အခန်း (၄) | အခန္း (၄)

2.5K 454 16
                                    

Unicode

၄။ သနားခြင်း

ငါသာ ဖုန်းဖြေတာကို အမှတ်တမဲ့မကြားလိုက်ဘူးဆိုရင် ငါ့အိပ်မက်လေးကလည်း ရက်နည်းနည်းလောက် ကြာချင်ကြာနေဦးမှာ။

"ဟယ်လို?"

"အိုး, မင်းပဲ, ဘာကိစ္စလဲ?"

"အင်း, ဘာအရေးကြီးကိစ္စမှမရှိရင်တောင် မင်းခေါ်နိုင်ပါသေးတယ်။ ငါ့ကိုရင်တုန်အောင်မလုပ်နဲ့။ ဘယ်ဟာက သတင်းဆိုးလဲ? ဘယ်ဟာကကသတင်းကောင်းလဲ? မြန်မြန်လေး ပြောပြ၊ ကောင်းတာ ကောင်းတာ, အရင်ဆုံး သတင်းဆိုးကို အရင်ပြောပြ၊ ခါးတာလေးနားထောင်ပြီးမှ ချိုတာလေးနားထောင်ရအောင်"

"နားလည်ပြီ။ မဟုတ်ဘူး။ ငါအဆင်ပြေတယ်။ လန်ယွီရဲ့ဇာတ်ကောင်ကို ငါသေချာသရုပ်ဆောင်နိုင်မယ်လို့လည်း ငါမထင်ဘူး။ လျှိုရီက ငါ့ထက်ပိုပြီး သင့်တော်တယ်။ ငါနဲ့ယှဉ်ရင် သူကပိုပြီးဖြူစင်တယ်။ ပြီးတော့ သတင်းကောင်းကရော ဘာလဲ?"

"သူက ဒါရိုက်တာလား? သွား, သေချာပေါက်သွား, အရင်တုန်းက သူနဲ့အတူတစ်ခါ အလုပ်တွဲလုပ်ဖူးတယ်။ တော်တော်လးကို အဆင်ပြေတယ်။ ဒါဆို အဲ့လိုပဲလုပ်လိုက်ပါ။ လန်ယွီရဲ့ဇာတ်ညွှန်းအတွက် နှစ်ရက်အချိန်ရတယ်။ မြင်ရိုးနဲ့တင် ခေါင်းကိုက်တယ်"

"နောက်ထပ်ဘာကြားသေးလဲ? အစ်မကောင်းလေး, ခန့်မှန်းရအောင်မလုပ်ပါနဲ့"

"........................"

"ဘယ်သူဆီကနေကြားခဲ့တာလဲ? ဘယ်သူနဲ့ဘယ်သူက? လိင်တူချင်းကြိုက်တဲ့ကားကို ရိုက်ရမယ်ဆိုတော့ သရုပ်ဆောင်ဖို့အတွက် သက်သက်ပဲ။ အဲ့ကလေးနဲ့လည်း သဘောတူညီချက်လုပ်ပြီးသား။ ကျွန်တော်တို့က ရှင်းတယ်။ ဘာအတွေးတွေတွေးနေကြတာလဲ? ဘယ်သူက တကယ်ဖြစ်နေလို့လဲ? အဲ့ကလေးကလည်း စိတ်ကစားရုံသက်သက်ပဲ။ ကျွန်တော်ကလား? အရှင်းကြီးပဲ"

"လုပ်စမ်းပါဗျာ, ကျွန်တော်က ဂေးမှမဟုတ်တာ၊ အဲ့အကြောင်းကို အစ်မလည်း သေချာသိနေတာပဲမဟုတ်ဘူးလား? အဲ့အတွက် စိတ်မပူနဲ့! ဖုန်းချလိုက်ပြီ!"

တစ်ဖက်ဖုန်းကသူက ကွမ်ယိပဲဖြစ်ရမယ်။ အသက်သုံးဆယ်စွန်းစွန်းမှာ ဒီနယ်ပယ်ထဲမှာ သူ့ကိုယ်ပိုင်နေရာရှိနေကာ မညည်သူကိုမျှမမှီခိုသည့် တစ်ဦးတည်းသော အမျိုးသမီးပရိုဂျူဆာတစ်ယောက်ဖြစ်တယ်။ သူနဲ့ဆက်ဆံရေးကတော့ အချိန်အကြာကြီး ထုတ်မပြောဖူးသည့်လျှို့ဝှက်ချက်တစ်ခုဖြစ်တယ်။

15P 7H 6SM  |   ⟨⟨Myanmar Translation⟩⟩ ✓Where stories live. Discover now