း တိုးလာတာ ေစြ႕ကနဲ....အနားေရာက္လာသည္။

"သနားေတာ့ သနားသား.... ဒါေပမဲ့ အလုပ္ေတြမ်ားေနတာကို ဘယ္လိုလုပ္ျဖစ္ႏိုင္မလဲ....ကိုကပဲ ေသာ္႕ကို ျပန္သနားပါအုံး"

"ၾကာေနၿပီေလ...႐ြာမွာဆိုလဲ...ေသာ္ ကအေၾကာင္းအမ်ိဳးမ်ိဳးျပေနတာ....တစ္ခါပဲ....တစ္ခါပဲဆိုရင္ေရာ ရလား"

ကေလးပူဆာသလို လက္တစ္ေခ်ာင္းေထာင္ၿပီး ေတာင္းဆိုေနတာ။
ခက္ေတာ့တာပဲ......
ဘယ္လိုလုပ္ရင္ေကာင္းမလဲ....ေျပာၾကပါအုံး....
ၾကည့္မေနၾကပါနဲ႔လို႔.....
.
.
.
.
ဘယ္လို ျပန္ေျပာရမလဲ ေတြးေနတုန္း႐ွိေသး....ေသာ္႕ကို ေကာက္ေပြ႕လိုက္ၿပီ။

ဆက္မေတြးနဲ႔ေတာ့.....မွန္တယ္.....အားလုံးထင္တဲ့အတိုင္းပဲ။
.
.
.
.

ဆက္ရန္.........



Continue Reading

You'll Also Like

90.7K 9.4K 35
အျခားသူေတြအတြက္ ကမၻာႀကီးက လံုးလား ျပားလား မသိေပမဲ့ ေဘဘီ့ကမၻာႀကီးက လံုးတယ္ဗ်။ ငါတို႔ ကမၻာႀကီးက အလံုး။ ကမၻာႀကီးရဲ႕ အခ်စ္စြမ္းအားေၾကာင့္ ရပ္တည္ႏိုင္တာ...
107K 9.8K 31
တစ်သက်လုံးအချစ်တွေနဲ့ရိုးမြေကျအနားမှာရှိနေမယ် S2 ကဲစီးမြောလိုက်ကြရအောင်... တင်ပြီးသားကို ဖျတ်မိသွားတယ်...🥴🥴
607K 58.9K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
188K 8.8K 97
ပုပ္ပားမြေမှ စကားဝါ ပင်လုံးညှာ ရွှေရောင်ဝင်းလေတော့ ကြူသင်းစွာ မွှေးရနံ့ရယ်(ကွယ်) နှလုံးသားအထိ...စွဲ။ တစ်စုံတစ်ယောက်က ပုပ္ပားတောင်ကလပ်အမြင့်ကိုမေးခဲ့...