အခန်း (၂၇) | အခန္း (၂၇)

2.6K 336 6
                                    

Unicode

[၆] လျှို့ဝှက်လက်ထပ်ခြင်း

ကြယ်ပွင့်လေး၏ စိတ်ထဲတွင် -

အချိန်ကုန်တာမြန်တယ်။ ငါ့ရဲ့အသက် ၃၀ ပြည့်မွေးနေ့က ပြီးသွားပြီး နောက်နှစ်,နှစ်အတွင်းမှာတင်ပဲ မင်းရဲ့အသက် ၃၀ ပြည့်မွေးနေ့က ကျရောက်လာတော့မယ်။

အခုချိန်ကစပြီး ငါတို့တွေက တရားဝင် လူကြီးတွေဖြစ်ကြပြီ။

ငါရဲ့မွေးနေ့လက်ဆောင်က မင်း

ဒါဆို မင်းရဲ့မွေးနေ့လက်ဆောင်ကရော?

မင်းစိတ်ကူးတောင်ယဉ်ဖူးမှာ မဟုတ်ဘူးဆိုတာကို ငါအာမခံတယ်။

"လာခဲ့" ငါမင်းလက်ကို ဆွဲလိုက်ပြီး ထိုင်ခိုင်းလိုက်တယ်။ စားပွဲပေါ်က အနီရောင်စာအုပ်ကို လက်ညှိုးထိုးပြလိုက်ပြီး "လက်မှတ်ထိုးလိုက်"

"ဘာလို့လဲ? ငါ့ကိုယ်ငါရောင်းဖို့လား?"

ကျွတ်စ်၊ မင်းကလေ အရိပ်အကဲ အရမ်းမြင်တတ်တာပဲ။

"ငါလည်း လက်မှတ်ထိုးထားတယ်။ မယုံရင် မင်းကြည့်ကြည့်လိုက်" နည်းနည်းလေးချောင်းကြည့်ခိုင်းလိုက်တယ်။ "အဲ့အပေါ်မှာ လက်ဗွေရာနှိပ်လိုက်တယ်။ စိတ်ရင်းအတိုင်းလုပ်ထားတာနော်"

"တကယ်ပဲ ဒါကဘာလဲလို့? မင်းဘာအရူးထပ်ထပြန်တာလဲ?"

"ထပ်မမေးနဲ့တော့၊ မင်းလက်မှတ်ထိုးလိုက်ရင် သိလိမ့်မယ်။ လုပ်ပါကွာ၊ လိမ္မာပါနော်၊ ငါ့ကိုနားထောင်ပြီး လက်မှတ်မြန်မြန်ထိုးလိုက်"

ငါမင်းကို အဆက်မပြတ်ချော့နေလိုက်တယ်။ နောက်ဆုံးတော့ မင်းတုံ့ဆိုင်းနေသေးပေမယ့်လည်း အဲ့အပေါ်မှာ လက်မှတ်ထိုးလိုက်တယ်။ ပြီးတော့ အဲ့ဒါကို ငါလှည့်လိုက်ပြီး အဖုံးကို ကြည့်ခိုင်းလိုက်တယ်။ အဲ့ဒါက.... ကြက်သွေးရောင်လက်ထပ်စာချုပ်ပဲ။

ပထမဆုံးစာမျက်နှာက ငါတို့နှစ်ယောက်ရဲ့ နှစ်လက်မပတ်လည် အရောင်ပါပုံလေးဖြစ်ပြီး ငါတို့ပုံက နည်းနည်းလေး ကလေးကလားဖြစ်နေပုံပေါ်တယ်။

ပြီးတော့ ငါတို့နှစ်ယောက်ရဲ့ နိုင်ငံသားမှတ်ပုံတင်နံပါတ်၊ ငါတို့ရဲ့နေထိုင်ကြောင်းလက်မှတ်၊ ငါတို့ရဲ့ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုလက်မှတ်နဲ့ အရေးကြီးဆုံးအတည်ပြုချက်တွေရယ် ပါရှိတယ်။

15P 7H 6SM  |   ⟨⟨Myanmar Translation⟩⟩ ✓Where stories live. Discover now