𝙼𝚈 𝙱𝙴𝙻𝙾𝚅𝙴𝙳 [𝐂𝐨𝐦�...

By Daffodil_KJ

91.2K 10.5K 1.9K

တစ္ခါတရံ ကိုယ္သိပ္ခ်စ္တယ္လို႔ထင္တဲ့သူဟာဘဲ ကိုယ္တစ္ကယ္မခ်စ္တဲ့လူတစ္ေယာက္ ျဖစ္ေနတတ္သည္ ❤ တစ်ခါတရံ ကိုယ်သိပ်ချစ်... More

🐰 Episode - 1 🐹
🐰 Episode - 2 🐹
🐰 Episode - 3 🐹
🐰 Episode - 4 🐹
🐰 Episode - 5 🐹
🐰 Episode - 6 🐹
🐰 Episode - 7 🐹
🐰 Episode - 8 🐹
🐰 Episode - 9 🐹
🐰 Episode - 10 🐹
🐰 Episode - 11 🐹
🐰 Episode - 12 🐹
🐰 Episode - 13 🐹
🐰 Episode - 14 🐹
🐰 Episode - 15 🐹
🐰 Episode - 16 🐹
🐰 Episode - 17 🐹
🐰 Episode - 18 🐹
🐰 Episode -20 🐹
🐰 Episode - 21 🐹
🐰 Episode - 22 🐹
🐰 Episode - 23 🐹
🐰 Episode - 24 🐹
🐰 Episode - 25 🐹
🐰 Episode - 26 🐹 ( final )

🐰 Episode - 19 🐹

3.1K 351 70
By Daffodil_KJ

ZAWGYI

"မန္ေနဂ်ာခ်ဳပ္..ဘယ္လိုလုပ္မလဲဗ်ာ...စက္ရံုမႉးက အလုပ္ကိစၥနဲ႔ ႏိုင္ငံရပ္ျခားေရာက္ေနတာ...ဒါေပမယ့္
မနက္ျဖန္ေတာ့ျပန္ေရာက္မွာပါ...တစ္ခါတည္း ဒီမွာညအိပ္ၿပီး ေစာင့္သြားလိုက္ပါလားဟင္"

ေရာက္ေရာက္ခ်င္း စက္ရံုကိုသြားခဲ့ေပမယ့္ စက္ရံုမႉးရွိမေနတာေၾကာင့္ Jimin စိတ္ညစ္သြားသည္။

"အဲ့လိုပဲ လုပ္ရေတာ့မွာေပါ့...ရပါတယ္ တစ္ညဘဲ အိပ္ရမွာကို..မနက္ေစာေစာျပန္ေရာက္မယ္မလား"

"ဟုတ္...မနက္ေစာေစာျပန္ေရာက္မယ္လို႔ေျပာပါတယ္...ဒါနဲ႔ ကၽြန္ေတာ့အိမ္မွာမ်ား လိုက္တည္းရင္ အဆင္ေျပမလားမသိဘူး"

"မလုပ္ပါနဲ႔ ထားလိုက္ပါ..အဲ့ဒါဆို ကၽြန္ေတာ္
သြားေတာ့မယ္ေနာ္"

"Nae...ေကာင္းပါၿပီဗ်ာ"

ထိုေကာင္ေလးအား Jimin ႏႈတ္ဆက္ၿပီး Taehyung ရွိရာ ကားဆီသို႔ စိတ္ပ်က္လက္ပ်က္ ျပန္လာခဲ့ေတာ့သည္။

"အဆင္ေျပခဲ့လား Jimin..."

"Arrnyii...ေတြ႕ခ်င္တဲ့သူက ခရီးထြက္ေနတယ္
တဲ့...မနက္မွ ျပန္လာမယ္ေတာ့ေျပာတယ္"

"အဲ့ေတာ့ မင္းဘယ္လိုလုပ္ခ်င္လဲ"

"တစ္ရက္တည္းနဲ႔ေတာ့ ငါမျပန္ခ်င္ေတာ့ဘူး..ဒီမွွာည
အိပ္ၿပီး မနက္ေတြ႕ၿပီးမွပဲ ျပန္ေတာ့မလားလို႔ စဥ္းစားေနတာ..မင္းအဆင္ေျပရဲ႕လား..မထူးေတာ့ပါဘူး..အိမ္ျပန္တာဘဲ ေကာင္းမယ္ထင္တယ္"

"ရတယ္...ငါက အဆင္ေျပတယ္...မင္းဒီမွာညအိပ္
ခ်င္ရင္ ငါ့အိမ္ရွိတယ္ေလ..ငါလဲ မေရာက္တာ
ၾကာၿပီ...အဲ့ကိုသြားၾကရေအာင္"

"ဟုတ္လား...အဆင္ေျပတာေပါ့"

"အိုေက...တက္...ငါေမာင္းမယ္"

Taehyung က ေမာင္းသူေနရာမွာထိုင္ၿပီး သူကေတာ့ေဘးခံုေလးမွာထိုင္ရင္း ကားေလးကေတာ့ Taehyung အိမ္ေလးဆီသို႔...

ကားေလးက Daegu ၿမိဳ႕ေလးရဲ႕လမ္းမထက္ တဝွီးဝွီး ေမာင္းႏွင္လ်က္ Jimin တစ္ေယာက္ ထိုၿမိဳ႕ေလးရဲ႕ ညအလွရႈခင္းကို ခံစားလို႔ေနသည္။

ေဘးမွန္နဲ႔တင္ အသက္ရႈမဝတာမို႔ ကားအမိုးကိုပါဖြင့္ခ်
လိုက္ၿပီး လတ္လတ္ဆတ္ဆတ္ေလေလးအား ရႉရိွုက္
လိုက္ေတာ့ ႏံုးေနတဲ့ စိတ္ေတြဘယ္ေရာက္သြားမွန္းမသိ...

"ဝိုးးး...."

လက္ေလးႏွစ္ဖက္ကို ဆန္႔တန္းကာ မ်က္လံုးေလးေတြ မွိတ္စင္းထားရင္း လြတ္လပ္မႈအရသာကို ခံစားေနမိသည္။

.
.
.

"ကဲ...ေရာက္ၿပီ Ji...ဟင္...အိပ္ေပ်ာ္သြား
တာလား..."

တစ္လမ္းလံုး တဝူးဝူးတဝါးဝါးေအာ္ဟစ္ၿပီး လိုက္
လာတဲ့ေကာင္ေလးက ပင္ပန္းမႈေတြေပါင္းၿပီး အိပ္ေမာက်ေနလ်က္...

သူလဲ ႏႈိးမေနေတာ့ဘဲ ေဘးျခံက အန္တီႀကီးဆီမွာ
အပ္ထားတဲ့ သူတို႔ျခံေသာ့ေလးကို အေျပးအလႊား
သြားယူလိုက္သည္။

ျခံထဲေရာက္မွ ကားေပၚကဆင္းၿပီး တစ္ဖက္ထိုင္ခံု
ေပၚက Jimin ကိုယ္ေလးအား မႏိုးေအာင္ အသာေလး ေပြ႕ခ်ီလိုက္၏။

ထို႔ေနာက္ အခန္းတစ္ခုဆီသြားၿပီး အရုပ္ေတြျပည့္
ေနတဲ့ ကုတင္ေပၚဖြဖြခ်ေပးၿပီး ေစာင္ေသခ်ာျခံဳေပး
လိုက္သည္။
ကုတင္ေဘးခံုေပၚက သူ႔အနမ္းေအာက္မွာ ျပံဳးရယ္
ေနတဲ့ Seokjin နဲ႔အတူ ႏွစ္ေယာက္တြဲ Photo Frame ေလးကိုျမင္ေတာ့လဲ သူျပံဳးမိေသး
ျပန္သည္။

Seokjin သိရင္ေတာ့ သူရန္ေတြ႕ခံရမွာပင္...
Seokjin ကသူ႔အိပ္ယာေပၚ ဘယ္သူမွအိပ္တာ မႀကိဳက္တာ သူအသိဆံုး..

ခ်စ္ဖို႔ေကာင္းၿပီး ဇီဇာေၾကာင္လြန္းတဲ့ ေကာင္ေလး
က သူ႔အပိုင္ဆိုတဲ့ အေၾကာင္း ထပ္မံေတြးမိျပန္ေတာ့ သူ႔ႏႈတ္ခမ္းေလးေကြးညြတ္သြားျပန္သည္။

"Good Night Jimin..."

ထို႔ေနာက္ အခန္းမီးေလး ပိတ္ေပးၿပီး သူထြက္လာခဲ့
လိုက္ေတာ့သည္။

.
.
.
.
.
.

တစ္ညေနလံုး အခန္းေအာင္းေနၿပီး အေမွာင္ထုႀကီး ႀကီးစိုးလာခ်ိန္မွ အျပင္ထြက္လာမိေတာ့ ဧည့္ခန္း
ထဲမွာ Yeon Somi အပါအဝင္ အကုန္လူစုေန၏။

ခ်က္ခ်င္းအခန္းဆီ ျပန္တက္သြားၿပီး အခန္းထဲက Yeon Somi နဲ႔သက္ဆိုင္သမၽွ ပစၥည္းအားလံုးကို ထုတ္ပိုးၿပီး luggage ႏွစ္ခုကို ဆြဲယူလာခဲ့လိုက္သည္။

ထို luggage ႏွစ္ခုအား Somi ေရွ႕တည့္တည့္ကို ပစ္ခ်လိုက္ၿပီး...

"ငါမင္းမ်က္ႏွာကိုမျမင္ခ်င္တာမို႔ အခုထြက္သြား..."

"ကိုရယ္...Somi ေျပာတာေလး..."

"ထြက္ သြား....ေနာက္တစ္ခြန္းဆို ငါ့အဆိုးမဆိုနဲ႔ေနာ္"

"Jungkook ..အဲ့လိုမလုပ္ပါနဲ႔လား...စိတ္ကိုေလၽွာ့
ၿပီး Somi-ssi ေျပာတာေလးနား.."

"ခင္ဗ်ားနဲ႔ဘာဆိုင္လို႔လဲ Kim Seokjin...ဟမ္...
က်ဳပ္အေမေတာင္ ဝင္ေျပာတာေတြ႕လို႔လား.. ခင္ဗ်ားကဘာမို႔လို႔ ဝင္ေျပာေနရတာလဲ"

လင္မယားႏွစ္ေယာက္ရန္ပြဲမို႔လို႔ ေမေမႀကီးက ဘာမွ ဝင္မေျပာေပမယ့္လဲ Jimin ကလဲ ခရီးသြားေနတာ
ေၾကာင့္ ဒီထက္ ျပႆနာပိုႀကီးလာမွာစိုးလို႔ Seokjin ဝင္ေျပာမိကာမွ ရုတ္တရက္ဆိုသလို အေအာ္ခံလိုက္ရတာမို႔ Seokjin မ်က္ႏွာငယ္ေလး ျဖစ္သြားရင္း ဝမ္းနည္းမႈေတြ ဆို႔တက္လာ၏။

ဟုတ္သားပဲ..သူက ဘာဆိုင္လို႔လဲ...သူက ဒီအိမ္က
အလုပ္သမားပဲကို...သူ႔ပါးစပ္ကိုက ရွည္တာပါ...
ဒါေပမယ့္လဲ ဘာလို႔ ဝမ္းနည္းေနရတာလဲကြာ..

"ဦးေလး Han..ဒီမိန္းမကို သူ႔အိမ္ျပန္လိုက္
ပို႔ေပးလိုက္..."

သူ႔ေနာက္မွာရပ္ေနတဲ့ Driver ဦးေလးႀကီးအား Jungkook ေျပာလိုက္သည္။

"ကို !!"

"မင္းငါ့ကို ေအာ္စရာမလိုဘူး Yeon Somi..ငါမိန္းမ
တစ္ေယာက္ကိုလဲ ရိုက္ႏိုင္တယ္ေနာ္....ငါေနာက္ေန႔ ကြာရွင္းစာခ်ဳပ္ပို႔ေပးလိုက္မွာမို႔ အဲ့အတိုင္းပဲ သိထား
ေပး...ဟက္...ငါ့ဦးေလးနဲ႔လဲ ေပ်ာ္ရႊင္ပါေစ
လို႔ ဆုေတာင္းေပးတယ္ သိလား..ငါ့ဦးေလးကိုလဲ ေျပာလိုက္...ကိုယ့္တူရဲ႕ မိန္းမကိုခိုးယူရတာ ေပ်ာ္ရဲ႕လားလို႔...ၿပီးေတာ့ Congratulation ပါ..
ငါ့ကိုလိမ္ႏိုင္ခဲ့အတြက္..."

Jungkook အသံက ရြဲ႕သလိုလိုနဲ႔ ခက္ထန္ေနေပ
မယ့္လဲ အသံေတြကတုန္ယင္ေနၿပီး မ်က္ရည္ၾကည္
ေတြ ခိုတြဲေနသည္ကို Seokjin သတိထားမိပါသည္။

သူဘယ္ေလာက္ေတာင္ စိတ္မေကာင္းျဖစ္ေနလိမ့္
မလဲ..ဘယ္ေလာက္ေတာင္ ဝမ္းနည္းေနလိမ့္မလဲ...

ေအာ္ဟစ္ေျပာဆိုၿပီးတာနဲ႔ Jungkook တစ္ေယာက္ အေပၚျပန္တက္သြားေလသည္။

ေတာက္.....💥💥

Jungkook ထြက္သြားခါမွ Somi က်ယ္ေလာင္စြာ တက္ ေခါက္ၿပီး Luggage ႏွစ္ခုကိုဆြဲရင္း ထြက္သြားသည္။

ဧည့္ခန္းထဲ သူနဲ႔ ေမေမႀကီးသာ က်န္ခဲ့သည္။

"ေမေမႀကီး အဆင္ေျပရဲ႕လား"

"အြန္း..."

"နားေတာ့မလား...ကၽြန္ေတာ္အခန္းထဲ လိုက္ပို႔ေပး
မယ္ေလ"

"အြန္း..."

ထို႔ေနာက္ ေမေမႀကီးကိုယ္ေလးအား တြဲေပးရင္း အခန္းထဲလိုက္ပို႔ၿပီး ေစာင္ေတြေသခ်ာျခံဳေပး
ၿပီးမွ သူအျပင္ထြက္လာခဲ့လိုက္သည္။

အခန္းျပင္ေရာက္မွ ေမေမႀကီးစကားအား ျပန္ၾကားေယာင္ရင္း...

"Seokjin ေလး...Jungkook ေလးကို ဂရုစိုက္ေပး
ပါလား...Jung...Jungkook ေတာ္ေတာ္ ခံစားေနရ
မွာ...Seokjin ေလးကို သူ႔အတြက္ႏွစ္သိမ့္ေပး
ေစခ်င္တယ္"

သူေခါင္းတစ္ခ်က္ခါၿပီးသာ သူ႔အခန္းဆီထြက္
လာခဲ့လိုက္သည္။ သူ႔အခန္းဆီမေရာက္မီ Jungkook  အခန္းေရွ႕အေရာက္ တံခါးေခါက္ဖို႔
ျပင္ၿပီးမွ တံခါးကိုမထိခင္ သူ႔လက္ေလးရပ္တန္႔သြားသည္။
သူေခါက္ရႏိုး မေခါက္ရႏိုး စဥ္းစားေန၏။

အင္း...ဒီအခ်ိန္မွာ Jungkook လဲ တစ္ယာက္ထဲ
ေနခ်င္မွာေပါ့...မေခါက္ေတာ့ဘဲနဲ႔သာ သူထြက္လာခဲ့လိုက္ေတာ့သည္။

သူတို႔ေတြအားလံုး ဘာေတြကဘယ္လို စမွားခဲ့ၾကတာပါလိမ့္..

.
.
.
.
.
.

"ေတာက္...ေဒါသထြက္လိုက္တာ..."

Luggage ႏွစ္ခုအား ပစ္ခ်ၿပီး ခံုေပၚထိုင္ၿပီး Somi ေျပာလိုက္ေပမယ့္လဲ ေျခေထာက္ခ်ိတ္ထိုင္ရင္း ဝိုင္ေသာက္မျပတ္တဲ့ Choi Dongjae ကေတာ့ သူ႔ကို ဂရုစိုက္ပံုမေပၚ...

"ကိုကို...Somi ေျပာတာၾကားလားလို႔...Somi တို႔အေၾကာင္းကို သိသြားၾကၿပီလို႔"

သူ႔အား ဂရုမစိုက္တဲ့ Dangjae ေပါင္ေပၚ တက္ထိုင္ရင္း ပစ္ခၽြဲခၽြဲအသံနဲ႔ Somi ေျပာသည္။

"အဲ့ေတာ့...မင္းကို အိမ္ေပၚက ေမာင္းခ်လိုက္
ၾကတယ္ေပါ့"

"အြန္း...ဟုတ္တယ္"

"ဟား...ဟား...ဒါဆို ငါ့တူေလးကို သတင္းေလး
ဘာေလး သြားေမးရမွာေပါ့..အဆင္ေျပလား ဘာလား သြားေမးရမယ္...ဟား..ဟား.."

"ကိုကို...ေဘဘီ့ကို မပစ္သြားဘူးမလားဟင္...
ေဘဘီ့မွာ ကိုကိုပဲ ရွိေတာ့တာ"

"ဟုတ္လို႔လား ေဘဘီရဲ႕...မင္း ငါ့တူပိုက္ဆံေတြနဲ႔ Sugar mommy လုပ္ထားတဲ့ ေကာင္ေလးေတြကေရာ.."

"ဟာ..သူတို႔က အေပ်ာ္ေလကြာ...ေဘဘီက ကိုကို႔ကိုပဲ အတည္ၾကံတာ"

"ငါကေတာ့ မင္းကိုအတည္မဟုတ္ဘူး"

ေျပာရင္းနဲ႔ပဲ Dongjae မ်က္လံုးထဲ ႏို႔ႏွစ္ေရာင္
အသားအေရရွိၿပီး ႏႈတ္ခမ္းဖူးဖူးေလးနဲ႔ကေလး
မ်က္ႏွာပိုင္ရွင္ေလးကို ျမင္ေယာင္လာသည္။

"ရတယ္...အတည္မဟုတ္လဲ ရတယ္...အခုေတာ့ ဒီည တဝႀကီး လြတ္လြတ္လပ္လပ္ ေပ်ာ္ရေအာင္ေနာ္"

"အိုေခ...ေဘဘီ့သေဘာ..."

.
.
.
.
.
.

က်ယ္ေလာင္တဲ့ေရက်သံေလးနဲ႔အတူ အျပာႏုေရာင္
လိုက္ကာေလးကေန ေက်ာ္လြန္ၿပီး သူ႔မ်က္ႏွာေပၚ ထင္ဟပ္ေနတဲ့ ေနေရာင္ႏုႏုေလးေၾကာင့္ Taehyung ႏိုးလာခဲ့သည္။
ခ်ိဳသာလြန္းတဲ့ တက်ီက်ီေတးငွက္သံေလးေတြကလဲ မနက္ခင္းအလွကို ေဖာ္ေဆာင္၏။

မ်က္ႏွာသစ္ေရမိုးခ်ိဳးၿပီး Seokjin အခန္းေလးဆီ လာၾကည့္မိေတာ့ Jimin ရွိမေနေတာ့..

"မင္းတို႔ေလးေတြ ဝေအာင္စားေနာ္...ဒါမွ မင္းတို႔အားရွိၿပီး ပ်ံသန္းႏိုင္မွာ..."

ျခံထဲကေန အသံၾကားတာမို႔ ျခံထဲဆင္းလာမိေတာ့ ငွက္ေလးေတြအား အစာေကၽြးေနတဲ့ ေပါက္စေလး
ကိုျမင္မိေတာ့ သူျပံဳးသြားမိသည္။

Seokjin ထက္ေတာင္ ခနၱာကိုယ္ေသးတာမို႔ Seokjin ရဲ႕အက်ႌပြပြေအာက္မွာ ျမဳပ္ေနၿပီး ျမင္ဖူးေနက်မဟုတ္တဲ့ ပံုေလးကေတာ့ အေရွ႕က နဖူးေပၚဝဲက်ေနတဲ့ ဆံပင္ေလးေတြအား သားေရ
ႀကိဳးေလးနဲ႔ ထိပ္မွာ စုစည္းထားျခင္းပင္...

ဝတ္စံုအျပည့္နဲ႔ မာေၾကာေၾကာပံုစံသာ ျမင္ဖူးေနက်
မို႔လို႔လားေတာ့မသိ..ဒီပံုစံေလးကလဲ တစ္မ်ိဳးခ်စ္ဖို
ေကာင္းေနျပန္သည္။

Taehyung ဆက္မသြားမိဘဲ အိမ္ေပါက္ဝတံခါး
ေလးအား လက္ပိုက္မွီရင္း ျခံထဲကျမင္ကြင္းေလး
အား ေငးၾကည့္ေနမိသည္။

"မင္းတို႔ဝေအာင္စားေနာ္...ငါပန္းပင္ ေရေလာင္း
လိုက္ဦးမယ္"

ငွက္ေလးေတြအား တစ္ကိုယ္ထဲ စကားေျပာေနရင္း ျမက္ခင္းျပင္ေပၚမွာရွိတဲ့ ပိုက္တန္းေလးအားမၿပီး ပန္းပင္ေတြေရေလာင္းဖို႔ ျပင္ေနျပန္သည္။

"အာ...Taehyung...ႏိုးလာၿပီလား"

ရုတ္တရက္သူ႔ကိုျမင္သြားတဲ့ Jimin ေၾကာင့္ သူဆက္ေငးလို႔မရေတာ့..

"ေအာ္..အင္း..ခုမွ ႏိုးတာ..."

"ငါညကအိပ္ေပ်ာ္သြားတာ..ဘာမွမသိလိုက္ဘူး..
မင္းအိမ္ထဲ ဘယ္လိုေခၚလာတာလဲ...ငါ့ကိုႏိွုးလိုက္
တာ မဟုတ္ဘူး"

"ရပါတယ္ကြာ..ဘာမွမျဖစ္ပါဘူး..ဒါနဲ႔ ဘာေတြ
လုပ္ေနတာလဲ Jimin..."

"ငါ ပန္းပင္ေလးေတြ ေရေလာင္းေပးမလို႔..ဒါနဲ႔ ဒီပန္းပင္ေတြက မင္းစိုက္ထားတာလား"

"အင္း ဟုတ္တယ္...Jin Hyung နဲ႔အတူ စိုက္ထား
တာ...Jin Hyung က ပန္းပင္စိုက္ရတာ သေဘာ
က်တယ္ေလ..ငါတို႔မရွိတဲ့အခ်ိန္ဆိုရင္ေတာ့ ေဘးျခံ
က အန္တီႀကီးက ေရလာလာေလာင္းေပးပါတယ္"

"အာ..အဲ့လိုလား...ဒီအိမ္ကေရာ...လူမေနဘဲ ဒီလိုပဲ ပစ္ထားတာလား"

"ဒီအိမ္က ငါနဲ႔ Jin Hyung လက္ထပ္ၿပီးရင္ ေနဖို႔ဆိုၿပီးေမေမလက္ဖြဲ႕ထားတာ...တစ္လတစ္ခါ
ေလာက္ေတာ့ Jin Hyung နဲ႔အတူ လာျဖစ္ပါတယ္"

Jimin မ်က္ႏွာထက္ အျပံဳးေလးေတြ ေပ်ာက္ကြယ္
သြား၏။

"ဒါနဲ႔...ငါႏိုးလာေတာ့ အခန္းထဲမွာ အဝတ္အစား
ေလးေတြေတြ႕လို႔ ငါ့မွာလဲ လဲဝတ္စရာမရွိတာနဲ႔ပဲ..."

"ရပါတယ္..ဘာမွမျဖစ္ပါဘူး..အဲ့ဒါ Jin Hyung အဝတ္အစားေတြေလ...ငါတို႔က တစ္ခါလာ
ရင္ ၂ ရက္ ၃ ရက္ေလာက္ေနေတာ့ အဝတ္အစား
ေလးေတြ ထားထားျဖစ္တာမို႔.."

"ေအာ္..."

သူဘာအေျဖေပးရမွန္းမသိတာနဲ႔ပဲ ေအာ္ တစ္လံုးထဲသာ သူေျဖလိုက္သည္။

"ဒါနဲ႔ မင္းကို တစ္ခုေလာက္ေမးလို႔ရမလား Jimin"

"အြန္း ေမးေလ Taehyung.."

"မင္းတို႔ညီအစ္ကိုမွာ မင္းကအႀကီးမလား..ဘာလို႔ မင္းညီ Jungkook က CEO တာဝန္ကိုယူၿပီး မင္းကက် မန္ေနဂ်ာခ်ဳပ္တာဝန္ယူရတာလဲ..ပံုမွန္ဆို သားအႀကီးက ရာထူးပိုျမင့္ရမွာမလား"

"အာ..အဲ့ဒါလား..အမွန္အတိုင္းေျပာရရင္ Jungkook က ငါ့ထက္ေတာ္တယ္ေလ..ၿပီးေတာ့ ငါက ဒီစီးပြားေရးလုပ္ငန္းေတြ စိတ္မဝင္စားဘူးကြ..
အေမ့ေၾကာင့္သာ ႀကိဳးစားပမ္းစားသင္ယူထားၿပီး လုပ္ေနရတာ..အဲ့ေတာ့ စီးပြားေရးဝါသနာပါၿပီး ငါ့ထက္ပိုေတာ္တဲ့ Jungkook ဘဲ Company ကို ဦးေဆာင္ေနတာေပါ့"

"စီးပြားေရးအလုပ္ကို ဝါသနာမပါဘူးဆိုေတာ့ မင္းဝါသနာကဘာလဲ.."

"ငါက Professional Dancer တစ္ဦးျဖစ္ခ်င္တာကြ"

ေျပာရင္းနဲ႔ ဝါသနာကိုစြန္႔လႊတ္လိုက္ရတဲ့အေၾကာင္း ေတြးမိလို႔ စိတ္မေကာင္းျဖစ္သြားတဲ့ မ်က္ႏွာေလး
အား ျပန္ျပံဳးေစရန္လို႔ငွာ Jimin ကိုင္ထားတဲ့ ပိုက္ေရွ႕ Taehyung လက္ဝါးေလးျဖန္႔လိုက္ၿပီး Jimin မ်က္ႏွာေလးအား ေရမႊားေလးေတြစင္
ေအာင္ လုပ္လိုက္သည္။

"အား...Kim Taehyung !! "

"ဘာလဲ...ေျပာၾကည့္..."

ေျပာရင္း Taehyung ခုနကအတိုင္း ဆက္လုပ္၏။

"Yah...ေတာ္ေတာ့လို႔...ေသခ်င္လို႔လား...Yah...
ေတြ႕မယ္"

Jimin မ်က္ႏွာေလးထက္ အျပံဳးေတြ ျပန္ေပၚလာ၏။

Jimin စိတ္မရွည္စြာနဲ႔ပဲ လက္ထဲကပိုက္အား Taehyung ေရွ႕ ပက္ျဖန္းလိုက္ေတာ့ Taehyung တစ္ကိုယ္လံုး စိုရႊဲသြားသည္။

"Yah...Jeon Jimin..."

"ဘာလဲ...Blah..Blah..."

လၽွာထုတ္ေျပာင္ျပတဲ့ Jimin ဆီက ပိုက္ကို Taehyung လုသည္။မရတဲ့အဆံုး Jimin ခါးအား ကလိထိုး၏။
ပိုက္က သူတို႔ႏွစ္ေယာက္ၾကားမွာ ဟိုဘက္ေရာက္
ဒီဘက္ေရာက္ျဖစ္ေနတာမို႔ ႏွစ္ေယာက္လံုး စိုရႊဲကုန္သည္။

"အား...ဟား...ဟား..Yah..."

Jimin ေနာက္မွ ေနရာယူရင္း လက္တစ္ဖက္က ခါးအား ကလိထိုးေနၿပီး က်န္တစ္ဖက္က လက္ထဲက ပိုက္အား Taehyung လုေနတာမို႔ ယခုပံုစံကေတာ့ Jimin ခါးအား Taehyung ဖက္ထားသလိုျဖစ္ေနၿပီး တစ္ဖန္ Jimin လက္ေလးအားလဲ ထပ္ကိုင္ထားသလို ျဖစ္ေနသည္။

Taehyung ထက္ အရပ္နည္းနည္းပုၿပီး အေကာင္ေသးသည္မို႔ Taehyung ရင္ခြင္ထဲ Jimin ကိုယ္ေလး ျမဳပ္လို႔ေန၏။

ရုတ္တရက္ Jimin အေနာက္ကို ေခါင္းေလးေစာင္း
ၾကည့္လိုက္ေတာ့ သူ႔မ်က္ႏွာနဲ႔ ထိကပ္လုမတတ္ နီးကပ္ေနေသာ Taehyung မ်က္ႏွာေလး..

သူ႔အခ်ိန္ေတြ ရပ္တန္႔သြားသလိုပင္...

ေရစက္ေလးေတြ တြဲခိုေနတဲ့ အျပာေရာင္ ဆံပင္
ေကာက္ေကာက္ေလးေတြ...စူးရွေနတဲ့ မ်က္ဝန္း
တစ္စံုက သူ႔ကိုစူးစိုက္ၾကည့္ေနသလိုလို...ႏွာတံ
ထိပ္ေလးက မွဲ႔ေလးကအစ သူျမတ္ႏိုးရပါ၏။

Taehyung မ်က္ႏွာေလး တျဖည္းျဖည္း ေရွ႕တိုးလာသလို ခံစားရသည္။
မဟုတ္ဘူးမလား..သူထင္တာ မဟုတ္ေလာက္ပါဘူး..

စိတ္ထဲကသာ ျငင္းေနေပမယ့္ မ်က္လံုးေတြကေတာ့ အလိုက္သိစြာပင္ မွိတ္ဆင္းလို႔သြားသလို လက္ထဲက ပိုက္ေလးဟာလဲ ေျမခသြားခဲ့သည္။

ထို႔ေနာက္ ႏႈတ္ခမ္းဖူးထက္ ခံစားလိုက္ရတဲ့ ႏူးညံ့တဲ့ အထိအေတြ႕....ခ်ိဳၿမိန္လိုက္တာ..ဒီေလာက္ဆို သူေသေပ်ာ္ၿပီ..

Taehyung ဘာျဖစ္လို႔ ဒီလိုအျပဳအမူလုပ္လဲ သူမသိေပမယ့္ ဒီအေျခအေနေလးအား သူေက်နပ္ေနပါသည္။
အသိစိတ္က Seokjin ကို အားနာမိေပမယ့္ မသိစိတ္ေလးကေတာ့ သူေပ်ာ္ေနသည္။

ခ်ိဳၿမိန္လြန္းတဲ့ Taehyung အနမ္းေတြအား ေျခ
ဖ်ားေလးေထာက္ရင္း ႏူးညံ့စြာပင္ တံု႔ျပန္ေပးေနမိသည္။

သို႔ေပမယ့္ ဘယ္ေလာက္မွမၾကာ တြန္းထုတ္ခံ
လိုက္ရတဲ့ သူ႔ခနၱာကိုယ္ေလး...အားမျပင္းေပမယ့္လဲ Taehyung ခနၱာကိုယ္နဲ႔ ေတာ္ေတာ္ေလး ေဝးကြာသြားသလို ခံစားလိုက္ရသည္။

"ေဆာ...ေဆာရီး..ငါ...ငါ...ေတာင္းပန္ပါတယ္"

မတည္မၿငိမ္နဲ႔ေျပာလာတဲ့ Taehyung အသံေတြက တုန္ယင္ေနသည္။
သူ႔စကားကိုပင္ နားမေထာင္ေတာ့ဘဲ အိမ္ထဲေျပးဝင္
သြားေသာ Taehyung ေက်ာျပင္ေလးအား သူလိုက္ၾကည့္ေနမိသည္။

စိတ္လြတ္သြားလို႔ပဲျဖစ္ျဖစ္ အမွားတစ္ခုပဲျဖစ္ျဖစ္ ငါေပ်ာ္တယ္ Taehyung...ေနာက္ဆံုး မင္းပိုင္ရွင္ဆီပဲ ျပန္ေရာက္သြားမယ္ ဆိုရင္ေတာင္မွေပါ့..

.
.
.

Taehyung အခန္းထဲေရာက္တာနဲ႔ တံခါးကိုအား
နဲ႔ပိတ္လိုက္ၿပီး အခန္းထဲ ဟိုဘက္ဒီဘက္ေလၽွာက္
ေနရင္း သူ႔စိတ္သူၿငိမ္ေအာင္ လုပ္ေနရသည္။

"အား...ငါ..ငါဘာေတြ လုပ္မိလိုက္တာလဲ...ငါ..ငါက Jimin ကို ဘယ္လိုလုပ္ၿပီး...အား..ရူးခ်င္တာဘဲ"

ေရစက္ေလးေတြ ျပည့္ေနလ်က္ ျဖဴအုေနတဲ့ မ်က္
ႏွာေလး သူ႔ဘက္လွည့္လာေတာ့ ပိုက္ကိုဆက္မလု
ျဖစ္ေတာ့ေပ...ႏွာတံသြယ္သြယ္ေလးနဲ႔အတူ ေဖာင္းအိေနတဲ့ ပါးေလးတစ္စံုကလဲ ကိုင္ခ်င္စရာအတိ...
ေနာက္ဆံုး Seokjin ေလာက္မဟုတ္ေပမယ့္လဲ ခပ္ထူထူႏႈတ္ခမ္းေလးကိုျမင္ေတာ့ သူခံႏိုင္ရည္
ေတြမရွိေတာ့ေပ...

Jimin ကိုအနီးကပ္ျမင္ဖူးေပမယ့္ ဒီေလာက္ထိ
အေသးစိတ္က်က် ၾကည့္ေကာင္းလြန္းလိမ့္လို႔ သူမထင္ခဲ့..ေခ်ာတာထက္ကို ပိုပါသည္။

ဦးေႏွာက္ကသတိေပးေပမယ့္လဲ ခနၱာကိုယ္ေလးက အလိုက္မသိစြာပင္ ေရွ႕ဆက္တိုးလို႔ေနသည္။
ႏႈတ္ခမ္းသားအိအိေလးကို ထိေတြ႕လိုက္ခ်ိန္မွာေတာ့ သူ႔ဦးေႏွာက္ထဲ ဘာဆိုဘာမွမရွိေတာ့..သူသိပ္ခ်စ္
တယ္ဆိုတဲ့ Seokjin ကိုေတာင္ ေမ့ေနခဲ့သည္မဟုတ္လား..

သို႔ေပမယ့္လဲ ရုတ္တရက္ဆိုသလို မွိတ္ဆင္းထားတဲ့ သူ႔မ်က္ဝန္းေတြထဲ Seokjin မ်က္ႏွာေလးထင္ေပၚ
လာသည္။ခ်က္ခ်င္းပင္ Jimin ကိုယ္ေလးအား သူတြန္းထုတ္လိုက္မိ၏။

"အား...ငါ..ငါဘာလို႔ Jin Hyung ကို ေမ့သြားရတာ
လဲ...မဟုတ္ဘူး...မင္းရဲ႕အမွားတစ္ခုပဲ..ဟုတ္တယ္..ခဏတာအမွားဘဲ..မင္းက Jin Hyung ကို အရမ္း
ခ်စ္တာေလ..သူ႔ကို Jin Hyung လို႔ထင္သြားလို႔
ပါ..ဟား..ဟား..Kim Taehyung...မင္းကေတာ့ အရူးဘဲ..."

ပါးစပ္ကသာ Seokjin ကိုဘယ္ေလာက္ခ်စ္
ေၾကာင္း တဖြဖြေျပာေနေပမယ့္ သူ႔ႏွလံုးသားေလး
နာက်င္ေနမႈအား မ်က္ကြယ္ျပဳထားတာကိုေတာ့ Taehyung မသိလိုက္...

အခန္းျပင္ကေကာင္ေလးကလဲ ထိုစကားေတြအား
ၾကားၿပီး အခန္းထဲကေကာင္ေလး ၾကားမွာစိုးလို႔ လက္ခံုေလးအား ဖိကိုက္ၿပီး ရိွုက္ႀကီးတငင္ ငိုေႂကြးေနေလရဲ႕...

MY BELOVED

To be continued...

Thank you for reading and voting

Love you all 💜💜

_________________________________________

UNICODE

"မန်နေဂျာချုပ်..ဘယ်လိုလုပ်မလဲဗျာ...စက်ရုံမှူးက အလုပ်ကိစ္စနဲ့ နိုင်ငံရပ်ခြားရောက်နေတာ...ဒါပေမယ့်
မနက်ဖြန်တော့ပြန်ရောက်မှာပါ...တစ်ခါတည်း ဒီမှာညအိပ်ပြီး စောင့်သွားလိုက်ပါလားဟင်"

ရောက်ရောက်ချင်း စက်ရုံကိုသွားခဲ့ပေမယ့် စက်ရုံမှူးရှိမနေတာကြောင့် Jimin စိတ်ညစ်သွားသည်။

"အဲ့လိုပဲ လုပ်ရတော့မှာပေါ့...ရပါတယ် တစ်ညဘဲ အိပ်ရမှာကို..မနက်စောစောပြန်ရောက်မယ်မလား"

"ဟုတ်...မနက်စောစောပြန်ရောက်မယ်လို့ပြောပါတယ်...ဒါနဲ့ ကျွန်တော့အိမ်မှာများ လိုက်တည်းရင် အဆင်ပြေမလားမသိဘူး"

"မလုပ်ပါနဲ့ ထားလိုက်ပါ..အဲ့ဒါဆို ကျွန်တော်
သွားတော့မယ်နော်"

"Nae...ကောင်းပါပြီဗျာ"

ထိုကောင်လေးအား Jimin နှုတ်ဆက်ပြီး Taehyung ရှိရာ ကားဆီသို့ စိတ်ပျက်လက်ပျက် ပြန်လာခဲ့တော့သည်။

"အဆင်ပြေခဲ့လား Jimin..."

"Arrnyii...တွေ့ချင်တဲ့သူက ခရီးထွက်နေတယ်
တဲ့...မနက်မှ ပြန်လာမယ်တော့ပြောတယ်"

"အဲ့တော့ မင်းဘယ်လိုလုပ်ချင်လဲ"

"တစ်ရက်တည်းနဲ့တော့ ငါမပြန်ချင်တော့ဘူး..ဒီမှှာည
အိပ်ပြီး မနက်တွေ့ပြီးမှပဲ ပြန်တော့မလားလို့ စဉ်းစားနေတာ..မင်းအဆင်ပြေရဲ့လား..မထူးတော့ပါဘူး..အိမ်ပြန်တာဘဲ ကောင်းမယ်ထင်တယ်"

"ရတယ်...ငါက အဆင်ပြေတယ်...မင်းဒီမှာညအိပ်
ချင်ရင် ငါ့အိမ်ရှိတယ်လေ..ငါလဲ မရောက်တာ
ကြာပြီ...အဲ့ကိုသွားကြရအောင်"

"ဟုတ်လား...အဆင်ပြေတာပေါ့"

"အိုကေ...တက်...ငါမောင်းမယ်"

Taehyung က မောင်းသူနေရာမှာထိုင်ပြီး သူကတော့ဘေးခုံလေးမှာထိုင်ရင်း ကားလေးကတော့ Taehyung အိမ်လေးဆီသို့...

ကားလေးက Daegu မြို့လေးရဲ့လမ်းမထက် တဝှီးဝှီး မောင်းနှင်လျက် Jimin တစ်ယောက် ထိုမြို့လေးရဲ့ ညအလှရှုခင်းကို ခံစားလို့နေသည်။

ဘေးမှန်နဲ့တင် အသက်ရှုမဝတာမို့ ကားအမိုးကိုပါဖွင့်ချ
လိုက်ပြီး လတ်လတ်ဆတ်ဆတ်လေလေးအား ရှူရှိုက်
လိုက်တော့ နုံးနေတဲ့ စိတ်တွေဘယ်ရောက်သွားမှန်းမသိ...

"ဝိုးးး...."

လက်လေးနှစ်ဖက်ကို ဆန့်တန်းကာ မျက်လုံးလေးတွေ မှိတ်စင်းထားရင်း လွတ်လပ်မှုအရသာကို ခံစားနေမိသည်။

.
.
.

"ကဲ...ရောက်ပြီ Ji...ဟင်...အိပ်ပျော်သွား
တာလား..."

တစ်လမ်းလုံး တဝူးဝူးတဝါးဝါးအော်ဟစ်ပြီး လိုက်
လာတဲ့ကောင်လေးက ပင်ပန်းမှုတွေပေါင်းပြီး အိပ်မောကျနေလျက်...

သူလဲ နှိုးမနေတော့ဘဲ ဘေးခြံက အန်တီကြီးဆီမှာ
အပ်ထားတဲ့ သူတို့ခြံသော့လေးကို အပြေးအလွှား
သွားယူလိုက်သည်။

ခြံထဲရောက်မှ ကားပေါ်ကဆင်းပြီး တစ်ဖက်ထိုင်ခုံ
ပေါ်က Jimin ကိုယ်လေးအား မနိုးအောင် အသာလေး ပွေ့ချီလိုက်၏။

ထို့နောက် အခန်းတစ်ခုဆီသွားပြီး အရုပ်တွေပြည့်
နေတဲ့ ကုတင်ပေါ်ဖွဖွချပေးပြီး စောင်သေချာခြုံပေး
လိုက်သည်။
ကုတင်ဘေးခုံပေါ်က သူ့အနမ်းအောက်မှာ ပြုံးရယ်
နေတဲ့ Seokjin နဲ့အတူ နှစ်ယောက်တွဲ Photo Frame လေးကိုမြင်တော့လဲ သူပြုံးမိသေး
ပြန်သည်။

Seokjin သိရင်တော့ သူရန်တွေ့ခံရမှာပင်...
Seokjin ကသူ့အိပ်ယာပေါ် ဘယ်သူမှအိပ်တာ မကြိုက်တာ သူအသိဆုံး..

ချစ်ဖို့ကောင်းပြီး ဇီဇာကြောင်လွန်းတဲ့ ကောင်လေး
က သူ့အပိုင်ဆိုတဲ့ အကြောင်း ထပ်မံတွေးမိပြန်တော့ သူ့နှုတ်ခမ်းလေးကွေးညွတ်သွားပြန်သည်။

"Good Night Jimin..."

ထို့နောက် အခန်းမီးလေး ပိတ်ပေးပြီး သူထွက်လာခဲ့
လိုက်တော့သည်။

.
.
.
.
.
.

တစ်ညနေလုံး အခန်းအောင်းနေပြီး အမှောင်ထုကြီး ကြီးစိုးလာချိန်မှ အပြင်ထွက်လာမိတော့ ဧည့်ခန်း
ထဲမှာ Yeon Somi အပါအဝင် အကုန်လူစုနေ၏။

ချက်ချင်းအခန်းဆီ ပြန်တက်သွားပြီး အခန်းထဲက Yeon Somi နဲ့သက်ဆိုင်သမျှ ပစ္စည်းအားလုံးကို ထုတ်ပိုးပြီး luggage နှစ်ခုကို ဆွဲယူလာခဲ့လိုက်သည်။

ထို luggage နှစ်ခုအား Somi ရှေ့တည့်တည့်ကို ပစ်ချလိုက်ပြီး...

"ငါမင်းမျက်နှာကိုမမြင်ချင်တာမို့ အခုထွက်သွား..."

"ကိုရယ်...Somi ပြောတာလေး..."

"ထွက် သွား....နောက်တစ်ခွန်းဆို ငါ့အဆိုးမဆိုနဲ့နော်"

"Jungkook ..အဲ့လိုမလုပ်ပါနဲ့လား...စိတ်ကိုလျှော့
ပြီး Somi-ssi ပြောတာလေးနား.."

"ခင်ဗျားနဲ့ဘာဆိုင်လို့လဲ Kim Seokjin...ဟမ်...
ကျုပ်အမေတောင် ဝင်ပြောတာတွေ့လို့လား.. ခင်ဗျားကဘာမို့လို့ ဝင်ပြောနေရတာလဲ"

လင်မယားနှစ်ယောက်ရန်ပွဲမို့လို့ မေမေကြီးက ဘာမှ ဝင်မပြောပေမယ့်လဲ Jimin ကလဲ ခရီးသွားနေတာ
ကြောင့် ဒီထက် ပြဿနာပိုကြီးလာမှာစိုးလို့ Seokjin ဝင်ပြောမိကာမှ ရုတ်တရက်ဆိုသလို အအော်ခံလိုက်ရတာမို့ Seokjin မျက်နှာငယ်လေး ဖြစ်သွားရင်း ဝမ်းနည်းမှုတွေ ဆို့တက်လာ၏။

ဟုတ်သားပဲ..သူက ဘာဆိုင်လို့လဲ...သူက ဒီအိမ်က
အလုပ်သမားပဲကို...သူ့ပါးစပ်ကိုက ရှည်တာပါ...
ဒါပေမယ့်လဲ ဘာလို့ ဝမ်းနည်းနေရတာလဲကွာ..

"ဦးလေး Han..ဒီမိန်းမကို သူ့အိမ်ပြန်လိုက်
ပို့ပေးလိုက်..."

သူ့နောက်မှာရပ်နေတဲ့ Driver ဦးလေးကြီးအား Jungkook ပြောလိုက်သည်။

"ကို !!"

"မင်းငါ့ကို အော်စရာမလိုဘူး Yeon Somi..ငါမိန်းမ
တစ်ယောက်ကိုလဲ ရိုက်နိုင်တယ်နော်....ငါနောက်နေ့ ကွာရှင်းစာချုပ်ပို့ပေးလိုက်မှာမို့ အဲ့အတိုင်းပဲ သိထား
ပေး...ဟက်...ငါ့ဦးလေးနဲ့လဲ ပျော်ရွှင်ပါစေ
လို့ ဆုတောင်းပေးတယ် သိလား..ငါ့ဦးလေးကိုလဲ ပြောလိုက်...ကိုယ့်တူရဲ့ မိန်းမကိုခိုးယူရတာ ပျော်ရဲ့လားလို့...ပြီးတော့ Congratulation ပါ..
ငါ့ကိုလိမ်နိုင်ခဲ့အတွက်..."

Jungkook အသံက ရွဲ့သလိုလိုနဲ့ ခက်ထန်နေပေ
မယ့်လဲ အသံတွေကတုန်ယင်နေပြီး မျက်ရည်ကြည်
တွေ ခိုတွဲနေသည်ကို Seokjin သတိထားမိပါသည်။

သူဘယ်လောက်တောင် စိတ်မကောင်းဖြစ်နေလိမ့်
မလဲ..ဘယ်လောက်တောင် ဝမ်းနည်းနေလိမ့်မလဲ...

အော်ဟစ်ပြောဆိုပြီးတာနဲ့ Jungkook တစ်ယောက် အပေါ်ပြန်တက်သွားလေသည်။

တောက်.....💥💥

Jungkook ထွက်သွားခါမှ Somi ကျယ်လောင်စွာ တက် ခေါက်ပြီး Luggage နှစ်ခုကိုဆွဲရင်း ထွက်သွားသည်။

ဧည့်ခန်းထဲ သူနဲ့ မေမေကြီးသာ ကျန်ခဲ့သည်။

"မေမေကြီး အဆင်ပြေရဲ့လား"

"အွန်း..."

"နားတော့မလား...ကျွန်တော်အခန်းထဲ လိုက်ပို့ပေး
မယ်လေ"

"အွန်း..."

ထို့နောက် မေမေကြီးကိုယ်လေးအား တွဲပေးရင်း အခန်းထဲလိုက်ပို့ပြီး စောင်တွေသေချာခြုံပေး
ပြီးမှ သူအပြင်ထွက်လာခဲ့လိုက်သည်။

အခန်းပြင်ရောက်မှ မေမေကြီးစကားအား ပြန်ကြားယောင်ရင်း...

"Seokjin လေး...Jungkook လေးကို ဂရုစိုက်ပေး
ပါလား...Jung...Jungkook တော်တော် ခံစားနေရ
မှာ...Seokjin လေးကို သူ့အတွက်နှစ်သိမ့်ပေး
စေချင်တယ်"

သူခေါင်းတစ်ချက်ခါပြီးသာ သူ့အခန်းဆီထွက်
လာခဲ့လိုက်သည်။ သူ့အခန်းဆီမရောက်မီ Jungkook  အခန်းရှေ့အရောက် တံခါးခေါက်ဖို့
ပြင်ပြီးမှ တံခါးကိုမထိခင် သူ့လက်လေးရပ်တန့်သွားသည်။
သူခေါက်ရနိုး မခေါက်ရနိုး စဉ်းစားနေ၏။

အင်း...ဒီအချိန်မှာ Jungkook လဲ တစ်ယာက်ထဲ
နေချင်မှာပေါ့...မခေါက်တော့ဘဲနဲ့သာ သူထွက်လာခဲ့လိုက်တော့သည်။

သူတို့တွေအားလုံး ဘာတွေကဘယ်လို စမှားခဲ့ကြတာပါလိမ့်..

.
.
.
.
.
.

"တောက်...ဒေါသထွက်လိုက်တာ..."

Luggage နှစ်ခုအား ပစ်ချပြီး ခုံပေါ်ထိုင်ပြီး Somi ပြောလိုက်ပေမယ့်လဲ ခြေထောက်ချိတ်ထိုင်ရင်း ဝိုင်သောက်မပြတ်တဲ့ Choi Dongjae ကတော့ သူ့ကို ဂရုစိုက်ပုံမပေါ်...

"ကိုကို...Somi ပြောတာကြားလားလို့...Somi တို့အကြောင်းကို သိသွားကြပြီလို့"

သူ့အား ဂရုမစိုက်တဲ့ Dangjae ပေါင်ပေါ် တက်ထိုင်ရင်း ပစ်ချွဲချွဲအသံနဲ့ Somi ပြောသည်။

"အဲ့တော့...မင်းကို အိမ်ပေါ်က မောင်းချလိုက်
ကြတယ်ပေါ့"

"အွန်း...ဟုတ်တယ်"

"ဟား...ဟား...ဒါဆို ငါ့တူလေးကို သတင်းလေး
ဘာလေး သွားမေးရမှာပေါ့..အဆင်ပြေလား ဘာလား သွားမေးရမယ်...ဟား..ဟား.."

"ကိုကို...ဘေဘီ့ကို မပစ်သွားဘူးမလားဟင်...
ဘေဘီ့မှာ ကိုကိုပဲ ရှိတော့တာ"

"ဟုတ်လို့လား ဘေဘီရဲ့...မင်း ငါ့တူပိုက်ဆံတွေနဲ့ Sugar mommy လုပ်ထားတဲ့ ကောင်လေးတွေကရော.."

"ဟာ..သူတို့က အပျော်လေကွာ...ဘေဘီက ကိုကို့ကိုပဲ အတည်ကြံတာ"

"ငါကတော့ မင်းကိုအတည်မဟုတ်ဘူး"

ပြောရင်းနဲ့ပဲ Dongjae မျက်လုံးထဲ နို့နှစ်ရောင်
အသားအရေရှိပြီး နှုတ်ခမ်းဖူးဖူးလေးနဲ့ကလေး
မျက်နှာပိုင်ရှင်လေးကို မြင်ယောင်လာသည်။

"ရတယ်...အတည်မဟုတ်လဲ ရတယ်...အခုတော့ ဒီည တဝကြီး လွတ်လွတ်လပ်လပ် ပျော်ရအောင်နော်"

"အိုခေ...ဘေဘီ့သဘော..."

.
.
.
.
.
.

ကျယ်လောင်တဲ့ရေကျသံလေးနဲ့အတူ အပြာနုရောင်
လိုက်ကာလေးကနေ ကျော်လွန်ပြီး သူ့မျက်နှာပေါ် ထင်ဟပ်နေတဲ့ နေရောင်နုနုလေးကြောင့် Taehyung နိုးလာခဲ့သည်။
ချိုသာလွန်းတဲ့ တကျီကျီတေးငှက်သံလေးတွေကလဲ မနက်ခင်းအလှကို ဖော်ဆောင်၏။

မျက်နှာသစ်ရေမိုးချိုးပြီး Seokjin အခန်းလေးဆီ လာကြည့်မိတော့ Jimin ရှိမနေတော့..

"မင်းတို့လေးတွေ ဝအောင်စားနော်...ဒါမှ မင်းတို့အားရှိပြီး ပျံသန်းနိုင်မှာ..."

ခြံထဲကနေ အသံကြားတာမို့ ခြံထဲဆင်းလာမိတော့ ငှက်လေးတွေအား အစာကျွေးနေတဲ့ ပေါက်စလေး
ကိုမြင်မိတော့ သူပြုံးသွားမိသည်။

Seokjin ထက်တောင် ခန္တာကိုယ်သေးတာမို့ Seokjin ရဲ့အကျႌပွပွအောက်မှာ မြုပ်နေပြီး မြင်ဖူးနေကျမဟုတ်တဲ့ ပုံလေးကတော့ အရှေ့က နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်လေးတွေအား သားရေ
ကြိုးလေးနဲ့ ထိပ်မှာ စုစည်းထားခြင်းပင်...

ဝတ်စုံအပြည့်နဲ့ မာကြောကြောပုံစံသာ မြင်ဖူးနေကျ
မို့လို့လားတော့မသိ..ဒီပုံစံလေးကလဲ တစ်မျိုးချစ်ဖို
ကောင်းနေပြန်သည်။

Taehyung ဆက်မသွားမိဘဲ အိမ်ပေါက်ဝတံခါး
လေးအား လက်ပိုက်မှီရင်း ခြံထဲကမြင်ကွင်းလေး
အား ငေးကြည့်နေမိသည်။

"မင်းတို့ဝအောင်စားနော်...ငါပန်းပင် ရေလောင်း
လိုက်ဦးမယ်"

ငှက်လေးတွေအား တစ်ကိုယ်ထဲ စကားပြောနေရင်း မြက်ခင်းပြင်ပေါ်မှာရှိတဲ့ ပိုက်တန်းလေးအားမပြီး ပန်းပင်တွေရေလောင်းဖို့ ပြင်နေပြန်သည်။

"အာ...Taehyung...နိုးလာပြီလား"

ရုတ်တရက်သူ့ကိုမြင်သွားတဲ့ Jimin ကြောင့် သူဆက်ငေးလို့မရတော့..

"အော်..အင်း..ခုမှ နိုးတာ..."

"ငါညကအိပ်ပျော်သွားတာ..ဘာမှမသိလိုက်ဘူး..
မင်းအိမ်ထဲ ဘယ်လိုခေါ်လာတာလဲ...ငါ့ကိုနှိုးလိုက်
တာ မဟုတ်ဘူး"

"ရပါတယ်ကွာ..ဘာမှမဖြစ်ပါဘူး..ဒါနဲ့ ဘာတွေ
လုပ်နေတာလဲ Jimin..."

"ငါ ပန်းပင်လေးတွေ ရေလောင်းပေးမလို့..ဒါနဲ့ ဒီပန်းပင်တွေက မင်းစိုက်ထားတာလား"

"အင်း ဟုတ်တယ်...Jin Hyung နဲ့အတူ စိုက်ထား
တာ...Jin Hyung က ပန်းပင်စိုက်ရတာ သဘော
ကျတယ်လေ..ငါတို့မရှိတဲ့အချိန်ဆိုရင်တော့ ဘေးခြံ
က အန်တီကြီးက ရေလာလာလောင်းပေးပါတယ်"

"အာ..အဲ့လိုလား...ဒီအိမ်ကရော...လူမနေဘဲ ဒီလိုပဲ ပစ်ထားတာလား"

"ဒီအိမ်က ငါနဲ့ Jin Hyung လက်ထပ်ပြီးရင် နေဖို့ဆိုပြီးမေမေလက်ဖွဲ့ထားတာ...တစ်လတစ်ခါ
လောက်တော့ Jin Hyung နဲ့အတူ လာဖြစ်ပါတယ်"

Jimin မျက်နှာထက် အပြုံးလေးတွေ ပျောက်ကွယ်
သွား၏။

"ဒါနဲ့...ငါနိုးလာတော့ အခန်းထဲမှာ အဝတ်အစား
လေးတွေတွေ့လို့ ငါ့မှာလဲ လဲဝတ်စရာမရှိတာနဲ့ပဲ..."

"ရပါတယ်..ဘာမှမဖြစ်ပါဘူး..အဲ့ဒါ Jin Hyung အဝတ်အစားတွေလေ...ငါတို့က တစ်ခါလာ
ရင် ၂ ရက် ၃ ရက်လောက်နေတော့ အဝတ်အစား
လေးတွေ ထားထားဖြစ်တာမို့.."

"အော်..."

သူဘာအဖြေပေးရမှန်းမသိတာနဲ့ပဲ အော် တစ်လုံးထဲသာ သူဖြေလိုက်သည်။

"ဒါနဲ့ မင်းကို တစ်ခုလောက်မေးလို့ရမလား Jimin"

"အွန်း မေးလေ Taehyung.."

"မင်းတို့ညီအစ်ကိုမှာ မင်းကအကြီးမလား..ဘာလို့ မင်းညီ Jungkook က CEO တာဝန်ကိုယူပြီး မင်းကကျ မန်နေဂျာချုပ်တာဝန်ယူရတာလဲ..ပုံမှန်ဆို သားအကြီးက ရာထူးပိုမြင့်ရမှာမလား"

"အာ..အဲ့ဒါလား..အမှန်အတိုင်းပြောရရင် Jungkook က ငါ့ထက်တော်တယ်လေ..ပြီးတော့ ငါက ဒီစီးပွားရေးလုပ်ငန်းတွေ စိတ်မဝင်စားဘူးကွ..
အမေ့ကြောင့်သာ ကြိုးစားပမ်းစားသင်ယူထားပြီး လုပ်နေရတာ..အဲ့တော့ စီးပွားရေးဝါသနာပါပြီး ငါ့ထက်ပိုတော်တဲ့ Jungkook ဘဲ Company ကို ဦးဆောင်နေတာပေါ့"

"စီးပွားရေးအလုပ်ကို ဝါသနာမပါဘူးဆိုတော့ မင်းဝါသနာကဘာလဲ.."

"ငါက Professional Dancer တစ်ဦးဖြစ်ချင်တာကွ"

ပြောရင်းနဲ့ ဝါသနာကိုစွန့်လွှတ်လိုက်ရတဲ့အကြောင်း တွေးမိလို့ စိတ်မကောင်းဖြစ်သွားတဲ့ မျက်နှာလေး
အား ပြန်ပြုံးစေရန်လို့ငှာ Jimin ကိုင်ထားတဲ့ ပိုက်ရှေ့ Taehyung လက်ဝါးလေးဖြန့်လိုက်ပြီး Jimin မျက်နှာလေးအား ရေမွှားလေးတွေစင်
အောင် လုပ်လိုက်သည်။

"အား...Kim Taehyung !! "

"ဘာလဲ...ပြောကြည့်..."

ပြောရင်း Taehyung ခုနကအတိုင်း ဆက်လုပ်၏။

"Yah...တော်တော့လို့...သေချင်လို့လား...Yah...
တွေ့မယ်"

Jimin မျက်နှာလေးထက် အပြုံးတွေ ပြန်ပေါ်လာ၏။

Jimin စိတ်မရှည်စွာနဲ့ပဲ လက်ထဲကပိုက်အား Taehyung ရှေ့ ပက်ဖြန်းလိုက်တော့ Taehyung တစ်ကိုယ်လုံး စိုရွှဲသွားသည်။

"Yah...Jeon Jimin..."

"ဘာလဲ...Blah..Blah..."

လျှာထုတ်ပြောင်ပြတဲ့ Jimin ဆီက ပိုက်ကို Taehyung လုသည်။မရတဲ့အဆုံး Jimin ခါးအား ကလိထိုး၏။
ပိုက်က သူတို့နှစ်ယောက်ကြားမှာ ဟိုဘက်ရောက်
ဒီဘက်ရောက်ဖြစ်နေတာမို့ နှစ်ယောက်လုံး စိုရွှဲကုန်သည်။

"အား...ဟား...ဟား..Yah..."

Jimin နောက်မှ နေရာယူရင်း လက်တစ်ဖက်က ခါးအား ကလိထိုးနေပြီး ကျန်တစ်ဖက်က လက်ထဲက ပိုက်အား Taehyung လုနေတာမို့ ယခုပုံစံကတော့ Jimin ခါးအား Taehyung ဖက်ထားသလိုဖြစ်နေပြီး တစ်ဖန် Jimin လက်လေးအားလဲ ထပ်ကိုင်ထားသလို ဖြစ်နေသည်။

Taehyung ထက် အရပ်နည်းနည်းပုပြီး အကောင်သေးသည်မို့ Taehyung ရင်ခွင်ထဲ Jimin ကိုယ်လေး မြုပ်လို့နေ၏။

ရုတ်တရက် Jimin အနောက်ကို ခေါင်းလေးစောင်း
ကြည့်လိုက်တော့ သူ့မျက်နှာနဲ့ ထိကပ်လုမတတ် နီးကပ်နေသော Taehyung မျက်နှာလေး..

သူ့အချိန်တွေ ရပ်တန့်သွားသလိုပင်...

ရေစက်လေးတွေ တွဲခိုနေတဲ့ အပြာရောင် ဆံပင်
ကောက်ကောက်လေးတွေ...စူးရှနေတဲ့ မျက်ဝန်း
တစ်စုံက သူ့ကိုစူးစိုက်ကြည့်နေသလိုလို...နှာတံ
ထိပ်လေးက မှဲ့လေးကအစ သူမြတ်နိုးရပါ၏။

Taehyung မျက်နှာလေး တဖြည်းဖြည်း ရှေ့တိုးလာသလို ခံစားရသည်။
မဟုတ်ဘူးမလား..သူထင်တာ မဟုတ်လောက်ပါဘူး..

စိတ်ထဲကသာ ငြင်းနေပေမယ့် မျက်လုံးတွေကတော့ အလိုက်သိစွာပင် မှိတ်ဆင်းလို့သွားသလို လက်ထဲက ပိုက်လေးဟာလဲ မြေခသွားခဲ့သည်။

ထို့နောက် နှုတ်ခမ်းဖူးထက် ခံစားလိုက်ရတဲ့ နူးညံ့တဲ့ အထိအတွေ့....ချိုမြိန်လိုက်တာ..ဒီလောက်ဆို သူသေပျော်ပြီ..

Taehyung ဘာဖြစ်လို့ ဒီလိုအပြုအမူလုပ်လဲ သူမသိပေမယ့် ဒီအခြေအနေလေးအား သူကျေနပ်နေပါသည်။
အသိစိတ်က Seokjin ကို အားနာမိပေမယ့် မသိစိတ်လေးကတော့ သူပျော်နေသည်။

ချိုမြိန်လွန်းတဲ့ Taehyung အနမ်းတွေအား ခြေ
ဖျားလေးထောက်ရင်း နူးညံ့စွာပင် တုံ့ပြန်ပေးနေမိသည်။

သို့ပေမယ့် ဘယ်လောက်မှမကြာ တွန်းထုတ်ခံ
လိုက်ရတဲ့ သူ့ခန္တာကိုယ်လေး...အားမပြင်းပေမယ့်လဲ Taehyung ခန္တာကိုယ်နဲ့ တော်တော်လေး ဝေးကွာသွားသလို ခံစားလိုက်ရသည်။

"ဆော...ဆောရီး..ငါ...ငါ...တောင်းပန်ပါတယ်"

မတည်မငြိမ်နဲ့ပြောလာတဲ့ Taehyung အသံတွေက တုန်ယင်နေသည်။
သူ့စကားကိုပင် နားမထောင်တော့ဘဲ အိမ်ထဲပြေးဝင်
သွားသော Taehyung ကျောပြင်လေးအား သူလိုက်ကြည့်နေမိသည်။

စိတ်လွတ်သွားလို့ပဲဖြစ်ဖြစ် အမှားတစ်ခုပဲဖြစ်ဖြစ် ငါပျော်တယ် Taehyung...နောက်ဆုံး မင်းပိုင်ရှင်ဆီပဲ ပြန်ရောက်သွားမယ် ဆိုရင်တောင်မှပေါ့..

.
.
.

Taehyung အခန်းထဲရောက်တာနဲ့ တံခါးကိုအား
နဲ့ပိတ်လိုက်ပြီး အခန်းထဲ ဟိုဘက်ဒီဘက်လျှောက်
နေရင်း သူ့စိတ်သူငြိမ်အောင် လုပ်နေရသည်။

"အား...ငါ..ငါဘာတွေ လုပ်မိလိုက်တာလဲ...ငါ..ငါက Jimin ကို ဘယ်လိုလုပ်ပြီး...အား..ရူးချင်တာဘဲ"

ရေစက်လေးတွေ ပြည့်နေလျက် ဖြူအုနေတဲ့ မျက်
နှာလေး သူ့ဘက်လှည့်လာတော့ ပိုက်ကိုဆက်မလု
ဖြစ်တော့ပေ...နှာတံသွယ်သွယ်လေးနဲ့အတူ ဖောင်းအိနေတဲ့ ပါးလေးတစ်စုံကလဲ ကိုင်ချင်စရာအတိ...
နောက်ဆုံး Seokjin လောက်မဟုတ်ပေမယ့်လဲ ခပ်ထူထူနှုတ်ခမ်းလေးကိုမြင်တော့ သူခံနိုင်ရည်
တွေမရှိတော့ပေ...

Jimin ကိုအနီးကပ်မြင်ဖူးပေမယ့် ဒီလောက်ထိ
အသေးစိတ်ကျကျ ကြည့်ကောင်းလွန်းလိမ့်လို့ သူမထင်ခဲ့..ချောတာထက်ကို ပိုပါသည်။

ဦးနှောက်ကသတိပေးပေမယ့်လဲ ခန္တာကိုယ်လေးက အလိုက်မသိစွာပင် ရှေ့ဆက်တိုးလို့နေသည်။
နှုတ်ခမ်းသားအိအိလေးကို ထိတွေ့လိုက်ချိန်မှာတော့ သူ့ဦးနှောက်ထဲ ဘာဆိုဘာမှမရှိတော့..သူသိပ်ချစ်
တယ်ဆိုတဲ့ Seokjin ကိုတောင် မေ့နေခဲ့သည်မဟုတ်လား..

သို့ပေမယ့်လဲ ရုတ်တရက်ဆိုသလို မှိတ်ဆင်းထားတဲ့ သူ့မျက်ဝန်းတွေထဲ Seokjin မျက်နှာလေးထင်ပေါ်
လာသည်။ချက်ချင်းပင် Jimin ကိုယ်လေးအား သူတွန်းထုတ်လိုက်မိ၏။

"အား...ငါ..ငါဘာလို့ Jin Hyung ကို မေ့သွားရတာ
လဲ...မဟုတ်ဘူး...မင်းရဲ့အမှားတစ်ခုပဲ..ဟုတ်တယ်..ခဏတာအမှားဘဲ..မင်းက Jin Hyung ကို အရမ်း
ချစ်တာလေ..သူ့ကို Jin Hyung လို့ထင်သွားလို့
ပါ..ဟား..ဟား..Kim Taehyung...မင်းကတော့ အရူးဘဲ..."

ပါးစပ်ကသာ Seokjin ကိုဘယ်လောက်ချစ်
ကြောင်း တဖွဖွပြောနေပေမယ့် သူ့နှလုံးသားလေး
နာကျင်နေမှုအား မျက်ကွယ်ပြုထားတာကိုတော့ Taehyung မသိလိုက်...

အခန်းပြင်ကကောင်လေးကလဲ ထိုစကားတွေအား
ကြားပြီး အခန်းထဲကကောင်လေး ကြားမှာစိုးလို့ လက်ခုံလေးအား ဖိကိုက်ပြီး ရှိုက်ကြီးတငင် ငိုကြွေးနေလေရဲ့...

◇ MY BELOVED ◇

To be continued...

Thank you for reading and voting

Love you all 💜💜

Continue Reading

You'll Also Like

288K 13.9K 93
Riven Dixon, the youngest of the Dixon brothers, the half brother of Merle and Daryl dixon was a troubled young teen with lots of anger in his body...
152K 11K 60
BOOK #2 They say love heals scars, but Seokmin's scars were lessons-bitter reminders that twisted him into a creature of darkness. His life was a ser...
5.7K 598 4
Kookjin Namjinkook Vmin Sope