နွေးထွေးမှုတို့လွှမ်းခြုံကာ(...

By reli_08

39K 1.5K 18

Cover photo credit to the rightful owner. အဆိုးဆုံးအခြေအနေမှာတောင် ကျွန်တော့်ကို မစွန့်လွှတ်ခဲ့ဘဲ သူ့ရင်ခွင်မ... More

အမှာစာ(အမွာစာ)
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Extra-1
Extra-2
Extra Final
Facts
ကျေးဇူးတင်လွှာ(ေက်းဇူးတင္လႊာ)
New Fic

Part 35 (Final)

1.7K 33 0
By reli_08

(Unicode)

အမြွှာနှစ်ယောက် မူကြိုသွားရမည့် ပထမဆုံးရက်ဖြစ်သည်။ ကလေးတွေက နေရာအသစ်တစ်ခုကို ပထမဦးဆုံး ဝင်ရောက်ရမှာဖြစ်လို့ စိတ်လှုပ်ရှားနေကြပြီး တက်တက်ကြွကြွနဲ့ပင် မနေ့ညက အိပ်ယာဝင်သွားခဲ့သည်။ ကာကာ့လိုမျိုး ကျောင်းသွားချင်သည်ဟု အမြဲပူဆာနေခဲ့သော အမြွှာနှစ်ယောက်မှာ သူတို့ကိုယ်တိုင် သွားရတော့မည်ဖြစ်၍လည်း ပျော်နေကြသည်။

အာကာလင်းသန့်သည် မီးဖိုချောင်ထဲဝင်ပြီး အမြွှာတွေအတွက် ထမင်းဘူး ပြင်ပေးနေသည်။ ဒေါ်ကြီးတင့်က သူမပင်ပန်းအောင် စောစောလာပေးမယ်ဆိုတာ သူလက်မခံ။ သူကိုယ်တိုင် ပြင်ပေးချင်တာကြောင့် ပုံမှန်လာနေကျအချိန်ပဲ လာရန် မှာကြားထားသည်။ ထမင်းဘူး ပြင်ရာတွင်လည်း အမြွှာ‌တွေမြင်တာနဲ့ စားချင်စိတ်ဖြစ်အောင် bento toolsလေးတွေသုံးကာ ပြင်ဖြစ်သည်။ အရုပ်လေးတွေနှင့်ဖြစ်၍ သူတို့ကြိုက်မှာ မလွဲမသေပေ။ ထမင်းနှင့်အတူတူ ဗိုက်ဆာတဲ့အချိန် အလွယ်တကူယူစားနိုင်ရန် စားနေကျ မုန့်ထုတ်လေးတွေပါ ထည့်ပေးလိုက်သည်။ ထို့နောက် ပါးစပ်သုတ်ဖို့ လက်သုတ်ပုဝါနှင့် အစာကြေဆေးတွေကိုလည်း ထည့်ပေးဖို့ မမေ့။ အကုန်လုံး ပြင်စင်လို့အပြီးတွင် ထမင်းဘူးတွေကို သူ့အိတ်တွေနဲ့သူ ထည့်ကာ အိမ်ရှေ့၌ အဆင်သင့်ထားခဲ့လိုက်သည်။

သူတို့ရဲ့ အခန်းထဲရောက်တော့ ပိုင်မြင့်မြတ်ကျော်မှာ ရေချိုးပြီး၍ အင်္ကျီတောင် ဝတ်နေလေပြီ။ အနားသို့သွားကာ မတပ်ရသေးသော အင်္ကျီကြယ်သီးတွေကို သူကပဲ တပ်ပေးဖြစ်သည်။ ပိုင်မြင့်မြတ်ကျော်က သူ့နဖူးကို ငုံ့နမ်းသောကြောင့် ဒီနေ့အတွက် မနက်ခင်းတိုင်းရနေကျ အနမ်းအပြင် ထပ်ဆောင်းအဖြစ် အပိုတစ်ခုထပ်ရလိုက်သည်။

"ကလေးတွေကို နှိုးပြီး ရေချိုးခိုင်းလိုက်ဦးမယ်"

"ကိုယ်နှိုးလိုက်မယ် သန့်၊ သန့်က လုပ်စရာရှိတာလုပ်"

"ဒါဆိုလည်း ဦးမြတ်ပဲ နှိုးလိုက်တော့၊ ကျွန်တော် ရေမြန်မြန်ချိုး အဝတ်အစားလဲပြီး လာခဲ့မယ်"

ပိုင်မြင့်မြတ်ကျော်ကို သူပြောသလိုပဲ ရေကိုခပ်မြန်မြန်လေးချိုးလိုက်ကာ ကြိုရွေးထားသည့် အဝတ်တွေကို ကောက်ဝတ်ပြီး အပြင်သွားတိုင်းလိမ်းနေကျ skincareတွေလိမ်းလိုက်၍ ကလေးတွေရဲ့အခန်းဆီသို့ ကူးသည်။ သူအခန်းထဲလည်းအရောက် ကလေးတွေမှာ မူကြိုအင်္ကျီလေးတွေဝတ်လျက်သားနှင့် ဖြစ်နေကြသည်။ မူကြိုကျောင်းသားတွေ ဖြစ်သွားပြီဖြစ်သော သားနဲ့သမီးနှစ်ယောက်ကို သူ ရပ်ကြည့်နေမိသည်။ သူတို့ကို ငေးကြည့်နေသော သူ့အား အမြွှာတွေက မြင်သည်နှင့် သူ့ဆီသို့ ပြေးလာကြသည်။

"ပါပါး မီးချစ်ဖို့ကောင်းလား "

အာကာလင်းသန့် အမြွှာတွေနှင့် အရပ်ညီအောင် ဆောင့်ကြောင့်ထိုင်ချ‌လိုက်သည်။

"ချစ်ဖို့ကောင်းတာပေါ့ကွာ၊ ပါပါးသမီးက တစ်ကမ္ဘာလုံးမှာ ချစ်စရာအကောင်းဆုံးပဲ"

"ပါပါး ပါပါး သားရော"

သူ့အင်္ကျီစကို ဆွဲပြီး မိုတီကလည်း မိုချီကဲ့သို့ အားကျမခံ မေး၏။

"ပါပါးသားကလည်း တစ်လောကလုံးက ယောကျာ်းလေးတွေထဲမှာ အချောဆုံး"

မောင်နှမနှစ်ယောက် သူဖြေတာတွေကို သဘောကျပြီး စပ်ဖြီးဖြီးရုပ်လေးတွေ ဖြစ်သွားတော့သည်။ ထို့နောက် အမြွှာနှစ်ယောက်မှာ သူ့ပါးနှစ်ဖက်ကို ဘယ်တစ်ယောက်၊ ညာတစ်ယောက် နမ်းကြပြီး အချစ်ပိုအောင် ချွဲကြ၏။

"ပါပါးကိုပဲ နမ်းတာလား၊ ဒယ်ဒီ့ကိုရော မနမ်းဘူးလား"

ပိုင်မြင့်မြတ်ကျော်ကလည်း အာကာလင်းသန့်ကဲ့သို့ ထိုင်ချကာ ပါးနှစ်ဖက်ကို ဖောင်းပေးထားသည်။ အမြွှာနှစ်ယောက်သည် ပိုင်မြင့်မြတ်ကျော်ဘက်သို့ လှည့်ကာ နမ်းပြီး ချွဲပြန်သည်။ အမြွှာတွေ အဖေနှစ်ယောက်အား ချွဲလို့ပြီးမှ မနက်စာစားရန် သားအဖတွေ အောက်ထပ်သို့ ဆင်းဖြစ်ကြတော့သည်။ အဖေတွေရှေ့ကနေ ကျောပိုးအိတ်လေးတွေ ကိုယ်စီလွယ်ပြီး တောက်တောက် တောက်တောက်နှင့် ဦးဆောင်ကာ ဆင်းသွားကြသော အမြွှာတွေအား ကြည့်ပြီး သဘောကျ၍ သူတို့နှစ်ဦး ရယ်မိကြသေးသည်။

မနက်စာစားအပြီးမှာတော့ သူတို့မိသားစု အမြွှာတွေတက်မည့် မူကြိုသို့ သွားကြတော့၏။ ကျောင်းကားနှင့် ထည့်လိုက်လို့ရသော်လည်း အမြွှာတွေရဲ့ ပထမဦးဆုံးကျောင်းသွားမည့်နေ့တွင် သူတို့ကိုယ်တိုင် ကျောင်းရှေ့အရောက် လိုက်ပို့ချင်ကြသည့်အတွက် ဒီနေ့တစ်ရက်တော့ ကျောင်းကားနှင့် မလွှတ်ဖြစ်။

တရွေ့ရွေ့နှင့် မောင်းနှင်လာသော သူတို့ကားသည် အမြွှာတွေရဲ့ မူကြိုရှေ့တောင် ရောက်လာပြီ။ ပိုင်မြင့်မြတ်ကျော် ကားရပ်လိုက်သည်နှင့် အမြွှာတွေမှာ ကျောပိုးအိတ်လေးတွေ ကောက်လွယ်ပြီးသား ဖြစ်သွားကြပြီး ထမင်းဘူးအိတ်လေးတွေကိုင်ကာ တံခါးဖွင့်ပြီးဆင်းရန် ပြင်‌နေကြလေသည်။ သူတို့နှစ်ယောက် ကလေးတွေကို နှုတ်ဆက်ရန် ပတ်ထားသည့်ခါးပတ်တွေကို ဖြုတ်ကာ ကားပေါ်ကနေ ဆင်းလိုက်ကြသည်။ ကျောင်းရှေ့မှာ မိဘတွေက ကျောင်းဝန်းထဲ ဝင်သွားကြသည့် သူတို့ကလေးများကို နှုတ်ဆက်ရင်း ရှုပ်ထွေးနေလျက်ရှိသည်။ သူတို့ကားရပ်ထားသည့် နေရာမှာတော့ ကျောင်းရဲ့ အရှေ့တည့်တည့်တွင် မဟုတ်ဘဲ မျက်စောင်းထိုးလေးတွင်သာဖြစ်၏။

"ကျောင်းမှာ ကောင်းကောင်းနေကြနော်၊ မောင်နှမနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး စောင့်ရှောက်ကြ၊ ပါပါးမှာတာတွေ မှတ်မိတယ်မလား"

"ဟုတ်ကဲ့ ပါပါး"

"သားတို့ မှတ်မိတယ်"

"ထမင်းလည်း ကောင်းကောင်းစားကြဦး"

"ဟုတ်၊ စားပါ့မယ် ဒယ်ဒီရ၊ ဒယ်ဒီနဲ့ ပါပါး ပြောတာ‌တွေ အကုန် သတိရတယ်၊ စိတ်မပူပါနဲ့"

"မီးတို့သွားပြီနော်၊ တာ့တာ ဒယ်ဒီ၊ တာ့တာ ပါပါး"

သူတို့နှစ်ယောက်ကို 'တာ့တာ'ပြပြီး အမြွှာတွေမှာ ကျောင်းဘက်သို့ ဦးတည်သွားကြတော့သည်။ အမြွှာတွေကျောင်းထဲ ရောက်သွားသည်အထိ သူတို့ရပ်ကြည့်ဖြစ်ကြ၏။

"ကလေးတွေ အဆင်ပြေမှာပါနော် ဦးမြတ်"

"ပြေမှာပါ သန့်ရယ်၊ ကိုယ်တို့ကလေးတွေက သူတို့အရွယ်နဲ့သူတို့ ဘယ်လို လိုက်လျောညီထွေအောင် နေရမလဲ သိကြပါတယ်ကွာ"

သူတို့တွေ စကားပြောနေသည့်အချိန်မှာ ကလေးတစ်ယောက်၏ စူးစူးနစ်နစ်ငိုသံကြားတော့ ဘာရယ်မဟုတ် အကြည့်ရောက်သွားမိသည်။ ငိုနေသည့် ကလေးက အမေကို အတင်းပြန်ကပ်ပြီး အိမ်ပြန်လိုက်မည်ဆိုတာပဲ တဆာဆာအော်နေ၏။ ကလေးအမေခမျာ ထိုကလေးအား မနည်းချော့မော့ ပြောနေရတော့သည်။ ငိုနေတဲ့ကလေးနဲ့ သူ့အမေကိုကြည့်ကာ အမြွှာတွေအား အာကာလင်းသန့် သတိရသွားသည်။ အမြွှာတွေက သူတို့နဲ့ခွဲပြီး သွားနေဖူးတာဆိုလို့ မားတို့အိမ်ရယ်၊ စွမ်းရည်ထက်တို့ရဲ့ အိမ်ရယ်ပဲရှိတာ အခုက သူစိမ်းတွေချည်းပဲရှိတဲ့နေရာ ဖြစ်သည့်အလျောက် ငိုများငိုနေကြရင်ရောဆိုသည့်အတွေးက ဖြတ်ကနဲ ခေါင်းထဲ ဝင်ရောက်လာသည်။

"ကလေးတွေကို စိုးရိမ်နေတာလား"

ပိုင်မြင့်မြတ်ကျော်က သူ့အတွေးကို မှန်းဆမိသွား၍ မေးလာသည်။

"ဟုတ်တယ် ဦးမြတ်၊ လူစိမ်းတွေကြားထဲမှာ တစ်နေ့လုံးနီးပါးနေရမှာ ပထမဦးဆုံးဆိုတော့"

"သန့်ကသာ တွေးပြီးစိုးရိမ်နေတာ၊ အတတ်နှစ်ယောက်က အခုလောက်ဆို သူငယ်ချင်းတွေတောင် ရှာရင်ရှာနေလောက်ပြီ"

"ဦးမြတ်ပြောတာမှန်ပါတယ်လေ၊ ကျွန်တော်ကိုယ်တိုင်က ပူနေတာ၊ သွားကြမယ် ဦးမြတ်"

ပိုင်မြင့်မြတ်ကျော်က အာကာလင်းသန့်အား အိမ်သို့ ပြန်ဝင်ပို့ပေးပြီးမှ ကုမ္ပဏီသို့သွားသည်။ အာကာလင်းသန့် အိမ်ပြန်ရောက်ပြီး မကြာခင်မှာပဲ ဒေါ်ကြီးတင့် ရောက်လို့လာသည်။ ဒေါ်ကြီးတင့်ကို မီးဖိုချောင်မှာ ကလေးတွေအကြောင်း ပြောဖြစ်နေပြီး အတန်ကြာတွင်တော့ အပေါ်ထပ်ရှိ သူ့ပန်းချီခန်းသို့ တက်လာမိသည်။

ကလေးတွေ မရှိတော့ အိမ်မှာ အပ်ကျသံတောင် ကြားရလောက်သည်အထိ တိတ်ဆိတ်သွားတာကို သတိထားမိသည်။ သူကလည်း သူ့အလုပ်နှင့်သူ၊ ဒေါ်ကြီးတင့်ကလည်း အိမ်အလုပ်တွေကို သူ့ဘာသာသူ တကုပ်ကုပ်လုပ်ရင်းနေတာ ဖြစ်သည့်အတွက် အိမ်မှာ ပျင်းခြောက်ခြောက်နိုင်လှသည်။ ကလေးတွေ မမွေးခင်တုန်းက ပိုင်မြင့်မြတ်ကျော် အလုပ်သွားတိုင်း ဤအနေအထားမှာ သူ့အတွက် ဘာထူးဆန်းမှုမှ ဖြစ်မနေ။ နေသားတကျရှိလှသည်။ သို့သော် ယခုတွင်တော့ ထိုကဲ့သို့မဟုတ်ဘဲ တစ်ခုခုလိုအပ်နေသလိုကြီး ဟာလာဟင်းလင်းဖြစ်ကာ အဆင်ပြေမနေ။ ကလေးတွေ ကျောင်းသွားတာ နေ့တစ်ဝက်တောင် မကျိုးသေးဘူး။ ဤသို့သော ခံစားချက်မျိုး ဖြစ်နေပြီ။

ပန်းချီခန်းထဲသို့ဝင်ကာ အလုပ်စရန် ပြင်ဆင်သည်။ စိတ်အာရုံကို စုစည်းပြီးနောက် ပန်းချီကားအသစ်အတွက် ပုံကြမ်းတစ်ခုကိုဆွဲရန် လက်များကို လှုပ်ရှားသည်။ ဈာန်ဝင်သွားသည်နှင့်တစ်ပြိုင်နက် သူ့အာရုံမှာ ပြန့်လွင့်မနေတော့ဘဲ မျက်စိရှေ့ရှိ ပုံကြမ်းတွင်သာ ရှိတော့သည်။ ဤသို့ ဤပုံဖြင့် အာကာလင်းသန့်တစ်ယောက် အချိန်နာရီတချို့ကို ဖြတ်ကျော်နိုင်ခဲ့သည်။

ထမင်းစားအပြီးတွင်တော့ ထွန်းလင်းသီဟက ဖုန်းဆက်ခေါ်တာကြောင့် ထွန်းလင်းသီဟနှင့် စွမ်းရည်ထက်တို့အိမ်သို့ သွားရန် အိမ်နေရင်းဝတ်တီရှပ်နှင့် ဘောင်းဘီတိုကိုသာ ဝတ်လျက်သား အပြင် ထွက်လာလိုက်သည်။ ဒေါ်ကြီးတင့်ကို သူ ချက်ခိုင်းထားသော ကြက်သားဆန်ပြုတ်ချိုင့်လေးကို ဆွဲ၍ သူငယ်ချင်းတွေဆီသွားဖြစ်သည်။ ကြက်သားဆန်ပြုတ်မှာ စွမ်းရည်ထက်အတွက်ဖြစ်၏။ စွမ်းရည်ထက်က နေမကောင်းဖြစ်နေပြီး ထွန်းလင်းသီဟမှာ ဆိုင်မသွားဘဲ အိမ်၌သာနေ၍ လူနာပြုစုနေကြောင်း ဖုန်းပြောရာမှ သူ ကြားသိခဲ့ရသည်။

စွမ်းရည်ထက်တို့ နေထိုင်ရာ ကွန်ဒိုခန်းရှေ့ရောက်တော့ ဘဲလ်တီးပြီး အာကာလင်းသန့် ရပ်စောင့်နေလိုက်သည်။ မကြာခင်မှာ တံခါးဖွင့်သံနှင့်အတူ ထွန်းလင်းသီဟကို တွေ့ရသည်။

"စွမ်းထက်ရော သက်သာရဲ့လား"

"မနေ့ကလောက်တော့ အခြေအနေမဆိုးတော့ဘူး၊ ဒါပေမဲ့ မင်းသူငယ်ချင်းက ငါ့ကို စိတ်ဆိုးနေတယ်၊ အခန်းထဲကိုတောင် အဝင်မခံဘူး"

ထွန်းလင်းသီဟက သူရောက်လာမှ အားကိုးရသွားသည့်သဖွယ် စွမ်းရည်ထက်အကြောင်း တန်းပြောလေတော့သည်။

"ရန်ဖြစ်ထားကြပြန်ပြီလား"

သူဆွဲလာသည့် ကြက်သားဆန်ပြုတ်ချိုင့်လေးကို ထွန်းလင်းသီဟအား လှမ်းပေးရင်း မေးလိုက်သည်။

"မဟုတ်ရပါဘူးကွာ၊ သူဆေးထိုးရတယ်ဆိုပြီး ငါ့ကို ကွိုင်ရှာပြီးစိတ်ဆိုးတာ၊ ဒါနဲ့ ချိုင့်ထဲက ဘာတွေလဲ"

"ကြက်သားဆန်ပြုတ်၊ စွမ်းထက် သောက်ဖို့ ယူလာတာ"

"ဪ"

"နေပါဦး၊ ဆေးထိုးရတာနဲ့ မင်းကို ဘာစိတ်ဆိုးစရာရှိလို့လဲ"

"ဆရာဝန်က မေးတယ်လေကွာ၊ ဆေးထိုးမလား ဆေးသောက်မလားဆိုတာ၊ ငါလည်း သူမြန်မြန်ပျောက်အောင်လို့ ဆေးထိုးပေးခိုင်းလိုက်ရော၊ မင်းသူငယ်ချင်းက သိတဲ့အတိုင်း ဆေးထိုးအပ်ကြောက်တယ်လေ၊ သူကြောက်တာကို ငါက သိသိရက်နဲ့ ဆေးထိုးခိုင်းတယ် ငါက ကိုယ်ချင်းစာစိတ်မရှိတဲ့ကောင်ဆိုတာကနေ စပြီးတော့ စက်သေနတ်ပစ်တာ စုံနေတာပဲ၊ ဒါတောင် နေမကောင်းလို့၊ နေများကောင်းရင် ငါ့ခေါင်းကွဲမှာ ကျိန်းသေတယ်၊ ငါကလည်း သူဝေဒနာ ခံစားနေရတာ မကြည့်ရက်လို့ မြန်မြန်ပျောက်ပါစေ ရည်ရွယ်ပြီး လုပ်လိုက်တာပါကွာ၊ အဲ့ဒါကို မနက်က ဆရာဝန်ပြန်သွားပြီးကတည်းက စိတ်ဆိုးပြီး ငါ့ကို ပြောချင်ရာပြောလို့လည်း ဝရော အခန်းတံခါးပိတ်ပြီးနေတယ်"

ဟုတ်ပါရဲ့။ စွမ်းရည်ထက် ဆေးထိုးအပ်ကြောက်တာကို သူမေ့နေတာ။ စွမ်းရည်ထက်အတွက် ဆေးထိုးအပ်ဆိုတာ ကမ္ဘာပေါ်မှာ မမြင်ချင်ဆုံး ရန်သူအဖြစ် တင်စားလို့ရလောက်သည်အထိ စွမ်းရည်ထက်က ကြောက်သည်။ ထို့ကြောင့် စွမ်းရည်ထက်က နေမကောင်းဖြစ်လျှင် ဘယ်တော့မှ ဆေးမထိုးဘဲ ပျောက်ဖို့ ကြာချင်သလောက်ကြာပါစေ ဆေးပဲသောက်သည်။ ဒါ့အပြင်လည်း စွမ်းရည်ထက်က နေမကောင်းမဖြစ်အောင် ကြိုးစားပြီးနေသည်။ သို့ပေမယ့် လူဆိုတာ အမြဲတမ်းတော့ ကျန်းမာနေသည်မဟုတ်။ အခန့်မသင့်လျှင် နာမကျန်းကတော့ ဖြစ်စမြဲပင်။ ‌ဖြစ်လာတော့ ထွန်းလင်းသီဟက အမြန်ပျောက်စေချင်ဇောနဲ့ ဆရာဝန်ကို ဆေးသွားထိုးခိုင်းတော့ နှစ်ယောက်ကြားထဲက ရာသီဥတု အခြေအနေသည်ကား လေပြင်းတိုက်လာလေသည်။

"မင်းပြောပုံအရဆို ဒီကောင် အခုထိ အစာမရှိသေးဘူးပေါ့"

"အေး၊ အဲ့ဒါကြောင့် ငါလည်း မင်းကို လှမ်းခေါ်လိုက်တာ"

"ငါဝင်သွားလိုက်မယ်၊ မင်းက ဆန်ပြုတ်ထည့်ပြီး လာခဲ့"

ထွန်းလင်းသီဟက ချိုင့်ကို မီးဖိုခန်းထဲ ယူသွားပြီး ပန်းကန်လုံးထဲ လှယ်ထည့်ရန် ပြင်သည်။ အာကာလင်းသန့်လည်း စွမ်းရည်ထက်အား ဝင်တွေ့ရန် အခန်းတံခါးကို ခေါက်လိုက်သည်။

*ဒေါက် ဒေါက်*

"မင်းကို ငါမမြင်ချင်ဘူးလို့ ပြောထားတယ်မလား၊ ဒေါက်ဒေါက်လည်း လာမခေါက်နဲ့၊ ဒက်ဒက်လည်း အသံမပေးနဲ့၊ ဘာမှ မကြားချင်ဘူး"

အခန်းထဲက တုံ့ပြန်သံလေးကို ကြားရသည်မှာ အားရဖွယ်ပင်။

"ငါပါကွ စွမ်းထက်ရ၊ မင်းဘိုးအေ လင်းသန့်၊ တံခါးလာဖွင့်ပေးဦး ဟေ့ရောင်"

မကြာခင်မှာပဲ တံခါးမှာ ကျွီကနဲ ပွင့်လာတော့သည်။ သူ့ကို တံခါးဖွင့်ပေးပြီးနောက် စွမ်းရည်ထက်မှာ အိပ်ယာပေါ်သို့ ဆောင့်ဆောင့်အောင့်အောင့်နှင့် ပြန်တက်သွားပြီး ငုတ်တုတ်ထိုင်သည်။

"ဘယ်လိုလဲ၊ သက်သာရဲ့လား"

"သက်သာသွားပြီ"

"ထွန်းလင်းပြောတယ်၊ တော်တော် စိတ်ဆိုးနေတယ်ဆို၊ ငါကြားရသလောက် သူကလည်း မင်းကို သက်သာစေချင်လို့ပါကွာ၊ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့မှ မဟုတ်တာ၊ ဟိုကောင့်ခမျာ သနားပါတယ်၊ ငါ့ကိုတွေ့မှ စိတ်သက်သာရာရသွားသလို ဖြစ်သွားတဲ့ရုပ်နဲ့"

"အလကားသက်သက်မဲ့ မင်းကိုခေါ်ပြီး ဒုက္ခပေးတာ၊ စစ်ကူအနေနဲ့ လှမ်းခေါ်တာလေ ဒင်းက၊ မင်းကလည်း လာစရာလား"

"‌ဪ၊ မင်းရဲ့မောင်က မင်းနေမကောင်းဖြစ်နေတယ်၊ ဘာမှလည်း မစားသေးဘူး ဆိုတာနဲ့ ငါလည်း ပြေးလာတာပေါ့၊ မင်းကို စားစေချင်လို့ ဒေါ်ကြီးတင့်ကိုတောင် ကမန်းကတန်းနဲ့ ကြက်သားဆန်ပြုတ်ချက်ခိုင်းခဲ့ရတာ၊ မင်းအခြေအနေကိုကြားတာတောင်မှ ငါက အိမ်မှာ ဒူးနှန့်ပြီး နေနိုင်မလား၊ လာရတာပေါ့ကွ"

"အေးပါ၊ ငါစကားပြောလောသွားလို့၊ မင်းယူလာတဲ့ ဆန်ပြုတ်ရောဟင်၊ ဘယ်မှာလဲ"

"ကိုယ့်ဆီမှာ"

တံခါးကို ပြန်မပိတ်ဘဲ အာကာလင်းသန့် ဖွင့်ထားခဲ့တာကြောင့် ထွန်းလင်းသီဟ ဝင်လာနိုင်လေသည်။

"ဘာလာလုပ်တာလဲ၊ ငါက ဝင်ခိုင်းလို့လား"

"စွမ်းကတော့ မဝင်ခိုင်းဘူးလေ၊ ကိုယ့်ခြေထောက်နဲ့ ကိုယ်ဝင်လာတာ၊ စွမ်း ခြေ‌ထောက်နဲ့မှ မဟုတ်တာပဲ၊ ဒါတွေ ပြောမနေပါနဲ့၊ အားကုန်တယ်၊ ဆေး မသောက်ခင် အားရှိအောင် ဆန်ပြုတ်လေး သောက်လိုက်ဦး၊ အာ..."

ထွန်းလင်းသီဟက စွမ်းရည်ထက်အနားတွင်သွားထိုင်လျက် စကားလည်းပြောရင်း ဆန်ပြုတ်ကိုခွံ့ကျွေးကာ ပါးစပ်ဟခိုင်းသည်။ စွမ်းရည်ထက်က မစားဘဲ မျက်နှာကို တစ်ဖက်သို့ လှည့်လိုက်၏။

"မင်းကလေ လင်းသန့်လူကြီးခြေဖျားကို လုံးဝမမီဘူး"

ပိုင်မြင့်မြတ်ကျော်က မဆီမဆိုင် ပါလာ၍ အာကာလင်းသန့်မှာ ခါးမတ်သွားမိသည်။ ထွန်းလင်းသီဟမှာတော့ ဘာပြောမှန်းမသိ၍ အူလည်လည်ရုပ်ဖြစ်သွားရ၏။

"လေးပိုင်က ဘာလို့ပါလာတာလဲ စွမ်းရာ"

"မင်းဘာမှ မသိဘူးမလား၊ ဟုတ်သားပဲ၊ မင်းသိတာ ခပ်ရွဲ့ရွဲ့ခပ်စောင်းစောင်းစကားလုံးတွေကို ဘယ်လို ပြောရမလဲပဲသိတာ၊ ငါပဲပြောပြတော့မယ်၊ မင်းသာ အလိုက်သိတဲ့လူဆိုရင်လေ တံခါးကို ငါလော့ခ်ချလိုက်တဲ့အချိန်မှာ သော့ပြေးယူ ဖွင့်ဝင်လာပြီး ချက်ချင်းချော့မှာပဲ၊ လင်းသန့်ကိုလည်း ခေါ်မှာမဟုတ်သလို အခုမှ ပက်ချွဲနပ်ချွဲ လာလုပ်နေမှာ မဟုတ်ဘူး"

လက်စသတ်တော့ စွမ်းရည်ထက်မှာ သူ့ကို ထွန်းလင်းသီဟ စောစောစီးစီးမချော့၍ ကောက်နေတာဖြစ်လေသည်။ စွမ်းရည်ထက် ပြောသည်မှာလည်း မှန်ပါသည်။ ထွန်းလင်းသီဟသာ ပိုင်မြင့်မြတ်ကျော်က အာကာလင်းသန့်ကို ချော့သလိုချော့မည်သာဆိုလျှင် အရှည်တွေ ဖြစ်နေမှာမဟုတ်တော့။

"ကိုယ်က စွမ်းပိုပြီး စိတ်ဆိုးသွားမှာစိုးလို့ မဝင်လာတာ၊ ဒီလိုမှန်းသိကွာ"

"အခုမှ ကြိတ်မနိုင်ခဲမရဖြစ်မနေနဲ့၊ ငါ့မှာ ဆေးထိုးထားတဲ့နေရာကနာ၊ မင်းက တော်တော်နဲ့ အလိုက်တသိ ပြန်လာမချော့တော့ ဘယ်လောက်တောင် မင်းကို ဒေါသထွက်ရလဲ"

"ဒီလိုမျိုး နောက်ထပ်မဖြစ်စေရဘူးနော်"

"အင်း"

"ဆန်ပြုတ်သောက်လိုက်နော်၊ ဟ..."

ငြိမ်းချမ်းရေးရသွားသည့် နှစ်ယောက်မှာ ပြုံးပြုံးရွှင်ရွှင် ပြန်ဖြစ်သွားကြတာ သူ့ကိုတောင် ရှိသည် မထင်ကြတော့ပေ။ အာကာလင်းသန့် လက်ကိုပိုက်၍ ခေါင်းကို တသွင်သွင်ခါရင်း ရင်လူးဆေးနှစ်ယောက်အား ကြည့်မိနေတော့သည်။

"အရူးနှစ်ယောက်"

"မောင်၊ ငါတို့ လင်းသန့်ကို လေးလေးအကြောင်း မပြောရသေးဘူးမလား"

"အာ၊ ဟုတ်တယ်၊ ပြောဖို့မေ့နေတာ"

"လေးလေး ဘာဖြစ်လို့လဲ"

"ကိုသူရနဲ့ ပြန်အဆင်ပြေသွားပြီလေ"

"လေးလေးတို့များ ပြန်‌အဆင်ပြေတာ ငါတို့တောင် မသိရဘူး"

"မင်းရော မင်းလူကြီးပါ မသိတာ မဆန်းပါဘူး၊ ငါတို့တောင် ဟိုတစ်နေ့က သူ့အိမ်သွားတာ မတွေ့လို့ ဖုန်းလှမ်းဆက်တော့မှ ကိုသူရနဲ့ ခရီးထွက်သွားတာတဲ့"

"ဟန်နီးမွန်းပြန်ထွက်ကြတယ်ပေါ့၊ လေးလေးတစ်ယောက် လျှိုချက်ကွာ"

အာကာလင်းသန့် အချိန်အတော်ကြာ စွမ်းရည်ထက်တို့ အိမ်မှာ နေခဲ့သည်။ အမြွှာတွေ မူကြိုဆင်းချိန်နီးမှ ပြန်လာပြီး တစ်ခါတည်း အမြွှာတွေရဲ့ ကျောင်းရှေ့သွားစောင့်လိုက်သည်။ ကျောင်းဆင်းချိန်ရောက်တော့ ဆင်တူမူကြိုအင်္ကျီလေးတွေ ဝတ်ထားသည့် အမြွှာမောင်နှမအား ကျောပိုးအိတ်လေးတွေ ကိုယ်စီ လွယ်ကာ ထမင်းဘူးလေးတွေ ကိုယ်စီကိုင်လျက် လုံးလုံးလုံးလုံးနှင့် ထွက်လာတာကို မြင်ရသည်။ အဝေးကနေ ကြည့်ရ‌သလောက် မူကြိုမှာ ထွေထွေထူးထူး တစ်စုံတစ်ရာမရှိဘဲ အဆင်ပြေပြေ နေခဲ့ကြပုံရသည်။

"ပါပါး

"ပါပါး"

သူ့ဆီသို့ ပြေးလာကြသည့် အမြွှာတွေကို မြေပေါ်တွင် ဆော့ကြောင့်ထိုင်ချပြီး လက်ဆန့်တန်းကာ ကြိုလေတော့ မောင်နှမနှစ်ယောက် သူ့ရင်ခွင်ထဲသို့ တည့်မတ်စွာ ရောက်လာကြသည်။

"ကျောင်းမှာ ပျော်ခဲ့ကြလား"

"ဟုတ်၊ သူငယ်ချင်းတွေလည်း အများကြီးရလာတယ်"

မိုတီက လက်အမူအယာနှင့်ပါ ရှင်းပြသည်။

"သီချင်းတွေလည်း သင်လာရတာ ပါပါးကို ဆိုပြမယ်"

မိုချီကလည်း အားကြိုးမာန်တက်နှင့် ပြောလေသည်။

"ဟုတ်လား၊ ပါပါးကို လမ်းမှာ ဆိုပြပါဦးကွာ၊ အခု ပါပါးတို့ ကားပေါ်တက်ကြရအောင်နော်"

အမြွှာတွေ ကားနောက်ခန်းမှာ လွတ်လွတ်လပ်လပ်ထိုင်စေရန် ကျောပိုးအိတ်တွေနှင့် ထမင်းချိုင့်တွေကို ကားအရှေ့ခန်းသို့ ယူထားပြီး အိမ်သို့ မောင်းနှင်လေသည်။ အိမ်အပြန်လမ်းတစ်လျှောက်လုံး အာကာလင်းသန့်မှာ မူကြိုကနေ သင်ပေးလိုက်သည့် ကဗျာတွေ၊ သီချင်းတွေကို သီဆိုလာသည့် အမြွှာတွေရဲ့အသံကြောင့် ရယ်မောရင်း ပါးစပ်မစိနိုင် ဖြစ်ရလေသည်။

🍀

အာကာလင်းသန့် ဝရန်တာတွင် ပန်းပင်အသစ်တစ်ပင်အား စိုက်ရန် ကြိုးပမ်းလျက်ရှိသည်။ သူနှင့်အတူ ဝရန်တာကို ရောက်နေကြသူတွေကတော့ မိုချီနှင့်မိုတီတို့ မောင်နှမနှစ်ယောက်ဖြစ်၏။ အမှန်မှာ အမြွှာတွေကို အအေးနှင့် မုန့်တွေ ချပေးထားကာ ငြိမ်ငြိမ်လေး ထိုင်နေကြရန်ပဲ သူရည်ရွယ်သော်ငြား အမြွှာတွေက သူ့အနားသို့လာပြီး ပန်းပင် စိုက်တာကို စိတ်ဝင်တစား ရပ်ကြည့်ကြသည်။ အနှောင့်အယှက် တစ်စုံတစ်ရာ မဖြစ်စေတာကြောင့် သူလည်း ဘာမှမပြောဘဲ လွှတ်ပေးထားဖြစ်သည်။

"ပါပါး လက်သွားဆေးလိုက်ဦးမယ်"

ပန်းပင်စိုက်ရင် ဝတ်နေကျလက်အိတ်ကို ချွတ်ထားခဲ့ပြီး လက်ကိုဆေးကြောရန် ဘေစင်ရှိရာသို့ ထွက်သွားလိုက်သည်။ လက်ဆေးပြီး ပြန်လာတော့ အမြွှာနှစ်ယောက်သည် ပန်းပွင့်တစ်ပွင့်ပေါ်၌ လာရောက်နားခိုနေသော လိပ်ပြာဖြူလေးတစ်ကောင်အား ခပ်လှမ်းလှမ်းမှ စိုက်ကြည့်နေကြသည်ကို သူတွေ့လိုက်ရသည်။ အမြွှာတွေမှာ လိပ်ပြာလေးကို ထိကိုင်ကြည့်ချင်သောစိတ်ဖြင့် အနားသို့ တိုးကပ်သွားကြသည်။ မောင်နှမနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အချက်ပြပြီး လိပ်ပြာလေးကို လက်ခုပ်ထဲထည့်ကာ ဖမ်းတော့မည်အလုပ် လိပ်ပြာက အချိန်ကိုက် ထပျံသွားသည်။ သို့ဖြစ်၍ အမြွှာတွေမှာ မျက်နှာလေးတွေ ညှိုးသွားကြ၏။

"ငါတို့က ဆော့ချင်လို့ ခေါ်မှာကို ဘာလို့ပျံသွားတာလဲမသိဘူး မိုတီရာ"

"သူက သမီးတို့ကို ကြောက်လို့ ပျံသွားတာကွ"

"ပါပါးကလည်း သားတို့က ဘာမှမလုပ်တာကို သူကကြောက်စရာလား"

"ပါပါးရှင်းပြမယ်၊ သားတို့က ဘာမှမလုပ်ဘူးဆိုပေမယ့် သူ့ထက်စာရင် သားတို့က လူကောင်တွေပိုကြီးပြီး အားကြီးကြတယ်လေ၊ ဒီတော့သူက သားတို့တွေ အလွယ်တကူ သတ်ပစ်မှာကို ကြောက်ပြီး ထွက်ပြေးသွားတာ၊ သူ့အသက်ကို သူကာကွယ်တာပေါ့"

"သူက သူနဲ့ရွယ်တူတွေဆို မကြောက်ဘူးပေါ့နော် ပါပါး"

"ဟုတ်တာပေါ့"

"မီးတို့လည်း ဟိုကာတွန်းထဲကလို လူသေးသေးလေးတွေဖြစ်ချင်လိုက်တာ၊ ဒီလိုဆို သူထွက်ပြေးမှာ မဟုတ်ဘူး၊ မိုတီနဲ့မီးရယ် သူရယ် ‌အတူတူဆော့လို့ရပြီ"

သားအဖသုံးယောက် ဝရန်တာတွင် ခဏဆက်နေပြီးနောက် အောက်ထပ်သို့ ဆင်းကာ ပိုင်မြင့်မြတ်ကျော်အလာကို စောင့်ကြသည်။ အမြွှာတွေက သူတို့ကြည့်နေကျ ကလေးတွေအတွက် သီးသန့်တီဗွီလိုင်းတစ်ခုဖြစ်သည့် nick jrရုပ်သံလိုင်းကိုဖွင့်ပေးထား၍ စိတ်ဝင်တစားဖြစ်နေတော့သည်။ အာကာလင်းသန့်ပါ အမြွှာတွေနှင့်အတူ ထိုင်ကြည့်ဖြစ်သွားသည်ဆိုပါတော့။

ကားသံကြားသည်နှင့် အာကာလင်းသန့်က ထုံးစံအတိုင်း အပေါက်ဝတွင် ရပ်စောင့်ရင်း ပိုင်မြင့်မြတ်ကျော်ကို မြင်သည်နှင့် ပြေးဖက်သည်။ ထို့အတူ အမြွှာတွေမှာလည်း ဧည့်ခန်းမှာ တီဗွီကြည့်နေရာကနေ ထလာကြပြီး သူ့ကဲ့သို့ ဖက်ကြသည်။ ခဏနေတော့ မိသားစုလေးယောက် လူချင်းပြန်ခွာလိုက်ကာ ပိုင်မြင့်မြတ်ကျော်ရဲ့ အိတ်အား အာကာလင်းသန့် ဆွဲယူလိုက်သည်။ တစ်ချိန်တည်းမှာပဲ ပီဇာအိတ်ကို တွေ့လိုက်ရ၍ အာကာလင်းသန့်ရဲ့ မျက်လုံးများ အရောင်တောက်သွား၏။ အာကာလင်းသန့်လိုပင် မိုချီနှင့် မိုတီသည်လည်း အလားတူစွာ အရောင်တောက်လျက်ရှိသည်။

"ကြည့်စမ်း၊ ဒီကလေးသုံးယောက် သူတို့ကြိုက်တာလည်း မြင်ရော ချက်ချင်းကို"

"ပါပါးက မီးတို့လို ကလေးမှ မဟုတ်တာ ဒယ်ဒီကလည်း"

"ပါပါးက လူကြီးလေ ဒယ်ဒီ"

ပိုင်မြင့်မြတ်ကျော် အမြွှာတွေရဲ့အပြောကြောင့် စိတ်မထိန်းနိုင်ဘဲ ရယ်မိတော့သည်။

"ဒယ်ဒီ့အတွက်တော့ ပါပါးက လူကြီးမဟုတ်ပါဘူး၊ ဟိုးတုန်းကလည်း ကလေးဖြစ်သလို နောင်လည်း ကလေးဖြစ်နေမှာပဲ၊ ကလေးဆိုပေမယ့် ပါပါးက
ဒယ်ဒီ့ကလေးတွေလို ကလေးမဟုတ်ဘူး၊ သီးသန့်ဖြစ်နေတဲ့ ကလေးလေး"

အမြွှာတွေမှာ ပိုင်မြင့်မြတ်ကျော်ရှင်းမှ ပိုရှုပ်သွားကြရှာသည်။

"သားတို့ဒယ်ဒီပြောတာ မစဉ်းစားနဲ့တော့၊ သားတို့ အသက်ကြီးလာမှ နားလည်လာလိမ့်မယ်၊ ပီဇာစားမယ်မလား၊ ပါပါး ထည့်ပေးမယ်"

"သန့်"

"ဘာလဲ ဦးမြတ်"

"သန့်အတွက်က အပေါ်ဘူးနော်"

ပီဇာနှစ်ဘူး ဝယ်လာသည်ဖြစ်ရာ အာကာလင်းသန့်အတွက် သက်သက်ဝယ်လာသည်မှာ အပေါ်တွင် ရှိနေသည့် 'ဘူး' ဖြစ်ကြောင်း ရှင်းပြခြင်း။ ပြီးနောက် အာကာလင်းသန့်နှင့်အတူ ပိုင်မြင့်မြတ်ကျော်လည်း ထမင်းစားခန်းထဲသို့ လိုက်ဝင်သည်။

"နေ နေ သန့်၊ ကိုယ် ပန်းကန်သွားယူပေးမယ်"

သူ့အတွက်ဆိုသည့် 'ဘူး'ကို အရင်ဖွင့်ကြည့်မိတော့ သူမှန်းထားသည့်အတိုင်း သူအမြဲစားနေကျ အကြိုက်ဆုံးဖြစ်သည့် မီနူးကိုတွေ့ရ၍ အပျော်ကြီးပျော်မိသွားသည်။ ချက်ချင်းပဲ ပြန်ပိတ်လိုက်ပြီး ကလေးတွေရှေ့မှာ မျက်နှာပိုးကို ပြန်သတ်လိုက်၍ ကလေးတွေအတွက် ဝယ်လာသည့် တစ်ဘူးကို ဖွင့်သည်။ တစ်ဆက်တည်းဆိုသလို ပိုင်မြင့်မြတ်ကျော်ကလည်း ပန်းကန်နှစ်ချပ်ယူပြီး မီးဖိုခန်းမှနေ ပြန်ထွက်လာ၏။ ထိုပန်းကန်တွေထဲကို ကလေးတွေ စားနိုင်‌သလောက် အာကာလင်းသန့် ထည့်ပေးလိုက်သည်။

"ကိုယ့်ဘာသာကိုယ် စားနေလို့ရတယ်မလား"

အမြွှာတွေမှာ သူမေးတာကို အသံတောင်မထွက်တော့ဘဲ ပြိုင်တူ ခေါင်းညိတ်ပြီးဖြေကြသည်။ ကလေးတွေကို စိတ်ချလက်ချထားခဲ့ပြီး ပိုင်မြင့်မြတ်ကျော်နဲ့သူ အပေါ်ထပ်ရှိ အိပ်ခန်းထဲသို့ သွားကြသည်။ အခန်းထဲရောက်သည်နှင့်တစ်ပြိုင်နက် အာကာလင်းသန့်မှာ ပိုင်မြင့်မြတ်ကျော်ရဲ့ အိတ်ကို စားပွဲပေါ်တွင် တင်သည်။ ထို့နောက် ပိုင်မြင့်မြတ်ကျော်ဆီသို့ အပြေးသွားကာ ခြေဖျားထောက်၍ နှုတ်ခမ်းကို ဖိကပ်နမ်းရှိုက်ရင်းဖြင့် အနမ်းတွေကို အစပျိုးသည်။ ခြေဖျားထောက်ထားရတာ မထောက်နိုင်တော့သည့်အချိန် ရောက်မှသာ သူစတင်ခဲ့သည့် အနမ်းခရီးစဉ်ကို အဆုံးသတ်ပေးရန် ပိုင်မြင့်မြတ်ကျော်ရဲ့ ရင်ဘတ်ကိုထုကာ ရပ်ခိုင်းဖြစ်သည်။ ပြီးနောက်တွင် ပိုင်မြင့်မြတ်ကျော်ရဲ့ ရင်ခွင်ထဲ၌ ခေါင်းမှီတင်ကာ အမောဖြေသည်။

"ဒါက ဆုချတာလား သန့်"

"ဟုတ်တယ်၊ ဦးမြတ်က တော်လွန်းလို့၊ ကျွန်တော့် အကြိုက်ကို ဦးမြတ် ဘယ်တော့မှ မမေ့ဘူးနော်"

"သန့် ဘာတွေကြိုက်တယ်ဆိုတာ ကိုယ့်ဦးနှောက်ထဲမှာ သေရာပါစွဲနေတာ၊ အသက်တွေကြီးလာပြီး အဘိုးကြီးဖြစ်သွားရင်လည်း မေ့သွားမှာမဟုတ်ဘူး၊ ဒါတွေတင် ဘယ်ကမလဲ၊ သန့်ရဲ့ အမူအကျင့် ပြုမူပုံတွေ အကုန်လုံးရောပဲ"

ပိုင်မြင့်မြတ်ကျော်အား ခေါင်းမော့ပြီး ကြည့်တော့ သူ့ကိုပြုံးလျက် ပြန်ကြည့်လာတာကို မြင်ရသည်။ ပိုင်မြင့်မြတ်ကျော်ကဲ့သို့ သူလည်း ထပ်တူပါပဲ။ ပိုင်မြင့်မြတ်ကျော်နှင့် သက်ဆိုင်တာတွေကို အသေးစိတ်လေးကအစ အကုန် စွဲမြဲစွာ စိတ်ထဲ၌ရှိသည်။ ဒါကို သူထုတ်ဖော်မပြောပြလည်း ပိုင်မြင့်မြတ်ကျော်ကသိသည်။ သူ့ခေါင်းကို ပိုင်မြင့်မြတ်ကျော်ရဲ့ ရင်ခွင်ထံသို့ ပြန်တင်ကာ ခါးအား ပွေ့ဖက်ထားလိုက်သည်နှင့် ပိုင်မြင့်မြတ်ကျော်ကလည်း သူ့ကို ပြန်လည်ထွေးပွေ့ရင်း ကျောပြင်ကို ဖွဖွပုတ်ပေး၏။

"ဦးမြတ်ကို ပိုင်ဆိုင်ခွင့်ရတာ ကျွန်တော်ကံကောင်းလိုက်တာ"

သူ့ရဲ့ ဆံနွယ်တွေကြား ပိုင်မြင့်မြတ်ကျော်က မျက်နှာအပ်ကာ နမ်းရှိုက်ခြင်းဖြင့် သူ့ကို တုံ့ပြန်၏။ သူသည်လည်း မျက်ဝန်းအစုံကို မှိတ်၍ သူအပိုင်စားရထားသည့် ပိုင်မြင့်မြတ်ကျော်ရဲ့ ရင်ခွင်နန်းတော်တွင် စိုးစံသည်။ ဤနေရာသည် သူ့အား သူ ပျော်ရွှင်နေချိန်တွင် စည်းလွတ်ဝါးလွတ်ပျော်ရန် ကမ်းလင့်ရာနေရာဖြစ်သလို သူ ဝမ်းနည်းနေချိန်၌ သူ့မျက်ရည်များကို မညည်းမညူ လက်ခံပေးရင်း လွတ်လပ်စွာ ငိုကြွေးခွင့်ပေးသည့်နေရာလည်း ဖြစ်သည်။ ထို့အတူ သူဆိုးသည်ဖြစ်စေ၊ လိမ္မာသည်ဖြစ်စေ၊ ဘယ်သောအခါပဲဖြစ်ဖြစ် အမြဲအဆင်သင့်ခိုဝင်ချင်တိုင်း ခိုဝင်ခွင့်ပေးသည်။ ဤရင်ခွင်နန်းတော်သည်ကား သူ့အတွက် စာဖွဲ့၍မရနိုင်သော နွေးထွေးမှုတို့ ပကတိလွှမ်းခြုံကာထားသော အလုံခြုံဆုံး၊ အန္တရယ်အကင်းဆုံး၊ အအေးချမ်းဆုံး နေရာတစ်ခုသာ ဖြစ်ပေတော့သည်။

                         THE END

🍀

A/N: Extraစုစုပေါင်း သုံးပိုင်းရှိပါမယ်ရှင်၊ မနက်ဖြန်မှာ Extra 1နဲ့ပြန်တွေ့ပါမယ်နော်။

🍀

(Zawgyi)

အႁမြွာႏွစ္ေယာက္ မူႀကိဳသြားရမၫ့္ ပထမဆံုးရက္ျဖစ္သည္။ ကေလးေတြက ေနရာအသစ္တစ္ခုကို ပထမဦးဆံုး ဝင္ေရာက္ရမွာျဖစ္လို႔ စိတ္လႈပ္ရွားေနၾကၿပီး တက္တက္ႂကြၾကြနဲ႔ပင္ မေန့ညက အိပ္ယာဝင္သြားခဲ့သည္။ ကာကာ့လိုမ်ိဳး ေက်ာင္းသြားခ်င္သည္ဟု အၿမဲပူဆာေနခဲ့ေသာ အႁမြွာႏွစ္ေယာက္မွာ သူတို႔ကိုယ္တိုင္ သြားရေတာ့မည္ျဖစ္၍လည္း ေပ်ာ္ေနၾကသည္။

အာကာလင္းသန႔္သည္ မီးဖိုေခ်ာင္ထဲဝင္ၿပီး အႁမြွာေတြအတြက္ ထမင္းဘူး ျပင္ေပးေနသည္။ ေဒၚႀကီးတင့္က သူမပင္ပန္းေအာင္ ေစာေစာလာေပးမယ္ဆိုတာ သူလက္မခံ။ သူကိုယ္တိုင္ ျပင္ေပးခ်င္တာေၾကာင့္ ပံုမွန္လာေနက်အခ်ိန္ပဲ လာရန္ မွာၾကားထားသည္။ ထမင္းဘူး ျပင္ရာတြင္လည္း အႁမြွာ‌ေတျြမင္တာနဲ႔ စားခ်င္စိတ္ျဖစ္ေအာင္ bento toolsေလးေတြသံုးကာ ျပင္ျဖစ္သည္။ အရုပ္ေလးေတြႏွင့္ျဖစ္၍ သူတို႔ႀကိဳက္မွာ မလြဲမေသေပ။ ထမင္းႏွင့္အတူတူ ဗိုက္ဆာတဲ့အခ်ိန္ အလြယ္တကူယူစားႏိုင္ရန္ စားေနက် မုန႔္ထုတ္ေလးေတြပါ ထၫ့္ေပးလိုက္သည္။ ထို႔ေနာက္ ပါးစပ္သုတ္ဖို႔ လက္သုတ္ပုဝါႏွင့္ အစာေၾကေဆးေတြကိုလည္း ထၫ့္ေပးဖို႔ မေမ့။ အကုန္လံုး ျပင္စင္လို႔အၿပီးတြင္ ထမင္းဘူးေတြကို သူ႔အိတ္ေတြနဲ႔သူ ထၫ့္ကာ အိမ္ေရ႔ွ၌ အဆင္သင့္ထားခဲ့လိုက္သည္။

သူတို႔ရဲ့ အခန္းထဲေရာက္ေတာ့ ပိုင္ျမင့္ျမတ္ေက်ာ္မွာ ေရခ်ိဳးၿပီး၍ အက်ႌေတာင္ ဝတ္ေနေလၿပီ။ အနားသို႔သြားကာ မတပ္ရေသးေသာ အက်ႌၾကယ္သီးေတြကို သူကပဲ တပ္ေပးျဖစ္သည္။ ပိုင္ျမင့္ျမတ္ေက်ာ္က သူ႔နဖူးကို ငံု႔နမ္းေသာေၾကာင့္ ဒီေန့အတြက္ မနက္ခင္းတိုင္းရေနက် အနမ္းအျပင္ ထပ္ေဆာင္းအျဖစ္ အပိုတစ္ခုထပ္ရလိုက္သည္။

"ကေလးေတြကို ႏိႈးၿပီး ေရခ်ိဳးခိုင္းလိုက္ဦးမယ္"

"ကိုယ္ႏိႈးလိုက္မယ္ သန႔္၊ သန႔္က လုပ္စရာရိွတာလုပ္"

"ဒါဆိုလည္း ဦးျမတ္ပဲ ႏိႈးလိုက္ေတာ့၊ ကြၽန္ေတာ္ ေရျမန္ျမန္ခ်ိဳး အဝတ္အစားလဲၿပီး လာခဲ့မယ္"

ပိုင္ျမင့္ျမတ္ေက်ာ္ကို သူေျပာသလိုပဲ ေရကိုခပ္ျမန္ျမန္ေလးခ်ိဳးလိုက္ကာ ႀကိဳေရြးထားသၫ့္ အဝတ္ေတြကို ေကာက္ဝတ္ၿပီး အျပင္သြားတိုင္းလိမ္းေနက် skincareေတြလိမ္းလိုက္၍ ကေလးေတြရဲ့အခန္းဆီသို႔ ကူးသည္။ သူအခန္းထဲလည္းအေရာက္ ကေလးေတြမွာ မူႀကိဳအက်ႌေလးေတြဝတ္လ်က္သားႏွင့္ ျဖစ္ေနၾကသည္။ မူႀကိဳေက်ာင္းသားေတြ ျဖစ္သြားၿပီျဖစ္ေသာ သားနဲ႔သမီးႏွစ္ေယာက္ကို သူ ရပ္ၾကၫ့္ေနမိသည္။ သူတို႔ကို ေငးၾကၫ့္ေနေသာ သူ႔အား အႁမြွာေတြက ျမင္သည္ႏွင့္ သူ႔ဆီသို႔ ေျပးလာၾကသည္။

"ပါပါး မီးခ်စ္ဖို႔ေကာင္းလား "

အာကာလင္းသန႔္ အႁမြွာေတြႏွင့္ အရပ္ညီေအာင္ ေဆာင့္ေၾကာင့္ထိုင္ခ်‌လိုက္သည္။

"ခ်စ္ဖို႔ေကာင္းတာေပါ့ကြာ၊ ပါပါးသမီးက တစ္ကမ႓ာလံုးမွာ ခ်စ္စရာအေကာင္းဆံုးပဲ"

"ပါပါး ပါပါး သားေရာ"

သူ႔အက်ႌစကို ဆြဲၿပီး မိုတီကလည္း မိုခ်ီကဲ့သို႔ အားက်မခံ ေမး၏။

"ပါပါးသားကလည္း တစ္ေလာကလံုးက ေယာက်ာ္းေလးေတြထဲမွာ အေခ်ာဆံုး"

ေမာင္ႏွမႏွစ္ေယာက္ သူေျဖတာေတြကို သေဘာက်ၿပီး စပ္ၿဖီးၿဖီးရုပ္ေလးေတြ ျဖစ္သြားေတာ့သည္။ ထို႔ေနာက္ အႁမြွာႏွစ္ေယာက္မွာ သူ႔ပါးႏွစ္ဖက္ကို ဘယ္တစ္ေယာက္၊ ညာတစ္ေယာက္ နမ္းၾကၿပီး အခ်စ္ပိုေအာင္ ခြၽဲၾက၏။

"ပါပါးကိုပဲ နမ္းတာလား၊ ဒယ္ဒီ့ကိုေရာ မနမ္းဘူးလား"

ပိုင္ျမင့္ျမတ္ေက်ာ္ကလည္း အာကာလင္းသန႔္ကဲ့သို႔ ထိုင္ခ်ကာ ပါးႏွစ္ဖက္ကို ေဖာင္းေပးထားသည္။ အႁမြွာႏွစ္ေယာက္သည္ ပိုင္ျမင့္ျမတ္ေက်ာ္ဘက္သို႔ လွၫ့္ကာ နမ္းၿပီး ခြၽဲျပန္သည္။ အႁမြွာေတြ အေဖႏွစ္ေယာက္အား ခြၽဲလို႔ၿပီးမွ မနက္စာစားရန္ သားအဖေတြ ေအာက္ထပ္သို႔ ဆင္းျဖစ္ၾကေတာ့သည္။ အေဖေတြေရ႔ွကေန ေက်ာပိုးအိတ္ေလးေတြ ကိုယ္စီလြယ္ၿပီး ေတာက္ေတာက္ ေတာက္ေတာက္ႏွင့္ ဦးေဆာင္ကာ ဆင္းသြားၾကေသာ အႁမြွာေတြအား ၾကၫ့္ၿပီး သေဘာက်၍ သူတို႔ႏွစ္ဦး ရယ္မိၾကေသးသည္။

မနက္စာစားအၿပီးမွာေတာ့ သူတို႔မိသားစု အႁမြွာေတြတက္မၫ့္ မူႀကိဳသို႔ သြားၾကေတာ့၏။ ေက်ာင္းကားႏွင့္ ထၫ့္လိုက္လို႔ရေသာ္လည္း အႁမြွာေတြရဲ့ ပထမဦးဆံုးေက်ာင္းသြားမၫ့္ေန့တြင္ သူတို႔ကိုယ္တိုင္ ေက်ာင္းေရ႔ွအေရာက္ လိုက္ပို႔ခ်င္ၾကသၫ့္အတြက္ ဒီေန့တစ္ရက္ေတာ့ ေက်ာင္းကားႏွင့္ မလႊတ္ျဖစ္။

တေရြ့ေရြ့ႏွင့္ ေမာင္းႏွင္လာေသာ သူတို႔ကားသည္ အႁမြွာေတြရဲ့ မူႀကိဳေရ႔ွေတာင္ ေရာက္လာၿပီ။ ပိုင္ျမင့္ျမတ္ေက်ာ္ ကားရပ္လိုက္သည္ႏွင့္ အႁမြွာေတြမွာ ေက်ာပိုးအိတ္ေလးေတြ ေကာက္လြယ္ၿပီးသား ျဖစ္သြားၾကၿပီး ထမင္းဘူးအိတ္ေလးေတြကိုင္ကာ တံခါးဖြင့္ၿပီးဆင္းရန္ ျပင္‌ေနၾကေလသည္။ သူတို႔ႏွစ္ေယာက္ ကေလးေတြကို ႏႈတ္ဆက္ရန္ ပတ္ထားသၫ့္ခါးပတ္ေတြကို ျဖဳတ္ကာ ကားေပၚကေန ဆင္းလိုက္ၾကသည္။ ေက်ာင္းေရ႔ွမွာ မိဘေတြက ေက်ာင္းဝန္းထဲ ဝင္သြားၾကသၫ့္ သူတို႔ကေလးမ်ားကို ႏႈတ္ဆက္ရင္း ရႈပ္ေထြးေနလ်က္ရိွသည္။ သူတို႔ကားရပ္ထားသၫ့္ ေနရာမွာေတာ့ ေက်ာင္းရဲ့ အေရ႔ွတၫ့္တၫ့္တြင္ မဟုတ္ဘဲ မ်က္ေစာင္းထိုးေလးတြင္သာျဖစ္၏။

"ေက်ာင္းမွာ ေကာင္းေကာင္းေနၾကေနာ္၊ ေမာင္ႏွမႏွစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္ၾကၫ့္ၿပီး ေစာင့္ေရွာက္ၾက၊ ပါပါးမွာတာေတြ မွတ္မိတယ္မလား"

"ဟုတ္ကဲ့ ပါပါး"

"သားတို႔ မွတ္မိတယ္"

"ထမင္းလည္း ေကာင္းေကာင္းစားၾကဦး"

"ဟုတ္၊ စားပါ့မယ္ ဒယ္ဒီရ၊ ဒယ္ဒီနဲ႔ ပါပါး ေျပာတာ‌ေတြ အကုန္ သတိရတယ္၊ စိတ္မပူပါနဲ႔"

"မီးတို႔သြားၿပီေနာ္၊ တာ့တာ ဒယ္ဒီ၊ တာ့တာ ပါပါး"

သူတို႔ႏွစ္ေယာက္ကို 'တာ့တာ'ျပၿပီး အႁမြွာေတြမွာ ေက်ာင္းဘက္သို႔ ဦးတည္သြားၾကေတာ့သည္။ အႁမြွာေတြေက်ာင္းထဲ ေရာက္သြားသည္အထိ သူတို႔ရပ္ၾကၫ့္ျဖစ္ၾက၏။

"ကေလးေတြ အဆင္ေျပမွာပါေနာ္ ဦးျမတ္"

"ေျပမွာပါ သန႔္ရယ္၊ ကိုယ္တို႔ကေလးေတြက သူတို႔အရြယ္နဲ႔သူတို႔ ဘယ္လို လိုက္ေလ်ာညီေထြေအာင္ ေနရမလဲ သိၾကပါတယ္ကြာ"

သူတို႔ေတြ စကားေျပာေနသၫ့္အခ်ိန္မွာ ကေလးတစ္ေယာက္၏ စူးစူးနစ္နစ္ငိုသံၾကားေတာ့ ဘာရယ္မဟုတ္ အၾကၫ့္ေရာက္သြားမိသည္။ ငိုေနသၫ့္ ကေလးက အေမကို အတင္းျပန္ကပ္ၿပီး အိမ္ျပန္လိုက္မည္ဆိုတာပဲ တဆာဆာေအာ္ေန၏။ ကေလးအေမခမ်ာ ထိုကေလးအား မနည္းေခ်ာ့ေမာ့ ေျပာေနရေတာ့သည္။ ငိုေနတဲ့ကေလးနဲ႔ သူ႔အေမကိုၾကၫ့္ကာ အႁမြွာေတြအား အာကာလင္းသန႔္ သတိရသြားသည္။ အႁမြွာေတြက သူတို႔နဲ႔ခြဲၿပီး သြားေနဖူးတာဆိုလို႔ မားတို႔အိမ္ရယ္၊ စြမ္းရည္ထက္တို႔ရဲ့ အိမ္ရယ္ပဲရိွတာ အခုက သူစိမ္းေတြခ်ည္းပဲရိွတဲ့ေနရာ ျဖစ္သၫ့္အေလ်ာက္ ငိုမ်ားငိုေနၾကရင္ေရာဆိုသၫ့္အေတြးက ျဖတ္ကနဲ ေခါင္းထဲ ဝင္ေရာက္လာသည္။

"ကေလးေတြကို စိုးရိမ္ေနတာလား"

ပိုင္ျမင့္ျမတ္ေက်ာ္က သူ႔အေတြးကို မွန္းဆမိသြား၍ ေမးလာသည္။

"ဟုတ္တယ္ ဦးျမတ္၊ လူစိမ္းေတြၾကားထဲမွာ တစ္ေန့လံုးနီးပါးေနရမွာ ပထမဦးဆံုးဆိုေတာ့"

"သန႔္ကသာ ေတြးၿပီးစိုးရိမ္ေနတာ၊ အတတ္ႏွစ္ေယာက္က အခုေလာက္ဆို သူငယ္ခ်င္းေတြေတာင္ ရွာရင္ရွာေနေလာက္ၿပီ"

"ဦးျမတ္ေျပာတာမွန္ပါတယ္ေလ၊ ကြၽန္ေတာ္ကိုယ္တိုင္က ပူေနတာ၊ သြားၾကမယ္ ဦးျမတ္"

ပိုင္ျမင့္ျမတ္ေက်ာ္က အာကာလင္းသန႔္အား အိမ္သို႔ ျပန္ဝင္ပို႔ေပးၿပီးမွ ကုမၸဏီသို႔သြားသည္။ အာကာလင္းသန႔္ အိမ္ျပန္ေရာက္ၿပီး မၾကာခင္မွာပဲ ေဒၚႀကီးတင့္ ေရာက္လို႔လာသည္။ ေဒၚႀကီးတင့္ကို မီးဖိုေခ်ာင္မွာ ကေလးေတြအေၾကာင္း ေျပာျဖစ္ေနၿပီး အတန္ၾကာတြင္ေတာ့ အေပၚထပ္ရိွ သူ႔ပန္းခ်ီခန္းသို႔ တက္လာမိသည္။

ကေလးေတြ မရိွေတာ့ အိမ္မွာ အပ္က်သံေတာင္ ၾကားရေလာက္သည္အထိ တိတ္ဆိတ္သြားတာကို သတိထားမိသည္။ သူကလည္း သူ႔အလုပ္ႏွင့္သူ၊ ေဒၚႀကီးတင့္ကလည္း အိမ္အလုပ္ေတြကို သူ႔ဘာသာသူ တကုပ္ကုပ္လုပ္ရင္းေနတာ ျဖစ္သၫ့္အတြက္ အိမ္မွာ ပ်င္းေျခာက္ေျခာက္ႏိုင္လွသည္။ ကေလးေတြ မေမြးခင္တုန္းက ပိုင္ျမင့္ျမတ္ေက်ာ္ အလုပ္သြားတိုင္း ဤအေနအထားမွာ သူ႔အတြက္ ဘာထူးဆန္းမႈမွ ျဖစ္မေန။ ေနသားတက်ရိွလွသည္။ သို႔ေသာ္ ယခုတြင္ေတာ့ ထိုကဲ့သို႔မဟုတ္ဘဲ တစ္ခုခုလိုအပ္ေနသလိုႀကီး ဟာလာဟင္းလင္းျဖစ္ကာ အဆင္ေျပမေန။ ကေလးေတြ ေက်ာင္းသြားတာ ေန့တစ္ဝက္ေတာင္ မက်ိဳးေသးဘူး။ ဤသို႔ေသာ ခံစားခ်က္မ်ိဳး ျဖစ္ေနၿပီ။

ပန္းခ်ီခန္းထဲသို႔ဝင္ကာ အလုပ္စရန္ ျပင္ဆင္သည္။ စိတ္အာရံုကို စုစည္းၿပီးေနာက္ ပန္းခ်ီကားအသစ္အတြက္ ပံုၾကမ္းတစ္ခုကိုဆြဲရန္ လက္မ်ားကို လႈပ္ရွားသည္။ ဈာန္ဝင္သြားသည္ႏွင့္တစ္ၿပိဳင္နက္ သူ႔အာရံုမွာ ျပန႔္လြင့္မေနေတာ့ဘဲ မ်က္စိေရ႔ွရိွ ပံုၾကမ္းတြင္သာ ရိွေတာ့သည္။ ဤသို႔ ဤပံုျဖင့္ အာကာလင္းသန႔္တစ္ေယာက္ အခ်ိန္နာရီတခ်ိဳ႕ကို ျဖတ္ေက်ာ္ႏိုင္ခဲ့သည္။

ထမင္းစားအၿပီးတြင္ေတာ့ ထြန္းလင္းသီဟက ဖုန္းဆက္ေခၚတာေၾကာင့္ ထြန္းလင္းသီဟႏွင့္ စြမ္းရည္ထက္တို႔အိမ္သို႔ သြားရန္ အိမ္ေနရင္းဝတ္တီရွပ္ႏွင့္ ေဘာင္းဘီတိုကိုသာ ဝတ္လ်က္သား အျပင္ ထြက္လာလိုက္သည္။ ေဒၚႀကီးတင့္ကို သူ ခ်က္ခိုင္းထားေသာ ၾကက္သားဆန္ျပဳတ္ခ်ိဳင့္ေလးကို ဆြဲ၍ သူငယ္ခ်င္းေတြဆီသြားျဖစ္သည္။ ၾကက္သားဆန္ျပဳတ္မွာ စြမ္းရည္ထက္အတြက္ျဖစ္၏။ စြမ္းရည္ထက္က ေနမေကာင္းျဖစ္ေနၿပီး ထြန္းလင္းသီဟမွာ ဆိုင္မသြားဘဲ အိမ္၌သာေန၍ လူနာျပဳစုေနေၾကာင္း ဖုန္းေျပာရာမွ သူ ၾကားသိခဲ့ရသည္။

စြမ္းရည္ထက္တို႔ ေနထိုင္ရာ ကြန္ဒိုခန္းေရ႔ွေရာက္ေတာ့ ဘဲလ္တီးၿပီး အာကာလင္းသန႔္ ရပ္ေစာင့္ေနလိုက္သည္။ မၾကာခင္မွာ တံခါးဖြင့္သံႏွင့္အတူ ထြန္းလင္းသီဟကို ေတြ့ရသည္။

"စြမ္းထက္ေရာ သက္သာရဲ့လား"

"မေန့ကေလာက္ေတာ့ အေျခအေနမဆိုးေတာ့ဘူး၊ ဒါေပမဲ့ မင္းသူငယ္ခ်င္းက ငါ့ကို စိတ္ဆိုးေနတယ္၊ အခန္းထဲကိုေတာင္ အဝင္မခံဘူး"

ထြန္းလင္းသီဟက သူေရာက္လာမွ အားကိုးရသြားသၫ့္သဖြယ္ စြမ္းရည္ထက္အေၾကာင္း တန္းေျပာေလေတာ့သည္။

"ရန္ျဖစ္ထားၾကျပန္ၿပီလား"

သူဆြဲလာသၫ့္ ၾကက္သားဆန္ျပဳတ္ခ်ိဳင့္ေလးကို ထြန္းလင္းသီဟအား လွမ္းေပးရင္း ေမးလိုက္သည္။

"မဟုတ္ရပါဘူးကြာ၊ သူေဆးထိုးရတယ္ဆိုၿပီး ငါ့ကို ကြိုင္ရွာၿပီးစိတ္ဆိုးတာ၊ ဒါနဲ႔ ခ်ိဳင့္ထဲက ဘာေတြလဲ"

"ၾကက္သားဆန္ျပဳတ္၊ စြမ္းထက္ ေသာက္ဖို႔ ယူလာတာ"

"ဪ"

"ေနပါဦး၊ ေဆးထိုးရတာနဲ႔ မင္းကို ဘာစိတ္ဆိုးစရာရိွလို႔လဲ"

"ဆရာဝန္က ေမးတယ္ေလကြာ၊ ေဆးထိုးမလား ေဆးေသာက္မလားဆိုတာ၊ ငါလည္း သူျမန္ျမန္ေပ်ာက္ေအာင္လို႔ ေဆးထိုးေပးခိုင္းလိုက္ေရာ၊ မင္းသူငယ္ခ်င္းက သိတဲ့အတိုင္း ေဆးထိုးအပ္ေၾကာက္တယ္ေလ၊ သူေၾကာက္တာကို ငါက သိသိရက္နဲ႔ ေဆးထိုးခိုင္းတယ္ ငါက ကိုယ္ခ်င္းစာစိတ္မရိွတဲ့ေကာင္ဆိုတာကေန စၿပီးေတာ့ စက္ေသနတ္ပစ္တာ စံုေနတာပဲ၊ ဒါေတာင္ ေနမေကာင္းလို႔၊ ေနမ်ားေကာင္းရင္ ငါ့ေခါင္းကြဲမွာ က်ိန္းေသတယ္၊ ငါကလည္း သူေဝဒနာ ခံစားေနရတာ မၾကၫ့္ရက္လို႔ ျမန္ျမန္ေပ်ာက္ပါေစ ရည္ရြယ္ၿပီး လုပ္လိုက္တာပါကြာ၊ အဲ့ဒါကို မနက္က ဆရာဝန္ျပန္သြားၿပီးကတည္းက စိတ္ဆိုးၿပီး ငါ့ကို ေျပာခ်င္ရာေျပာလို႔လည္း ဝေရာ အခန္းတံခါးပိတ္ၿပီးေနတယ္"

ဟုတ္ပါရဲ့။ စြမ္းရည္ထက္ ေဆးထိုးအပ္ေၾကာက္တာကို သူေမ့ေနတာ။ စြမ္းရည္ထက္အတြက္ ေဆးထိုးအပ္ဆိုတာ ကမ႓ာေပၚမွာ မျမင္ခ်င္ဆံုး ရန္သူအျဖစ္ တင္စားလို႔ရေလာက္သည္အထိ စြမ္းရည္ထက္က ေၾကာက္သည္။ ထို႔ေၾကာင့္ စြမ္းရည္ထက္က ေနမေကာင္းျဖစ္လ်ွင္ ဘယ္ေတာ့မွ ေဆးမထိုးဘဲ ေပ်ာက္ဖို႔ ၾကာခ်င္သေလာက္ၾကာပါေစ ေဆးပဲေသာက္သည္။ ဒါ့အျပင္လည္း စြမ္းရည္ထက္က ေနမေကာင္းမျဖစ္ေအာင္ ႀကိဳးစားၿပီးေနသည္။ သို႔ေပမယ့္ လူဆိုတာ အၿမဲတမ္းေတာ့ က်န္းမာေနသည္မဟုတ္။ အခန႔္မသင့္လ်ွင္ နာမက်န္းကေတာ့ ျဖစ္စၿမဲပင္။ ‌ျဖစ္လာေတာ့ ထြန္းလင္းသီဟက အျမန္ေပ်ာက္ေစခ်င္ေဇာနဲ႔ ဆရာဝန္ကို ေဆးသြားထိုးခိုင္းေတာ့ ႏွစ္ေယာက္ၾကားထဲက ရာသီဥတု အေျခအေနသည္ကား ေလျပင္းတိုက္လာေလသည္။

"မင္းေျပာပံုအရဆို ဒီေကာင္ အခုထိ အစာမရိွေသးဘူးေပါ့"

"ေအး၊ အဲ့ဒါေၾကာင့္ ငါလည္း မင္းကို လွမ္းေခၚလိုက္တာ"

"ငါဝင္သြားလိုက္မယ္၊ မင္းက ဆန္ျပဳတ္ထၫ့္ၿပီး လာခဲ့"

ထြန္းလင္းသီဟက ခ်ိဳင့္ကို မီးဖိုခန္းထဲ ယူသြားၿပီး ပန္းကန္လံုးထဲ လွယ္ထၫ့္ရန္ ျပင္သည္။ အာကာလင္းသန႔္လည္း စြမ္းရည္ထက္အား ဝင္ေတြ့ရန္ အခန္းတံခါးကို ေခါက္လိုက္သည္။

*ေဒါက္ ေဒါက္*

"မင္းကို ငါမျမင္ခ်င္ဘူးလို႔ ေျပာထားတယ္မလား၊ ေဒါက္ေဒါက္လည္း လာမေခါက္နဲ႔၊ ဒက္ဒက္လည္း အသံမေပးနဲ႔၊ ဘာမွ မၾကားခ်င္ဘူး"

အခန္းထဲက တံု႔ျပန္သံေလးကို ၾကားရသည္မွာ အားရဖြယ္ပင္။

"ငါပါကြ စြမ္းထက္ရ၊ မင္းဘိုးေအ လင္းသန႔္၊ တံခါးလာဖြင့္ေပးဦး ေဟ့ေရာင္"

မၾကာခင္မွာပဲ တံခါးမွာ ကြၽီကနဲ ပြင့္လာေတာ့သည္။ သူ႔ကို တံခါးဖြင့္ေပးၿပီးေနာက္ စြမ္းရည္ထက္မွာ အိပ္ယာေပၚသို႔ ေဆာင့္ေဆာင့္ေအာင့္ေအာင့္ႏွင့္ ျပန္တက္သြားၿပီး ငုတ္တုတ္ထိုင္သည္။

"ဘယ္လိုလဲ၊ သက္သာရဲ့လား"

"သက္သာသြားၿပီ"

"ထြန္းလင္းေျပာတယ္၊ ေတာ္ေတာ္ စိတ္ဆိုးေနတယ္ဆို၊ ငါၾကားရသေလာက္ သူကလည္း မင္းကို သက္သာေစခ်င္လို႔ပါကြာ၊ မေကာင္းတဲ့ ရည္ရြယ္ခ်က္နဲ႔မွ မဟုတ္တာ၊ ဟိုေကာင့္ခမ်ာ သနားပါတယ္၊ ငါ့ကိုေတြ့မွ စိတ္သက္သာရာရသြားသလို ျဖစ္သြားတဲ့ရုပ္နဲ႔"

"အလကားသက္သက္မဲ့ မင္းကိုေခၚၿပီး ဒုကၡေပးတာ၊ စစ္ကူအေနနဲ႔ လွမ္းေခၚတာေလ ဒင္းက၊ မင္းကလည္း လာစရာလား"

"‌ဪ၊ မင္းရဲ့ေမာင္က မင္းေနမေကာင္းျဖစ္ေနတယ္၊ ဘာမွလည္း မစားေသးဘူး ဆိုတာနဲ႔ ငါလည္း ေျပးလာတာေပါ့၊ မင္းကို စားေစခ်င္လို႔ ေဒၚႀကီးတင့္ကိုေတာင္ ကမန္းကတန္းနဲ႔ ၾကက္သားဆန္ျပဳတ္ခ်က္ခိုင္းခဲ့ရတာ၊ မင္းအေျခအေနကိုၾကားတာေတာင္မွ ငါက အိမ္မွာ ဒူးႏွန႔္ၿပီး ေနႏိုင္မလား၊ လာရတာေပါ့ကြ"

"ေအးပါ၊ ငါစကားေျပာေလာသြားလို႔၊ မင္းယူလာတဲ့ ဆန္ျပဳတ္ေရာဟင္၊ ဘယ္မွာလဲ"

"ကိုယ့္ဆီမွာ"

တံခါးကို ျပန္မပိတ္ဘဲ အာကာလင္းသန႔္ ဖြင့္ထားခဲ့တာေၾကာင့္ ထြန္းလင္းသီဟ ဝင္လာႏိုင္ေလသည္။

"ဘာလာလုပ္တာလဲ၊ ငါက ဝင္ခိုင္းလို႔လား"

"စြမ္းကေတာ့ မဝင္ခိုင္းဘူးေလ၊ ကိုယ့္ေျခေထာက္နဲ႔ ကိုယ္ဝင္လာတာ၊ စြမ္း ေျခ‌ေထာက္နဲ႔မွ မဟုတ္တာပဲ၊ ဒါေတြ ေျပာမေနပါနဲ႔၊ အားကုန္တယ္၊ ေဆး မေသာက္ခင္ အားရိွေအာင္ ဆန္ျပဳတ္ေလး ေသာက္လိုက္ဦး၊ အာ..."

ထြန္းလင္းသီဟက စြမ္းရည္ထက္အနားတြင္သြားထိုင္လ်က္ စကားလည္းေျပာရင္း ဆန္ျပဳတ္ကိုခြံ႔ေကြၽးကာ ပါးစပ္ဟခိုင္းသည္။ စြမ္းရည္ထက္က မစားဘဲ မ်က္ႏွာကို တစ္ဖက္သို႔ လွၫ့္လိုက္၏။

"မင္းကေလ လင္းသန႔္လူႀကီးေျခဖ်ားကို လံုးဝမမီဘူး"

ပိုင္ျမင့္ျမတ္ေက်ာ္က မဆီမဆိုင္ ပါလာ၍ အာကာလင္းသန႔္မွာ ခါးမတ္သြားမိသည္။ ထြန္းလင္းသီဟမွာေတာ့ ဘာေျပာမွန္းမသိ၍ အူလည္လည္ရုပ္ျဖစ္သြားရ၏။

"ေလးပိုင္က ဘာလို႔ပါလာတာလဲ စြမ္းရာ"

"မင္းဘာမွ မသိဘူးမလား၊ ဟုတ္သားပဲ၊ မင္းသိတာ ခပ္ရြဲ႔ရြဲ႔ခပ္ေစာင္းေစာင္းစကားလံုးေတြကို ဘယ္လို ေျပာရမလဲပဲသိတာ၊ ငါပဲေျပာျပေတာ့မယ္၊ မင္းသာ အလိုက္သိတဲ့လူဆိုရင္ေလ တံခါးကို ငါေလာ့ခ္ခ်လိုက္တဲ့အခ်ိန္မွာ ေသာ့ေျပးယူ ဖြင့္ဝင္လာၿပီး ခ်က္ခ်င္းေခ်ာ့မွာပဲ၊ လင္းသန႔္ကိုလည္း ေခၚမွာမဟုတ္သလို အခုမွ ပက္ခြၽဲနပ္ခြၽဲ လာလုပ္ေနမွာ မဟုတ္ဘူး"

လက္စသတ္ေတာ့ စြမ္းရည္ထက္မွာ သူ႔ကို ထြန္းလင္းသီဟ ေစာေစာစီးစီးမေခ်ာ့၍ ေကာက္ေနတာျဖစ္ေလသည္။ စြမ္းရည္ထက္ ေျပာသည္မွာလည္း မွန္ပါသည္။ ထြန္းလင္းသီဟသာ ပိုင္ျမင့္ျမတ္ေက်ာ္က အာကာလင္းသန႔္ကို ေခ်ာ့သလိုေခ်ာ့မည္သာဆိုလ်ွင္ အရွည္ေတြ ျဖစ္ေနမွာမဟုတ္ေတာ့။

"ကိုယ္က စြမ္းပိုၿပီး စိတ္ဆိုးသြားမွာစိုးလို႔ မဝင္လာတာ၊ ဒီလိုမွန္းသိကြာ"

"အခုမွ ႀကိတ္မႏိုင္ခဲမရျဖစ္မေနနဲ႔၊ ငါ့မွာ ေဆးထိုးထားတဲ့ေနရာကနာ၊ မင္းက ေတာ္ေတာ္နဲ႔ အလိုက္တသိ ျပန္လာမေခ်ာ့ေတာ့ ဘယ္ေလာက္ေတာင္ မင္းကို ေဒါသထြက္ရလဲ"

"ဒီလိုမ်ိဳး ေနာက္ထပ္မျဖစ္ေစရဘူးေနာ္"

"အင္း"

"ဆန္ျပဳတ္ေသာက္လိုက္ေနာ္၊ ဟ..."

ၿငိမ္းခ်မ္းေရးရသြားသၫ့္ ႏွစ္ေယာက္မွာ ၿပံဳးၿပံဳးရႊင္ရႊင္ ျပန္ျဖစ္သြားၾကတာ သူ႔ကိုေတာင္ ရိွသည္ မထင္ၾကေတာ့ေပ။ အာကာလင္းသန႔္ လက္ကိုပိုက္၍ ေခါင္းကို တသြင္သြင္ခါရင္း ရင္လူးေဆးႏွစ္ေယာက္အား ၾကၫ့္မိေနေတာ့သည္။

"အရူးႏွစ္ေယာက္"

"ေမာင္၊ ငါတို႔ လင္းသန႔္ကို ေလးေလးအေၾကာင္း မေျပာရေသးဘူးမလား"

"အာ၊ ဟုတ္တယ္၊ ေျပာဖို႔ေမ့ေနတာ"

"ေလးေလး ဘာျဖစ္လို႔လဲ"

"ကိုသူရနဲ႔ ျပန္အဆင္ေျပသြားၿပီေလ"

"ေလးေလးတို႔မ်ား ျပန္‌အဆင္ေျပတာ ငါတို႔ေတာင္ မသိရဘူး"

"မင္းေရာ မင္းလူႀကီးပါ မသိတာ မဆန္းပါဘူး၊ ငါတို႔ေတာင္ ဟိုတစ္ေန့က သူ႔အိမ္သြားတာ မေတြ့လို႔ ဖုန္းလွမ္းဆက္ေတာ့မွ ကိုသူရနဲ႔ ခရီးထြက္သြားတာတဲ့"

"ဟန္နီးမြန္းျပန္ထြက္ၾကတယ္ေပါ့၊ ေလးေလးတစ္ေယာက္ လ်ိႈခ်က္ကြာ"

အာကာလင္းသန႔္ အခ်ိန္အေတာ္ၾကာ စြမ္းရည္ထက္တို႔ အိမ္မွာ ေနခဲ့သည္။ အႁမြွာေတြ မူႀကိဳဆင္းခ်ိန္နီးမွ ျပန္လာၿပီး တစ္ခါတည္း အႁမြွာေတြရဲ့ ေက်ာင္းေရ႔ွသြားေစာင့္လိုက္သည္။ ေက်ာင္းဆင္းခ်ိန္ေရာက္ေတာ့ ဆင္တူမူႀကိဳအက်ႌေလးေတြ ဝတ္ထားသၫ့္ အႁမြွာေမာင္ႏွမအား ေက်ာပိုးအိတ္ေလးေတြ ကိုယ္စီ လြယ္ကာ ထမင္းဘူးေလးေတြ ကိုယ္စီကိုင္လ်က္ လံုးလံုးလံုးလံုးႏွင့္ ထြက္လာတာကို ျမင္ရသည္။ အေဝးကေန ၾကၫ့္ရ‌သေလာက္ မူႀကိဳမွာ ေထြေထြထူးထူး တစ္စံုတစ္ရာမရိွဘဲ အဆင္ေျပျပေ ေနခဲ့ၾကပံုရသည္။

"ပါပါး

"ပါပါး"

သူ႔ဆီသို႔ ေျပးလာၾကသၫ့္ အႁမြွာေတြကို ေျမေပၚတြင္ ေဆာ့ေၾကာင့္ထိုင္ခ်ၿပီး လက္ဆန႔္တန္းကာ ႀကိဳေလေတာ့ ေမာင္ႏွမႏွစ္ေယာက္ သူ႔ရင္ခြင္ထဲသို႔ တၫ့္မတ္စြာ ေရာက္လာၾကသည္။

"ေက်ာင္းမွာ ေပ်ာ္ခဲ့ၾကလား"

"ဟုတ္၊ သူငယ္ခ်င္းေတြလည္း အမ်ားႀကီးရလာတယ္"

မိုတီက လက္အမူအယာႏွင့္ပါ ရွင္းျပသည္။

"သီခ်င္းေတြလည္း သင္လာရတာ ပါပါးကို ဆိုျပမယ္"

မိုခ်ီကလည္း အားႀကိဳးမာန္တက္ႏွင့္ ေျပာေလသည္။

"ဟုတ္လား၊ ပါပါးကို လမ္းမွာ ဆိုျပပါဦးကြာ၊ အခု ပါပါးတို႔ ကားေပၚတက္ၾကရေအာင္ေနာ္"

အႁမြွာေတြ ကားေနာက္ခန္းမွာ လြတ္လြတ္လပ္လပ္ထိုင္ေစရန္ ေက်ာပိုးအိတ္ေတြႏွင့္ ထမင္းခ်ိဳင့္ေတြကို ကားအေရ႔ွခန္းသို႔ ယူထားၿပီး အိမ္သို႔ ေမာင္းႏွင္ေလသည္။ အိမ္အျပန္လမ္းတစ္ေလ်ွာက္လံုး အာကာလင္းသန႔္မွာ မူႀကိဳကေန သင္ေပးလိုက္သၫ့္ ကဗ်ာေတြ၊ သီခ်င္းေတြကို သီဆိုလာသၫ့္ အႁမြွာေတြရဲ့အသံေၾကာင့္ ရယ္ေမာရင္း ပါးစပ္မစိႏိုင္ ျဖစ္ရေလသည္။

🍀

အာကာလင္းသန႔္ ဝရန္တာတြင္ ပန္းပင္အသစ္တစ္ပင္အား စိုက္ရန္ ႀကိဳးပမ္းလ်က္ရိွသည္။ သူႏွင့္အတူ ဝရန္တာကို ေရာက္ေနၾကသူေတြကေတာ့ မိုခ်ီႏွင့္မိုတီတို႔ ေမာင္ႏွမႏွစ္ေယာက္ျဖစ္၏။ အမွန္မွာ အႁမြွာေတြကို အေအးႏွင့္ မုန႔္ေတြ ခ်ေပးထားကာ ၿငိမ္ၿငိမ္ေလး ထိုင္ေနၾကရန္ပဲ သူရည္ရြယ္ေသာ္ျငား အႁမြွာေတြက သူ႔အနားသို႔လာၿပီး ပန္းပင္ စိုက္တာကို စိတ္ဝင္တစား ရပ္ၾကၫ့္ၾကသည္။ အေနွာင့္အယွက္ တစ္စံုတစ္ရာ မျဖစ္ေစတာေၾကာင့္ သူလည္း ဘာမွမေျပာဘဲ လႊတ္ေပးထားျဖစ္သည္။

"ပါပါး လက္သြားေဆးလိုက္ဦးမယ္"

ပန္းပင္စိုက္ရင္ ဝတ္ေနက်လက္အိတ္ကို ခြၽတ္ထားခဲ့ၿပီး လက္ကိုေဆးေၾကာရန္ ေဘစင္ရိွရာသို႔ ထြက္သြားလိုက္သည္။ လက္ေဆးၿပီး ျပန္လာေတာ့ အႁမြွာႏွစ္ေယာက္သည္ ပန္းပြင့္တစ္ပြင့္ေပၚ၌ လာေရာက္နားခိုေနေသာ လိပ္ျပာျဖဴေလးတစ္ေကာင္အား ခပ္လွမ္းလွမ္းမွ စိုက္ၾကၫ့္ေနၾကသည္ကို သူေတြ့လိုက္ရသည္။ အႁမြွာေတြမွာ လိပ္ျပာေလးကို ထိကိုင္ၾကၫ့္ခ်င္ေသာစိတ္ျဖင့္ အနားသို႔ တိုးကပ္သြားၾကသည္။ ေမာင္ႏွမႏွစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္ အခ်က္ျပၿပီး လိပ္ျပာေလးကို လက္ခုပ္ထဲထၫ့္ကာ ဖမ္းေတာ့မည္အလုပ္ လိပ္ျပာက အခ်ိန္ကိုက္ ထပ်ံသြားသည္။ သို႔ျဖစ္၍ အႁမြွာေတြမွာ မ်က္ႏွာေလးေတြ ၫွိုးသြားၾက၏။

"ငါတို႔က ေဆာ့ခ်င္လို႔ ေခၚမွာကို ဘာလို႔ပ်ံသြားတာလဲမသိဘူး မိုတီရာ"

"သူက သမီးတို႔ကို ေၾကာက္လို႔ ပ်ံသြားတာကြ"

"ပါပါးကလည္း သားတို႔က ဘာမွမလုပ္တာကို သူကေၾကာက္စရာလား"

"ပါပါးရွင္းျပမယ္၊ သားတို႔က ဘာမွမလုပ္ဘူးဆိုေပမယ့္ သူ႔ထက္စာရင္ သားတို႔က လူေကာင္ေတြပိုႀကီးၿပီး အားႀကီးၾကတယ္ေလ၊ ဒီေတာ့သူက သားတို႔ေတြ အလြယ္တကူ သတ္ပစ္မွာကို ေၾကာက္ၿပီး ထြက္ေျပးသြားတာ၊ သူ႔အသက္ကို သူကာကြယ္တာေပါ့"

"သူက သူနဲ႔ရြယ္တူေတြဆို မေၾကာက္ဘူးေပါ့ေနာ္ ပါပါး"

"ဟုတ္တာေပါ့"

"မီးတို႔လည္း ဟိုကာတြန္းထဲကလို လူေသးေသးေလးေတျြဖစ္ခ်င္လိုက္တာ၊ ဒီလိုဆို သူထြက္ေျပးမွာ မဟုတ္ဘူး၊ မိုတီနဲ႔မီးရယ္ သူရယ္ ‌အတူတူေဆာ့လို႔ရၿပီ"

သားအဖသံုးေယာက္ ဝရန္တာတြင္ ခဏဆက္ေနၿပီးေနာက္ ေအာက္ထပ္သို႔ ဆင္းကာ ပိုင္ျမင့္ျမတ္ေက်ာ္အလာကို ေစာင့္ၾကသည္။ အႁမြွာေတြက သူတို႔ၾကၫ့္ေနက် ကေလးေတြအတြက္ သီးသန႔္တီဗြီလိုင္းတစ္ခုျဖစ္သၫ့္ nick jrရုပ္သံလိုင္းကိုဖြင့္ေပးထား၍ စိတ္ဝင္တစားျဖစ္ေနေတာ့သည္။ အာကာလင္းသန႔္ပါ အႁမြွာေတြႏွင့္အတူ ထိုင္ၾကၫ့္ျဖစ္သြားသည္ဆိုပါေတာ့။

ကားသံၾကားသည္ႏွင့္ အာကာလင္းသန႔္က ထံုးစံအတိုင္း အေပါက္ဝတြင္ ရပ္ေစာင့္ရင္း ပိုင္ျမင့္ျမတ္ေက်ာ္ကို ျမင္သည္ႏွင့္ ေျပးဖက္သည္။ ထို႔အတူ အႁမြွာေတြမွာလည္း ဧၫ့္ခန္းမွာ တီဗြီၾကၫ့္ေနရာကေန ထလာၾကၿပီး သူ႔ကဲ့သို႔ ဖက္ၾကသည္။ ခဏေနေတာ့ မိသားစုေလးေယာက္ လူခ်င္းျပန္ခြာလိုက္ကာ ပိုင္ျမင့္ျမတ္ေက်ာ္ရဲ့ အိတ္အား အာကာလင္းသန႔္ ဆြဲယူလိုက္သည္။ တစ္ခ်ိန္တည္းမွာပဲ ပီဇာအိတ္ကို ေတြ့လိုက္ရ၍ အာကာလင္းသန႔္ရဲ့ မ်က္လံုးမ်ား အေရာင္ေတာက္သြား၏။ အာကာလင္းသန႔္လိုပင္ မိုခ်ီႏွင့္ မိုတီသည္လည္း အလားတူစြာ အေရာင္ေတာက္လ်က္ရိွသည္။

"ၾကၫ့္စမ္း၊ ဒီကေလးသံုးေယာက္ သူတို႔ႀကိဳက္တာလည္း ျမင္ေရာ ခ်က္ခ်င္းကို"

"ပါပါးက မီးတို႔လို ကေလးမွ မဟုတ္တာ ဒယ္ဒီကလည္း"

"ပါပါးက လူႀကီးေလ ဒယ္ဒီ"

ပိုင္ျမင့္ျမတ္ေက်ာ္ အႁမြွာေတြရဲ့အေျပာေၾကာင့္ စိတ္မထိန္းႏိုင္ဘဲ ရယ္မိေတာ့သည္။

"ဒယ္ဒီ့အတြက္ေတာ့ ပါပါးက လူႀကီးမဟုတ္ပါဘူး၊ ဟိုးတုန္းကလည္း ကေလးျဖစ္သလို ေနာင္လည္း ကေလးျဖစ္ေနမွာပဲ၊ ကေလးဆိုေပမယ့္ ပါပါးက
ဒယ္ဒီ့ကေလးေတြလို ကေလးမဟုတ္ဘူး၊ သီးသန႔္ျဖစ္ေနတဲ့ ကေလးေလး"

အႁမြွာေတြမွာ ပိုင္ျမင့္ျမတ္ေက်ာ္ရွင္းမွ ပိုရႈပ္သြားၾကရွာသည္။

"သားတို႔ဒယ္ဒီေျပာတာ မစဉ္းစားနဲ႔ေတာ့၊ သားတို႔ အသက္ႀကီးလာမွ နားလည္လာလိမ့္မယ္၊ ပီဇာစားမယ္မလား၊ ပါပါး ထၫ့္ေပးမယ္"

"သန႔္"

"ဘာလဲ ဦးျမတ္"

"သန႔္အတြက္က အေပၚဘူးေနာ္"

ပီဇာႏွစ္ဘူး ဝယ္လာသည္ျဖစ္ရာ အာကာလင္းသန႔္အတြက္ သက္သက္ဝယ္လာသည္မွာ အေပၚတြင္ ရိွေနသၫ့္ 'ဘူး' ျဖစ္ေၾကာင္း ရွင္းျပျခင္း။ ၿပီးေနာက္ အာကာလင္းသန႔္ႏွင့္အတူ ပိုင္ျမင့္ျမတ္ေက်ာ္လည္း ထမင္းစားခန္းထဲသို႔ လိုက္ဝင္သည္။

"ေန ေန သန႔္၊ ကိုယ္ ပန္းကန္သြားယူေပးမယ္"

သူ႔အတြက္ဆိုသၫ့္ 'ဘူး'ကို အရင္ဖြင့္ၾကၫ့္မိေတာ့ သူမွန္းထားသၫ့္အတိုင္း သူအၿမဲစားေနက် အႀကိဳက္ဆံုးျဖစ္သၫ့္ မီႏူးကိုေတြ့ရ၍ အေပ်ာ္ႀကီးေပ်ာ္မိသြားသည္။ ခ်က္ခ်င္းပဲ ျပန္ပိတ္လိုက္ၿပီး ကေလးေတြေရ႔ွမွာ မ်က္ႏွာပိုးကို ျပန္သတ္လိုက္၍ ကေလးေတြအတြက္ ဝယ္လာသၫ့္ တစ္ဘူးကို ဖြင့္သည္။ တစ္ဆက္တည္းဆိုသလို ပိုင္ျမင့္ျမတ္ေက်ာ္ကလည္း ပန္းကန္ႏွစ္ခ်ပ္ယူၿပီး မီးဖိုခန္းမွေန ျပန္ထြက္လာ၏။ ထိုပန္းကန္ေတြထဲကို ကေလးေတြ စားႏိုင္‌သေလာက္ အာကာလင္းသန႔္ ထၫ့္ေပးလိုက္သည္။

"ကိုယ့္ဘာသာကိုယ္ စားေနလို႔ရတယ္မလား"

အႁမြွာေတြမွာ သူေမးတာကို အသံေတာင္မထြက္ေတာ့ဘဲ ၿပိဳင္တူ ေခါင္းညိတ္ၿပီးေျဖၾကသည္။ ကေလးေတြကို စိတ္ခ်လက္ခ်ထားခဲ့ၿပီး ပိုင္ျမင့္ျမတ္ေက်ာ္နဲ႔သူ အေပၚထပ္ရိွ အိပ္ခန္းထဲသို႔ သြားၾကသည္။ အခန္းထဲေရာက္သည္ႏွင့္တစ္ၿပိဳင္နက္ အာကာလင္းသန႔္မွာ ပိုင္ျမင့္ျမတ္ေက်ာ္ရဲ့ အိတ္ကို စားပြဲေပၚတြင္ တင္သည္။ ထို႔ေနာက္ ပိုင္ျမင့္ျမတ္ေက်ာ္ဆီသို႔ အေျပးသြားကာ ေျခဖ်ားေထာက္၍ ႏႈတ္ခမ္းကို ဖိကပ္နမ္းရိႈက္ရင္းျဖင့္ အနမ္းေတြကို အစပ်ိဳးသည္။ ေျခဖ်ားေထာက္ထားရတာ မေထာက္ႏိုင္ေတာ့သၫ့္အခ်ိန္ ေရာက္မွသာ သူစတင္ခဲ့သၫ့္ အနမ္းခရီးစဉ္ကို အဆံုးသတ္ေပးရန္ ပိုင္ျမင့္ျမတ္ေက်ာ္ရဲ့ ရင္ဘတ္ကိုထုကာ ရပ္ခိုင္းျဖစ္သည္။ ၿပီးေနာက္တြင္ ပိုင္ျမင့္ျမတ္ေက်ာ္ရဲ့ ရင္ခြင္ထဲ၌ ေခါင္းမွီတင္ကာ အေမာေျဖသည္။

"ဒါက ဆုခ်တာလား သန႔္"

"ဟုတ္တယ္၊ ဦးျမတ္က ေတာ္လြန္းလို႔၊ ကြၽန္ေတာ့္ အႀကိဳက္ကို ဦးျမတ္ ဘယ္ေတာ့မွ မေမ့ဘူးေနာ္"

"သန႔္ ဘာေတြႀကိဳက္တယ္ဆိုတာ ကိုယ့္ဦးေနွာက္ထဲမွာ ေသရာပါစြဲေနတာ၊ အသက္ေတြႀကီးလာၿပီး အဘိုးႀကီးျဖစ္သြားရင္လည္း ေမ့သြားမွာမဟုတ္ဘူး၊ ဒါေတြတင္ ဘယ္ကမလဲ၊ သန႔္ရဲ့ အမူအက်င့္ ျပဳမူပံုေတြ အကုန္လံုးေရာပဲ"

ပိုင္ျမင့္ျမတ္ေက်ာ္အား ေခါင္းေမာ့ၿပီး ၾကၫ့္ေတာ့ သူ႔ကိုၿပံဳးလ်က္ ျပန္ၾကၫ့္လာတာကို ျမင္ရသည္။ ပိုင္ျမင့္ျမတ္ေက်ာ္ကဲ့သို႔ သူလည္း ထပ္တူပါပဲ။ ပိုင္ျမင့္ျမတ္ေက်ာ္ႏွင့္ သက္ဆိုင္တာေတြကို အေသးစိတ္ေလးကအစ အကုန္ စြဲၿမဲစြာ စိတ္ထဲ၌ရိွသည္။ ဒါကို သူထုတ္ေဖာ္မေျပာျပလည္း ပိုင္ျမင့္ျမတ္ေက်ာ္ကသိသည္။ သူ႔ေခါင္းကို ပိုင္ျမင့္ျမတ္ေက်ာ္ရဲ့ ရင္ခြင္ထံသို႔ ျပန္တင္ကာ ခါးအား ေပြ့ဖက္ထားလိုက္သည္ႏွင့္ ပိုင္ျမင့္ျမတ္ေက်ာ္ကလည္း သူ႔ကို ျပန္လည္ေထြးေပြ့ရင္း ေက်ာျပင္ကို ဖြဖြပုတ္ေပး၏။

"ဦးျမတ္ကို ပိုင္ဆိုင္ခြင့္ရတာ ကြၽန္ေတာ္ကံေကာင္းလိုက္တာ"

သူ႔ရဲ့ ဆံႏြယ္ေတြၾကား ပိုင္ျမင့္ျမတ္ေက်ာ္က မ်က္ႏွာအပ္ကာ နမ္းရိႈက္ျခင္းျဖင့္ သူ႔ကို တံု႔ျပန္၏။ သူသည္လည္း မ်က္ဝန္းအစံုကို မိွတ္၍ သူအပိုင္စားရထားသၫ့္ ပိုင္ျမင့္ျမတ္ေက်ာ္ရဲ့ ရင္ခြင္နန္းေတာ္တြင္ စိုးစံသည္။ ဤေနရာသည္ သူ႔အား သူ ေပ်ာ္ရႊင္ေနခ်ိန္တြင္ စည္းလြတ္ဝါးလြတ္ေပ်ာ္ရန္ ကမ္းလင့္ရာေနရာျဖစ္သလို သူ ဝမ္းနည္းေနခ်ိန္၌ သူ႔မ်က္ရည္မ်ားကို မညည္းမၫူ လက္ခံေပးရင္း လြတ္လပ္စြာ ငိုေႂကြးခြင့္ေပးသၫ့္ေနရာလည္း ျဖစ္သည္။ ထို႔အတူ သူဆိုးသည္ျဖစ္ေစ၊ လိမၼာသည္ျဖစ္ေစ၊ ဘယ္ေသာအခါပဲျဖစ္ျဖစ္ အၿမဲအဆင္သင့္ခိုဝင္ခ်င္တိုင္း ခိုဝင္ခြင့္ေပးသည္။ ဤရင္ခြင္နန္းေတာ္သည္ကား သူ႔အတြက္ စာဖြဲ႔၍မရႏိုင္ေသာ ေနြးေထြးမႈတို႔ ပကတိလႊမ္းၿခံဳကာထားေသာ အလံုၿခံဳဆံုး၊ အႏၲရယ္အကင္းဆံုး၊ အေအးခ်မ္းဆံုး ေနရာတစ္ခုသာ ျဖစ္ေပေတာ့သည္။
                      
                           THE END

🍀

A/N: Extraစုစုေပါင္း သံုးပိုင္းရိွပါမယ္ရွင္၊ မနက္ျဖန္မွာ Extra 1နဲ႔ျပန္ေတြ့ပါမယ္ေနာ္။

🍀

Continue Reading

You'll Also Like

833K 31.6K 20
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023
341K 8.4K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
4.8M 530K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
297K 14.9K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...