Unicode
[၅] တူညီသောအစားအစာ
ကြယ်ပွင့်လေး၏ စိတ်ထဲတွင်-
ငါ့ရဲ့အသက် ၃၀ ပြည့်မွေးနေ့ ရောက်လာခဲ့ပြီ။ ငါတို့က ဟောင်ကောင်မှရောက်နေတာကြောင့် ကုမ္ပဏီက ဖန်တွေအားလုံးကို ဖိတ်လိုက်ပြီး ငါနဲ့အတူပါဝင်ဆင်နွှဲကြစေတယ်။
အဲ့ဒါက ကလေးလိုပဲ။ ငါအနောက်တိုင်းအစားအစာကို မကြိုက်ဘူး။ ငါ့မျက်လုံးထဲမှာတော့ စတိခ်ကောင်းကောင်းနဲ့ ပြင်သစ်ရှန်ပိန်ဝိုင်က ဘီယာနဲ့ ပဲနို့ခေါက်ဆွဲလောက် အရသာရှိမယ့်ပုံမပေါ်ဘူး။
ငါခရင်မ်ကိတ်မုန့်စားပြီးတော့ ဝိုင်သောက်တယ်၊ အဲ့ဒါကလည်း အတော်လေးဈေးကြီးမဲ့ပုံပဲ။ ငါလက်ဆောင်တွေ အပုံလိုက်ကြီးရပြီးတော့ ကောင်မလေးငယ်လေးတွေရဲ့စူးရှတဲ့သီချင်းဆိုသံကို နားထောင်ပြီး နောက်ဆုံးတော့ မင်းနဲ့အတူ ဟိုတယ်ကို ပြန်လာနိုင်ခဲ့ပြီ။ တကယ်တော့ မွေးနေ့ကို မင်းနဲ့အတူကုန်ဆုံးချင်ခဲ့တာ၊ မင်းနဲ့အတူပေါ့။ ဒါပေမယ့် ဘာမှမလုပ်ရသေးဘူး။ ဘယ်သူက ငါဆယ်လီတစ်ယောက်ဖြစ်ရမယ်လို့ ပြောထားတာလဲ?
ဟိုတယ်ကို ပြန်တော့ ငါမင်းကို ဆန်းကြယ်လှတဲအိတ်ကြီးကိုကြည့်ဖို့အတွက် အနီရောင်လမ်းခင်းပေါ်ကို ဆွဲချပြီး ထိုင်ခိုင်းလိုက်တယ်။ မင်းရဲ့ထူးဆန်းနေတဲ့အကြည့်တွေကို ကြည့်ပြီး အထဲ,ထဲကအရာတွေကို ဆွဲထုတ်လိုက်တော့ မင်းရဲ့မျက်လုံးတွေက ပိုပြီးတော့တောင်ပြူးကျယ်လာတယ်။
အာလူးအကြီးကြီးနှစ်လုံး
အသင့်စားခေါက်ဆွဲထုပ်ကြီးနှစ်ပါကင်
လောင်စာမီးဖိုတစ်လုံး
မင်းရုတ်တရက်ထရယ်လာတော့တယ်။ ငါ့လိုပဲ ပျော်ပျော်ရွှင်ရွှင်ရယ်လာတယ်။
"ဘာလို့လဲ? မင်းလိုမျိုး ဆယ်လီကြီးကြီးတစ်ယောက်က မင်းမွေးနေ့မှာ ဒါကိုစားမလို့လား?"
"ဟုတ်တယ်.......အင်း....ဟုတ်တယ်၊ မင်း ငါ့ကိုပထမဆုံးလုပ်ပေးခဲ့တဲ့အစားအစာလိုမျိုး အခုစားချင်တယ်"
မင်းမှာ 'မင်းနဲ့တော့ခက်ရချည်ရဲ့' ပုံစံမျိုးနဲ့ မင်းလက်နှစ်ဖက်ကို မြှောက်လိုက်ပြီး အာလူးကြီးကြီးနှစ်လုံးကို ဆားနဲ့ ထည့်ပေါင်းပြီး နှစ်ယောက်စာအတွက် အသင့်စားခေါက်ဆွဲနှစ်ထုပ်ပြုတ်လိုက်တယ်။
မင်းနဲ့ငါ ချွေးသံတရွှဲရွှဲနဲ့ ခမ်းနားလှတဲ့ဝတ်စုံ၊ ခမ်းနားလှတဲ့ဟိုတယ်ကြီးမှာ နေ့တိုင်းမတွေ့မြင်နိုင်တဲ့ မအပ်စပ်တဲ့အရာမျိုးကို လုပ်နေကြတယ်။
[ခေါက်ဆွဲစားနေကြတာပါ။ တမျိုးမတွေးကြပါနဲ့]
အရသာကတော့ အတူတူပဲ။ ဒါပေမယ့်လည်း အထူးသဖြင့် မင်းနဲ့စားရတော့ ပိုပြီးအရသာရှိသွားတယ်။
"မင်း ငါ့အတါက် မွေးနေ့လက်ဆောင်ပြင်ထားလား?"
"မပြင်ရသေးဘူး" မင်းပါးစပ်ထဲမှာအာလူးတွေရှိနေတာကြောင့် သေချာမရှင်လင်းဘူး။
"မင်း ငါ့ကိုလုံးဝဂရုမစိုက်ဘူးပေါ့" ငါခေါက်ဆွဲပြုတ်ရည်သောက်ချလိုက်ပြီး မင်းကို ဝမ်းနည်းစွာနဲ့ အပြစ်တင်လိုက်တယ်။
"တကယ်တော့ မင်းလက်ခံမယ်ဆိုရင်တော့ ပေးလို့ရပါတယ်။ မင်းလက်မခံမှာစိုးလို့သာ ငါနည်းနည်းတွန့်ဆုတ်နေတာ"
ငါအရည်တောင်သီးသွားတော့မလိုပဲ "မင်းဘာတွေပြောနေတာလဲ။ မင်းကသာ မပေးရဲတဲ့သူ၊ ငါကလက်ခံရဲတယ်ကွ"
မင်းတည်ငြိမ်စွာနဲ့ ငါ့နှာခေါင်းလေးကိုထိလာပြီး ငါ့ကိုပြုံးပြရင်း မေးလာတယ်။ "ငါလေ၊ ငါ့ကိုယ်ငါထုပ်ပြီး မင်းကို ပို့ပေးလိုက်မယ်လေ။ မင်းကို တသက်လုံးချက်ပြုတ်ကျွေးမွေးနိုင်ပါတယ်"
ဒီလိုစကားတွေကြားကတည်းက ငါ့ရဲ့နှလုံးသားလေးက တဒိတ်ဒိတ်ခုန်နေခဲ့ပြီးပြီ။ ဒါပေမယ့်လည်း ရုပ်တည်ကြီးနဲ့ ပြန်လည်ချေပလိုက်တယ်။ "မင်း? မင်းက အစောကတည်း ငါ့ရဲ့သက်ဆိုင်တဲ့သူဖြစ်နေပြီလေ။ အဲ့ဒါကထည့်တွက်လို့လား? မင်းက လူညစ်ကလေးပဲ"
ပြီးတော့ ငါအနားသွားပြီး မင်းကိုခေါ်ဖို့အတွက် အင်အားအများကြီးသုံးလိုက်ရတယ်။ ငါ့အဖြေကိုတော့ အာလူးအရသာနဲ့ တော်တော်ရှည်ကြာတဲ့အနမ်းတစ်ခုကို ပေးအပ်ခဲ့တယ်။
အကယ်၍ဖြစ်နိုင်မယ်ဆိုရင် ရှေ့လျှောက် ငါ့မွေးနေ့တွေမှာလည်း မင်းလုပ်ပေးတဲ့တူညီတဲ့အစားအစာကိုဘဲ စားရပါစေလို့ဆုတောင်းမိတယ်။
မှားတယ် မှားတယ် မှားတယ်။ ဖြစ်နိုင်ရင်မဟုတ်ဘူး။ 'အတူတူစားဖို့ဖြစ်ကိုဖြစ်ရမယ်' လို့ပြောရမှာ..
....
Zawgyi
[၅] တူညီေသာအစားအစာ
ၾကယ္ပြင့္ေလး၏ စိတ္ထဲတြင္-
ငါ့ရဲ႕အသက္ ၃၀ ျပည့္ေမြးေန႔ ေရာက္လာခဲ့ၿပီ။ ငါတို႔က ေဟာင္ေကာင္မွေရာက္ေနတာေၾကာင့္ ကုမၸဏီက ဖန္ေတြအားလုံးကို ဖိတ္လိုက္ၿပီး ငါနဲ႔အတူပါဝင္ဆင္ႏႊဲၾကေစတယ္။
အဲ့ဒါက ကေလးလိုပဲ။ ငါအေနာက္တိုင္းအစားအစာကို မႀကိဳက္ဘူး။ ငါ့မ်က္လုံးထဲမွာေတာ့ စတိခ္ေကာင္းေကာင္းနဲ႔ ျပင္သစ္ရွန္ပိန္ဝိုင္က ဘီယာနဲ႔ ပဲႏို႔ေခါက္ဆြဲေလာက္ အရသာရွိမယ့္ပုံမေပၚဘူး။
ငါခရင္မ္ကိတ္မုန႔္စားၿပီးေတာ့ ဝိုင္ေသာက္တယ္၊ အဲ့ဒါကလည္း အေတာ္ေလးေဈးႀကီးမဲ့ပုံပဲ။ ငါလက္ေဆာင္ေတြ အပုံလိုက္ႀကီးရၿပီးေတာ့ ေကာင္မေလးငယ္ေလးေတြရဲ႕စူးရွတဲ့သီခ်င္းဆိုသံကို နားေထာင္ၿပီး ေနာက္ဆုံးေတာ့ မင္းနဲ႔အတူ ဟိုတယ္ကို ျပန္လာႏိုင္ခဲ့ၿပီ။ တကယ္ေတာ့ ေမြးေန႔ကို မင္းနဲ႔အတူကုန္ဆုံးခ်င္ခဲ့တာ၊ မင္းနဲ႔အတူေပါ့။ ဒါေပမယ့္ ဘာမွမလုပ္ရေသးဘူး။ ဘယ္သူက ငါဆယ္လီတစ္ေယာက္ျဖစ္ရမယ္လို႔ ေျပာထားတာလဲ?
ဟိုတယ္ကို ျပန္ေတာ့ ငါမင္းကို ဆန္းၾကယ္လွတဲအိတ္ႀကီးကိုၾကည့္ဖို႔အတြက္ အနီေရာင္လမ္းခင္းေပၚကို ဆြဲခ်ၿပီး ထိုင္ခိုင္းလိုက္တယ္။ မင္းရဲ႕ထူးဆန္းေနတဲ့အၾကည့္ေတြကို ၾကည့္ၿပီး အထဲ,ထဲကအရာေတြကို ဆြဲထုတ္လိုက္ေတာ့ မင္းရဲ႕မ်က္လုံးေတြက ပိုၿပီးေတာ့ေတာင္ျပဴးက်ယ္လာတယ္။
အာလူးအႀကီးႀကီးႏွစ္လုံး
အသင့္စားေခါက္ဆြဲထုပ္ႀကီးႏွစ္ပါကင္
ေလာင္စာမီးဖိုတစ္လုံး
မင္း႐ုတ္တရက္ထရယ္လာေတာ့တယ္။ ငါ့လိုပဲ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ရယ္လာတယ္။
"ဘာလို႔လဲ? မင္းလိုမ်ိဳး ဆယ္လီႀကီးႀကီးတစ္ေယာက္က မင္းေမြးေန႔မွာ ဒါကိုစားမလို႔လား?"
"ဟုတ္တယ္.......အင္း....ဟုတ္တယ္၊ မင္း ငါ့ကိုပထမဆုံးလုပ္ေပးခဲ့တဲ့အစားအစာလိုမ်ိဳး အခုစားခ်င္တယ္"
မင္းမွာ 'မင္းနဲ႔ေတာ့ခက္ရခ်ည္ရဲ႕' ပုံစံမ်ိဳးနဲ႔ မင္းလက္ႏွစ္ဖက္ကို ေျမႇာက္လိုက္ၿပီး အာလူးႀကီးႀကီးႏွစ္လုံးကို ဆားနဲ႔ ထည့္ေပါင္းၿပီး ႏွစ္ေယာက္စာအတြက္ အသင့္စားေခါက္ဆြဲႏွစ္ထုပ္ျပဳတ္လိုက္တယ္။
မင္းနဲ႔ငါ ေခြၽးသံတ႐ႊဲ႐ႊဲနဲ႔ ခမ္းနားလွတဲ့ဝတ္စုံ၊ ခမ္းနားလွတဲ့ဟိုတယ္ႀကီးမွာ ေန႔တိုင္းမေတြ႕ျမင္ႏိုင္တဲ့ မအပ္စပ္တဲ့အရာမ်ိဳးကို လုပ္ေနၾကတယ္။
[ေခါက္ဆြဲစားေနၾကတာပါ။ တမ်ိဳးမေတြးၾကပါနဲ႔]
အရသာကေတာ့ အတူတူပဲ။ ဒါေပမယ့္လည္း အထူးသျဖင့္ မင္းနဲ႔စားရေတာ့ ပိုၿပီးအရသာရွိသြားတယ္။
"မင္း ငါ့အတါက္ ေမြးေန႔လက္ေဆာင္ျပင္ထားလား?"
"မျပင္ရေသးဘူး" မင္းပါးစပ္ထဲမွာအာလူးေတြရွိေနတာေၾကာင့္ ေသခ်ာမရွင္လင္းဘူး။
"မင္း ငါ့ကိုလုံးဝဂ႐ုမစိုက္ဘူးေပါ့" ငါေခါက္ဆြဲျပဳတ္ရည္ေသာက္ခ်လိုက္ၿပီး မင္းကို ဝမ္းနည္းစြာနဲ႔ အျပစ္တင္လိုက္တယ္။
"တကယ္ေတာ့ မင္းလက္ခံမယ္ဆိုရင္ေတာ့ ေပးလို႔ရပါတယ္။ မင္းလက္မခံမွာစိုးလို႔သာ ငါနည္းနည္းတြန႔္ဆုတ္ေနတာ"
ငါအရည္ေတာင္သီးသြားေတာ့မလိုပဲ "မင္းဘာေတြေျပာေနတာလဲ။ မင္းကသာ မေပးရဲတဲ့သူ၊ ငါကလက္ခံရဲတယ္ကြ"
မင္းတည္ၿငိမ္စြာနဲ႔ ငါ့ႏွာေခါင္းေလးကိုထိလာၿပီး ငါ့ကိုၿပဳံးျပရင္း ေမးလာတယ္။ "ငါေလ၊ ငါ့ကိုယ္ငါထုပ္ၿပီး မင္းကို ပို႔ေပးလိုက္မယ္ေလ။ မင္းကို တသက္လုံးခ်က္ျပဳတ္ေကြၽးေမြးႏိုင္ပါတယ္"
ဒီလိုစကားေတြၾကားကတည္းက ငါ့ရဲ႕ႏွလုံးသားေလးက တဒိတ္ဒိတ္ခုန္ေနခဲ့ၿပီးၿပီ။ ဒါေပမယ့္လည္း ႐ုပ္တည္ႀကီးနဲ႔ ျပန္လည္ေခ်ပလိုက္တယ္။ "မင္း? မင္းက အေစာကတည္း ငါ့ရဲ႕သက္ဆိုင္တဲ့သူျဖစ္ေနၿပီေလ။ အဲ့ဒါကထည့္တြက္လို႔လား? မင္းက လူညစ္ကေလးပဲ"
ၿပီးေတာ့ ငါအနားသြားၿပီး မင္းကိုေခၚဖို႔အတြက္ အင္အားအမ်ားႀကီးသုံးလိုက္ရတယ္။ ငါ့အေျဖကိုေတာ့ အာလူးအရသာနဲ႔ ေတာ္ေတာ္ရွည္ၾကာတဲ့အနမ္းတစ္ခုကို ေပးအပ္ခဲ့တယ္။
အကယ္၍ျဖစ္ႏိုင္မယ္ဆိုရင္ ေရွ႕ေလွ်ာက္ ငါ့ေမြးေန႔ေတြမွာလည္း မင္းလုပ္ေပးတဲ့တူညီတဲ့အစားအစာကိုဘဲ စားရပါေစလို႔ဆုေတာင္းမိတယ္။
မွားတယ္ မွားတယ္ မွားတယ္။ ျဖစ္ႏိုင္ရင္မဟုတ္ဘူး။ 'အတူတူစားဖို႔ျဖစ္ကိုျဖစ္ရမယ္' လို႔ေျပာရမွာ..