နွေးထွေးမှုတို့လွှမ်းခြုံကာ(...

By reli_08

41.6K 1.6K 18

Cover photo credit to the rightful owner. အဆိုးဆုံးအခြေအနေမှာတောင် ကျွန်တော့်ကို မစွန့်လွှတ်ခဲ့ဘဲ သူ့ရင်ခွင်မ... More

အမှာစာ(အမွာစာ)
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 35 (Final)
Extra-1
Extra-2
Extra Final
Facts
ကျေးဇူးတင်လွှာ(ေက်းဇူးတင္လႊာ)
New Fic

Part 34

660 29 0
By reli_08

(Unicode)

ပန်းချီပြပွဲမှာ သူမျှော််မှန်းထားသည်ထက်ပိုသော အောင်မြင်မှုရခဲ့သည်။ လာရောက်ကြည့်ရှုကြသူ အရေအတွက်မှာ မနည်းလှပါ။ ထို့အပြင် ပန်းချီကားအားလုံးရဲ့ သုံးပုံနှစ်ပုံကို ရောင်းချနိုင်ခဲ့သည်။ သူတွေးသည်မှာ အလွန်ဆုံးရောင်းရ တစ်ဝက်လောက်ဟုသာ တွက်ထားသော်ငြား ထို့ထက်ပိုများသောကြောင့် အံ့အားသင့်ရသလို သူ့အနုပညာလက်ရာကို ကြိုက်နှစ်သက်သည့်သူ အများအပြားရှိသည့်အတွက် ပျော်ရသည်။ ဤသည်မှာ ပထမဦးဆုံးအကြိမ် သူပြုလုပ်သည့် တစ်ကိုယ်တော်ပန်းချီပြပွဲဖြစ်ပေသိ သူရလိုက်သည့် အောင်မြင်မှုအတိုင်းအတာမှာ သူ့အတွက် အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးမား၏။ သူ့ကို သူ့မိသားစု၊ သူငယ်ချင်းမိတ်‌ဆွေ အကုန်လုံးက ဝိုင်းဝန်းကာ ဂုဏ်ပြုပေးသောကြောင့် ပီတိလည်း ဖြစ်ရသေး၏။ ယနေ့ဟာ သူ့ဘဝမှာ ကြုံခဲ့ဖူးသော အပျော်ဆုံးနေ့များထဲက တစ်ခုဖြစ်သည်ဟု အာကာလင်းသန့် သတ်မှတ်လိုက်သည်။

ပန်းချီပြပွဲအပြီး သူတို့မိသားစု အိမ်သို့ မပြန်ဖြစ်ကြပါ။ မိသားစုတွေအားလုံး ထမင်းဝိုင်းဖွဲ့ပြီး စားသောက်ရန် မိဘတွေအိမ်သို့ လိုက်သွားကြသည်။ ဟိုကိုရောက်တော့ ချက်ချင်း ထမင်းမစားနိုင်သေးဘဲ ဧည့်ခန်းတွင်ထိုင်ကာ စကားအရင်ပြောဖြစ်ကြ၏။ စကားဝိုင်းမှာတော့ လူကြီးတွေသာလျှင်ရှိပြီး ကလေးသုံးယောက်မှာ သူတို့ဘာသာသူတို့ သက်သက်တစ်နေရာ၌ ဆော့ကြလေ၏။ မိသားစုတွေ အစုံအညီရှိ၍လား မသိပါ။ ဦးထိုက်ဝင်းဆွေနှင့် ဒေါ်ယုယုမေတို့အိမ်သည် ပိုမိုစိုပြည်နေသယောင် ထင်ရသည်။

"အကုန်လုံး ထမင်းစားလို့ရပါပြီ"

မမွှေးက လာခေါ်လေတော့ သူတို့အားလုံး ဧည့်ခန်းကနေ ထမင်းစားခန်းသို့ နေရာပြောင်းကြသည်။ ကလေးသုံးယောက်သည်လည်း ထိုနည်းတူပင်။ ပါးက စားပွဲဝိုင်းရဲ့ ထိပ်ဆုံးအလယ်တည့်တည့်တွင် ထိုင်၏။ မားနှင့် ကိုကိုတို့ မိသားစုက တစ်ဖက်ခြမ်း၊ သူတို့က တစ်ဖက်ခြမ်းဖြင့် အသီးသီးနေရာယူကြသည်။ ထို့နောက်တွင်တော့ ထမင်းစားခြင်းအမှုကို စတင်လေတော့သည်။

အသားတွေပဲ ရွေးစားနေ၍ အရွက်ကြော်ပန်းကန်ထဲကနေ အနည်းငယ်ခပ်ယူပြီး မိုချီ့ပန်းကန်ထဲ နည်းနည်းထည့်ပေးကာ မိုတီ့ပန်းကန်ထဲလည်း ထည့်ပေးလိုက်သည်။ အရွက်တွေကို မြင်တော့ အမြွှာနှစ်ယောက်မှာ မစားချင်သည့် ရုပ်ကလေးတွေ ဖြစ်သွားလေ၏။ အမွှေစိန်နှစ်ယောက်က အမြဲလိုလို ထိုသို့ဖြစ်နေကျ။ အစားအသောက်ရွေးပြီး ကြေးလည်းအတော်ထူသေးသည်။ အာဟာရဖြစ်အောင်လို့ အစားအသောက်အုပ်စုတွေအရ အထောက်အကူဖြစ်မှာ‌တွေပဲ အာကာလင်းသန့်က
ရွေးချယ်‌ကျွေးသည်။ သို့သော် အမြွှာတွေမှာ ဟိုဟာမစားချင် ဒီဟာမစားချင်နှင့် ဂျီကျသည်။ သူတို့နှစ်ယောက်ကို ထမင်းတစ်ခါကျွေးတိုင်း တိုတတ်လွန်းသည့်စိတ်ကို သူ့မှာ မရှည်ရှည်အောင် ဆွဲဆန့်၍ ချော့မော့ကာ ကျွေးရသည်။ သူတို့ကြိုက်သည့် ဝက်သားပြားကြော်များဆိုရင်တော့ လှည့်ကြည့်စရာမလို။ ခဏလေးအတွင်း ပြောင်စင်အောင် စားတတ်ကြသည်။

"အရွက်တွေ မစားချင်ဘူး ပါပါး"

"မိုတီပြောတာမှန်တယ်၊ အရွက်တွေက ဘာအရသာမှမရှိဘူး"

အာကာလင်းသန့် စားလက်စကို ရပ်လိုက်သည်။

"ကောင်းပါတယ် ပါပါးကလေးတွေရဲ့၊ ဖြည်းဖြည်းချင်းဝါးပြီး စားကြည့်၊ အရသာ တွေ့လာလိမ့်မယ်၊ ဟိုမှာ ကိုကိုတောင် ကောင်းလို့ အရွက်ကြော်နဲ့ ထမင်းစားနေတာလေ၊ ဟုတ်တယ်မလား ကာကာ၊ အရွက်တွေက စားလို့ကောင်းတယ်နော်"

"ဟုတ်တယ် ဦးငယ်၊ မိုချီနဲ့ မိုတီကို ကိုကိုပြောပြမယ်၊ ထမင်းလေးနဲ့ ရောပြီးစားကြည့်၊ တကယ်ကောင်းတာ"

ကာကာက သူ့ပုံစံလေးအတိုင်း ခပ်ပြုံးပြုံးနှင့် မိုချီနဲ့ မိုတီအား စားချင်လာအောင် ပြောသည်။

"ကိုကိုက သားတို့အရွယ်မှ မဟုတ်တာ၊ စားနေကျဖြစ်နေပြီကို ကောင်းမှာပေါ့၊ ကြက်ကြော်လို အရသာရှိတာလည်း မဟုတ်ဘဲနဲ့၊ မစားချင်ဘူး"

"အိမ်ပြန်ရင် ကြက်ကြော် လိုက်ကျွေးပါလား ပါပါး"

အမြွှာနှစ်ယောက်က သူနှင့် Junk Foodတွေကြိုက်သည့်အကျင့် တူလွန်းသည်။ ထိုအစားအစာတွေကလည်း ကလေးတွေအတွက် ကြီးထွားမှုကို နှောင့်နှေးစေတာ အမှန်တရား။ ထို့ကြောင့် အမြွှာတွေ ပူဆာတိုင်းဝယ်မကျွေး။တစ်လမှ တစ်ခါ၊ နှစ်ခါလောက်သာ ကျွေးသည်။ သူသည်လည်း အရင်တုန်းကလို အကြိမ်ရေ ခပ်စိပ်စိပ် မစားဖြစ်တော့။ ကလေးတွေ ဗိုက်ထဲမှာရှိစဉ်တုန်းကတည်းက မတည့်ရင် မတော်တဆ တစ်ခုခု ထိခိုက်သွားမှာ စိုးရိမ်ပြီး ရှောင်လာခဲ့တာ တစ်လကို အကြိမ်ရေ နည်းနည်းသာ စားသည်အထိ ဖြစ်လာရသည်။

"ကလေးတွေ မစားချင်တာ မကျွေးပါနဲ့လား သားငယ်"

မားတို့ကတော့လုပ်ပြီ။ မြေးတွေ မျက်နှာမသာမယာဖြစ်နေတာကို စိတ်မကောင်းတော့ အလိုလိုက်ပေးရန် ဝင်ပြောခြင်းဖြစ်၏။

"မဖြစ်ဘူး မား၊ ဒီနှစ်ယောက်က တမင်သက်သက် ဂျီနေတာ၊ အာဟာရကို ပြည့်ဝအောင် မစားရင် သူတို့ပဲ ဒုက္ခရောက်မှာ၊ အလိုလိုက်လို့မရဘူး"

"မင်းကလည်းကွာ၊ သားငယ် သူ့ဘာသာသိလို့ ကျွေးနေတာ လွှတ်ထားလိုက်"

ထိုအခါမှ မားလည်း ထမင်းပြန်စားတော့သည်။ သို့ပေမယ့် အဖေတွေဖြစ်သည့် သူနဲ့ ပိုင်မြင့်မြတ်ကျော်ကတော့ မစားနိုင်သေး။ သူက ချော့ကျွေးဖို့အတွက်ဖြစ်ပြီး ပိုင်မြင့်မြတ်ကျော်က သူ့အား ကူပြောပေးရန်ပင်။

"သားတို့စားချင်တာတွေက အမြဲစားလို့မကောင်းဘူးကွ၊ ပါပါးလည်း အဲ့ဒါတွေကို ကြိုက်သလို ပါပါးကလေးတွေကိုလည်း ကျွေးချင်တာပေါ့၊ ဒါပေမဲ့ သားတို့က အခုမှ ဖွံ့ဖြိုးစအရွယ်လေးတွေလေ၊ ကြက်ကြော်တို့ ဘာဂါတို့လို အစားအစာတွေထက် အသီးအရွက်တွေက စားမကောင်းပေမယ့် အာဟာရ အများကြီးဖြစ်တယ်၊ ပဲရော၊ အရွက်တွေရော၊ အသားရော အစုံမျှတအောင်စားမှ ခန္ဓာကိုယ်က ဖွံ့ဖြိုးလာမှာပေါ့၊ မဟုတ်ရင် အရပ်လည်း ရှည်လာတော့မှာ မဟုတ်ဘူး"

"ပါပါး ပြောသွားတာ ကြားလား၊ ဒယ်ဒီ့သမီးနဲ့သားက ဒယ်ဒီ့လို အသက်ကြီးလာရင် အရပ်အရှည်ကြီးဖြစ်ချင်တယ်ဆို ပါပါးပြောသလို ညီမျှအောင် စားရမယ်၊ ဟော နောက်အပတ်ဆိုရင် ဒယ်ဒီ့ကလေးတွေက မူကြိုတက်ရတော့မယ်၊ တဖြည်းဖြည်းနဲ့ ကြာလာလို့ သူငယ်ချင်းတွေကြားထဲမှာ အရပ်လည်းမရှည်ဘဲ သေးသေးညှက်ညှက်လေးတွေ ဖြစ်နေတယ်ဆို ဘယ်လိုလုပ်မလဲ၊ အစားရွေးရင်တော့ ကောင်းကောင်းမွန်မွန်နဲ့ ခန္ဓာကိုယ်က ကြီးထွားမှာ မဟုတ်ဘူးနော်"

မောင်နှမနှစ်ယောက် ပူးကပ်သွားပြီး တိုးတိုးတိတ်တိတ်နှင့် ခေါင်းချင်းဆိုင်ကာ တိုင်ပင်နေကြသည်။ သူတို့နှစ်ယောက်အပါအဝင် လူကြီးတွေအကုန်လုံးမှာ အမြွှာတွေရဲ့ အပြုအမူကို သဘောကျ၍ ပြုံးစိစိဖြစ်ကုန်တော့၏။ နှစ်ကိုယ်ကြားအစည်းအဝေးပြီးသွားလို့လားမသိ  ဆုံးဖြတ်ချက်တစ်ခုကို သဘောတူသည့်ဟန်ဖြင့် နှစ်ယောက်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ ခေါင်းညိတ်ကြသည်။ ပြီးနောက် 'စားမယ်' ဟူ၍ ပြိုင်တူ တစ်လေသံတည်း ထွက်လာလေသည်။ တစ်ဆက်တည်းမှာပဲ ဇွန်းတွေကို ကောက်ကိုင်ပြီး သူ ထည့်ပေးထားသော အရွက်ကြော်တွေကို နည်းနည်းချင်းစီ ဝါးစားကြ၏။

"ပါပါးကလေးတွေက လိမ္မာလိုက်ကြတာကွာ၊ ကျေညက်အောင် ဝါးစားကြနော်"

ပါးက မားကို 'ငါမပြောဘူးလား' ဟူသည့်အကြည့်ဖြင့် ကြည့်လိုက်သောအခါ ‌မားထံမှ မျက်စောင်းတစ်စုံအား လက်ခံရရှိလိုက်သည်ကို တွေ့ရသည်။ ကိုကိုနှင့် ကိုခွန်းတို့ကတော့ အမြွှာနှစ်ယောက်ရဲ့ ခုနက အပြုအမူကို သဘောတကျဖြစ်ပြီး နှစ်ယောက်သား တီးတိုးပြောကာ ရယ်နေကြသည်။

စားလို့သောက်လို့ အပြီးမှာ အာကာလင်းသန့် သူ့အခန်းရှိရာသို့ တက်သွားဖြစ်သည်။ သူ ယနေ့မှာ တစ်ကိုယ်တော်ပန်းချီပြပွဲပြုလုပ်နိုင်ပြီး အောင်မြင်မှုတွေရလာဖို့ရာ ဤအခန်းလေးက သူ့ရဲ့ ‌ခရီးလမ်းအစပထမအမှတ်ဖြစ်သည်။ ဟိုးအရင်အချိန်တွေ အခန်းထဲမှာ အပျင်းပြေအနေနဲ့ အချိန်ကုန်စေရန် သက်သက်သာ ပန်းချီကို များသောအားဖြင့် ဆွဲဖြစ်ခဲ့သည်။ လူ့လောကကြီး ဆန်းကျယ်လိုက်ပုံများကတော့ အပျင်းပြေဆိုပြီး အလေးအနက်မထားဘဲ လုပ်ခဲ့သည့်အလုပ်တစ်ခုက ယခုအချိန်မှာ သူရပ်တည်နေသည့် အလုပ်ဖြစ်လာသည်။

မရောက်တာကြာသည့် အခန်းထဲ ဟိုဟိုဒီဒီလျှောက်ကြည့်ရင်း ဒီအခန်းထဲမှာနေစဉ်က အချိန်တွေကို ပြန်မြင်ယောင်မိသည်။ သူ ဒီအိမ်မှာ မနေတော့တာ (၆)နှစ်နီးပါး ရှိနေတာတောင်မှ သူ့အခန်းလေးက နဂိုအတိုင်းပင်။ ဘာဆိုဘာမှ ပြောင်းလဲသွားခြင်း အလျင်းမရှိပေ။

"ပါပါးရေ ဒယ်ဒီက ပြန်မယ်တဲ့"

မိုတီလာခေါ်တာကြောင့် အခန်းတံခါးကို ပြန်ပိတ်ကာ သားအဖနှစ်ယောက် အောက်ထပ်သို့ ပြန်ဆင်းလာကြသည်။ အိမ်အပေါက်ဝမှာ လူစုံတက်စုံနှင့် သူတို့မိသားစုအား နှုတ်ဆက်ရန် စောင့်နေကြလေ၏။ သူနဲ့ မိုတီ ပိုင်မြင့်မြတ်ကျော်နဲ့ မိုချီအနားသို့ သွားရပ်လိုက်သည်။ ကာကာက သူ့ညီမနဲ့ညီ ပြန်တော့မှာဆိုတော့ မျက်နှာမကောင်းရှာ။ ကာကာ့ခမျာလည်း တစ်ယောက်တည်းဖြစ်၍ အမြွှာတွေလို အ‌ဖော်ရှိရှာတာမဟုတ်။ အမြွှာတွေ အိမ်လာမှသာ သုံးယောက်‌သား မျောက်ရှုံးအောင်ဆော့ရသည်ဆိုတော့ ပျင်းပေမည်။

အမြွှာနှစ်ယောက်က ငုတ်တုတ်ထိုင်၍ သူတို့ဘာသာသူတို့ ဖိနပ်ကြိုးချည်နေကြသည်။ ဒါကလည်း အဖေနှစ်ယောက်ဖြစ်သည့် ပိုင်မြင့်မြတ်ကျော်နဲ့ အာကာလင်းသန့် သင်ပေးထား၍ လုပ်တတ်နေကြခြင်းဖြစ်၏။ သူတို့နှစ်ယောက် မရှိနိုင်သည့် နေရာဖြစ်သည့် ကျောင်းသွားရသည့်အခါ ရုတ်တရက် ဖိနပ်ကကြိုးပြေသွားခဲ့သည်ရှိသော် ကိုယ့်ဘာသာကိုယ် ပြန်ချည်တတ်အောင် သင်ပေး၍ လွှတ်ထားပေးဖြစ်သည်။

"ပြီးပြီဆိုရင် တာ့တာလုပ်လိုက်ဦး"

အာကာလင်းသန့်ရဲ့ စကားအဆုံးတွင်ရှိသမျှ လူအယောက်စေ့ကို 'တာ့တာ' ပြကာ နှုတ်ဆက်သည့်အသံလေးတွေမှာ ပြန့်လွင့်လို့လာတော့သည်။ နဂိုတည်းကမှ တစ်မိသားစုလုံးရဲ့ အသည်းကျော်တွေဖြစ်နေသောအမြွှာတွေကို လူကြီးတွေမှာ ပြန်မလွှတ်ချင်လွှတ်ချင်နှင့် နှုတ်ဆက်ကြသည်။ အမြွှာတွေကို သူတို့နှစ်ယောက်ကသာ 'ဒီမှာနေခဲ့မလား' မေးကြည့်ရင် အမြွှာနှစ်ယောက်ကလည်း ဒီအိမ်မှာနေမည်ဟုသာ ဖြေကြမည့်သူတွေဖြစ်သည်။ ဒီအိမ်မှာဆို ဘယ်လောက်ပဲ သူတို့စိတ်ကြိုက်မွှေမွှေ အကုန်လုံးက သူတို့တစ်ချက်‌လေးချွဲလိုက်တာနဲ့ ဘာဆိုဘာမှ မပြောဘဲ အလိုလိုက်မည့်သူတွေ ဖြစ်တာကြောင့်ပင်။

"သားတို့သွားပြီနော် ပါးနဲ့မား၊ ကိုကိုနဲ့ ကိုခွန်း၊ ကာကာရောပဲ၊ နောက်လမှ ဒီအမွှေနှစ်ယောက်ကို လာပို့ရင်း လာတော့မယ်"

ပြီးနောက် သူတို့မိသားစုလေးယောက် သူတို့ရဲ့ ကိုယ်ပိုင်ရိပ်မြုံလေးရှိရာဆီသို့ ဦးတည် ထွက်ခွာကြသည်။

🍀

ရပ်ကွက်နားက ပန်းခြံသို့ မိုချီနဲ့ မိုတီကို ခေါ်ပြီး အာကာလင်းသန့် ထွက်လာသည်။ ညနေပိုင်းလေး လေညှင်းခံရင်း ကလေးတွေလည်း ကျယ်ကျယ်ဝန်းဝန်းနှင့် ကစားကွင်းမှာ ‌ဆော့ကစားနိုင်ရန် ရည်ရွယ်၍ ဒေါ်ကြီးတင့်ပြန်တာနဲ့ တစ်ခါတည်း အိမ်တံခါးပိတ်ကာ ထွက်ခဲ့လိုက်သည်။ အမြွှာတွေမှာ မ‌ဆော့၍လားဆိုတော့ မဟုတ်။ သူတို့လောက်ဆော့တာ သူတို့ပဲရှိ၏။ အဆော့ကြမ်းလို့ပဲ သူ့ပန်းချီကားတောင် ဓားစာခံဘဝရောက်ခဲ့ရသည် မဟုတ်လား။ ထိုသို့ဆိုပေသိ အမြွှာတွေမှာ အမြဲလိုလို အိမ်ထဲမှာပဲ ‌ဆော့ကြရသည်။ မားတို့အိမ်ရောက်တော့လည်း ထိုနည်းလည်းကောင်းပင်။ သို့သော် မားတို့အိမ်က ခြံကျယ်သည့်အတွက် ခြံထဲမှာထွက်ဆော့ကြသည်လည်း ရှိ၏။ ဤသည်မှာလည်း တစ်ခါတလေမှသာ။ ထို့ကြောင့် ကလေးတွေကို အပြောင်းအလဲလေးဖြစ်စေရန် ပန်းခြံကို ခေါ်လာခြင်းဖြစ်သည်။

ပန်းခြံမှာ ကလေးတွေဆော့လို့ရသည့် ကစားစရာများ လုပ်ပေးထားပြီး လူကြီးတွေ ထိုင်ရန် ခုံတန်းများလည်း ထားပေးထားသည်။ သို့ဖြစ်၍ အတော်လေးကို အဆင်ပြေ၏။ ပန်းခြံကိုရောက်တော့ စက်ဘီးပတ်စီးနေကြသူများ၊ ညနေခင်းလေ့ကျင့်ခန်းအဖြစ် လမ်းလျှောက်ကြသူများ၊ မိသားစုလိုက် ထိုင်နေကြသူများကို တွေ့ရသည်။ မြို့ပြနေလူထုအတွက် နေအေးအေးလေးမှာ ဒီလိုနေရာမျိုးက တကယ့်ကို စိတ်ထွက်ပေါက်ဖြစ်သည့် နေရာဖြစ်သည်။

"ကောင်းကောင်းဆော့ကြနော်၊ ပါပါး ဒီနားမှာ လှမ်းကြည့်နေမယ်"

ကစားမက်လွန်းသည့် အမြွှာနှစ်ယောက်မှာ ဇောင်းကလွှတ်သည့် မြင်းများသကဲ့သို့ ပြေးသွားကြတော့သည်။ အာကာလင်းသန့်လည်း သူတို့တွေကို သေချာမြင်ရသည့်နေရာတွင် ထိုင်၍ ကြည့်နေလိုက်သည်။ အမြွှာနှစ်ယောက်က အမှန်ဆို အရွယ်လေးတွေနှင့်မလိုက်အောင် စိတ်ချ၍ရသည်။ သူက မိဘဖြစ်နေတော့ မျက်နှာလွှဲခဲပစ် မလုပ်နိုင်။ ကလေးတွေကို လွတ်လွတ်လပ်လပ် လွှတ်ပေးထားပြီး အခြေအနေကိုတော့ အဝေးက စောင့်ကြည့်၏။ စိတ်မချဘူးဆိုပြီး ကလေးတွေဆော့နေတဲ့အနားကိုသွားကာ ဟိုဟာတော့ မဆော့နဲ့ ဒီဟာတော့မဆော့နဲ့ သွားပြောမိရင် ကလေးတွေ ကောင်းကောင်းမဆော့ရဘဲ စိတ်ကျဉ်းကျပ်တာမျိုး ဖြစ်နိုင်သည်။

ကိုယ့်သားသမီးက လက်လွှတ်လို့မရသေးရင်တော့ အခြေအနေကတစ်မျိုးဖြစ်သည်။ သို့သော်ငြား ကလေးတွေက ကိုယ့်ဘာသာကိုယ်သွားတတ်လာတတ်၊ နေတတ်ထိုင်တတ်သည့်အရွယ်ဆိုလျှင်တော့ ရင်အုပ်မကွာ လိုက်ကြည့်မနေဘဲ အဝေးကနေ မသိမသာလေး စောင့်‌ကြည့်တာမျိုးက ပိုအဆင်ပြေသည်။ ချစ်တာက ချစ်လို့ရပါသည်။ ဒါပေမဲ့ ကိုယ့်ကြောင့် ကိုယ့်သားသမီးရဲ့ လွတ်လပ်စွာနေခွင့် ဆုံးရှုံးပြီး အနေကျပ်သွားတာ မဖြစ်စေရန် မိဘတစ်ယောက်က ကောင်းမွန်စွာသိသင့်၏။

လျှောစီးရန် အပေါ်သို့ တက်သွားလိုက်၊ အောက်သို့လျှောကာ ပြန်ဆင်းလာလိုက်ကြနှင့် ပျော်နေကြသော အမြွှာတွေကို ကြည့်ပြီး အာကာလင်းသန့် ပြုံးနေမိသည်။ မွေးကင်းစ 'အူဝဲ' လို့ တဆာဆာအော်ပြီး လူ့လောကထဲရောက်လာသည့် သေးသေးလေးတွေက တဖြည်းဖြည်းနှင့် အရွယ်ရောက်လာကြတာ မကြာမီတွင် မူကြိုတောင် တက်ကြရတော့မည်။ မူကြိုအရွယ်ကနေတစ်ဆင့် မူလတန်း၊ ထိုမှအလယ်တန်း၊ ထပ်မံ၍ အထက်တန်း၊ တစ်ဖန် တက္ကသိုလ်၊ ပြီးလျှင် လုပ်ငန်းခွင်တွေဝင်ရောက်ပြီး နှစ်အချို့ကြာလျှင် ဘဝလက်‌တွဲဖော်တွေနှင့် လက်ထပ်ကြသည့်အရွယ်တွေ ‌ဖြစ်လာဦးမည်။ ထိုကဲ့သို့ တွေးမိပြန်တော့ သူ့စိတ်ထဲ ဝမ်းနည်းသလိုလို ဝမ်းသာသလိုလိုကြီး ခံစားလာမိသည်။ လူ့ဘဝဆိုတာ ဒီလိုပါပဲ။ အချိန်တန်လို့ အတောင်တွေစုံရင်တော့ ကိုယ်စီလွတ်လပ်စွာ ပျံသန်းသွားကြရမှာ ဓမ္မတာတစ်ခုသာ။

"ဟိတ် ကလေးလေး၊ တစ်ယောက်တည်း ဘယ်သူ့ကို စောင့်နေတာလဲ"

ခုံမှာ ဝင်ထိုင်ရင်း ပိုင်မြင့်မြတ်ကျော်က သူ့ခေါင်းကို ပုတ်လည်းပုတ်၊ ရွှတ်နောက်နောက်လည်းပြောသည်။ သူ အိမ်ကနေ မထွက်လာခင်တည်းက ပိုင်မြင့်မြတ်ကျော်ကို အပြန် ဒီပန်းခြံသို့ ဝင်လာရန် ဖုန်းလှမ်းဆက်ထားသည့်အတွက် ရောက်လာခြင်း။

"အရမ်းခန့်တဲ့ ဦးပိုင်မြင့်မြတ်ကျော်ဆိုတဲ့လူကြီးကို စောင့်နေတာဗျ"

"သူက တော်တော်ခန့်လို့လား"

"ခန့်တာပေါ့ဗျ၊ သူကလေ ကျွန်တော့်အတွက် တစ်လောကလုံးမှာ ကြည့်လို့အကောင်းဆုံး၊ အခန့်ညားဆုံး၊ အတည်ကြည်ဆုံးလူကြီး၊ ကျွန်တော် ဘယ်လောက်ဆိုးဆိုး ကျွန်တော့်ဆိုးဒဏ်ကိုလည်း သူခံတယ်၊ ကျွန်တော့်မှာ အဲ့လူကြီးကိုပဲ ချစ်နေရတာ ရူးမတတ်ပဲ"

"အဲ့လူကြီးကလည်း သူ့ဘေးမှာ ထိုင်နေတဲ့ စကားတတ်လွန်းတဲ့ ကလေးလေးကို ပေါင်ပေါ်ဆွဲတင်ပြီး စိတ်ရှိလက်ရှိ နမ်းပစ်ချင်နေပါပြီတဲ့ကွာ"

ပိုင်မြင့်မြတ်ကျော် ပြောလည်းပြီးရော အာကာလင်းသန့်ရဲ့ အနားကို ကြားလေတောင်တိုးဝင်လို့မရလောက်တဲ့အထိ တိုးကပ်သွားသည်။

"ဦးမြတ် မဖြစ်ဘူးနော်၊ လူမြင်ကွင်းကြီးမှာ မလုပ်နဲ့"

"အိမ်မှာမှ မဟုတ်တာ တကယ်နမ်းမလားသန့်ရဲ့၊ ကိုယ်က စနေတာ"

"ရုတ်တရက်ကြီး တိုးချလာတော့ ကျွန်တော်က တကယ်ထင်သွားတာပေါ့"

"ဒီကလေးလေးကတော့"

သူ့ရဲ့ နဖူးကို ပိုင်မြင့်မြတ်ကျော်က ခပ်ဖွဖွလေးတောက်လိုက်သည်။ တစ်ချိန်တည်းမှာပဲ ပိုင်မြင့်မြတ်ကျော်ရောက်လာတာကို မြင်သွားသည့် အမြွှာနှစ်ယောက်က ဆော့နေတာကို ရပ်ပြီး ပြေးလာကြသည်။

"ခဏနားပြီး ဒယ်ဒီဝယ်လာတဲ့ ရေခဲမုန့်စားဦး၊ ပြီးမှ ပြန်ဆော့ကြ"

"ဘာလို့ ဘူးအကြီးကြီး ဝယ်လာတာလဲ ဦးမြတ်ကလည်း၊ မကုန်ရင် အလကားဖြစ်ဦးမယ်၊ စားလို့ကုန်ပြန်ရင်လည်း ချောင်းဆိုးကြဦးမယ်"

"ပါပါးရော ဒယ်ဒီပါ မီးတို့နဲ့ အတူစားလေ၊ ဒါဆို ကုန်သွားမှာပေါ့"

"သားတို့လည်း နည်းနည်းပဲစားဖြစ်တော့ ချောင်းဆိုးမှာ မဟုတ်တော့ဘူး၊ သားတို့ပြောသလို စားလိုက်နော်"

"တွေ့လား သန့်၊ ကိုယ်တို့ကလေးတွေ ပြောနေပြီ၊ သူတို့ ပြောသလို လုပ်ကြတာပေါ့"

အာကာလင်းသန့် သဘောတူလိုက်သည်။ မိုချီက သူ့ပေါင်ပေါ်တွင် ထိုင်ကာ မိုတီကတော့ ပိုင်မြင့်မြတ်ကျော်နဲ့သူ့အကြားတွင် ဝင်ထိုင်သည်။ ရေခဲမုန့်စားရင်း မိုချီနဲ့မိုတီတို့ပြောသမျှစကားတွေကို နားထောင်ပြီး သူတို့နှစ်ယောက် အထိုက်အလျောက် ပြန်ပြောပေးကြသည်။ သို့နှင့် ရေခဲမုန့်တစ်ဘူးမှာ ဘယ်လောက်မှ မကြာလိုက်ဘဲ အကုန်လုံး ကုန်စင်သွားလေ၏။

"အိမ်ပြန်ချင်ပြီလား"

"ဆော့လို့ မဝသေးဘူး ပါပါး၊ သားတို့ ထပ်ဆော့ဦးမယ်"

"အင်း၊ ဒါဆိုလည်း သွားကြ"

မောင်နှမနှစ်ယောက် လက်ဆွဲပြီး ကစားတဲ့နေရာသို့ ပြန်ပြေးသွားကြသည်။ ပိုင်မြင့်မြတ်ကျော်လည်း ဖုန်းထုတ်ပြီး အမြွှာတွေရဲ့ လှုပ်ရှားမှုအလုံးစုံကို အဝေးကနေ ဓာတ်ပုံလှမ်းရိုက်ကာ မှတ်တမ်းတင်တော့၏။ အာကာလင်းသန့်နှင့် နှစ်ယောက်အတူ ပုံတွေကို ပြန်ကြည့်ကာ ဘယ်ပုံက အကောင်းဆုံးလဲ တိုင်ပင်ပြီး ရွေးဖြစ်ကြသေးသည်။ သူတို့စိတ်ကြိုက် ရွေးချယ်ထားသည့် ပုံကို ထုတ်ကာ မှန်ဘောင်သွင်းပြီး အမြွှာတွေရဲ့ အခန်းထဲမှာ ထားရန်ပင်။ ဤသည်မှာ အမြွှာတွေ မွေးကတည်းက သူတို့နှစ်ယောက်လုပ်ဖြစ်သည့် အလေ့အထတစ်ခုဖြစ်၏။

အာထရာဆောင်းပုံကနေတစ်ဆင့် မွေးကင်းစအရွယ်ပုံ၊ လမ်းလျှောက်ကာစပုံတွေ၊ ထိုင်လာတတ်ပုံတွေ၊ ပြေးလွှားဆော့‌နေပုံတွေကို သဘောကျတာနှင့် ပုံထုတ်ကာထားသည့်အတွက် ကလေးတွေရဲ့ အခန်းထဲကပရိ‌ဘောဂတွေပေါ်မှာ တင်စရာ နေရာလွတ်မရှိ ဖြစ်ပြီး ရှုပ်ပွလာသည်။ ထိုအခါကျတော့ နှစ်ယောက်သား ဓာတ်ပုံထားရန် စင်တွေသက်သက်လုပ်ကာ ထားရသည့်အဖြစ်သို့ ရောက်တော့သည်။ ပုံတွေ အတော်အတန် များပြားကုန်သည်မှာလည်း သူတို့မျက်စိထဲမှာ ကလေးတွေ ဘာလုပ်လုပ်ချစ်စရာကောင်းနေကြသည်ကိုး။

"သန့်ရော ဒန်းစီးချင်လား၊ ကိုယ်လွှဲပေးမယ်"

အမြွှာတွေ တစ်ယောက်တစ်လှည့် ဒန်းလွှဲပေးနေကြတာကို ကြည့်၍ ပိုင်မြင့်မြတ်ကျော်က ပြောလာလေသည်။

"ဦးမြတ်နော် ကျွန်တော့်ကို မစီးရဲဘူးမထင်နဲ့၊ တကယ်သွားစီးလို့ ကျိုးသွားရင် ဦးမြတ်ပိုက်ဆံအိတ်ထဲက ပိုက်ဆံလေးတွေ ပျံကုန်မယ်၊ နောက်တာကြည့်နောက်"

ပိုင်မြင့်မြတ်ကျော်က ဒီနှစ်တွေအတွင်းမှာ အတော်လေးကို အစအနောက် သန်လာသည်။ ထိုသို့ စနောက်တာ တခြားလူတွေအပေါ်မှာ မဟုတ်ဘဲ သူ့တစ်ယောက်တည်းကိုပဲဖြစ်သည်။ အရင်ကတည်းက ယခုလို သူ့အား စနောက်တတ်သည်ဆိုသော်ငြား ဆယ်ခါ့ရံမှတစ်ခါသာ။ လက်ရှိလိုမျိုး ဟုတ်တာရော မဟုတ်တာရော ပေါင်းပြီး အချိန်ပြည့် အမြဲလိုလို အရွှန်းဖောက်နေတာမျိုး ဖြစ်ခဲသည်။ အခုတော့ ထိုသို့မဟုတ်။ ကလေးတွေပဲ စီးလို့ရတဲ့ အရွယ်အစားလုပ်ပေးထားသည့်ဒန်းကို သူ့အား စီးမလား မေးပြီးနောက်သည်ကိုပဲကြည့်ပေတော့။ ဘာပဲဖြစ်ဖြစ် သူ့ကို ချစ်လို့သာ တစ်နည်းမဟုတ် တစ်နည်း နောက်တာဆိုတော့ ပိုင်မြင့်မြတ်ကျော်အား မြူတစ်မှုန်စာတောင် စိတ်ဆိုးခြင်းအတိမရှိပါ။

"သန့်ကြောင့်မို့လို့ ပိုက်ဆံတွေပျံကုန်လည်း ကိစ္စမရှိပါဘူး၊ ပျံစမ်းပါစေ၊ ကိုယ်ရှာနေတာတွေက ဘယ်သူတွေအတွက်လဲ၊ ကုန်ချင်သလောက်သာကုန်ပေါ့၊ သန့် ပျော်ရမယ်ဆို မမှုပါဘူး၊ ဒါကြောင့် သန့်စီးချင်ရင် သွားစီး၊ ဖြစ်ချင်တာကို မထိန်းချုပ်ထားနဲ့ သန့်ရဲ့၊ ကိုယ်လုပ်ချင်တာကို မလုပ်ရရင် ရုပ်ရင့်တယ်တဲ့"

"ဦး‌မြတ်ရေ တော်ပြီ၊ အတည်ပေါက်ကြီးနဲ့ မစနဲ့တော့ဗျာ"

"ဟုတ်ကဲ့ပါဗျ"

ပိုင်မြင့်မြတ်ကျော်က သူ့ရဲ့ ပါးတစ်ဖက်ကို ဆွဲညှစ်လေသည်။ ထို့နောက်တွင် သူ့ရဲ့လက်ကို ဆုပ်ကိုင်လာသည်။ သူတို့နှစ်ဦး လက်ချင်းတွဲယှက်ကာထားရင်း မနီးမဝေးမှာ ‌‌ဆော့နေကြသည့် အမြွှာတွေကို ကြည့်ကာ စကား‌ပြောတစ်လှည့်၊ ရယ်တစ်လှည့်ဖြင့် ညနေခင်းရဲ့ ဆည်းဆာချိန်တစ်ချိန်အား ဖြတ်သန်းသည်။

ချစ်ရသူနှင့် နှစ်ကိုယ်တူယှဥ်တွဲခံစားကြည့်ရှုသည့်အခါ သဘာဝတရားကြီးက သာမန်ထက်ပိုလှသည်ဆိုလျှင် ချစ်ရသူနှင့်အတူ ရင်နှစ်သည်းချာလေးတွေရဲ့ ဆော့ကစားနေမှုကို ကြည့်ရှုကာ ဖြတ်သန်းရသည့် အခိုက်အတန့်တွင် သဘာဝတရားကြီးက အလှဆုံးဖြစ်နေတတ်ပြန်သည်။

🍀

A/N: မနက်ဖြန်ဆို ဇာတ်သိမ်းပါပြီရှင်(。•́︿•̀。)

🍀

(Zawgyi)

ပန္းခ်ီျပပြဲမွာ သူေမ်ွာ္္မွန္းထားသည္ထက္ပိုေသာ ေအာင္ျမင္မႈရခဲ့သည္။ လာေရာက္ၾကၫ့္ရႈၾကသူ အေရအတြက္မွာ မနည္းလွပါ။ ထို႔အျပင္ ပန္းခ်ီကားအားလံုးရဲ့ သံုးပံုႏွစ္ပံုကို ေရာင္းခ်ႏိုင္ခဲ့သည္။ သူေတြးသည္မွာ အလြန္ဆံုးေရာင္းရ တစ္ဝက္ေလာက္ဟုသာ တြက္ထားေသာ္ျငား ထို႔ထက္ပိုမ်ားေသာေၾကာင့္ အံ့အားသင့္ရသလို သူ႔အႏုပညာလက္ရာကို ႀကိဳက္ႏွစ္သက္သၫ့္သူ အမ်ားအျပားရိွသၫ့္အတြက္ ေပ်ာ္ရသည္။ ဤသည္မွာ ပထမဦးဆံုးအႀကိမ္ သူျပဳလုပ္သၫ့္ တစ္ကိုယ္ေတာ္ပန္းခ်ီျပပြဲျဖစ္ေပသိ သူရလိုက္သၫ့္ ေအာင္ျမင္မႈအတိုင္းအတာမွာ သူ႔အတြက္ အဖိုးမျဖတ္ႏိုင္ေလာက္ေအာင္ တန္ဖိုးႀကီးမား၏။ သူ႔ကို သူ႔မိသားစု၊ သူငယ္ခ်င္းမိတ္‌ေဆြ အကုန္လံုးက ဝိုင္းဝန္းကာ ဂုဏ္ျပဳေပးေသာေၾကာင့္ ပီတိလည္း ျဖစ္ရေသး၏။ ယေန့ဟာ သူ႔ဘဝမွာ ႀကံဳခဲ့ဖူးေသာ အေပ်ာ္ဆံုးေန့မ်ားထဲက တစ္ခုျဖစ္သည္ဟု အာကာလင္းသန႔္ သတ္မွတ္လိုက္သည္။

ပန္းခ်ီျပပြဲအၿပီး သူတို႔မိသားစု အိမ္သို႔ မျပန္ျဖစ္ၾကပါ။ မိသားစုေတြအားလံုး ထမင္းဝိုင္းဖြဲ႔ၿပီး စားေသာက္ရန္ မိဘေတြအိမ္သို႔ လိုက္သြားၾကသည္။ ဟိုကိုေရာက္ေတာ့ ခ်က္ခ်င္း ထမင္းမစားႏိုင္ေသးဘဲ ဧၫ့္ခန္းတြင္ထိုင္ကာ စကားအရင္ေျပာျဖစ္ၾက၏။ စကားဝိုင္းမွာေတာ့ လူႀကီးေတြသာလ်ွင္ရိွၿပီး ကေလးသံုးေယာက္မွာ သူတို႔ဘာသာသူတို႔ သက္သက္တစ္ေနရာ၌ ေဆာ့ၾကေလ၏။ မိသားစုေတြ အစံုအညီရိွ၍လား မသိပါ။ ဦးထိုက္ဝင္းေဆြႏွင့္ ေဒၚယုယုေမတို႔အိမ္သည္ ပိုမိုစိုျပည္ေနသေယာင္ ထင္ရသည္။

"အကုန္လံုး ထမင္းစားလို႔ရပါၿပီ"

မေမႊးက လာေခၚေလေတာ့ သူတို႔အားလံုး ဧၫ့္ခန္းကေန ထမင္းစားခန္းသို႔ ေနရာေျပာင္းၾကသည္။ ကေလးသံုးေယာက္သည္လည္း ထိုနည္းတူပင္။ ပါးက စားပြဲဝိုင္းရဲ့ ထိပ္ဆံုးအလယ္တၫ့္တၫ့္တြင္ ထိုင္၏။ မားႏွင့္ ကိုကိုတို႔ မိသားစုက တစ္ဖက္ျခမ္း၊ သူတို႔က တစ္ဖက္ျခမ္းျဖင့္ အသီးသီးေနရာယူၾကသည္။ ထို႔ေနာက္တြင္ေတာ့ ထမင္းစားျခင္းအမႈကို စတင္ေလေတာ့သည္။

အသားေတြပဲ ေရြးစားေန၍ အရြက္ေၾကာ္ပန္းကန္ထဲကေန အနည္းငယ္ခပ္ယူၿပီး မိုခ်ီ့ပန္းကန္ထဲ နည္းနည္းထၫ့္ေပးကာ မိုတီ့ပန္းကန္ထဲလည္း ထၫ့္ေပးလိုက္သည္။ အရြက္ေတြကို ျမင္ေတာ့ အႁမြွာႏွစ္ေယာက္မွာ မစားခ်င္သၫ့္ ရုပ္ကေလးေတြ ျဖစ္သြားေလ၏။ အေမႊစိန္ႏွစ္ေယာက္က အၿမဲလိုလို ထိုသို႔ျဖစ္ေနက်။ အစားအေသာက္ေရြးၿပီး ေၾကးလည္းအေတာ္ထူေသးသည္။ အာဟာရျဖစ္ေအာင္လို႔ အစားအေသာက္အုပ္စုေတြအရ အေထာက္အကူျဖစ္မွာ‌ေတြပဲ အာကာလင္းသန႔္က
ေရြးခ်ယ္‌ေကြၽးသည္။ သို႔ေသာ္ အႁမြွာေတြမွာ ဟိုဟာမစားခ်င္ ဒီဟာမစားခ်င္ႏွင့္ ဂ်ီက်သည္။ သူတို႔ႏွစ္ေယာက္ကို ထမင္းတစ္ခါေကြၽးတိုင္း တိုတတ္လြန္းသၫ့္စိတ္ကို သူ႔မွာ မရွည္ရွည္ေအာင္ ဆြဲဆန႔္၍ ေခ်ာ့ေမာ့ကာ ေကြၽးရသည္။ သူတို႔ႀကိဳက္သၫ့္ ဝက္သားျပားေၾကာ္မ်ားဆိုရင္ေတာ့ လွၫ့္ၾကၫ့္စရာမလို။ ခဏေလးအတြင္း ေျပာင္စင္ေအာင္ စားတတ္ၾကသည္။

"အရြက္ေတြ မစားခ်င္ဘူး ပါပါး"

"မိုတီေျပာတာမွန္တယ္၊ အရြက္ေတြက ဘာအရသာမွမရိွဘူး"

အာကာလင္းသန႔္ စားလက္စကို ရပ္လိုက္သည္။

"ေကာင္းပါတယ္ ပါပါးကေလးေတြရဲ့၊ ျဖည္းျဖည္းခ်င္းဝါးၿပီး စားၾကၫ့္၊ အရသာ ေတြ့လာလိမ့္မယ္၊ ဟိုမွာ ကိုကိုေတာင္ ေကာင္းလို႔ အရြက္ေၾကာ္နဲ႔ ထမင္းစားေနတာေလ၊ ဟုတ္တယ္မလား ကာကာ၊ အရြက္ေတြက စားလို႔ေကာင္းတယ္ေနာ္"

"ဟုတ္တယ္ ဦးငယ္၊ မိုခ်ီနဲ႔ မိုတီကို ကိုကိုေျပာျပမယ္၊ ထမင္းေလးနဲ႔ ေရာၿပီးစားၾကၫ့္၊ တကယ္ေကာင္းတာ"

ကာကာက သူ႔ပံုစံေလးအတိုင္း ခပ္ၿပံဳးၿပံဳးႏွင့္ မိုခ်ီနဲ႔ မိုတီအား စားခ်င္လာေအာင္ ေျပာသည္။

"ကိုကိုက သားတို႔အရြယ္မွ မဟုတ္တာ၊ စားေနက်ျဖစ္ေနၿပီကို ေကာင္းမွာေပါ့၊ ၾကက္ေၾကာ္လို အရသာရိွတာလည္း မဟုတ္ဘဲနဲ႔၊ မစားခ်င္ဘူး"

"အိမ္ျပန္ရင္ ၾကက္ေၾကာ္ လိုက္ေကြၽးပါလား ပါပါး"

အႁမြွာႏွစ္ေယာက္က သူႏွင့္ Junk Foodေတြႀကိဳက္သၫ့္အက်င့္ တူလြန္းသည္။ ထိုအစားအစာေတြကလည္း ကေလးေတြအတြက္ ႀကီးထြားမႈကို ေနွာင့္ေနွးေစတာ အမွန္တရား။ ထို႔ေၾကာင့္ အႁမြွာေတြ ပူဆာတိုင္းဝယ္မေကြၽး။တစ္လမွ တစ္ခါ၊ ႏွစ္ခါေလာက္သာ ေကြၽးသည္။ သူသည္လည္း အရင္တုန္းကလို အႀကိမ္ေရ ခပ္စိပ္စိပ္ မစားျဖစ္ေတာ့။ ကေလးေတြ ဗိုက္ထဲမွာရိွစဉ္တုန္းကတည္းက မတၫ့္ရင္ မေတာ္တဆ တစ္ခုခု ထိခိုက္သြားမွာ စိုးရိမ္ၿပီး ေရွာင္လာခဲ့တာ တစ္လကို အႀကိမ္ေရ နည္းနည္းသာ စားသည္အထိ ျဖစ္လာရသည္။

"ကေလးေတြ မစားခ်င္တာ မေကြၽးပါနဲ႔လား သားငယ္"

မားတို႔ကေတာ့လုပ္ၿပီ။ ေျမးေတြ မ်က္ႏွာမသာမယာျဖစ္ေနတာကို စိတ္မေကာင္းေတာ့ အလိုလိုက္ေပးရန္ ဝင္ေျပာျခင္းျဖစ္၏။

"မျဖစ္ဘူး မား၊ ဒီႏွစ္ေယာက္က တမင္သက္သက္ ဂ်ီေနတာ၊ အာဟာရကို ျပၫ့္ဝေအာင္ မစားရင္ သူတို႔ပဲ ဒုကၡေရာက္မွာ၊ အလိုလိုက္လို႔မရဘူး"

"မင္းကလည္းကြာ၊ သားငယ္ သူ႔ဘာသာသိလို႔ ေကြၽးေနတာ လႊတ္ထားလိုက္"

ထိုအခါမွ မားလည္း ထမင္းျပန္စားေတာ့သည္။ သို႔ေပမယ့္ အေဖေတျြဖစ္သၫ့္ သူနဲ႔ ပိုင္ျမင့္ျမတ္ေက်ာ္ကေတာ့ မစားႏိုင္ေသး။ သူက ေခ်ာ့ေကြၽးဖို႔အတြက္ျဖစ္ၿပီး ပိုင္ျမင့္ျမတ္ေက်ာ္က သူ႔အား ကူေျပာေပးရန္ပင္။

"သားတို႔စားခ်င္တာေတြက အၿမဲစားလို႔မေကာင္းဘူးကြ၊ ပါပါးလည္း အဲ့ဒါေတြကို ႀကိဳက္သလို ပါပါးကေလးေတြကိုလည္း ေကြၽးခ်င္တာေပါ့၊ ဒါေပမဲ့ သားတို႔က အခုမွ ဖြံ႔ၿဖိဳးစအရြယ္ေလးေတြေလ၊ ၾကက္ေၾကာ္တို႔ ဘာဂါတို႔လို အစားအစာေတြထက္ အသီးအရြက္ေတြက စားမေကာင္းေပမယ့္ အာဟာရ အမ်ားႀကီးျဖစ္တယ္၊ ပဲေရာ၊ အရြက္ေတြေရာ၊ အသားေရာ အစံုမ်ွတေအာင္စားမွ ခႏၶာကိုယ္က ဖြံ႔ၿဖိဳးလာမွာေပါ့၊ မဟုတ္ရင္ အရပ္လည္း ရွည္လာေတာ့မွာ မဟုတ္ဘူး"

"ပါပါး ေျပာသြားတာ ၾကားလား၊ ဒယ္ဒီ့သမီးနဲ႔သားက ဒယ္ဒီ့လို အသက္ႀကီးလာရင္ အရပ္အရွည္ႀကီးျဖစ္ခ်င္တယ္ဆို ပါပါးေျပာသလို ညီမ်ွေအာင္ စားရမယ္၊ ေဟာ ေနာက္အပတ္ဆိုရင္ ဒယ္ဒီ့ကေလးေတြက မူႀကိဳတက္ရေတာ့မယ္၊ တျဖည္းျဖည္းနဲ႔ ၾကာလာလို႔ သူငယ္ခ်င္းေတြၾကားထဲမွာ အရပ္လည္းမရွည္ဘဲ ေသးေသးၫွက္ၫွက္ေလးေတြ ျဖစ္ေနတယ္ဆို ဘယ္လိုလုပ္မလဲ၊ အစားေရြးရင္ေတာ့ ေကာင္းေကာင္းမြန္မြန္နဲ႔ ခႏၶာကိုယ္က ႀကီးထြားမွာ မဟုတ္ဘူးေနာ္"

ေမာင္ႏွမႏွစ္ေယာက္ ပူးကပ္သြားၿပီး တိုးတိုးတိတ္တိတ္ႏွင့္ ေခါင္းခ်င္းဆိုင္ကာ တိုင္ပင္ေနၾကသည္။ သူတို႔ႏွစ္ေယာက္အပါအဝင္ လူႀကီးေတြအကုန္လံုးမွာ အႁမြွာေတြရဲ့ အျပဳအမူကို သေဘာက်၍ ၿပံဳးစိစိျဖစ္ကုန္ေတာ့၏။ ႏွစ္ကိုယ္ၾကားအစည္းအေဝးၿပီးသြားလို႔လားမသိ  ဆံုးျဖတ္ခ်က္တစ္ခုကို သေဘာတူသၫ့္ဟန္ျဖင့္ ႏွစ္ေယာက္မွာ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကၫ့္၍ ေခါင္းညိတ္ၾကသည္။ ၿပီးေနာက္ 'စားမယ္' ဟူ၍ ၿပိဳင္တူ တစ္ေလသံတည္း ထြက္လာေလသည္။ တစ္ဆက္တည္းမွာပဲ ဇြန္းေတြကို ေကာက္ကိုင္ၿပီး သူ ထၫ့္ေပးထားေသာ အရြက္ေၾကာ္ေတြကို နည္းနည္းခ်င္းစီ ဝါးစားၾက၏။

"ပါပါးကေလးေတြက လိမၼာလိုက္ၾကတာကြာ၊ ေက်ညက္ေအာင္ ဝါးစားၾကေနာ္"

ပါးက မားကို 'ငါမေျပာဘူးလား' ဟူသၫ့္အၾကၫ့္ျဖင့္ ၾကၫ့္လိုက္ေသာအခါ ‌မားထံမွ မ်က္ေစာင္းတစ္စံုအား လက္ခံရရိွလိုက္သည္ကို ေတြ့ရသည္။ ကိုကိုႏွင့္ ကိုခြန္းတို႔ကေတာ့ အႁမြွာႏွစ္ေယာက္ရဲ့ ခုနက အျပဳအမူကို သေဘာတက်ျဖစ္ၿပီး ႏွစ္ေယာက္သား တီးတိုးေျပာကာ ရယ္ေနၾကသည္။

စားလို႔ေသာက္လို႔ အၿပီးမွာ အာကာလင္းသန႔္ သူ႔အခန္းရိွရာသို႔ တက္သြားျဖစ္သည္။ သူ ယေန့မွာ တစ္ကိုယ္ေတာ္ပန္းခ်ီျပပြဲျပဳလုပ္ႏိုင္ၿပီး ေအာင္ျမင္မႈေတြရလာဖို႔ရာ ဤအခန္းေလးက သူ႔ရဲ့ ‌ခရီးလမ္းအစပထမအမွတ္ျဖစ္သည္။ ဟိုးအရင္အခ်ိန္ေတြ အခန္းထဲမွာ အပ်င္းေျပအေနနဲ႔ အခ်ိန္ကုန္ေစရန္ သက္သက္သာ ပန္းခ်ီကို မ်ားေသာအားျဖင့္ ဆြဲျဖစ္ခဲ့သည္။ လူ႔ေလာကႀကီး ဆန္းက်ယ္လိုက္ပံုမ်ားကေတာ့ အပ်င္းေျပဆိုၿပီး အေလးအနက္မထားဘဲ လုပ္ခဲ့သၫ့္အလုပ္တစ္ခုက ယခုအခ်ိန္မွာ သူရပ္တည္ေနသၫ့္ အလုပ္ျဖစ္လာသည္။

မေရာက္တာၾကာသၫ့္ အခန္းထဲ ဟိုဟိုဒီဒီေလ်ွာက္ၾကၫ့္ရင္း ဒီအခန္းထဲမွာေနစဉ္က အခ်ိန္ေတြကို ျပန္ျမင္ေယာင္မိသည္။ သူ ဒီအိမ္မွာ မေနေတာ့တာ (၆)ႏွစ္နီးပါး ရိွေနတာေတာင္မွ သူ႔အခန္းေလးက နဂိုအတိုင္းပင္။ ဘာဆိုဘာမွ ေျပာင္းလဲသြားျခင္း အလ်င္းမရိွေပ။

"ပါပါးေရ ဒယ္ဒီက ျပန္မယ္တဲ့"

မိုတီလာေခၚတာေၾကာင့္ အခန္းတံခါးကို ျပန္ပိတ္ကာ သားအဖႏွစ္ေယာက္ ေအာက္ထပ္သို႔ ျပန္ဆင္းလာၾကသည္။ အိမ္အေပါက္ဝမွာ လူစံုတက္စံုႏွင့္ သူတို႔မိသားစုအား ႏႈတ္ဆက္ရန္ ေစာင့္ေနၾကေလ၏။ သူနဲ႔ မိုတီ ပိုင္ျမင့္ျမတ္ေက်ာ္နဲ႔ မိုခ်ီအနားသို႔ သြားရပ္လိုက္သည္။ ကာကာက သူ႔ညီမနဲ႔ညီ ျပန္ေတာ့မွာဆိုေတာ့ မ်က္ႏွာမေကာင္းရွာ။ ကာကာ့ခမ်ာလည္း တစ္ေယာက္တည္းျဖစ္၍ အႁမြွာေတြလို အ‌ေဖာ္ရိွရွာတာမဟုတ္။ အႁမြွာေတြ အိမ္လာမွသာ သံုးေယာက္‌သား ေမ်ာက္ရႈံးေအာင္ေဆာ့ရသည္ဆိုေတာ့ ပ်င္းေပမည္။

အႁမြွာႏွစ္ေယာက္က ငုတ္တုတ္ထိုင္၍ သူတို႔ဘာသာသူတို႔ ဖိနပ္ႀကိဳးခ်ည္ေနၾကသည္။ ဒါကလည္း အေဖႏွစ္ေယာက္ျဖစ္သၫ့္ ပိုင္ျမင့္ျမတ္ေက်ာ္နဲ႔ အာကာလင္းသန႔္ သင္ေပးထား၍ လုပ္တတ္ေနၾကျခင္းျဖစ္၏။ သူတို႔ႏွစ္ေယာက္ မရိွႏိုင္သၫ့္ ေနရာျဖစ္သၫ့္ ေက်ာင္းသြားရသၫ့္အခါ ရုတ္တရက္ ဖိနပ္ကႀကိဳးေျပသြားခဲ့သည္ရိွေသာ္ ကိုယ့္ဘာသာကိုယ္ ျပန္ခ်ည္တတ္ေအာင္ သင္ေပး၍ လႊတ္ထားေပးျဖစ္သည္။

"ၿပီးၿပီဆိုရင္ တာ့တာလုပ္လိုက္ဦး"

အာကာလင္းသန႔္ရဲ့ စကားအဆံုးတြင္ရိွသမ်ွ လူအေယာက္ေစ့ကို 'တာ့တာ' ျပကာ ႏႈတ္ဆက္သၫ့္အသံေလးေတြမွာ ျပန႔္လြင့္လို႔လာေတာ့သည္။ နဂိုတည္းကမွ တစ္မိသားစုလံုးရဲ့ အသည္းေက်ာ္ေတျြဖစ္ေနေသာအႁမြွာေတြကို လူႀကီးေတြမွာ ျပန္မလႊတ္ခ်င္လႊတ္ခ်င္ႏွင့္ ႏႈတ္ဆက္ၾကသည္။ အႁမြွာေတြကို သူတို႔ႏွစ္ေယာက္ကသာ 'ဒီမွာေနခဲ့မလား' ေမးၾကၫ့္ရင္ အႁမြွာႏွစ္ေယာက္ကလည္း ဒီအိမ္မွာေနမည္ဟုသာ ေျဖၾကမၫ့္သူေတျြဖစ္သည္။ ဒီအိမ္မွာဆို ဘယ္ေလာက္ပဲ သူတို႔စိတ္ႀကိဳက္ေမႊေမႊ အကုန္လံုးက သူတို႔တစ္ခ်က္‌ေလးခြၽဲလိုက္တာနဲ႔ ဘာဆိုဘာမွ မေျပာဘဲ အလိုလိုက္မၫ့္သူေတြ ျဖစ္တာေၾကာင့္ပင္။

"သားတို႔သြားၿပီေနာ္ ပါးနဲ႔မား၊ ကိုကိုနဲ႔ ကိုခြန္း၊ ကာကာေရာပဲ၊ ေနာက္လမွ ဒီအေမႊႏွစ္ေယာက္ကို လာပို႔ရင္း လာေတာ့မယ္"

ၿပီးေနာက္ သူတို႔မိသားစုေလးေယာက္ သူတို႔ရဲ့ ကိုယ္ပိုင္ရိပ္ၿမံဳေလးရိွရာဆီသို႔ ဦးတည္ ထြက္ခြာၾကသည္။

🍀

ရပ္ကြက္နားက ပန္းၿခံသို႔ မိုခ်ီနဲ႔ မိုတီကို ေခၚၿပီး အာကာလင္းသန႔္ ထြက္လာသည္။ ညေနပိုင္းေလး ေလၫွင္းခံရင္း ကေလးေတြလည္း က်ယ္က်ယ္ဝန္းဝန္းႏွင့္ ကစားကြင္းမွာ ‌ေဆာ့ကစားႏိုင္ရန္ ရည္ရြယ္၍ ေဒၚႀကီးတင့္ျပန္တာနဲ႔ တစ္ခါတည္း အိမ္တံခါးပိတ္ကာ ထြက္ခဲ့လိုက္သည္။ အႁမြွာေတြမွာ မ‌ေဆာ့၍လားဆိုေတာ့ မဟုတ္။ သူတို႔ေလာက္ေဆာ့တာ သူတို႔ပဲရိွ၏။ အေဆာ့ၾကမ္းလို႔ပဲ သူ႔ပန္းခ်ီကားေတာင္ ဓားစာခံဘဝေရာက္ခဲ့ရသည္ မဟုတ္လား။ ထိုသို႔ဆိုေပသိ အႁမြွာေတြမွာ အၿမဲလိုလို အိမ္ထဲမွာပဲ ‌ေဆာ့ၾကရသည္။ မားတို႔အိမ္ေရာက္ေတာ့လည္း ထိုနည္းလည္းေကာင္းပင္။ သို႔ေသာ္ မားတို႔အိမ္က ၿခံက်ယ္သၫ့္အတြက္ ၿခံထဲမွာထြက္ေဆာ့ၾကသည္လည္း ရိွ၏။ ဤသည္မွာလည္း တစ္ခါတေလမွသာ။ ထို႔ေၾကာင့္ ကေလးေတြကို အေျပာင္းအလဲေလးျဖစ္ေစရန္ ပန္းၿခံကို ေခၚလာျခင္းျဖစ္သည္။

ပန္းၿခံမွာ ကေလးေတြေဆာ့လို႔ရသၫ့္ ကစားစရာမ်ား လုပ္ေပးထားၿပီး လူႀကီးေတြ ထိုင္ရန္ ခံုတန္းမ်ားလည္း ထားေပးထားသည္။ သို႔ျဖစ္၍ အေတာ္ေလးကို အဆင္ေျပ၏။ ပန္းၿခံကိုေရာက္ေတာ့ စက္ဘီးပတ္စီးေနၾကသူမ်ား၊ ညေနခင္းေလ့က်င့္ခန္းအျဖစ္ လမ္းေလ်ွာက္ၾကသူမ်ား၊ မိသားစုလိုက္ ထိုင္ေနၾကသူမ်ားကို ေတြ့ရသည္။ ၿမိဳ႔ျပေနလူထုအတြက္ ေနေအးေအးေလးမွာ ဒီလိုေနရာမ်ိဳးက တကယ့္ကို စိတ္ထြက္ေပါက္ျဖစ္သၫ့္ ေနရာျဖစ္သည္။

"ေကာင္းေကာင္းေဆာ့ၾကေနာ္၊ ပါပါး ဒီနားမွာ လွမ္းၾကၫ့္ေနမယ္"

ကစားမက္လြန္းသၫ့္ အႁမြွာႏွစ္ေယာက္မွာ ေဇာင္းကလႊတ္သၫ့္ ျမင္းမ်ားသကဲ့သို႔ ေျပးသြားၾကေတာ့သည္။ အာကာလင္းသန႔္လည္း သူတို႔ေတြကို ေသခ်ာျမင္ရသၫ့္ေနရာတြင္ ထိုင္၍ ၾကၫ့္ေနလိုက္သည္။ အႁမြွာႏွစ္ေယာက္က အမွန္ဆို အရြယ္ေလးေတြႏွင့္မလိုက္ေအာင္ စိတ္ခ်၍ရသည္။ သူက မိဘျဖစ္ေနေတာ့ မ်က္ႏွာလႊဲခဲပစ္ မလုပ္ႏိုင္။ ကေလးေတြကို လြတ္လြတ္လပ္လပ္ လႊတ္ေပးထားၿပီး အေျခအေနကိုေတာ့ အေဝးက ေစာင့္ၾကၫ့္၏။ စိတ္မခ်ဘူးဆိုၿပီး ကေလးေတြေဆာ့ေနတဲ့အနားကိုသြားကာ ဟိုဟာေတာ့ မေဆာ့နဲ႔ ဒီဟာေတာ့မေဆာ့နဲ႔ သြားေျပာမိရင္ ကေလးေတြ ေကာင္းေကာင္းမေဆာ့ရဘဲ စိတ္က်ဉ္းက်ပ္တာမ်ိဳး ျဖစ္ႏိုင္သည္။

ကိုယ့္သားသမီးက လက္လႊတ္လို႔မရေသးရင္ေတာ့ အေျခအေနကတစ္မ်ိဳးျဖစ္သည္။ သို႔ေသာ္ျငား ကေလးေတြက ကိုယ့္ဘာသာကိုယ္သြားတတ္လာတတ္၊ ေနတတ္ထိုင္တတ္သၫ့္အရြယ္ဆိုလ်ွင္ေတာ့ ရင္အုပ္မကြာ လိုက္ၾကၫ့္မေနဘဲ အေဝးကေန မသိမသာေလး ေစာင့္‌ၾကၫ့္တာမ်ိဳးက ပိုအဆင္ေျပသည္။ ခ်စ္တာက ခ်စ္လို႔ရပါသည္။ ဒါေပမဲ့ ကိုယ့္ေၾကာင့္ ကိုယ့္သားသမီးရဲ့ လြတ္လပ္စြာေနခြင့္ ဆံုးရႈံးၿပီး အေနက်ပ္သြားတာ မျဖစ္ေစရန္ မိဘတစ္ေယာက္က ေကာင္းမြန္စြာသိသင့္၏။

ေလ်ွာစီးရန္ အေပၚသို႔ တက္သြားလိုက္၊ ေအာက္သို႔ေလ်ွာကာ ျပန္ဆင္းလာလိုက္ၾကႏွင့္ ေပ်ာ္ေနၾကေသာ အႁမြွာေတြကို ၾကၫ့္ၿပီး အာကာလင္းသန႔္ ၿပံဳးေနမိသည္။ ေမြးကင္းစ 'အူဝဲ' လို႔ တဆာဆာေအာ္ၿပီး လူ႔ေလာကထဲေရာက္လာသၫ့္ ေသးေသးေလးေတြက တျဖည္းျဖည္းႏွင့္ အရြယ္ေရာက္လာၾကတာ မၾကာမီတြင္ မူႀကိဳေတာင္ တက္ၾကရေတာ့မည္။ မူႀကိဳအရြယ္ကေနတစ္ဆင့္ မူလတန္း၊ ထိုမွအလယ္တန္း၊ ထပ္မံ၍ အထက္တန္း၊ တစ္ဖန္ တကၠသိုလ္၊ ၿပီးလ်ွင္ လုပ္ငန္းခြင္ေတြဝင္ေရာက္ၿပီး ႏွစ္အခ်ိဳ႕ၾကာလ်ွင္ ဘဝလက္‌တြဲေဖာ္ေတြႏွင့္ လက္ထပ္ၾကသၫ့္အရြယ္ေတြ ‌ျဖစ္လာဦးမည္။ ထိုကဲ့သို႔ ေတြးမိျပန္ေတာ့ သူ႔စိတ္ထဲ ဝမ္းနည္းသလိုလို ဝမ္းသာသလိုလိုႀကီး ခံစားလာမိသည္။ လူ႔ဘဝဆိုတာ ဒီလိုပါပဲ။ အခ်ိန္တန္လို႔ အေတာင္ေတြစံုရင္ေတာ့ ကိုယ္စီလြတ္လပ္စြာ ပ်ံသန္းသြားၾကရမွာ ဓမၼတာတစ္ခုသာ။

"ဟိတ္ ကေလးေလး၊ တစ္ေယာက္တည္း ဘယ္သူ႔ကို ေစာင့္ေနတာလဲ"

ခံုမွာ ဝင္ထိုင္ရင္း ပိုင္ျမင့္ျမတ္ေက်ာ္က သူ႔ေခါင္းကို ပုတ္လည္းပုတ္၊ ရႊတ္ေနာက္ေနာက္လည္းေျပာသည္။ သူ အိမ္ကေန မထြက္လာခင္တည္းက ပိုင္ျမင့္ျမတ္ေက်ာ္ကို အျပန္ ဒီပန္းၿခံသို႔ ဝင္လာရန္ ဖုန္းလွမ္းဆက္ထားသၫ့္အတြက္ ေရာက္လာျခင္း။

"အရမ္းခန႔္တဲ့ ဦးပိုင္ျမင့္ျမတ္ေက်ာ္ဆိုတဲ့လူႀကီးကို ေစာင့္ေနတာဗ်"

"သူက ေတာ္ေတာ္ခန႔္လို႔လား"

"ခန႔္တာေပါ့ဗ်၊ သူကေလ ကြၽန္ေတာ့္အတြက္ တစ္ေလာကလံုးမွာ ၾကၫ့္လို႔အေကာင္းဆံုး၊ အခန႔္ညားဆံုး၊ အတည္ၾကည္ဆံုးလူႀကီး၊ ကြၽန္ေတာ္ ဘယ္ေလာက္ဆိုးဆိုး ကြၽန္ေတာ့္ဆိုးဒဏ္ကိုလည္း သူခံတယ္၊ ကြၽန္ေတာ့္မွာ အဲ့လူႀကီးကိုပဲ ခ်စ္ေနရတာ ရူးမတတ္ပဲ"

"အဲ့လူႀကီးကလည္း သူ႔ေဘးမွာ ထိုင္ေနတဲ့ စကားတတ္လြန္းတဲ့ ကေလးေလးကို ေပါင္ေပၚဆြဲတင္ၿပီး စိတ္ရိွလက္ရိွ နမ္းပစ္ခ်င္ေနပါၿပီတဲ့ကြာ"

ပိုင္ျမင့္ျမတ္ေက်ာ္ ေျပာလည္းၿပီးေရာ အာကာလင္းသန႔္ရဲ့ အနားကို ၾကားေလေတာင္တိုးဝင္လို႔မရေလာက္တဲ့အထိ တိုးကပ္သြားသည္။

"ဦးျမတ္ မျဖစ္ဘူးေနာ္၊ လူျမင္ကြင္းႀကီးမွာ မလုပ္နဲ႔"

"အိမ္မွာမွ မဟုတ္တာ တကယ္နမ္းမလားသန႔္ရဲ့၊ ကိုယ္က စေနတာ"

"ရုတ္တရက္ႀကီး တိုးခ်လာေတာ့ ကြၽန္ေတာ္က တကယ္ထင္သြားတာေပါ့"

"ဒီကေလးေလးကေတာ့"

သူ႔ရဲ့ နဖူးကို ပိုင္ျမင့္ျမတ္ေက်ာ္က ခပ္ဖြဖြေလးေတာက္လိုက္သည္။ တစ္ခ်ိန္တည္းမွာပဲ ပိုင္ျမင့္ျမတ္ေက်ာ္ေရာက္လာတာကို ျမင္သြားသၫ့္ အႁမြွာႏွစ္ေယာက္က ေဆာ့ေနတာကို ရပ္ၿပီး ေျပးလာၾကသည္။

"ခဏနားၿပီး ဒယ္ဒီဝယ္လာတဲ့ ေရခဲမုန႔္စားဦး၊ ၿပီးမွ ျပန္ေဆာ့ၾက"

"ဘာလို႔ ဘူးအႀကီးႀကီး ဝယ္လာတာလဲ ဦးျမတ္ကလည္း၊ မကုန္ရင္ အလကားျဖစ္ဦးမယ္၊ စားလို႔ကုန္ျပန္ရင္လည္း ေခ်ာင္းဆိုးၾကဦးမယ္"

"ပါပါးေရာ ဒယ္ဒီပါ မီးတို႔နဲ႔ အတူစားေလ၊ ဒါဆို ကုန္သြားမွာေပါ့"

"သားတို႔လည္း နည္းနည္းပဲစားျဖစ္ေတာ့ ေခ်ာင္းဆိုးမွာ မဟုတ္ေတာ့ဘူး၊ သားတို႔ေျပာသလို စားလိုက္ေနာ္"

"ေတြ့လား သန႔္၊ ကိုယ္တို႔ကေလးေတြ ေျပာေနၿပီ၊ သူတို႔ ေျပာသလို လုပ္ၾကတာေပါ့"

အာကာလင္းသန႔္ သေဘာတူလိုက္သည္။ မိုခ်ီက သူ႔ေပါင္ေပၚတြင္ ထိုင္ကာ မိုတီကေတာ့ ပိုင္ျမင့္ျမတ္ေက်ာ္နဲ႔သူ႔အၾကားတြင္ ဝင္ထိုင္သည္။ ေရခဲမုန႔္စားရင္း မိုခ်ီနဲ႔မိုတီတို႔ေျပာသမ်ွစကားေတြကို နားေထာင္ၿပီး သူတို႔ႏွစ္ေယာက္ အထိုက္အေလ်ာက္ ျပန္ေျပာေပးၾကသည္။ သို႔ႏွင့္ ေရခဲမုန႔္တစ္ဘူးမွာ ဘယ္ေလာက္မွ မၾကာလိုက္ဘဲ အကုန္လံုး ကုန္စင္သြားေလ၏။

"အိမ္ျပန္ခ်င္ၿပီလား"

"ေဆာ့လို႔ မဝေသးဘူး ပါပါး၊ သားတို႔ ထပ္ေဆာ့ဦးမယ္"

"အင္း၊ ဒါဆိုလည္း သြားၾက"

ေမာင္ႏွမႏွစ္ေယာက္ လက္ဆြဲၿပီး ကစားတဲ့ေနရာသို႔ ျပန္ေျပးသြားၾကသည္။ ပိုင္ျမင့္ျမတ္ေက်ာ္လည္း ဖုန္းထုတ္ၿပီး အႁမြွာေတြရဲ့ လႈပ္ရွားမႈအလံုးစံုကို အေဝးကေန ဓာတ္ပံုလွမ္းရိုက္ကာ မွတ္တမ္းတင္ေတာ့၏။ အာကာလင္းသန႔္ႏွင့္ ႏွစ္ေယာက္အတူ ပံုေတြကို ျပန္ၾကၫ့္ကာ ဘယ္ပံုက အေကာင္းဆံုးလဲ တိုင္ပင္ၿပီး ေရြးျဖစ္ၾကေသးသည္။ သူတို႔စိတ္ႀကိဳက္ ေရြးခ်ယ္ထားသၫ့္ ပံုကို ထုတ္ကာ မွန္ေဘာင္သြင္းၿပီး အႁမြွာေတြရဲ့ အခန္းထဲမွာ ထားရန္ပင္။ ဤသည္မွာ အႁမြွာေတြ ေမြးကတည္းက သူတို႔ႏွစ္ေယာက္လုပ္ျဖစ္သၫ့္ အေလ့အထတစ္ခုျဖစ္၏။

အာထရာေဆာင္းပံုကေနတစ္ဆင့္ ေမြးကင္းစအရြယ္ပံု၊ လမ္းေလ်ွာက္ကာစပံုေတြ၊ ထိုင္လာတတ္ပံုေတြ၊ ေျပးလႊားေဆာ့‌ေနပံုေတြကို သေဘာက်တာႏွင့္ ပံုထုတ္ကာထားသၫ့္အတြက္ ကေလးေတြရဲ့ အခန္းထဲကပရိ‌ေဘာဂေတြေပၚမွာ တင္စရာ ေနရာလြတ္မရိွ ျဖစ္ၿပီး ရႈပ္ပြလာသည္။ ထိုအခါက်ေတာ့ ႏွစ္ေယာက္သား ဓာတ္ပံုထားရန္ စင္ေတြသက္သက္လုပ္ကာ ထားရသၫ့္အျဖစ္သို႔ ေရာက္ေတာ့သည္။ ပံုေတြ အေတာ္အတန္ မ်ားျပားကုန္သည္မွာလည္း သူတို႔မ်က္စိထဲမွာ ကေလးေတြ ဘာလုပ္လုပ္ခ်စ္စရာေကာင္းေနၾကသည္ကိုး။

"သန႔္ေရာ ဒန္းစီးခ်င္လား၊ ကိုယ္လႊဲေပးမယ္"

အႁမြွာေတြ တစ္ေယာက္တစ္လွၫ့္ ဒန္းလႊဲေပးေနၾကတာကို ၾကၫ့္၍ ပိုင္ျမင့္ျမတ္ေက်ာ္က ေျပာလာေလသည္။

"ဦးျမတ္ေနာ္ ကြၽန္ေတာ့္ကို မစီးရဲဘူးမထင္နဲ႔၊ တကယ္သြားစီးလို႔ က်ိဳးသြားရင္ ဦးျမတ္ပိုက္ဆံအိတ္ထဲက ပိုက္ဆံေလးေတြ ပ်ံကုန္မယ္၊ ေနာက္တာၾကၫ့္ေနာက္"

ပိုင္ျမင့္ျမတ္ေက်ာ္က ဒီႏွစ္ေတြအတြင္းမွာ အေတာ္ေလးကို အစအေနာက္ သန္လာသည္။ ထိုသို႔ စေနာက္တာ တျခားလူေတြအေပၚမွာ မဟုတ္ဘဲ သူ႔တစ္ေယာက္တည္းကိုပဲျဖစ္သည္။ အရင္ကတည္းက ယခုလို သူ႔အား စေနာက္တတ္သည္ဆိုေသာ္ျငား ဆယ္ခါ့ရံမွတစ္ခါသာ။ လက္ရိွလိုမ်ိဳး ဟုတ္တာေရာ မဟုတ္တာေရာ ေပါင္းၿပီး အခ်ိန္ျပၫ့္ အၿမဲလိုလို အရႊန္းေဖာက္ေနတာမ်ိဳး ျဖစ္ခဲသည္။ အခုေတာ့ ထိုသို႔မဟုတ္။ ကေလးေတြပဲ စီးလို႔ရတဲ့ အရြယ္အစားလုပ္ေပးထားသၫ့္ဒန္းကို သူ႔အား စီးမလား ေမးၿပီးေနာက္သည္ကိုပဲၾကၫ့္ေပေတာ့။ ဘာပဲျဖစ္ျဖစ္ သူ႔ကို ခ်စ္လို႔သာ တစ္နည္းမဟုတ္ တစ္နည္း ေနာက္တာဆိုေတာ့ ပိုင္ျမင့္ျမတ္ေက်ာ္အား ျမဴတစ္မႈန္စာေတာင္ စိတ္ဆိုးျခင္းအတိမရိွပါ။

"သန႔္ေၾကာင့္မို႔လို႔ ပိုက္ဆံေတြပ်ံကုန္လည္း ကိစၥမရိွပါဘူး၊ ပ်ံစမ္းပါေစ၊ ကိုယ္ရွာေနတာေတြက ဘယ္သူေတြအတြက္လဲ၊ ကုန္ခ်င္သေလာက္သာကုန္ေပါ့၊ သန႔္ ေပ်ာ္ရမယ္ဆို မမႈပါဘူး၊ ဒါေၾကာင့္ သန႔္စီးခ်င္ရင္ သြားစီး၊ ျဖစ္ခ်င္တာကို မထိန္းခ်ဳပ္ထားနဲ႔ သန႔္ရဲ့၊ ကိုယ္လုပ္ခ်င္တာကို မလုပ္ရရင္ ရုပ္ရင့္တယ္တဲ့"

"ဦး‌ျမတ္ေရ ေတာ္ၿပီ၊ အတည္ေပါက္ႀကီးနဲ႔ မစနဲ႔ေတာ့ဗ်ာ"

"ဟုတ္ကဲ့ပါဗ်"

ပိုင္ျမင့္ျမတ္ေက်ာ္က သူ႔ရဲ့ ပါးတစ္ဖက္ကို ဆြဲၫွစ္ေလသည္။ ထို႔ေနာက္တြင္ သူ႔ရဲ့လက္ကို ဆုပ္ကိုင္လာသည္။ သူတို႔ႏွစ္ဦး လက္ခ်င္းတြဲယွက္ကာထားရင္း မနီးမေဝးမွာ ‌‌ေဆာ့ေနၾကသၫ့္ အႁမြွာေတြကို ၾကၫ့္ကာ စကား‌ေျပာတစ္လွၫ့္၊ ရယ္တစ္လွၫ့္ျဖင့္ ညေနခင္းရဲ့ ဆည္းဆာခ်ိန္တစ္ခ်ိန္အား ျဖတ္သန္းသည္။

ခ်စ္ရသူႏွင့္ ႏွစ္ကိုယ္တူယွဥ္တြဲခံစားၾကၫ့္ရႈသၫ့္အခါ သဘာဝတရားႀကီးက သာမန္ထက္ပိုလွသည္ဆိုလ်ွင္ ခ်စ္ရသူႏွင့္အတူ ရင္ႏွစ္သည္းခ်ာေလးေတြရဲ့ ေဆာ့ကစားေနမႈကို ၾကၫ့္ရႈကာ ျဖတ္သန္းရသၫ့္ အခိုက္အတန႔္တြင္ သဘာဝတရားႀကီးက အလွဆံုးျဖစ္ေနတတ္ျပန္သည္။

🍀

A/N: မနက္ျဖန္ဆို ဇာတ္သိမ္းပါၿပီရွင္(。•́︿•̀。)

🍀

Continue Reading

You'll Also Like

906K 38.3K 109
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
545K 12.4K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
794K 25.7K 58
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
1.9M 90.9K 57
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...