Ultralegends

Від Vero_Jeon

331K 42.1K 3.5K

' this is the start of our tears..... ' Taekook Fanfiction... Start date - March 26, 2020 End date - Jun... Більше

Prologue
1 : Mysterious Little Boy
2 : He is Emperor's
3 : She want to become Empress
4 : Becoming Empress
5 : Emperor is rough as a beast
6 : The strange blue eyes
7 : Enemy is everywhere
8 : Empress with strange man
9 : Emperor's Punishment
10 : The Rabbit
11 : Starting of the storm
12 : Empress is not a human
13 : Please don't ignore me
14 : Something is getting near
15 : Believe me, my Lord
16 : I found my brother
17 : Ending of Qin Prince
18 : We can't run away from destiny
19 : Full moon night
20 : Emperor will go to military
21 : Promise me my heart
22 : Wait for me, my lord
23 : Her trump card
24 : Who is the betrayer?
25 : What happened to emperor?
26 : Believe in you, my lord
27 : Cause I love you
29 : King Tai Yang and his capital
30 : I'm coming back to save you
31 : You are safe now
32 : I will not forgive him
33 : Never not
34 : Kill me heal me
35 : Her impenitence
36 : Beautiful pain
37 : The brightest moon in the sky
38 : Don't leave me
Epilogue
Season 2
Book Order
Book!!
About Extra 1,2,3

28 : Empress is a monster

4.6K 811 76
Від Vero_Jeon

' ဧကရီက ေျမေခြးမိစၧာေကာင္တဲ့ေဟ့
လျပည့္ လကြယ္တိုင္းလည္း လူ႔ႏွလံုးကို ထုတ္ၿပီး စားေလ့ရွိတယ္ ဆိုပဲ '

' ငါတို႔ရဲ႕ အေျမာ္အျမင္ႀကီးမားလွတဲ့ ဧကရာဇ္ကိုယ္တိုင္က
သည္းသည္းလႈပ္သြားၿပီး ဧကရီဘြဲ႕ ခ်ီးျမႇင့္တဲ့အထိ
ျဖစ္သြားရတာ သူျပဳစားလို႔ပဲ ျဖစ္ရမယ္ '

' ေယာက္်ားပ်ိဳေတြရဲ႕ ႏွလံုးကိုပဲစားတာ တဲ့
အသက္က အနည္းဆံုး ႏွစ္ေပါင္းတစ္ေထာင္ေလာက္ရွိၿပီ
ႏုပ်ိဳၿပီး ေခ်ာေမာေနေအာင္ တစ္လတစ္ခါေတာ့ စားေပးရတယ္တဲ့ '

နန္းၿမိဳ႕ေတာ္ထဲတြင္ ထူးဆန္းေသာ သတင္းမ်ားက ရက္အနည္းငယ္အတြင္း လ်င္လ်င္ျမန္ျမန္ ပ်ံ႕ႏွံ႕လာခဲ့သည္။ လူအမ်ား စုေဝးရာ ေနရာမ်ားတြင္ ထိုအေၾကာင္းအရာကိုသာ တြင္တြင္က်ယ္က်ယ္ ခ်ဲ႕ကားေျပာဆိုေနၾကရာ ညီလာခံအထိ
ေဆြးေႏြးရေလာက္သည့္ အေျခအေနသို႔ ေရာက္ရွိ လာခဲ့သည္။ ေဂ်ာင္ဂုသည္ နဂါးဝတ္ရံုကို ဖ႐ိုဖရဲ ဝတ္ဆင္ ထားကာ ေခါင္းေဆာင္းသရဖူႏွင့္ ဆံႏြယ္မ်ားကို ေသခ်ာ စည္းေႏွာင္ထားျခင္း မရွိေပ။ ထို႔အျပင္ လက္ထဲတြင္ ေသရည္ ပုလင္းကို ကိုင္ထားရင္း အမတ္မ်ား ေလ်ွာက္တင္သည္ကို
ၾကားတစ္ခ်က္ မၾကားတစ္ခ်က္။

" ဧကရီက ေျမေခြးမိစၧာတစ္ေကာင္ ဆိုတဲ့ သတင္းေတြေၾကာင့္ ျပည္သူအမ်ား စိုးရိမ္ပူပန္ေနရပါတယ္
အထိေရာက္ဆံုး ေျဖရွင္းေပးေတာ္မူပါ အရွင္မင္းႀကီး "

အတြင္းဝန္ ဘတ္ ၏ ေလ်ွာက္တင္ခ်က္ေၾကာင့္ ထိုလူ၏
သစၥာခံ ေနာက္လိုက္မ်ားကပါ တညီတၫႊတ္တည္း ထို အေၾကာင္းအရာကို ေျဖရွင္းေပးရန္ ေလ်ွာက္တင္ၾကသည္။
အျခားအမတ္ မ်ားကလည္း နဂိုတည္းက အမ်ိဳးသား ဧကရီကို သေဘာမက်သည္မို႔ အတြင္းဝန္ဘတ္ ႏွင့္ အေတြးခ်င္း
တူညီၾက၏။

" ခြမ္း! "

ေသရည္ပုလင္းကို ေပါက္ခြဲလိုက္တာမို႔ ပြက္ေလာ႐ိုက္ေနတဲ့ ညီလာခံႀကီးဟာ အပ္က်သံပင္ ၾကားရေလာက္ေအာင္ တိတ္ဆိတ္သြားေတာ့သည္။ ေဂ်ာင္ဂုက မ်က္ဝန္းေတြကို
မွိတ္ထားကာ နားထင္ေၾကာအား ႏွိပ္နယ္ေနသည္။
အားလံုးက အိပ္ေပ်ာ္ေနသည့္ နဂါးကို မႏိႈးဆြမိေစရန္
သတိထားလိုက္ၾကသည္...။

" မိဖုရား ႂကြေရာက္လာေၾကာင္းပါ "

ဘတ္ယူရီသည္ အခ်ိန္ကိုက္ပင္ ေရာက္ရွိလာ၏။ သမီးျဖစ္သူကို ျမင္လိုက္ရမွသာ အတြင္းဝန္ ဘတ္ ၏ မ်က္ႏွာက ေသြးေရာင္ျပန္လႊမ္းလာေတာ့သည္။ သူမသည္သာ ဧကရာဇ္ကို ကိုင္တြယ္ႏိုင္မည့္ တစ္ဦးတည္းေသာ သူ ျဖစ္သည္။ အရွင္ဂြၽန္ သည္းသည္းလႈပ္ ခဲ့သည့္ ဧကရီသည္ပင္ အစြယ္က်ိဳးသြားရေလၿပီ..။

ဘတ္ယူရီကို ျမင္ေတာ့ ရာဇပလႅင္ထက္မွ ေဂ်ာင္ဂု ဟာ
အူယားဖားယား ေျပးလာၿပီး သူမလက္ကိုဆြဲ၍ ပလႅင္ထက္မွာ အတူထိုင္ေနေစသည္။သခင္ျပန္အလာကို အၿမီးယမ္းၿပီး ေျပးႀကိဳသည့္ ေခြးတစ္ေကာင္လို ညီလာခံက မင္းမႈထမ္းေတြ
မ်က္လံုးထဲမွာ အလြန္ရွက္ဖြယ္ေကာင္းလွသည္။

" အရွင္ ကြၽန္ေတာ္မ်ိဳးမ အေရးႀကီးသတင္းကို ညီလာခံမွာပဲ တင္ျပလိုပါတယ္ "

" အင္း ယူရီေလးစိတ္ႀကိဳက္ ေျပာလို႔ရတယ္
အမႈေတြကို ကူညီဆံုးျဖတ္ေပးမယ္ ဆိုလည္းရတယ္ "

" ကြၽန္ေတာ္မ်ိဳးမ ဖိတ္ၾကားထားတဲ့ နတ္ဆရာမႀကီးက
နန္းေတာ္ထဲက မေကာင္းဆိုးဝါးကို ရွာေတြ႔ၿပီးပါၿပီ တကယ္ပဲ
အဲ့ဒီ မေကာင္းဆိုးဝါးအေငြ႔အသက္ေတြက ဧကရီ အေဆာင္က ထြက္ေပၚလာတယ္ အရွင့္ကို ကိုယ္တိုင္
စစ္ေဆးေစလိုေၾကာင္းပါ "

မိဖုရားဘတ္၏ စကားေၾကာင့္ အမတ္ေတြက ပို၍ လႈပ္လႈပ္ရွားရွား ျဖစ္ကုန္ၾကေတာ့သည္။ မိဖုရားဘတ္က
တကယ္ပဲ နတ္ဆရာမႀကီးကို မေကာင္းဆိုးဝါးႏွင္ရန္
ဖိတ္ေခၚထားမွန္း နန္းေတာ္ထဲကလူတိုင္း သိၾကကာ
အလြန္ ႐ိုေသစြာ ဆက္ဆံမွန္းလည္း သိထားၾကသည္။

" အရွင္မင္းႀကီး ဘာကိုမွ ေတြေဝမေနသင့္ေတာ့ပါ
ဧကရီက တကယ္ပဲ မေကာင္းဆိုးဝါး ျဖစ္ေနႏ္ုိင္ပါတယ္
နတ္ဆရာမႀကီးကို စစ္ေဆး ခြင့္ ေပးေစလိုပါတယ္ "

" ဟင္း ေကာင္းၿပီ ဧကရီေရာ နတ္ဆရာမႀကီးကိုပါ
ဆင့္ေခၚလိုက္ ကိုယ္ေတာ္ ကိုယ္တိုင္ အဆံုးအျဖတ္ေပးမယ္"

" အရွင္ေျပာေတာ့ ယူရီကို ဆံုးျဖတ္ခြင့္ေပးမယ္ဆို "

" ယူရီက ဆံုးျဖတ္ခ်င္တယ္ဆိုရင္ ျဖစ္ေစရမွာေပါ့ "

ရဲမက္ေတြက ဧကရီအေဆာင္ထဲ ဝုန္းဒိုင္းႀကဲ ဝင္လာၾကတာမို႔
ငါးစာေကြၽးေနတဲ့ ထယ္ေယာင္းဟာ အူေၾကာင္ေၾကာင္ေလး
ျဖစ္ေနရွာသည္။ မြန္းေလးက တားဆီးရန္ လုပ္ေပမယ့္
ကိုယ္ရံေတာ္ ဒုေခါင္းေဆာင္က ဦးေဆာင္လာသည္ ျဖစ္သည့္ အတြက္ ဘာမွမတတ္ႏိုင္ေပ။ ယုကလည္း မေန႔ကမွ
အေရးႀကီးကိစၥရွိသည္ဆိုကာ.. သူ႔ေနရပ္ကို ျပန္သြားခဲ့သည္။

" ဘာ.. ဘာျဖစ္ၾကလို႔လဲ "

" အရွင့္အမိန္႔နဲ႔ ဧကရီကို ဖမ္းဆီးရပါမယ္ ကြၽန္ေတာ္မ်ိဳးကို
ခြင့္ျပဳပါ "

" ဟမ္! "

ရဲမက္ေတြက အျပစ္သားေတြအတြက္ အသံုးျပဳသည့္ ႀကိဳးနီနဲ႔ ထယ္ေယာင္းကို ေနာက္ျပန္ႀကိဳးတုပ္လိုက္ၾကသည္။
ထို႔ေနာက္ ထယ္ေယာင္းအား တစ္ဖက္တစ္ခ်က္စီ ဆြဲေခၚကာ
ညီလာခံ ခန္းမဆီသို႔ အတင္း ေခၚေဆာင္ခဲ့ၾက၏။

ညီလာခံ ခန္းမထဲေရာက္သည္ႏွင့္ မ်က္လံုးေပါင္းမ်ားစြာကို
ရင္ဆိုင္လိုက္ရသည္။ နီက်င့္က်င့္ မ်က္ဝန္းတစ္စံုနဲ႔
ေဂ်ာင္ဂု ရဲ႕ အၾကည့္ေတြက အဆိုးဆံုးပါေပ။

ထယ္ေယာင္း၏ ဒေခါက္ေကြးကို ၾကမ္းတမ္းစြာ ကန္လိုက္ ေသာေၾကာင့္ ဒူးေထာက္ က်သြားရသည္။

" အရွင္.. ကြၽန္.. ေတာ္ ဘာအျပစ္မ်ား က်ဴးလြန္မိပါသလဲ"

" ဧကရီက မိစၧာတစ္ေကာင္တဲ့
ဟုတ္မဟုတ္ စစ္ေဆးဖို႔ အရွင္ကိုယ္တိုင္ ခြင့္ျပဳထားပါတယ္"

ဘတ္ယူရီ ေျပာစကားေၾကာင့္ ထယ္ေယာင္း
တုန္လႈပ္သြားရသည္။ ဘယ္လိုေၾကာင့္မ်ား သိသြားၾကသလဲ။
ေဂ်ာင္ဂုကို အကူအညီ ေတာင္းသလို သနားခံစြာ ၾကည့္မိေတာ့ စူးစူးရဲရဲ ျပန္လည္စိုက္ၾကည့္ခံရသည္ကလြဲ၍
ဘာမွ မတံု႔ျပန္ေခ်..။

" နတ္ဆရာမႀကီး ေရာက္ရွိလာပါၿပီ "

နတ္ဆရာမႀကီးဆိုသူ ဝင္ေရာက္လာေတာ့ ထယ္ေယာင္း
မိုးႀကိဳးပစ္ခ်ခံလိုက္ရသလိုပင္။

သူမ... သူမ
သူ႔ကို ရွာေတြ႔သြားခဲ့ၿပီ...။

သူ႔ဘဝရဲ႕ အိပ္မက္ဆိုးႀကီးကို ဖန္တီးခဲ့တဲ့ စုန္းမ။

ေၾကာက္စိတ္ဆိုတာထက္ လက္စားေခ်လိုစိတ္က ပိုမို
ျပင္းျပလို႔ေနသည္။ သို႔ေသာ္ သူ႔အေျခအေနက သူမ်ား
လက္ခုပ္ထဲက ေရအျဖစ္သာ...။

" အရွင္မင္းႀကီး သက္ေတာ္ရာေက်ာ္ရွည္ေစဖို႔ ဆုေတာင္းေပးပါတယ္ "

" နတ္ဆရာမႀကီး မေကာင္းဆိုးဝါးရဲ႕ အသြင္ကို အျမန္
အားလံုးသိရေအာင္ ေဖာ္ထုတ္လိုက္ပါေတာ့ "

ဘတ္ယူရီက စိတ္ေလာေနကာ အရွင္မဟြာ တစ္ျဖစ္လဲ
နတ္ဆရာမႀကီးအား တိုက္တြန္းေလသည္။

" ေျမေခြးမိစၧာရဲ႕ အသြင္မွန္ကို ေဖာ္ထုတ္ခ်င္ရင္
မွန္တစ္ခ်ပ္ကို ျမင္းေသြးနဲ႔ ေဆးေၾကာၿပီး ဂါထာအခ်ိဳ႕
ရြတ္ဆိုရပါတယ္ ေဖာ္ထုတ္ခံရမယ့္သူဟာ မိစၧာစစ္ရင္ေတာ့
မူရင္း မိစၧာအသြင္အတိုင္း မွန္မွာ ေပၚပါလိမ့္မယ္
လူသားစစ္စစ္သာဆိုရင္ေတာ့ ဘာထူးျခားခ်က္မွ ရွိမွာ
မဟုတ္ပါဘူး "

ထယ္ေယာင္း၏ မ်က္ႏွာဟာ စကၠဴစလို ျဖဴေဖ်ာ့လာခဲ့သည္။

သူ႔အသြင္အမွန္ကို အရွင္သိခဲ့ၿပီးသားေလ။
အရွင္ဘာေၾကာင့္ ဒီကိစၥကို မတားဆီးရသလဲ။

အရွင္တကယ္ပဲ စိတ္ရင္းအမွန္နဲ႔ သူ႔ကို မခ်စ္ေတာ့သည္လား။

ဒါမွမဟုတ္... သူထင္သလိုမဟုတ္ခဲ့ဘဲ
အရွင္နဲ႔ ေနထိုင္ခ်ိန္ တစ္ေလ်ွာက္လံုး သူ႔ကို ဟန္ေဆာင္ ဖံုးကြယ္ကာ ခ်စ္ျပခဲ့သည္လား။

ျဖစ္ခ်င္ရာသာ ျဖစ္ပါေစေတာ့။ ဒီထက္ပိုၿပီး မနာက်င္ႏိုင္ေတာ့လို႔ပါ....။

ခံစားခ်က္ ကင္းမဲ့ေနတဲ့ မိႈင္းျပျပ မ်က္ဝန္းတစ္စံုကို
အခ်ိန္အတန္ၾကာ စူးစိုက္ၾကည့္မိတဲ့ေနာက္ ေဂ်ာင္ဂုရဲ႕ ရင္ဘတ္တစ္ေနရာက အလြန္ စူးေအာင့္လာခဲ့သည္။

ဒါ ဘယ္လိုခံစားခ်က္မ်ိဳးပါလိမ့္...။

သူ႔အေရွ႕က လူသားကို သူနစ္နစ္နဲနဲ ခ်စ္ခဲ့ဖူးသလိုမ်ိဳး
ႏွလံုးသားက နာက်င္ေနရသည္။

" အာ့ "

ပိုမို ထိုးေအာင့္လာေသာ ႏွလံုးေၾကာင့္ အသံထြက္မိေတာ့
အားလံုးရဲ႕ အၾကည့္ေတြက ေဂ်ာင္ဂုထံ တစ္ဖန္ ျပန္ေရာက္လာခဲ့သည္။

" အရွင္မင္းႀကီး အဆင္ေျပရဲ႕လား ေရေႏြး အနည္းငယ္ ေသာက္လိုက္ပါေနာ္ "

ဘတ္ယူရီ ကမ္းေပးလာတဲ့ ေရေႏြးအား အျမန္ ေမာ့ခ်လိုက္သည့္အခါ နာက်င္မႈေတြ ေပ်ာက္ကြယ္သြားၿပီး
မိမိေရွ႕က ဒူးေထာက္လ်က္ရွိသည့္ လူသားကို မုန္းတီးစိတ္ေတြက အလုအယက္ တိုးဝင္လာခဲ့သည္။

" အဆင္ေျပတယ္ နတ္ဆရာမႀကီး အျမန္စေတာ့
ကိုယ္ေတာ္ အနားယူခ်င္ၿပီ "

ေဂ်ာင္ဂုအား နတ္ဆရာမႀကီးက အ႐ိုအေသေပးကာ
ျမင္းေသြးႏွင့္ ေဆးေၾကာထားေသာ မွန္အား သယ္ေဆာင္ လာရန္ အခ်က္ေပးလိုက္သည္။ လူတစ္ရပ္စာရွိသည့္
မွန္ႀကီးကို သယ္ေဆာင္လာသည္အား ညီလာခံရွိ လူတိုင္းက
ရင္တထိတ္ထိတ္ျဖင့္ ေစာင့္ၾကည့္ေနၾကသည္။

အဝတ္စျဖဴျဖင့္ ဖံုးအုပ္ထားေသာ မွန္ႀကီးအား ထယ္ေယာင္း၏ ေက်ာဘက္တြင္ ခ်ထားလိုက္၏ ။ ထိုမွသာ
မွန္ေပၚက ပံုရိပ္ေတြကို ေဂ်ာင္ဂုသာမက အားလံုး
ျမင္ရမည္ျဖစ္သည္။ ထယ္ေယာင္းကေတာ့ ေသမိန္႔က်ၿပီးသား လူတစ္ေယာက္လို မလႈပ္မယွက္ေနေလ၏။

" အဝတ္စကိုဖယ္လိုက္! "

နတ္ဆရာမႀကီး၏ စကားအဆံုး ရဲမက္တစ္ေယာက္က
မွန္ကို အုပ္ထားသည့္ အဝတ္စကို ဖယ္လိုက္ေလသည္။

" အား!!!!!!! မိစၧာ!!! "

မွန္ေပၚတြင္ ထင္ဟပ္ေနသည္မွာ လူသားတစ္ေယာက္၏
ေနာက္ေက်ာမဟုတ္ဘဲ အျဖဴစြတ္စြတ္ ေျမေခြး တစ္ေကာင္
၏ ခရမ္းေရာင္မ်ား ေရာယွက္ထားေသာ အၿမီွးကုိးေခ်ာင္းပါရွိသည့္ ေနာက္ေက်ာသာ ျဖစ္ေလသည္။

ေနာက္ဆံုးေတာ့ အားလံုး သိသြားခဲ့ၿပီ။

ထယ္ေယာင္း၏ ပါးျပင္ေပၚသို႔ မ်က္ရည္မ်ား ၿပိဳစင္းလာေတာ့သည္...။




<<<  အခ်စ္ကပူေလာင္ျခင္းဆိုရင္ အေလာင္ကြၽမ္းခံၿပီး
မိုက္႐ူးရဲဆန္ဆန္ တိုးဝင္ပစ္မိမယ္ >>>



To be continued.....

ဖိဘတ္ေတြလည္း ၾကာေလနည္းေလ မႀကိဳက္ၾကဘူးလား :"))





-----------------------------------------------------------


Unicode,

' ဧကရီက မြေခွေးမိစ္ဆာကောင်တဲ့ဟေ့
လပြည့် လကွယ်တိုင်းလည်း လူ့နှလုံးကို ထုတ်ပြီး စားလေ့ရှိတယ် ဆိုပဲ '

' ငါတို့ရဲ့ အမြော်အမြင်ကြီးမားလှတဲ့ ဧကရာဇ်ကိုယ်တိုင်က
သည်းသည်းလှုပ်သွားပြီး ဧကရီဘွဲ့ ချီးမြှင့်တဲ့အထိ
ဖြစ်သွားရတာ သူပြုစားလို့ပဲ ဖြစ်ရမယ် '

' ယောက်ျားပျိုတွေရဲ့ နှလုံးကိုပဲစားတာ တဲ့
အသက်က အနည်းဆုံး နှစ်ပေါင်းတစ်ထောင်လောက်ရှိပြီ
နုပျိုပြီး ချောမောနေအောင် တစ်လတစ်ခါတော့ စားပေးရတယ်တဲ့ '

နန်းမြို့တော်ထဲတွင် ထူးဆန်းသော သတင်းများက ရက်အနည်းငယ်အတွင်း လျင်လျင်မြန်မြန် ပျံ့နှံ့လာခဲ့သည်။ လူအများ စုဝေးရာ နေရာများတွင် ထိုအကြောင်းအရာကိုသာ တွင်တွင်ကျယ်ကျယ် ချဲ့ကားပြောဆိုနေကြရာ ညီလာခံအထိ
ဆွေးနွေးရလောက်သည့် အခြေအနေသို့ ရောက်ရှိ လာခဲ့သည်။ ဂျောင်ဂုသည် နဂါးဝတ်ရုံကို ဖရိုဖရဲ ဝတ်ဆင် ထားကာ ခေါင်းဆောင်းသရဖူနှင့် ဆံနွယ်များကို သေချာ စည်းနှောင်ထားခြင်း မရှိပေ။ ထို့အပြင် လက်ထဲတွင် သေရည် ပုလင်းကို ကိုင်ထားရင်း အမတ်များ လျှောက်တင်သည်ကို
ကြားတစ်ချက် မကြားတစ်ချက်။

" ဧကရီက မြေခွေးမိစ္ဆာတစ်ကောင် ဆိုတဲ့ သတင်းတွေကြောင့် ပြည်သူအများ စိုးရိမ်ပူပန်နေရပါတယ်
အထိရောက်ဆုံး ဖြေရှင်းပေးတော်မူပါ အရှင်မင်းကြီး "

အတွင်းဝန် ဘတ် ၏ လျှောက်တင်ချက်ကြောင့် ထိုလူ၏
သစ္စာခံ နောက်လိုက်များကပါ တညီတညွှတ်တည်း ထို အကြောင်းအရာကို ဖြေရှင်းပေးရန် လျှောက်တင်ကြသည်။
အခြားအမတ် များကလည်း နဂိုတည်းက အမျိုးသား ဧကရီကို သဘောမကျသည်မို့ အတွင်းဝန်ဘတ် နှင့် အတွေးချင်း
တူညီကြ၏။

" ခွမ်း! "

သေရည်ပုလင်းကို ပေါက်ခွဲလိုက်တာမို့ ပွက်လောရိုက်နေတဲ့ ညီလာခံကြီးဟာ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားတော့သည်။ ဂျောင်ဂုက မျက်ဝန်းတွေကို
မှိတ်ထားကာ နားထင်ကြောအား နှိပ်နယ်နေသည်။
အားလုံးက အိပ်ပျော်နေသည့် နဂါးကို မနှိုးဆွမိစေရန်
သတိထားလိုက်ကြသည်...။

" မိဖုရား ကြွရောက်လာကြောင်းပါ "

ဘတ်ယူရီသည် အချိန်ကိုက်ပင် ရောက်ရှိလာ၏။ သမီးဖြစ်သူကို မြင်လိုက်ရမှသာ အတွင်းဝန် ဘတ် ၏ မျက်နှာက သွေးရောင်ပြန်လွှမ်းလာတော့သည်။ သူမသည်သာ ဧကရာဇ်ကို ကိုင်တွယ်နိုင်မည့် တစ်ဦးတည်းသော သူ ဖြစ်သည်။ အရှင်ဂျွန် သည်းသည်းလှုပ် ခဲ့သည့် ဧကရီသည်ပင် အစွယ်ကျိုးသွားရလေပြီ..။

ဘတ်ယူရီကို မြင်တော့ ရာဇပလ္လင်ထက်မှ ဂျောင်ဂု ဟာ
အူယားဖားယား ပြေးလာပြီး သူမလက်ကိုဆွဲ၍ ပလ္လင်ထက်မှာ အတူထိုင်နေစေသည်။သခင်ပြန်အလာကို အမြီးယမ်းပြီး ပြေးကြိုသည့် ခွေးတစ်ကောင်လို ညီလာခံက မင်းမှုထမ်းတွေ
မျက်လုံးထဲမှာ အလွန်ရှက်ဖွယ်ကောင်းလှသည်။

" အရှင် ကျွန်တော်မျိုးမ အရေးကြီးသတင်းကို ညီလာခံမှာပဲ တင်ပြလိုပါတယ် "

" အင်း ယူရီလေးစိတ်ကြိုက် ပြောလို့ရတယ်
အမှုတွေကို ကူညီဆုံးဖြတ်ပေးမယ် ဆိုလည်းရတယ် "

" ကျွန်တော်မျိုးမ ဖိတ်ကြားထားတဲ့ နတ်ဆရာမကြီးက
နန်းတော်ထဲက မကောင်းဆိုးဝါးကို ရှာတွေ့ပြီးပါပြီ တကယ်ပဲ
အဲ့ဒီ မကောင်းဆိုးဝါးအငွေ့အသက်တွေက ဧကရီ အဆောင်က ထွက်ပေါ်လာတယ် အရှင့်ကို ကိုယ်တိုင်
စစ်ဆေးစေလိုကြောင်းပါ "

မိဖုရားဘတ်၏ စကားကြောင့် အမတ်တွေက ပို၍ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြတော့သည်။ မိဖုရားဘတ်က
တကယ်ပဲ နတ်ဆရာမကြီးကို မကောင်းဆိုးဝါးနှင်ရန်
ဖိတ်ခေါ်ထားမှန်း နန်းတော်ထဲကလူတိုင်း သိကြကာ
အလွန် ရိုသေစွာ ဆက်ဆံမှန်းလည်း သိထားကြသည်။

" အရှင်မင်းကြီး ဘာကိုမှ တွေဝေမနေသင့်တော့ပါ
ဧကရီက တကယ်ပဲ မကောင်းဆိုးဝါး ဖြစ်နေန်ိုင်ပါတယ်
နတ်ဆရာမကြီးကို စစ်ဆေး ခွင့် ပေးစေလိုပါတယ် "

" ဟင်း ကောင်းပြီ ဧကရီရော နတ်ဆရာမကြီးကိုပါ
ဆင့်ခေါ်လိုက် ကိုယ်တော် ကိုယ်တိုင် အဆုံးအဖြတ်ပေးမယ်"

" အရှင်ပြောတော့ ယူရီကို ဆုံးဖြတ်ခွင့်ပေးမယ်ဆို "

" ယူရီက ဆုံးဖြတ်ချင်တယ်ဆိုရင် ဖြစ်စေရမှာပေါ့ "

ရဲမက်တွေက ဧကရီအဆောင်ထဲ ဝုန်းဒိုင်းကြဲ ဝင်လာကြတာမို့
ငါးစာကျွေးနေတဲ့ ထယ်ယောင်းဟာ အူကြောင်ကြောင်လေး
ဖြစ်နေရှာသည်။ မွန်းလေးက တားဆီးရန် လုပ်ပေမယ့်
ကိုယ်ရံတော် ဒုခေါင်းဆောင်က ဦးဆောင်လာသည် ဖြစ်သည့် အတွက် ဘာမှမတတ်နိုင်ပေ။ ယုကလည်း မနေ့ကမှ
အရေးကြီးကိစ္စရှိသည်ဆိုကာ.. သူ့နေရပ်ကို ပြန်သွားခဲ့သည်။

" ဘာ.. ဘာဖြစ်ကြလို့လဲ "

" အရှင့်အမိန့်နဲ့ ဧကရီကို ဖမ်းဆီးရပါမယ် ကျွန်တော်မျိုးကို
ခွင့်ပြုပါ "

" ဟမ်! "

ရဲမက်တွေက အပြစ်သားတွေအတွက် အသုံးပြုသည့် ကြိုးနီနဲ့ ထယ်ယောင်းကို နောက်ပြန်ကြိုးတုပ်လိုက်ကြသည်။
ထို့နောက် ထယ်ယောင်းအား တစ်ဖက်တစ်ချက်စီ ဆွဲခေါ်ကာ
ညီလာခံ ခန်းမဆီသို့ အတင်း ခေါ်ဆောင်ခဲ့ကြ၏။

ညီလာခံ ခန်းမထဲရောက်သည်နှင့် မျက်လုံးပေါင်းများစွာကို
ရင်ဆိုင်လိုက်ရသည်။ နီကျင့်ကျင့် မျက်ဝန်းတစ်စုံနဲ့
ဂျောင်ဂု ရဲ့ အကြည့်တွေက အဆိုးဆုံးပါပေ။

ထယ်ယောင်း၏ ဒခေါက်ကွေးကို ကြမ်းတမ်းစွာ ကန်လိုက် သောကြောင့် ဒူးထောက် ကျသွားရသည်။

" အရှင်.. ကျွန်.. တော် ဘာအပြစ်များ ကျူးလွန်မိပါသလဲ"

" ဧကရီက မိစ္ဆာတစ်ကောင်တဲ့
ဟုတ်မဟုတ် စစ်ဆေးဖို့ အရှင်ကိုယ်တိုင် ခွင့်ပြုထားပါတယ်"

ဘတ်ယူရီ ပြောစကားကြောင့် ထယ်ယောင်း
တုန်လှုပ်သွားရသည်။ ဘယ်လိုကြောင့်များ သိသွားကြသလဲ။
ဂျောင်ဂုကို အကူအညီ တောင်းသလို သနားခံစွာ ကြည့်မိတော့ စူးစူးရဲရဲ ပြန်လည်စိုက်ကြည့်ခံရသည်ကလွဲ၍
ဘာမှ မတုံ့ပြန်ချေ..။

" နတ်ဆရာမကြီး ရောက်ရှိလာပါပြီ "

နတ်ဆရာမကြီးဆိုသူ ဝင်ရောက်လာတော့ ထယ်ယောင်း
မိုးကြိုးပစ်ချခံလိုက်ရသလိုပင်။

သူမ... သူမ
သူ့ကို ရှာတွေ့သွားခဲ့ပြီ...။

သူ့ဘဝရဲ့ အိပ်မက်ဆိုးကြီးကို ဖန်တီးခဲ့တဲ့ စုန်းမ။

ကြောက်စိတ်ဆိုတာထက် လက်စားချေလိုစိတ်က ပိုမို
ပြင်းပြလို့နေသည်။ သို့သော် သူ့အခြေအနေက သူများ
လက်ခုပ်ထဲက ရေအဖြစ်သာ...။

" အရှင်မင်းကြီး သက်တော်ရာကျော်ရှည်စေဖို့ ဆုတောင်းပေးပါတယ် "

" နတ်ဆရာမကြီး မကောင်းဆိုးဝါးရဲ့ အသွင်ကို အမြန်
အားလုံးသိရအောင် ဖော်ထုတ်လိုက်ပါတော့ "

ဘတ်ယူရီက စိတ်လောနေကာ အရှင်မဟွာ တစ်ဖြစ်လဲ
နတ်ဆရာမကြီးအား တိုက်တွန်းလေသည်။

" မြေခွေးမိစ္ဆာရဲ့ အသွင်မှန်ကို ဖော်ထုတ်ချင်ရင်
မှန်တစ်ချပ်ကို မြင်းသွေးနဲ့ ဆေးကြောပြီး ဂါထာအချို့
ရွတ်ဆိုရပါတယ် ဖော်ထုတ်ခံရမယ့်သူဟာ မိစ္ဆာစစ်ရင်တော့
မူရင်း မိစ္ဆာအသွင်အတိုင်း မှန်မှာ ပေါ်ပါလိမ့်မယ်
လူသားစစ်စစ်သာဆိုရင်တော့ ဘာထူးခြားချက်မှ ရှိမှာ
မဟုတ်ပါဘူး "

ထယ်ယောင်း၏ မျက်နှာဟာ စက္ကူစလို ဖြူဖျော့လာခဲ့သည်။

သူ့အသွင်အမှန်ကို အရှင်သိခဲ့ပြီးသားလေ။
အရှင်ဘာကြောင့် ဒီကိစ္စကို မတားဆီးရသလဲ။

အရှင်တကယ်ပဲ စိတ်ရင်းအမှန်နဲ့ သူ့ကို မချစ်တော့သည်လား။

ဒါမှမဟုတ်... သူထင်သလိုမဟုတ်ခဲ့ဘဲ
အရှင်နဲ့ နေထိုင်ချိန် တစ်လျှောက်လုံး သူ့ကို ဟန်ဆောင် ဖုံးကွယ်ကာ ချစ်ပြခဲ့သည်လား။

ဖြစ်ချင်ရာသာ ဖြစ်ပါစေတော့။ ဒီထက်ပိုပြီး မနာကျင်နိုင်တော့လို့ပါ....။

ခံစားချက် ကင်းမဲ့နေတဲ့ မှိုင်းပြပြ မျက်ဝန်းတစ်စုံကို
အချိန်အတန်ကြာ စူးစိုက်ကြည့်မိတဲ့နောက် ဂျောင်ဂုရဲ့ ရင်ဘတ်တစ်နေရာက အလွန် စူးအောင့်လာခဲ့သည်။

ဒါ ဘယ်လိုခံစားချက်မျိုးပါလိမ့်...။

သူ့အရှေ့က လူသားကို သူနစ်နစ်နဲနဲ ချစ်ခဲ့ဖူးသလိုမျိုး
နှလုံးသားက နာကျင်နေရသည်။

" အာ့ "

ပိုမို ထိုးအောင့်လာသော နှလုံးကြောင့် အသံထွက်မိတော့
အားလုံးရဲ့ အကြည့်တွေက ဂျောင်ဂုထံ တစ်ဖန် ပြန်ရောက်လာခဲ့သည်။

" အရှင်မင်းကြီး အဆင်ပြေရဲ့လား ရေနွေး အနည်းငယ် သောက်လိုက်ပါနော် "

ဘတ်ယူရီ ကမ်းပေးလာတဲ့ ရေနွေးအား အမြန် မော့ချလိုက်သည့်အခါ နာကျင်မှုတွေ ပျောက်ကွယ်သွားပြီး
မိမိရှေ့က ဒူးထောက်လျက်ရှိသည့် လူသားကို မုန်းတီးစိတ်တွေက အလုအယက် တိုးဝင်လာခဲ့သည်။

" အဆင်ပြေတယ် နတ်ဆရာမကြီး အမြန်စတော့
ကိုယ်တော် အနားယူချင်ပြီ "

ဂျောင်ဂုအား နတ်ဆရာမကြီးက အရိုအသေပေးကာ
မြင်းသွေးနှင့် ဆေးကြောထားသော မှန်အား သယ်ဆောင် လာရန် အချက်ပေးလိုက်သည်။ လူတစ်ရပ်စာရှိသည့်
မှန်ကြီးကို သယ်ဆောင်လာသည်အား ညီလာခံရှိ လူတိုင်းက
ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေကြသည်။

အဝတ်စဖြူဖြင့် ဖုံးအုပ်ထားသော မှန်ကြီးအား ထယ်ယောင်း၏ ကျောဘက်တွင် ချထားလိုက်၏ ။ ထိုမှသာ
မှန်ပေါ်က ပုံရိပ်တွေကို ဂျောင်ဂုသာမက အားလုံး
မြင်ရမည်ဖြစ်သည်။ ထယ်ယောင်းကတော့ သေမိန့်ကျပြီးသား လူတစ်ယောက်လို မလှုပ်မယှက်နေလေ၏။

" အဝတ်စကိုဖယ်လိုက်! "

နတ်ဆရာမကြီး၏ စကားအဆုံး ရဲမက်တစ်ယောက်က
မှန်ကို အုပ်ထားသည့် အဝတ်စကို ဖယ်လိုက်လေသည်။

" အား!!!!!!! မိစ္ဆာ!!! "

မှန်ပေါ်တွင် ထင်ဟပ်နေသည်မှာ လူသားတစ်ယောက်၏
နောက်ကျောမဟုတ်ဘဲ အဖြူစွတ်စွတ် မြေခွေး တစ်ကောင်
၏ ခရမ်းရောင်များ ရောယှက်ထားသော အမြှီးကိုးချောင်းပါရှိသည့် နောက်ကျောသာ ဖြစ်လေသည်။

နောက်ဆုံးတော့ အားလုံး သိသွားခဲ့ပြီ။

ထယ်ယောင်း၏ ပါးပြင်ပေါ်သို့ မျက်ရည်များ ပြိုစင်းလာတော့သည်...။




<<<  အချစ်ကပူလောင်ခြင်းဆိုရင် အလောင်ကျွမ်းခံပြီး
မိုက်ရူးရဲဆန်ဆန် တိုးဝင်ပစ်မိမယ် >>>



To be continued.....

ဖိဘတ်တွေလည်း ကြာလေနည်းလေ မကြိုက်ကြဘူးလား :"))


Продовжити читання

Вам також сподобається

FETTER Від kyallay

Фанфіки

124K 11.4K 30
Kim Tae Hyung Jeon Jung Kook TAEKOK x VKOOK Start - 23/Jun/2019
1M 35.5K 19
Taehyung sells his body for money Jungkook finds the place Taehyung works at and finds interest in it He trys with other workers but only Taehyung ca...
79K 10.5K 39
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
Alcoholic Jeon Від Hiatus

Романтика

114K 5.6K 12
Seme / Seme အဖန္တစ္ရာလဲလဲ အနိုင္ယူအကဲစမ္းခဲ့ဖူးတဲ့ငါက မင္းအေသြးသားမွာ ပထမဆံုးက်ရံႈးခဲ့မိတယ္ မင္းသိတယ္မလား...? Alcoholicနဲ႕တူေသာငါရဲ႕ Jeon...? Kim...