နွေးထွေးမှုတို့လွှမ်းခြုံကာ(...

By reli_08

39K 1.5K 18

Cover photo credit to the rightful owner. အဆိုးဆုံးအခြေအနေမှာတောင် ကျွန်တော့်ကို မစွန့်လွှတ်ခဲ့ဘဲ သူ့ရင်ခွင်မ... More

အမှာစာ(အမွာစာ)
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35 (Final)
Extra-1
Extra-2
Facts
ကျေးဇူးတင်လွှာ(ေက်းဇူးတင္လႊာ)
New Fic

Extra Final

1.2K 30 0
By reli_08

(Unicode)

ယခုရောက်ရှိနေသည့် အရပ်ဒေသနှင့် လိုက်ဖက်အောင် ရန်ကုန်မှာတည်းက အသေအချာရွေးချယ်ကာထည့်ယူလာသည့် အဝတ်အစားများကို အာကာလင်းသန့် ဝတ်ဆင်ထားသည်။ တီရှပ်အဖြူ မထူမပါးလေးကို အောက်ခံထားကာ အပေါ်ထပ်အဖြစ် မိုးပြာရောင်ရှပ်လက်တို ခပ်ပွပွလေးအား ဆင်မြန်း၍ ဒူးအထက်ဘောင်းဘီအနက်ရောင်အား ဝတ်ဆင်ဖြစ်သည်။ ပိုင်မြင့်မြတ်ကျော်မှာလည်း သူ့ကဲ့သို့ ပုံစံတူဝတ်ထားပြီး ရှပ်လက်တိုကသာ အဖြူရောင်ဖြစ်သောကြောင့် အရောင်ကွဲသွားသည်။ မိုချီနဲ့မိုတီကတော့ ရေဆော့မှာဖြစ်၍ ရေကူးဝတ်စုံလေးတွေနှင့်ဖြစ်၏။

"ပါပါး ဆံပင်စည်းပေး"

ခါးစပ်အထိဆံပင်အရှည် ရှိသည်ဖြစ်သော မိုချီမှာ ကျောင်းသွားခါနီး သို့မဟုတ် အိမ်ကနေအပြင်ထွက်ခါနီးဆို သူ့အား တစ်ခါတလေ စိတ်ကူးပေါက်တိုင်း ဆံပင်စည်းခိုင်းတတ်သည်။ သူသည်လည်း သမီးဖြစ်သူက တောင်းဆိုတိုင်း အမြဲတမ်းစည်းပေးနေကျပင်။

"ပါပါးသမီးက ချောလိုက်တာကွာ၊ ဘယ်သူတွေနဲ့တူလို့ အခုလို ချောနေရတာလဲ"

"ဒယ်ဒီနဲ့ပါပါးနဲ့ တူလို့ချောတာ"

"ပါပါး ပါပါး သားလည်းချောတယ်မလား"

"ချောပါ့ဗျာ၊ ပါပါးကလေးတွေက အချောဆုံးတွေ"

အမြွှာတွေက တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာပြီး တချို့အကျင့်လေးတွေက ပြောင်းလဲသွားသော်ငြား တချို့အကျင့်လေးတွေ‌ကတော့ ငယ်ငယ်တုန်းကအတိုင်း မပြောင်းမလဲရှိနေဆဲပေ။

"ကလေး‌တွေလည်း ပြင်လို့ပြီးပြီဆိုတော့ ကိုယ်တို့သွားကြရအောင် သန့်"

"ဟုတ် ဦးမြတ်"

အမြွှာနှစ်ယောက် ရေဆော့ပြီးလို့ ကုန်းပေါ်ပြန်တက်လာရင် သုတ်ပေးဖို့ တဘက်တွေကိုပါ တစ်ပါတည်း ယူဆောင်ကာ သူတို့မိသားစု အခန်းအပြင်သို့ ထွက်လာလိုက်သည်။

အာကာလင်းသန့်တို့တွေ ငွေဆောင်သို့ ရောက်နေကြခြင်းဖြစ်၏။ တန်ဆောင်တိုင် ကလေးတွေကျောင်းပိတ်ရက်ရော လူကြီးတွေအနားယူရန်အတွက်ပါ အပန်းဖြေခရီးထွက်လာကြခြင်း။ ဤနေရာသို့ ခရီးထွက်လာခြင်းမှာ သူတို့မိသားစုပဲမဟုတ်။ စွမ်းရည်ထက်တို့ရော၊ အာကာမင်းခန့်တို့ရော၊ ထွန်းဝီရတို့ပါ အတူတူလာကြခြင်းဖြစ်သည်။ စိုင်းခွန်လျှံနှင့် မင်းတည်ကြည်တို့နှစ်ယောက်အားလည်း ခေါ်ပေမယ့် နှစ်ယောက်သားက စိုင်းခွန်လျှံရဲ့အမေရှိရာ တောင်ကြီးကို ရောက်နေကြသောကြောင့် မပါလာကြပေ။ သူတို့အုပ်စုချည်းသာ ဖြစ်သွားသည်။ သူတို့အုပ်စုမှာလည်း ရန်ကုန်ကနေ ငွေဆောင်သို့ထွက်လာရာ ခရီးလမ်းတစ်လျှောက်လုံး ဂယက်ထလာကြပြီး တစ်ယောက်တစ်မျိုး လူကြီးတွေရော ကလေးတွေပါ ဆူညံပွက်လောရိုက်လာကြသည့် အုပ်စုသာဖြစ်သည်။

"ဦးမြတ် ဟိုသားအဖသုံးယောက်ကိုကြည့်၊ နေအေးနေတာကို နေကာမျက်မှန်ကြီးတွေ တကားကားနဲ့"

အာကာလင်းသန့် ညွှန်ပြသည့်နေရာကို ပိုင်မြင့်မြတ်ကျော် ကြည့်လိုက်တော့ ရှိုးအပြည့်နှင့် ထွက်လာကြသည့် ထွန်းလင်းသီဟ၊ စွမ်းရည်ထက်နှင့် ဂျီပေါက်တို့အား တွေ့လိုက်ရလေသည်။ ဂျီပေါက်က အဖေတွေဆင်ပေးထားသည့် နေကာမျက်မှန်ကိုတပ်၍ ထွန်းလင်းသီဟကိုယ်ပေါ်မှာ ချီထားလျက်သားလေးနှင့် ဟိုကြည့်ဒီကြည့်လုပ်ကာ ပါလာသည်က အသည်းယားစရာ။ သူတို့ကို မြင်သွားတော့ သူတို့ရပ်နေရာသို့ သုံးယောက်သား ရောက်လာကြသည်။

"ဟေ့ရောင်တွေ နေပူတာလည်းမဟုတ်ဘဲ ဘာအရူးထကြတာလဲ၊ ဂျီပေါက်တပ်ထားတာ ချစ်စရာလေးလို့ မြင်ပေးလို့ရတယ်၊ မင်းတို့နှစ်ကောင်ကိုတော့ တွေ့သမျှလူက အရူးလို့ထင်မှာပဲ"

အာကာလင်းသန့် ‌သူငယ်ချင်းနှစ်ယောက်အား အနားရောက်လာလာချင်းကို စလိုက်မိသည်။

"ဒါ family goalတာကွ သားလေးရ၊ မင်းနဲ့မင်းလူကြီးလိုမျိုး နှစ်ယောက်တည်းကွက်ပြီး couple goalတာမဟုတ်ဘူး၊ မင်းတို့နှစ်ယောက်ကျတော့ ဆင်တူတွေဖြစ်ပြီး ငါ့တူနဲ့တူမက သီးသန့်တွေဖြစ်နေကြတယ်၊ ဒါကောင်းသလား"

စွမ်းရည်ထက်ကလည်း ပြန်လှော်သည်။

"ဒယ်ဒီနဲ့ပါပါး သူတို့ဘာသာဝတ်ကြပါစေ ဦးဦးထက်ကလည်း၊ သားတို့မောင်နှမ သားတို့ဘာသာ ဆင်တူဝတ်လို့ရနေတာကို၊ ဘာမှမဖြစ်ဘူး"

"ဦးဦးကလည်း မင်းပါပါးကို အမြင်ကတ်လို့ တမင်ပြောတာပါကွာ"

"ဂျီပေါက်ရော ရေဆော့မှာလား ဦးဦးထက်၊ မီးတို့နဲ့ ဆော့မှာမလား"

"ခဏလေးပဲ‌ ဆော့ခိုင်းမလို့ မိုချီရဲ့၊ အကြာကြီးဆို သူအအေးပတ်မှာ ကြောက်လို့"

"ကြာရီး ချော့မှာ၊ ကြာရီး၊ ထဏပဲ ချော့ချင်ဝူး၊ ဒယ်ဒယ် ဒီဒီ့ကိုပြော၊ တားတား ကြာရီးချော့ချင်ရယ်"

"အေး အေး၊ ဒီဒီ ပြောသလို မဟုတ်ဘူး၊ သားသားကို အကြာကြီး ဆော့ခိုင်းမှာနော်"

ထွန်းလင်းသီဟ ဂျီပေါက်အား ဂျီမကျစေရန် ပြီးပြီးရောသာ ပြောလိုက်သည်။ ထိုသို့သာ မပြောရင် ဂျီပေါက်က ဘယ်အချိန်အထိ ဂျီတိုက်ဦးမည်မသိ။ သားတစ်ယောက်တည်း မွေးထားပေလို့သာပဲ။ အာကာလင်းသန့်တို့လို နှစ်ယောက်သာဆိုရင် စွမ်းရည်ထက်နှင့်သူ တစ်ယောက်တစ်လှည့် ဆံပင်ဖြူနှုတ်ပေးနေရလောက်ပြီ။

သူတို့ စကားပြောနေစဉ်တွင် ထွန်းဝီရတစ်ယောက် ပိုင်မြင့်မြတ်ကျော်အား ဖုန်းခေါ်လာသည်။

"အေး ဝီရ၊ ငါတို့လာနေပြီ၊ ထွန်းလင်းတို့ရောပဲ ထွက်လာပြီ"

ထွန်းဝီရအား အကျိုးအကြောင်းပြောလိုက်ပြီး ဖုန်းချလိုက်၍ သူတို့တွေ ဟိုတယ်မှ ထွက်ကာ ထွန်းဝီရတို့ စောင့်နေမည့် ကမ်းခြေဘက်သို့ အတူတူ ဦးတည်ကြသည်။

နေအေးနေသည့်အချိန် ဖြစ်သည့်အတွက် ကမ်းခြေတစ်လျှောက် လမ်းလျှောက်နေကြသူများ၊ ရေကူးနေကြသူများအပြင် စက်ဘီးစီးကြသည့်လူတွေအားလည်း တွေ့ရသည်။ ထွန်းဝီရတို့တွေကိုတော့ ရေထဲဆင်းဖို့ အဆင်သင့်ဖြစ်နေကြတာကို ကမ်းစပ်အရောက်မှာ မြင်လိုက်ရ၏။

"မင်းတို့ကလည်း ကြာလိုက်တာကွာ၊ ငါ့မှာ ကလေးတွေ ကားစီးလာရတာ ပင်ပန်းပြီး မလာနိုင်ကြတော့ဘူး ထင်နေတာ"

"ဒီလိုပဲ ကြာသွားတာပါကွ၊ ကလေးတွေကို တစ်ချက်လောက်ကြည့်ပေးပါဦး ဝီရ၊ သူတို့တွေ ‌ဆော့မလို့တဲ့"

"မင်းတို့နှစ်ယောက် မဆင်းဘူးလား မောင်ပိုင်"

"ဟုတ်တယ်၊ သန့်ရော ငါရော ဆင်းချင်စိတ်မရှိလို့၊ အပေါ်မှာပဲ နေတော့မယ်"

"ပြီးတာပါပဲ၊ ကလေးတွေကို ငါတို့ခေါ်သွားပြီ‌နော်၊မိုချီနဲ့မိုတီ လာကြ၊ လေးလေးတို့နဲ့ ရေဆော့ရအောင်"

အမြွှာတွေက ထွန်းဝီရနဲ့သူရတို့နှစ်ယောက်နှင့်အတူ စောစီးစွာ ဆင်းသွားကြသည်။

"ခွန်းလေး ဘာဖြစ်လို့ အင်္ကျီချွတ်တာလဲ၊ မချွတ်နဲ့၊ပြန်ဝတ်၊ သူများတွေ မြင်ကုန်ရင်တော့ ဒုက္ခပါပဲကွာ"

ခွန်းဝဏ္ဏက သူဝတ်ထားသည့် အင်္ကျီကိုချွတ်ပြီး ရေဆော့ဖို့ပြင်နေတာကြောင့် အာကာမင်းခန့် အသည်းအသန်တွေ တားတော့သည်။ ခွန်းဝဏ္ဏရဲ့ အသားအရည်မှာ ပိုးဟပ်ဖြူတစ်ကောင်ကဲ့သို့ ဖြူဥနေပြီး အတော်လေးကို ကြည့်ကောင်းသည့်အတွက် အပေါ်ပိုင်းဗလာနှင့်သာ ပင်လယ်ထဲဆင်းကြည့် ရေထဲကလူတွေရော ကမ်းခြေသဲသောင်ပြင်ကလူတွေပါ ခွန်းဝဏ္ဏကို ကျိန်းသေပေါက် အာရုံစိုက်မိမှာပင်။ သို့ဖြစ်၍ အာကာမင်းခန့် အူတိုကာ တားခြင်း။

"ရေထဲဆင်းမှာမို့လို့ ချွတ်တာလေ၊ ဘာမှ မထူးဆန်းတာကို၊ ကိုလည်း ချွတ်ထားတာပဲ၊ လေးလေးတို့လည်း ကို့လိုပုံစံနဲ့ ဆင်းသွားတာပဲ၊ ခွန်းလေးလည်း ချွတ်မှာပေါ့"

"အင်္ကျီဝတ်ပြီး ရေကူးနေတဲ့သူတွေလည်း ဒုနဲ့ဒေးပါပဲ ခွန်းလေးရ၊ ပင်လယ်ရေတွေနဲ့ထိပြီး ခွန်းလေး အသားအရည်တွေ ပျက်စီးကုန်မှာစိုးလို့ ကိုယ်ကပြောတာ"

"အူတိုရင် တိုတယ်ပြော"

"ဒယ်နဲ့ဖေ ညှိစရာရှိတာ ဆက်ညှိကြ၊ သားမစောင့်တော့ဘူး၊ ဆင်းနှင့်ပြီ"

ကာကာတစ်ယောက် လှိုင်းစီးမည့်ဘောကွင်းအနက်လေးကို မ,ကာ တစ်ယောက်တည်း ထွက်သွားတော့သည်။ သူ့အဖေနှစ်ယောက်မှာတော့ ညှိလို့မပြီးသေး။ ထွန်းလင်းသီဟနှင့် စွမ်းရည်ထက်တို့သည်လည်း သူတို့အင်္ကျီတွေ၊ နေကာမျက်မှန်တွေကို အာကာလင်းသန့်တို့လက်ထဲ ထိုးထည့်ပေးပြီး သားအဖသုံးယောက် ဆင်းသွားကြပြီ ဖြစ်သည်။

"ခွန်းလေးရ ပြောရရင်"

"ကိုကို"

သူ မြင်ရကြားရတာ အဆင်မပြေတော့၍ ကိုကို့အား ပြောမှကို ဖြစ်တော့မည်။

"အင်း လင်းသန့်၊ ကိုကို့ညီလေး ဘာပြောစရာရှိလဲ ပြော"

"ကိုခွန်း လုပ်ချင်တာ လုပ်ခိုင်းလိုက်ပါ ကိုကိုရယ်၊ အဖြစ်သည်းတာလည်း သည်းတာပေါ့၊ ဒါပေမဲ့ ကိုကို အခုသည်းတာကတော့ မဟုတ်သေးဘူးလေ၊ သူသူကိုယ်ကိုယ် ယောကျာ်းလေးတိုင်း ဒီလိုပဲ အများစုက ရေကူးနေကြတာ၊ ဘာမှမဖြစ်ပါဘူး ကိုကိုရာ"

ခွန်းဝဏ္ဏက အာကာလင်းသန့် စကားအဆုံးတွင် အာကာမင်းခန့်အား 'ကြားတယ်မလား' ဆိုသည့်အကြည့်ဖြင့် အဓိပ္ပာယ်ပါပါ ကြည့်လေတော့သည်။

"အကုန်လုံး ခွန်း‌လေးကို ဝိုင်းကြည့်ကြရင် ခက်ရချည်ရဲ့ကွာ လင်းသန့်ရဲ့"

"ကြည့်ရင်လည်း ကြည့်တဲ့သူ မမြင်ရအောင် ကိုကို့ခန္ဓာကိုယ်နဲ့ ကာပေးထားလိုက်ဗျာ၊ ပြောနေတာနဲ့ပဲ မိုးချုပ်တော့မယ်၊ သွားစရာရှိတာ သွားတော့ ကိုကိုရေ"

သို့နှင့် ကိုကိုနှင့်ကိုခွန်းလည်း ရေထဲရောက်သွားကြသည်။ ရေဆော့နေရင်းနဲ့ ကိုကို့မှာ ကိုခွန်းအား ဟိုကွယ်ဒီကွယ် လုပ်နေတာကို အတိုင်းသား မြင်နေရ၍ သူ့နဖူးအား လက်ဖြင့်ရိုက်လိုက်မိပြီး သူအကြံပေးလိုက်မှ ပိုများဆိုးသွားပြီလားတောင် တွေးမိသည်။ ကိုခွန်းအား ကိုကို ဤမျှလောက် တွန့်တိုမှန်း အရင်တုန်းက ဘာလို့များ ဂရုမပြုမိခဲ့ပါလိမ့်။

"ဦးမြတ်"

ပိုင်မြင့်မြတ်ကျော်က လေတိုက်နေသောကြောင့် ပွသွားတဲ့ သူဆံပင်တွေကို ရှင်းလင်းပေးရင်း တုံ့ပြန်စကားဆိုသည်။

"ပြောပါဗျာ ကိုယ့်ကလေးလေး"

"ကျွန်တော် အုန်းရည် သောက်ချင်လို့"

"ကိုယ်သွားဝယ်ပြီး ပြန်လာခဲ့မယ်"

ပိုင်မြင့်မြတ်ကျော် ထသွားပြီးနောက် ပင်လယ်ဘက်သို့ အကြည့်ပြန်ပို့ပြီး ရေဆော့နေကြသူများကို ကြည့်ဖြစ်သည်။ ထွန်းလင်းသီဟနဲ့ စွမ်းရည်ထက်တို့မှာ ဂျီပေါက်အား ဘောကွင်းအသေးလေးပေါ်တွင် တင်ကာ နှစ်ယောက်သား ထိန်းနေကြပြီး ထွန်းဝီရနှင့်သူရတို့က အမြွှာတွေအား ကူညီ၍ ဆော့ပေးနေသည်။ သူတို့၏ အနီးအနားတွင် ကာကာမှာ အေးအေးဆေးဆေး တစ်ယောက်တည်း လှိုင်းစီးနေသည်။ ကာကာရဲ့ မနီးမဝေးတွင်တော့ အာကာမင်းခန့်နှင့် ခွန်းဝဏ္ဏတို့ သူတို့ဘာသူတို့ ကျီစယ်ကာ ရေကူးနေရင်း အဆင်ပြေနေကြသည်။

အာကာလင်းသန့် ဟိုဟိုဒီဒီ လျှောက်ကြည့်ရာမှ သူထိုင်နေသည့်နေရာနှင့် ခပ်လှမ်းလှမ်းက ကမ်းစပ်တစ်နေရာတွင် ပြန့်ကြဲနေကြသော ခရုခွံလေးတွေဆီ အကြည့်ရောက်သွားမိသည်။ နေရာမှထကာ ဘောင်းဘီတွင် ကပ်နေသော သဲတွေကို ခါလိုက်ပြီး ထို ခရုခွံလေးတွေ ရှိရာသို့ အလိုလို လျှောက်သွားတော့၏။ သူ ထိုင်ချလိုက်ကာ မြင်တွေ့ရသည့် ခရုခွံတစ်ခုကို ကောက်ကိုင်ကြည့်မိသည်။ ခပ်ရှည်ရှည်လေးကိုမှ နှစ်ရောင်စပ်လေးဖြစ်ကာ လိမ်လိမ်လေးရှိနေသော ငွေရောင်ခရုခွံ‌လေးသည် သူ့ရဲ့ အာရုံအား အလုံးစုံ သိမ်းပိုက်သွား၏။ ထို့နောက်တွင် မျက်စိရှေ့မှာ မြင်နေရသည့် ခရုခွံတန်းလေးတစ်လျှောက် တစ်ခုချင်းစီကို ကိုင်ကြည့်ပြီး ရွှေ့ကာရွှေ့ကာဖြင့် ရွေ့လျားသည်။ ဒီအတိုင်း ဘာရည်ရွယ်ချက်မှ မရှိဘဲ လာကြည့်ရာကနေ ကောက်ချင်စိတ်ဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ့အတွက်သာမက တခြားသူတွေအတွက်ပါ တစ်ခုစီကောက်သွားရန် ဆုံးဖြတ်မိ၏။ ယူကြည့်လိုက်လို့ သူ့စိတ်ကူးထဲ ပေါ်လာသည့်လူနှင့် မလိုက်ဘူးဆိုလျှင် ပြန်ချလိုက်၊ နောက်တစ်ခု ရွေးလိုက်ဖြင့် ခရုခွံ (၁၄)ခုအား ကောက်ယူပြီးစီးသည်။ ထိုသို့ ခရုခွံကောက်ပြီးသည့်နောက် သူထိုင်‌ခဲ့သည့်နေရာသို့ ပြန်သွားလိုက်သည်။

"ဦးမြတ်တောင် ပြန်ရောက်လာပြီ"

"ဘာတွေ သွားကောက်လာတာလဲ သန့်"

"ခရုခွံတွေလေ၊ မလှဘူးလား ဦးမြတ်ရဲ့၊ ဒီမှာ ကြည့်ဦး"

ပိုင်မြင့်မြတ်ကျော် ကြည့်လိုက်ရာ အရောင်အသွေးစုံလင်လှသည့် ခရုခွံလေးတွေကို အာကာလင်းသန့်ရဲ့ လက်ခုပ်ထဲတွင် တွေ့လိုက်ရသည်။ ဤခရုခွံလေးတွေမှာ လျှို့ဝှက်လွန်းသည့် ပင်လယ်ရေအောက်ကြမ်းပြင်မှနေတစ်ဆင့် ကမ်းပေါ်သို့ လာရောက်တင်သည်ကြောင့်လား မသိပါ။ ၎င်းတို့၏ ပုံပန်းသဏ္ဍာန်တွေနှင့် အရောင်အသွေးတို့မှာ တစ်မျိုးတစ်ဖုံဆန်းကြယ်ပြီး မြင်သူအပေါင်း ကောက်ယူချင်စိတ်ဖြစ်ပေါ်စေရန် ဆွဲဆောင်နိုင်သည်။ ဒါကြောင့်လည်း သဘာဝတရားကြီးနှင့် ၎င်း၏ ဆက်စပ်ပတ်သတ်သမျှအရာတွေကို နှစ်သက်သော အာကာလင်းသန့်က ကောက်ယူလာတာဖြစ်ပေသည်။

"လှလိုက်တာသန့်ရဲ့၊ သန့်က အရွေးတော်တယ်"

"ဒါတောင် ဟိုဘက်တွေမှာ အများကြီး ကျန်သေးတယ်၊ ကျွန်တော် လိုချင်တဲ့ အရေအတွက် ပြည့်သွားလို့၊ ပြီးတော့ ဘာမှလည်း ထည့်လို့ရတာမရှိတာနဲ့"

"မနက်ဖြန်မှ ပုံးလေးတစ်ပုံးဝယ်ပြီး ကိုယ်နဲ့ အတူတူ ထပ်ကောက်ကြမလား"

"ကောက်မယ် ဦးမြတ်"

"အခု အုန်းရည်သောက်လိုက်ဦး"

အာကာလင်းသန့် သူကောက်ယူလာသည့် ခရုခွံတွေကို သဲသောင်ပြင်ပေါ်တွင် ခဏချထားလိုက်ပြီး ပိုင်မြင့်မြတ်ကျော်ဝယ်လာသည့် အုန်းရည်ကို ယူ၍သောက်သည်။

"အရသာရှိလား သန့်"

"အွန်း၊ တကယ်ကောင်းတယ်"

ပြုံးရွှင်ကာ ဖြေလာသော အာကာလင်းသန့်ရဲ့ ခေါင်းလေးကို သူတစ်ချက်ပုတ်လိုက်သည်။ အာကာလင်းသန့်ဆိုသည့် သူ့ခင်ပွန်းကတော့ ဘယ်အသက် ဘယ်အရွယ်ပဲရောက်လာပါစေ သူ့အတွက်တော့ အစဉ်အမြဲ ကလေးတစ်ယောက်လိုပင်။

🍀

ညအချိန်တွင် သူတို့အားလုံး စုဝေးကာ သဲသောင်ပြင်၌ မီးပုံပွဲလုပ်ကြသည်။ ညနေတည်းက ဝယ်ထားကြသော ပင်လယ်စာကင်တွေနှင့် ဘီယာတွေကတော့ သူတို့အတွက် ညစာသာဖြစ်ပေသည်။ ကလေး လေးယောက်သည်ကား လူကြီးတွေနှင့် ကွဲပြားစွာ အအေးဘူးလေးတွေသာ သောက်ကြသည်။ စကားပြောလိုက်ကြ၊ ဂစ်တာတီးပြီး သီချင်းဆိုလိုက်ကြ၊ အစားအသောက်တွေစားကြနှင့် ဤညချမ်းဟာ သူတို့အတွက် ပျော်စရာအတိ။

အာကာလင်းသန့် လူစုံတုန်းမှာ သူကောက်ထားသည့် ခရုခွံတွေအား အယောက်စေ့ဝေပေးလိုက်၏။ စိုင်းခွန်လျှံနှင့် မင်းတည်ကြည်အတွက်တော့ ခရုခွံနှစ်ခုကို ရန်ကုန်ရောက်မှသာ ဒေသထွက်လက်ဆောင်ပစ္စည်းတွေသွားပေးရင်းနဲ့ ပေးတော့မည်ဖြစ်၍ ဖယ်ထားလိုက်သည်။

"လင်းသန့်တစ်ယောက် ဘယ်ပျောက်သွားတာလဲလို့ ငါလှမ်းကြည့်တော့ မတွေ့တာနဲ့ စဉ်းစားနေတာ၊ လက်စသတ်တော့ မင်းက ဒါတွေ လိုက်ကောက်နေတာကိုး"

"အေးကွ၊ မနက်ဖြန် ဦးမြတ်နဲ့တောင် ထပ်ကောက်ဦးမလို့"

"မင်းနဲ့ မင်းလူကြီး ဒါတွေရောင်းစားမလို့လား"

"စွမ်းထက် မင်းပြောမှ ငါတောင် အကြံရသွားသလိုပဲ ၊ ကုမ္ပဏီမှာ customerလာအပ်တဲ့ themeတစ်ခုခုနဲ့ တိုက်ဆိုင်သွားရင် decorationအတွက် သုံးလို့ရအောင် များများစားစား ကောက်သွားကြမလား ဦးမြတ်"

"သန့် တော်တယ်၊ ဒီအကြံ မဆိုးဘူး"

"စီးပွားရေးအကွက် မြင်ပြီး အတိုင်အဖောက်ညီနေလိုက်ကြတာ၊ လိုက်လည်း လိုက်တယ်နှစ်ယောက်စလုံး"

"သားသား သောက်လို့မရဘူး၊ ကြီးလာမှသောက်၊ ဒါ လူကြီးတွေပဲ သောက်လို့ရတာ၊ ကလေးတွေနဲ့ မဆိုင်ဘူး"

"သောက်ချင်ရယ်၊ တားတားကိုပေး၊သောက်မယ်ရို့"

"ဂျီပေါက် ဘာဖြစ်ပြန်ပြီလဲ မောင်"

"ဒီမှာကွာ ကိုယ့်လက်ထဲက ဘီယာဘူးကို အတင်းလိုက်လုပြီး သောက်ချင်တယ် လုပ်နေတာ"

"ဂျီပေါက်ကတော့ တကယ်ပဲဟေ့၊ မလွယ်ကြော၊ ထွန်းလင်းတို့နှစ်ယောက် ဒီသားနဲ့ ဘယ်လိုစခန်းသွားမလဲ ငါသိချင်နေပြီ၊ ဟားဟား"

"ကျွန်တော် စိတ်ပေါက်လာရင် လေးလေးတို့ဆီ သားကို လာပို့လိုက်ရ ဟုတ်ပေ့ဖြစ်နေမယ်၊ ရယ်မနေနဲ့ လေးလေး"

"တော်ဟေ့ ဟေ့ရောင်၊ တော် တော်၊ မင်းစကား ဒီတင်ရပ်၊ ငါနဲ့ ငါ့ယောကျာ်း အိမ်မှာ အေးအေးချမ်းချမ်းနေပါရစေ၊ ကလေးတော့ မထိန်းပါရစေနဲ့၊ ငါတို့ အခန်းပြန်နှင့်ပြီဟေ့"

ထွန်းဝီရက သူရရဲ့ ပခုံးကို ဖက်ကာ အရင်ထွက်သွားတော့သည်။

"ဒါမျိုးကျတော့ ကြောက်တယ်၊ တစ်ချိုးတည်းကို တန်းလစ်တော့တာပဲ၊ တစ်ရက်လောက် surpriseဆိုပြီး သွားထားဖြစ်အောင်ကို ထားဦးမှာ"

ထွန်းလင်းသီဟရဲ့ အပြောကို ကျန်‌နေခဲ့သူအကုန်လုံး ရယ်မိကြတော့သည်။ ခဏအကြာတွင် အာကာမင်းခန့်တို့ မိသားစုသုံးယောက်လည်း ထပြန်ကြလေသည်။

"ဒီဒီ ဒယ်ဒယ်၊ တားတား အဲ့ဘူးရေး သောက်ကြည့်ချင်ရယ်"

"မသောက်ရပါဘူး၊ ကိုကိုကာကာရော သားသားလိုပူဆာလား၊ မမမိုချီနဲ့ ကိုကိုမိုတီတို့ရော ပြောလား၊ သားသားလို ဘယ်သူမှ မပြောကြဘူး၊ မဟုတ်တာကို ဂျီမကျနဲ့ကွာ သားသားရာ"

"တားတား သောက်ချင်ရယ်"

"ဂျီပေါက်နဲ့တော့ ဒီမှာ ဆက်နေလို့မဖြစ်တော့ဘူး၊ သိမ်းစရာရှိတာသိမ်းပြီး ငါတို့ဟိုတယ်ပြန်မှ ဖြစ်တော့မယ်"

"အေး စွမ်းထက်၊ အချိန်လည်း မနည်းတော့ဘူး၊ ပြန်ကြတာပေါ့၊ ငါ့ကလေးတွေလည်း အိပ်ချင်နေကြပြီ"

အကုန်လုံးကို သိမ်းဆည်းပြီးနောက်တွင် ကိုယ်စီတည်းခိုရာ အခန်းတွေဆီသို့ ပြန်လည် ထွက်ခွာလာကြ၏။ အာကာလင်းသန့်တို့ အခန်းထဲပြန်ရောက်တော့ အမြွှာတွေမှာ မျက်နှာသစ်၊သွားတိုက်၊ ခြေထောက်လက်ထောက်ဆေး၍ ညဝတ်အင်္ကျီများလဲပြီးနောက် အိပ်ယာပေါ် တန်းရောက်သွားတော့သည်။ မနက်ပိုင်း ကားစီးလာရတဲ့ ဒဏ်ရော၊ ညနေပိုင်း ရေထဲဆင်းဆော့ထားတာရော ပေါင်းပြီး အမြွှာတွေက ခဏလေးအတွင်း အိပ်မောကျသွားကြတော့သည်။

"ကျွန်တော် မအိပ်ချင်သေးဘူး၊ ဦးမြတ်ရော"

"ကိုယ်လည်း မျက်လုံးကျယ်နေတယ်၊ အခုအိပ်ရင်လည်း အိပ်မပျော်လောက်ဘူး"

"အဲ့ဒါဆို အိပ်မပျော်မယ့်အတူတူ ကျွန်တော်တို့ လမ်းသွားလျှောက်ရအောင်"

"အင်း သန့်"

နှစ်ယောက်သား အခန်းတံခါးကို လုံခြုံအောင် ပိတ်ခဲ့ပြီး ပင်လယ်ဘက်သို့ နောက်တစ်ခေါက် ထွက်လာလိုက်ကြသည်။ တည်းခိုသည့် ဟိုတယ်ကနေ တခြားဘက်ဆီသို့ သောင်ပြင်တစ်လျှောက် ခြေဦးတည့်ဖြစ်ကြသည်။ အဆုံးအစမဲ့ ပင်လယ်ပြင်မှ လှိုက်တက်လာသော ရေလှိုင်းများသည် ကမ်းစပ်ဆီသို့ ရိုက်ခတ်လာကာ ခစားကြသည့် အသံများက ညအချိန်၌ တစ်မျိုး နားထောင်လို့ ကောင်း၏။ လက်ချင်းတွဲကာ လျှောက်လှမ်းနေကြသော သူတို့နှစ်ဦးထံသို့ တဖြူးဖြူးတိုက်ခတ်လာသည့် ညှင်းလေပြည်သွဲ့သွဲ့သည် ပင်လယ်ပြင်ကို ဖြတ်သန်းလာရ၍ထင်၏။ လေထဲ၌ ဆားနံ့လေး ရောပါနေသည်ကို ရှုရှိုက်မိသည်။

"ဦးမြတ် ခဏ"

အတော်အတန် လမ်းလျှောက်လာပြီးချိန်တွင် ရုတ်တရက်ပေါ်လာသည့် စိတ်ကူးအား အကောင်အထည်ဖော်ရန် ချက်ချင်းပင် အာကာလင်းသန့် လှုပ်ရှားမိသည်။ ပိုင်မြင့်မြတ်ကျော်ကတော့ ဘာဖြစ်မှန်းမသိ၍ ငုတ်တုတ်ထိုင်ချလိုက်သော သူ့ကို ရပ်၍သာ ကြည့်နေသည်။

"မကြည့်နဲ့လေ ဦးမြတ်၊ ခဏ ကျောပေးထား၊ ပြီးရင် ခေါ်မယ်"

"ဟုတ်ပါပြီကွာ"

အာကာလင်းသန့်ရဲ့ ဆံပင်တွေကို ထိုးဖွလိုက်ပြီး ပြောသလို ကျောပေးရပ်လိုက်သည်။ အာကာလင်းသန့်ကတော့ သူ့ရဲ့ လက်ညှိုးကို သုံးကာ သောင်ပြင်ပေါ် စာရေးနေလေရဲ့။

"ရပြီ ဦးမြတ်"

ပိုင်မြင့်မြတ်ကျော် ပြန်လှည့်ကာ ငုံ့အကြည့် မြင်တွေ့ရသည့် စာတန်းတစ်ခုကြောင့် အပြုံးတွေ ဖြစ်ပေါ်လာရသည်။ ထိုသို့ဖြစ်ပြီး တစ်ဆက်တည်းမှာပဲ ထိုစာတန်းလေးရဲ့ အောက်နားတွင် အဓိပ္ပာယ်တူစာတန်းတစ်ခုကို ရေးလိုက်သည်။ သူ့လိုမျိုး ပြုံးသွားသော အာကာလင်းသန့်ရဲ့ ပုံစံလေးကို အသည်းယားလာ၍ နှုတ်ခမ်းထက်သို့ အနမ်းတစ်ပွင့် တံဆိပ်ခတ်မိသည်။

"ဟိုတယ်နဲ့လည်း နည်းနည်းဝေးလာပြီ၊ ပြန်ကြတော့မလား ဦးမြတ်"

"သန့်သဘောပဲလေ၊ ပြန်ချင်ပြီဆို ပြန်မယ်"

အာကာလင်းသန့် မတ်တပ်ထရပ်လိုက်သည်။ ပိုင်မြင့်မြတ်ကျော်က သူ့ရှေ့တည့်တည့်၌ လာထိုင်ချကာ ကျောကုန်းကို ပုတ်ပြလေသည်။ သူလည်း အလွယ်တကူသဘောပေါက်လိုက်ပြီး ပိုင်မြင့်မြတ်ကျော်အား ကုန်းပိုးစီးလိုက်၏။

"ကိုယ့်ကလေးလေး စိတ်ချမ်းသာလို့များလား၊ အလေးချိန်ပိုစီးလာသလိုပဲ၊လေးလာတယ်"

ပိုင်မြင့်မြတ်ကျော်က သူ့အားကုန်းပိုးကာ လမ်းလျှောက်နေရင်း ပြောသည်။

"ဟုတ်လား၊ မဖြစ်ဘူး မဖြစ်ဘူး၊ ရန်ကုန်ပြန်ရောက်တာနဲ့ Gymသွားဦးမှ၊ အိမ်မှာပဲ အထိုင်များပြီး ဝိတ်တက်လာပြီထင်တယ်"

"ကိုယ်က စတာပါကွာ၊ သန့်အလေးချိန်က အရင်တုန်းကအတိုင်းပဲ၊ လေးလည်းမလေးဘူး၊ ပေါ့လည်း မပေါ့သွားဘူး"

"ဟာ ဦးမြတ်"

အငိုက်မိသွားပြန်တာကြောင့် စိတ်အလိုမကျသလို ဆူအောင့်အောင့်အော်သံလေးနောက်တွင် ပိုင်မြင့်မြတ်ကျော်ရဲ့ ရယ်သံမှာ ပူးတွဲဆိုသလို ကပ်ပါလာလေ၏။ တရွေ့ရွေ့နှင့် ထွက်ခွာသွားသော သူတို့နှစ်ဦး ချန်ထားခဲ့သည့် သောင်ပြင်ပေါ်က စာတန်းနှစ်ခုသည် လှိုင်းများက ဖုံးလွှမ်းသွား၍ သောင်ပြင်ထက်မှ ပျောက်ကွယ်သွားတော့သည်။ သို့ပေမယ့် ဤသည်မှာ စာတန်းသက်သက်သာ ဖြစ်၏။ သူတို့နှစ်ဦးသား၏ အချစ်သည်ကား ကာယကံရှင်နှစ်ဦးစလုံးသိသလို ပင်လယ်ပြင်လည်းအသိ၊ သဘာဝတရားကြီးလည်းအသိ၊ ရင်းနှီးရာရင်းနှီးကြောင်းများအသိ ဖြစ်ပြီး ဘယ်သောအခါမှ ပျောက်ကွယ်ပျက်စီးသွားမည်မဟုတ်ဘဲ ဤကမ္ဘာလောကကြီးမှာ အမြဲရှင်သန်နေမည်သာ...။

🍀

A/N: အနောက်မှာရှိသေးတဲ့ Factsဆိုတဲ့ Partနဲ့ ကျေးဇူးတင်လွှာကို အချိန်ရရင် ဖတ်စေချင်ပါတယ်။

🍀

(Zawgyi)

ယခုေရာက္ရိွေနသၫ့္ အရပ္ေဒသႏွင့္ လိုက္ဖက္ေအာင္ ရန္ကုန္မွာတည္းက အေသအခ်ာေရြးခ်ယ္ကာထည့္ယူလာသၫ့္ အဝတ္အစားမ်ားကို အာကာလင္းသန႔္ ဝတ္ဆင္ထားသည္။ တီရွပ္အျဖဴ မထူမပါးေလးကို ေအာက္ခံထားကာ အေပၚထပ္အျဖစ္ မိုးျပာေရာင္ရွပ္လက္တို ခပ္ပြပြေလးအား ဆင္ျမန္း၍ ဒူးအထက္ေဘာင္းဘီအနက္ေရာင္အား ဝတ္ဆင္ျဖစ္သည္။ ပိုင္ျမင့္ျမတ္ေက်ာ္မွာလည္း သူ႔ကဲ့သို႔ ပံုစံတူဝတ္ထားၿပီး ရွပ္လက္တိုကသာ အျဖဴေရာင္ျဖစ္ေသာေၾကာင့္ အေရာင္ကြဲသြားသည္။ မိုခ်ီနဲ႔မိုတီကေတာ့ ေရေဆာ့မွာျဖစ္၍ ေရကူးဝတ္စံုေလးေတြႏွင့္ျဖစ္၏။

"ပါပါး ဆံပင္စည္းေပး"

ခါးစပ္အထိဆံပင္အရွည္ ရိွသည္ျဖစ္ေသာ မိုခ်ီမွာ ေက်ာင္းသြားခါနီး သို႔မဟုတ္ အိမ္ကေနအျပင္ထြက္ခါနီးဆို သူ႔အား တစ္ခါတေလ စိတ္ကူးေပါက္တိုင္း ဆံပင္စည္းခိုင္းတတ္သည္။ သူသည္လည္း သမီးျဖစ္သူက ေတာင္းဆိုတိုင္း အၿမဲတမ္းစည္းေပးေနက်ပင္။

"ပါပါးသမီးက ေခ်ာလိုက္တာကြာ၊ ဘယ္သူေတြနဲ႔တူလို႔ အခုလို ေခ်ာေနရတာလဲ"

"ဒယ္ဒီနဲ႔ပါပါးနဲ႔ တူလို႔ေခ်ာတာ"

"ပါပါး ပါပါး သားလည္းေခ်ာတယ္မလား"

"ေခ်ာပါ့ဗ်ာ၊ ပါပါးကေလးေတြက အေခ်ာဆံုးေတြ"

အႁမြွာေတြက တျဖည္းျဖည္းနဲ႔ အရြယ္ေရာက္လာၿပီး တခ်ိဳ႕အက်င့္ေလးေတြက ေျပာင္းလဲသြားေသာ္ျငား တခ်ိဳ႕အက်င့္ေလးေတြ‌ကေတာ့ ငယ္ငယ္တုန္းကအတိုင္း မေျပာင္းမလဲရိွေနဆဲေပ။

"ကေလး‌ေတြလည္း ျပင္လို႔ၿပီးၿပီဆိုေတာ့ ကိုယ္တို႔သြားၾကရေအာင္ သန႔္"

"ဟုတ္ ဦးျမတ္"

အႁမြွာႏွစ္ေယာက္ ေရေဆာ့ၿပီးလို႔ ကုန္းေပၚျပန္တက္လာရင္ သုတ္ေပးဖို႔ တဘက္ေတြကိုပါ တစ္ပါတည္း ယူေဆာင္ကာ သူတို႔မိသားစု အခန္းအျပင္သို႔ ထြက္လာလိုက္သည္။

အာကာလင္းသန႔္တို႔ေတြ ေငြေဆာင္သို႔ ေရာက္ေနၾကျခင္းျဖစ္၏။ တန္ေဆာင္တိုင္ ကေလးေတြေက်ာင္းပိတ္ရက္ေရာ လူႀကီးေတြအနားယူရန္အတြက္ပါ အပန္းေျဖခရီးထြက္လာၾကျခင္း။ ဤေနရာသို႔ ခရီးထြက္လာျခင္းမွာ သူတို႔မိသားစုပဲမဟုတ္။ စြမ္းရည္ထက္တို႔ေရာ၊ အာကာမင္းခန႔္တို႔ေရာ၊ ထြန္းဝီရတို႔ပါ အတူတူလာၾကျခင္းျဖစ္သည္။ စိုင္းခြန္လ်ွံႏွင့္ မင္းတည္ၾကည္တို႔ႏွစ္ေယာက္အားလည္း ေခၚေပမယ့္ ႏွစ္ေယာက္သားက စိုင္းခြန္လ်ွံရဲ့အေမရိွရာ ေတာင္ႀကီးကို ေရာက္ေနၾကေသာေၾကာင့္ မပါလာၾကေပ။ သူတို႔အုပ္စုခ်ည္းသာ ျဖစ္သြားသည္။ သူတို႔အုပ္စုမွာလည္း ရန္ကုန္ကေန ေငြေဆာင္သို႔ထြက္လာရာ ခရီးလမ္းတစ္ေလ်ွာက္လံုး ဂယက္ထလာၾကၿပီး တစ္ေယာက္တစ္မ်ိဳး လူႀကီးေတြေရာ ကေလးေတြပါ ဆူညံပြက္ေလာရိုက္လာၾကသၫ့္ အုပ္စုသာျဖစ္သည္။

"ဦးျမတ္ ဟိုသားအဖသံုးေယာက္ကိုၾကၫ့္၊ ေနေအးေနတာကို ေနကာမ်က္မွန္ႀကီးေတြ တကားကားနဲ႔"

အာကာလင္းသန႔္ ၫႊန္ျပသၫ့္ေနရာကို ပိုင္ျမင့္ျမတ္ေက်ာ္ ၾကၫ့္လိုက္ေတာ့ ရိႈးအျပၫ့္ႏွင့္ ထြက္လာၾကသၫ့္ ထြန္းလင္းသီဟ၊ စြမ္းရည္ထက္ႏွင့္ ဂ်ီေပါက္တို႔အား ေတြ့လိုက္ရေလသည္။ ဂ်ီေပါက္က အေဖေတြဆင္ေပးထားသၫ့္ ေနကာမ်က္မွန္ကိုတပ္၍ ထြန္းလင္းသီဟကိုယ္ေပၚမွာ ခ်ီထားလ်က္သားေလးႏွင့္ ဟိုၾကၫ့္ဒီၾကၫ့္လုပ္ကာ ပါလာသည္က အသည္းယားစရာ။ သူတို႔ကို ျမင္သြားေတာ့ သူတို႔ရပ္ေနရာသို႔ သံုးေယာက္သား ေရာက္လာၾကသည္။

"ေဟ့ေရာင္ေတြ ေနပူတာလည္းမဟုတ္ဘဲ ဘာအရူးထၾကတာလဲ၊ ဂ်ီေပါက္တပ္ထားတာ ခ်စ္စရာေလးလို႔ ျမင္ေပးလို႔ရတယ္၊ မင္းတို႔ႏွစ္ေကာင္ကိုေတာ့ ေတြ့သမ်ွလူက အရူးလို႔ထင္မွာပဲ"

အာကာလင္းသန႔္ ‌သူငယ္ခ်င္းႏွစ္ေယာက္အား အနားေရာက္လာလာခ်င္းကို စလိုက္မိသည္။

"ဒါ family goalတာကြ သားေလးရ၊ မင္းနဲ႔မင္းလူႀကီးလိုမ်ိဳး ႏွစ္ေယာက္တည္းကြက္ၿပီး couple goalတာမဟုတ္ဘူး၊ မင္းတို႔ႏွစ္ေယာက္က်ေတာ့ ဆင္တူေတျြဖစ္ၿပီး ငါ့တူနဲ႔တူမက သီးသန႔္ေတျြဖစ္ေနၾကတယ္၊ ဒါေကာင္းသလား"

စြမ္းရည္ထက္ကလည္း ျပန္ေလွာ္သည္။

"ဒယ္ဒီနဲ႔ပါပါး သူတို႔ဘာသာဝတ္ၾကပါေစ ဦးဦးထက္ကလည္း၊ သားတို႔ေမာင္ႏွမ သားတို႔ဘာသာ ဆင္တူဝတ္လို႔ရေနတာကို၊ ဘာမွမျဖစ္ဘူး"

"ဦးဦးကလည္း မင္းပါပါးကို အျမင္ကတ္လို႔ တမင္ေျပာတာပါကြာ"

"ဂ်ီေပါက္ေရာ ေရေဆာ့မွာလား ဦးဦးထက္၊ မီးတို႔နဲ႔ ေဆာ့မွာမလား"

"ခဏေလးပဲ‌ ေဆာ့ခိုင္းမလို႔ မိုခ်ီရဲ့၊ အၾကာႀကီးဆို သူအေအးပတ္မွာ ေၾကာက္လို႔"

"ၾကာရီး ေခ်ာ့မွာ၊ ၾကာရီး၊ ထဏပဲ ေခ်ာ့ခ်င္ဝူး၊ ဒယ္ဒယ္ ဒီဒီ့ကိုေျပာ၊ တားတား ၾကာရီးေခ်ာ့ခ်င္ရယ္"

"ေအး ေအး၊ ဒီဒီ ေျပာသလို မဟုတ္ဘူး၊ သားသားကို အၾကာႀကီး ေဆာ့ခိုင္းမွာေနာ္"

ထြန္းလင္းသီဟ ဂ်ီေပါက္အား ဂ်ီမက်ေစရန္ ၿပီးၿပီးေရာသာ ေျပာလိုက္သည္။ ထိုသို႔သာ မေျပာရင္ ဂ်ီေပါက္က ဘယ္အခ်ိန္အထိ ဂ်ီတိုက္ဦးမည္မသိ။ သားတစ္ေယာက္တည္း ေမြးထားေပလို႔သာပဲ။ အာကာလင္းသန႔္တို႔လို ႏွစ္ေယာက္သာဆိုရင္ စြမ္းရည္ထက္ႏွင့္သူ တစ္ေယာက္တစ္လွၫ့္ ဆံပင္ျဖဴႏႈတ္ေပးေနရေလာက္ၿပီ။

သူတို႔ စကားေျပာေနစဉ္တြင္ ထြန္းဝီရတစ္ေယာက္ ပိုင္ျမင့္ျမတ္ေက်ာ္အား ဖုန္းေခၚလာသည္။

"ေအး ဝီရ၊ ငါတို႔လာေနၿပီ၊ ထြန္းလင္းတို႔ေရာပဲ ထြက္လာၿပီ"

ထြန္းဝီရအား အက်ိဳးအေၾကာင္းေျပာလိုက္ၿပီး ဖုန္းခ်လိုက္၍ သူတို႔ေတြ ဟိုတယ္မွ ထြက္ကာ ထြန္းဝီရတို႔ ေစာင့္ေနမၫ့္ ကမ္းေျခဘက္သို႔ အတူတူ ဦးတည္ၾကသည္။

ေနေအးေနသၫ့္အခ်ိန္ ျဖစ္သၫ့္အတြက္ ကမ္းေျခတစ္ေလ်ွာက္ လမ္းေလ်ွာက္ေနၾကသူမ်ား၊ ေရကူးေနၾကသူမ်ားအျပင္ စက္ဘီးစီးၾကသၫ့္လူေတြအားလည္း ေတြ့ရသည္။ ထြန္းဝီရတို႔ေတြကိုေတာ့ ေရထဲဆင္းဖို႔ အဆင္သင့္ျဖစ္ေနၾကတာကို ကမ္းစပ္အေရာက္မွာ ျမင္လိုက္ရ၏။

"မင္းတို႔ကလည္း ၾကာလိုက္တာကြာ၊ ငါ့မွာ ကေလးေတြ ကားစီးလာရတာ ပင္ပန္းၿပီး မလာႏိုင္ၾကေတာ့ဘူး ထင္ေနတာ"

"ဒီလိုပဲ ၾကာသြားတာပါကြ၊ ကေလးေတြကို တစ္ခ်က္ေလာက္ၾကၫ့္ေပးပါဦး ဝီရ၊ သူတို႔ေတြ ‌ေဆာ့မလို႔တဲ့"

"မင္းတို႔ႏွစ္ေယာက္ မဆင္းဘူးလား ေမာင္ပိုင္"

"ဟုတ္တယ္၊ သန႔္ေရာ ငါေရာ ဆင္းခ်င္စိတ္မရိွလို႔၊ အေပၚမွာပဲ ေနေတာ့မယ္"

"ၿပီးတာပါပဲ၊ ကေလးေတြကို ငါတို႔ေခၚသြားၿပီ‌ေနာ္၊မိုခ်ီနဲ႔မိုတီ လာၾက၊ ေလးေလးတို႔နဲ႔ ေရေဆာ့ရေအာင္"

အႁမြွာေတြက ထြန္းဝီရနဲ႔သူရတို႔ႏွစ္ေယာက္ႏွင့္အတူ ေစာစီးစြာ ဆင္းသြားၾကသည္။

"ခြန္းေလး ဘာျဖစ္လို႔ အက်ႌခြၽတ္တာလဲ၊ မခြၽတ္နဲ႔၊ျပန္ဝတ္၊ သူမ်ားေတြ ျမင္ကုန္ရင္ေတာ့ ဒုကၡပါပဲကြာ"

ခြန္းဝဏၰက သူဝတ္ထားသၫ့္ အက်ႌကိုခြၽတ္ၿပီး ေရေဆာ့ဖို႔ျပင္ေနတာေၾကာင့္ အာကာမင္းခန႔္ အသည္းအသန္ေတြ တားေတာ့သည္။ ခြန္းဝဏၰရဲ့ အသားအရည္မွာ ပိုးဟပ္ျဖဴတစ္ေကာင္ကဲ့သို႔ ျဖဴဥေနၿပီး အေတာ္ေလးကို ၾကၫ့္ေကာင္းသၫ့္အတြက္ အေပၚပိုင္းဗလာႏွင့္သာ ပင္လယ္ထဲဆင္းၾကၫ့္ ေရထဲကလူေတြေရာ ကမ္းေျခသဲေသာင္ျပင္ကလူေတြပါ ခြန္းဝဏၰကို က်ိန္းေသေပါက္ အာရံုစိုက္မိမွာပင္။ သို႔ျဖစ္၍ အာကာမင္းခန႔္ အူတိုကာ တားျခင္း။

"ေရထဲဆင္းမွာမို႔လို႔ ခြၽတ္တာေလ၊ ဘာမွ မထူးဆန္းတာကို၊ ကိုလည္း ခြၽတ္ထားတာပဲ၊ ေလးေလးတို႔လည္း ကို႔လိုပံုစံနဲ႔ ဆင္းသြားတာပဲ၊ ခြန္းေလးလည္း ခြၽတ္မွာေပါ့"

"အက်ႌဝတ္ၿပီး ေရကူးေနတဲ့သူေတြလည္း ဒုနဲ႔ေဒးပါပဲ ခြန္းေလးရ၊ ပင္လယ္ေရေတြနဲ႔ထိၿပီး ခြန္းေလး အသားအရည္ေတြ ပ်က္စီးကုန္မွာစိုးလို႔ ကိုယ္ကေျပာတာ"

"အူတိုရင္ တိုတယ္ေျပာ"

"ဒယ္နဲ႔ေဖ ၫွိစရာရိွတာ ဆက္ၫွိၾက၊ သားမေစာင့္ေတာ့ဘူး၊ ဆင္းႏွင့္ၿပီ"

ကာကာတစ္ေယာက္ လိႈင္းစီးမၫ့္ေဘာကြင္းအနက္ေလးကို မ,ကာ တစ္ေယာက္တည္း ထြက္သြားေတာ့သည္။ သူ႔အေဖႏွစ္ေယာက္မွာေတာ့ ၫွိလို႔မၿပီးေသး။ ထြန္းလင္းသီဟႏွင့္ စြမ္းရည္ထက္တို႔သည္လည္း သူတို႔အက်ႌေတြ၊ ေနကာမ်က္မွန္ေတြကို အာကာလင္းသန႔္တို႔လက္ထဲ ထိုးထၫ့္ေပးၿပီး သားအဖသံုးေယာက္ ဆင္းသြားၾကၿပီ ျဖစ္သည္။

"ခြန္းေလးရ ေျပာရရင္"

"ကိုကို"

သူ ျမင္ရၾကားရတာ အဆင္မေျပေတာ့၍ ကိုကို႔အား ေျပာမွကို ျဖစ္ေတာ့မည္။

"အင္း လင္းသန႔္၊ ကိုကို႔ညီေလး ဘာေျပာစရာရိွလဲ ေျပာ"

"ကိုခြန္း လုပ္ခ်င္တာ လုပ္ခိုင္းလိုက္ပါ ကိုကိုရယ္၊ အျဖစ္သည္းတာလည္း သည္းတာေပါ့၊ ဒါေပမဲ့ ကိုကို အခုသည္းတာကေတာ့ မဟုတ္ေသးဘူးေလ၊ သူသူကိုယ္ကိုယ္ ေယာက်ာ္းေလးတိုင္း ဒီလိုပဲ အမ်ားစုက ေရကူးေနၾကတာ၊ ဘာမွမျဖစ္ပါဘူး ကိုကိုရာ"

ခြန္းဝဏၰက အာကာလင္းသန႔္ စကားအဆံုးတြင္ အာကာမင္းခန႔္အား 'ၾကားတယ္မလား' ဆိုသၫ့္အၾကၫ့္ျဖင့္ အဓိပၸာယ္ပါပါ ၾကၫ့္ေလေတာ့သည္။

"အကုန္လံုး ခြန္း‌ေလးကို ဝိုင္းၾကၫ့္ၾကရင္ ခက္ရခ်ည္ရဲ့ကြာ လင္းသန႔္ရဲ့"

"ၾကၫ့္ရင္လည္း ၾကၫ့္တဲ့သူ မျမင္ရေအာင္ ကိုကို႔ခႏၶာကိုယ္နဲ႔ ကာေပးထားလိုက္ဗ်ာ၊ ေျပာေနတာနဲ႔ပဲ မိုးခ်ဳပ္ေတာ့မယ္၊ သြားစရာရိွတာ သြားေတာ့ ကိုကိုေရ"

သို႔ႏွင့္ ကိုကိုႏွင့္ကိုခြန္းလည္း ေရထဲေရာက္သြားၾကသည္။ ေရေဆာ့ေနရင္းနဲ႔ ကိုကို႔မွာ ကိုခြန္းအား ဟိုကြယ္ဒီကြယ္ လုပ္ေနတာကို အတိုင္းသား ျမင္ေနရ၍ သူ႔နဖူးအား လက္ျဖင့္ရိုက္လိုက္မိၿပီး သူအႀကံေပးလိုက္မွ ပိုမ်ားဆိုးသြားၿပီလားေတာင္ ေတြးမိသည္။ ကိုခြန္းအား ကိုကို ဤမ်ွေလာက္ တြန႔္တိုမွန္း အရင္တုန္းက ဘာလို႔မ်ား ဂရုမျပဳမိခဲ့ပါလိမ့္။

"ဦးျမတ္"

ပိုင္ျမင့္ျမတ္ေက်ာ္က ေလတိုက္ေနေသာေၾကာင့္ ပြသြားတဲ့ သူဆံပင္ေတြကို ရွင္းလင္းေပးရင္း တံု႔ျပန္စကားဆိုသည္။

"ေျပာပါဗ်ာ ကိုယ့္ကေလးေလး"

"ကြၽန္ေတာ္ အုန္းရည္ ေသာက္ခ်င္လို႔"

"ကိုယ္သြားဝယ္ၿပီး ျပန္လာခဲ့မယ္"

ပိုင္ျမင့္ျမတ္ေက်ာ္ ထသြားၿပီးေနာက္ ပင္လယ္ဘက္သို႔ အၾကၫ့္ျပန္ပို႔ၿပီး ေရေဆာ့ေနၾကသူမ်ားကို ၾကၫ့္ျဖစ္သည္။ ထြန္းလင္းသီဟနဲ႔ စြမ္းရည္ထက္တို႔မွာ ဂ်ီေပါက္အား ေဘာကြင္းအေသးေလးေပၚတြင္ တင္ကာ ႏွစ္ေယာက္သား ထိန္းေနၾကၿပီး ထြန္းဝီရႏွင့္သူရတို႔က အႁမြွာေတြအား ကူညီ၍ ေဆာ့ေပးေနသည္။ သူတို႔၏ အနီးအနားတြင္ ကာကာမွာ ေအးေအးေဆးေဆး တစ္ေယာက္တည္း လိႈင္းစီးေနသည္။ ကာကာရဲ့ မနီးမေဝးတြင္ေတာ့ အာကာမင္းခန႔္ႏွင့္ ခြန္းဝဏၰတို႔ သူတို႔ဘာသူတို႔ က်ီစယ္ကာ ေရကူးေနရင္း အဆင္ေျပေနၾကသည္။

အာကာလင္းသန႔္ ဟိုဟိုဒီဒီ ေလ်ွာက္ၾကၫ့္ရာမွ သူထိုင္ေနသည့္ေနရာႏွင့္ ခပ္လွမ္းလွမ္းက ကမ္းစပ္တစ္ေနရာတြင္ ျပန႔္ႀကဲေနၾကေသာ ခရုခြံေလးေတြဆီ အၾကၫ့္ေရာက္သြားမိသည္။ ေနရာမွထကာ ေဘာင္းဘီတြင္ ကပ္ေနေသာ သဲေတြကို ခါလိုက္ၿပီး ထို ခရုခြံေလးေတြ ရိွရာသို႔ အလိုလို ေလ်ွာက္သြားေတာ့၏။ သူ ထိုင္ခ်လိုက္ကာ ျမင္ေတြ့ရသၫ့္ ခရုခြံတစ္ခုကို ေကာက္ကိုင္ၾကၫ့္မိသည္။ ခပ္ရွည္ရွည္ေလးကိုမွ ႏွစ္ေရာင္စပ္ေလးျဖစ္ကာ လိမ္လိမ္ေလးရိွေနေသာ ေငြေရာင္ခရုခြံ‌ေလးသည္ သူ႔ရဲ့ အာရံုအား အလံုးစံု သိမ္းပိုက္သြား၏။ ထို႔ေနာက္တြင္ မ်က္စိေရ႔ွမွာ ျမင္ေနရသၫ့္ ခရုခြံတန္းေလးတစ္ေလ်ွာက္ တစ္ခုခ်င္းစီကို ကိုင္ၾကၫ့္ၿပီး ေရႊ့ကာေရႊ့ကာျဖင့္ ေရြ့လ်ားသည္။ ဒီအတိုင္း ဘာရည္ရြယ္ခ်က္မွ မရိွဘဲ လာၾကၫ့္ရာကေန ေကာက္ခ်င္စိတ္ျဖစ္ေပၚလာသည္ႏွင့္ တစ္ၿပိဳင္နက္ သူ႔အတြက္သာမက တျခားသူေတြအတြက္ပါ တစ္ခုစီေကာက္သြားရန္ ဆံုးျဖတ္မိ၏။ ယူၾကၫ့္လိုက္လို႔ သူ႔စိတ္ကူးထဲ ေပၚလာသၫ့္လူႏွင့္ မလိုက္ဘူးဆိုလ်ွင္ ျပန္ခ်လိုက္၊ ေနာက္တစ္ခု ေရြးလိုက္ျဖင့္ ခရုခြံ (၁၄)ခုအား ေကာက္ယူၿပီးစီးသည္။ ထိုသို႔ ခရုခြံေကာက္ၿပီးသၫ့္ေနာက္ သူထိုင္‌ခဲ့သၫ့္ေနရာသို႔ ျပန္သြားလိုက္သည္။

"ဦးျမတ္ေတာင္ ျပန္ေရာက္လာၿပီ"

"ဘာေတြ သြားေကာက္လာတာလဲ သန႔္"

"ခရုခြံေတြေလ၊ မလွဘူးလား ဦးျမတ္ရဲ့၊ ဒီမွာ ၾကၫ့္ဦး"

ပိုင္ျမင့္ျမတ္ေက်ာ္ ၾကၫ့္လိုက္ရာ အေရာင္အေသြးစံုလင္လွသၫ့္ ခရုခြံေလးေတြကို အာကာလင္းသန႔္ရဲ့ လက္ခုပ္ထဲတြင္ ေတြ့လိုက္ရသည္။ ဤခရုခြံေလးေတြမွာ လ်ိႈ႔ဝွက္လြန္းသၫ့္ ပင္လယ္ေရေအာက္ၾကမ္းျပင္မွေနတစ္ဆင့္ ကမ္းေပၚသို႔ လာေရာက္တင္သည္ေၾကာင့္လား မသိပါ။ ၄တို႔၏ ပံုပန္းသ႑ာန္ေတြႏွင့္ အေရာင္အေသြးတို႔မွာ တစ္မ်ိဳးတစ္ဖံုဆန္းၾကယ္ၿပီး ျမင္သူအေပါင္း ေကာက္ယူခ်င္စိတ္ျဖစ္ေပၚေစရန္ ဆြဲေဆာင္ႏိုင္သည္။ ဒါေၾကာင့္လည္း သဘာဝတရားႀကီးႏွင့္ ၄၏ ဆက္စပ္ပတ္သတ္သမ်ွအရာေတြကို ႏွစ္သက္ေသာ အာကာလင္းသန႔္က ေကာက္ယူလာတာျဖစ္ေပသည္။

"လွလိုက္တာသန႔္ရဲ့၊ သန႔္က အေရြးေတာ္တယ္"

"ဒါေတာင္ ဟိုဘက္ေတြမွာ အမ်ားႀကီး က်န္ေသးတယ္၊ ကြၽန္ေတာ္ လိုခ်င္တဲ့ အေရအတြက္ ျပၫ့္သြားလို႔၊ ၿပီးေတာ့ ဘာမွလည္း ထၫ့္လို႔ရတာမရိွတာနဲ႔"

"မနက္ျဖန္မွ ပံုးေလးတစ္ပံုးဝယ္ၿပီး ကိုယ္နဲ႔ အတူတူ ထပ္ေကာက္ၾကမလား"

"ေကာက္မယ္ ဦးျမတ္"

"အခု အုန္းရည္ေသာက္လိုက္ဦး"

အာကာလင္းသန႔္ သူေကာက္ယူလာသၫ့္ ခရုခြံေတြကို သဲေသာင္ျပင္ေပၚတြင္ ခဏခ်ထားလိုက္ၿပီး ပိုင္ျမင့္ျမတ္ေက်ာ္ဝယ္လာသၫ့္ အုန္းရည္ကို ယူ၍ေသာက္သည္။

"အရသာရိွလား သန႔္"

"အြန္း၊ တကယ္ေကာင္းတယ္"

ၿပံဳးရႊင္ကာ ေျဖလာေသာ အာကာလင္းသန႔္ရဲ့ ေခါင္းေလးကို သူတစ္ခ်က္ပုတ္လိုက္သည္။ အာကာလင္းသန႔္ဆိုသၫ့္ သူ႔ခင္ပြန္းကေတာ့ ဘယ္အသက္ ဘယ္အရြယ္ပဲေရာက္လာပါေစ သူ႔အတြက္ေတာ့ အစဉ္အၿမဲ ကေလးတစ္ေယာက္လိုပင္။

🍀

ညအခ်ိန္တြင္ သူတို႔အားလံုး စုေဝးကာ သဲေသာင္ျပင္၌ မီးပံုပြဲလုပ္ၾကသည္။ ညေနတည္းက ဝယ္ထားၾကေသာ ပင္လယ္စာကင္ေတြႏွင့္ ဘီယာေတြကေတာ့ သူတို႔အတြက္ ညစာသာျဖစ္ေပသည္။ ကေလး ေလးေယာက္သည္ကား လူႀကီးေတြႏွင့္ ကြဲျပားစြာ အေအးဘူးေလးေတြသာ ေသာက္ၾကသည္။ စကားေျပာလိုက္ၾက၊ ဂစ္တာတီးၿပီး သီခ်င္းဆိုလိုက္ၾက၊ အစားအေသာက္ေတြစားၾကႏွင့္ ဤညခ်မ္းဟာ သူတို႔အတြက္ ေပ်ာ္စရာအတိ။

အာကာလင္းသန႔္ လူစံုတုန္းမွာ သူေကာက္ထားသၫ့္ ခရုခြံေတြအား အေယာက္ေစ့ေဝေပးလိုက္၏။ စိုင္းခြန္လ်ွံႏွင့္ မင္းတည္ၾကည္အတြက္ေတာ့ ခရုခြံႏွစ္ခုကို ရန္ကုန္ေရာက္မွသာ ေဒသထြက္လက္ေဆာင္ပစၥည္းေတြသြားေပးရင္းနဲ႔ ေပးေတာ့မည္ျဖစ္၍ ဖယ္ထားလိုက္သည္။

"လင္းသန႔္တစ္ေယာက္ ဘယ္ေပ်ာက္သြားတာလဲလို႔ ငါလွမ္းၾကၫ့္ေတာ့ မေတြ့တာနဲ႔ စဉ္းစားေနတာ၊ လက္စသတ္ေတာ့ မင္းက ဒါေတြ လိုက္ေကာက္ေနတာကိုး"

"ေအးကြ၊ မနက္ျဖန္ ဦးျမတ္နဲ႔ေတာင္ ထပ္ေကာက္ဦးမလို႔"

"မင္းနဲ႔ မင္းလူႀကီး ဒါေတြေရာင္းစားမလို႔လား"

"စြမ္းထက္ မင္းေျပာမွ ငါေတာင္ အႀကံရသြားသလိုပဲ ၊ ကုမၸဏီမွာ customerလာအပ္တဲ့ themeတစ္ခုခုနဲ႔ တိုက္ဆိုင္သြားရင္ decorationအတြက္ သံုးလို႔ရေအာင္ မ်ားမ်ားစားစား ေကာက္သြားၾကမလား ဦးျမတ္"

"သန႔္ ေတာ္တယ္၊ ဒီအႀကံ မဆိုးဘူး"

"စီးပြားေရးအကြက္ ျမင္ၿပီး အတိုင္အေဖာက္ညီေနလိုက္ၾကတာ၊ လိုက္လည္း လိုက္တယ္ႏွစ္ေယာက္စလံုး"

"သားသား ေသာက္လို႔မရဘူး၊ ႀကီးလာမွေသာက္၊ ဒါ လူႀကီးေတြပဲ ေသာက္လို႔ရတာ၊ ကေလးေတြနဲ႔ မဆိုင္ဘူး"

"ေသာက္ခ်င္ရယ္၊ တားတားကိုေပး၊ေသာက္မယ္ရို႔"

"ဂ်ီေပါက္ ဘာျဖစ္ျပန္ၿပီလဲ ေမာင္"

"ဒီမွာကြာ ကိုယ့္လက္ထဲက ဘီယာဘူးကို အတင္းလိုက္လုၿပီး ေသာက္ခ်င္တယ္ လုပ္ေနတာ"

"ဂ်ီေပါက္ကေတာ့ တကယ္ပဲေဟ့၊ မလြယ္ေၾကာ၊ ထြန္းလင္းတို႔ႏွစ္ေယာက္ ဒီသားနဲ႔ ဘယ္လိုစခန္းသြားမလဲ ငါသိခ်င္ေနၿပီ၊ ဟားဟား"

"ကြၽန္ေတာ္ စိတ္ေပါက္လာရင္ ေလးေလးတို႔ဆီ သားကို လာပို႔လိုက္ရ ဟုတ္ေပ့ျဖစ္ေနမယ္၊ ရယ္မေနနဲ႔ ေလးေလး"

"ေတာ္ေဟ့ ေဟ့ေရာင္၊ ေတာ္ ေတာ္၊ မင္းစကား ဒီတင္ရပ္၊ ငါနဲ႔ ငါ့ေယာက်ာ္း အိမ္မွာ ေအးေအးခ်မ္းခ်မ္းေနပါရေစ၊ ကေလးေတာ့ မထိန္းပါရေစနဲ႔၊ ငါတို႔ အခန္းျပန္ႏွင့္ၿပီေဟ့"

ထြန္းဝီရက သူရရဲ့ ပခံုးကို ဖက္ကာ အရင္ထြက္သြားေတာ့သည္။

"ဒါမ်ိဳးက်ေတာ့ ေၾကာက္တယ္၊ တစ္ခ်ိဳးတည္းကို တန္းလစ္ေတာ့တာပဲ၊ တစ္ရက္ေလာက္ surpriseဆိုၿပီး သြားထားျဖစ္ေအာင္ကို ထားဦးမွာ"

ထြန္းလင္းသီဟရဲ့ အေျပာကို က်န္‌ေနခဲ့သူအကုန္လံုး ရယ္မိၾကေတာ့သည္။ ခဏအၾကာတြင္ အာကာမင္းခန႔္တို႔ မိသားစုသံုးေယာက္လည္း ထျပန္ၾကေလသည္။

"ဒီဒီ ဒယ္ဒယ္၊ တားတား အဲ့ဘူးေရး ေသာက္ၾကၫ့္ခ်င္ရယ္"

"မေသာက္ရပါဘူး၊ ကိုကိုကာကာေရာ သားသားလိုပူဆာလား၊ မမမိုခ်ီနဲ႔ ကိုကိုမိုတီတို႔ေရာ ေျပာလား၊ သားသားလို ဘယ္သူမွ မေျပာၾကဘူး၊ မဟုတ္တာကို ဂ်ီမက်နဲ႔ကြာ သားသားရာ"

"တားတား ေသာက္ခ်င္ရယ္"

"ဂ်ီေပါက္နဲ႔ေတာ့ ဒီမွာ ဆက္ေနလို႔မျဖစ္ေတာ့ဘူး၊ သိမ္းစရာရိွတာသိမ္းၿပီး ငါတို႔ဟိုတယ္ျပန္မွ ျဖစ္ေတာ့မယ္"

"ေအး စြမ္းထက္၊ အခ်ိန္လည္း မနည္းေတာ့ဘူး၊ ျပန္ၾကတာေပါ့၊ ငါ့ကေလးေတြလည္း အိပ္ခ်င္ေနၾကၿပီ"

အကုန္လံုးကို သိမ္းဆည္းၿပီးေနာက္တြင္ ကိုယ္စီတည္းခိုရာ အခန္းေတြဆီသို႔ ျပန္လည္ ထြက္ခြာလာၾက၏။ အာကာလင္းသန႔္တို႔ အခန္းထဲျပန္ေရာက္ေတာ့ အႁမြွာေတြမွာ မ်က္ႏွာသစ္၊သြားတိုက္၊ ေျခေထာက္လက္ေထာက္ေဆး၍ ညဝတ္အက်ႌမ်ားလဲၿပီးေနာက္ အိပ္ယာေပၚ တန္းေရာက္သြားေတာ့သည္။ မနက္ပိုင္း ကားစီးလာရတဲ့ ဒဏ္ေရာ၊ ညေနပိုင္း ေရထဲဆင္းေဆာ့ထားတာေရာ ေပါင္းၿပီး အႁမြွာေတြက ခဏေလးအတြင္း အိပ္ေမာက်သြားၾကေတာ့သည္။

"ကြၽန္ေတာ္ မအိပ္ခ်င္ေသးဘူး၊ ဦးျမတ္ေရာ"

"ကိုယ္လည္း မ်က္လံုးက်ယ္ေနတယ္၊ အခုအိပ္ရင္လည္း အိပ္မေပ်ာ္ေလာက္ဘူး"

"အဲ့ဒါဆို အိပ္မေပ်ာ္မယ့္အတူတူ ကြၽန္ေတာ္တို႔ လမ္းသြားေလ်ွာက္ရေအာင္"

"အင္း သန႔္"

ႏွစ္ေယာက္သား အခန္းတံခါးကို လံုၿခံဳေအာင္ ပိတ္ခဲ့ၿပီး ပင္လယ္ဘက္သို႔ ေနာက္တစ္ေခါက္ ထြက္လာလိုက္ၾကသည္။ တည္းခိုသၫ့္ ဟိုတယ္ကေန တျခားဘက္ဆီသို႔ ေသာင္ျပင္တစ္ေလ်ွာက္ ေျခဦးတၫ့္ျဖစ္ၾကသည္။ အဆံုးအစမဲ့ ပင္လယ္ျပင္မွ လိႈက္တက္လာေသာ ေရလိႈင္းမ်ားသည္ ကမ္းစပ္ဆီသို႔ ရိုက္ခတ္လာကာ ခစားၾကသၫ့္ အသံမ်ားက ညအခ်ိန္၌ တစ္မ်ိဳး နားေထာင္လို႔ ေကာင္း၏။ လက္ခ်င္းတြဲကာ ေလ်ွာက္လွမ္းေနၾကေသာ သူတို႔ႏွစ္ဦးထံသို႔ တျဖဴးျဖဴးတိုက္ခတ္လာသၫ့္ ၫွင္းေလျပည္သြဲ႔သြဲ႔သည္ ပင္လယ္ျပင္ကို ျဖတ္သန္းလာရ၍ထင္၏။ ေလထဲ၌ ဆားနံ႔ေလး ေရာပါေနသည္ကို ရႈရိႈက္မိသည္။

"ဦးျမတ္ ခဏ"

အေတာ္အတန္ လမ္းေလ်ွာက္လာၿပီးခ်ိန္တြင္ ရုတ္တရက္ေပၚလာသၫ့္ စိတ္ကူးအား အေကာင္အထည္ေဖာ္ရန္ ခ်က္ခ်င္းပင္ အာကာလင္းသန႔္ လႈပ္ရွားမိသည္။ ပိုင္ျမင့္ျမတ္ေက်ာ္ကေတာ့ ဘာျဖစ္မွန္းမသိ၍ ငုတ္တုတ္ထိုင္ခ်လိုက္ေသာ သူ႔ကို ရပ္၍သာ ၾကၫ့္ေနသည္။

"မၾကၫ့္နဲ႔ေလ ဦးျမတ္၊ ခဏ ေက်ာေပးထား၊ ၿပီးရင္ ေခၚမယ္"

"ဟုတ္ပါၿပီကြာ"

အာကာလင္းသန႔္ရဲ့ ဆံပင္ေတြကို ထိုးဖြလိုက္ၿပီး ေျပာသလို ေက်ာေပးရပ္လိုက္သည္။ အာကာလင္းသန႔္ကေတာ့ သူ႔ရဲ့ လက္ၫွိုးကို သံုးကာ ေသာင္ျပင္ေပၚ စာေရးေနေလရဲ့။

"ရၿပီ ဦးျမတ္"

ပိုင္ျမင့္ျမတ္ေက်ာ္ ျပန္လွၫ့္ကာ ငံု႔အၾကၫ့္ ျမင္ေတြ့ရသၫ့္ စာတန္းတစ္ခုေၾကာင့္ အၿပံဳးေတြ ျဖစ္ေပၚလာရသည္။ ထိုသို႔ျဖစ္ၿပီး တစ္ဆက္တည္းမွာပဲ ထိုစာတန္းေလးရဲ့ ေအာက္နားတြင္ အဓိပၸာယ္တူစာတန္းတစ္ခုကို ေရးလိုက္သည္။ သူ႔လိုမ်ိဳး ၿပံဳးသြားေသာ အာကာလင္းသန႔္ရဲ့ ပံုစံေလးကို အသည္းယားလာ၍ ႏႈတ္ခမ္းထက္သို႔ အနမ္းတစ္ပြင့္ တံဆိပ္ခတ္မိသည္။

"ဟိုတယ္နဲ႔လည္း နည္းနည္းေဝးလာၿပီ၊ ျပန္ၾကေတာ့မလား ဦးျမတ္"

"သန႔္သေဘာပဲေလ၊ ျပန္ခ်င္ၿပီဆို ျပန္မယ္"

အာကာလင္းသန႔္ မတ္တပ္ထရပ္လိုက္သည္။ ပိုင္ျမင့္ျမတ္ေက်ာ္က သူ႔ေရ႔ွတၫ့္တၫ့္၌ လာထိုင္ခ်ကာ ေက်ာကုန္းကို ပုတ္ျပေလသည္။ သူလည္း အလြယ္တကူသေဘာေပါက္လိုက္ၿပီး ပိုင္ျမင့္ျမတ္ေက်ာ္အား ကုန္းပိုးစီးလိုက္၏။

"ကိုယ့္ကေလးေလး စိတ္ခ်မ္းသာလို႔မ်ားလား၊ အေလးခ်ိန္ပိုစီးလာသလိုပဲ၊ေလးလာတယ္"

ပိုင္ျမင့္ျမတ္ေက်ာ္က သူ႔အားကုန္းပိုးကာ လမ္းေလ်ွာက္ေနရင္း ေျပာသည္။

"ဟုတ္လား၊ မျဖစ္ဘူး မျဖစ္ဘူး၊ ရန္ကုန္ျပန္ေရာက္တာနဲ႔ Gymသြားဦးမွ၊ အိမ္မွာပဲ အထိုင္မ်ားၿပီး ဝိတ္တက္လာၿပီထင္တယ္"

"ကိုယ္က စတာပါကြာ၊ သန႔္အေလးခ်ိန္က အရင္တုန္းကအတိုင္းပဲ၊ ေလးလည္းမေလးဘူး၊ ေပါ့လည္း မေပါ့သြားဘူး"

"ဟာ ဦးျမတ္"

အငိုက္မိသြားျပန္တာေၾကာင့္ စိတ္အလိုမက်သလို ဆူေအာင့္ေအာင့္ေအာ္သံေလးေနာက္တြင္ ပိုင္ျမင့္ျမတ္ေက်ာ္ရဲ့ ရယ္သံမွာ ပူးတြဲဆိုသလို ကပ္ပါလာေလ၏။ တေရြ့ေရြ့ႏွင့္ ထြက္ခြာသြားေသာ သူတို႔ႏွစ္ဦး ခ်န္ထားခဲ့သၫ့္ ေသာင္ျပင္ေပၚက စာတန္းႏွစ္ခုသည္ လိႈင္းမ်ားက ဖံုးလႊမ္းသြား၍ ေသာင္ျပင္ထက္မွ ေပ်ာက္ကြယ္သြားေတာ့သည္။ သို႔ေပမယ့္ ဤသည္မွာ စာတန္းသက္သက္သာ ျဖစ္၏။ သူတို႔ႏွစ္ဦးသား၏ အခ်စ္သည္ကား ကာယကံရွင္ႏွစ္ဦးစလံုးသိသလို ပင္လယ္ျပင္လည္းအသိ၊ သဘာဝတရားႀကီးလည္းအသိ၊ ရင္းႏွီးရာရင္းႏွီးေၾကာင္းမ်ားအသိ ျဖစ္ၿပီး ဘယ္ေသာအခါမွ ေပ်ာက္ကြယ္ပ်က္စီးသြားမည္မဟုတ္ဘဲ ဤကမ႓ာေလာကႀကီးမွာ အၿမဲရွင္သန္ေနမည္သာ...။

🍀

A/N: အေနာက္မွာရိွေသးတဲ့ Factsဆိုတဲ့ Partနဲ႔ ေက်းဇူးတင္လႊာကို အခ်ိန္ရရင္ ဖတ္ေစခ်င္ပါတယ္။

🍀

Continue Reading

You'll Also Like

1.2M 63.8K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
298K 15K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
248K 7.1K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
443K 38.6K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ