စက်တင်ဘာ ၁ရက်နေ့။
နေ့လည်၁၂နာရီအတန်းပြီးသည့်အချိန်ထဲကပင်ချိန်းဆိုထားသည့်နေရာကိုသွားကာချစ်ရသူထက်ဦးအောင်ပင်စောင့်နေမိသည်။ဒါကလည်းကိုယ့်ဖက်ကနောက်ကျမည်စိုး၍လည်းဖြစ်၊မည်သည့်အချိန်တွေ့ဆုံရမည်ကိုမသိ၍လည်းဖြစ်တာကြောင့်အစောဆုံးသွားကာစောင့်ဆိုင်းရခြစ်ဖြစ်၏။
"Love at first sight"ကိုယူကြည်သူတို့အဖို့ ဒီကောင်လေး၏အချစ်ဟာရိုးရှင်ပါတယ်။မယုံကြည်သူတို့အဖို့ဒီကောင်လေး၏အချစ်ဟာ အပေါစားဆန်ပါလိမ့်မည်။မည်သည့်အချိန်မေးမေး"ငါကအဲ့ဒီလူသားကိုအရမ်းချစ်တာ"လို့မတုံ့မဆိုင်းဖြေမိမည်ထင်သည်။ယုံကြည်ရသည်ဖြစ်စေ မယုံကြည်ရသည်ဖြစ်စေ ချိန်ဆိုမှုစကားလေးတခွန်းကြောင့်နဲ့အပြေးလာစောင့်ဆိုင်နေမိသည်ကိုကဒီကောင်လေးသိပ်ကိုရူးသွပ်နေခဲ့မိလို့။နှစ်ကြိမ်နှစ်ခါသာတွေ့ဆုံဖူးတဲ့ထိုလူသားကိုမည်သည့်အချိန်ထဲယုံကြည်မှုတွေပေးအပ်ခဲ့လည်းမသိ သုံးကြိမ်မြောက်တွေ့ဆုံခြင်းကိုအလွယ်လေးခေါင်းငြိမ့်ခဲ့ပြန်သည်။
တွေ့ဆုံခဲ့သည့်အချိန်တွေကိုအတွေးနယ်ဆန့်မိတော့ကာနှုတ်ခမ်းပါးလေးအလိုလိုကွေးဘွှတ်ကာလာပြီးပြုံးရောင်သန်းလာသည်။
စောင့်ဆိုင်းခြင်း၏နာရီများစွာကြာပြီးတဲ့နောက် မျက်နှာလေးကအလိုလိုညှိုးငယ်လာခဲ့သည်။လက်တံသွယ်သွယ်တွင်၀တ်ဆင်ထားသည့်လက်ပက်နာရီအားငုံကြည့်မိသည့်အခါညနေ၄နာရီပင်ရှိပြီဖြစ်သည်။စရောက်သည့်အချိန်ကပူပြင်းနေသည့်နေရောင်ဟာလည်းတဖြေးဖြေးမှေးမှိန်လာကာလေပြေနုနုကပါတိုတ်ခက်လို့ရယ်။ယခုချိန်ထိတောင်မတွေ့ရသေးသည့်ချစ်ရသူ၏အရိပ်ယောင်ဟာဘယ်အရပ်မှာမှန်းမသိပါ။တဖြေးဖြေးစို့တက်လာသည့်၀မ်းနည်းစိတ်ကိုမြိုသိပ်ကာထပ်မံစောင့်ဆိုင်းရန်ဆုံးဖြတ်မိပြန်သည်။
ရူးသွပ်တယ်လို့ပဲပြောပြောကိုယ်ဟာချစ်နေရုံမျှကျေနပ်နေသူမို့ဒီလောက်လေးစောင့်ဆိုင်းမှုကအရေးတယူပြုမနေပါ။မျက်နှာလေးမြင်လိုက်ရလျှင်ကျေနပ်သွားမှာမို့ ဘုရားသခင်ကပဲအဲ့ဒီလူသားကိုအမြန်ဆုံးပဲပို့ဆောင်ပေးပါတော့။
မြစ်ကမ်းနားကခုံတန်းလေးထိုင်ပြီးစောင်းဆိုင်းနေသည့်ကောင်လေး၏စောင့်ဆိုင်းမှုအချိန်ဟာ၆နာရီမြင့်သွားပြီဖြစ်သည်။ရောက်မလာသူချစ်ရသူကတော့မေ့လျော့နေသလားဟုတွေးမှတ်မိသည်။ပက်၀န်းကျင်အားဝေ့ဝဲကာစူးစမ်းကြည့်ပေမဲ့လည်းချစ်ရသူ၏အရိပ်အယောင်နှင့်တူသည့်အရာတောင်မတွေ့ပြန်။အခြေနေမဟန်တော့သည့်စိတ်ကိုဆုံးဖြတ်ချကာသက်ပြင်းတချက်ချပြီး ထိုနေရာမှထပြန်ရန်မက်တပ်ရက်လိုက်သည်။
ထို့နောက်ခြေတစ်လှမ်းလှမ်းလိုက်သည်။
" ဟေးးး ! ချာတိတ်လေး "
ကြားလိုက်ရသည့်ခေါ်သံကြောင့် ပျော်ရွှင်သွားသည့်စိတ်နှင့်အတူ စက်ခနဲဆိုသလိုနောက်ကျောသို့လှည့်လိုက်သည်။ဟုတ်ပါသည် ထိုလူသားမှထိုလူသားစစ်စစ်ပါပဲ။ချစ်ရသူထိုလူသားဟာပြုံးပြလို့နေသည်။ပကတိဖြူစင်လွန်းသည့်လူသားရယ်ပါ။အဖြူရောင်လည်ကတုံးရှပ်အကျီလက်ရှည်နှင့်Style Pantတွဲ၀တ်ဆင်ထားခြင်းကဆရာ၀န်ဆိုတာ သေချာပေါက်သရုပ်ဖော်ပြလို့နေသည်။
" ခင်များတကယ်ရောက်လာသားပဲ "
" ဘာလို့လဲ ? စောင့်နေရတာအရမ်းကြာသွားပြီလား ။ ဘယ်အချိန်ထဲကစောင့်နေတာလဲ "
စိုးရိမ်စိတ်နှင့်အတူမေးခွန်းများစွာအမေးခံလိုက်ရသည့်အတွက်ကောင်ငယ်လေးကကျေနက်စွာပြုံးလာသည်။သို့ပေမဲ့ ...
" အာညီးး ! ကျနော်လည်းအခုနမှရောက်တာ ။ သိပ်မကြာသေးပါဘူး "
မုသားဆောင်ကာချစ်ရသူစိတ်မပူရစေရန်ပြောမိသည်။ဒီလိုပါပဲ အချစ်ကနဲ့ထိတွေ့မိရင်ချစ်ရသူစိတ်ချမ်းသာဖို့မုသားကမပါမဖြစ်ပါပဲ။
" ဟုတ်လား ? ကိုယ်ကမင်းအကြာကြီးစောင့်နေရမယ်ထင်ပြီးစိတ်ပူနေတာ ။ ကိုယ်ထိုင်လို့ရတယ်မလား ?"
" အင်းး ထိုင် !"
ခုံတန်းတွင်နှစ်ယောက်သား၀င်ထိုင်ကာနေရာယူသည်။ပြီးနောက်Taehyungကလက်ထဲကိုင်ထားသည့်အလှစက္ကူအိတ်လေးအားJungkookအားပေးသည်။
" ရော့ ! မင်းအတွက် "
မျက်လုံးလေးအဝိုင်းသားနှင့်လှည့်ကြည့်လာပြီး ကောင်ငယ်လေးကမဝံ့မရဲသည့်စိတ်နှင့်အတူစက္ကူအိပ်လေးအားလှမ်းယူသည်။အိတ်ကအနည်းငယ်လေးသည်ကိုခံစားမိတော့အနည်းငယ်ရင်ခုန်သွားသည်။ထို့နောက်သိချင်စိတ်ဖြင့်အလျှင်အမြန်ပဲဖွင့်ကြည့်မိသည်။
" ဟင် ! ကင်မရာလေး "
" အင်း မင်းကင်မရာလောက်တန်ဖို့မကြီးပေမဲ့ ငါလက်ဆောင်ပေးချက်လို့ ။ အလျော်အစားပေးတာမဟုတ်ဘူးနော် "
" အင်းပါဗျ ။ ကောင်းကောင်းသုံးပါ့မယ် "
" မင်းကြိုက်လို့တော်သေးတယ် "
"ကြိုက်လို့တော်သေး"တာမဟုတ်ရပါဘူး။ထိုလူသားဘာပေးပေးကိုသဘောကျလက်ခံနေမိတာပါ။မနှစ်သက်တဲ့အရာဖြစ်တဲ့စောင့်ဆိုင်းခြင်းကိုတောင် ထိုလူသားနဲ့တွေ့မှစောင့်ဆိုင်းနေမိတာဘယ်သူသိမလဲ။
အပြုံးတို့ကသက်သေပါ။
နူးညံ့တဲ့အမူအရာတွေကသက်သေပါ။
စိတ်မပူစေဖို့လိမ်ညာခဲ့တဲ့မုသားတွေကသက်သေပါ။
" အခုဘူဆန်ကိုခဏလာတာလား ?"
" ဟင့်အင်း ! ဒီမှာရှိတဲ့ဆိုလ်းကဟွာအင်းဆေးရုံခွဲကိုတာ၀န်နဲ့ပြောင်းလာတာ "
၀မ်းသာလွန်းအားကြီးသွားသည့်ကောင်လေး၏မျက်နှာပေါ်တွင်အပြုံးနုနုကပေါ်ထွက်လာခဲ့သည်။ဝေးနေရသည်စိတ်ပျက်မိပေမဲ့ယခုလိုအနီးနားကိုရောက်လာအောင်ဖန်းဆင်းပေးတဲ့ဘုရားသခင်ကိုကျေးဇူးတင်မိပါသည်။
" တကယ်လား ?"
" အင်းပေါ့ကွာ ။ ဒါနဲ့လက်ကသက်သာလား နာတာတွေဖြစ်သေးလား ?"
" ဟင့်အင်း လုံး၀ကောင်းသွားပြီ ။ လာ ကျနော်ဓာတ်ပုံရိုတ်ပေးမယ်"
အခုနကမှရလိုက်သည့်ကင်မရာအသစ်စက်စက်လေးကိုချိန်ကာ ချစ်ရသူ၏ပုံရိပ်ယောင်များသိမ်းဆည်းထားဖို့ကြိုးစားမိသည်။
" အခုလား ဒီနေရာမှာလား ?"
" အင်းလေ ။ လာပါ ကျနော်သေချာရိုတ်ပေးမယ် "
ကောင်ငယ်လေး၏ဆွဲဆောင်မှုကြောင့် မိန်းမသားလောကမှာပါမကယောကျာ်းသားလောကမှာပါနာမည်ကြီးသည့်Kim Taehyungမှာငြင်းဆန်ဖို့မဖြစ်နိုင်ချေ။နေ၀င်ခါနီးမှောင်ရီစပြီုးချိန်၏နေရောင်ဟာထိုလူသားအားထင်ဟပ်ပြီးအလွန်တရာကြည့်ကောင်းနေသရော့ပင်။ကင်မရာချိန်ပြီး ထိုလူသား၏အလှကိုမျက်လုံးထဲဆွဲနေအောင်ကြည့်ပြီးမှဓာတ်ပုံရိုတ်ပေးဖို့ပြင်သည်။
ကောင်ငယ်လေးပြောသည့်အနေးအထားတိုင်းလိုက်နေကာဓာတ်ပုံအရိုတ်ခံနေသည့်ထိုလူသားကတကယ့်ကိုModelတစ်ဦးလိုပါပင်။Kim Taehyungအတွက်ချက်ချင်းကိုကိုယ်ပိုင်Photographerရလိုက်ပြန်ပါသည်။
" ပုံတွေကတအားကြည့်လို့ကောင်းတယ် ။ ရော့ ကြည့်ကြည့် "
ကင်မရာလေးထိုးပေးလာကာရိုတ်ပေးထားသည့်ပုံတွေကိုကြည့်စေဖို့ပြောလာသည်။ထို့နောက် ကင်မရာလှမ်းယူကာပုံတစ်ပုံချင်းစီကြည့်နေသည့်လူသား၏မျက်နှာမှာအပြုံးလေးတွဲခိုလို့ရယ်။
" အဲ့ပုံတွေကိုယ့်ကိုပို့ပေးလို့ရမလား ?"
" ဟင့်အင်း !"
" ဘာလို့တုန်း ?"
" စတာပါ ! ကျနော်ပုံတွေထုပ်ပြီးခင်များဆီပို့ပေးမယ် ။ အမှတ်တရသိမ်းထားလို့ရအောင်ပေါ့ "
" Ok ! အခုတော့ကိုယ်ဆေးရုံသွားရအုံးမှာ အဲ့ဒါကြောင့်ပြန်တော့မယ် "
" အာ ဟုတ်လား ? အဲ့ဒါဆိုပြန်လေ ဂရုစိုတ်သွားနော် "
တွေ့တာဖြင့်၁နာရီတောင်မကြာသေးပေမဲ့လည်းချစ်ရသူဟာသူ့လိုကျောင်းသားမဟုတ်ပြန်တော့ကောင်ငယ်လေးမှာလက်မလွှတ်ချင်ပေမဲ့လည်းအပြုံးနုနုဖန်ဆင်းကာသွားဖို့ခွင့်ပြုပေးလေသည်။
" အင်း မင်းလည်းဂရုစိုတ်ပြန်နော် ! ကိုယ်သွားပြီ "
" ဟုတ်ကဲ့ပါဗျ "
စကားနားထောင်သည့်ပုံစံလေးနှင့်ခေါင်းလေးငြိမ့်ပြတော့ထိုလူသားကပြုံးပြကာကျောပေးထွက်သွားခဲ့သည်။ကျန်ခဲ့သည့်ကောင်ငယ်ငယ်လေးမှညတော့ထွက်သွားသူချစ်ရသူကျောပြင်ကိုမျက်၀န်းတဆုံးလိုက်ကြည့်နေမိ၏။
ဆက်သွယ်ဖို့ရာဖုန်းနံပါတ်လေးတောင်ချင်ပေမဲ့နှစ်ယောက်ကြားဆက်ဆံရေးဟာထိုလောက်ထိမရင်းနှီးသောကြောင့်ရင်ငုံနှုတ်ပိတ်ကာမတောင်းပဲနေခဲ့သည်။ထိုညလေးကတော့ကောင်ငယ်လေးအတွက်ပျော်စရာအတိဖြစ်ခဲ့ပါသည်။ကင်မရာထဲမှချစ်ရသူ၏ပုံရိပ်ယောင်များကိုပြန်ကြည့်ကာပြုံးလို့ရယ်။
ကောင်ငယ်လေး၏တဖက်သစ်အချစ်များနှင့်တတိယအကြိမ်တွေ့ဆုံခြင်း။
~•~
" Taehyungကသူ့ကောင်မလေးကိုခေါ်ပြီး ညစာစားဖို့အိမ်ကိုလာလိမ့်မယ် omma !"
ဆေးရုံမှပြန်လာလာချင်းသားဖြစ်သူJiminသည် သူ့အမေရှိရာဧည့်ခန်းသို့၀င်လာရင်းစကားဆိုလာသည်။အပေါ်ကုတ်အကျီကိုချွတ်ကာနက်ခ်တိုက်ကိုအောက်သို့ပြေလျော့အောင်ဆွဲချသည်။
" ဟုတ်လား ? အဲ့ဒါဆိုပြင်ဆင်ထားရမှာပေါ့ "
" ကဲကိုကဲတယ်Ommaရာ "
Taehyungနှင့်ပက်သက်လာလျှင်နာမည်ကြားရုံနှင့်တင်Jimin၏အမေးသည်ထိုလောက်ထိကဲသဲလွန်းပါသည်။ထိုကဲ့သို့Jiminပြန်ပြောတော့ကာ လက်မောင်းနုနုပေါ်သို့မိခင်၏ရိုတ်ချက်ကကျရောက်လာလေသည်။
" အာ့ ! နာတယ်ဗျ "
" ခံပေါ့ ဟွန့် ! Jungkookလည်းခဏနေလာမယ်လို့ အခုနကဖုန်းဆက်ထားတယ် "
" ဟုတ်သား ! ကျနော်ဂျူတီ၀င်နေလို့ဖုန်းမကိုင်ဖြစ်လိုက်ဘူး ။ သူ့မွေ့နေ့တုန်းက သူမအားလို့မုန့်မစားလိုက်ရဘူးလေ အဲ့ဒါကြောင့်ကျနော်ခေါ်ထားတာ "
" ၂ယောက်သားပေါင်းပြီးမသောင်းချန်းနဲ့နော် ။ ယောင်းလေးကောင်မလေးလည်းပါလာမှာကို ငြိမ်ငြိမ်နေ ! "
" သူ့ကောင်မလေးလာတာ အမေ့ချွေးမလာတာမှမဟုတ်တာကို ။ တကယ်ပဲ !"
" အဲ့ဒါဆိုလည်းချွေးမတယောက်လောက်အမြန်ဆုံးအိမ်ကိုခေါ်လာပေါ့ ခေါင်းပေါ်တင်ပြီးရွက်ထားပေးမယ် ။ ပါးစပ်ကိုပိတ်တော့ !"
" Omma !!!"
မိခင်မှပြောပြီးဧည့်ခန်းထဲမှထွက်သွားပြီးဖြစ်သော်လည်းမခံမရပ်နိုင်ကျန်သည့်Jiminမှာတော့အော်ဟစ်နေရုံမှလွဲ၍သာ။
ထိုဖြစ်ရပ်မျိုးတွေကဖြစ်ရိုးဖြစ်စဉ်ပါပဲ။Jiminဆေးကျောင်းတက်နေသည့်နှစ်အတောအတွင်းဆိုလ်းမှာမိသားစုအလိုက်ပြောင်းရွှေ့နေထိုင်ခဲ့သည်မို့ တရပ်ကွက်ထဲနေသည့်မိသားစုနှစ်ခုဟာအလွန်ရီးနှီးခဲ့ပါသည်။
Taehyung၏ဆေးကျောင်းနောက်ဆုံးနှစ်တွင်မိဘနှစ်ပါးလုံးကားမတော်တဆမှုဖြစ်ကာဆုံးပါသွားပြီး မိဘကိုဆုံးရှုံးခဲ့ရသည်။ဤသည်ကိုသိသည့်Jimin၏မိသားစုကမိဘနှင့်မခြားကူညီစောင့်ရှောက်ပေးခဲ့သည်မို့ ဘူဆန်သို့တာ၀န်ပြောင်းရွှေ့ခြင်းကိုလည်းကိုယ်တိုင်ရွေးချယ်ခဲ့သည်။
Mom _ " သမီးလေးကအလှလေးပဲ ။ ယောင်းလေးကအလှလေးကိုမှသေချာရွေးထားတာ "
" ကျေးဇူးပါ အန်တီ "
Mom _ " လာလေ ညစာစားကြရအောင် ။ ယောင်းလေးအကြိုက်တွေပဲချက်ထားတယ် သမီးကတော့မကြိုက်ရင်သည်းခံပေးပေါ့ !"
" ရပါတယ် နာအွန်းအစားမရွေးပါဘူး "
တခါမြင်ရရုံနှင့်တင်ချစ်ခင်တွယ်တာကြသည့် အလွန်တရာလှလွန်းတဲ့ကောင်မလေးပါ။ထက်မြတ်လွန်းလို့နှလုံးခွဲစိတ်ဆရာ၀န်ဖြစ်လာသည့်သူမလေးကိုပိုင်ဆိုင်ထားသည့်ယောကျာ်းသားကအလွန်တရာမှကံကောင်းလွန်းလှပါသည်။
သို့ပေမဲ့လည်းသူတို့ချစ်သူနှစ်ယောက်ကြားနောက်ထပ်တယောက်သောသူကရှိနေပြန်သည်။ညစာစားဝိုင်းလေးစတင်ပြီးအချိန်သိပ်မကြာလိုပါ တယောက်သောသူဆိုသည့်လူသားလေး ထမင်းစားခန်းထဲ့သို့အပြေးတပိုင်းရောက်လာခဲ့သည်။
" Jiminniee hyung !"
ထမင်းစားခန်းအပေါက်၀မှခေါ်သံခပ်စူးစူးလေးကြောင့်ညစာစားဝိုင်းမှလူအားလုံးထိုလူသားအားလည်ပြန်ကာလှည့်လို့လာသည်။ထိုလူသားလေးလည်းJimin၏ဘေးတွင်၀င်ထိုင်လာပြီး တစ်စုံတစ်ဦးအားသေချာမကြည့်မိသေးပေ။
သတိထားမိသွားချိန်တွင်မျက်စိအရှေ့တွင်ဘေးချင်ကပ်ထိုင်နေသည့်စုံတွဲအားသေချာကြည့်မိတော့ ချစ်ရသူဖြစ်နေလို့ရယ်။သို့ပေမဲ့ စောစောကောက်ချက်မချသေးပဲ မသိချင်ယောင်ဆောင်ကာညစာစားဖို့ပြင်လိုက်သည်။
သို့ပေမဲ့ Jimin၏အမေကစကား စလာသည်။
Mom _ " စောစောလာမယ်ပြောပြီးနောက်ကျလိုက်တာ !"
Jk _ " ဟုတ်တယ် ဗြောလေးနဲ့အပြင်ခဏသွားနေလို့ဗျ "
TH _ " Jungkook !"
Jk _ " အော့ ခင်များပဲ "
JM _ " သိနေကြတာလား ?"
TH _ " ငါမင်းကိုပြောဖူးတဲ့စက်ဘီးနဲ့တိုက်မိတယ်ဆိုတဲ့ချာတိတ်လေးပေါ့ !"
JM _ " အော် ! Taehyungပြောဖူးတဲ့ချာတိတ်ကမင်းကိုး ။ Taehyungကငါ့ရဲ့ငယ်သူငယ်ချင်း သူ့ဘေးကသူ့ရဲ့ချစ်သူ တွဲနေတာ၁နှစ်ကျော်ပြီ "
Jiminကထိုသို့မိတ်ဆက်ပေးတော့ ကောင်ငယ်လေးအားအပြုံးလှလှနှင့်ပြုံးပြနှုတ်ဆက်လာသည့်မိန်းမလှလေးကတကယ်ကိုလှပါသည်။အောင့်သက်သက်ခံစားချက်ကိုအပြုံးတုနှင့်ဖုံးကွယ်ကာထိုမိန်းမလှလေးအားပြန်လည်ပြုံးပြခဲ့သည်။ခါတိုင်းဆိုလျှင်အဒေါ်ဖြစ်သူ၏လက်ရာထမင်းဟင်းကအရသာရှိခဲ့သလောက် ယခုတော့အရသာမဲ့နေခဲ့သည်။
ထိုအခါမှဗြောလေးမေးခဲ့ဖူးသည့်မေးခွန်းပနားထဲအထပ်ထပ်ကြားယောင်လာခဲ့သည်။"သူ့မှာချစ်သူရှိနေရင်နင်နောက်ဆုတ်မှာလား"တဲ့။
နာကြင်ခြင်း၏အစ။
♥ BLACK LOTUS ♥
@leeyuna (May 25,2021)
#Noona
Note : ဖတ်လို့အဆင်ပြေကြရဲ့လားဟင်?:'(