๐”น๐•ƒ๐”ธโ„‚๐•‚ ๐•ƒ๐•†๐•‹๐•Œ๐•Š | แ€กแ€”แ€€แ€บแ€›แ€ฑ...

By evyzora

95.3K 6.9K 501

โœ“ ๐”๐ง๐ข๐œ๐จ๐๐ž ๐Ž๐ง๐ฅ๐ฒ ๐“๐š๐ž๐ก๐ฒ๐ฎ๐ง๐  ๐Ÿ”บ ร— ๐‰๐ฎ๐ง๐ ๐ค๐จ๐จ๐ค ๐Ÿ”ป [ ๐’๐ญ๐š๐ซ๐ญ ๐๐š๐ญ๐ž - ๐€๐ฉ๐ซ๐ข๐ฅ ๐Ÿ๐Ÿ,๏ฟฝ... More

แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‡)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แˆ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‰)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ€)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ‡)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแˆ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แแ‰)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ€)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ‚แ‡) + แ€‡แ€แ€บแ€žแ€ญแ€™แ€บแ€ธ
( แ€แ€ฑแ€ฌแ€„แ€บแ€ธแ€•แ€”แ€บแ€แ€ผแ€„แ€บแ€ธ )
1.( แ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธแ€žแ€…แ€นแ€…แ€ฌแ€แ€ญแ€ฏแ€ท แ€แ€ญแ€ฏแ€„แ€บแ€™แ€ผแ€ฒแ€…แ€ฑแ€žแ€ฌแ€ธ )
2โ€ข(แ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธแ€žแ€…แ€นแ€…แ€ฌแ€แ€ญแ€ฏแ€ท แ€แ€ญแ€ฏแ€„แ€บแ€™แ€ผแ€ฒแ€…แ€ฑแ€žแ€ฌแ€ธ)

แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ (แ…)

2.7K 239 15
By evyzora








" Jungkookkie ! ဓာတ်ပုံတွေရပြီ "

စက္ကူအိတ်လေးနှင့်ထုပ်ထားသည့်ဓာတ်ပုံအိတ်အထုပ်လေးအားခုံပေါ်သို့ပစ်တင်ပေးကာMonbyoulဆိုလာသည်။မှိုင်ထွေနေသည့်ကောင်လေးကတော့ ကော်ဖီဆိုင်အပြင်ဘက်သို့မှန်ချပ်မှတဆင့်ငေးကြည့်နေဆဲပင်။မရွှင်မပြုံးမျက်နှာလေးကစိတ်အခြေနေမကောင်းသည်ကိုဖော်ပြနေ၏။

" ပုံတွေထုပ်တာနင်လုပ်နေကြကိုထူးထူးဆန်းဆန်းငါ့ကိုဘာလို့လုပ်ခိုင်းတာလဲ ?"

" သူ့မှာချစ်သူရှိတယ် Monbyoul !"

အေးဆက်သည့်လေယူလေသိမ်းနှင့်ကောင်ငယ်လေးကမှန်ချပ်မှအကြည့်မခွာပဲပြောဆိုနေသည်။ကျောင်း၏ခပ်ဆိုးဆိုးကောင်လေးကမိန်းခလေးတွေအထည်လည်တွဲခဲ့ပြီးပျော်ရွှင်ခဲ့သလောက် ယခုတော့ကြေကွဲရိပ်ယောင်နှင့်၀မ်းနည်းနေ၏။၀၌ကြွေးထင်ပါရဲ့ ...

ကြိုတင်တွေးထာသည့်Monbyoulကတချက်ပြုံးသည်။ဒီခံစားချက်ကိုကောင်းကောင်းနားလည်သည့်သူမလေးအတွက်မထူးဆန်းတော့ပါ။

" အဲ့ဒါကြောင့်နင့်ကိုငါမေးခဲ့တယ်လေ ။ ဘယ်လိုခံစားနေရလဲ ?"

" ရင်ဘက်ထဲမှာတဆစ်ဆစ်နဲ့ ။ တဖက်သက်အချစ်အတွက်ခံစားချက်ကအဲ့လောက်ပြင်းထန်တယ်လား ?"

" အာညီးးး အဲ့ထက်ဆိုးရွားတယ် ။ ဘာပဲဖြစ်ဖြစ်ဖိုက်တင်း ! အခုမှအစပဲရှိသေးတာကို နင်ကပြိုလဲနေပြီလား ?"

" သူမကအရမ်းလှတယ် ။ ငါ့ထက်အများကြီးသာပြီးအရည်ချင်းလည်းရှိတယ် အဲ့ဒါကြောင့်သူကရွေးချယ်ခဲ့တာနေမယ် "

" နင့်ထက်သာတယ်လို့ဘယ်သူကပြောလဲ ။ သူကမိန်းမသားဖြစ်နေလို့တစ်ခုပဲသာလိမ့်မယ် အခြားနေရာမှာတော့နင့်ထက်သာချင်မှသာမှာ "

" ငါရှေ့ဆက်တို့ရမလား ဒီမှာပဲရပ်လိုက်ရမလား ?"

လေသံတို့ကအားနွဲ့နေသည်။ပထမဆုံးခြေလှမ်းမှာတင်မျှော်လင့်ချက်ရိုတ်ချိုးခံလိုက်ရသည့်ခံစားချက်ကြောင့်အမြင့်တနေရာမှပြုတ်ချတာထပ်ကိုနာကြင်ရ၏။လွန်ကျူးနေသည့်ခံစားချက်ကြောင့်ရှေ့တိုးရမလား နောက်ဆုတ်ရမလားမဝေခွဲတက်သည်အထိပင်။တည်ငြိမ်စွာနှင့်ဒီလူသားတယောက်ထဲကိုအချစ်တွေပုံအပ်ဖို့ကြိုးစားမိကာမှနှလုံးသားတွေအစိတ်စိတ်အမွှာမွှာခွဲအပ်ရပြန်ပါပြီ။

ဤသည်နှင့်ပင်ထိုက်တန်ခဲ့သည်လား။

" နှလုံးသားရဲ့စေခိုင်းအချက်ကိုလိုက်နာရင်တော့ ရလာဒ်ကနာကြင်ခြင်းပဲ ။ ဘယ်လိုလဲ ရှေ့ဆက်တိုးမလား ?"

" ငါဘာလို့သူ့ကိုမှချစ်ခဲ့တာလဲ ?"

ကောင်ငယ်လေးကအငေးတိုက်နေရာမှ ရွှန်းလဲ့လဲ့မျက်၀န်းတစုံနှင့်သူမလေးကိုလှည့်ကြည့်ကာမေးခွန်းထုပ်လာသည်။သူကိုယ်တိုင်ပင်ချစ်မိလိုက်မှန်းမသိခဲ့သည့် ဖြစ်ရပ်အားတွေးရင်နှင့်ပင်ရင်နာနေသည်ထင်ပါရဲ့ နှုတ်ခမ်းပါးတို့တုန်ယင်ကာမျက်၀န်းမှအရည်ကြည်တို့ရစ်သိုင်းနေသည်ကိုပါအထင်းသားမြင်နေရ၏။

" အချစ်ကလုပ်ယူလို့မရဘူးလေ ။ နင့်ရဲ့နှလုံးသားကသူ့ကိုလက်ခံခဲ့လို့ချစ်ခဲ့မိတာ ! နာကြင်ခြင်းနဲ့ကျင့်သားရသွားတဲ့အခါကျ ဒီလောက်လေးကဘားမှမဟုတ်တော့ပါဘူး "

" ကျင့်သားရရမယ်တဲ့လား ? ငါ . . . . . . . . "

" Jungkook ah !"

ခပ်ဩဩအသံနှင့်အတူ ကောင်ငယ်လေး၏ပခုံးအားထိတွေ့ကိုင်တွယ်လာသည့်လက်တစုံကြောင့်မော့ကြည့်မိသည်။ထိူလူသားပါပဲ။ဟန်ဆောင်အပြုံးလေးနှင့်ကြိုဆိုတော့ ထိုလူသားကကောင်ငယ်လေး၏ဘေးနားကထိုင်ခုံကိုဆွဲကာ၀င်ထိုင်သည်။

" ခင်များလာရတာအဆင်ပြေရဲ့လား ?"

" ပြေပါတယ် ။ သူငယ်ချင်းလား ?"

မျပ်နှာချင်းဆိုင်တွင်ထိုင်ပြီးသူတို့နှစ်ယောက်အားပြူးကြောင်ကြောင်လေးနှင့်ကြည့်နေသည့်Monbyoulကိုကြည့်လျက်ထိုလူသားကလက်မေးငေါ့ကာမေးလာသည်။ထိုအခါမှ သူမလေးကထိုလူသားကိုပါးချိုင့်ပေါ်သည်အထိပြုံးပြလာသည်။နို့နှစ်လိုအသားအရောင်နှင့်ခါးအထိရှိသည့်ဆံနွယ်ရှည်ရှည်ကသူမလေး၏အလှကိုပေါ်လွင်စေသည်။မျက်ခုံးတန်းတန်း၊နှုတ်ခမ်းမထူမပါးနှင့်မျက်၀န်းဝိုင်းဝိုင်းတို့ကမြင်သုအများကိုသွဲမတ်စေ၏။

ထိုလူသားမေးနေသည်ကိုပြန်မဖြေပါပဲ‌ငေးကြည့်နေသည့်အတွက်Monbyoulကပဲသူ့အစားပြန်ဖြေရပြန်သည်။

" ဟုတ် ! Jungkookkieရဲ့သူငယ်ချင်းပါ "

" တွေ့ရတာ၀မ်းသာပါတယ် ။ ကိုယ်ကအခုမှဘူဆန်မှာနေမှာ "

" ဟုတ် ! လိုအပ်တာရှင်ပြောပါ ။ "

Monbyoulကထိုလူသားနှင့်မိတ်ဖွဲ့နေပေမဲ့ကောင်ငယ်လေးကတော့မှိုင်ထွေထွေနှင့်အရှေ့တွင်ချထားသည့်ကော်ဖီခွက်ကိုငေးကြည့်နေသည်။ဤသည်ကိုMonbyoulကအားနာရသည်ကတကြောင်း၊မျက်နှာပျက်နေသည့်သူငယ်ချင်းကိုစိတ်မရှည်တော့၍တကြောင့်အားပါပါနှင့် jungkook၏ခြေထောက်အား စားပွဲအောက်မှကန်လိုက်သည်။

အကန်ခံရ၍အီစိမ့်အောင်နာကြင်သွားသည့်ကောင်‌ငယ်လေးကခြေထောက်ကိုနှိပ်နယ်ပြီးထိုအခါမှအသံစူးစူးထွက်လာသည်။

" ယားးး ! ဖြေးဖြေးကန်ပါဟ နာလိုက်တာ "

" စကားမပြောပဲနင်ကဘာလို့ငေးနေလဲ ?"

" အဲ့ဒါပါးစပ်ကခေါ်ပါလားလို့ !"

" နင် . . . . . . . . "

TH _ " ကဲ နှစ်ယောက်လုံးတော်ကြတော့ ။ ကိုယ်ပြီးရင်ဂျူတီ၀င်ဖို့ပြန်သွားရမှာ ဓာတ်ပုံတွေရော ?"

" အာ ! ဓာတ်ပုံတွေဒီမှာ ရပြီ "

Monbyoulယူလာပေးသည့်စက္ကူအိတ်အတိုင်းပင်ထိုလူသားအရှေ့တိုးပေးလိုက်သည်။ဓာတ်ပုံတပုံချင်းစီကြည့်ကာပြုံးလို့နေသည့်ကောင်လေး၏ပျော်ရွှင်နေမှုကိုအတိုင်းသားမြင်နေရပါသည်။ထိုလူသား၏အပြုမူကိုမေးထောက်ကြည့်ကာပြုံးနေသည့်ကောင်လေးတယောက်ကလည်းပြုံးလို့နေ၏။ဒီလောက်လေးပျော်ရွှင်စေဖို့ပြုလုပ်ပေးရသည်ကတောင်ဤလောက်ထိပျော်ရွှင်စရာကောင်းတာ အရာရာကိုသာဖြည့်ဆည်းပေးနိုင်ဘယ်လောက်တောင်ပျော်ရွှင်ဖို့ကောင်းလိုက်မလဲ။

ဒါတွေထိုလူသားမတွေးမိလေသရော့လား။

TH _ " ဓာတ်ပုံတွေတအားလှတယ် ! နောက်တခါကျကိုယ့်ကောင်မလေးနဲ့အတူရိုတ်ပေးနော် ။ ကိုယ်အခုသွားတော့မယ် အချိန်မရှိတော့လို့ "

" အော် အင်း အင်း ။ ဂရုစိုတ်သွားနော် "

ကောင်ငယ်လေးကိုခေါင်းအသာငြိမ့်ပြကာထိုလူသွားထွက်သွားခဲ့ပါသည်။
ရင်အစုံဓားပါးတချောင်းနှင့်ထိုးမွှေ့သွားလိုစကားလုံးများကထိုလူသားထွက်သွားပြီးတာတောင်နားထဲအထပ်ထပ်ကြားယောင်လို့နေ၏။"နောက်တခါကျကိုယ့်ကောင်မလေးနဲ့အတူရိုတ်ပေးနော်"တဲ့

ရက်စက်လွန်းလှတဲ့ထိုလူသားပါပဲ။
အသည်းနှလုံးမရှိတဲ့ထိုလူသားပါပဲ။

" ပြောသွားတာကြားလား ?"

" ငါ့မှာလည်းနားပါတယ် ကြားတာပေါ့ ။ ကြေကွဲဖို့စကားလုံးရှာမတွေ့လို့ငြိမ်နေတာ ! နင်မြင်တယ်မလား ငါကသူ့အတွက်အဲ့လိုလူစားမျိုး "

" Jungkookkieရယ် "

" ငါ့ဇတ်လမ်းကမစခင်မှာပဲဇတ်သိမ်းသွားခဲ့ပြီ "

အောက်နှုတ်ခမ်းကိုအသာဖိကိုက်ကာတချက်ပင့်သက်ရှိုက်လိုက်သည်။ထို့နောက်အေးဆက်နေပြီဖြစ်တဲ့ကော်ဖီကိုတချိုင့်ထဲမော့သောက်ချ၏။ခံစားချက်အစုံကိုကော်ဖီနှင့်အတူမျှောချလိုက်သလိုပါပဲ။သို့ပေမဲ့ကျူးလွန်းနေပြီးတဲ့အချစ်တွေကိုတော့ပြန်နှုတ်မရခဲ့ပါဘူး။

" အချစ်ဇတ်လမ်းတစ်ခုမှဗီလိန်ပါစမြဲတဲ့ ! အဲ့ဒါခင်များသိလား။ဒါပေမဲ့ကျနော်ကခင်များကိုအဖြူထည်သီးသန့်ချစ်ခဲ့တာ ဘာအရောင်ကာလာမှမပါခဲ့ဘူး။ဘာမလို၀န်တိုစိတ်မှမပါခဲ့ဘူး။ခင်များဘေးကမိန်းမပျိုလေးလိုတော့ကျနော့်မှာဆေးရောင်စုံခြယ်သပြီးမလှနိုင်တာကချို့ယွင်းချက်ပေါ့။

ယောကျာ်းတယောက်မို့မနူးညံ့ဘူးမထင်ပါနဲ့။ခင်များအတွက်ကျနော့်အချစ်ကဝါဂွမ်းဖတ်လိုပါပဲ နူးညံ့ပြီးဖြူစင်ပါတယ်"

~•~

" တီ တီ တီ !!!"

Mini martသို့၀ယ်စရာရှိ၍ခေတ္တခဏမျှထိုMini martရှေ့တွင်ကားကိုရပ်ထားခဲ့မိသည်။လိုအပ်တာ၀ယ်ခဲ့ပြီးပြန်ထွက်လာချိန် ရပ်ထားခဲ့ကားကိုရှေ့မှပိတ်၍ကားတစ်စီးကပိတ်ရပ်ထား၏။ထိုအခါကားကထွက်မရတော့ပါပဲကြားတွင်ပိတ်မိနေသည်။

" တီ တီ တီ !!!"

ကားထဲသို့၀င်၍ဟွန်းကိုသာအဆက်မပြက်တီး၍ဆူးညံနေသောကြောင့်လမ်းသွားလမ်းလာအကုန်လုံးကကွက်ကြည့်ကွက်ကြည့်လုပ်လာကြသည်။ထိုအခါမိန်းမလှလေးတဦး ဒေါက်မြင့်ဖိနပ်ကိုအသံထွက်အောင်ခြေလှမ်းစိတ်များနှင့်လျှောက်လာနေ၏။ဦးတည်ရာဟွန်းတီးနေသည့်လူလတ်ပိုင်းအရွယ်ထိုလူကြီးဆီသိုပင် ...

" ဒီမှာ ! ရှင်ဘာလို့ကားဟွန်းကိုအဆက်မပြက်တီးနေတာလဲ ?"

ထိုလူကြီးအရှေ့ခြေအစုံရပ်ပြီးဆိုလာသည့်မိန်းမလှလေးကလှပလွန်းသည့်ရုပ်ကလေးနှင့်ပင်မလိုက်ဖတ်အောင်စွာလွန်းနေခဲ့သည်။

" အဲ့ဒါမင်းကားမလား အခုဖယ်ပေး ! ကားကိုမလွတ်မကျွတ်ဖြစ်အောင်ဘယ်လိုများရပ်ခဲ့တာလဲ မင်းမှာဉာဏ်မရှိဘူးလား ?"

" ရှင်တောင်နောက်ကားနဲ့လွတ်အောင်ရပ်ခဲ့လို့လား ?"

" အဲ့ကားကပါကင်အပြီးထိုးလိုက်ပြီထင်လို့ ရပ်မိတာပေါ့ "

" ကျမလည်းအဲ့လိုပဲပေါ့ ။ ရှင်ကျမကိုအခုပြန်တောင်းပန် !"

" မင်းစိတ်ရောမှန်းသေးရဲ့လား ? သွားစမ်းပါ ကားစက်နှိုးပြီးငါ့ကားရှေ့ကအမြန်ဖယ်ပေး "

" ရှင် !!"

" သွားလို့ပြောနေတယ် !"

ထိုလူကြီးကပြောဆိုလျက် ကားထဲသို့၀င်ထိုင်ဖို့အတွက်ကားတံခါးဖွင့်ပြီးပြင်နေသည့်အခါမိန်းမလှေလေးကကားတခါးကိုလှမ်းဆွဲသည်။ဤသို့အခြေနေကြောင့်စိတ်အခြေနေမဟန်တော့သည့်ထိုလူကြီးမိန်းမလေးကိုမရည်ရွယ်ပါပဲလက်မောင်းမှတွန်းထုပ်မိသည်။

တွန်းထုပ်ခြင်းခံလိုက်ရသည့်မိန်းမလှလေးကအရှိန်နှင့်အနောက်သို့ဖင်ထိုင်ရက်လဲ့ကျသွားခဲ့၏။နာကြင်သွားရသည့်အတွက်ညည်းငြူမိသည်။

" အားးး နာလိုက်တာ "

" ဟေ့ ခင်များ ! မိန်းကလေးတယောက်ကို "

ထိုမိန်းမလှလေး၏နောက်ကျောမှထွက်လာသည့်အသံဖြစ်သည်။ထို့နောက်မိန်းမလှလေးကိုဆွဲထူးပေးပြီးမက်တပ်ရပ်စေ၏။ဘာရယ်ညာရယ်မသိပါပဲစကားအခြေ‌အတင်များနေရင်းနှင့်ထိုမိန်းမလှလေးပြုတ်ကျသွားသည်ကိုလမ်းလျှောက်လာသည့်ချာတိတ်လေးမြင်ခဲ့ရပြီး ဘယ်သူမှားမှာခံရသည်ကမိန်းမသားဖြစ်‌နေ၍ကူညီရပြန်သည်။

" မင်းကဘာသိလို့၀င်ပါနေတာလဲ ?"

" ဘာမှမသိဘူး ။ ဒါပေမဲ့မိန်းကလေးတယောက်ကိုလူမြင်ကွင်းမှာလက်ပါ‌တာတော့မသင့်တော်ဘူး "

" မင်းလေးကလည်းအလာကြီးပါလား ။ ငါ့ကိုမပြောခင်မင်းဘေးကမိန်းမကိုကားအရင်ဖယ်ခိုင်းလိုက် ဒါဆိုပြီးသွားပြီ "

" ခင်များကလည်းလက်ပါသေးတယ် စကားပြောတာကလည်းဒေါက်မကျိုးဘူး ...... !"

" တော်ပြီ ! အစ်မကားရွှေ့ပေးမှာမို့မင်းလည်းရန်မဖြစ်နဲ့တော့ "

မိန်းမလှလေးကသူ့ကိုယ်သူ"အစ်မ"ဟုသုံးနှုန်းကာပြောဆိုပြီးကားပေါ်သို့သွားကာကားစက်နှိုးသည်။ထို့နောက်လွတ်ရာကျွတ်ရာသို့ကားရွှေ့သွား၏။မျက်၀န်းအစုံပြူးကျယ်ပြီးကြောင်ကြည့်နေသည်က‌ချာတိတ်လေးပါ။ထိုအခါချာတိတ်လေးရှေ့ကကားပေါ်တွင်ထိုင်နေသည့်လူကြီး၏စကားသံထွက်လာခဲ့သည်။

" ဒီမှာချာတိတ် ! နောက်တစ်ခါပြသနာကိုမသိပဲနဲ့၀င်မပါနဲ့ ကြားလား ?"

ချာတိတ်‌လေးကိုထိုသို့ပြောဆိုကာထိုလူကြီးကားလေးတရှိန်ထိုးမောင်ထွက်သွားခဲ့သည်။ကျန်ခဲ့သည့်ကောင်လေးကဒေါသထွက်ကာ တောက်ခေါက်ပြီးကျန်ခဲ့ရ၏။ထွက်သွားကားလေးကိုမျက်၀န်းတဆုံးလိုက်လံကြည့်ကာပါးစပ်ကနှုတ်ခမ်းပါးလေးလှုတ်ခပ်လှုတ်ခပ်လုပ်ပြီးရေရွတ်နေသေးသည်။

" ကျေးဇူးပဲနော် !"

အသံစူးစူးလေးနောက်ကျောမှထွက်လာသည့်အတွက်လှည့်ကြည့်မိသည်။ရင်းနှီးလွန်းသည့်မျက်နှာပိုင်ရှင်လေးမို့မျက်မှောင်ကြုံ့ကာချာတိတ်လေးစဉ်းစားနေ၏။မည့်အရပ်မှာတွေ့ဆုံခဲ့သည်ကိုစဉ်းစားမရပေမဲ့လည်းထိုမိန်းမလှလေးကိုရင်းနှီးသလိုခံစားနေရတော့ခက်သား။

" တွေ့ဖူးတယ်လို့တွေးနေတာလား ။ Naeunလေ Kim Taehyungရဲ့ချစ်သူ "

" အာ ! အခုမှမှတ်မိတော့တယ် ။ တယောက်ထဲလား ဟျောင်းရောပါမလာဘူးလား ?"

" အင်း သူကခွဲစိတ်ရမဲ့လူနာရှိနေတော့နောက်ကျမယ်ဆိုလို့ အစ်မအရင်ပြန်တာ ။ ပြန်မလို့မလား အစ်မလိုက်ပို့ပေးမယ်လေ "

" အာညီးးး နေပါစေ ကျနော်၀င်စရာရှိသေးတယ် ။ အခုနပြုတ်ကျတာနာနေသေးလား ? နောက်တခါတယောက်ထဲအမပြန်ပါနဲ့အန္တရာယ်များတယ် "

" OkOk ! အဲ့ဒါဆိုအစ်မသွားပြီနော် "

" ဟုတ် !"

တဖက်သက်ချစ်ရသူရဲ့ဆိုင်သူဆီမှနွေးထွေးစွာဆက်ဆံခံရသည့်အခါနှလုံးသားမှအပြစ်ရှိလိုခံစားရပြန်သည်။အပြုံးနုနုနှင့်ပြုံးပြကာသူမလေးထွက်သွားတော့မှချုပ်တည်းထားသည့်စိတ်တို့ကိုလွှတ်ချမိ၏။

မုသားနှင့်လိမ်ညာပြီးအတူမပြန်နိုင်ခဲ့သည်က အစိုးမရတဲ့စိတ်ကြောင့်ဖြစ်သည်။သူမဆီမှနူးညံ့တဲ့အရာတွေကိုထပ်ပြီးရနေမယ်ဆိုလျှင် ထိုလူသားကိုတသက်လုံးလက်လွှတ်လိုက်ရမည်လေ။မဝံ့မရဲနှင့်ဆက်ချစ်ဖို့အခိုင်အမာချထားခဲ့သည့်ဆုံးဖြတ်ချက်တွေဟာနာရီပိုင်းမှာတင်ကျိုးပဲ့သွားခဲ့ရပြီ။

ကျိုးပဲ့နေသည့်မျှော်လင့်ချက်နှင့် ရှေ့ဆက်ရမည့်ချစ်ခြင်းဖြစ်သည်။

♥ BLACK LOTUS ♥

~•~

@leeyunar (May 29,2021)
#Noona

Note :: sad type ficဖြစ်ပြီးမငိုရရင်သာ့ကိုပြောပါနော်။Coverလေးပြောင်းထားတယ် လှလားဟင်:'(ကိုယ့်ဖာသာeditထားတာ:'(





























Continue Reading

You'll Also Like

81.5K 1.2K 28
you we're just looking for a job but you ended up as a helper for camp campbell will it be hell or will it be the best discission you ever made? This...
2M 57.3K 95
On the twelfth hour of October 1st, 1989, 43 women gave birth. It was unusual as none of them had been pregnant since the first day they started. Sir...
1.9M 83K 127
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC