๐”น๐•ƒ๐”ธโ„‚๐•‚ ๐•ƒ๐•†๐•‹๐•Œ๐•Š | แ€กแ€”แ€€แ€บแ€›แ€ฑ...

By BAE__YUNA

91K 6.7K 501

โœ“ ๐”๐ง๐ข๐œ๐จ๐๐ž ๐Ž๐ง๐ฅ๐ฒ ๐“๐š๐ž๐ก๐ฒ๐ฎ๐ง๐  ๐Ÿ”บ ร— ๐‰๐ฎ๐ง๐ ๐ค๐จ๐จ๐ค ๐Ÿ”ป [ ๐’๐ญ๐š๐ซ๐ญ ๐๐š๐ญ๐ž - ๐€๐ฉ๐ซ๐ข๐ฅ ๐Ÿ๐Ÿ,๏ฟฝ... More

แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‡)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แˆ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‰)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ€)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ‡)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแˆ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ‰)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ€)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ‡) + แ€‡แ€แ€บแ€žแ€ญแ€™แ€บแ€ธ
( แ€แ€ฑแ€ฌแ€„แ€บแ€ธแ€•แ€”แ€บแ€แ€ผแ€„แ€บแ€ธ )
1.( แ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธแ€žแ€…แ€นแ€…แ€ฌแ€แ€ญแ€ฏแ€ท แ€แ€ญแ€ฏแ€„แ€บแ€™แ€ผแ€ฒแ€…แ€ฑแ€žแ€ฌแ€ธ )
2โ€ข(แ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธแ€žแ€…แ€นแ€…แ€ฌแ€แ€ญแ€ฏแ€ท แ€แ€ญแ€ฏแ€„แ€บแ€™แ€ผแ€ฒแ€…แ€ฑแ€žแ€ฌแ€ธ)

แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ†)

2.3K 233 22
By BAE__YUNA




" အခုရက်ပိုင်းမှနှလုံးကအောင့်လာတာလား ?"

မိသားစုဆရာ၀န်ဖြစ်သည့်ဒေါက်တာချွဲ၏မေးခွန်းစကားဖြစ်သည်။ကုတင်အထက်တွင်ခေါင်းရင်းပိုင်းကိုခေါင်းအုံးခံ၍ ကျောမှီကာထိုင်နေသည့်ကောင်ငယ်လေးဟာမျင်နှာငယ်ညှိုးနွမ်းလျက်ပင်။မွေးရာပါနှလုံးအားနည်းသည့်ကလေးတယောက်​​ဖြစ်ခဲ့သည်မို့ အချိန်မတန်ပဲဘယ်အချိန်သေဆုံးရမည်ဆိုတာကိုမသိပါပဲလောကကြီးအားအရွဲ့တိုက်နေခဲ့သည့်ကောင်ငယ်လေးရယ်ပါ။

" Jungkook ! ဒေါက်တာချွဲမေးနေတယ်လေ "

အကိုဖြစ်သူJeon Minhyuch၏အသံကြောင့်ထင်သည် မှိုင်ထွေနေသည့်ကောင်ငယ်လေးကမျက်နှာငယ်နှင့်မော့ကြည့်လာ၏။ပြီးနောက် အသက်မပါသည့်အပြုံးတခုကမျက်နှာပြင်အထက်တွဲခိုလို့လာပြန်သည်။

" မသေနိုင်သေးဘူးမလား ? ခါတိုင်းလိုဆေးပေးပြီးရင်ပြန်လို့ရပါပြီ ဒေါက်တာချွဲ "

" မဟုတ်သေးဘူး Jungkook ah ! နှလုံးအစားထိုးဖို့အတွက် ..... "

" ထွက်သွားပေးပါ ... နှစ်ယောက်လုံးပဲ !"

ကောင်ငယ်လေး၏အပြုအမူအပြောအဆိုကြောင့်ဒေါက်တာချွဲကမသိမသာလေးသက်ပြင်းရေးရေးလေတခုပြုသည်။ဒီကောင်လေးဟာအမြဲတစေနှလုံးအစားထိုးခွဲစိတ်ခြင်းကိုငြင်းပယ်ခဲ့ပါသည်။

ပြောနေကျစကားတခွန်းလေးရှိသည်။
" သေမထူးနေမထူးမို့ သေလမ်းကိုပဲရွေးချယ်မှာပါ "တဲ့လေ။ခေါင်းကြောမာလွန်းသည့်ထိုကောင်လေးဟာမည်သူ့စကားကိုမှနားထဲအဝင်မခံခဲ့ပါ။မွေးစားသားအကိုဖြစ်သူ၏စကားကိုလည်းအရေးထားခြင်းမပြုခဲ့ပါ။ခင်တွယ်စရာမိဘတွေမရှိတောသည်မို့ဆိုးချင်တိုင်းဆိုးပြီးစိတ်ရှိရာသာလေးလွင့်နေခဲ့၏။

စောင်ကိုခေါင်းအထိလုံအောင်ခြုံပြီးတဖတ်သို့လှည့်အိပ်နေခဲ့သည်။ထို့နောက်မှာတော့ဒေါက်တာချွဲဟာလက်လျှော့ပြီးပြန်သွားရပြန်ပါ​ပြီ။ဘယ်နှကြိမ်ဘယ်နှခါမှန်းမသိတဲ့ ဒေါက်တာချွဲ၏လပ်လျှော့ခြင်းဖြစ်သည်။

ကိုယ့်ဘဝကိုယ်စိတ်ပျက်နေသည်ခံစားချက်ထက်စိတ်ပျက်ဖို့ကောင်းတဲ့အရာရှိပါ့အုံးမလား။၁၈နှစ်အရွယ် ဆယ်ကျော်သက်လူငယ်ဘဝဟာသူငယ်ချင်းတစ်စုကြီးနှင့်ပျော်ပျော်ဘဝကိုပျော်ရွှင်စွာဖြတ်သန်းရမည့်အရွယ်ပင်ဖြစ်သည်။ထိုကောင်ငယ်အတွက်ထိုကဲ့သို့ကံဇာတာမပါလာခဲ့ဘူးထင်ပါရဲ့...စိတ်ပျက်ခြင်းနှင့်အတူနိုးထလာတဲ့မနတ်ခင်းတွေဟာ၃၆၅ရက်မကတော့ပါ။သို့ပေမဲ့ခံစားချက်တွေမြိုသိပ်ထားခဲ့ရပြီးစိတ်စေရာအရပ်သို့နေထိုင်သွားဖို့ရာဖြစ်လာခဲ့၏။

တခါတရံမှာတော့မြိုသိပ်ထားတဲ့ခံစားချက်တွေဟာဂျောင်ပိတ်ရိုက်နေတက်၏။ထိုခံစားချက်ကြောင့်ပြိုဆင်းလာတဲ့မျက်ရည်စတွေကိုတော့လူမမြင်စေအောင်ဖုံးကွယ်ခဲ့ရသည့်နေ့ရက်တွေရှိခဲ့ဖူးသည် ... ။

အဆင်ပြေခဲ့ပါတယ် ... နာကြင်ခဲ့ရတာကလွဲလို့ ။

~•~

" ဒီနေ့အတွက်ကျနော်ကhyungရဲ့ကိုယ်ပိုင်photographerလုပ်ပေးမယ် "

ကစားကွင်းထဲကကလေးစီးစရာဒန်းပေါ်တွင်အသာထိုင်ပြီးကင်မရာတလုံးကိုမျက်ဝန်းနားကပ်၍ပတ်ဝန်းကျင်ကိုချိန်တွယ်ရင်းကောင်ငယ်လေးဆိုလာခြင်းဖြစ်သည်။ဆရာဝန်တယောက်ဖြစ်သည့်Jiminကလူအများမြင်လျှင်လည်ပြန်ငေးရလောက်သည်အထိကြည့်ကောင်းသည့်ယောကျာ်းတစ်ဦးပင်။နှုတ်ခမ်းဖူးဖူးနှင့်စကားချိုချိုသာသာပြောတက်သည်ကအားသာတစ်ခုဖြစ်နေ၏။

" Ok ! မင်းရဲ့လက်ရာနဲ့ပုံတွေကိုSnsပေါ်မတင်ရတာတောင်ကြာပြီ "

" အဲ့လိုဆိုရင်တော့စျေးကြီးသွားပြီ ! တပုံကိုဝမ်5000ပဲ "

" ဘာလို့လဲ ?"

" ဟုတ်တယ်လေ ! ကျနော်ရိုတ်ပေးတဲ့ပုံတွေကိုကောင်းမလေးတွေမြင်ရင် hyungကိုသဘောကျသွားမှာလေ ?"

" သူတို့ကစိတ်၀င်စားတာ ငါကကောင်မလေးစိတ်ဝင်စားတယ်လို့ပြောမိလို့လား ?"

ဒန်းလေးအရှေ့မက်တပ်ရပ်ရင်းဆိုလာသည့်Jimin၏စကားကြောင့်ကောင်ငယ်လေးကပြူးကျယ်ကျယ်မျက်ဝန်းနှင့်အတူ စက်ခနဲမော့ကြည့်လာသည်။အကြောင်းကမိန်းကလေးများကိုစိတ်မဝင်းစားပါပဲ Same sex loveကိုဦးတည်နေသည့်Jimin၏အပြောကြောင့်ပင်။ထို့နောက်မှာတော့ ကောင်းငယ်လေးကမဝံမရဲမေးလာခဲ့သည်။

" ဆိုလိုချင်တာက ?"

" မင်းသတိထားမိလားတော့မသိပေမဲ့ ငါMinhyuckကိုသဘောကျနေတာ၃နှစ်လောက်ရှိပြီ "

" ကျနော့်အကိုJeon Minhyuckကိုလေ ... ?"

ခေါင်းတစက်စက်ငြိမ့်ပြလာသည့် Jimin၏စကားကြောင့်ကောင်ငယ်လေးကအံ​သြသည့်မျက်ဝန်းနတ်နှင့်မျက်မှောင်ကျုံ့လျက်တွေးတောနေသည်။သို့ပေမဲ့လည်းဖြစ်နိုင်ပါသည်။Jeon Minhyuckက Jimin၏လက်ထောက်အလုပ်သင်ဆရာဝန်ဖြစ်နေခဲ့ခြင်းကြောင့်ပင်။အကိုဖြစ်သူဆေးကျောင်းတက်ထဲကတတွဲတွဲပြုလုပ်နေသည်ကို‌မြင်တွေ့ခဲ့ရပေမဲ့ယခုလိုအထိတော့သံသယမ၀င်ခဲ့ဖူးပါ။

" တကယ်ကြီးလား ?"

" အင်း ငါသူကိုဖွင့်ပြောပြီးပြီ ။ စဉ်းစားပေးမယ်တဲ့ !"

" ကျနော်‌လည်းမသိရပါလား ?"

" အခုသိပြီမလား ? သူမင်းကိုမသိစေချင်တာက မင်းကျန်းမာရေအခြေနေကြောင့်ပါတဲ့ "

" အော် ... !!"

" မင်းနှလုံးကအစားထို့ဖို့အတွက်အခုချိန်ထိငြင်းနေတုန်းပဲလား ?"

ညှိုးနွမ်းသွားတဲ့မျက်နှင့်အတူခေါင်းငုံသွားသည့်ကောင်ငယ်လေးကိုJiminသတိထားပြီးမြင်လိုက်ပါသည်။ထိုအမူအရာဟာမဖြေချင်လို့ရှောင်ထွက်သွားသည်ဟုသဘောဆောင်နေခဲ့သည်။အကြိမ်ကြိမ်အခါအခါငြင်းဆိုနေသည့်ကောင်ငယ်လေးဟာ ဦးတည်ချက်မရှိ ၊ အနာဂတ်မရှိ ၊ ရည်မှန်းမရှိပါပဲလေနှင့်လွင့်လို့နေခဲ့သည်။သို့ပေမဲ့ချစ်ရသူကိုရှာတွေ့သွားချိန်မှာတော့ထိုအရာတွေကအသက်ပြန်၀င်လာသည်ဟုခံစားခဲ့ရပေမဲ့ ချစ်ရသူဟာဆိုင်သူရှိနေပြန်ပါသည်။

အရာအားလုံးဟာထိုကောင်လေးအတွက်လက်လျှော့စရာအတိဖြစ်လို့ရယ် ...

" ကျနော်သူ့ကိုချစ်တယ် "

" ဘယ်သူ ........ "

" ကျနော်Kim Taehyungကို ချစ်မိနေတာကြာပြီ "

ထိုစကားကိုကြားလိုက်ရသည့်Jiminအတွက် ငြိမ်သက်နေတဲ့ကျောက်ဆောင်ကိုလှိုင်းလုံးကလာရိုတ်ခက်သလိုပါပဲ။မျက်၀န်းအစုံဟာဝိုင်းစက်သွားခဲ့ရပြီးနှုတ်ခမ်းပါးတို့ကပွင့်ဟကုန်သည်။ကံကြမ္မာကထူးဆန်းလွန်းသည် ... မဟုတ်ခဲ့ဘူး အချစ်ဆိုတဲ့အရာကထူးဆန်းလွန်းတာ။လူတိုင်းဟာမဖြစ်နိုင်တာအရာကိုမှရူးသွပ်ခင်တွယ်တက်ကြသည်။ဒါဟာသဘာ၀တရားပါ။

" မဖြစ်နိုင်ဘူး သူ့မှာ ........ "

" ကျနော်သိတယ် ကျနော်လက်လျှော့မှာပါ ။ ဒါပေမဲ့ သူသိမှကျနော်လက်လျော့လို့ရမှာ ~ သူက‌လက်လျှော့လိုက်လို့ပြောမှ ကျနော်အသိစိတ်၀င်မှာထင်တယ် "

မျက်၀န်းနတ်နတ်မှာအရည်ကြည်ဖုံလွမ်းနေ၏။နှုတ်ခမ်းပါးတို့တုန်ယင်နေသည်။မမြင်ရသေးတဲ့အနာဂတ်အကွာအဝေးဟာ မမြင်ရလည်းကျိုးပဲ့နေတာသိသာလွန်းပါတယ်။အဖုအထစ်နဲ့စခဲ့တဲ့ဇတ်လမ်းဟာအဆုံးသက်လည်းချောမွေ့နေပါ့မလား။ကျူးလွန်နေတဲ့အချစ်တွေဟာပြန်နှုတ်မရသလို နောက်ဆုတ်ဖို့ဆိုတာလည်းမဖြစ်နိုင်ခဲ့ပါဘူး။

"ဒီလူကိုငါအရမ်းချစ်လို့ ဒီလူဆီနာကြင်မှုရလည်းအဆင်ပြေပါတယ်။လက်လျှော့လိုက်ပါလို့ ဒီလူသား၏နှုတ်ကမထွက်ဆိုမချင်းကပ်တွယ်နေမိမယ်ထင်တယ်"

" ဓာတ်ပုံရိုတ်ပြီးရင်ပြန်ကြမယ်Jungkook ! အိမ်လိုက်ခဲ့မယ်မှတ်လား "

" အင်းးး လိုက်ခဲ့မယ်  "

စကားလုံးအသွားအလာအနေအထားဟာထိုကောင်ငယ်လေးကိုနှစ်သိမ့်နေ၏။နေမကောင်းဖြစ်၍အပြင်မထွက်ဖြစ်တာ၁ပက်ရှိပြီဖြစ်သည်။ထိုအတောအတွင်းချစ်ရသူနှင့်လည်းမတွေ့ဖြစ်ခဲ့ပါ။လွမ်းပါသည် ... ထိုလူသား၏အပြုံးတွေကို ၊ ထိုလူသား၏ဩရှရှအသံတွေကို ၊ ထိုလူသား၏ကိုယ်သင်းရနံ့ နဲ့ထိုလူသား၏အရာအားလုံးကိုလွမ်းမိပါသည်။

တဖက်သက်အချစ်ကပိုင်ရှင်ရှိနေတဲ့သူကိုမှဖန်ဆင်းပေးခဲ့တဲ့ဖြစ်ရပ်ဟာ အရာရာရင်နာစရာချည်းပါ။ဤသည်က၀၌ကြွေးမည်၏။

ချစ်ပါလျက်နှင့်မချစ်ရပဲမြိုသိပ်ထားရသည့်အဖြစ်ကိုကျိန်စာမိခဲ့လျှင်ဖြစ်စေ ... ။

တပါးသူ၏ပိုင်ဆိုင်ရာထိုလူသားကိုမှစွဲလမ်းချစ်မိခြင်း၏နာကြင်ခြင်းကိုခံစားရလျှင်ဖြစ်စေ ... ။

ပြန်နှုတ်မရပဲကျူးလွန်နေသည့်ချစ်ခြင်းကို ကိုးကွယ်ရာအရှင်သခင်အဖြစ်ကျိန်စာမိခဲ့လျှင်ဖြစ်စေ ... ။

တစုံတရာမှားယွင်းခဲ့မှုကြောင့်၀၌ကြွေးမည်သည့်တဖက်သက်အချစ်ကိုရင်ကွဲစူးနစ်စွာခံစားရလျှင်ဖြစ်စေ ... ။

ထိုလူသားကိုချစ်ရခြင်းသည် ငါ၏၀၌ကြွေးပေးဆပ်မှုအရ ချစ်ရသူကိုလက်လွတ်ဆုံးရှုံးခြင်းအဖြစ်အားကျိန်အဖြစ်မိခဲ့လျှင်ဖြစ်စေ ... ။

ထိုဖြစ်စေပေါင်းများစွာနဲ့ခင်များကိုလိုလိုလားလားလက်ခံပေးမည်သူကခင်များရဲ့အနီးရှိပါတယ်။နာကြင်ချင်းကိုပွေ့ဖတ်ပြီးခင်များရဲ့ဥပစ္ခာကိုရဲရဲဝံ့ဝံ့လက်ခံပေးမှာမို့ ပြန်အချစ်မခံရလည်းအဆင်ပြေပါတယ်။

မိန်းမသားတယောက်နဲ့ပြိုင်မလုခဲ့တဲ့ကျနော်ရဲ့မေတ္တာကိုတော့ အဆုံးသတ်မှာခင်များကလက်ခံပေးမယ်မဟုတ်လား ... ။

~•~

" ပြန်ရောက်ပါပြီ !"


လွမ်းနေခဲ့ရသည့်အသံငယ်လေးဟာနားထဲသို့တိုး၀င်လာခဲ့သည်။ဩရှရှ‌အသံလေးနှင့်အတူဧည့်ခန်းထဲသို့၀င်လာသည့်ထိုလူသား။ဘေးတွင်တော့ထိုလူသားလက်မောင်းကိုတွယ်ချိတ်ကာကပ်ပါလှသည့်မိန်းမလှတစ်ဦး။သိပ်ကိုလိုပ်ဖတ်တဲ့စံတွဲတွေပါပဲ။

" အာ Jungkookရောက်နေတာပဲ ။ မတွေ့တာတောင်တပက်လောက်ရှိပြီထင်တယ် "

ဧည့်ခန်းထဲတွင်Jiminနှင့်အတူဂိမ်းထိုင်ဆော့နေသည့်ကောင်‌ငယ်လေးကိုမြင်သည်နှင့်ထိုလူသားဆိုလာသည်။ထိုအခါကောင်ငယ်လေးကဂိမ်းစက်ကိုပိတ်ပြီးဆိုဖာပေါ်သို့ထိုင်ရန်ပြင်ဆင်ရင်းပြောလာသည်။

" ဟုတ် ! အခုတလောMonbyuolနဲ့ပဲတွေ့ဖြစ်လို့ ဒီဘက်မလာဖြစ်တာ "

မုသားစကားဖြစ်သည်။အမှန်တကယ်နေမကောင်းဖြစ်နေခဲ့သည်ကို‌တော့Jiminနှင့် Monbyoulကလွဲရင်မည်သူမှမသိခဲ့ပါ။ဖုံဖိကာလိမ်ညာသည့်နေရာမှာတော့အပြုံးတပွင့်နှင့်ယျုံအာင်လိမ်ပြောတက်သည့်ကောင်ငယ်လေးရယ်ပါ။အပြုံးနောက်က၀မ်းနည်းမှုကိုတော့မည်သူမျှမမြင်ခဲ့ပါချေ။

" ကိုယ်တို့ဒီတပက်ပိတ်ရက်ကိုဂျယ်ဂျူကိုခရီးသွားကြမယ် ။ Monbyoulကိုပါခေါ်ခဲ့လေ နော် "

" ဂျယ်ဂျူကို ..... ?"

" အင်းး အစ်မတို့တွေစေ့စပ်ပွဲကိုအဲ့မှာသွားလုပ်မလို့ !"

သူမလေးကပြုံးရွှင်လို့ပြောဆိုလာသည်။ကြားလိုက်ရသည့်စကားလုံးတွေကနားထဲသို့သံပူရည်လောင်းထည့်နေသည့်အလား။ရင်အစုံဝဲကခအ်စူးစူးခံစားချက်ကိုသတိထားမိလိုက်ပါသည်။မျက်၀န်းအစုံကပြူးကျယ်သွားရပြီး ရင်၀သို့စို့တက်လာသည့်၀မ်းနည်းမှု့ကြောင့်အောက်နှုတ်ခမ်းကိုအသာဖိကိုက်မိသည်။မတည်ငြိမ်ပါပဲပျက်ပြားလာသည့်စိတ်ခံစားချက်ကိုလက်မ၏လက်သည်းများကုတ်ခြစ်လျက်ထိန်းထား၏။ထို့နောက်မှာ ခန္ဓာကိုယ်ငယ်လေးကတုန်ယင်လာပြီးစိတ်ထွက်ပေါက်တစ်ခုလိုအပ်လာပြန်သည်။

" ကျ ကျနော်ပြန်တော့မယ် နောက်ကျနေလို့ !"

ထိုစကားဝိုင်းထဲမှကောင်ငယ်လေးအမြန်ရုန်းထွက်ဖို့အတွက်ပြင်ခဲ့သည်။လွယ်အိတ်လေးကောက်ယူကာထိုနေရာမှအလျင်အမြန်ထထွက်သွားကောင်ငယ်လေးကိုကျန်သုံးယောက်ကကြောင်အန်းအန်းနှင့်သာကြည့်ပြီးကျန်ခဲ့၏။အလိုက်သိပြီးအရိပ်အကဲနားလည်သည့်Jiminကအလျင်အမြန်သဘောပေါက်လိုက်တာကြောင့် ထိုကောင်‌လေးနောက်သို့လိုက်ပြီးနှစ်သိမ့်ပေးရန်အကြောင်းဖန်လာခဲ့သည်။

" Jimin ဘယ် ........ "

လျင်မြန်လွန်းစွာထွက်သွားသည့်Jiminကြောင့်ထိုလူသား၏စကားလုံးတွေဟာထိုမျှနှင့်ရပ်တန့်သွားခဲ့၏။

နာကြင်မှုနှင့်ဝေးရာအရပ်ဆီသို့ရုန်းထွက်လာမိသည်။ကောင်ငယ်လေးဟာသာမန်ချင်ယောင်ဆောင်နေပေမဲ့တကယ်တမ်းမှာတော့ပျော့ညံ့လွန်းနေခဲ့သည်။ထိုလူသားဆီကလက်လျှော့လိုက်ပါလို့စကားသံကြားချင်းခဲ့တာလည်းဒီကောင်ငယ်လေးပါပဲ။ထိုကဲ့သို့မဟုတ်ပါပဲအခြားအရာနှင့်ယခုလက်လျှော့ဖို့အကြောင်းဖန်လာတဲ့အခါ နှလုံးတစ်စုံဟာသွေးယိုစိမ့်ရုံမှအပ အခြားအရာဖြစ်မလာခဲ့။

" ယားးး ‌Jungkook ah !!"

မှောင်မိုတ်နေသည့်လမ်းမအထက်မှာဓာတ်တိုင်၏မီးအလင်းရောင်သာရှိသည်။မှိန်ပြပြမီးအရောင်‌တွေအောက်မှာကောင်ငယ်လေးတယောက်ကဖီနပ်တောင်မစီးနိုင်ပါပဲလက်ကကိုင်ဆောင်လျက်လမ်းမကြီးပေါ်တွင်ပြေးလွှားနေခဲ့သည်။
နောက်ကျောမှJimin၏ခေါ်သံခပ်စူးစူးကြောင့်ထိုနေရာတွင်ရပ်တန့်လိုက်သည်။ပြီးတော့ကိုင်ဆောင်ထားသည့်sneakerဖိနပ်နှစ်ရံကိုလက်မှလွှတ်ချလိုက်၏။

" ဖိနပ်မစီးပဲဘာလို့ပြေးနေရတာလဲ ? ကြည့်အုံးခြေထောက်မှာသွေးတွေထွက်ကုန်ပြီ ။ မင်းကွာ နေကောင်းတာလည်းမဟုတ်ပဲနဲ့ !!"

စိုးရိမ်တကြီးပုခုံးတွေကိုလှုပ်ခပ်ကာပြောနေသည့်Jimin၏အရှေ့တွင်ဒူးထောက်ချလိုက်သည်။အားနည်းကာတုန်ယင်နေသည့်ခန္ဓာကိုယ်တွင်ရှိုက်သံသဲ့သဲ့ထွက်ပေါ်လာ၏။

ခြေထောက်ကနာကြင်မှုကရင်အစုံကနာကြင်မှုကိုမှီပါ့မလား ခင်များရယ် ... ။

~•~

♥ BLACK LOTUS ♥

@leeyuna (May 31,2021)
#Noina

Note :: အဆင်ပြေကြလား:'(
SEလားHEလားဆိုတာသာကိုယ်တိုင်တောင်မသိသေးပါဘူး။ဟီ ဟီးးးးး(^^)























Continue Reading

You'll Also Like

49.3K 2.6K 24
แ€™แ€„แ€บแ€ธแ€€แ€ญแ€ฏ แ€•แ€‘แ€™ แ€แ€…แ€บแ€แ€ซแ€†แ€ฏแ€ถแ€ธแ€›แ€พแ€ฏแ€ถแ€ธแ€•แ€ผแ€ฎแ€ธแ€žแ€ฝแ€ฌแ€ธแ€•แ€ผแ€ฎ แ€”แ€ฑแ€ฌแ€€แ€บแ€แ€…แ€บแ€แ€ซแ€แ€ฑแ€ฌแ€ท แ€‘แ€•แ€บแ€•แ€ผแ€ฎแ€ธ แ€กแ€†แ€ฏแ€ถแ€ธแ€›แ€พแ€ฏแ€ถแ€ธแ€™แ€แ€ถแ€”แ€ญแ€ฏแ€„แ€บแ€แ€ฑแ€ฌแ€ทแ€˜แ€ฐแ€ธ #Jungkook แ€กแ€„แ€บแ€ธแ€„แ€ซแ€€ แ€™แ€ฑแ€ฌแ€„...
30.9K 462 14
GONKILLLU ONE SHOTS -bottom killua -top gon requests are CLOSED!! I'm not very good at smut but I will try my my best! will not be taking: ABO(alpha...
134K 11.3K 42
แ€˜แ€šแ€บแ€กแ€แ€ปแ€ญแ€”แ€บแ€•แ€ฒแ€–แ€ผแ€…แ€บแ€–แ€ผแ€…แ€บ แ€žแ€ฐแ€”แ€ฒแ€ทแ€šแ€พแ€‰แ€บแ€›แ€„แ€บ แ€€แ€ปแ€”แ€ฑแ€ฌแ€บแ€Ÿแ€ฌ แ€กโ€‹แ€™แ€ผแ€ฒ แ€’แ€ฏแ€แ€ญแ€šแ€›แ€ฝแ€ฑแ€ธแ€แ€ปแ€šแ€บแ€™แ€พแ€ฏแ€•แ€ฒแ€™แ€ญแ€ฏแ€ท... แ€˜แ€šแ€นแ€กแ€แ€บแ€ญแ€”แ€นแ€•แ€ฒแ€ปแ€–แ€…แ€นแ€ปแ€–แ€…แ€น แ€žแ€ฐแ€”แ€ฒแ‚”แ€šแ€ฝแ€ฅแ€นแ€›แ€„แ€น แ€€แ€บแ€ฑแ€”แ€ฌแ€นแ€Ÿแ€ฌ แ€กแ€ปแ€™แ€ฒ แ€’แ€ฏแ€แ€ญแ€šแ€ฑแ€›แ€ผแ€ธแ€แ€บแ€šแ€นแ€™แ€ฝแ€ฏแ€•แ€ฒแ€™แ€ญแ€ฏแ‚”... Ta...