အခန်း (၁) | အခန္း (၁)

8.6K 649 6
                                    

Unicode

၁။ နာကျင်မှု

တစ်ခါတုန်းက သေးငယ်တဲ့ကြယ်လေးတစ်ပွင့်က ထူးချွန်ပြောင်မြောက်တဲ့ကြယ်ပွင့်လေးတစ်စင်းကို ကြိုက်မိသွားတယ်။

သေချာပေါက်တော့ မမှားပါဘူး။ 

ဒါပေမယ့်လည်း အရမ်းနာကျင်ရတယ်။ 

ဘွဲ့ရပြီး နှစ်,နှစ်ကြာတဲ့အထိ အလုပ်ကို အသည်းအသန် ငါရှာနေတယ်။ ပြီးတော့ ဆက်တိုက်ကျရှုံးနေခဲ့တယ်။ ယောက်ျားလေးတစ်ယောက်ကို ချစ်မိသွားတဲ့ သူတစ်ယောက်။ 

ရုပ်ရှင်ကျောင်းကနေ သူ ဘွဲ့ရပြီး သုံးနှစ်ကျော်ကြာပြီးနောက်မှာ သူအခုလက်ရှိ မင်းရဲ့လက်ကိုလောင်ကျွမ်းစေနိုင်တဲ့ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်နေပြီး ထိကြည့်လိုက်တဲ့အခါမှာ အပူကို ခံစားရစေနိုင်တယ်။ ငါသူ့ကို ပထမဆုံးတွေ့တဲ့အချိန်က အသံသွင်းစတူဒီယိုထဲမှာ..။ ဒီလတွေ၊ နှစ်တွေထဲမှာ အနုပညာရှင်တွေအားလုံး, မိန်းမဖြစ်ဖြစ်၊ ယောက်ျားဖြစ်ဖြစ် နှစ်ပိုင်း, သုံးပိုင်းလောက် TV drama တွေမှာ သရုပ်ဆောင်ပြီးလို့ အောင်မြင်မှုနည်းနည်းလေး ရသွားပြီဆိုရင် သူတို့အသက်မွေးကြောင်း သီချင်းဆိုတဲ့ဘက်ကို ပြောင်းလိုက်ကြတယ်။ သူတို့ရတဲ့ဝင်ငွေတွေကို အာရုံစိုက်မှု ရဖို့အတွက် ရုပ်ရှင်ဒါရိုက်တာတွေဘဲ သွားပေးလိုက်ကြလားဆိုတာကို ဘယ်သူမှမသိနိုင်ဘူး။ 

အဲ့အချိန်တုန်းက ငါက ကံမကောင်းစွာနဲ့ နှစ်ဆယ့်နှစ်ကြိမ်မြောက်အလုပ်လျှောက်လွှာရဲ့ ပြန်စာကို မျှော်လင့်ချက်မဲ့စွာနဲ့ အိမ်မှာထို်ငစောင့်နေခဲ့တယ်။ ဖြစ်ချင်တော့ ငါ့ဦးလေးကတွေ့သွားပြီး ငါ့လိုလူငယ်တွေက ကမ္ဘာကြီးကို မြင်အောင်ကြည့်တတ်ဖို့, ဘဝရုန်းကန်မှုတွေကို ချိုးဖျက်ပြီး သင်ယူတတ်ဖို့, ငါ့ကိုဆွဲပြီး သူ့အလုပ်နေရာကို ခေါ်သွားပြီး နွေရာသီအချိန်ပိုင်းအလုပ်အဖြစ် လက်ထောက်ဖြစ်ခိုင်းခဲ့တယ်။

ငါ့မှာလည်း ဘာမှရဉါမှန်းချက်မရှိဘူး။ ဒါ့ကြောင့် ငါချက်ချင်းလိုက်သွားလိုက်တယ်။ 

ရလဒ်အနေနဲ့ ဒီအချိန်ပိုင်းအလုပ်ရဲ့ကျေနပ်စရာကောင်းတဲ့အချက်က အရူးအမူးဖြစ်နေကြတဲ့ကောင်မလေးတွေကို သွားရေတများများကျစေလောက်တယ်။

15P 7H 6SM  |   ⟨⟨Myanmar Translation⟩⟩ ✓Where stories live. Discover now