ဝေဒနာရထား{Completed}

Rhythm003 tarafından

143K 10.3K 2.8K

🚉Cover Artist By Akiko Ak🚉-Romance×Drama Theme- 🚉🚉ပျော်ရွှင်မှုတွေကိုအပြည့်အနှက်သယ်ဆောင်လာပြီးအရှိန်ပြင်း... Daha Fazla

🚉About Story🚉
🚉Chapter (1)🚉
🚉Chapter (2)🚉
🚉Chapter (3)🚉
🚉Chapter (4)🚉
🚉Chapter (5)🚉
🚉Chapter (6)🚉
🚉Chapter (7)🚉
🚉Chapter (8)🚉
🚉Chapter (9)🚉
🚉Reads 1K🚉
🚉Chapter (10)🚉
🚉Chapter (11)🚉
🚉Chapter (12)🚉
🚉Chapter (13)🚉
🚉Chapter (14)🚉
🚉Chapter (15)🚉
🚉Chapter (16)🚉
🚉Chapter (17)🚉
🚉Chapter (18)🚉
🚉Chapter (19)🚉
🚉Chapter (20)🚉
🚉Chapter (21)🚉
🏖Sightseeing In Bali🏖
🚉Chapter (22)🚉
🚉Chapter (23)🚉
🚉Chapter (24)🚉
🚉Chapter (25)🚉
🚉Chapter (26)🚉
🚉Chapter (27)🚉
🚉Chapter (28)🚉
🚉Chapter (29)🚉
🚉Chapter (30)🚉
🚉Chapter (31)🚉
🚉Chapter (32)🚉
🚉Chapter (34)🚉
🚉Chapter (35)🚉
🚉Chapter (36)🚉
🚉Chapter (37)🚉
🚉Votes 1K🚉
🚉Chapter (38)🚉
🚉Chapter (39)🚉
🚉Chapter (40)🚉
🚉Chapter (41)🚉
🚉Chapter (42)🚉
🚉Chapter (43)🚉
🚉Chapter (44)🚉
🚉Chapter (45)🚉
🚉Chapter (46)🚉
🚉Chapter (47)🚉
🚉Chapter (48)🚉
🚉Chapter (49)🚉
🚉Chapter (50)-Ending🚉
🚉For My Readers🚉
🚉Fic Cover Change🚉
❔Question❔

🚉Chapter (33)🚉

1.3K 133 25
Rhythm003 tarafından

*Zawgyi*

မိုးေဒဝါက တစ္စံုတစ္ေယာက္ကိုစိတ္ဆိုးေနသည့္နွယ္ အျငိဳးတၾကီးနွင့္ သည္းထန္စြာရြာသြန္းေနေလသည္။အဆက္မျပတ္ ပိန္းပိတ္ေအာင္ရြာသြန္းေနေသာ မိုးစက္မ်ားကို တည္ၾကည္လံုးဝ မမွဳနိုင္ေတာ့။သူ့ကို လူလိမ္တစ္ေယာက္၊သူခိုးဂ်ပိုးလူဆိုးတစ္ေယာက္ဟုပဲ ထင္ျမင္ယူဆေနၾကေသာအိမ္သားေတြသာရွိေနသည့္ ဒီအိမ္ၾကီးထဲမွ ေခတၲခဏေလာက္ပဲျဖစ္ျဖစ္ အေဝးသို့ထြက္သြားခ်င္မိသည္။ထိုခိုင္မာေသာ ဆံုးျဖတ္ခ်က္နွင့္အတူ အိပ္ခန္းေလး၏ေထာင့္တစ္ေနရာမွာ အသင့္ေထာင္ထားေသာ အျပာနုေရာင္ထီးေလးတစ္ေခ်ာင္းကို ေကာက္ဆြဲကာအခန္းအျပင္ဘက္သုိ့ထြက္လာခဲ့သည္။အခန္းျပင္ေရာက္ေတာ့ ဘယ္သူတစ္ဦးတစ္ေယာက္မွရွိမေန။ေဒၚၾကာျဖဴကလည္း ေအာ္ဟစ္ဆူဆဲေသာင္းက်န္းျပီးသည့္ေနာက္ သူ့အခန္းထဲသူျပန္ဝင္သြားျပီျဖစ္သလို ေယာက်္ားျဖစ္သူ ေရာင္ဝါထြန္းလင္းကလည္း စိတ္ကုန္ျပီးတေနရာရာကို ကားနွင့္ေမာင္းထြက္သြားသည္ထင္ပါရဲ့။တည္ၾကည္ ကားစက္နွိဳးသံတစ္ခုကို ေစာနကၾကားမိလိုက္ပါသည္။

ေအာက္ထပ္ဧည့္ခန္းကိုဆင္းလာျပန္ေတာ့ ကစားစရာအရုပ္မ်ားဝိုင္းေနေသာ အရုပ္ပံုမ်ား၏အလယ္၌တစ္ေယာက္တည္းအေဖာ္မဲ့လ်က္ ငူငိုင္စြာေဆာ့ကစားေနသည့္ ဟသၤာေမာင္တစ္ဦးတည္းကိုသာေတြ့ရေလသည္။ဟသၤာေမာင္က တည္ၾကည့္ကိုလည္းျမင္ေရာ၊တစ္ခ်က္သာေမာ့ၾကည့္ျပီး မျမင္ခ်င္ေယာင္ေဆာင္ကာ မ်က္နွာဟိုဘက္လွည့္သြားခ့ဲသည္။ကိုယ့္ကို မလိုလားေသာအိမ္သားေတြရွိေနေသာ ဒီအိမ္ၾကီးမွ တည္ၾကည္ ခဏတာထြက္ေျပးခ်င္မိပါသည္။

အျပာနုေရာင္ေဂါက္ထီးေလးကို လက္ထဲ၌က်စ္က်စ္ပါေအာင္ဆုပ္ကိုင္ထားရင္း တေဝါေဝါရြာေနေသာ မိုးမုန္တိုင္းၾကားထဲသို့ အထီးက်န္လြမ္းဆြတ္စြာနွင့္ထြက္လာခဲ့သည္။ ထိုအိမ္ၾကီးနွင့္တျဖည္းျဖည္းေဝးကြာလာသည္နွင့္တျပိဳင္နက္ တည္ၾကည့္စိတ္အစဥ္ဟာလည္း တစိမ့္စိမ့္ေအးခ်မ္းလာေလသည္။ မိုးစက္မိုးေပါက္မ်ားဟာလည္း ထိုအျပာနုေရာင္ထီးေလးေပၚသို့ အျငိဳးၾကီးစြာရိုက္ခတ္ရြာသြန္းလ်က္။ထီးအမိုးမွတစ္ဆင့္ ေတာက္ေလွ်ာက္ က်ဆင္းလာေသာမိုးေရစက္ေအးေလးမ်ားကို လက္ဖဝါးေလးနွင့္ ခံယူၾကည့္လိုက္ရင္း တည္ၾကည့္စိတ္အစဥ္ဟာ ေအးျမၾကည္လင္ေနေသာ ေရတသြင္သြင္စမ္းေခ်ာင္းေလးကို ေတြ့ျမင္လိုက္ရသည့္နွယ္ ေအးခ်မ္းတည္ျငိမ္လ်က္။တည္ၾကည္ မသိလိုက္မသိပါသာေသာအခ်ိန္တစ္ခုမွာ သူဝတ္ထားေသာ တီရွပ္အက်ႌအမည္းေလးနွင့္ပုဆိုးအဝါနုေရာင္ေလးဟာ မိုးစက္မိုးေပါက္မ်ား၏ရိုက္ခတ္မွဳေၾကာင့္ လံုးဝရႊဲရႊဲနစ္စိုရႊဲလို့။ တစ္ကိုယ္လံုးလည္းၾကြက္စုတ္အေနအထားျဖစ္ေနေလျပီ။ေအာက္ကိုငံု့ၾကည့္မိေတာ့မွ တစ္ကိုယ္လံုးေအးစက္တုန္ရီေနကာ ရႊဲရႊဲစိုေနျပီ။ထီးေလးဟာ ေသးေသးေကြးေကြးေလးမို့ တည္ၾကည့္ကိုယ္လံုးနွင့္မဆံ့သည္ကတစ္ေၾကာင္း၊ဘယ္ကိုေရာက္ေနမွန္းမသိ ေျခဦးတည့္ရာ လမ္းမေပၚမွာေလွ်ာက္သြားေန၍ လမ္းမေပၚရွိ ရႊံ့ဗြက္အိုင္မ်ားက တည္ၾကည့္အက်ႌနွင့္ပုဆိုးကိုလာမိတ္ဆက္သည္ကတစ္ေၾကာင္း တစ္ကိုယ္လံုးရႊဲနစ္မွဳအေပါင္းသရဖူေဆာင္းေနေတာ့သည္။

မိုးဦးကာလတြင္ ရန္ကုန္ျမိဳ့၏ကတၲရာလမ္းမမ်ားဟာ မိုးေရစက္မ်ားေၾကာင့္ အပူမ်ားရွိန္းရွိန္းထေရေငြ့ပ်ံေနျပီး ရွဴရွိဳက္ရေသာေလထုမွာလည္း ေျမသင္းနံ့ေလးေတြတသင္းသင္းနွင့္။အလုိလိုလန္းဆန္းရႊင္ပ်လာေသာ စိတ္တို့ကိုသယ္ေဆာင္လာလ်က္ လမ္းမထက္ ေျခဦးတည့္ရာေလွ်ာက္သြားေနေသာ တည္ၾကည္ခန့္ညား၏ေျခလွမ္းမ်ားမွာ ဦးတည္သြားေနေသာတည္ေနရာပန္းတိုင္ဟူသည္ မယ္မယ္ရရမရွိ။ရန္ကုန္ျမိဳ့နွင့္ လံုးဝမရင္းနွီးမကြ်မ္းဝင္ေသာလူတစ္ေယာက္အေနနွင့္ မၾကာခင္ ကိုယ့္အိမ္ကိုယ္မျပန္တတ္ေတာ့ဘဲ လမ္းေပ်ာက္ေနမွာမလြဲဧကန္ပင္။

"🎶🎶မိုးအံု့လို့ သစ္ရြက္ကေလးေတြျငိမ္ေနရင္

တိမ္ေတြျပိဳေတာ့မွာ ၾကိဳသိတယ္

ဝါဆိုရယ္ သိပ္သတိရမိတယ္🎶🎶"

တည္ၾကည့္ေဘးနားမွကပ္ျဖတ္သြားေသာ ထီသည္စက္ဘီးေလးထံမွ ထြက္ေပၚလာေသာသီခ်င္းသံ။ျငိမ့္ေညာင္းလွေသာသီခ်င္းသံေလးဟာ တည္ၾကည့္ကိုတစ္ေယာက္တည္းအထီးမက်န္ေစရန္အေဖာ္ျပဳေပးေနသေယာင္။

"🎶🎶တိုင္းရွစ္ခြင္ မွိဳင္းညိဳ့ဆိုင္းကာ မွဳန္ရီျခယ္

မိုးျခိမ္းသံသဲ့သဲ့ၾကားတယ္ ဝါဆိုရယ္

မိုးကအရင္တုန္းကအတိုင္းရြာေနျပီကြယ္

လြမ္းတယ္ ဝါဆိုရယ္🎶🎶"

အမွန္တိုင္းေျပာရလွ်င္ သီခ်င္းေလးကိုနားေထာင္ေနရင္း တည္ၾကည္ ေရာင္ဝါထြန္းလင္းဆိုသည့္ေကာင္ေလးကို သတိရေနမိပါသည္။ နွစ္ဦးစလံုးကအခ်င္းခ်င္းခ်စ္ခင္စံုမက္ေနၾကေပမယ့္ သူတို့နွစ္ဦး၏အိမ္ေထာင္ေရးဟာ ထင္သေလာက္ေမွ်ာ္လင့္ထားသေလာက္ မသာယာမေျဖာင့္ျဖဴးခဲ့တာအမွန္။ေယာကၡမနွင့္သားမက္ၾကားက ကေတာက္ကဆမ်ားေၾကာင့္ ေရာင္ဝါ့မွာလည္း ဒီအိမ္ေထာင္ေရးကို စိတ္ကုန္ေနဟန္ရွိျပီး သူန့ဲေရာင္ဝါဟာလည္း တစ္ေယာက္မဟုတ္ တစ္ေယာက္ကအေလွ်ာ့ေပးညွိနွိဳင္းေနထိုင္ေနလို့သာ ကေတာက္ကဆမျဖစ္ရံုတမယ္အေျခအေနတစ္ခု။ထင္သေလာက္လည္း မေပ်ာ္ရႊင္ခဲ့ရပါ။ဘယ္အခ်ိန္မွာထေပါက္ကြဲမယ္မွန္းမသိရသည့္ "ကေတာက္ကဆ"ဟုအမည္ရေသာ ခ်ိန္ကိုက္ဗံုးတစ္ခုေပါက္ကြဲမည့္အခ်ိန္ကို ရင္တထိတ္ထိတ္ေစာင့္ေမွ်ာ္ေနရသည့္ခံစားခ်က္မ်ိဳး နွစ္ဦးစလံုးခံစားေနရသည္။

ဗြမ္း။

ေဘးမွအရွိန္ဟုန္ျပင္းစြာျဖတ္သန္းသြားေသာကားတစ္စီး၏ပက္ျဖန္းမွဳေၾကာင့္ တည္ၾကည့္တစ္ကိုယ္လံုး ရႊံ့ေရမ်ား ဗြမ္းခနဲေပက်ံသြားခဲ့သည္။သီခ်င္းသံတလြင္လြင္နွင့္ျဖတ္နင္းသြားေသာထီသည္ေလးကို အေငးေကာင္း၍ ကိုယ့္ခႏၶာကိုယ္စိုရႊဲလို့ရႊဲသြားမွန္းေတာင္မသိသည့္ တည္ၾကည္ခန့္ညား၏ျဖစ္ရပ္။

မိုးေရရႊဲေနေသာလမ္းမၾကီးရဲ့ေဘးမွာ ေလွ်ာက္သြားေနတုန္း ေျခလွမ္းမ်ားက ၾကီးမားလွသည့္ကုမၸဏီတစ္ခုၾကီး၏ေရွ့မွာ အလိုလိုေျခစံုရပ္မိလ်က္သား။ တည္ၾကည့္ဦးေနွာက္ထဲ အေတြးတစ္ခုဒိုင္းခနဲဝင္လာမိသည္က သူအလုပ္ရွာရမည္ဆိုသည့္ အေရးၾကီးသည့္အခ်က္တစ္ခု။ဟုတ္တယ္.. သူအလုပ္ရွာရမယ္။သူအလုပ္လုပ္ရမယ္။ကုမၸဏီၾကီး၏ေရွ့တည့္တည့္ လံုျခံဳေရးအိမ္ေလး၏တံခါးေပါက္ဝမွာ ေရာင္စံုဗီနိုင္းၾကီးနွင့္ခ်ိတ္ဆြဲထားသည့္ စာတန္းၾကီးတစ္ခု။တည္ၾကည္ အလ်င္အျမန္ပဲေျပးျပီး ဗီနိုင္းေပၚေရးထားသည့္စာတန္းမ်ားကို သြားဖတ္ၾကည့္လိုက္ရာ...

"ကြ်မ္းက်င္ ကားေမာင္းသမား(၁)ဦး အျမန္အလိုရွိသည္"

စာတန္းေလးကိုဖတ္လိုက္လို္က္ခ်င္း တည္ၾကည့္ရင္ထဲ ဝမ္းသာလံုးဆို့နင့္သြားလ်က္။သူအလုပ္ရေတာ့မယ္။သူအလုပ္ရသြားလွ်င္ အေဒၚေရာ၊ေရာင္ဝါေရာ သူ့ကုိအထင္ေသးနွိမ္ခ်ေျပာဆိုၾကေတာ့မွာမဟုတ္ဖူး။ ေရာင္ဝါသင္ေပးထားလို့ တည္ၾကည္လည္း ကားေမာင္းျခင္းအတတ္ပညာကို အေတာ္အသင့္တတ္ေျမာက္ေနခဲ့ပါျပီ။တည္ၾကည္ ကိုယ့္ကိုကိုယ္ယံုၾကည္ခ်က္ရွိသည္။သူလုပ္နိုင္ရမယ္။ဒီကုမၸဏီမွာ ကားေမာင္းသမားအျမန္အလိုရွိေနတယ္ဆိုေတာ့ သူသာအလုပ္ေလွ်ာက္လိုက္ရင္ သူကားေမာင္းရေတာ့မွာ။အလုပ္ဟူသမွ် ဂုဏ္ရွိတာပဲေလ။သူဒီအလုပ္ကိုေလွ်ာက္ရမယ္။သူ ဒီကုမၸဏီမွာ ကားေမာင္းသမားအလုပ္ ရကိုရရမယ္။

အေတြးစတို့နွင့္အတူ လံုျခံဳေရးတဲထဲမွာထိုင္ကာသတင္းစာဖတ္ေနေသာ လံုျခံဳေရးဦးေလးၾကီးဆီသုိ့ တည္ၾကည္အျမန္ေျပးသြားလိုက္ျပီး ဦးေလးၾကီးကိုလက္တို့ကာ သိရွိလိုသမွ်ကိုေမးျမန္းလိုက္ေတာ့သည္။

"ဦးေလး။ဒီမွာ ကားေမာင္းသမားလိုေနတယ္ဆိုလို့ ကြ်န္ေတာ္အလုပ္ေလွ်ာက္ခ်င္လို့ပါ"

.........................................................................................................

လံုျခံဳေရးဦးေလးၾကီး၏ဦးေဆာင္လမ္းျပမွဳနွင့္အတူ အလုပ္ခန့္အပ္ေပးမည့္ အင္တာဗ်ဴးအခန္းေလးေရွ့သို့ တည္ၾကည္ဆိုက္ဆိုက္ျမိဳက္ျမိဳက္ေရာက္လာခဲ့သည္။ဦးေလးၾကီးကေတာ့ တည္ၾကည့္ကိုလမ္းျပျပီး သူ့တာဝန္သူျပီးျပီမို့ သူ့လုပ္ငန္းခြင္တဲေနရာဆီသို့ျပန္သြားေတာ့သည္။အင္တာဗ်ဴးအခန္းနွင့္ တည္ၾကည္ဟာ ေျခလွမ္းဆယ္လွမ္းစာေလာက္အကြာမွာ မတ္တပ္ရပ္ေနမိသည္။မ်က္လံုးကိုစုံမွိတ္၊အသက္ကိုပံုမွန္ရွဴကာ ကိုယ့္ကိုကိုယ္စိတ္တည္ျငိမ္ေအာင္ျပဳလုပ္ရင္း တံု့တံု့ဆိုင္းဆိုင္းျဖစ္ေနမိသည္။ေနာက္ဆံုး ကိုယ့္ကိုကိုယ္ယံုၾကည္ခ်က္အျပည့္သြင္းကာ ေျခလွမ္းမ်ားကို လွမ္းလိုက္စဥ္...

ဘုန္း...။

တည္ၾကည့္မ်က္စိေရွ့မွာ လုပ္ငန္းသံုးဖိုင္အထပ္လိုက္ၾကီးတစ္ခု ဘုန္းခနဲအသံျမည္သည္အထိျပဳတ္က်သြားခဲ့သည္။

"အာ..ကန္ေတာ့..ကန္ေတာ့"

"ေဆာရီးပါ အစ္ကို"

တည္ၾကည္ ဖိုင္အထပ္လိုက္သယ္ေဆာင္လာေသာဝန္ထမ္းမိန္းကေလး တစ္ေယာက္ကို မေတာ္တဆတိုက္မိသြားျခင္းပင္။တည္ၾကည္ တိုက္မိသြားေသာမိန္းကေလးဟာ တည္ၾကည့္ကို ပ်ာပ်ာသလဲေတာင္းပန္ရွာျပီး ေခါင္းေအာက္ငံု့ကာ ျပဳတ္က်သြားေသာဖိုင္ထပ္မ်ားကို ကုန္းေကာက္ေနေလသည္။တည္ၾကည္လည္းမေနသာေတာ့သျဖင့္ ေကာင္မေလးနွင့္အတူ ကူညီျပီးေကာက္ေပးလိုက္သည္။

"တကယ္ကန္ေတာ့ပါ ညီမ။ကြ်န္ေတာ္ တကယ္မျမင္လိုက္မိလို့ တိုက္မိသြားတာပါ"

တည္ၾကည္ ထိုေကာင္မေလးကို တကယ္လည္းမျမင္လိုက္။ အဘယ္ေၾကာင့္ဆိုေသာ္ ထိုေကာင္မေလး၏အရပ္ဟာ တည္ၾကည့္ရင္ေခါင္းေနရာေလာက္သာရွိျပီး ေခါင္းတစ္လံုးေက်ာ္မွ် ပုေနေသာေၾကာင့္ျဖစ္သည္။ထို့ေၾကာင့္ တည္ၾကည့္အျမင္အာရံုထဲ ထိုအရပ္ပုပုေကာင္မေလးဟာလံုးဝဝင္မလာ။ေကာင္မေလးက ဖိုင္ေကာက္ေနရာမွ တည္ၾကည့္ကို စူးစမ္းအံ့ၾသေသာအၾကည့္မ်ားနွင့္ ေမာ့ၾကည့္လာကာ..

"ရပါတယ္ အစ္ကို။ဒါန့ဲ အစ္ကို့ကို ညီမ ဒီရံုးမွာတခါမွမေတြ့ဖူးပါဘူး။ အစ္ကိုကဘယ္သူလဲဟင္။ဘယ္ဌာနကုိလာတာလဲ"

"ဌာန??"

တည္ၾကည္ ေခတၲခဏစဥ္းစားလိုက္သည္။သူ ဘယ္ဌာနကုိလာတယ္လို့ ေျပာရင္ေကာင္းမလဲ။

"ေအာ္..သိျပီ။အစ္ကိုက အင္တာဗ်ဴးဌာနကိုလာတာ"

ထိုေကာင္မေလးကတစ္ခ်က္ျပံဳးစိစိျဖစ္သြားျပီး..

"ေနာက္တယ္ေနာ္။အင္တာဗ်ဴးဌာနဆိုတာ ညီမတို့ရံုးမွာမရွိဘူးရွင့္။ အစ္ကိုက အင္တာဗ်ဴးလာေျဖတာပဲျဖစ္ရလိမ့္မယ္..ဟုတ္တယ္မလား။ အင္တာဗ်ဴးတဲ့အခန္းက ဟိုးနားေလးမွာရွင့္"

ေကာင္မေလးက အင္တာဗ်ဴးအခန္းကို လက္ညိဳးထိုးျပကာ လမ္းညႊန္ျပသည္။

"ေက်းဇူးပါ ညီမ။အစ္ကို သြားလိုက္ပါ့မယ္"

တည္ၾကည္ ေကာင္မေလးကိုေက်းဇူးတင္စကားဆိုလိုက္ျပီး ေက်းဇူးတင္သည့္သေဘာနွင့္ေခါင္းေလးအသာညိတ္ျပလိုက္သည္။ ေကာင္မေလးကလည္း တည္ၾကည့္ကိုျပန္ျပံဳးျပေနေလသည္။တည္ၾကည္ အၾကည့္ေရာက္မိသြားတာက ထိုေကာင္မေလး၏အက်ႌရင္ညြန့္ေနရာတြင္ ခ်ိတ္ေလးနွင့္တြယ္ထားေသာ ေကာင္မေလး၏ေရႊေရာင္တဝင္းဝင္း နာမည္စာတန္းေလး။တည္ၾကည္ ေကာင္မေလး၏နာမည္ကိုၾကည့္လိုက္ျပီး ထပ္ျပီးေလာကြတ္ေခ်ာ္ခ်င္သည့္သေဘာနွင့္..

"ေက်းဇူးပါ ညီမေလျပည္ညွင္း"
ေလျပည္ညွင္း ဆိုသည့္ေကာင္မေလးက တည္ၾကည့္ကိုခပ္ယဲ့ယဲ့ျပံဳးျပကာ အနားမွထြက္သြားေတာ့ တည္ၾကည္လည္း သူ့လိုရာခရီးျဖစ္သည့္ အင္တာဗ်ဴးအခန္းဆီသို့သာ ေျခလွမ္းမ်ားဦးတည္မိေတာ့သည္။

......................................................................................................

ကိုယ့္လင္ေယာက်္ားအိမ္ျပန္လာမည္ကို ေမွ်ာ္လင့္တၾကီးေစာင့္ဆိုင္းေနေသာ ေကာင္ေလးတစ္ေယာက္။ ထိုေကာင္ေလးခမ်ာ အိမ္ေရွ့ကားစင္ဝင္ၾကီးေအာက္ ဟိုဘက္ထိပ္ ဒီဘက္ထိပ္ ဂနာမျငိမ္လမ္းေလွ်ာက္ကာ ေယာက်္ားျဖစ္သူကုိေစာင့္ေမွ်ာ္ေနလ်က္ရွိသည္။သူ စိတ္ထြက္ေပါက္အေနနဲ့ ရာသက္ပန္ကို ေကာ္ဖီဆိုင္တစ္ခုမွာသြားေတြ့အံုးမည္ဆိုျပီးထြက္သြားလိုက္တာ။အိမ္လည္းျပန္ေရာက္ေရာ အစ္ကို့ကိုဘယ္လိုမွရွာမေတြ့ေတာ့။ရန္ကုန္ေရာက္ကတည္းက ဘယ္ကိုမွေလွ်ာက္သြားေလ့မရွိေသာအစ္ကိုက အခုဘယ္ကိုမ်ားထြက္ခြာသြားတာလဲ။အိမ္ကိုျပန္ေရာျပန္လာတတ္ပါ့မလား။ဘာကိစၥရွိလို့ထြက္သြားရတာလဲ။သူတို့ကိုစိတ္ဆိုးစိတ္ကုန္သြားလို့မ်ားလား။ ေရာင္ဝါ့စိတ္အစဥ္ကို စိုးရိမ္ပူပန္ျခင္းမ်ားက စိုးမိုးေနလ်က္။စင္ဝင္ေအာက္မွာ ဂနာမျငိမ္ ကူးခတ္လူးလာလမ္းေလွ်ာက္ေနတုန္း စိတ္ကပိုျပီး အစ္ကို့ကို စိတ္ပူလာမိသည္။အျပင္မွာ မိုးေတြကအခုထိမတိတ္ေသး။အျငိဳးနွင့္ သည္းထန္စြာကိုရြာသြန္းေနေတာ့သည္။လက္ေကာက္ဝတ္မွာ ပတ္ထားေသာလက္ပတ္နာရီေလးကိုငံု့ၾကည့္လိုက္ေတာ့ ည၈နာရီေတာင္ ထိုးလုနီးျဖစ္ေနျပီ။အခု ေရာင္ဝါ့အစာအိမ္ထဲလည္းေဟာင္းေလာင္း။ ညစာကို အစ္ကိုနွင့္အတူစားမည္ဟု ေတြးထားသျဖင့္ အစ္ကို အိမ္ျပန္မလာမခ်င္း ေရာင္ဝါလံုးဝညစာမစား။အစ္ကိုျပန္အလာကိုသာ စိတ္ပူပန္စြာနွင့္ ေစာင့္ေမွ်ာ္ေနမိသည္။

မျဖစ္ေတာ့ဖူး..။လံုးဝမျဖစ္ေတာ့ဖူး။အစ္ကို လမ္းမွာတစ္ခုခုျဖစ္ေနျပီလား။ လမ္းေပ်ာက္ျပီးအိမ္ကိုမျပန္တတ္ေတာ့လား။တစ္ခုခုေတာ့တစ္ခုခုပဲ။

ဒီမွာဆက္ေစာင့္ေနရင္ေကာင္းမလား။ကားေမာင္းျပီး ေနရာအနွံ့ထြက္ရွာရင္ေကာင္းမလားဟု ဘယ္ဆံုးျဖတ္ခ်က္ကိုခ်ရင္ ေကာင္းမလဲ ခ်ီတံုခ်တံုျဖစ္ေနမိသည္။ေနာက္ဆံုးတြင္ စိုးရိမ္ပူပန္မွဳလြန္ကဲေနေသာစိတ္အစဥ္ကသာ အနုိင္ရသြားခဲ့ျပီး ခႏၶာကိုယ္က အနက္ေရာင္ကားေလးေပၚမွာတက္ထိုင္မိလ်က္သား။ကားကို ခပ္ျမန္ျမန္စက္နွိဳးလိုက္ျပီး အစ္ကို့ကို တစ္လမ္းဝင္တစ္လမ္းထြက္ ေနရာအနွ့ံလိုက္ရွာဖို့ျပင္ဆင္မိေတာ့သည္။

မိုးေရစက္မ်ားက ကားေရွ့ျမင္ကြင္းကိုမျမင္နိုင္ေလာက္ေအာင္ ပိန္းပိတ္သည္အထိ မည္းေမွာင္စြာရြာသြန္းေနလ်က္။လမ္းမီးတိုင္မွ ေပးေသာအလင္းေရာင္ေလးနွင့္ ကားမီးမွအလင္းေရာင္ေလးနွစ္ခုနွင့္သာ မ်က္လံုးကိုျပဴးက်ယ္ေအာင္ျဖဲျပီး အစ္ကို့ကို မရမကေတြ့ေအာင္ရွာေနရသည္။လမ္းၾကားေလးတစ္ခုထဲသို့ ခ်ိဳးေကြ့အဝင္တြင္ အျပာနုေရာင္ထီးေလးတစ္ေခ်ာင္းကိုကိုင္ကာ လမ္းေပ်ာက္ေနေသာေကာင္ေလးတစ္ေယာက္ကို ေရာင္ဝါ အမွတ္မထင္ေတြ့လိုက္ရသည္။မိုးစက္မ်ားေၾကာင့္ မွဳန္မွီမွဳန္ဝါးျဖစ္ေနေသာ ကားမွန္ကိုလက္ျဖင့္ေသခ်ာပြတ္သုတ္ကာ အစ္ကို ဟုတ္မဟုတ္ ေသခ်ာဆန္းစစ္အကဲခတ္ၾကည့္ရေသးသည္။ေသခ်ာပါသည္။ေတြ့ပါျပီ..ေရာင္ဝါထြန္းလင္း၏ေယာက်္ား။

အစ္ကို!!!

ေရာင္ဝါေနာက္မွာေရာက္ေနသည္ကို အစ္ကိုသိေစရန္ ဟြန္းကိုတစ္ခ်က္၊ နွစ္ခ်က္ေလာက္ ေတာက္ပစ္လိုက္သည္။ဟြန္းသံတပြမ္ပြမ္ၾကားမွ ေရာင္ဝါ့ဘက္လွည့္ၾကည့္လာေသာ အစ္ကို။

"ေရာင္ဝါ"

ေရာင္ဝါ ပါလာေသာထီးတစ္ေခ်ာင္းကိုခပ္ျမန္ျမန္ယူကာ ဆြဲဖြင့္လိုက္ျပီး ကားေပၚမွဆင္းသြားမိသည္။ေတာ္ေတာ္ဆိုးတဲ့ေယာက်္ား။လူကို အင္မတန္စိတ္ပူေအာင္လုပ္တဲ့ေယာက်္ား။

"အစ္ကုိ!!!ဘယ္ေတြေလွ်ာက္သြားေနတာလဲ!!!"
ေရာင္ဝါ အစ္ကို့နားေရာက္သည္နွင့္ အစ္ကို့၏ေအးစက္ေနေသာ လက္ေကာက္ဝတ္ကိုဆြဲကိုင္ကာ ေဒါသသံနွင့္ေအာ္ဟစ္ေမးပစ္လိုက္သည္။

အစ္ကိုက သူ့ကိုခပ္ယ့ဲယဲ့ေလးျပံဳးျပရွာသည္။ဘာစကားမွေတာ့မေျပာ။

"အစ္ကို!!ကြ်န္ေတာ္ေမးေနတယ္ေလ။တစ္ေယာက္တည္းဘယ္ေတြေလွ်ာက္သြားေနတာလဲ။ဒီကလမ္းေတြကိုမသိဘဲ ဘာလို့ေျခဦးတည့္ရာ ေလွ်ာက္သြားေနတာလဲလို့!!"

တေဝါေဝါမိုးသံမ်ားၾကား အစ္ကိုၾကားေအာင္ ေရာင္ဝါေအာ္ဟစ္ေျပာဆိုေနရသည္။အစ္ကိုက ေရာင္ဝါ့ပါးနွစ္ဖက္ကို သူ့ေအးစက္ေသာလက္ဖဝါးနွစ္ဖက္နွင့္ ထည့္ညွပ္ဆုပ္ကိုင္လာျပီး ခပ္ပါးပါးေလးျပံဳးျပလာကာ...

"ေရာင္ဝါေလး!!!ငါ အလုပ္ရျပီ သိလား။ငါအလုပ္ရလာခဲ့ျပီ!!"

အစ္ကိုက ေပ်ာ္ရႊင္ေနေသာရင္ေခါင္းသံၾကီးျဖင့္ ေရာင္ဝါ့အားေျပာလာသည္။ အစ္ကို့တစ္ကိုယ္လံုးလည္း မိုးေရေတြနဲ့ရႊဲရႊဲနစ္လို့ ေရကူးလာသလားေတာင္မွတ္ရသည္။ထီးလည္းပါရက္သားနဲ့ ကိုယ့္ကိုကိုယ္မိုးေရမစိုေအာင္ေတာင္ မေစာင့္ေရွာက္နိုင္ဘူးလား??

"အဲ့ဒါေတြ ေနာက္မွေျပာရေအာင္။အစ္ကို မိုးေတြစိုေနျပီ။မၾကာခင္ ဖ်ားေတာ့မယ္။လာ..ကားေပၚတက္ျပီးအိမ္ျပန္ရ..."

ေရာင္ဝါ့စကားမဆံုးေသး..။မိုးေရထဲမွာ ေရာင္ဝါ့ကိုယ္လံုးေလးကို သူ့ဘက္သိမ္းက်ံဳးကာဆြဲဖက္လိုက္သည့္ အစ္ကို။

"အစ္ကို..ျပန္ရေအာင္လို့!!"
"ငါ အိမ္ကိုမျပန္တတ္ဘဲလမ္းေပ်ာက္ေနခဲ့တာ။အခုမင္းကိုေတြ့လိုက္မွ ငါအရမ္းေပ်ာ္သြားေတာ့တယ္။ေက်းဇူးတင္ပါတယ္.."
ေရာင္ဝါ အစ္ကို့ေက်ာျပင္ေလးကိုခပ္ဖြဖြေလးပုတ္ေပးလိုက္ရင္း..

"အင္း။ကြ်န္ေတာ္ အဲ့ဒါေတြၾကိဳသိေနလို့ အစ္ကို့ကိုလိုက္ရွာေနခဲ့တာ။ ကြ်န္ေတာ့္ကိုေတာ္ေတာ္စိတ္ပူေအာင္လုပ္တယ္ေနာ္..အစ္ကိုမေကာင္းဘူး"

"ငါအလုပ္သြားရွာေနတာ။မင္းတို့ေတြ ငါ့ေၾကာင့္မ်က္နွာမငယ္ရေအာင္ ငါအလုပ္သြားရွာေနခဲ့တာပါ"

"အဲ့ဒါေတြ အိမ္ေရာက္မွေျပာၾကမယ္..အစ္ကို။အခုကားေပၚတက္.. အိမ္ျပန္ၾကမယ္ေနာ္"

အစ္ကိုက ေရာင္ဝါ့စကားကိုလက္ခံသည့္သေဘာ ေခါင္းညိတ္ရွာသည္။

"အင္း။ျပန္မယ္။ငါအလုပ္ရသြားလို့ သိပ္ေပ်ာ္တာဘဲ..သိလား"

အစ္ကို့၏ေပ်ာ္ရႊင္ျမဴးထူးေနေသာစကားမ်ားကို ေရာင္ဝါနားေထာင္ရင္း အစ္ကို့ခါးေလးကိုဖက္ကာ ေရာင္ဝါကားဆီသို့ေလွ်ာက္လာခဲ့ေတာ့သည္။ မိုးေရရႊဲေနေသာ အစ္ကို့ခႏၶာကို္ယ္ၾကီးကို ကားရဲ့Lover Seatေနရာမွာ ေသခ်ာတင္ေပးျပီးသည္နွင့္ သူလည္းကားေမာင္းသူေနရာမွာဝင္ထိုင္လိုက္ေတာ့သည္။

ကားစထြက္ရန္ ကားဂီယာကိုထိုးလိုက္ျပီး အစ္ကို့ဘက္ကုိတစ္ခ်က္ ေစာင္းငဲ့ၾကည့္ေတာ့ အစ္ကိုကသူ့ကိုစိုက္ၾကည့္ကာျပံဳးျပေနေလသည္။ အစ္ကို့ၾကည့္ရတာ အလုပ္ရလာလို့ေတာ္ေတာ္ေပ်ာ္ေနတဲ့ပံု။

"ေတာ္ေတာ္ေပ်ာ္ေနတဲ့ပံုပဲ ငါ့ေယာက်္ား!!"
"အင္း..ေပ်ာ္တာေပါ့။မင္းကို ငါ့ကိုယ္ပိုင္လစာေလးနဲ့လုပ္ေကြ်းနိုင္ေတာ့မယ္ေလ"

ေရာင္ဝါ အစ္ကို့ကုိ ဘာမွျပန္ေျပာမေနေတာ့ဘဲ အျပံဳးတစ္ခုကိုပန္ဆင္ရင္းသာ သည္းထန္ေနေသာမိုးမုန္တိုင္းၾကားထဲ ကားေလးကို အိမ္အျမန္ေရာက္ေအာင္ ေသာ့ေသာ့ေလးနွင္လာလိုက္ပါေတာ့သည္။

To Be Continued...🚉🚉

24/5/2021

#SL🚉🚉

*Unicode*

မိုးဒေဝါက တစ်စုံတစ်ယောက်ကိုစိတ်ဆိုးနေသည့်နှယ် အငြိုးတကြီးနှင့် သည်းထန်စွာရွာသွန်းနေလေသည်။အဆက်မပြတ် ပိန်းပိတ်အောင်ရွာသွန်းနေသော မိုးစက်များကို တည်ကြည်လုံးဝ မမှုနိုင်တော့။သူ့ကို လူလိမ်တစ်ယောက်၊သူခိုးဂျပိုးလူဆိုးတစ်ယောက်ဟုပဲ ထင်မြင်ယူဆနေကြသောအိမ်သားတွေသာရှိနေသည့် ဒီအိမ်ကြီးထဲမှ ခေတ္တခဏလောက်ပဲဖြစ်ဖြစ် အဝေးသို့ထွက်သွားချင်မိသည်။ထိုခိုင်မာသော ဆုံးဖြတ်ချက်နှင့်အတူ အိပ်ခန်းလေး၏ထောင့်တစ်နေရာမှာ အသင့်ထောင်ထားသော အပြာနုရောင်ထီးလေးတစ်ချောင်းကို ကောက်ဆွဲကာအခန်းအပြင်ဘက်သို့ထွက်လာခဲ့သည်။အခန်းပြင်ရောက်တော့ ဘယ်သူတစ်ဦးတစ်ယောက်မှရှိမနေ။ဒေါ်ကြာဖြူကလည်း အော်ဟစ်ဆူဆဲသောင်းကျန်းပြီးသည့်နောက် သူ့အခန်းထဲသူပြန်ဝင်သွားပြီဖြစ်သလို ယောက်ျားဖြစ်သူ ရောင်ဝါထွန်းလင်းကလည်း စိတ်ကုန်ပြီးတနေရာရာကို ကားနှင့်မောင်းထွက်သွားသည်ထင်ပါရဲ့။တည်ကြည် ကားစက်နှိုးသံတစ်ခုကို စောနကကြားမိလိုက်ပါသည်။

အောက်ထပ်ဧည့်ခန်းကိုဆင်းလာပြန်တော့ ကစားစရာအရုပ်များဝိုင်းနေသော အရုပ်ပုံများ၏အလယ်၌တစ်ယောက်တည်းအဖော်မဲ့လျက် ငူငိုင်စွာဆော့ကစားနေသည့် ဟင်္သာမောင်တစ်ဦးတည်းကိုသာတွေ့ရလေသည်။ဟင်္သာမောင်က တည်ကြည့်ကိုလည်းမြင်ရော၊တစ်ချက်သာမော့ကြည့်ပြီး မမြင်ချင်ယောင်ဆောင်ကာ မျက်နှာဟိုဘက်လှည့်သွားခဲ့သည်။ကိုယ့်ကို မလိုလားသောအိမ်သားတွေရှိနေသော ဒီအိမ်ကြီးမှ တည်ကြည် ခဏတာထွက်ပြေးချင်မိပါသည်။

အပြာနုရောင်ဂေါက်ထီးလေးကို လက်ထဲ၌ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရင်း တဝေါဝေါရွာနေသော မိုးမုန်တိုင်းကြားထဲသို့ အထီးကျန်လွမ်းဆွတ်စွာနှင့်ထွက်လာခဲ့သည်။ ထိုအိမ်ကြီးနှင့်တဖြည်းဖြည်းဝေးကွာလာသည်နှင့်တပြိုင်နက် တည်ကြည့်စိတ်အစဉ်ဟာလည်း တစိမ့်စိမ့်အေးချမ်းလာလေသည်။ မိုးစက်မိုးပေါက်များဟာလည်း ထိုအပြာနုရောင်ထီးလေးပေါ်သို့ အငြိုးကြီးစွာရိုက်ခတ်ရွာသွန်းလျက်။ထီးအမိုးမှတစ်ဆင့် တောက်လျှောက် ကျဆင်းလာသောမိုးရေစက်အေးလေးများကို လက်ဖဝါးလေးနှင့် ခံယူကြည့်လိုက်ရင်း တည်ကြည့်စိတ်အစဉ်ဟာ အေးမြကြည်လင်နေသော ရေတသွင်သွင်စမ်းချောင်းလေးကို တွေ့မြင်လိုက်ရသည့်နှယ် အေးချမ်းတည်ငြိမ်လျက်။တည်ကြည် မသိလိုက်မသိပါသာသောအချိန်တစ်ခုမှာ သူဝတ်ထားသော တီရှပ်အင်္ကျီအမည်းလေးနှင့်ပုဆိုးအဝါနုရောင်လေးဟာ မိုးစက်မိုးပေါက်များ၏ရိုက်ခတ်မှုကြောင့် လုံးဝရွှဲရွှဲနစ်စိုရွှဲလို့။ တစ်ကိုယ်လုံးလည်းကြွက်စုတ်အနေအထားဖြစ်နေလေပြီ။အောက်ကိုငုံ့ကြည့်မိတော့မှ တစ်ကိုယ်လုံးအေးစက်တုန်ရီနေကာ ရွှဲရွှဲစိုနေပြီ။ထီးလေးဟာ သေးသေးကွေးကွေးလေးမို့ တည်ကြည့်ကိုယ်လုံးနှင့်မဆံ့သည်ကတစ်ကြောင်း၊ဘယ်ကိုရောက်နေမှန်းမသိ ခြေဦးတည့်ရာ လမ်းမပေါ်မှာလျှောက်သွားနေ၍ လမ်းမပေါ်ရှိ ရွှံ့ဗွက်အိုင်များက တည်ကြည့်အင်္ကျီနှင့်ပုဆိုးကိုလာမိတ်ဆက်သည်ကတစ်ကြောင်း တစ်ကိုယ်လုံးရွှဲနစ်မှုအပေါင်းသရဖူဆောင်းနေတော့သည်။

မိုးဦးကာလတွင် ရန်ကုန်မြို့၏ကတ္တရာလမ်းမများဟာ မိုးရေစက်များကြောင့် အပူများရှိန်းရှိန်းထရေငွေ့ပျံနေပြီး ရှူရှိုက်ရသောလေထုမှာလည်း မြေသင်းနံ့လေးတွေတသင်းသင်းနှင့်။အလိုလိုလန်းဆန်းရွှင်ပျလာသော စိတ်တို့ကိုသယ်ဆောင်လာလျက် လမ်းမထက် ခြေဦးတည့်ရာလျှောက်သွားနေသော တည်ကြည်ခန့်ညား၏ခြေလှမ်းများမှာ ဦးတည်သွားနေသောတည်နေရာပန်းတိုင်ဟူသည် မယ်မယ်ရရမရှိ။ရန်ကုန်မြို့နှင့် လုံးဝမရင်းနှီးမကျွမ်းဝင်သောလူတစ်ယောက်အနေနှင့် မကြာခင် ကိုယ့်အိမ်ကိုယ်မပြန်တတ်တော့ဘဲ လမ်းပျောက်နေမှာမလွဲဧကန်ပင်။

"🎶🎶မိုးအုံ့လို့ သစ်ရွက်ကလေးတွေငြိမ်နေရင်

တိမ်တွေပြိုတော့မှာ ကြိုသိတယ်

ဝါဆိုရယ် သိပ်သတိရမိတယ်🎶🎶"

တည်ကြည့်ဘေးနားမှကပ်ဖြတ်သွားသော ထီသည်စက်ဘီးလေးထံမှ ထွက်ပေါ်လာသောသီချင်းသံ။ငြိမ့်ညောင်းလှသောသီချင်းသံလေးဟာ တည်ကြည့်ကိုတစ်ယောက်တည်းအထီးမကျန်စေရန်အဖော်ပြုပေးနေသယောင်။

"🎶🎶တိုင်းရှစ်ခွင် မှိုင်းညို့ဆိုင်းကာ မှုန်ရီခြယ်

မိုးခြိမ်းသံသဲ့သဲ့ကြားတယ် ဝါဆိုရယ်

မိုးကအရင်တုန်းကအတိုင်းရွာနေပြီကွယ်

လွမ်းတယ် ဝါဆိုရယ်🎶🎶"

အမှန်တိုင်းပြောရလျှင် သီချင်းလေးကိုနားထောင်နေရင်း တည်ကြည် ရောင်ဝါထွန်းလင်းဆိုသည့်ကောင်လေးကို သတိရနေမိပါသည်။ နှစ်ဦးစလုံးကအချင်းချင်းချစ်ခင်စုံမက်နေကြပေမယ့် သူတို့နှစ်ဦး၏အိမ်ထောင်ရေးဟာ ထင်သလောက်မျှော်လင့်ထားသလောက် မသာယာမဖြောင့်ဖြူးခဲ့တာအမှန်။ယောက္ခမနှင့်သားမက်ကြားက ကတောက်ကဆများကြောင့် ရောင်ဝါ့မှာလည်း ဒီအိမ်ထောင်ရေးကို စိတ်ကုန်နေဟန်ရှိပြီး သူနဲ့ရောင်ဝါဟာလည်း တစ်ယောက်မဟုတ် တစ်ယောက်ကအလျှော့ပေးညှိနှိုင်းနေထိုင်နေလို့သာ ကတောက်ကဆမဖြစ်ရုံတမယ်အခြေအနေတစ်ခု။ထင်သလောက်လည်း မပျော်ရွှင်ခဲ့ရပါ။ဘယ်အချိန်မှာထပေါက်ကွဲမယ်မှန်းမသိရသည့် "ကတောက်ကဆ"ဟုအမည်ရသော ချိန်ကိုက်ဗုံးတစ်ခုပေါက်ကွဲမည့်အချိန်ကို ရင်တထိတ်ထိတ်စောင့်မျှော်နေရသည့်ခံစားချက်မျိုး နှစ်ဦးစလုံးခံစားနေရသည်။

ဗွမ်း။

ဘေးမှအရှိန်ဟုန်ပြင်းစွာဖြတ်သန်းသွားသောကားတစ်စီး၏ပက်ဖြန်းမှုကြောင့် တည်ကြည့်တစ်ကိုယ်လုံး ရွှံ့ရေများ ဗွမ်းခနဲပေကျံသွားခဲ့သည်။သီချင်းသံတလွင်လွင်နှင့်ဖြတ်နင်းသွားသောထီသည်လေးကို အငေးကောင်း၍ ကိုယ့်ခန္ဓာကိုယ်စိုရွှဲလို့ရွှဲသွားမှန်းတောင်မသိသည့် တည်ကြည်ခန့်ညား၏ဖြစ်ရပ်။

မိုးရေရွှဲနေသောလမ်းမကြီးရဲ့ဘေးမှာ လျှောက်သွားနေတုန်း ခြေလှမ်းများက ကြီးမားလှသည့်ကုမ္ပဏီတစ်ခုကြီး၏ရှေ့မှာ အလိုလိုခြေစုံရပ်မိလျက်သား။ တည်ကြည့်ဦးနှောက်ထဲ အတွေးတစ်ခုဒိုင်းခနဲဝင်လာမိသည်က သူအလုပ်ရှာရမည်ဆိုသည့် အရေးကြီးသည့်အချက်တစ်ခု။ဟုတ်တယ်.. သူအလုပ်ရှာရမယ်။သူအလုပ်လုပ်ရမယ်။ကုမ္ပဏီကြီး၏ရှေ့တည့်တည့် လုံခြုံရေးအိမ်လေး၏တံခါးပေါက်ဝမှာ ရောင်စုံဗီနိုင်းကြီးနှင့်ချိတ်ဆွဲထားသည့် စာတန်းကြီးတစ်ခု။တည်ကြည် အလျင်အမြန်ပဲပြေးပြီး ဗီနိုင်းပေါ်ရေးထားသည့်စာတန်းများကို သွားဖတ်ကြည့်လိုက်ရာ...

"ကျွမ်းကျင် ကားမောင်းသမား(၁)ဦး အမြန်အလိုရှိသည်"

စာတန်းလေးကိုဖတ်လိုက်လ်ိုက်ချင်း တည်ကြည့်ရင်ထဲ ဝမ်းသာလုံးဆို့နင့်သွားလျက်။သူအလုပ်ရတော့မယ်။သူအလုပ်ရသွားလျှင် အဒေါ်ရော၊ရောင်ဝါရော သူ့ကိုအထင်သေးနှိမ်ချပြောဆိုကြတော့မှာမဟုတ်ဖူး။ ရောင်ဝါသင်ပေးထားလို့ တည်ကြည်လည်း ကားမောင်းခြင်းအတတ်ပညာကို အတော်အသင့်တတ်မြောက်နေခဲ့ပါပြီ။တည်ကြည် ကိုယ့်ကိုကိုယ်ယုံကြည်ချက်ရှိသည်။သူလုပ်နိုင်ရမယ်။ဒီကုမ္ပဏီမှာ ကားမောင်းသမားအမြန်အလိုရှိနေတယ်ဆိုတော့ သူသာအလုပ်လျှောက်လိုက်ရင် သူကားမောင်းရတော့မှာ။အလုပ်ဟူသမျှ ဂုဏ်ရှိတာပဲလေ။သူဒီအလုပ်ကိုလျှောက်ရမယ်။သူ ဒီကုမ္ပဏီမှာ ကားမောင်းသမားအလုပ် ရကိုရရမယ်။

အတွေးစတို့နှင့်အတူ လုံခြုံရေးတဲထဲမှာထိုင်ကာသတင်းစာဖတ်နေသော လုံခြုံရေးဦးလေးကြီးဆီသို့ တည်ကြည်အမြန်ပြေးသွားလိုက်ပြီး ဦးလေးကြီးကိုလက်တို့ကာ သိရှိလိုသမျှကိုမေးမြန်းလိုက်တော့သည်။

"ဦးလေး။ဒီမှာ ကားမောင်းသမားလိုနေတယ်ဆိုလို့ ကျွန်တော်အလုပ်လျှောက်ချင်လို့ပါ"

.........................................................................................................

လုံခြုံရေးဦးလေးကြီး၏ဦးဆောင်လမ်းပြမှုနှင့်အတူ အလုပ်ခန့်အပ်ပေးမည့် အင်တာဗျူးအခန်းလေးရှေ့သို့ တည်ကြည်ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်။ဦးလေးကြီးကတော့ တည်ကြည့်ကိုလမ်းပြပြီး သူ့တာဝန်သူပြီးပြီမို့ သူ့လုပ်ငန်းခွင်တဲနေရာဆီသို့ပြန်သွားတော့သည်။အင်တာဗျူးအခန်းနှင့် တည်ကြည်ဟာ ခြေလှမ်းဆယ်လှမ်းစာလောက်အကွာမှာ မတ်တပ်ရပ်နေမိသည်။မျက်လုံးကိုစုံမှိတ်၊အသက်ကိုပုံမှန်ရှူကာ ကိုယ့်ကိုကိုယ်စိတ်တည်ငြိမ်အောင်ပြုလုပ်ရင်း တုံ့တုံ့ဆိုင်းဆိုင်းဖြစ်နေမိသည်။နောက်ဆုံး ကိုယ့်ကိုကိုယ်ယုံကြည်ချက်အပြည့်သွင်းကာ ခြေလှမ်းများကို လှမ်းလိုက်စဉ်...

ဘုန်း...။

တည်ကြည့်မျက်စိရှေ့မှာ လုပ်ငန်းသုံးဖိုင်အထပ်လိုက်ကြီးတစ်ခု ဘုန်းခနဲအသံမြည်သည်အထိပြုတ်ကျသွားခဲ့သည်။

"အာ..ကန်တော့..ကန်တော့"

"ဆောရီးပါ အစ်ကို"

တည်ကြည် ဖိုင်အထပ်လိုက်သယ်ဆောင်လာသောဝန်ထမ်းမိန်းကလေး တစ်ယောက်ကို မတော်တဆတိုက်မိသွားခြင်းပင်။တည်ကြည် တိုက်မိသွားသောမိန်းကလေးဟာ တည်ကြည့်ကို ပျာပျာသလဲတောင်းပန်ရှာပြီး ခေါင်းအောက်ငုံ့ကာ ပြုတ်ကျသွားသောဖိုင်ထပ်များကို ကုန်းကောက်နေလေသည်။တည်ကြည်လည်းမနေသာတော့သဖြင့် ကောင်မလေးနှင့်အတူ ကူညီပြီးကောက်ပေးလိုက်သည်။

"တကယ်ကန်တော့ပါ ညီမ။ကျွန်တော် တကယ်မမြင်လိုက်မိလို့ တိုက်မိသွားတာပါ"

တည်ကြည် ထိုကောင်မလေးကို တကယ်လည်းမမြင်လိုက်။ အဘယ်ကြောင့်ဆိုသော် ထိုကောင်မလေး၏အရပ်ဟာ တည်ကြည့်ရင်ခေါင်းနေရာလောက်သာရှိပြီး ခေါင်းတစ်လုံးကျော်မျှ ပုနေသောကြောင့်ဖြစ်သည်။ထို့ကြောင့် တည်ကြည့်အမြင်အာရုံထဲ ထိုအရပ်ပုပုကောင်မလေးဟာလုံးဝဝင်မလာ။ကောင်မလေးက ဖိုင်ကောက်နေရာမှ တည်ကြည့်ကို စူးစမ်းအံ့သြသောအကြည့်များနှင့် မော့ကြည့်လာကာ..

"ရပါတယ် အစ်ကို။ဒါနဲ့ အစ်ကို့ကို ညီမ ဒီရုံးမှာတခါမှမတွေ့ဖူးပါဘူး။ အစ်ကိုကဘယ်သူလဲဟင်။ဘယ်ဌာနကိုလာတာလဲ"

"ဌာန??"

တည်ကြည် ခေတ္တခဏစဉ်းစားလိုက်သည်။သူ ဘယ်ဌာနကိုလာတယ်လို့ ပြောရင်ကောင်းမလဲ။

"အော်..သိပြီ။အစ်ကိုက အင်တာဗျူးဌာနကိုလာတာ"

ထိုကောင်မလေးကတစ်ချက်ပြုံးစိစိဖြစ်သွားပြီး..

"နောက်တယ်နော်။အင်တာဗျူးဌာနဆိုတာ ညီမတို့ရုံးမှာမရှိဘူးရှင့်။ အစ်ကိုက အင်တာဗျူးလာဖြေတာပဲဖြစ်ရလိမ့်မယ်..ဟုတ်တယ်မလား။ အင်တာဗျူးတဲ့အခန်းက ဟိုးနားလေးမှာရှင့်"

ကောင်မလေးက အင်တာဗျူးအခန်းကို လက်ညိုးထိုးပြကာ လမ်းညွှန်ပြသည်။

"ကျေးဇူးပါ ညီမ။အစ်ကို သွားလိုက်ပါ့မယ်"

တည်ကြည် ကောင်မလေးကိုကျေးဇူးတင်စကားဆိုလိုက်ပြီး ကျေးဇူးတင်သည့်သဘောနှင့်ခေါင်းလေးအသာညိတ်ပြလိုက်သည်။ ကောင်မလေးကလည်း တည်ကြည့်ကိုပြန်ပြုံးပြနေလေသည်။တည်ကြည် အကြည့်ရောက်မိသွားတာက ထိုကောင်မလေး၏အင်္ကျီရင်ညွန့်နေရာတွင် ချိတ်လေးနှင့်တွယ်ထားသော ကောင်မလေး၏ရွှေရောင်တဝင်းဝင်း နာမည်စာတန်းလေး။တည်ကြည် ကောင်မလေး၏နာမည်ကိုကြည့်လိုက်ပြီး ထပ်ပြီးလောကွတ်ချော်ချင်သည့်သဘောနှင့်..

"ကျေးဇူးပါ ညီမလေပြည်ညှင်း"
လေပြည်ညှင်း ဆိုသည့်ကောင်မလေးက တည်ကြည့်ကိုခပ်ယဲ့ယဲ့ပြုံးပြကာ အနားမှထွက်သွားတော့ တည်ကြည်လည်း သူ့လိုရာခရီးဖြစ်သည့် အင်တာဗျူးအခန်းဆီသို့သာ ခြေလှမ်းများဦးတည်မိတော့သည်။

......................................................................................................

ကိုယ့်လင်ယောက်ျားအိမ်ပြန်လာမည်ကို မျှော်လင့်တကြီးစောင့်ဆိုင်းနေသော ကောင်လေးတစ်ယောက်။ ထိုကောင်လေးခမျာ အိမ်ရှေ့ကားစင်ဝင်ကြီးအောက် ဟိုဘက်ထိပ် ဒီဘက်ထိပ် ဂနာမငြိမ်လမ်းလျှောက်ကာ ယောက်ျားဖြစ်သူကိုစောင့်မျှော်နေလျက်ရှိသည်။သူ စိတ်ထွက်ပေါက်အနေနဲ့ ရာသက်ပန်ကို ကော်ဖီဆိုင်တစ်ခုမှာသွားတွေ့အုံးမည်ဆိုပြီးထွက်သွားလိုက်တာ။အိမ်လည်းပြန်ရောက်ရော အစ်ကို့ကိုဘယ်လိုမှရှာမတွေ့တော့။ရန်ကုန်ရောက်ကတည်းက ဘယ်ကိုမှလျှောက်သွားလေ့မရှိသောအစ်ကိုက အခုဘယ်ကိုများထွက်ခွာသွားတာလဲ။အိမ်ကိုပြန်ရောပြန်လာတတ်ပါ့မလား။ဘာကိစ္စရှိလို့ထွက်သွားရတာလဲ။သူတို့ကိုစိတ်ဆိုးစိတ်ကုန်သွားလို့များလား။ ရောင်ဝါ့စိတ်အစဉ်ကို စိုးရိမ်ပူပန်ခြင်းများက စိုးမိုးနေလျက်။စင်ဝင်အောက်မှာ ဂနာမငြိမ် ကူးခတ်လူးလာလမ်းလျှောက်နေတုန်း စိတ်ကပိုပြီး အစ်ကို့ကို စိတ်ပူလာမိသည်။အပြင်မှာ မိုးတွေကအခုထိမတိတ်သေး။အငြိုးနှင့် သည်းထန်စွာကိုရွာသွန်းနေတော့သည်။လက်ကောက်ဝတ်မှာ ပတ်ထားသောလက်ပတ်နာရီလေးကိုငုံ့ကြည့်လိုက်တော့ ည၈နာရီတောင် ထိုးလုနီးဖြစ်နေပြီ။အခု ရောင်ဝါ့အစာအိမ်ထဲလည်းဟောင်းလောင်း။ ညစာကို အစ်ကိုနှင့်အတူစားမည်ဟု တွေးထားသဖြင့် အစ်ကို အိမ်ပြန်မလာမချင်း ရောင်ဝါလုံးဝညစာမစား။အစ်ကိုပြန်အလာကိုသာ စိတ်ပူပန်စွာနှင့် စောင့်မျှော်နေမိသည်။

မဖြစ်တော့ဖူး..။လုံးဝမဖြစ်တော့ဖူး။အစ်ကို လမ်းမှာတစ်ခုခုဖြစ်နေပြီလား။ လမ်းပျောက်ပြီးအိမ်ကိုမပြန်တတ်တော့လား။တစ်ခုခုတော့တစ်ခုခုပဲ။

ဒီမှာဆက်စောင့်နေရင်ကောင်းမလား။ကားမောင်းပြီး နေရာအနှံ့ထွက်ရှာရင်ကောင်းမလားဟု ဘယ်ဆုံးဖြတ်ချက်ကိုချရင် ကောင်းမလဲ ချီတုံချတုံဖြစ်နေမိသည်။နောက်ဆုံးတွင် စိုးရိမ်ပူပန်မှုလွန်ကဲနေသောစိတ်အစဉ်ကသာ အနိုင်ရသွားခဲ့ပြီး ခန္ဓာကိုယ်က အနက်ရောင်ကားလေးပေါ်မှာတက်ထိုင်မိလျက်သား။ကားကို ခပ်မြန်မြန်စက်နှိုးလိုက်ပြီး အစ်ကို့ကို တစ်လမ်းဝင်တစ်လမ်းထွက် နေရာအနှံ့လိုက်ရှာဖို့ပြင်ဆင်မိတော့သည်။

မိုးရေစက်များက ကားရှေ့မြင်ကွင်းကိုမမြင်နိုင်လောက်အောင် ပိန်းပိတ်သည်အထိ မည်းမှောင်စွာရွာသွန်းနေလျက်။လမ်းမီးတိုင်မှ ပေးသောအလင်းရောင်လေးနှင့် ကားမီးမှအလင်းရောင်လေးနှစ်ခုနှင့်သာ မျက်လုံးကိုပြူးကျယ်အောင်ဖြဲပြီး အစ်ကို့ကို မရမကတွေ့အောင်ရှာနေရသည်။လမ်းကြားလေးတစ်ခုထဲသို့ ချိုးကွေ့အဝင်တွင် အပြာနုရောင်ထီးလေးတစ်ချောင်းကိုကိုင်ကာ လမ်းပျောက်နေသောကောင်လေးတစ်ယောက်ကို ရောင်ဝါ အမှတ်မထင်တွေ့လိုက်ရသည်။မိုးစက်များကြောင့် မှုန်မှီမှုန်ဝါးဖြစ်နေသော ကားမှန်ကိုလက်ဖြင့်သေချာပွတ်သုတ်ကာ အစ်ကို ဟုတ်မဟုတ် သေချာဆန်းစစ်အကဲခတ်ကြည့်ရသေးသည်။သေချာပါသည်။တွေ့ပါပြီ..ရောင်ဝါထွန်းလင်း၏ယောက်ျား။

အစ်ကို!!!

ရောင်ဝါနောက်မှာရောက်နေသည်ကို အစ်ကိုသိစေရန် ဟွန်းကိုတစ်ချက်၊ နှစ်ချက်လောက် တောက်ပစ်လိုက်သည်။ဟွန်းသံတပွမ်ပွမ်ကြားမှ ရောင်ဝါ့ဘက်လှည့်ကြည့်လာသော အစ်ကို။

"ရောင်ဝါ"

ရောင်ဝါ ပါလာသောထီးတစ်ချောင်းကိုခပ်မြန်မြန်ယူကာ ဆွဲဖွင့်လိုက်ပြီး ကားပေါ်မှဆင်းသွားမိသည်။တော်တော်ဆိုးတဲ့ယောက်ျား။လူကို အင်မတန်စိတ်ပူအောင်လုပ်တဲ့ယောက်ျား။

"အစ်ကို!!!ဘယ်တွေလျှောက်သွားနေတာလဲ!!!"
ရောင်ဝါ အစ်ကို့နားရောက်သည်နှင့် အစ်ကို့၏အေးစက်နေသော လက်ကောက်ဝတ်ကိုဆွဲကိုင်ကာ ဒေါသသံနှင့်အော်ဟစ်မေးပစ်လိုက်သည်။

အစ်ကိုက သူ့ကိုခပ်ယဲ့ယဲ့လေးပြုံးပြရှာသည်။ဘာစကားမှတော့မပြော။

"အစ်ကို!!ကျွန်တော်မေးနေတယ်လေ။တစ်ယောက်တည်းဘယ်တွေလျှောက်သွားနေတာလဲ။ဒီကလမ်းတွေကိုမသိဘဲ ဘာလို့ခြေဦးတည့်ရာ လျှောက်သွားနေတာလဲလို့!!"

တဝေါဝေါမိုးသံများကြား အစ်ကိုကြားအောင် ရောင်ဝါအော်ဟစ်ပြောဆိုနေရသည်။အစ်ကိုက ရောင်ဝါ့ပါးနှစ်ဖက်ကို သူ့အေးစက်သောလက်ဖဝါးနှစ်ဖက်နှင့် ထည့်ညှပ်ဆုပ်ကိုင်လာပြီး ခပ်ပါးပါးလေးပြုံးပြလာကာ...

"ရောင်ဝါလေး!!!ငါ အလုပ်ရပြီ သိလား။ငါအလုပ်ရလာခဲ့ပြီ!!"

အစ်ကိုက ပျော်ရွှင်နေသောရင်ခေါင်းသံကြီးဖြင့် ရောင်ဝါ့အားပြောလာသည်။ အစ်ကို့တစ်ကိုယ်လုံးလည်း မိုးရေတွေနဲ့ရွှဲရွှဲနစ်လို့ ရေကူးလာသလားတောင်မှတ်ရသည်။ထီးလည်းပါရက်သားနဲ့ ကိုယ့်ကိုကိုယ်မိုးရေမစိုအောင်တောင် မစောင့်ရှောက်နိုင်ဘူးလား??

"အဲ့ဒါတွေ နောက်မှပြောရအောင်။အစ်ကို မိုးတွေစိုနေပြီ။မကြာခင် ဖျားတော့မယ်။လာ..ကားပေါ်တက်ပြီးအိမ်ပြန်ရ..."

ရောင်ဝါ့စကားမဆုံးသေး..။မိုးရေထဲမှာ ရောင်ဝါ့ကိုယ်လုံးလေးကို သူ့ဘက်သိမ်းကျုံးကာဆွဲဖက်လိုက်သည့် အစ်ကို။

"အစ်ကို..ပြန်ရအောင်လို့!!"
"ငါ အိမ်ကိုမပြန်တတ်ဘဲလမ်းပျောက်နေခဲ့တာ။အခုမင်းကိုတွေ့လိုက်မှ ငါအရမ်းပျော်သွားတော့တယ်။ကျေးဇူးတင်ပါတယ်.."
ရောင်ဝါ အစ်ကို့ကျောပြင်လေးကိုခပ်ဖွဖွလေးပုတ်ပေးလိုက်ရင်း..

"အင်း။ကျွန်တော် အဲ့ဒါတွေကြိုသိနေလို့ အစ်ကို့ကိုလိုက်ရှာနေခဲ့တာ။ ကျွန်တော့်ကိုတော်တော်စိတ်ပူအောင်လုပ်တယ်နော်..အစ်ကိုမကောင်းဘူး"

"ငါအလုပ်သွားရှာနေတာ။မင်းတို့တွေ ငါ့ကြောင့်မျက်နှာမငယ်ရအောင် ငါအလုပ်သွားရှာနေခဲ့တာပါ"

"အဲ့ဒါတွေ အိမ်ရောက်မှပြောကြမယ်..အစ်ကို။အခုကားပေါ်တက်.. အိမ်ပြန်ကြမယ်နော်"

အစ်ကိုက ရောင်ဝါ့စကားကိုလက်ခံသည့်သဘော ခေါင်းညိတ်ရှာသည်။

"အင်း။ပြန်မယ်။ငါအလုပ်ရသွားလို့ သိပ်ပျော်တာဘဲ..သိလား"

အစ်ကို့၏ပျော်ရွှင်မြူးထူးနေသောစကားများကို ရောင်ဝါနားထောင်ရင်း အစ်ကို့ခါးလေးကိုဖက်ကာ ရောင်ဝါကားဆီသို့လျှောက်လာခဲ့တော့သည်။ မိုးရေရွှဲနေသော အစ်ကို့ခန္ဓာက်ိုယ်ကြီးကို ကားရဲ့Lover Seatနေရာမှာ သေချာတင်ပေးပြီးသည်နှင့် သူလည်းကားမောင်းသူနေရာမှာဝင်ထိုင်လိုက်တော့သည်။

ကားစထွက်ရန် ကားဂီယာကိုထိုးလိုက်ပြီး အစ်ကို့ဘက်ကိုတစ်ချက် စောင်းငဲ့ကြည့်တော့ အစ်ကိုကသူ့ကိုစိုက်ကြည့်ကာပြုံးပြနေလေသည်။ အစ်ကို့ကြည့်ရတာ အလုပ်ရလာလို့တော်တော်ပျော်နေတဲ့ပုံ။

"တော်တော်ပျော်နေတဲ့ပုံပဲ ငါ့ယောက်ျား!!"
"အင်း..ပျော်တာပေါ့။မင်းကို ငါ့ကိုယ်ပိုင်လစာလေးနဲ့လုပ်ကျွေးနိုင်တော့မယ်လေ"

ရောင်ဝါ အစ်ကို့ကို ဘာမှပြန်ပြောမနေတော့ဘဲ အပြုံးတစ်ခုကိုပန်ဆင်ရင်းသာ သည်းထန်နေသောမိုးမုန်တိုင်းကြားထဲ ကားလေးကို အိမ်အမြန်ရောက်အောင် သော့သော့လေးနှင်လာလိုက်ပါတော့သည်။

To Be Continued...🚉🚉

24/5/2021

#SL🚉🚉

Okumaya devam et

Bunları da Beğeneceksin

71K 6.6K 26
Sometimes love is complicate Sometimes love is simple Complicate or simple is just a love,the prettiest thing all over the world and essential drug f...
229K 37.6K 99
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
165K 9.3K 49
လမ္းေဘးမွာ ဒုကၡေရာက္ေနတယ့္ကေလးငယ္ကို ေမြးစားခဲ့တယ့္ ထက္ရွားဧကရာဇ္ သူေမြးစားခဲ့တယ့္ကေလးကေရာ ရိုးရွင္းရယ့္လား တစ္ကိုယ္တည္းေနရာကေန ခနေလးအတြင္း သံေယာဇဥ...
4.7M 526K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...