လွန်

By Chenpion1221

83.5K 3.5K 114

" ကိုကိုေသခ်ာမသိေသးတဲ့ ကိုကို႔အေၾကာင္းေတြသိခ်င္ရင္ က်ေနာ့္ကိုေမးမွေပါ့ " " ကိုကိုသေချာမသိသေးတဲ့ ကိုကို့အကြောင... More

အပိုင္း (၁)
အပိုင္း ( ၂ )
အပိုင္း ( ၃ )
အပိုင္း ( ၄ )
အပိုင္း ( ၅ )
အပိုင္း ( ၆ )
အပိုင္း ( ၇ )
အပိုင္း ( ၈ )
အပိုင္း ( ၉ )
အပိုင္း (၁၀)
အပိုင္း (၁၁)
အပိုင္း (၁၂)
အပိုင္း (၁၃)
အပိုင္း (၁၄)
အပိုင္း (၁၅)
အပိုင္း (၁၆)
အပိုင္း (၁၇)
အပိုင္း (၁၈)
အပိုင္း (၂၀)
အပိုင္း (၂၁)
အပိုင္း (၂၂)
အပိုင္း (၂၃)
အပိုင္း (၂၄)
အပိုင္း (၂၅)
အပိုင္း (၂၆)
အပိုင္း (၂၇)
အပိုင္း (၂၈)
အပိုင္း (၂၉)ဇာတ္သိမ္း
A/N

အပိုင္း (၁၉)

1.9K 101 3
By Chenpion1221

ဆူညံေနတဲ့မနက္ခင္းက ခ်န္းျမတ္နဲ႔ေန႔ကို
အတူနိုးထလာေစခဲ့သည္ တစ္ၿခံလုံးဘာေတြ
အလုပ္ရႈပ္ေနၾကလဲမသိ

" သားနီေရ တီ တီ တီ တီ.... "

" သားနီ သားနီ သားနီ "

" ေဖ့သားႀကီး လာ လာ လာ ... "

စသျဖင့္ေပါ့....

" ဘာေတြေခၚေနတာလဲ အဘိုး "

" မင္းတို႔နိုးလာတာနဲ႔အေတာ္ပဲ ငါ့သားႀကီးရွာေပးၾက
ပါဦး တြန္သံမၾကားလို႔ ထၾကည့္မိတာ မရွိေတာ့ဘူး
ေလ "

" အခိုးခံရတာမ်ားလား "

" ငါ့႐ြာမွာသူခိုးမရွိဘူး ဒါနဲ႔မင္းလက္ထဲကဘာလဲ "

" ၾကက္ေတာင္ပံေလ ညကၾကက္ကင္စားတာ က်န္ေန
ေသးလို႔နွေမ်ာတာနဲ႔ အဘိုးစားခ်င္လို႔လား က်ေနာ္က
ေတာ္ရုံညဘက္အက်န္စားေလ့မရွိေပမဲ့ ဒါေတာ့
မပစ္ရက္လို႔ "

" ဘယ္ကရတာလဲ မေန႔ကၾကက္သားမခ်က္ပါဘူး "

" ေန႔ ဘယ္ကၾကက္လဲတဲ့ "

" ဟို သားနီဆိုတဲ့ၾကက္ "

" ဘာ......မင္းလုပ္ရက္လိုက္တာ ငါ့သားနီ မင္းကို
ဘယ္ေလာက္ခင္တြယ္လိုက္လဲ လူယုံသတ္တယ္
ဆိုတာဒါမ်ိဳးပါလား အသံေလးေတာင္ေပးမသြားရရွာ
ဘူး ၾကက္သားစားခ်င္ေျပာပါ့လား ငါ့သားကိုမွဘာ
လို႔လဲ "

" အဘိုးစိတ္ေလ်ာ့ပါ ညကကိုကိုဗိုက္ဆာေနတာနဲ႔
အစာလြန္ၿပီးဗိုက္ေအာင့္မွာစိုးလို႔ "

ေဘးကေၾကာင္ၿပီးရပ္ၾကည့္ေနရွာတဲ့အေဒၚေတြ
ခမ်ာ အံ့ၾသလြန္းလို႔ ဘာေျပာရမွန္းမသိ သူတို႔
တူေလးက ဘာလို႔မ်ားလုပ္နိုင္ရပါလိမ့္

" မျဖစ္နိုင္တာ ေန႔ေန႔ကအရမ္းၾကင္နာတတ္တာ
ႏြားလွည္းစီးတုန္းကေတာင္ လွည္းျပည့္ၿပီး
အရမ္းေလးေနလို႔ အပူႀကီးထဲ လမ္းဆင္းေလ်ွာက္တာ"

" မင္း မင္းသတ္ခိုင္းတာမဟုတ္လား "

" က်ေနာ္ကလား ဘာလို႔လဲ က်ေနာ္ကငါးပါးသီလ
လုံတယ္ ဘယ္သူမွမသတ္ဖူးသလို မသတ္ခိုင္းဘူး "

" မိစာၦေလး မင္းကေတာ့ "

" ေတာ္ၾကပါေတာ့ ၾကက္ေလးတစ္ေကာင္စားမိတာ
ဘာျဖစ္ေနၾကတာလဲ ပထမဆုံးလဲမဟုတ္ဘူး ေနျပည္
ေတာ္မွာပုရစ္ေတာင္ဖမ္းၿပီးေၾကာ္ေကြၽးဖူးေသးတာ "

" ဘာ သတ္သတ္လြတ္စားတဲ့ ေန႔ေန႔ကလား "

" ကဲ လုပ္စရာရွိတာလုပ္ၾကေတာ့ေလ ၾကက္တစ္ေကာင္နဲ႔ ကိုယ့္ေျမးနဲ႔ဘယ္ဟာတန္ဖိုး
ရွိလဲ က်ေနာ္ေတာင္မဆူတာ ေန႔အလင္းအျပစ္
မဟုတ္ဘူး "

" ေသခ်ာေပါက္မင္းအျပစ္ေပါ့ ငါ့သားနီက ေလးသိန္း
ေတာင္ေပးရတာ မင္းသိလား "

" ဘယ္ေလာက္ေပးရေပးရ ၾကက္ကၾကက္အရသာ
ပါပဲ ဝမ္းမနည္းပါနဲ႔ က်ေနာ္ရန္ကုန္ေရာက္ရင္
အေကာင္တစ္ရာဝယ္ပို႔ေပးလိုက္မွာမို႔ ၾကက္ကိစၥ
ေတာ္ေတာ့ေနာ္ "

" ေန႔ေန႔ မင္းအစ္ကိုဆိုတဲ့လူပါးစပ္ကိုမင္းပိတ္မလား
ငါပိတ္ေပးရမလား "

" ကိုကိုသြားရေအာင္ မနက္စာေကာက္ညႇင္းေပါင္း
ပူပူေလးဝယ္ေကြၽးမယ္ လာပါ "

ၾကာရင္ရန္ပြဲအႀကီးက်ယ္ျဖစ္ေတာ့မဲ့အေငြ႕သက္
ေတြေၾကာင့္ ခ်န္းျမတ္ကိုအတင္းေခ်ာ့ေမာ့ေခၚသြား
ရသည္ လူတိုင္းကကုိုကို႔ကို အေျပာဆိုမတတ္ဘူး
ကိုကိုေျပာလိုက္ရင္အလိုလိုစိတ္တိုလာတယ္ ဆိုျပီး
ေျပာေနၾကေပမဲ့ ေန႔အတြက္ကေတာ့ ကိုကိုဟာ အၿမဲမွန္ရာေျပာၿပီး ေျပာခ်င္ရာေျပာရုံေလးပင္ .......

" စားၿပီးရင္ကိုကို႔အလုပ္ေတြက်ေနာ္လုပ္ေပးမယ္
ကိုကိုကပင္ပန္းတဲ့အလုပ္ေတြလုပ္စရာမလိုပါဘူး "

" မေန႔က မင္းငါ့ကိုထားခဲ့ၿပီ ထင္ေနတာ "

" ေနာက္အျပင္သြားရင္ ကိုကို႔ကိုခြင့္ေတာင္းပါ့မယ္ "

" အင္း ဟိုႏြားေတြဆာေနေလာက္ၿပီ အစာသြားေကြၽး
ၾကမယ္ "

" ဟုတ္ကဲ့ "

မေန႔ကအလြန္ပင္ပန္းခက္ခဲစြာလုပ္ခဲ့ရတဲ့အလုပ္
ေတြက ေန႔ နဲ႔အတူလုပ္ရေတာ့ထင္သေလာက္
မပင္ပန္းေတာ့ ႏြားစာေတြယူၿပီး ေန႔ ကိုေပးသည္
ေန႔ကေသခ်ာအစာေကြၽး ေရျဖည့္ေပး ႏြားေခ်းၾကဳံး
ခ်န္းျမတ္က အုန္းဆံတံျမက္စည္းၾကမ္းနဲ႔လွည္းၿပီး
ဝက္စာတြက္အသင့္ျပင္ေပးထားသည္ ေန႔ကပုံးကို
မသြားၿပီး ဝက္ငါးေကာင္ကိုေကြၽးလိုက္သည္ ခ်န္းျမတ္
ဆယ္ခါေလာက္ခြဲသယ္ရတဲ့ ပုံးႀကီးကို ေန႔ကတစ္ခါ
ထဲနဲ႔မနိုင္တာေတြ႕ေတာ့ ပထမဆုံးႀကိမ္ ေန႔ ကို
ခ်ီးက်ဴးမိျပန္သည္

အဘိုးႀကီးလူလွကေတာ့ ေတာ္ေတာ္ေလး
မ်က္စိေနာက္လြန္းလို႔ အိမ္ထဲကထြက္မလာေတာ့

" ေန႔ ငါ့ကိုယ္လုံးကအနံ႔ေတြနံေနၿပီထင္တယ္
ေျခေထာက္ေတြလည္းမသန္႔ေတာ့ဘူး ဖိနပ္မွာ
ႏြြားအီးပုံႀကီးတက္နင္းထားမိၿပီ "

" ဘာမွမျဖစ္ဘူး က်ေနာ္ေဆးေပးမယ္ ဒီမွာထိုင္ "

စတီးေရဇလုံတစ္လုံးယူကာ ေရေႏြးေႏြးေလး
အေနေတာ္စပ္ၿပီး ဘယ္ခ်ိန္ကခူးထားမွန္းမသိတဲ့
နွင္းဆီပြင့္ဖက္ေလးေတြေႁခြထည့္ေပးထားေသးသည္

" လာေျခေထာက္ထည့္ ေျခဖမိုးေလးေတြေနေလာင္
ထားတာပဲ suncreamေသခ်ာလိမ္းေပးတာ
ေတာင္ "

" ငါညစ္ပတ္သြားၿပီ ေျခေထာက္သစ္လိုခ်င္တယ္ "

" က်ေနာ္မလိုခ်င္ဘူး ဒီေျခေထာက္ေလးေတြကို
ပဲႀကိဳက္တယ္ "

အနည္းငယ္ညိဳေနသေယာင္ အသားရည္မညီ
ျဖစ္ေနတဲ့ေျခေထာက္သြယ္သြယ္ေလးေတြကို
ထည့္ၿပီးစိမ္ေပးထားရင္း ေညာင္းညာတာေတြ
ေပ်ာက္ေအာင္ နွိပ္နယ္ေပးေနသည္ ခ်န္းျမတ္
ကေတာ့ဇိမ္ခံရင္း ဇိမ္က်စြာနဲ႔ ေလထိုးဆိုဖာေပၚ
ေန႔လည္ခင္း တစ္ေမွးျပန္အိပ္ေပ်ာ္သြားေတာ့သည္

" ကြၽတ္ ကြၽတ္ "

အိပ္ေပ်ာ္ေနရွာတဲ့ကိုကို႔ေျခေထာက္ေလးေတြကို
တဘက္နဲ႔ေသခ်ာသုတ္ေပးၿပီးေနာက္ ေျခဖမိုးေလး
ေပၚ ခပ္ဖြဖြေလးနမ္းမိျပန္သည္

.

.

.

.

" ေန႔ ငါ့အေပၚအရမ္းမေကာင္းပါနဲ႔ အက်င့္ပါၿပီး
မင္းမရွိရင္ငါမေနတတ္ေတာ့မွာစိုးလို႔ "

" ေကာင္းတာေပါ့က်ေနာ္အၿမဲကိုကို႔အနားမွာရွိေနေပး
မယ္ "

" အၿမဲရွိေပးမဲ့သူက မေျပာမဆိုနဲ႔ ရန္ကုန္မွာ
တစ္ေယာက္တည္း ထားခဲ့ရလား
ငါသိပါတယ္ ဘယ္သူမွငါ့နားမွာအၾကာႀကီး
မေနခ်င္ၾကပါဘူး "

ဒါေပမဲ့ထားခဲ့တဲ့သူေတြထဲမွာ ဘယ္သူ႔ကိုမွငါ
မတားခဲ့ဘူး သူတို႔ေတာင္ထားခဲ့ေသးတာ ငါလည္း
ေနတတ္ေအာင္ေနနိုင္ခဲ့တယ္ မင္းတစ္ေယာက္
ကိုေတာ့ ငါဘယ္လိုလုပ္ရမလဲ .......

" သားေလးေန႔ေန႔ ထမင္းစားၾကမယ္ေလ "

" ဟုတ္ ေဒၚငယ္ လာပါၿပီ "

" ေန႔ ငါအဲ့ထမင္းစားနိုင္မယ္မထင္ဘူး "

ေန႔ နားကိုကပ္ၿပီးတိုးတိုးေျပာျပလိုက္တယ္
ဆန္ၾကမ္းတင္မဟုတ္ တျခားမာတဲ့အစားမွန္သမ်ွ
ခ်န္းျမတ္စားမဝင္ သူ႔အႀကိဳက္နဲ႔လည္းမကိုက္

" ၿမိဳ႕ေပၚတက္တုန္းက ကိုကိုစားေနက်
ေပၚဆန္းတစ္အိတ္ဝယ္လာတယ္ ေဒၚႀကီးကို
ခပ္ေပ်ာ့ေပ်ာ့ခ်က္ခိုင္းထားၿပီးၿပီ "

" ေတာ္ေသးတာေပါ့ "

အဘိုးႀကီးမိသားစုကေတာ့ ဆန္ဆိုကိုယ့္႐ြာက
ဆန္မာမာေလးေတြသာစားတတ္တာမို႔ ခ်န္းျမတ္
တြက္ သီးသန္႔ေပါင္းအိုးေသးေလးနဲ႔ နို႔ဆီဘူးဝက္
သပ္သပ္ခ်က္ေပးထားသည္ ကိုကို႔အႀကိဳက္
ေန႔ ကိုယ္တိုင္ခ်က္ေပးခ်င္ေပမဲ့ အေဒၚေတြက
မီးဖိုေခ်ာင္ဝင္လာခြင့္မျပဳ သူတို႔ဘာသာၾကည့္
လုပ္ၾကသည့္အတြက္ ခ်န္းျမတ္သိပ္ႀကိဳက္မည္
ေတာ့မဟုတ္

" ကဲ စားစား ေန႔ေန႔ႀကိဳက္တဲ့ အစိမ္းေၾကာ္
ခရမ္းခ်ဥ္သီးသုပ္ နဲ႔ ဆန္ဟင္းခ်ိဳ ထည့္စားသား "

" ေဒၚငယ္ ဟင္းေတြကကိုကို႔တြက္အဆင္မေျပဘူး
ထင္တယ္ အခ်ဳိမႈန္႔အမ်ားႀကီးထည့္ထားတားလား "

" အယ္ ေမ့သြားတယ္ေတာ္ ခ်က္ေနက်တိုင္းလက္က
အက်င့္ပါသြားတာ ေဒၚေလးေတာင္းပန္ပါတယ္ေန႔ရယ္
ဘာလုပ္ေပးရမလဲ အခုခ်က္ေပးမယ္ေလ "

" မငယ္ကေမ့တတ္ေရာပဲ ခဏေလးငါးေၾကာ္ရွိတယ္
အျဖဴထည္ေၾကာ္ထားတာ သူစားလို႔ရလား "

" ဟုတ္ရပါတယ္ က်ေနာ့္ကိုေပးပါ "

ေ႐ႊဘိုေပၚဆန္းနံ႔ေလးေမႊးေနတဲ့ ထမင္းပူပူေလး
ေပၚ ပဲဆီအနည္းငယ္ဆမ္းကာ ဆားေလးပါေလရုံ
ထည့္နယ္ျပီး ပန္းကန္ျပားထဲထည့္လိုက္သည္
ၿပီးေတာ့မွ ငါးေၾကာ္အသားႏႊင္ကာထမင္းနဲ႔ေမႊေပး
ထားရသည္ မဟုတ္ရင္ေၾကာင္ေလးေတြလိုငါးဖက္
ေတြသာေ႐ြးစားဦးမည္မွာအေသခ်ာ

" စားေကာင္းလား "

" အင္း "

ရွည္ရွည္ေဝးေဝးျပန္မေျဖပုံအရ အမွန္တကယ္
နွစ္သက္ၿပီး အစားစာဆီသာအာရုံေရာက္ေနၿပီ

ေသခ်ာေတာ့မွ ေန႔ ခမ်ာသူ႔ဇလုံထဲအေဒၚေတြ
ထည့္ေပးထားတဲ့ အ႐ြက္မ်ိဳးစုံကိုေရာနယ္ဖက္
ၿပီးခပ္ျမန္ျမန္စားလိုက္ရသည္ သူလည္းအရမ္းဆာ
ေနရွာၿပီေလ

ေန႔ ကကိုကို႔လိုမဟုတ္ ခႏၶာကိုယ္ပိုမိုထြားသည့္
အတြက္အစားအရမ္းစားနိုင္သည္ အစားလည္း
မေ႐ြးအသားမစားေပမဲ့ အသီး႐ြက္မ်ိဳးစုံအစုံစား
သည္ မတည့္တာလည္းမရွိသည္မို႔ ေရာက္ေလရာ
အဆင္ေျပသည္

" အဟြတ္ ဟြတ္ "

" ကိုကို႔ေရဘူးဘယ္ေရာက္သြားလဲ "

" ေရသန္႔ကတ္ကုန္သြားၿပီ ႐ြာထဲကဆိုင္ေတြမွာ
အဲ့တံဆိပ္မရွိဘူး "

" အမေလးႀကီးက်ယ္တာေတာ္ ေရပဲဘာျဖစ္ျဖစ္
ေပါ့ နင္ၿပီးေသေနဦးမယ္ "

" က်ေနာ္သြားခပ္ေပးမယ္ေနာ္ ေသာက္မယ္မလား "

" ေရာ႕ ေရာ႕ငါခပ္ေပးမယ္ ငါ့ေျမးကိုမခိုင္းနဲ႔ "

အဘိုးႀကီးကမ္းေပးတဲ့ အမ်ားသုံးစတီးခြက္ေလး
ကိုၾကည့္ၿပီး ခ်န္းျမတ္ဘယ္လိုမွအဆင္ေျပမေန
သူမ်ားခြက္နဲ႔တစ္ခါမွမေသာက္ဖူးဘူးေလ လာသမ်ွ
ဧည့္သည္တိုင္းလည္းေသာက္ ကေလးေတြပါလာရင္
သြားရည္ေတြနဲ႔ ယူေသာက္ေသးတာ ငိုခ်င္စိတ္ေပါက္
လာသည္

" အဟြတ္ အြတ္ "

" ကိုကို ဒီမွာၾကည့္ "

စတီးခြက္ထဲကေရတစ္ငုံအရင္သာက္ျပလိုက္သည္
ေန႔ ကိုကို႐ြံတတ္တာသိေပမဲ့ သူမ်ားေတြအျမင္ကတ္
ရေလာက္ေအာင္ မျဖစ္ေစခ်င္ ကိုကိုကတစ္ခါမွ
လူမ်ားမ်ားနဲ႔မေနဖူးတာ ငယ္ငယ္ေလးထဲက
သူ႔တြက္ ေရခြက္ ဇြန္း ခရင္း အရာရာသီးသန္႔အက်င့္
လုပ္ေပးခဲ့ေတာ့ အခုထိျပင္မရနိုင္ေတာ့

" သန္႔သြားၿပီေနာ္ ေသာက္လိုက္လိမၼာတယ္ "

" ဒီေနရာလား "

" အင္း "

ေန႔ ေသာက္ျပလိုက္ေတာ့မွ စတီးခြက္ေလးက
ပိုသန္႔သြားသလိုလိုနဲ႔ ကိုယ္ေတာ္ေခ်ာကေသာက္
ေတာ့သည္ ေသာက္ေတာ့လည္း တစ္ခြက္လုံး
တစ္ခါထဲေမာ့ေသာက္ပစ္တာေတာင္ အိုက္တင္
ကခံေနေသးသည္

" ေန႔ထပ္ေပးဦး "

့ေရအိုးထဲကေပမို႔ ၾကည္လင္ၿပီးေအးေနေတာ့
အခုမွ ရင္ထဲရွင္းလင္းကာ ေအးျမသြားရသည္

ေန႔ အဘိုးကေတာ့ ၾကည့္မရေတာ့လြန္းလို႔
ဗီရိုထဲက ခြက္အသစ္စက္စက္ကိုအျမန္သြားထုတ္
ကာ ေန႔ထံပစ္ေပးလိုက္သည္ တကယ့္ကို
ကဲကဲနဲ႔သဲသဲ ေန႔ေတြၾကာတာလာနဲ႔အမ်ွ
မိမိေျမးျဖစ္သူကိုပါသိပ္ၾကည့္မရခ်င္ေတာ့ေပ
အစက ဟိုတစ္ေယာက္ကိုပဲၾကည့္မရခဲ့တာ

" မ်က္စိေနာက္လို႔ ညေနက်ရင္သိုးၿခံသြားရွင္း "

" ေတာထဲကၿခံလား အဘိုး "

" ေအးဟုတ္တယ္ မင္းအေဒၚေတြ မအားလို႔
ေနာက္လည္းပုံမွန္သြားေပး "

" အေဝးႀကီးလားေန႔ ငါတို႔ဘာနဲ႔သြားရမွာလဲ "

" နွင္းဆီပန္းေတြနဲ႔စိမ္ထားတဲ့ မင္းေျခေထာက္ေတြနဲ႔
သြားေပါ့ ဘာနဲ႔သြားခ်င္လဲ "

" အဘိုး "

" ေတာ္ပါၿပီ ၾကက္ေတာင္အစေဖ်ာက္ပစ္ေသးတာပဲ
ငါ့နွင္းဆီပြင့္ေတြကိုေတာ့ နွေမ်ာမေနေတာ့ပါဘူး
လုပ္ခ်င္ရာသာလုပ္ပါ "

" အဘိုးႀကီး က်ေနာ္အိမ္ျပန္ေရာက္ရင္ အပင္တစ္ရာ
ေလာက္ပို႔ေပးမွာမို႔လို႔ ႐ြဲ႕ေစာင္းမေနပါနဲ႔ ေနာက္ၿပီး
က်ေနာ္ခူးတာလည္းမဟုတ္ဘူး ခင္ဗ်ားေျမးခူးတာပဲ
ဟာ "

" ထြက္သြား ဆက္မေျပာနဲ႔ ငါေသြးတက္လာၿပီ "

.
.
.

.........................................

ဆူညံနေတဲ့မနက်ခင်းက ချန်းမြတ်နဲ့နေ့ကို
အတူနိုးထလာစေခဲ့သည် တစ်ခြံလုံးဘာတွေ
အလုပ်ရှုပ်နေကြလဲမသိ

" သားနီရေ တီ တီ တီ တီ.... "

" သားနီ သားနီ သားနီ "

" ဖေ့သားကြီး လာ လာ လာ ... "

စသဖြင့်ပေါ့....

" ဘာတွေခေါ်နေတာလဲ အဘိုး "

" မင်းတို့နိုးလာတာနဲ့အတော်ပဲ ငါ့သားကြီးရှာပေးကြ
ပါဦး တွန်သံမကြားလို့ ထကြည့်မိတာ မရှိတော့ဘူး
လေ "

" အခိုးခံရတာများလား "

" ငါ့ရွာမှာသူခိုးမရှိဘူး ဒါနဲ့မင်းလက်ထဲကဘာလဲ "

" ကြက်တောင်ပံလေ ညကကြက်ကင်စားတာ ကျန်နေ
သေးလို့နှမျောတာနဲ့ အဘိုးစားချင်လို့လား ကျနော်က
တော်ရုံညဘက်အကျန်စားလေ့မရှိပေမဲ့ ဒါတော့
မပစ်ရက်လို့ "

" ဘယ်ကရတာလဲ မနေ့ကကြက်သားမချက်ပါဘူး "

" နေ့ ဘယ်ကကြက်လဲတဲ့ "

" ဟို သားနီဆိုတဲ့ကြက် "

" ဘာ......မင်းလုပ်ရက်လိုက်တာ ငါ့သားနီ မင်းကို
ဘယ်လောက်ခင်တွယ်လိုက်လဲ လူယုံသတ်တယ်
ဆိုတာဒါမျိုးပါလား အသံလေးတောင်ပေးမသွားရရှာ
ဘူး ကြက်သားစားချင်ပြောပါ့လား ငါ့သားကိုမှဘာ
လို့လဲ "

" အဘိုးစိတ်လျော့ပါ ညကကိုကိုဗိုက်ဆာနေတာနဲ့
အစာလွန်ပြီးဗိုက်အောင့်မှာစိုးလို့ "

ဘေးကကြောင်ပြီးရပ်ကြည့်နေရှာတဲ့အဒေါ်တွေ
ခမျာ အံ့သြလွန်းလို့ ဘာပြောရမှန်းမသိ သူတို့
တူလေးက ဘာလို့များလုပ်နိုင်ရပါလိမ့်

" မဖြစ်နိုင်တာ နေ့နေ့ကအရမ်းကြင်နာတတ်တာ
နွားလှည်းစီးတုန်းကတောင် လှည်းပြည့်ပြီး
အရမ်းလေးနေလို့ အပူကြီးထဲ လမ်းဆင်းလျှောက်တာ"

" မင်း မင်းသတ်ခိုင်းတာမဟုတ်လား "

" ကျနော်ကလား ဘာလို့လဲ ကျနော်ကငါးပါးသီလ
လုံတယ် ဘယ်သူမှမသတ်ဖူးသလို မသတ်ခိုင်းဘူး "

" မိစ္ဆာလေး မင်းကတော့ "

" တော်ကြပါတော့ ကြက်လေးတစ်ကောင်စားမိတာ
ဘာဖြစ်နေကြတာလဲ ပထမဆုံးလဲမဟုတ်ဘူး နေပြည်
တော်မှာပုရစ်တောင်ဖမ်းပြီးကြော်ကျွေးဖူးသေးတာ "

" ဘာ သတ်သတ်လွတ်စားတဲ့ နေ့နေ့ကလား "

" ကဲ လုပ်စရာရှိတာလုပ်ကြတော့လေ ကြက်တစ်ကောင်နဲ့ ကိုယ့်မြေးနဲ့ဘယ်ဟာတန်ဖိုး
ရှိလဲ ကျနော်တောင်မဆူတာ နေ့အလင်းအပြစ်
မဟုတ်ဘူး "

" သေချာပေါက်မင်းအပြစ်ပေါ့ ငါ့သားနီက လေးသိန်း
တောင်ပေးရတာ မင်းသိလား "

" ဘယ်လောက်ပေးရပေးရ ကြက်ကကြက်အရသာ
ပါပဲ ဝမ်းမနည်းပါနဲ့ ကျနော်ရန်ကုန်ရောက်ရင်
အကောင်တစ်ရာဝယ်ပို့ပေးလိုက်မှာမို့ ကြက်ကိစ္စ
တော်တော့နော် "

" နေ့နေ့ မင်းအစ်ကိုဆိုတဲ့လူပါးစပ်ကိုမင်းပိတ်မလား
ငါပိတ်ပေးရမလား "

" ကိုကိုသွားရအောင် မနက်စာကောက်ညှင်းပေါင်း
ပူပူလေးဝယ်ကျွေးမယ် လာပါ "

ကြာရင်ရန်ပွဲအကြီးကျယ်ဖြစ်တော့မဲ့အငွေ့သက်
တွေကြောင့် ချန်းမြတ်ကိုအတင်းချော့မော့ခေါ်သွား
ရသည် လူတိုင်းကကိုကို့ကို အပြောဆိုမတတ်ဘူး
ကိုကိုပြောလိုက်ရင်အလိုလိုစိတ်တိုလာတယ် ဆိုပြီး
ပြောနေကြပေမဲ့ နေ့အတွက်ကတော့ ကိုကိုဟာ အမြဲမှန်ရာပြောပြီး ပြောချင်ရာပြောရုံလေးပင် .......

" စားပြီးရင်ကိုကို့အလုပ်တွေကျနော်လုပ်ပေးမယ်
ကိုကိုကပင်ပန်းတဲ့အလုပ်တွေလုပ်စရာမလိုပါဘူး "

" မနေ့က မင်းငါ့ကိုထားခဲ့ပြီ ထင်နေတာ "

" နောက်အပြင်သွားရင် ကိုကို့ကိုခွင့်တောင်းပါ့မယ် "

" အင်း ဟိုနွားတွေဆာနေလောက်ပြီ အစာသွားကျွေး
ကြမယ် "

" ဟုတ်ကဲ့ "

မနေ့ကအလွန်ပင်ပန်းခက်ခဲစွာလုပ်ခဲ့ရတဲ့အလုပ်
တွေက နေ့ နဲ့အတူလုပ်ရတော့ထင်သလောက်
မပင်ပန်းတော့ နွားစာတွေယူပြီး နေ့ ကိုပေးသည်
နေ့ကသေချာအစာကျွေး ရေဖြည့်ပေး နွားချေးကြုံး
ချန်းမြတ်က အုန်းဆံတံမြက်စည်းကြမ်းနဲ့လှည်းပြီး
ဝက်စာတွက်အသင့်ပြင်ပေးထားသည် နေ့ကပုံးကို
မသွားပြီး ဝက်ငါးကောင်ကိုကျွေးလိုက်သည် ချန်းမြတ်
ဆယ်ခါလောက်ခွဲသယ်ရတဲ့ ပုံးကြီးကို နေ့ကတစ်ခါ
ထဲနဲ့မနိုင်တာတွေ့တော့ ပထမဆုံးကြိမ် နေ့ ကို
ချီးကျူးမိပြန်သည်

အဘိုးကြီးလူလှကတော့ တော်တော်လေး
မျက်စိနောက်လွန်းလို့ အိမ်ထဲကထွက်မလာတော့

" နေ့ ငါ့ကိုယ်လုံးကအနံ့တွေနံနေပြီထင်တယ်
ခြေထောက်တွေလည်းမသန့်တော့ဘူး ဖိနပ်မှာ
နွားအီးပုံကြီးတက်နင်းထားမိပြီ "

" ဘာမှမဖြစ်ဘူး ကျနော်ဆေးပေးမယ် ဒီမှာထိုင် "

စတီးရေဇလုံတစ်လုံးယူကာ ရေနွေးနွေးလေး
အနေတော်စပ်ပြီး ဘယ်ချိန်ကခူးထားမှန်းမသိတဲ့
နှင်းဆီပွင့်ဖက်လေးတွေခြွေထည့်ပေးထားသေးသည်

" လာခြေထောက်ထည့် ခြေဖမိုးလေးတွေနေလောင်
ထားတာပဲ suncreamသေချာလိမ်းပေးတာ
တောင် "

" ငါညစ်ပတ်သွားပြီ ခြေထောက်သစ်လိုချင်တယ် "

" ကျနော်မလိုချင်ဘူး ဒီခြေထောက်လေးတွေကို
ပဲကြိုက်တယ် "

အနည်းငယ်ညိုနေသယောင် အသားရည်မညီ
ဖြစ်နေတဲ့ခြေထောက်သွယ်သွယ်လေးတွေကို
ထည့်ပြီးစိမ်ပေးထားရင်း ညောင်းညာတာတွေ
ပျောက်အောင် နှိပ်နယ်ပေးနေသည် ချန်းမြတ်
ကတော့ဇိမ်ခံရင်း ဇိမ်ကျစွာနဲ့ လေထိုးဆိုဖာပေါ်
နေ့လည်ခင်း တစ်မှေးပြန်အိပ်ပျော်သွားတော့သည်

" ကျွတ် ကျွတ် "

အိပ်ပျော်နေရှာတဲ့ကိုကို့ခြေထောက်လေးတွေကို
တဘက်နဲ့သေချာသုတ်ပေးပြီးနောက် ခြေဖမိုးလေး
ပေါ် ခပ်ဖွဖွလေးနမ်းမိပြန်သည်

.

.

.

.

" နေ့ ငါ့အပေါ်အရမ်းမကောင်းပါနဲ့ အကျင့်ပါပြီး
မင်းမရှိရင်ငါမနေတတ်တော့မှာစိုးလို့ "

" ကောင်းတာပေါ့ကျနော်အမြဲကိုကို့အနားမှာရှိနေပေး
မယ် "

" အမြဲရှိပေးမဲ့သူက မပြောမဆိုနဲ့ ရန်ကုန်မှာ
တစ်ယောက်တည်း ထားခဲ့ရလား
ငါသိပါတယ် ဘယ်သူမှငါ့နားမှာအကြာကြီး
မနေချင်ကြပါဘူး "

ဒါပေမဲ့ထားခဲ့တဲ့သူတွေထဲမှာ ဘယ်သူ့ကိုမှငါ
မတားခဲ့ဘူး သူတို့တောင်ထားခဲ့သေးတာ ငါလည်း
နေတတ်အောင်နေနိုင်ခဲ့တယ် မင်းတစ်ယောက်
ကိုတော့ ငါဘယ်လိုလုပ်ရမလဲ .......

" သားလေးနေ့နေ့ ထမင်းစားကြမယ်လေ "

" ဟုတ် ဒေါ်ငယ် လာပါပြီ "

" နေ့ ငါအဲ့ထမင်းစားနိုင်မယ်မထင်ဘူး "

နေ့ နားကိုကပ်ပြီးတိုးတိုးပြောပြလိုက်တယ်
ဆန်ကြမ်းတင်မဟုတ် တခြားမာတဲ့အစားမှန်သမျှ
ချန်းမြတ်စားမဝင် သူ့အကြိုက်နဲ့လည်းမကိုက်

" မြို့ပေါ်တက်တုန်းက ကိုကိုစားနေကျ
ပေါ်ဆန်းတစ်အိတ်ဝယ်လာတယ် ဒေါ်ကြီးကို
ခပ်ပျော့ပျော့ချက်ခိုင်းထားပြီးပြီ "

" တော်သေးတာပေါ့ "

အဘိုးကြီးမိသားစုကတော့ ဆန်ဆိုကိုယ့်ရွာက
ဆန်မာမာလေးတွေသာစားတတ်တာမို့ ချန်းမြတ်
တွက် သီးသန့်ပေါင်းအိုးသေးလေးနဲ့ နို့ဆီဘူးဝက်
သပ်သပ်ချက်ပေးထားသည် ကိုကို့အကြိုက်
နေ့ ကိုယ်တိုင်ချက်ပေးချင်ပေမဲ့ အဒေါ်တွေက
မီးဖိုချောင်ဝင်လာခွင့်မပြု သူတို့ဘာသာကြည့်
လုပ်ကြသည့်အတွက် ချန်းမြတ်သိပ်ကြိုက်မည်
တော့မဟုတ်

" ကဲ စားစား နေ့နေ့ကြိုက်တဲ့ အစိမ်းကြော်
ခရမ်းချဉ်သီးသုပ် နဲ့ ဆန်ဟင်းချို ထည့်စားသား "

" ဒေါ်ငယ် ဟင်းတွေကကိုကို့တွက်အဆင်မပြေဘူး
ထင်တယ် အချိုမှုန့်အများကြီးထည့်ထားတားလား "

" အယ် မေ့သွားတယ်တော် ချက်နေကျတိုင်းလက်က
အကျင့်ပါသွားတာ ဒေါ်လေးတောင်းပန်ပါတယ်နေ့ရယ်
ဘာလုပ်ပေးရမလဲ အခုချက်ပေးမယ်လေ "

" မငယ်ကမေ့တတ်ရောပဲ ခဏလေးငါးကြော်ရှိတယ်
အဖြူထည်ကြော်ထားတာ သူစားလို့ရလား "

" ဟုတ်ရပါတယ် ကျနော့်ကိုပေးပါ "

ရွှေဘိုပေါ်ဆန်းနံ့လေးမွှေးနေတဲ့ ထမင်းပူပူလေး
ပေါ် ပဲဆီအနည်းငယ်ဆမ်းကာ ဆားလေးပါလေရုံ
ထည့်နယ်ပြီး ပန်းကန်ပြားထဲထည့်လိုက်သည်
ပြီးတော့မှ ငါးကြော်အသားနွှင်ကာထမင်းနဲ့မွှေပေး
ထားရသည် မဟုတ်ရင်ကြောင်လေးတွေလိုငါးဖက်
တွေသာရွေးစားဦးမည်မှာအသေချာ

" စားကောင်းလား "

" အင်း "

ရှည်ရှည်ဝေးဝေးပြန်မဖြေပုံအရ အမှန်တကယ်
နှစ်သက်ပြီး အစားစာဆီသာအာရုံရောက်နေပြီ

သေချာတော့မှ နေ့ ခမျာသူ့ဇလုံထဲအဒေါ်တွေ
ထည့်ပေးထားတဲ့ အရွက်မျိုးစုံကိုရောနယ်ဖက်
ပြီးခပ်မြန်မြန်စားလိုက်ရသည် သူလည်းအရမ်းဆာ
နေရှာပြီလေ

နေ့ ကကိုကို့လိုမဟုတ် ခန္ဓာကိုယ်ပိုမိုထွားသည့်
အတွက်အစားအရမ်းစားနိုင်သည် အစားလည်း
မရွေးအသားမစားပေမဲ့ အသီးရွက်မျိုးစုံအစုံစား
သည် မတည့်တာလည်းမရှိသည်မို့ ရောက်လေရာ
အဆင်ပြေသည်

" အဟွတ် ဟွတ် "

" ကိုကို့ရေဘူးဘယ်ရောက်သွားလဲ "

" ရေသန့်ကတ်ကုန်သွားပြီ ရွာထဲကဆိုင်တွေမှာ
အဲ့တံဆိပ်မရှိဘူး "

" အမလေးကြီးကျယ်တာတော် ရေပဲဘာဖြစ်ဖြစ်
ပေါ့ နင်ပြီးသေနေဦးမယ် "

" ကျနော်သွားခပ်ပေးမယ်နော် သောက်မယ်မလား "

" ရော့ ရော့ငါခပ်ပေးမယ် ငါ့မြေးကိုမခိုင်းနဲ့ "

အဘိုးကြီးကမ်းပေးတဲ့ အများသုံးစတီးခွက်လေး
ကိုကြည့်ပြီး ချန်းမြတ်ဘယ်လိုမှအဆင်ပြေမနေ
သူများခွက်နဲ့တစ်ခါမှမသောက်ဖူးဘူးလေ လာသမျှ
ဧည့်သည်တိုင်းလည်းသောက် ကလေးတွေပါလာရင်
သွားရည်တွေနဲ့ ယူသောက်သေးတာ ငိုချင်စိတ်ပေါက်
လာသည်

" အဟွတ် အွတ် "

" ကိုကို ဒီမှာကြည့် "

စတီးခွက်ထဲကရေတစ်ငုံအရင်သာက်ပြလိုက်သည်
နေ့ ကိုကိုရွံတတ်တာသိပေမဲ့ သူများတွေအမြင်ကတ်
ရလောက်အောင် မဖြစ်စေချင် ကိုကိုကတစ်ခါမှ
လူများများနဲ့မနေဖူးတာ ငယ်ငယ်လေးထဲက
သူ့တွက် ရေခွက် ဇွန်း ခရင်း အရာရာသီးသန့်အကျင့်
လုပ်ပေးခဲ့တော့ အခုထိပြင်မရနိုင်တော့

" သန့်သွားပြီနော် သောက်လိုက်လိမ္မာတယ် "

" ဒီနေရာလား "

" အင်း "

နေ့ သောက်ပြလိုက်တော့မှ စတီးခွက်လေးက
ပိုသန့်သွားသလိုလိုနဲ့ ကိုယ်တော်ချောကသောက်
တော့သည် သောက်တော့လည်း တစ်ခွက်လုံး
တစ်ခါထဲမော့သောက်ပစ်တာတောင် အိုက်တင်
ကခံနေသေးသည်

" နေ့ထပ်ပေးဦး "

ရေအိုးထဲကပေမို့ ကြည်လင်ပြီးအေးနေတော့
အခုမှ ရင်ထဲရှင်းလင်းကာ အေးမြသွားရသည်

နေ့ အဘိုးကတော့ ကြည့်မရတော့လွန်းလို့
ဗီရိုထဲက ခွက်အသစ်စက်စက်ကိုအမြန်သွားထုတ်
ကာ နေ့ထံပစ်ပေးလိုက်သည် တကယ့်ကို
ကဲကဲနဲ့သဲသဲ နေ့တွေကြာတာလာနဲ့အမျှ
မိမိမြေးဖြစ်သူကိုပါသိပ်ကြည့်မရချင်တော့ပေ
အစက ဟိုတစ်ယောက်ကိုပဲကြည့်မရခဲ့တာ

" မျက်စိနောက်လို့ ညနေကျရင်သိုးခြံသွားရှင်း "

" တောထဲကခြံလား အဘိုး "

" အေးဟုတ်တယ် မင်းအဒေါ်တွေ မအားလို့
နောက်လည်းပုံမှန်သွားပေး "

" အဝေးကြီးလားနေ့ ငါတို့ဘာနဲ့သွားရမှာလဲ "

" နှင်းဆီပန်းတွေနဲ့စိမ်ထားတဲ့ မင်းခြေထောက်တွေနဲ့
သွားပေါ့ ဘာနဲ့သွားချင်လဲ "

" အဘိုး "

" တော်ပါပြီ ကြက်တောင်အစဖျောက်ပစ်သေးတာပဲ
ငါ့နှင်းဆီပွင့်တွေကိုတော့ နှမျောမနေတော့ပါဘူး
လုပ်ချင်ရာသာလုပ်ပါ "

" အဘိုးကြီး ကျနော်အိမ်ပြန်ရောက်ရင် အပင်တစ်ရာ
လောက်ပို့ပေးမှာမို့လို့ ရွဲ့စောင်းမနေပါနဲ့ နောက်ပြီး
ကျနော်ခူးတာလည်းမဟုတ်ဘူး ခင်ဗျားမြေးခူးတာပဲ
ဟာ "

" ထွက်သွား ဆက်မပြောနဲ့ ငါသွေးတက်လာပြီ "

.
.
.

..................................................................

Continue Reading

You'll Also Like

94.5K 4.7K 13
(Zawgyi +Unicode) ထူးျခားတဲ့ဇာတ္လမ္းတစ္ပုဒ္မဟုတ္ပါဘူး။ ဒါေပမယ့္လို႔ မင္း အတြက္ စိတ္ပင္ပမ္းမူေတြကို ေျပေပ်ာက္ေစမယ့္ ဇာတ္လမ္းေလးတစ္ပုဒ္ေတာ့ ျဖစ္မွာပါ။ ...
87.8K 10K 90
transition novel
81.9K 8.2K 36
အိပ်မက်ရှည်ကြီးတစ်ခုမက်တယ် ။ ကျောခိုင်းထားတဲ့နောက်ကျောပြင်တစ်ခုကို ငါက တစ်ဖက်သတ် ဖက်တွယ်ဖို့ကြိုးစားနေခဲ့တာတဲ့ ။ ဟင့်အင်း.. မင်းငါ့ကိုမချစ်ဘူး ။ ...
600K 43.1K 44
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}