๐”น๐•ƒ๐”ธโ„‚๐•‚ ๐•ƒ๐•†๐•‹๐•Œ๐•Š | แ€กแ€”แ€€แ€บแ€›แ€ฑ...

By BAE__YUNA

91K 6.7K 501

โœ“ ๐”๐ง๐ข๐œ๐จ๐๐ž ๐Ž๐ง๐ฅ๐ฒ ๐“๐š๐ž๐ก๐ฒ๐ฎ๐ง๐  ๐Ÿ”บ ร— ๐‰๐ฎ๐ง๐ ๐ค๐จ๐จ๐ค ๐Ÿ”ป [ ๐’๐ญ๐š๐ซ๐ญ ๐๐š๐ญ๐ž - ๐€๐ฉ๐ซ๐ข๐ฅ ๐Ÿ๐Ÿ,๏ฟฝ... More

แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แˆ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‰)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ€)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ‡)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแˆ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ‰)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ€)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ‡) + แ€‡แ€แ€บแ€žแ€ญแ€™แ€บแ€ธ
( แ€แ€ฑแ€ฌแ€„แ€บแ€ธแ€•แ€”แ€บแ€แ€ผแ€„แ€บแ€ธ )
1.( แ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธแ€žแ€…แ€นแ€…แ€ฌแ€แ€ญแ€ฏแ€ท แ€แ€ญแ€ฏแ€„แ€บแ€™แ€ผแ€ฒแ€…แ€ฑแ€žแ€ฌแ€ธ )
2โ€ข(แ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธแ€žแ€…แ€นแ€…แ€ฌแ€แ€ญแ€ฏแ€ท แ€แ€ญแ€ฏแ€„แ€บแ€™แ€ผแ€ฒแ€…แ€ฑแ€žแ€ฌแ€ธ)

แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‡)

2.2K 205 7
By BAE__YUNA






" ဆေးထည့်ပြီးပတ်တီးစီးပေးထားခဲ့တယ် ။ အခုတော့အိပ်ပျော်သွားလို့ နိုးလာရင်တစ်ခုခုကျွေးပြီးဆေးတိုတ်လိုက်ပါ !"

" ဟုတ်ကဲ့ ဟျောင်းး ။ ကျနော်လိုက်ပို့ရမလား ?"

" ဟင့်အင်း သူ့ကိုပဲစောင့်ကြည့်နေပါ ။ ဟျောင်းးအိမ်ရောက်ရင်စာပို့လိုက်မယ် "

" ဟုတ် !!'

ပွန်းပဲ့သွားသည့်ခြေထောက်ဒဏ်ရာတို့အားဆေးထည့်ပေးကာပတ်တီးစီးပေးခဲ့၏။ကောင်ငယ်လေးထိုကဲ့သို့အသေအချာအိပ်ပျော်သွားအောင်မည်ကဲ့သို့ချော့မော့ခဲ့ရသည်မှာJiminပင်အသိဆုံးဖြစ်ပါလိမ့်မည်။

ခြေထောက်ဒဏ်ရာများနဲ့ကောင်ငယ်လေးကိုဂုန်းပိုးကာအိမ်သို့ခေါ်လာပြီး အငိုမရပ်ပါပဲ"ကျနော်ကအစထဲကရှုံးနေပြီးသား"ဟုသည့်စကားကိုအပ်ကြောင်းထပ်အောင်ပြောနေခဲ့၏။မည်သူ့ကိုမှခံစားချက်မပါပဲမိန်းကလေးများကိုအပျော်တွဲပြီးဖြတ်သန်းခဲ့သည့်လူသားလေးက ယခုတော့တဖက်သတ်အချစ်ကြောင့်အလူးအလဲခံစားရနေပြီဖြစ်သည်။

ဤသည်က၀၌ကြွေးဟုဆိုရမလား ...

တဖတ်သက်အချစ်မှာကပ်ပါလာတဲ့ပင်ပန်းမှုတွေ ၊ နာကြင်မှုတွေဟာရင်ထဲပြည့်နှပ်ပြီးရင်၀သို့တဖြေးဖြေးရောက်ရှိလာတဲ့အခါ ၀မ်းနည်းမှုကိုမြိုသိပ်မထားနိုင်တော့ပဲ မျက်ရည်ကြည်အချစ်အဖြစ်ပြောင်းလဲကြတယ်။ရှိုက်ကြီးတငင်ငိုချမိလိုက်သည့်အခါမှာတော့ ၀မ်းနည်းမှုဟာမဆိုသလောက်လျော့ပါသွားရ၏။

ဤသည်က၀မ်းနည်းကြေကွဲခြင်းဖြစ်၏။

အခန်းငယ်ထဲမှကောင်ငယ်လေးတယောက်ဟာ ကုတင်အထတ်‌တွင်ဒူးကိုပိုက်၍ထိုင်နေပြီး လက်မမှလက်သည်းကိုအသံထွက်သည်အထိကိုက်ဆွဲနေသည်။မျက်၀န်းမှမျက်ရည်ကြည်ပူပူနွေးနွေးတိုဟာပါးပေါ်မှတစ်ဆင့်‌လိမ့်ဆင်းလာပြီးလည်ပင်းသားတွေမှာအရွဲသားဖြစ်နေ၏။

လေတိုးဝှေ့တိုင်းတလှပ်လှပ်လွှင့်နေသည့်လိုက်ကာစအမဲရောင်နှင့် လေထုအေးအေးကသာအဖော်အဖြစ်ရှိနေသည်။ငိုလွန်းအားကြီး၍ရှိုက်သံတွေဟာအခန်းထဲပဲ့တင်သံထပ်လာသည်။ဒူးကိုပိုက်ထားသည့်လက်များကိုဖြည်ချပြီးစောင်အဖြူဖွေးဖွေးတို့ကိုလက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ပြီး ထိုင်လျက်အနေထားနှင့်ကိုယ်ကိုကိုင်းကာမျက်နှာအပ်လိုက်သည်။

" အားးးးး ....... !!!"

ရင်တွင်းမှ၀မ်းနည်းမှုကို လည်ပင်းမှအကြောမျှင်များပါထောက်လာသည်အထိအာခေါင်ခြစ်ကာအော်ဟစ်ပြီးငိုမိသည်။တဖတ်သက်အချစ်မှရလာသည့်ဒဏ်ရာဟာအလွန်တရာပြင်းထန်လွန်း၍ဖြည်ဆန်နိုင်နိုင်စရာတစ်စုံတစ်ခုတောင်မရှိခဲ့ချေ။

နာကြင်မှုဒဏ်ရာကစလို့ ခြေထောက်ဒဏ်ရာသေးသေးလေးအထိ အကုန်လုံးကိုပြန်ပြောချင်ခဲ့တာ။

ဘယ်လောက်ထိငိုခဲ့ရပြီး ဘယ်လောက်ထိပေးဆပ်ခဲ့ရလဲဆိုတာအကုန်လုံးကိုပြောပြချင်ခဲ့တာ။

ဘယ်လောက်ချစ်ခဲ့ရပြီး ဘယ်လောက်ထိနာကြင်ခဲ့ရလဲဆိုတာအကုန်လုံးကိုပြောပြချင်ခဲ့တာ။

နာကြင်ခြင်းမျက်၀န်းတစုံနဲ့ထိုလူသားကိုငေးကြည့်နေခဲ့လည်း ထိုလူသာကတော့သူ့အပိုင်မိန်းမလှလေးကိုနူးနူးညံ့ညံ့နဲ့ချစ်ပြနေခဲ့၏။

ရင်ကိုခွဲပြီးနာကြင်အောင်လုပ်နိုင်သည့်
ထိုလူသားဟာ"ဗီလိန်မဟုတ်ပဲ ကျနော့်ဇတ်လမ်းရဲ့ဇာတ်လိုက်"

ဖြစ်နေခဲ့ပြီး

"ကျနော်ကတော့ဇာတ်လိုက်မဟုတ်ပဲသူ့ဇတ်လမ်းရဲ့ဗီလိန်" ဖြစ်နေခဲ့ပါ၏။

~•~

" Jungkook ah !!"

ကြားနေကျဖြစ်သည့်ရင်နှီးလွန်းအသံခပ်စူးစူးဟာနားထဲသို့တိုး၀င်လာခဲ့သည်။မိုးလင်းခါနီးမှအိပ်ပျော်သွားသည်ဖြစ်သောကြောင့် ဖွင့်မရသည့်မျက်၀န်းတို့ကိုအားယူကာဆွဲဖွင့်လိုက်၏။

ထိုအခါမှကုတင်ဘေးတွေင်ရပ်နေသည့်အကိုဖြစ်သူကိုမြင်လိုက်ရသည်။

" ဘာလို့လာနှိုးတားလဲ ? ကျနော်ဒီနေ့ကျောင်းမသွားဘူး "

" မဟုတ်ဘူး အောက်မှာဒေါက်တာချွဲလွှတ်လိုက်တဲ့ဆရာ၀န်ရောက်နေတယ် ။ ပြင်ဆင်ပြီးဆင်းလာခဲ့ "

ထိုကဲ့သို့ပြောပြီး အကိုဖြစ်သူဟာအောက်ထပ်၌ကျန်ခဲ့သည့်ဆရာ၀န်ဆီသို့သွားရန် ထွက်သွားခဲ့သည်။

အသိမပေးပါပဲရောက်ချလာသည့်ဆရာ၀န်ဆိုသူကြောင့်စိတ်ရှုတ်သွားရသည်။နှလုံးအစားထိုခြင်းကိုအကြိမ်ကြိမ်ငြင်းခဲ့သော်လည်း လပ်မလျှော့သည့်ဒေါက်တာချွဲဟာယခုလည်းအနီးကပ်စောင့်ကြည့်ဖို့အတွက်ဆရာ၀န်လွှတ်ခဲ့သည်ကို Jungkookတန်းသိလိုက်ပါသည်။

ရေချိုးပြင်ဆင်ပြီးအောက်ထပ်သို့ဆင်းလာသည့်အခါဧည့်ခန်းထဲတွင် အကိုဖြစ်သူနှင့်စကားပြောနေသည့်ဆရာ၀န်ဖြစ်သူကိုနောက်ကျောမှမြင်လိုက်ရသည်။ယောကျာ်းတစ်ဦးဖြစ်သည်။ပခုံးကျယ်ကျယ် ၊ ဆံနွယ်ညိုညိုတို့ကနောက်ကျောမှမြင်ရသည်တောင်အလွန်မှ‌ကြည့်ကောင်းနေ၏။

" Jungkook ! လာလေ "

ဧည့်ခန်း၀တွင်ရပ်ပြီးကြည့်နေသည့်Jungkookကို Minhyuckမှလှမ်းခေါ်လိုက်သည်။ထိုအခါမှဆရာ၀န်ဖြစ်သူကပါလှည့်ကြည့်လို့လာခဲ့၏။ဆိုဖာတွင်၀င်ထိုင်ပြီးသည့်အခါအကြည့်လျက်ဖြစ်သွားသောကြောင့် ထိုဆရာ၀န်မှအနူးညံ့ဆုံးပြုံးပြလာသည်။

နို့နှစ်လိုဖြူဖွေးလွန်းပြီးအပြုံးနုနှင့်အလွန်တရာလိုက်ဖတ်လွန်းနေသည့်လူသားတယောက်ပင်။

" တွေ့ရတာ၀မ်းသာပါတယ် ။ ကိုယ်ကဒေါက်တာချွဲလွှဲပြောင်းပေးတဲ့ မင်းအတွက်နှလုံးအထူးကုMin Yoongiပါ "

" ဟုတ် ! ကျနော်ကJeon Jungkookပါ "

" ကိုယ်ကမင်းရဲ့နှလုံးကိုတပက်တခါစစ်ဆေးပေးပြီးMedical Checkupလုပ်ရမှာ ။ ပြီးတော့နှလုံးအစားထို့ဖို့အတွက် ........ "

" ကျနော်အဲ့ကိစ္စကိုငြင်းပါရစေ !"

" အကြောင်းပြချက်က ..... ?"

အလျှင်အမြန်ကြားဖြတ်၀င်ပြောလိုက်ပြီး ဆရာ၀န်ဖြစ်သူ၏အမေးမှာကောင်ငယ်လေး၏ပြောစရာစကားဟာနှုတ်ဖျားမှာတင်ပျောက်ကွယ်သွားရ၏။သူ၏အဖြေကိုအကိုဖြစ်သူကပါစိတ်၀င်တစားစောင့်ကြည့်နေသည်မို့အနေခတ်သွားရသည်ကအမှန်ပင်။

" ဒီအတိုင်းကျနော်လက်မခံချင်လို့ "

" အေးဆေးစကားပြောကြပေါ့ ။ ကျနော်လည်းဆေးရုံသွားစရာရှိလို့ခွင့်ပြုပါအုံး !"

ညီဖြစ်သူ၏အရင်လိုခေါင်းမာလျက်အဖြေကြောင့်စိတ်ပျက်ကာထွက်သွားခဲ့သည်။မျက်နှာအထက်‌တွင်တော့မျှော်လင့်ချက်မဲ့သည့်အမူအရာကအပြည့်ဖြစ်လို့ရယ်။

သွေးသားအရင်မဟုတ်ပေမဲ့လို့သွေးသားအရင်နှင့်မခြားညီဖြစ်သူကိုချစ်ခဲ့ပါသော်လည်း တန်ပြန်ရခဲ့သည်ကအမုန်းတချို့ပင်။တဦးတည်းသောသားဖြစ်ခဲ့သည်မို့ ရုတ်တရက်အခြေအနေအရမိဘကဖြစ်သူတို့မွေးစားလိုက်သည့်အကိုဖြစ်သူကိုအလွန်တရာမုန်းတီးနေခဲ့ခြင်းပင်။အမှန်တကယ်မှာတော့ ကလေးဆိုး ဆိုးနေသည်ကိုအကိုဖြစ်သူကောင်းကောင်းသဘောပေါက်ပါသည်။

" Okလေ ! လောလောဆယ်အဲ့ကိစ္စကိုမပြောကြသေးပဲ ကိုယ်နဲ့ရင်းနှီးအောင်အရင်နေကြမလား ?"

" ခင်များကဒီအိမ်မှာနေမှာမို့လားလား ?"

" မဟုတ်ပါဘူးကွာ ! ကိုယ်ကတပက်နှစ်ရက်လောက်ပဲလာမှာ "

" အဲ့ဒါဆိုရင်နှီးစရာမှမလိုတာ !"

" မင်းလေးကတကယ့်အစွာလေးပါလား ။ ဟုတ်ပါပြီ ကိုယ်ဒီဆေးတွေပေးခဲ့ပြီး၃ရက်နေရင်ကိုယ်ပြန်လာမယ် "

" ခင်များကM GroupကCEO_Minရဲ့သားမှတ်လား ?"

ပါးနပ်လွန်းသည့်Jungkook၏ဉာဏ်အတိမ်အနတ်ဟာလူသားတယောက်ကိုအလွယ်လေးအကဲခတ်နိုင်သည်။လက်ဆွဲအိတ်ကောက်ယူပြီးသွားတော့မည့်ထိုလူ၏ပြင်ဆင်မှုဟာတုံ့ခနဲရပ်တန့်သွားသည်ကိုJungkookမြင်ဖြစ်အောင်မြင်လိုက်သည်။ကောင်လေး၏အမေးဟာအဲ့သည့်လောက်အထိတဖတ်လူကိုရုပ်ချည်းပြောင်းလဲသွားစေခဲ့သည်။ပြောင်းလဲသွားသည့်မျက်၀န်းနှင့်ထိုလူသားကကောင်လေးကိုလှည့်ကြလာပြီ ...

" မင်းကလူအကဲအခတ်မြန်သားပဲ !"

" Jeon Minhyuckကကျနော့်လိုမဟုတ်တော့ခင်များကိုအလွယ်တကူနဲ့မမှတ်မိနိုင်ဘူးလေ ။ ပြောကြည့်ပါအုံး ဘာအတွက်ကျနော့်အနားရောက်လာတာလဲ ?"

" အများကြီးမဟုတ်ပါဘူး Kim Naeunကိုလိုချင်တာ "

နားထဲသို့တလုံးချင်းစီ၀င်လာသည့်ထိုလူ၏စကားတွေဟာယုံချင်စဖွယ်မရှိ။Kim Taehyungရွေးချယ်ထားသည့်လက်တွဲဖော်ကိုအလောင်းကစားတခုနှင့်တွဲဖတ်ကြားရလိမ့်မည်လို့တခါမျှမတွေးဖူးခဲ့၍နှုတ်ခမ်းပါးတို့ပွင့်ဟကုန်သည်အထိစွံ့အမိသည်။ထင်ထားတာထက်အများကြီးစိတ်ထားဖြူစင်သည့်သူမကိုအဘယ်ကြောင့်များဆိုသည့်မေးခွန်းများကခေါင်းထဲ‌ပြည့်နှပ်သွားရ၏။

" ဘာလို့ သူမကိုလဲ ?"

" အေးဆေးပေါ့ မင်းနဲ့ကိုယ်ကထပ်ဆုံရအုံးမှာပဲကို ။ အခုတော့ကိုယ်သွားပြီ "

" ခင်များ ........ "

တားဆီးချိန်တောင်မရလိုက်ပါပဲထိုလူထွက်သွားခဲ့ပြီဖြစ်သည်။နားမလည်မှုပေါင်းများစွာနှင့်ကျန်ခဲ့သည့်ကောင်လေးဟာအတွေးပေါင်းများစွာနှင့်အလုပ်ရှုပ်နေခဲ့၏။မည်သို့ပဲတွေးပါစေ ဖြူစင်လွန်းသည့်‌ထိုမိန်းမလှလေးကMin Yoongiဆိုသူ၏လူသားနှင့်အဘယ်ကြောင့်ပက်သက်ခဲ့သည်ကိုစဉ်းစားမရခဲ့ချေ။

ထိုလူသားပက်သတ်မှုကိုရုန်းထွက်ဖို့ကြိုးစားမိရုံရှိသေးသည် ထပ်မံပတ်သက်ဖို့အတွက်အကြောင်းဖန်လာပြန်၏။မတွေးဝံ့စရာအခြေအနေတွေကိုလျစ်လျူရှုထားရင်း ရင်လေးစရာအနာဂတ်ကိုတွေးမိရုံနှင့် နှလုံးသားကနာကြင်လာရသည်။

နာကြင်ဖို့အတွက်ဒဏ်ရာမလုံလောက်ဘူးထင်ပါရဲ့ ... သွေးထွက်နေတဲ့နှလုံးသားတစုံကိုသွေးတိတ်အောင်လုပ်ပြီး အထပ်ထပ်ကျရောက်လာမယ့်ဒဏ်ရာတွေကို စောင့်ဆိုင်းနေရုံမှအပ ။

~•~

" စောင့်နေရတာကြာသွားပြီလား ? မီယားနဲ "

လူအများဆိုဂျူသောက်နေကြသည့်ဆိုင်လေးထဲတွင်ထောင့်တနေရာ၌စောင့်ဆိုင်းနေသူဆီအပြေးအလွှားရောက်လာရင်းကောင်လေးကဆိုလာသည်။‌စောင့်နေရတာအဆင်ပြေသည်ဆိုသည့်သဘောဖြင့်ထိုလူသားကနှုတ်ခမ်းတွေကွေးညွှတ်သည်အထိပြုံးပြလာ၏။

" တယောက်ထဲလား နာအွန်းနူနားရော ?"

ခါတိုင်းထက်ထူးဆန်းစွာထိုလူသားမျက်နှာညှိုးငယ်နေပြီးတယောက်ထဲဖြစ်နေသည်မို့အနည်းငယ်တော့ဘ၀င်မကျဖြစ်မိသည်။တဖက်သက်အချစ်ဆိုတာထိုအရာပါလား။ချစ်ရသူကသူရဲ့ချစ်သူနဲ့အတူရှိမနေပြန်တော့လည်းစိတ်ထဲခံစားချက်မကောင်းဖြစ်ရသည်။

" သူညဂျူတီကျနေလို့ကိုယ်တယောက်ထဲပဲ !"

" အော် ! ဘာလို့ဆိုဂျူးတွေသောက်နေတာလဲ စိတ်ညစ်စရာရှိလို့လား ?"

" အင်း သူနဲ့ကိုယ်ရန်ဖြစ်ခဲ့ကြတယ် "

မျက်နှာလေးညှိုးငယ်စွာပြောပြလာသည့်ထိုလူသား၏မျက်နှာငယ်ကြောင့်စိတ်မကောင်းဖြစ်သွားရသည်။ဒါဟာကိုယ်ချင်းစာတရားဖြစ်၏။ကိုယ်တောင်သူ့ကြောင့်အလူးအလဲခံစားရရင်အသည်းခိုက်အောင်နာကြင်ရတာ ထိုလူသားလည်းသူ့ချစ်သူကြောင့်ခံစားရရင်မည်သိုလောက်နာကြင်ရမည်နည်း။

နာနာကြင်ကြင်နဲ့နှစ်သိမ့်ဖို့အတွက်ထိုလူသားအားမေးခွန်းထုပ်သည်။

" ဘယ်လိုတွေဖြစ်ကြလို့လဲ ?"

" အခုတလောသူကိုယ့်ကိုရှောင်နေလို့မေးမိတော့ ပြောရင်းရန်ဖြစ်ခဲ့ကြတာ ။ ကိုယ်သူ့ကိုအော်လိုက်မိတယ် "

" ပြန်ချော့လိုက်ရင်အဆင်ပြေသွားမှာ ။ လက်ဆောင်၀ယ်ပေးပြီးချော့လိုက်လေ "

ရယ်စရာကောင်လွန်းနေခဲ့သည့်။
မနေ့ညကမှအလူးအလဲအော်ဟစ်ငိုယိုကာကြေကွဲခဲ့သည့်ကောင်လေးက အခုချစ်ရသူရဲ့အချစ်ရေးအဆင်ပြေဖို့အတွက်အကြံဉာဏ်ပေးနေသည်တဲ့။

"ကိုယ်တိုင်ခံစားရမှအဲ့ဒီ့ခံစားချက်ကိုသိမယ်"ဆိုတဲ့စကားစုဟာထိုကောင်လေးအတွက်လား။နာကြင်ခဲ့ရသလိုချစ်ရသူမနာကြင်စေဖို့အတွက်ပြုမူနေသည့်ထိုကောင်လေးအတွက်တန်ပြန်မေတ္တာတောင်ပြန်မရနိုင်တော့ဘူးလား။

ပေးဆပ်မှုသီးသန့်ချည်းပဲဆိုလျှင် ... ကောင်ငယ်လေးအတွက်ရင်ကွဲစရာအဆုံးသက်ကစောင့်ကြိုနေပါလိမ့်မည်။

" အဲ့လို့လား ? အဲ့ဒါဆိုကိုယ့်ကိုကမ်းနားညဈေးတန်းကိုပို့ပေးပါလား "

သူ၏အကြံဉာဏ်ကြောင့်၀င်းလတ်သွားထိုလူသား၏မျက်နှာငယ်ကိုရင်နာနာနှင့်ပြုံးကာကြည့်မိသည်။စကားတခွန်းနှင့်ထိုလူသားကိုပြုံးရွှင်အောင်လုပ်နိုင်သည့်ကောင်ငယ်လေးရယ်ပါ။

" အင်း လိုက်ပို့ပေးမယ် "

အလျှင်အမြန်ပိုက်ဆံရှင်းကာသွားဖို့ပြင်နေသည့်လူသားအားငေးကြည့်‌ရင်းကောင်ငယ်လေး၏မျက်၀န်းမှမျက်ရည်ကြည်ရစ်သိုင်းလာခဲ့သည်။ကြလုဆဲဆဲဖြစ်သွားသည့်အခါမျက်တောင်ပုတ်ခက်ပြီးအသက်ပြင်းပြင်းတစ်ချက်ရှုရှိုက်လိုက်၏။လက်ရှည်ရှပ်အကျီ၀တ်ထားသဘ်မို့ လက်ကောက်၀တ်နားကအကျီစနှင့်မျက်၀န်းကိုအသာဖိသုပ်လိုက်ပြီးထိုလူသားအနောက်သို့လိုက်ရပြန်သည်။

လုပ်ချင်တိုင်းသာလုပ်ခွင့်ရလျှင် အ‌ရှေ့မှထွက်သွသူကျော်ပြင်ငယ်ကိုပြေးဖတ်ပြီးငိုချမိမှာအသေအချာပင် ...

♥ BLACK LOTUS ♥

@leeyunar (June 2,2021)
#Noona

Note ::

မနတ်ထဲကupမလို့ပျက်သွားလို့ပြန်ရေးလိုက်ရတာ:'(
အီမိုရှင်းဖြစ်မဖြစ်တော့မသိဘူး။ဒီမှာတော့ငိုရင်းရေးတာ(^^)



























Continue Reading

You'll Also Like

7K 202 9
[Completed] Book 2: Paradise Now that Harley and Harith got married they are going to experience obstacles like in any relationship. Will they stay t...
122K 2K 36
In The Final Season Of Trollstopia, The Trolls Will Learn How Much Each Means To Each Other Through Rescue Missions, Holidays Of Love, And Rememberin...
138K 6.8K 34
Warning ๐Ÿ–ค Started date:February 14,2023. Ended date:July 26,2023.