နွေးထွေးမှုတို့လွှမ်းခြုံကာ(...

By reli_08

39K 1.5K 18

Cover photo credit to the rightful owner. အဆိုးဆုံးအခြေအနေမှာတောင် ကျွန်တော့်ကို မစွန့်လွှတ်ခဲ့ဘဲ သူ့ရင်ခွင်မ... More

အမှာစာ(အမွာစာ)
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 33
Part 34
Part 35 (Final)
Extra-1
Extra-2
Extra Final
Facts
ကျေးဇူးတင်လွှာ(ေက်းဇူးတင္လႊာ)
New Fic

Part 32

632 32 0
By reli_08

(Unicode)

လေးနှစ်ကြာပြီးသော်

ထမင်းစားပြီးနောက် ဆွဲလက်စ ပန်းချီကားအား လက်စသတ်ရန် ပန်းချီခန်းသို့ အာကာလင်းသန့် ပြန်လာသည်။ ဤပန်းချီကားက သူ့တစ်ကိုယ်တော် ပန်းချီပြပွဲအတွက် ဆွဲရမည့် နောက်ဆုံးပန်းချီကားဖြစ်သည်။ ဤတစ်ခုကို ဆွဲပြီးသည်နှင့် သူ အနှစ်နှစ်အလလ စောင့်ဆိုင်းလာခဲ့ရသော အိပ်မက်လေးမှာ အကောင်အထည်ပေါ်လာတော့မည်ကို တွေးကာ ပျော်ရွှင်မိနေသည်။ သီချင်းလေး တညည်းညည်းနှင့် တံခါးကို ဆွဲဖွင့်လိုက်ပြီးသည့်အချိန်မှာတော့ မိုးကြိုးအစင်းတစ်ရာ ခေါင်းတည့်တည့်ကို ပစ်ချလိုက်သယောင်၊ မီးမြားအစင်းတစ်ထောင် ရင်ဝကို လာစိုက်သလို၊ ကမ္ဘာမြေကြီးရဲ့ ဟိုးအောက်ဆုံးအထိ ဆွဲချခံသွားရသကဲ့သို့ ခံစားချက်နှင့် နှမြောတသဖြစ်မိသွားသည်။

သူ ဒီ့ထက် ပိုဆိုးရွားသော ဥပမာများနှင့်တောင် သူ့ရင်တွင်းဝေဒနာကို ဖော်ပြလို့ရရင် ဖော်ပြလိုက်ချင်သေးသည်။ ထိုလောက်ထိ ရင်ထုမနာဖြစ်ရသည်မှာ သူလွန်သည်လို့တော့ မထင်ပါ။ အဘယ့်ကြောင့်ဆိုသော် သူ့ရဲ့ ပြီးဆုံးခါနီး ပန်းချီကားလေးသည် ဆေးအနီရောင် လက်ဝါးရာများဖြင့် မရှုမလှ ပုံပျက်ပန်းပျက် ဖြစ်နေရှာသည်ကိုး။ သူ့နေရာမှာ တခြားသူဆိုလည်း သူ့လို ခံစားရမည် ထင်ပါသည်။

သူ့ရဲ့ ဝိညာဉ် ခန္ဓာကိုယ်ဆီမှ ခွဲခွာသွားသလို အခိုက်အတန့်တစ်ခု အံ့ဩမှင်သက်ပြီး ကြက်သေသေနေပြီးနောက်တွင် အဓိက လက်သည်တရားခံများအား မျက်စိရှေ့သို့ အရောက်ခေါ်ရန် သတိဝင်လာလေသည်။

"ပိုင်ဆည်းဆာသန့် ပိုင်မိုးတိမ်သန့်၊ အခုလာကြစမ်း"

အာကာလင်းသန့်ရဲ့ အော်သံကြောင့် ဝရန်တာလက်ရန်းတွင် အမောဖြေကာ အနားယူနေသော ခိုပြာတစ်ကောင်သည် လန့်ဖြန့်ပြီး အတောင်တဖျပ်ဖျပ်ခတ်ကာ တစ်ချိုးတည်း ထပျံသွားသည်။ သူကတော့ အားမရှိတော့သလို ကြမ်းပြင်ပေါ်တွင် ခြေနှစ်ချောင်း ဆင်းလျက်သား ထိုင်မိသွားသည်။

ခဏအကြာတွင် အခန်းထဲသို့ ဝင်မလာသေးဘဲ အခန်းဝမှာ ပြူတစ်ပြူတစ်ဖြစ်နေကြသော ခေါင်းလေးနှစ်လုံးအား လှုပ်လီလှုပ်လဲ့နှင့် တွေ့ရသည်။ အိမ်ခေါ်နာမည်တွေ မဟုတ်ဘဲ နာမည်အရင်းတွေ ခေါ်ချလိုက်တော့ နှစ်ယောက်သား သူတို့အပြစ်သူတို့သိပြီး ကြောက်နေကြပုံရသည်။ သူကပဲ စိတ်လျှော့ပြီး သူတို့ အထဲဝင်လာအောင် စကားစရတော့မှာပေါ့။

"ပါပါး ဘာမှမလုပ်ဘူး၊ ကြောက်မနေကြနဲ့၊ ဝင်လာကြ"

ထိုသို့ပြောမှ အခန်းထဲသို့ အမြွှာနှစ်ယောက် ပြေးဝင်လာသည်။ မျက်နှာချိုသွေးသည့်အနေဖြင့်လည်း သူ့ကို ရယ်ပြလျက် သူ့ရှေ့တည့်တည့်တွင် အမွှေစိန်နှစ်ယောက် တင်ပျဉ်ခွေကာ လာထိုင်ကြသည်။

"ဘာလုပ်ထားကြမှန်း သိကြတယ်မလား"

ချက်ချင်းကို နှစ်ယောက်စလုံး မျက်နှာလေးတွေ ငယ်သွားပြီး ခေါင်းညိတ်ပြကြသည်။ မျက်နှာငယ်လေးတွေကို မြင်ရတော့လည်း အစောနက ဆူမယ်လို့ တွေးထားသည့် စကားလုံးတွေ ပျောက်ကုန်သည်။ ဒီအတိုင်းလွှတ်ထားပေးလိုက်လို့ကလည်း မရ။ လွတ်ထားလိုက်ရင် ကလေးတွေကနောက်ထစ်ခါ ထပ်ပြီး ယခုကဲ့သို့ မလုပ်ဘူးဟု မပြောနိုင်။ သူနဲ့ ပိုင်မြင့်မြတ်ကျော်ကတော့ မိဘတွေမို့ ကိစ္စမရှိပေသိ ကျောင်းတက်သည့်အခါမှ အစပြု၍ အရွယ်ရောက်ပြီး အသက်ကြီးသွားသည်အထိ သူများတကာရဲ့ ပစ္စည်းကို သူတို့ လုပ်ချင်သလို လုပ်လို့ရသည်ဆိုသော အသိကြီး ဝင်သွားနိုင်သည်။

မိဘတစ်ယောက် ဖြစ်လာသည့်အခါမှာ သူ့အနေနဲ့ ကလေးတွေကို ချစ်လို့မဆူရက်၊ မပြောရက် ဆိုတာမျိုး ကိုယ့်စိတ်ဆန္ဒအရ လုပ်လို့မရတော့။ ကလေးတွေကို အကျင့်စာရိတ္တ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ ကောင်းမွန်သည့် လူတွေအဖြစ် မြင်နိုင်ရန် ဆူသင့်တာဆူ၊ ပြောသင့်တာပြောရမည်။ ထိန်းထိန်းသိမ်းသိမ်း နည်းမှန်လမ်းမှန်နဲ့ ဆူ‌ဖို့တော့ လိုတာပေါ့လေ။

"ခေါင်းညိတ်ရုံပဲ မညိတ်နဲ့၊ ကိုယ်လုပ်ထားတာ ကိုယ်သေချာရင် ပါးစပ်ကနေ ဝန်ခံ၊ ပါပါး ထပ်မေးမယ်၊ သမီးနဲ့သား အပြစ်လုပ်ထားလား၊ မလုပ်ထားဘူးလား"

"လုပ်ထားပါတယ် ပါပါး"

မောင်နှမနှစ်ယောက် ခေါင်းငုံ့လျက် သံပြိုင်ဖြေလာကြသည်။

"ခေါင်းမငုံ့နဲ့လေကွာ၊ ပါပါးနဲ့ စကားပြောတိုင်းမှာ ဒီအတိုင်း ခေါင်းငုံ့ပြီး သားတို့ပြောလို့လား၊ ပါပါးကရော ဒယ်ဒီ့ကိုဖြစ်ဖြစ် သမီးတို့မောင်နှမကိုဖြစ်ဖြစ် စကားပြောရင် ခေါင်းငုံ့ပြီး ပြောတာ မြင်ဖူးလား"

"ဟင့်အင်း ပါပါး"

"မီးလည်း မမြင်ဖူးဘူး"

"ဒါဆို ဘယ်လို ပြောလဲ"

"မျက်နှာကို ကြည့်ပြီး ပြောတယ်"

မိုချီက ထိုသို့ဖြေသည်။

"ဒီနေရာကို ကြည့်ပြီး ပါပါးပြောတာ"

မိုတီက သူ့မျက်နှာသူ လက်ညှိုးနှင့် ထိုးပြပြီး အဖြေပြောသည်။

"နှစ်ယောက်စလုံး မှန်တယ်၊ စကားပြောတဲ့ အခါတိုင်း တစ်ယောက်နဲ့တစ်ယောက် မျက်နှာကိုကြည့်ပြီး ပြောရတယ်၊ မှတ်ထားကြနော်၊ ပါပါးပြောတာ နားလည်ကြလား"

"ဟုတ်"

"ဒါဆို ခုနက ကိစ္စပြန်ဆက်မယ်၊ ဘာဖြစ်လို့ ပါပါးရဲ့ ပန်းချီကားမှာ လက်ဝါးရာတွေထင်အောင် လျှောက်ဆော့ထားတာလဲ၊ ပါပါးကို တစ်ခုခု စိတ်ကောက်နေလို့လား၊ တခြားအကြောင်းကြောင့်လား"

"ပါပါးကို မီးတို့ စိတ်မကောက်ပါဘူး၊ ဘွားတို့အိမ်မှာ သွားအိပ်တုန်းက တီဗွီမှာ တွေ့ခဲ့တဲ့ ကားထဲကလို လုပ်ကြည့်တာ"

"ဟင် ဘာကြီး"

"ကလေးလေးတစ်ယောက်က ပါပါးသုံးနေကျ ဆေးတွေလိုမျိုး ဆေးတွေထဲမှာ လက်နှစ်ပြီး သူ့အမေနဲ့ စာရွက်အဖြူပေါ်မှာ လျှောက်တင်နေတာတွေ့လို့ မိုချီရော သားရော လုပ်ကြည့်ချင်လာတာနဲ့  စာရွက်အဖြူလိုက်ရှာသေးတယ်၊ မတွေ့လို့ ပါပါးရဲ့ ပန်းချီပေါ်မှာ လုပ်ကြည့်မိသွားတာ၊ ပါပါး စိတ်မဆိုးပါနဲ့"

သူ အခုမှ ဇာတ်ရည်လည်တော့သည်။ အမြွှာနှစ်ယောက်က မားတို့အိမ်သွားတုန်း မားတို့နဲ့အတူ ရုပ်ရှင် ကြည့်ခဲ့ကြသည်ထင်၏။ ဇာတ်လမ်းထဲမှာ ပါတာကို မြင်လာပြီး ကလေးတွေပီပီ စူးစမ်းချင်စိတ်ကြောင့် လိုက်လုပ်ကြတာဖြစ်မည်။ ကံမကောင်း အကြောင်းမလှတော့ သူ့ပန်းချီက အမြွှာတွေ ဆော့စရာဖြစ်သွားရှာသည်။ ဖြစ်ပြီးမှတော့ ပြန်တွေးလည်း ထူးမနေတော့ပေ။ Mood ရှိနေသေးရင်တော့ စိတ်နှစ်ပြီး အစကနေ ပြန်ဆွဲလို့ရရင် ပြန်ဆွဲလိုက်မည်။ မရလျှင်လည်း သူ သတ်မှတ်ထားသည့် အရေအတွက်ပြည့်ရန် နောက်ကားအသစ် ထပ်ဆွဲရုံသာ။

"ပါပါး စိတ်မဆိုးပါဘူး၊ ဒါပေမဲ့ သားတို့ဖြစ်ချင်တာ၊ လုပ်ချင်တာရှိရင် ပါပါး ဒါမှမဟုတ် ဒယ်ဒီ့ကို နောက်ဆို ပြောပြရမယ်၊ အရုပ်လိုချင်ရင် ပါပါးတို့ကို ပြောပြီး ဝယ်ခိုင်းသလိုမျိုးလေ၊ အဲ့လိုမျိုး ပြောရမှာပေါ့၊ အခု သားတို့ယူဆော့လိုက်တာ ပါပါးရဲ့ ပစ္စည်းဖြစ်နေတာကြောင့် ဘာမှမဖြစ်ဘူး၊ ပါပါးပစ္စည်းလည်းမဟုတ်၊ ဒယ်ဒီ့ပစ္စည်းလည်း မဟုတ်၊ မိသားစုတွေရဲ့ပစ္စည်းလည်းမဟုတ်၊ နောက်ပြီး ဦးဦးတွေရဲ့ပစ္စည်းလည်း မဟုတ်ဘဲ မသိတဲ့လူရဲ့ ပစ္စည်းသာဆို ပါပါးကလေးတွေ ဘာလုပ်ခံရမယ်ထင်လဲ"

"တုတ်ကြီးနဲ့ အရိုက်ခံရမှာလား ပါပါး"

"သားတို့ကို ဖမ်းသွားပြီး ရောင်းစားမှာလား"

အမြွှာတွေရဲ့ ထင်မြင်ချက်တွေကိုအကြား ရယ်မိတော့သည်။

"ဒီကလေးတွေတော့ အကြီးကြီးတွေ တွေးနေတယ်၊ ပါပါး ပြောပြမယ်၊ သားနဲ့သမီးထင်သလိုမျိုး မဟုတ်ဘူး၊ အလွန်ဆုံးမှ ဒေါသထွက်တာလောက်ပဲရှိမှာ၊ ပါပါး ခုနက မေးတယ်ဆိုတာ သားတို့ရဲ့ ကိုယ်ပိုင်ဦးနှောက်နဲ့ စဉ်းစားတတ်အောင် မေးလိုက်တာ၊ ပါပါး အဓိက ပြောချင်တာက ကိုယ်ပိုင်ပစ္စည်း၊ ရှင်းအောင် ပြောရရင် သားတို့ဆီမှာရှိတဲ့ အရုပ်တွေ၊ အဝတ်အစား အဲ့ဒါတွေ မဟုတ်တဲ့ တခြားတစ်ယောက်ရဲ့ ပစ္စည်းကို ယူ‌ဆော့ချင်တာဖြစ်ဖြစ်၊ လှလို့ကိုင်ကြည့်ချင်တာဖြစ်ပါစေ၊ ပိုင်ရှင်ဆီက ခွင့်တောင်းပြီး ပိုင်ရှင်ကလည်း ခွင့်ပြုမှ ယူလို့ရမယ်၊ ဒါ အခုအချိန်အတွက်ပဲ ဆုံးမတာမဟုတ်ဘူး၊ တစ်သက်လုံးအတွက် ပြောတာနော်၊ ပါပါးကလေးတွေက လိမ္မာတဲ့ကလေးတွေလား၊ ဆိုးတဲ့ ကလေးတွေလား"

"မီးတို့က လူလိမ္မာလေးတွေ"

"မိုချီပြောတာ ဟုတ်တယ်"

"လိမ္မာတဲ့‌ကလေးတွေ ပိုပြီး လိမ္မာသွားအောင် ခွင့်တောင်းတဲ့အကျင့်လေး လုပ်မကြည့်ချင်ကြဘူးလား"

"လုပ်မှာပေါ့"

"သားလည်းလုပ်မယ် ပါပါး"

"ပါပါးကလေးတွေကတော်လိုက်တာ၊ ဒီကိုလာပါဦး၊ အာဘွားပေးချင်လို့"

လက်နှစ်ဖက်ကို ဆန့်တန်းပေးလိုက်တော့ သူ့ရင်ခွင်ထဲသို့ ပြေးဝင်လာကြသည်။ ပါးအိအိလေးတွေကို တစ်ယောက်တစ်ချက် နမ်းပေးလိုက်သည့်အပြင် တင်ပါးလုံးလုံးလေးတွေကိုလည်း မနာအောင် တစ်ချက်ဆီ ရိုက်ပေးလိုက်သည်။ မယ်တတ်ပနှင့် ကိုတတ်ပတို့နှစ်ယောက်ကား တခစ်ခစ်နှင့် သဘောကျနေကြတော့သည်။

"သွားပြန်ဆော့ကြတော့၊ ပါပါး အလုပ်လုပ်လိုက်ဦးမယ်"

မောင်နှမနှစ်ယောက် လှစ်ကနဲ အောက်ထပ်သို့ ပြေးဆင်းသွားကြသည်။ လက်ဝါးနီရာ ဗရပွနှင့် လှချင်တိုင်းလှနေသော ပန်းချီကားအား canvasမှ ဖြုတ်ကာ အခန်းထောင့်၌ သွားထောင်ထားလိုက်မိသည်။ ကိုယ့်သားသမီးတွေ လုပ်ထားတာဖြစ်၍ လွှင့်ပစ်ဖို့တော့ စိတ်မကူးမိ။ အမှတ်တရအနေဖြင့် သိမ်းထားရန်သာ ရည်စူးသည်။ တစ်ယောက်တည်း အလုပ်ရှုပ်နေခိုက် ပန်းချီဆွဲသည့်ကိရိယာတွေတင်သည့်ခုံတွင် ထမင်းသွားမစားမီက တင်ထားခဲ့သောဖုန်းက တုန်ခါလာသည်။ ဖုန်းနံပါတ်ကိုကြည့်တော့ ခေါ်နေသူမှာ သူ ပန်းချီပြပွဲလုပ်မည့် ပြခန်းမှ ပြခန်းမှူးဖြစ်နေ၏။

"ဟယ်လို ပြခန်းမှူး၊ ပြောပါဗျ"

သူ လိုချင်သည့်နေ့အတွက် ရက်မှာ အတိအကျ မရသေးဘဲ နောက်ထပ် ပန်းချီဆရာတစ်ယောက်နှင့် တိုက်နေတာကြောင့် အခက်တွေ့နေရသည်။ ထိုကိစ္စနှင့် ပတ်သတ်၍ ညှိနှိုင်းကာ တိုင်ပင်လိုကြောင်း ပြခန်းမှူးက ဖုန်းဆက်ကာ ချိန်းခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် အာကာလင်းသန့် အပြင်ထွက်ဖို့ အစီအစဉ်မရှိပါဘဲ ကောက်ခါငင်ကာ ထသွားရတော့မည်။ ဒေါ်ကြီးတင့်က နေမကောင်း၍ ဒီနေ့မလာနိုင်ပါ။ ကလေးတွေကို အိမ်မှာ ဒီအတိုင်း ထားခဲ့လို့ကမဖြစ်။ ချိန်းထားသည့်ဆီသို့ ခေါ်သွားဖို့ကလည်း မဖြစ်ပြန်။ မားတို့ဆီ သွားပို့နေရင်လည်း လမ်းကြောင်းတကူးတကနှင့် အချိန်မမီမှာ စိုးရသည်။ ပိုင်မြင့်မြတ်ကျော်ကို ဖုန်းဆက်ပြီး အဆင်ပြေသည်ဆို ဝင်ပို့ခဲ့လိုက်တာ အကောင်းဆုံးပင်။

🍀

Primrose LTရှေ့က ကားပါကင်တွင် အာကာလင်းသန့် ကျွမ်းကျင်စွာ ကားကိုပါကင်ထိုးလိုက်သည်။ အရင်တုန်းက ကားမောင်းရတာ မကြိုက်သည့်သူသည် အခုတော့ ထိုသို့မဟုတ်။ ကိုယ်တိုင် ကိုယ့်ကားနှင့်ကိုယ် မောင်းပြီးသာသွားသည်။ ပိုင်မြင့်မြတ်ကျော် အိမ်မှာ မရှိသည့်အချိန် အရေးအကြောင်း တစ်ခုခုဖြစ်လျှင် ကိုယ့်ကားနှင့်ကိုယ် မောင်းသွားတော့ တက္ကစီခေါ်ပြီး စောင့်နေရသော အချိန်ကို လျှော့ချနိုင်၍ ပိုမြန်သည်။ ဤသို့ဖြင့် သူ့မှာ သူ့ကိုယ်ပိုင်ခံစားမှုအရ မကြိုက်သော်လည်း အဆင်ပြေပြေရှိနိုင်မှုကို ဦးစားပေးကာ ရွေးချယ်ခဲ့ရသည်။

နောက်ထပ် ပြောင်းလဲမှုတစ်ခုလည်း သူ့တွင် ရှိသေးသည်။ ထိုအရာမှာ သူစွဲမြဲစွာ အပြင်သွားတိုင်း ဝတ်နေကျ နားဆွဲကို ယခုဆိုလျှင် မဝတ်တော့ခြင်း။ သူ မကြိုက်တော့၍ မဟုတ်ဘဲ ကလေးတွေကို ရလာပြီးနောက်ပိုင်း သူ့ကိုယ်သူ အပြင်သွားခါနီးတိုင်း ပြင်ဆင်ရန် အချိန်ရေရေရာရာ မရတော့၍ဖြစ်သည်။ သို့နှင့် လုံးဝမဝတ်ဖြစ်တော့သည့် အနေအထားသို့ ဆိုက်ရောက်သွားသည်။

ပတ်ထားသည့် ခါးပတ်ကိုဖြုတ်ပြီး ကားပေါ်မှဆင်းကာ အပြင်ရောက်ချိန် အမြွာနှစ်ယောက်မှာလည်း သူတို့ဘာသာသူတို့ဆင်းပြီး အပြင်ရောက်နေကြသည်။ သူ အလယ်မှာ ရပ်လိုက်ပြီး အမြွှာနှစ်ယောက်ရဲ့လက်ကို တစ်ယောက်တစ်ဖက်‌ဆွဲ၍ ကုမ္ပဏီအတွင်းသို့ ဦးတည်လိုက်သည်။ ပိုင်မြင့်မြတ်ကျော်ရဲ့ ရုံးခန်းက အပေါ်ဆုံးဖြစ်သည့် တတိယထပ်မှာဖြစ်၍ ထိုအထပ်သို့ပဲ အာကာလင်းသန့် တန်းသွားဖြစ်သည်။

ကုမ္ပဏီရဲ့ အောက်ဆုံးထပ်တွင် ဧည့်သည်တွေနှင့် plannerတွေ အသေးစိတ်ဆွေးနွေးနိုင်ရန် သီးသန့်နေရာနှင့် receptionတို့ရှိသည်။ ဒုတိယထပ်တွင် plannerတွေရဲ့ ရုံးခန်း၊ decorationသမားတွေရဲ့ ရုံးခန်းနှင့် decorationအတွက် အလှဆင်ရန် ပစ္စည်းများပြင်ဆင်ရာနေရာရှိပြီး တတိယထပ်မှာ  ပိုင်မြင့်မြတ်ကျော်အပါအဝင် တခြား အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ ဝန်ထမ်းများ၏ ရုံးခန်းများနှင့် အစည်းအဝေးခန်းရှိသည်။

လမ်းတစ်လျှောက် သူနှင့် အမြွှာနှစ်ယောက် ဘယ်သူတွေလဲဆိုတာ သူတို့ဘာသာ အလိုလိုရိပ်မိနေသော ဝန်ထမ်းမိန်းက‌လေးတချို့က ရယ်ပြကာ နှုတ်ဆက်သွားကြသည်။ ပိုင်မြင့်မြတ်ကျော်ကတော့ သူတို့လက်ထပ်ပြီးစက သူတို့ရဲ့ ပတ်သတ်မှုကို အတိအလင်းကြေညာမည်ဟု ပြောသော်ငြား သူက ထိုသို့မလုပ်ခိုင်းဘဲ အနည်းအကျဉ်းသာ ကြေညာရန် နားချခဲ့သည်။ ထို့ကြောင့် ကုမ္ပဏီရှိ ဝန်ထမ်းအများစုက ပိုင်မြင့်မြတ်ကျော် အိမ်ထောင်သည်ဆိုတာနှင့် ကလေးတွေရှိကြောင်းကိုသာ အကြမ်းဖျင်းသိထားသည်။ အိမ်ထောင်ဖက်က မည်သူမည်ဝါဆိုတာကိုတော့ မသိကြပါ။

ပိုင်မြင့်မြတ်ကျော်ရဲ့ ရုံးခန်းကို ဝင်ရန် အပြင်ဘက်မှ အတွင်းရေးမှူးစားပွဲကို အရင်ဖြတ်ရသည်။ ကောင်းသက်ဦးက သူနဲ့ ကလေးတွေကို မြင်တော့ ချက်ချင်းပဲ မတ်တပ်ထရပ်၏။

"ထိုင်နေ ကိုကောင်းသက်၊ ဘာလို့ မတ်တပ်ထရပ်ရတာလဲဗျာ၊ ကျွန်တော်နဲ့ မသိတာလည်း မဟုတ်ဘဲနဲ့"

"ကျွန်တော် အကျင့်ပါနေလို့ပါ"

"ဦ်းမြတ် ရှိတယ်မလား"

"ရှိတယ် အစ်ကိုလေး၊ ဝင်သွားလိုက်လို့ရတယ်"

အာကာလင်းသန့် တံခါးဖွင့်လိုက်တော့ ဘယ်အချိန်ကတည်းက ဝင်ချင်နေမှန်းမသိသည့် အမြွှာနှစ်ယောက်မှာ ပိုင်မြင့်မြတ်ကျော်ဆီ ပြေးကြတာ တန်းနေရော။

"ဒယ်ဒီ"

ပြိုင်တူခေါ်ကာ ပိုင်မြင့်မြတ်ကျော်ရဲ့ အလုပ်စားပွဲဆီမှာ သွားနေကာ ကပ်ချွဲ ချွဲကုန်ကြသည်။ အာကာလင်းသန့် တံခါးကို ပြန်ပိတ်လိုက်ပြီးနောက် ဆိုဖာတွင် ခေါင်းမှီထိုင်ရင်း အလွမ်းသယ်နေသော သားအဖတစ်တွေအား ကြည့်နေမိသည်။

"ဒယ်ဒီ့ကလေးတွေ အိမ်မှာ ထမင်းကောင်းကောင်း စားကြရဲ့လား"

"ထမင်းလည်း ကောင်းကောင်းစားတယ်၊ ဆော့လည်းဆော့တယ်၊ အဲ့ဒါပြီးတော့"

မိုတီက ပြောနေရာမှ ရပ်သွားသည်။

"ပြီးတော့ရော ဘာလုပ်သေးလဲ"

"ပါပါးဆွဲနေတဲ့ ပန်းချီမှာ လက်ဝါးရာထင်‌သွားအောင် မီးတို့ လုပ်ခဲ့မိတယ်"

မိုချီ့စကားအဆုံး ပိုင်မြင့်မြတ်ကျော် မျက်လုံးပြူးသွားပြီး အာကာလင်းသန့်ဘက်သို့ ကြည့်ကာ မျက်လုံးချင်းစကားပြောပြီး 'ဟုတ်လား'ဟု မေးလိုက်သည်။ အာကာလင်းသန့်က မျက်နှာလေးရှုံ့မဲ့၍ ခေါင်းညိတ်ပြကာ ဟုတ်မှန်ကြောင်း ဖြေကြားသည်။ အာကာလင်းသန့် ဆုံးမထားမှာကို သိနေသည့်အလျောက် ကလေးတွေကို ဘာမှ ထပ်မဟရန် ဆုံးဖြတ်လိုက်သည်။ ဒီနေ့လိုမျိုး ကလေးတွေက အနာဂတ်မှာ ဘယ်သောအခါမှ ထပ်လုပ်တော့မှာ မဟုတ်မှန်းလည်း သူ ယုံကြည်၏။

ထိုစဉ်တွင်-

"ဆရာ၊ ကျွန်မ ဝင်လာလို့ရလား"

သဲနုဇင်တို့ကတော့ အမြွှာတွေ ရောက်နေသည်ဆိုတာနှင့် ရောက်ရာအရပ်ကနေ ပေါက်ချလာတော့သည်။ သဲနုဇင်ဆိုသည်မှာ သူ ကုမ္ပဏီ စထောင်ကတည်းက ရှိခဲ့သော ကောင်းသက်ဦးလို သစ္စာရှိဝန်ထမ်းတစ်ယောက်ဖြစ်သည်။ ထို့ပြင် စိုင်းခွန်လျှံနှင့် မင်းတည်ကြည်တို့ရဲ့ သူငယ်ချင်းအရင်းကြီးဖြစ်သူ ဝေယံဖြိုးရဲ့ ဇနီးလည်းဖြစ်၏။ ဤသို့ ပတ်သတ်ဆက်နွယ်နေမှုများကို သူတို့နှစ်ယောက် သဲနုဇင်ရဲ့ကလေးမွေးနေ့ သွားရာမှ မင်းတည်ကြည်တို့နှင့် တစ်ဝိုင်းတည်း ထိုင်ဖြစ်ရင်း သိခဲ့ရသည်။ မင်းတည်ကြည်ရဲ့ ခင်ပွန်းစိုင်းခွန်လျှံနဲ့လည်း ထိုအချိန်မှာမှ ရင်းနှီးစွာ သိကျွမ်းခဲ့ကြခြင်းပင်။

"အေး၊ ဝင်ခဲ့"

သဲနုဇင်မှာ မျက်နှာကို အစွမ်းကုန်ပြုံးကာဖြင့် ရုံးခန်းထဲ ရောက်လာသည်။

"မိုချီနဲ့ မိုတီကို လာခေါ်တာမလား"

"ဟုတ်တယ်ဆရာ၊ အမြွှာတွေနဲ့ မတွေ့ရတာကြာတာရော၊ မုန့်ကျွေးချင်တာရောကြောင့် လာခေါ်တာ"

သဲနုဇင်နှင့်ဆိုလျှင် အမြွှာတွေကို စိတ်မချစရာမရှိ။ ထည့်ပေးလိုက်လို့  တစ်စုံတစ်ခု ပူစရာအကြောင်း တစ်စုံတစ်ရာလည်း မရှိပါ။

"ခေါ်သွားလိုက်၊ သူတို့ မနေချင်တော့တဲ့ အချိန်မှသာ ပြန်လာပို့လိုက်"

"ဟုတ်ကဲ့ဆရာ၊ အန်တီသဲနဲ့ သွားရအောင် အသေးလေးတို့၊ မောင်လေး...ကလေးတွေကို အစ်မ ခေါ်သွားပြီနော်"

အာကာလင်းသန့် ပြုံးပြလိုက်သည်။ ထို့နောက် အမြွှာနှစ်ယောက်မှာ သဲနုဇင်နှင့် လိုက်သွားကြလေသည်။ အခန်းထဲတွင် သူတို့နှစ်ယောက်သာ ကျန်ခဲ့သည်။ ပိုင်မြင့်မြတ်ကျော် ဆိုဖာရှိရာသို့ လျှောက်သွားပြီးနောက် အာကာလင်းသန့်ဘေးတွင် ထိုင်သည်။

"အခု ဘယ်လိုလုပ်မှာလဲ"

"ပြန်ဆွဲရမှာပေါ့ ဦးမြတ်ရာ"

ထို့နောက် အာကာလင်းသန့်မှာ သက်ပြင်းတစ်ခုကို ချတော့သည်။

"အဲ့အမွှေစိန်နှစ်ယောက်ရဲ့ အတိုင်အဖောက်ညီညီလည်မှုကို ကျွန်တော် ပြောပြဦးမယ်၊ ကျွန်တော် ထမင်းစားခန်းထဲမှာ ထမင်းစားနေတုန်း ကျွန်တော့်ကို သူတို့ လာချောင်းကြသေးတယ် သိလား၊ ကျွန်တော်လည်း လှည့်ကြည့်ရော လူမတွေ့ဘဲ အရိပ်ပဲ မြင်ရတော့တယ်၊မရှိကြ‌တော့ဘူး၊ ဒါနဲ့ပဲ ဘာမှမဟုတ်ဘူးဆိုပြီး ထမင်းဆက်စားနေတာပေါ့၊ အပေါ်ထပ်ကိုရောက်မှ ကိုယ်တော်နဲ့အစ်မတော်က surpriseတိုက်ထားကြတာဗျာ၊ လက်ဝါးရာသေးသေးလေးတွေဆိုတာ ပန်းချီတစ်ကားလုံး အပြည့်ပဲ၊ မောင်နှမနှစ်ယောက် ဘယ်တုန်းတည်းက ဆော့ချင်နေကြတာလဲမသိဘူး၊ သူတို့ မြင်ခဲ့တာကို ဆော့ကြည့်ချင်ကြတဲ့အချိန် ကျွန်တော်ကလည်း ကိုယ့်အလုပ်နဲ့ကိုယ် မအားဖြစ်နေတော့ သူတို့ဘာသာ တိုင်ပင်ပြီး လုပ်ကြတာဖြစ်မယ်"

"ပန်းချီကိုရော လွှင့်ပစ်ခဲ့လိုက်ပြီလား"

"မပစ်ပါဘူး၊ ဒီအတိုင်း ထား,ထားတယ်၊ အိမ်ရောက်ရင် ဦးမြတ် သွားကြည့်ကြည့်"

"အင်းကွာ၊ အမြွှာတွေရဲ့လက်ရာကို ကြည့်ရသေးတာပေါ့၊ စကားမစပ် သန့် မြင်မြင်ချင်း စိတ်ဆိုးလိုက်သေးတယ်မလား"

စိတ်မဆိုးဘူးဆိုရင် အာကာလင်းသန့် ဘယ်ပီသပါ့မလဲ။ ကျိန်းသေပေါက် ဆိုးလိုက်ပါသည်။

"ဆိုးတာပေါ့၊ ကျွန်တော် သူတို့ကို မျက်စိရှေ့ရောက်လာရင် လေသံမာမာနဲ့ ပိတ်ဟောက်ဖို့ကိုတွေးတာ၊ မျက်နှာငယ်လေးတွေဖြစ်သွားကြတော့လည်း စိတ်ကမကောင်းဘူး၊ သေချာစဉ်းစားရရင် သူတို့ကို အဲ့လောက်ကြီးအထိလည်း ပြောဖို့မှ မလိုတာလေ၊ ကလေးတွေပဲ လူကြီးတွေလို သိတာမှမဟုတ်တာ၊ လူကြီးဖြစ်တဲ့ ကျွန်တော်ကပဲ ထိန်းသင့်တာထိန်းပြီး လေအေးအေးလေးနဲ့ ပြောရတာပေါ့၊ မဟုတ်ဘူးလား"

"ဟုတ်တာပေါ့၊ ကိုယ့်ကလေးလေး တော်တယ်"

အမြွှာတွေကို ဆုံးမရာမှာ သူရော အာကာလင်းသန့်ပါ တစ်ခါမှ လက်ရွယ်ဖူးသည်မရှိ။ လေသံမာမာလည်း မပြောဘဲ ပုံမှန်သာ စကားပြောသလို ဆုံးမသည်။ အသက်ငယ်ရွယ်သေးသည့် ကလေးတွေဖြစ်သည့်အတွက် သူတို့ သဘောသဘာဝအရ ကောင်းစွာ ဝေဖန်ပိုင်းခြားနိုင်ခြင်းမရှိဘဲ အပြစ်လုပ်မိသွားတာတွေ ရှိသည်။ တချို့ကလေးတွေ ကျပြန်တော့ ပင်ကိုယ်ဗီဇအရ ဂျစ်တစ်တစ်ဆန်ချင်တာမျိုး၊ ဂျီတိုက်ချင်တာတွေရှိ၏။ ထိုကလေးတွေက ပြောစကား နားမထောင်ဘဲ နေတာတွေ ဖြစ်တတ်၏။

မိဘတွေရဲ့ တစ်ဝက်လောက်က သားသမီးတွေ ကောင်းကောင်းဆိုးဆိုး သူတို့ပြောတာ နားမထောင်မိသည့်အခါဆိုလျှင် နားမထောင်ရကောင်းလားဆိုပြီး ကြိမ်လုံးနှင့် ရိုက်တာအပြင် လက်နှင့်လည်း ကလေးတွေကိုရိုက်ကာ ဆုံးမတာတွေ၊ ဆူပူကြိမ်းမောင်းတာတွေဟာ ယခုအချိန်ထိ ရှိဆဲပင်။ ကလေးတစ်ယောက်က အသားနာသွားမှ အမှန်ကိုသိ၊ မိဘစကားနားထောင်တာမျိုး လုံးဝမဟုတ်ပေ။ ဆုံးမရာတွင် လက်ပါစရာလည်း လုံးဝလုံးဝ မလိုပေ။ ကိုယ့်ကလေးရဲ့ အသားကို ကိုယ်တိုင် ရိုက်နှက်ပြီးဆုံးမရတာ အဘယ်ကြောင့် လူတွေ သဘောတွေ့ကြသည်မသိ။ ဒေါသကြောင့် စိတ်ကို မထိန်းလိုက်နိုင်တာပဲ ဖြစ်ပါမည်လေ။ ကလေးတွေကို သူတို့ နားလည်လွယ်မည့်စကားလုံးမျိုးတွေ သုံးပြီး အေးအေးဆေးဆေးဆုံးမခြင်းဟာ ပိုမကောင်းပေဘူးလား။ ဒါ့အပြင် လက်မပါဘဲ စကားကြမ်းကြမ်းမဆိုဘဲ အပြုအမူတွေမပြင်းထန်ဘဲ ဆုံးမနိုင်မည့်နည်းတွေ အများကြီးရှိသည်။ ထိုသို့သာဆိုလျှင် ကလေးဘက်ကကြည့်ရင်လည်း 'ငါ့မိဘတွေ ငါ့ကို နာအောင်လုပ်တယ်' ဆိုသော အတွေးမျိုးတွေ မဝင်တော့ဘဲ မိဘတွေအပေါ် ကြောက်တော့မည်မဟုတ်။ မိဘနှင့် သားသမီးအကြား 'အကြောက်တရား' အမည်ရသော အလွှာကြီး ခြားတာမျိုးလည်း ရှိမလာနိုင်ပါ။

အာကာလင်းသန့်ကို သူ ချီးကျူးသည်။ ပင်ပင်ပန်းပန်း ဖန်တီးထားရသော အနုပညာလက်ရာတစ်ခုက မျက်စိတစ်မှိတ်အတွင်း ပျက်စီးသွားတာ စိတ်ဆိုးဒေါသမဖြစ်ရအောင် သောတာပန် တည်သောပုဂ္ဂိုလ်လည်းမဟုတ်သည့် သာမန်လူတစ်ယောက်။ အထူးသဖြင့် စိတ်တိုလွယ်သည့် သူဖြစ်နေသည်။ ပြီး သူကိုယ်တိုင်လည်း အာကာလင်းသန့်ရဲ့ ဒေါသအတိမ်အနက်ကို ကြုံဖူးမြင်ဖူးခဲ့တာ အကြိမ်ရေတောင်‌ ရေတွက်၍မနိုင်။ ထိုကဲ့သို့သောလူက စိတ်လိုလက်ရ ‌ကလေးတွေကို ဝုန်းဒိုင်းကြဲကာ ဆူပြီး ရိုက်ချင်ရိုက်လောက်တဲ့အထိ ဖြစ်ချင်ခဲ့မှာတောင် စိတ်လျှော့နိုင်ခဲ့တာ သူ ဂုဏ်ယူသည်။

"ကားပိတ်မှာနဲ့ ချိန်းထားတာ နောက်ကျပြီးမှ ရောက်နေဦးမယ်၊ ကျွန်တော် သွားတော့မယ် ဦးမြတ်"

"ဒီအတိုင်း သွားမလို့လား၊ အရေးကြီးတဲ့ကိစ္စ သွားဆွေးနွေးမှာကို ကိုယ့်ဆီက အားဆေး ယူပြီးမှသွား"

"ရုံးခန်းကြီးမှာ ဦးမြတ်ကလည်း၊ မတော် အလုပ်ကိစ္စနဲ့ ဝင်လာရင်  တစ်ယောက်ယောက် တွေ့သွားမှာပေါ့"

"တစ်ယောက်ယောက် ရောက်လာတာနဲ့ ကောင်းသက် တံခါးလာခေါက်မှာကို၊ ဒီအချိန် ဘယ်သူမှလည်း မလာဘူး၊ မစိုးရိမ်ပါနဲ့ကွာ"

"ဦးမြတ်သဘော"

မတုံ့မဆိုင်းလျင်မြန်စွာဖြင့် ပိုင်မြင့်မြတ်ကျော်ရဲ့ နှုတ်ခမ်းသည် အာကာလင်းသန့်ရဲ့နှုတ်ခမ်းကို ငုံထွေးလိုက်သည်။ တစ်ဆက်တည်းဆိုသလို ပိုင်မြင့်မြတ်ကျော်ရဲ့ လည်တိုင်ပေါ်သို့ အာကာလင်းသန့်ရဲ့လက်များတွဲခိုသွား၏။ ယစ်မူးဖွယ် အနမ်းကြမ်းကြမ်းတစ်စုံကြောင့် အသံတချို့မှာ ထွက်ပေါ်လာလျက်ရှိသလို အသက်ရှူသံများ ပြင်းထန်လျက်ရှိသည်။ အနမ်းဆုံးခန်းတိုင်သွားသည့်အချိန်တွင် သူတို့နှစ်ဦးအကြား အမျှင်တန်းလေးတစ်ခုက ချစ်ခြင်းသင်္ကေတတစ်ခုအဖြစ် ပေါ်ပေါက်လာသည်။

အာကာလင်းသန့် အင်္ကျီကို သပ်ရပ်အောင်ပြန်ပြင်လိုက်ပြီးနောက် ချိန်းထားသည့်ဆီသို့ ထွက်ခွာရန် ပြင်သည်။

"တာ့တာ ဦးမြတ်"

"ကားကို ဂရုစိုက်ပြီးမောင်းဦးနော် သန့်"

အာကာလင်းသန့် ထွက်သွားပြီးနောက် ပိုင်မြင့်မြတ်‌ကျော်လည်း အလုပ်ပုံထဲ ခေါင်းပြန်နှစ်လိုက်သည်။

🍀

(Zawgyi)

ေလးႏွစ္ၾကာၿပီးေသာ္

ထမင္းစားၿပီးေနာက္ ဆြဲလက္စ ပန္းခ်ီကားအား လက္စသတ္ရန္ ပန္းခ်ီခန္းသို႔ အာကာလင္းသန႔္ ျပန္လာသည္။ ဤပန္းခ်ီကားက သူ႔တစ္ကိုယ္ေတာ္ ပန္းခ်ီျပပြဲအတြက္ ဆြဲရမၫ့္ ေနာက္ဆံုးပန္းခ်ီကားျဖစ္သည္။ ဤတစ္ခုကို ဆြဲၿပီးသည္ႏွင့္ သူ အႏွစ္ႏွစ္အလလ ေစာင့္ဆိုင္းလာခဲ့ရေသာ အိပ္မက္ေလးမွာ အေကာင္အထည္ေပၚလာေတာ့မည္ကို ေတြးကာ ေပ်ာ္ရႊင္မိေနသည္။ သီခ်င္းေလး တညည္းညည္းႏွင့္ တံခါးကို ဆြဲဖြင့္လိုက္ၿပီးသၫ့္အခ်ိန္မွာေတာ့ မိုးႀကိဳးအစင္းတစ္ရာ ေခါင္းတၫ့္တၫ့္ကို ပစ္ခ်လိုက္သေယာင္၊ မီးျမားအစင္းတစ္ေထာင္ ရင္ဝကို လာစိုက္သလို၊ ကမ႓ာေျမၾကီးရဲ့ ဟိုးေအာက္ဆံုးအထိ ဆြဲခ်ခံသြားရသကဲ့သို႔ ခံစားခ်က္ႏွင့္ ႏွေျမာတသျဖစ္မိသြားသည္။

သူ ဒီ့ထက္ ပိုဆိုးရြားေသာ ဥပမာမ်ားႏွင့္ေတာင္ သူ႔ရင္တြင္းေဝဒနာကို ေဖာ္ျပလို႔ရရင္ ေဖာ္ျပလိုက္ခ်င္ေသးသည္။ ထိုေလာက္ထိ ရင္ထုမနာျဖစ္ရသည္မွာ သူလြန္သည္လို႔ေတာ့ မထင္ပါ။ အဘယ့္ေၾကာင့္ဆိုေသာ္ သူ႔ရဲ့ ၿပီးဆံုးခါနီး ပန္းခ်ီကားေလးသည္ ေဆးအနီေရာင္ လက္ဝါးရာမ်ားျဖင့္ မရႈမလွ ပံုပ်က္ပန္းပ်က္ ျဖစ္ေနရွာသည္ကိုး။ သူ႔ေနရာမွာ တျခားသူဆိုလည္း သူ႔လို ခံစားရမည္ ထင္ပါသည္။

သူ႔ရဲ့ ဝိညာဉ္ ခႏၶာကိုယ္ဆီမွ ခြဲခြာသြားသလို အခိုက္အတန႔္တစ္ခု အံ့ဩမွင္သက္ၿပီး ၾကက္ေသေသေနၿပီးေနာက္တြင္ အဓိက လက္သည္တရားခံမ်ားအား မ်က္စိေရ႔ွသို႔ အေရာက္ေခၚရန္ သတိဝင္လာေလသည္။

"ပိုင္ဆည္းဆာသန႔္ ပိုင္မိုးတိမ္သန႔္၊ အခုလာၾကစမ္း"

အာကာလင္းသန႔္ရဲ့ ေအာ္သံေၾကာင့္ ဝရန္တာလက္ရန္းတြင္ အေမာေျဖကာ အနားယူေနေသာ ခိုျပာတစ္ေကာင္သည္ လန႔္ျဖန႔္ၿပီး အေတာင္တဖ်ပ္ဖ်ပ္ခတ္ကာ တစ္ခ်ိဳးတည္း ထပ်ံသြားသည္။ သူကေတာ့ အားမရိွေတာ့သလို ၾကမ္းျပင္ေပၚတြင္ ေျခႏွစ္ေခ်ာင္း ဆင္းလ်က္သား ထိုင္မိသြားသည္။

ခဏအၾကာတြင္ အခန္းထဲသို႔ ဝင္မလာေသးဘဲ အခန္းဝမွာ ျပဴတစ္ျပဴတစ္ျဖစ္ေနၾကေသာ ေခါင္းေလးႏွစ္လံုးအား လႈပ္လီလႈပ္လဲ့ႏွင့္ ေတြ့ရသည္။ အိမ္ေခၚနာမည္ေတြ မဟုတ္ဘဲ နာမည္အရင္းေတြ ေခၚခ်လိုက္ေတာ့ ႏွစ္ေယာက္သား သူတို႔အျပစ္သူတို႔သိၿပီး ေၾကာက္ေနၾကပံုရသည္။ သူကပဲ စိတ္ေလ်ွာ့ၿပီး သူတို႔ အထဲဝင္လာေအာင္ စကားစရေတာ့မွာေပါ့။

"ပါပါး ဘာမွမလုပ္ဘူး၊ ေၾကာက္မေနၾကနဲ႔၊ ဝင္လာၾက"

ထိုသို႔ေျပာမွ အခန္းထဲသို႔ အႁမြွာႏွစ္ေယာက္ ေျပးဝင္လာသည္။ မ်က္ႏွာခ်ိဳေသြးသၫ့္အေနျဖင့္လည္း သူ႔ကို ရယ္ျပလ်က္ သူ႔ေရ႔ွတၫ့္တၫ့္တြင္ အေမႊစိန္ႏွစ္ေယာက္ တင္ပ်ဉ္ေခြကာ လာထိုင္ၾကသည္။

"ဘာလုပ္ထားၾကမွန္း သိၾကတယ္မလား"

ခ်က္ခ်င္းကို ႏွစ္ေယာက္စလံုး မ်က္ႏွာေလးေတြ ငယ္သြားၿပီး ေခါင္းညိတ္ျပၾကသည္။ မ်က္ႏွာငယ္ေလးေတြကို ျမင္ရေတာ့လည္း အေစာနက ဆူမယ္လို႔ ေတြးထားသၫ့္ စကားလံုးေတြ ေပ်ာက္ကုန္သည္။ ဒီအတိုင္းလႊတ္ထားေပးလိုက္လို႔ကလည္း မရ။ လြတ္ထားလိုက္ရင္ ကေလးေတြကေနာက္ထစ္ခါ ထပ္ၿပီး ယခုကဲ့သို႔ မလုပ္ဘူးဟု မေျပာႏိုင္။ သူနဲ႔ ပိုင္ျမင့္ျမတ္ေက်ာ္ကေတာ့ မိဘေတြမို႔ ကိစၥမရိွေပသိ ေက်ာင္းတက္သၫ့္အခါမွ အစျပဳ၍ အရြယ္ေရာက္ၿပီး အသက္ႀကီးသြားသည္အထိ သူမ်ားတကာရဲ့ ပစၥည္းကို သူတို႔ လုပ္ခ်င္သလို လုပ္လို႔ရသည္ဆိုေသာ အသိႀကီး ဝင္သြားႏိုင္သည္။

မိဘတစ္ေယာက္ ျဖစ္လာသၫ့္အခါမွာ သူ႔အေနနဲ႔ ကေလးေတြကို ခ်စ္လို႔မဆူရက္၊ မေျပာရက္ ဆိုတာမ်ိဳး ကိုယ့္စိတ္ဆႏၵအရ လုပ္လို႔မရေတာ့။ ကေလးေတြကို အက်င့္စာရိတၲ၊ စိတ္ဓာတ္ပိုင္းဆိုင္ရာေတြ ေကာင္းမြန္သၫ့္ လူေတြအျဖစ္ ျမင္ႏိုင္ရန္ ဆူသင့္တာဆူ၊ ေျပာသင့္တာေျပာရမည္။ ထိန္းထိန္းသိမ္းသိမ္း နည္းမွန္လမ္းမွန္နဲ႔ ဆူ‌ဖို႔ေတာ့ လိုတာေပါ့ေလ။

"ေခါင္းညိတ္ရံုပဲ မညိတ္နဲ႔၊ ကိုယ္လုပ္ထားတာ ကိုယ္ေသခ်ာရင္ ပါးစပ္ကေန ဝန္ခံ၊ ပါပါး ထပ္ေမးမယ္၊ သမီးနဲ႔သား အျပစ္လုပ္ထားလား၊ မလုပ္ထားဘူးလား"

"လုပ္ထားပါတယ္ ပါပါး"

ေမာင္ႏွမႏွစ္ေယာက္ ေခါင္းငံု႔လ်က္ သံၿပိဳင္ေျဖလာၾကသည္။

"ေခါင္းမငံု႔နဲ႔ေလကြာ၊ ပါပါးနဲ႔ စကားေျပာတိုင္းမွာ ဒီအတိုင္း ေခါင္းငံု႔ၿပီး သားတို႔ေျပာလို႔လား၊ ပါပါးကေရာ ဒယ္ဒီ့ကိုျဖစ္ျဖစ္ သမီးတို႔ေမာင္ႏွမကိုျဖစ္ျဖစ္ စကားေျပာရင္ ေခါင္းငံု႔ၿပီး ေျပာတာ ျမင္ဖူးလား"

"ဟင့္အင္း ပါပါး"

"မီးလည္း မျမင္ဖူးဘူး"

"ဒါဆို ဘယ္လို ေျပာလဲ"

"မ်က္ႏွာကို ၾကၫ့္ၿပီး ေျပာတယ္"

မိုခ်ီက ထိုသို႔ေျဖသည္။

"ဒီေနရာကို ၾကၫ့္ၿပီး ပါပါးေျပာတာ"

မိုတီက သူ႔မ်က္ႏွာသူ လက္ၫွိုးႏွင့္ ထိုးျပၿပီး အေျဖျပောသည္။

"ႏွစ္ေယာက္စလံုး မွန္တယ္၊ စကားေျပာတဲ့ အခါတိုင္း တစ္ေယာက္နဲ႔တစ္ေယာက္ မ်က္ႏွာကိုၾကၫ့္ၿပီး ေျပာရတယ္၊ မွတ္ထားၾကေနာ္၊ ပါပါးေျပာတာ နားလည္ၾကလား"

"ဟုတ္"

"ဒါဆို ခုနက ကိစၥျပန္ဆက္မယ္၊ ဘာျဖစ္လို႔ ပါပါးရဲ့ ပန္းခ်ီကားမွာ လက္ဝါးရာေတြထင္ေအာင္ ေလ်ွာက္ေဆာ့ထားတာလဲ၊ ပါပါးကို တစ္ခုခု စိတ္ေကာက္ေနလို႔လား၊ တျခားအေၾကာင္းေၾကာင့္လား"

"ပါပါးကို မီးတို႔ စိတ္မေကာက္ပါဘူး၊ ဘြားတို႔အိမ္မွာ သြားအိပ္တုန္းက တီဗြီမွာ ေတြ့ခဲ့တဲ့ ကားထဲကလို လုပ္ၾကၫ့္တာ"

"ဟင္ ဘာႀကီး"

"ကေလးေလးတစ္ေယာက္က ပါပါးသံုးေနက် ေဆးေတြလိုမ်ိဳး ေဆးေတြထဲမွာ လက္ႏွစ္ၿပီး သူ႔အေမနဲ႔ စာရြက္အျဖဴေပၚမွာ ေလ်ွာက္တင္ေနတာေတြ့လို႔ မိုခ်ီေရာ သားေရာ လုပ္ၾကၫ့္ခ်င္လာတာနဲ႔  စာရြက္အျဖဴလိုက္ရွာေသးတယ္၊ မေတြ့လို႔ ပါပါးရဲ့ ပန္းခ်ီေပၚမွာ လုပ္ၾကၫ့္မိသြားတာ၊ ပါပါး စိတ္မဆိုးပါနဲ႔"

သူ အခုမွ ဇာတ္ရည္လည္ေတာ့သည္။ အႁမြွာႏွစ္ေယာက္က မားတို႔အိမ္သြားတုန္း မားတို႔နဲ႔အတူ ရုပ္ရွင္ ၾကၫ့္ခဲ့ၾကသည္ထင္၏။ ဇာတ္လမ္းထဲမွာ ပါတာကို ျမင္လာၿပီး ကေလးေတြပီပီ စူးစမ္းခ်င္စိတ္ေၾကာင့္ လိုက္လုပ္ၾကတာျဖစ္မည္။ ကံမေကာင္း အေၾကာင္းမလွေတာ့ သူ႔ပန္းခ်ီက အႁမြွာေတြ ေဆာ့စရာျဖစ္သြားရွာသည္။ ျဖစ္ၿပီးမွေတာ့ ျပန္ေတြးလည္း ထူးမေနေတာ့ေပ။ Mood ရိွေနေသးရင္ေတာ့ စိတ္ႏွစ္ၿပီး အစကေန ျပန္ဆြဲလို႔ရရင္ ျပန္ဆြဲလိုက္မည္။ မရလ်ွင္လည္း သူ သတ္မွတ္ထားသၫ့္ အေရအတြက္ျပၫ့္ရန္ ေနာက္ကားအသစ္ ထပ္ဆြဲရံုသာ။

"ပါပါး စိတ္မဆိုးပါဘူး၊ ဒါေပမဲ့ သားတို႔ျဖစ္ခ်င္တာ၊ လုပ္ခ်င္တာရိွရင္ ပါပါး ဒါမွမဟုတ္ ဒယ္ဒီ့ကို ေနာက္ဆို ေျပာျပရမယ္၊ အရုပ္လိုခ်င္ရင္ ပါပါးတို႔ကို ေျပာၿပီး ဝယ္ခိုင္းသလိုမ်ိဳးေလ၊ အဲ့လိုမ်ိဳး ေျပာရမွာေပါ့၊ အခု သားတို႔ယူေဆာ့လိုက္တာ ပါပါးရဲ့ ပစၥည္းျဖစ္ေနတာေၾကာင့္ ဘာမွမျဖစ္ဘူး၊ ပါပါးပစၥည္းလည္းမဟုတ္၊ ဒယ္ဒီ့ပစၥည္းလည္း မဟုတ္၊ မိသားစုေတြရဲ့ပစၥည္းလည္းမဟုတ္၊ ေနာက္ၿပီး ဦးဦးေတြရဲ့ပစၥည္းလည္း မဟုတ္ဘဲ မသိတဲ့လူရဲ့ ပစၥည္းသာဆို ပါပါးကေလးေတြ ဘာလုပ္ခံရမယ္ထင္လဲ"

"တုတ္ႀကီးနဲ႔ အရိုက္ခံရမွာလား ပါပါး"

"သားတို႔ကို ဖမ္းသြားၿပီး ေရာင္းစားမွာလား"

အႁမြွာေတြရဲ့ ထင္ျမင္ခ်က္ေတြကိုအၾကား ရယ္မိေတာ့သည္။

"ဒီကေလးေတြေတာ့ အႀကီးႀကီးေတြ ေတြးေနတယ္၊ ပါပါး ေျပာျပမယ္၊ သားနဲ႔သမီးထင္သလိုမ်ိဳး မဟုတ္ဘူး၊ အလြန္ဆံုးမွ ေဒါသထြက္တာေလာက္ပဲရိွမွာ၊ ပါပါး ခုနက ေမးတယ္ဆိုတာ သားတို႔ရဲ့ ကိုယ္ပိုင္ဦးေနွာက္နဲ႔ စဉ္းစားတတ္ေအာင္ ေမးလိုက္တာ၊ ပါပါး အဓိက ေျပာခ်င္တာက ကိုယ္ပိုင္ပစၥည္း၊ ရွင္းေအာင္ ေျပာရရင္ သားတို႔ဆီမွာရိွတဲ့ အရုပ္ေတြ၊ အဝတ္အစား အဲ့ဒါေတြ မဟုတ္တဲ့ တျခားတစ္ေယာက္ရဲ့ ပစၥည္းကို ယူ‌ေဆာ့ခ်င္တာျဖစ္ျဖစ္၊ လွလို႔ကိုင္ၾကၫ့္ခ်င္တာျဖစ္ပါေစ၊ ပိုင္ရွင္ဆီက ခြင့္ေတာင္းၿပီး ပိုင္ရွင္ကလည္း ခြင့္ျပဳမွ ယူလို႔ရမယ္၊ ဒါ အခုအခ်ိန္အတြက္ပဲ ဆံုးမတာမဟုတ္ဘူး၊ တစ္သက္လံုးအတြက္ ေျပာတာေနာ္၊ ပါပါးကေလးေတြက လိမၼာတဲ့ကေလးေတြလား၊ ဆိုးတဲ့ ကေလးေတြလား"

"မီးတို႔က လူလိမၼာေလးေတြ"

"မိုခ်ီေျပာတာ ဟုတ္တယ္"

"လိမၼာတဲ့‌ကေလးေတြ ပိုၿပီး လိမၼာသြားေအာင္ ခြင့္ေတာင္းတဲ့အက်င့္ေလး လုပ္မၾကၫ့္ခ်င္ၾကဘူးလား"

"လုပ္မွာေပါ့"

"သားလည္းလုပ္မယ္ ပါပါး"

"ပါပါးကေလးေတြကေတာ္လိုက္တာ၊ ဒီကိုလာပါဦး၊ အာဘြားေပးခ်င္လို႔"

လက္ႏွစ္ဖက္ကို ဆန႔္တန္းေပးလိုက္ေတာ့ သူ႔ရင္ခြင္ထဲသို႔ ေျပးဝင္လာၾကသည္။ ပါးအိအိေလးေတြကို တစ္ေယာက္တစ္ခ်က္ နမ္းေပးလိုက္သၫ့္အျပင္ တင္ပါးလံုးလံုးေလးေတြကိုလည္း မနာေအာင္ တစ္ခ်က္ဆီ ရိုက္ေပးလိုက္သည္။ မယ္တတ္ပႏွင့္ ကိုတတ္ပတို႔ႏွစ္ေယာက္ကား တခစ္ခစ္ႏွင့္ သေဘာက်ေနၾကေတာ့သည္။

"သြားျပန္ေဆာ့ၾကေတာ့၊ ပါပါး အလုပ္လုပ္လိုက္ဦးမယ္"

ေမာင္ႏွမႏွစ္ေယာက္ လွစ္ကနဲ ေအာက္ထပ္သို႔ ေျပးဆင္းသြားၾကသည္။ လက္ဝါးနီရာ ဗရပြႏွင့္ လွခ်င္တိုင္းလွေနေသာ ပန္းခ်ီကားအား canvasမွ ျဖဳတ္ကာ အခန္းေထာင့္၌ သြားေထာင္ထားလိုက္မိသည္။ ကိုယ့္သားသမီးေတြ လုပ္ထားတာျဖစ္၍ လႊင့္ပစ္ဖို႔ေတာ့ စိတ္မကူးမိ။ အမွတ္တရအေနျဖင့္ သိမ္းထားရန္သာ ရည္စူးသည္။ တစ္ေယာက္တည္း အလုပ္ရႈပ္ေနခိုက္ ပန္းခ်ီဆြဲသၫ့္ကိရိယာေတြတင္သၫ့္ခံုတြင္ ထမင္းသြားမစားမီက တင္ထားခဲ့ေသာဖုန္းက တုန္ခါလာသည္။ ဖုန္းနံပါတ္ကိုၾကၫ့္ေတာ့ ေခၚေနသူမွာ သူ ပန္းခ်ီျပပြဲလုပ္မၫ့္ ျပခန္းမွ ျပခန္းမွဴးျဖစ္ေန၏။

"ဟယ္လို ျပခန္းမွဴး၊ ေျပာပါဗ်"

သူ လိုခ်င္သၫ့္ေန့အတြက္ ရက္မွာ အတိအက် မရေသးဘဲ ေနာက္ထပ္ ပန္းခ်ီဆရာတစ္ေယာက္ႏွင့္ တိုက္ေနတာေၾကာင့္ အခက္ေတြ့ေနရသည္။ ထိုကိစၥႏွင့္ ပတ္သတ္၍ ၫွိႏိႈင္းကာ တိုင္ပင္လိုေၾကာင္း ျပခန္းမွဴးက ဖုန္းဆက္ကာ ခ်ိန္းျခင္းျဖစ္သည္။ ထို႔အတြက္ေၾကာင့္ အာကာလင္းသန႔္ အျပင္ထြက္ဖို႔ အစီအစဉ္မရိွပါဘဲ ေကာက္ခါငင္ကာ ထသြားရေတာ့မည္။ ေဒၚႀကီးတင့္က ေနမေကာင္း၍ ဒီေန့မလာႏိုင္ပါ။ ကေလးေတြကို အိမ္မွာ ဒီအတိုင္း ထားခဲ့လို႔ကမျဖစ္။ ခ်ိန္းထားသၫ့္ဆီသို႔ ေခၚသြားဖို႔ကလည္း မျဖစ္ျပန္။ မားတို႔ဆီ သြားပို႔ေနရင္လည္း လမ္းေၾကာင္းတကူးတကႏွင့္ အခ်ိန္မမီမွာ စိုးရသည္။ ပိုင္ျမင့္ျမတ္ေက်ာ္ကို ဖုန္းဆက္ၿပီး အဆင္ေျပသည္ဆို ဝင္ပို႔ခဲ့လိုက္တာ အေကာင္းဆံုးပင္။

🍀

Primrose LTေရ႔ွက ကားပါကင္တြင္ အာကာလင္းသန႔္ ကြၽမ္းက်င္စြာ ကားကိုပါကင္ထိုးလိုက္သည္။ အရင္တုန္းက ကားေမာင္းရတာ မႀကိဳက္သၫ့္သူသည္ အခုေတာ့ ထိုသို႔မဟုတ္။ ကိုယ္တိုင္ ကိုယ့္ကားႏွင့္ကိုယ္ ေမာင္းၿပီးသာသြားသည္။ ပိုင္ျမင့္ျမတ္ေက်ာ္ အိမ္မွာ မရိွသၫ့္အခ်ိန္ အေရးအေၾကာင္း တစ္ခုခုျဖစ္လ်ွင္ ကိုယ့္ကားႏွင့္ကိုယ္ ေမာင္းသြားေတာ့ တကၠစီေခၚၿပီး ေစာင့္ေနရေသာ အခ်ိန္ကို ေလ်ွာ့ခ်ႏိုင္၍ ပိုျမန္သည္။ ဤသို႔ျဖင့္ သူ႔မွာ သူ႔ကိုယ္ပိုင္ခံစားမႈအရ မႀကိဳက္ေသာ္လည္း အဆင္ေျပျပေရိွႏိုင္မႈကို ဦးစားေပးကာ ေရြးခ်ယ္ခဲ့ရသည္။

ေနာက္ထပ္ ေျပာင္းလဲမႈတစ္ခုလည္း သူ႔တြင္ ရိွေသးသည္။ ထိုအရာမွာ သူစြဲၿမဲစြာ အျပင္သြားတိုင္း ဝတ္ေနက် နားဆြဲကို ယခုဆိုလ်ွင္ မဝတ္ေတာ့ျခင္း။ သူ မႀကိဳက္ေတာ့၍ မဟုတ္ဘဲ ကေလးေတြကို ရလာၿပီးေနာက္ပိုင္း သူ႔ကိုယ္သူ အျပင္သြားခါနီးတိုင္း ျပင္ဆင္ရန္ အခ်ိန္ေရေရရာရာ မရေတာ့၍ျဖစ္သည္။ သို႔ႏွင့္ လံုးဝမဝတ္ျဖစ္ေတာ့သၫ့္ အေနအထားသို႔ ဆိုက္ေရာက္သြားသည္။

ပတ္ထားသၫ့္ ခါးပတ္ကိုျဖဳတ္ၿပီး ကားေပၚမွဆင္းကာ အျပင္ေရာက္ခ်ိန္ အႁမြာႏွစ္ေယာက္မွာလည္း သူတို႔ဘာသာသူတို႔ဆင္းၿပီး အျပင္ေရာက္ေနၾကသည္။ သူ အလယ္မွာ ရပ္လိုက္ၿပီး အႁမြွာႏွစ္ေယာက္ရဲ့လက္ကို တစ္ေယာက္တစ္ဖက္‌ဆြဲ၍ ကုမၸဏီအတြင္းသို႔ ဦးတည္လိုက္သည္။ ပိုင္ျမင့္ျမတ္ေက်ာ္ရဲ့ ရံုးခန္းက အေပၚဆံုးျဖစ္သၫ့္ တတိယထပ္မွာျဖစ္၍ ထိုအထပ္သို႔ပဲ အာကာလင္းသန႔္ တန္းသြားျဖစ္သည္။

ကုမၸဏီရဲ့ ေအာက္ဆံုးထပ္တြင္ ဧၫ့္သည္ေတြႏွင့္ plannerေတြ အေသးစိတ္ေဆြးေနြးႏိုင္ရန္ သီးသန႔္ေနရာႏွင့္ receptionတို႔ရိွသည္။ ဒုတိယထပ္တြင္ plannerေတြရဲ့ ရံုးခန္း၊ decorationသမားေတြရဲ့ ရံုးခန္းႏွင့္ decorationအတြက္ အလွဆင္ရန္ ပစၥည္းမ်ားျပင္ဆင္ရာေနရာရိွၿပီး တတိယထပ္မွာ  ပိုင္ျမင့္ျမတ္ေက်ာ္အပါအဝင္ တျခား အုပ္ခ်ဳပ္ေရးႏွင့္ စီမံခန႔္ခြဲမႈပိုင္းဆိုင္ရာ ဝန္ထမ္းမ်ား၏ ရံုးခန္းမ်ားႏွင့္ အစည္းအေဝးခန္းရိွသည္။

လမ္းတစ္ေလ်ွာက္ သူႏွင့္ အႁမြွာႏွစ္ေယာက္ ဘယ္သူေတြလဲဆိုတာ သူတို႔ဘာသာ အလိုလိုရိပ္မိေနေသာ ဝန္ထမ္းမိန္းက‌ေလးတခ်ိဳ႕က ရယ္ျပကာ ႏႈတ္ဆက္သြားၾကသည္။ ပိုင္ျမင့္ျမတ္ေက်ာ္ကေတာ့ သူတို႔လက္ထပ္ၿပီးစက သူတို႔ရဲ့ ပတ္သတ္မႈကို အတိအလင္းေၾကညာမည္ဟု ေျပာေသာ္ျငား သူက ထိုသို႔မလုပ္ခိုင္းဘဲ အနည္းအက်ဉ္းသာ ေၾကညာရန္ နားခ်ခဲ့သည္။ ထို႔ေၾကာင့္ ကုမၸဏီရိွ ဝန္ထမ္းအမ်ားစုက ပိုင္ျမင့္ျမတ္ေက်ာ္ အိမ္ေထာင္သည္ဆိုတာႏွင့္ ကေလးေတြရိွေၾကာင္းကိုသာ အၾကမ္းဖ်င္းသိထားသည္။ အိမ္ေထာင္ဖက္က မည္သူမည္ဝါဆိုတာကိုေတာ့ မသိၾကပါ။

ပိုင္ျမင့္ျမတ္ေက်ာ္ရဲ့ ရံုးခန္းကို ဝင္ရန္ အျပင္ဘက္မွ အတြင္းေရးမွဴးစားပြဲကို အရင္ျဖတ္ရသည္။ ေကာင္းသက္ဦးက သူနဲ႔ ကေလးေတြကို ျမင္ေတာ့ ခ်က္ခ်င္းပဲ မတ္တပ္ထရပ္၏။

"ထိုင္ေန ကိုေကာင္းသက္၊ ဘာလို႔ မတ္တပ္ထရပ္ရတာလဲဗ်ာ၊ ကြၽန္ေတာ္နဲ႔ မသိတာလည္း မဟုတ္ဘဲနဲ႔"

"ကြၽန္ေတာ္ အက်င့္ပါေနလို႔ပါ"

"ဦ္းျမတ္ ရိွတယ္မလား"

"ရိွတယ္ အစ္ကိုေလး၊ ဝင္သြားလိုက္လို႔ရတယ္"

အာကာလင္းသန႔္ တံခါးဖြင့္လိုက္ေတာ့ ဘယ္အခ်ိန္ကတည္းက ဝင္ခ်င္ေနမွန္းမသိသၫ့္ အႁမြွာႏွစ္ေယာက္မွာ ပိုင္ျမင့္ျမတ္ေက်ာ္ဆီ ေျပးၾကတာ တန္းေနေရာ။

"ဒယ္ဒီ"

ၿပိဳင္တူေခၚကာ ပိုင္ျမင့္ျမတ္ေက်ာ္ရဲ့ အလုပ္စားပြဲဆီမွာ သြားေနကာ ကပ္ခြၽဲ ခြၽဲကုန္ၾကသည္။ အာကာလင္းသန႔္ တံခါးကို ျပန္ပိတ္လိုက္ၿပီးေနာက္ ဆိုဖာတြင္ ေခါင္းမွီထိုင္ရင္း အလြမ္းသယ္ေနေသာ သားအဖတစ္ေတြအား ၾကၫ့္ေနမိသည္။

"ဒယ္ဒီ့ကေလးေတြ အိမ္မွာ ထမင္းေကာင္းေကာင္း စားၾကရဲ့လား"

"ထမင္းလည္း ေကာင္းေကာင္းစားတယ္၊ ေဆာ့လည္းေဆာ့တယ္၊ အဲ့ဒါၿပီးေတာ့"

မိုတီက ေျပာေနရာမွ ရပ္သြားသည္။

"ၿပီးေတာ့ေရာ ဘာလုပ္ေသးလဲ"

"ပါပါးဆြဲေနတဲ့ ပန္းခ်ီမွာ လက္ဝါးရာထင္‌သြားေအာင္ မီးတို႔ လုပ္ခဲ့မိတယ္"

မိုခ်ီ့စကားအဆံုး ပိုင္ျမင့္ျမတ္ေက်ာ္ မ်က္လံုးျပဴးသြားၿပီး အာကာလင္းသန႔္ဘက္သို႔ ၾကၫ့္ကာ မ်က္လံုးခ်င္းစကားေျပာၿပီး 'ဟုတ္လား'ဟု ေမးလိုက္သည္။ အာကာလင္းသန႔္က မ်က္ႏွာေလးရႈံ႔မဲ့၍ ေခါင္းညိတ္ျပကာ ဟုတ္မွန္ေၾကာင္း ေျဖၾကားသည္။ အာကာလင္းသန႔္ ဆံုးမထားမွာကို သိေနသၫ့္အေလ်ာက္ ကေလးေတြကို ဘာမွ ထပ္မဟရန္ ဆံုးျဖတ္လိုက္သည္။ ဒီေန့လိုမ်ိဳး ကေလးေတြက အနာဂတ္မွာ ဘယ္ေသာအခါမွ ထပ္လုပ္ေတာ့မွာ မဟုတ္မွန္းလည္း သူ ယံုၾကည္၏။

ထိုစဉ္တြင္-

"ဆရာ၊ ကြၽန္မ ဝင္လာလို႔ရလား"

သဲႏုဇင္တို႔ကေတာ့ အႁမြွာေတြ ေရာက္ေနသည္ဆိုတာႏွင့္ ေရာက္ရာအရပ္ကေန ေပါက္ခ်လာေတာ့သည္။ သဲႏုဇင္ဆိုသည္မွာ သူ ကုမၸဏီ စေထာင္ကတည္းက ရိွခဲ့ေသာ ေကာင္းသက္ဦးလို သစၥာရိွဝန္ထမ္းတစ္ေယာက္ျဖစ္သည္။ ထို႔ျပင္ စိုင္းခြန္လ်ွံႏွင့္ မင္းတည္ၾကည္တို႔ရဲ့ သူငယ္ခ်င္းအရင္းႀကီးျဖစ္သူ ေဝယံၿဖိဳးရဲ့ ဇနီးလည္းျဖစ္၏။ ဤသို႔ ပတ္သတ္ဆက္ႏြယ္ေနမႈမ်ားကို သူတို႔ႏွစ္ေယာက္ သဲႏုဇင္ရဲ့ကေလးေမြးေန့ သြားရာမွ မင္းတည္ၾကည္တို႔ႏွင့္ တစ္ဝိုင္းတည္း ထိုင္ျဖစ္ရင္း သိခဲ့ရသည္။ မင္းတည္ၾကည္ရဲ့ ခင္ပြန္းစိုင္းခြန္လ်ွံနဲ႔လည္း ထိုအခ်ိန္မွာမွ ရင္းႏွီးစြာ သိကြၽမ္းခဲ့ၾကျခင္းပင္။

"ေအး၊ ဝင္ခဲ့"

သဲႏုဇင္မွာ မ်က္ႏွာကို အစြမ္းကုန္ၿပံဳးကာျဖင့္ ရံုးခန္းထဲ ေရာက္လာသည္။

"မိုခ်ီနဲ႔ မိုတီကို လာေခၚတာမလား"

"ဟုတ္တယ္ဆရာ၊ အႁမြွာေတြနဲ႔ မေတြ့ရတာၾကာတာေရာ၊ မုန႔္ေကြၽးခ်င္တာေရာေၾကာင့္ လာေခၚတာ"

သဲႏုဇင္ႏွင့္ဆိုလ်ွင္ အႁမြွာေတြကို စိတ္မခ်စရာမရိွ။ ထၫ့္ေပးလိုက္လို႔  တစ္စံုတစ္ခု ပူစရာအေၾကာင္း တစ္စံုတစ္ရာလည္း မရိွပါ။

"ေခၚသြားလိုက္၊ သူတို႔ မေနခ်င္ေတာ့တဲ့ အခ်ိန္မွသာ ျပန္လာပို႔လိုက္"

"ဟုတ္ကဲ့ဆရာ၊ အန္တီသဲနဲ႔ သြားရေအာင္ အေသးေလးတို႔၊ ေမာင္ေလး...ကေလးေတြကို အစ္မ ေခၚသြားၿပီေနာ္"

အာကာလင္းသန႔္ ၿပံဳးျပလိုက္သည္။ ထို႔ေနာက္ အႁမြွာႏွစ္ေယာက္မွာ သဲႏုဇင္ႏွင့္ လိုက္သြားၾကေလသည္။ အခန္းထဲတြင္ သူတို႔ႏွစ္ေယာက္သာ က်န္ခဲ့သည္။ ပိုင္ျမင့္ျမတ္ေက်ာ္ ဆိုဖာရိွရာသို႔ ေလ်ွာက္သြားၿပီးေနာက္ အာကာလင္းသန႔္ေဘးတြင္ ထိုင္သည္။

"အခု ဘယ္လိုလုပ္မွာလဲ"

"ျပန္ဆြဲရမွာေပါ့ ဦးျမတ္ရာ"

ထို႔ေနာက္ အာကာလင္းသန႔္မွာ သက္ျပင္းတစ္ခုကို ခ်ေတာ့သည္။

"အဲ့အေမႊစိန္ႏွစ္ေယာက္ရဲ့ အတိုင္အေဖာက္ညီညီလည္မႈကို ကြၽန္ေတာ္ ေျပာျပဦးမယ္၊ ကြၽန္ေတာ္ ထမင္းစားခန္းထဲမွာ ထမင္းစားေနတုန္း ကြၽန္ေတာ့္ကို သူတို႔ လာေခ်ာင္းၾကေသးတယ္ သိလား၊ ကြၽန္ေတာ္လည္း လွၫ့္ၾကၫ့္ေရာ လူမေတြ့ဘဲ အရိပ္ပဲ ျမင္ရေတာ့တယ္၊မရိွၾက‌ေတာ့ဘူး၊ ဒါနဲ႔ပဲ ဘာမွမဟုတ္ဘူးဆိုၿပီး ထမင္းဆက္စားေနတာေပါ့၊ အေပၚထပ္ကိုေရာက္မွ ကိုယ္ေတာ္နဲ႔အစ္မေတာ္က surpriseတိုက္ထားၾကတာဗ်ာ၊ လက္ဝါးရာေသးေသးေလးေတြဆိုတာ ပန္းခ်ီတစ္ကားလံုး အျပၫ့္ပဲ၊ ေမာင္ႏွမႏွစ္ေယာက္ ဘယ္တုန္းတည္းက ေဆာ့ခ်င္ေနၾကတာလဲမသိဘူး၊ သူတို႔ ျမင္ခဲ့တာကို ေဆာ့ၾကၫ့္ခ်င္ၾကတဲ့အခ်ိန္ ကြၽန္ေတာ္ကလည္း ကိုယ့္အလုပ္နဲ႔ကိုယ္ မအားျဖစ္ေနေတာ့ သူတို႔ဘာသာ တိုင္ပင္ၿပီး လုပ္ၾကတာျဖစ္မယ္"

"ပန္းခ်ီကိုေရာ လႊင့္ပစ္ခဲ့လိုက္ၿပီလား"

"မပစ္ပါဘူး၊ ဒီအတိုင္း ထား,ထားတယ္၊ အိမ္ေရာက္ရင္ ဦးျမတ္ သြားၾကၫ့္ၾကၫ့္"

"အင္းကြာ၊ အႁမြွာေတြရဲ့လက္ရာကို ၾကၫ့္ရေသးတာေပါ့၊ စကားမစပ္ သန႔္ ျမင္ျမင္ခ်င္း စိတ္ဆိုးလိုက္ေသးတယ္မလား"

စိတ္မဆိုးဘူးဆိုရင္ အာကာလင္းသန႔္ ဘယ္ပီသပါ့မလဲ။ က်ိန္းေသေပါက္ ဆိုးလိုက္ပါသည္။

"ဆိုးတာေပါ့၊ ကြၽန္ေတာ္ သူတို႔ကို မ်က္စိေရ႔ွေရာက္လာရင္ ေလသံမာမာနဲ႔ ပိတ္ေဟာက္ဖို႔ကိုေတြးတာ၊ မ်က္ႏွာငယ္ေလးေတျြဖစ္သြားၾကေတာ့လည္း စိတ္ကမေကာင္းဘူး၊ ေသခ်ာစဉ္းစားရရင္ သူတို႔ကို အဲ့ေလာက္ႀကီးအထိလည္း ေျပာဖို႔မွ မလိုတာေလ၊ ကေလးေတြပဲ လူႀကီးေတြလို သိတာမွမဟုတ္တာ၊ လူႀကီးျဖစ္တဲ့ ကြၽန္ေတာ္ကပဲ ထိန္းသင့္တာထိန္းၿပီး ေလေအးေအးေလးနဲ႔ ေျပာရတာေပါ့၊ မဟုတ္ဘူးလား"

"ဟုတ္တာေပါ့၊ ကိုယ့္ကေလးေလး ေတာ္တယ္"

အႁမြွာေတြကို ဆံုးမရာမွာ သူေရာ အာကာလင္းသန႔္ပါ တစ္ခါမွ လက္ရြယ္ဖူးသည္မရိွ။ ေလသံမာမာလည္း မေျပာဘဲ ပံုမွန္သာ စကားေျပာသလို ဆံုးမသည္။ အသက္ငယ္ရြယ္ေသးသၫ့္ ကေလးေတျြဖစ္သၫ့္အတြက္ သူတို႔ သေဘာသဘာဝအရ ေကာင္းစြာ ေဝဖန္ပိုင္းျခားႏိုင္ျခင္းမရိွဘဲ အျပစ္လုပ္မိသြားတာေတြ ရိွသည္။ တခ်ိဳ႕ကေလးေတြ က်ျပန္ေတာ့ ပင္ကိုယ္ဗီဇအရ ဂ်စ္တစ္တစ္ဆန္ခ်င္တာမ်ိဳး၊ ဂ်ီတိုက္ခ်င္တာေတြရိွ၏။ ထိုကေလးေတြက ေျပာစကား နားမေထာင္ဘဲ ေနတာေတြ ျဖစ္တတ္၏။

မိဘေတြရဲ့ တစ္ဝက္ေလာက္က သားသမီးေတြ ေကာင္းေကာင္းဆိုးဆိုး သူတို႔ေျပာတာ နားမေထာင္မိသၫ့္အခါဆိုလ်ွင္ နားမေထာင္ရေကာင္းလားဆိုၿပီး ႀကိမ္လံုးႏွင့္ ရိုက္တာအျပင္ လက္ႏွင့္လည္း ကေလးေတြကိုရိုက္ကာ ဆံုးမတာေတြ၊ ဆူပူႀကိမ္းေမာင္းတာေတြဟာ ယခုအခ်ိန္ထိ ရိွဆဲပင္။ ကေလးတစ္ေယာက္က အသားနာသြားမွ အမွန္ကိုသိ၊ မိဘစကားနားေထာင္တာမ်ိဳး လံုးဝမဟုတ္ေပ။ ဆံုးမရာတြင္ လက္ပါစရာလည္း လံုးဝလံုးဝ မလိုေပ။ ကိုယ့္ကေလးရဲ့ အသားကို ကိုယ္တိုင္ ရိုက္ႏွက္ၿပီးဆံုးမရတာ အဘယ္ေၾကာင့္ လူေတြ သေဘာေတြ့ၾကသည္မသိ။ ေဒါသေၾကာင့္ စိတ္ကို မထိန္းလိုက္ႏိုင္တာပဲ ျဖစ္ပါမည္ေလ။ ကေလးေတြကို သူတို႔ နားလည္လြယ္မၫ့္စကားလံုးမ်ိဳးေတြ သံုးၿပီး ေအးေအးေဆးေဆးဆံုးမျခင္းဟာ ပိုမေကာင္းေပဘူးလား။ ဒါ့အျပင္ လက္မပါဘဲ စကားၾကမ္းၾကမ္းမဆိုဘဲ အျပဳအမူေတြမျပင္းထန္ဘဲ ဆံုးမႏိုင္မၫ့္နည္းေတြ အမ်ားႀကီးရိွသည္။ ထိုသို႔သာဆိုလ်ွင္ ကေလးဘက္ကၾကၫ့္ရင္လည္း 'ငါ့မိဘေတြ ငါ့ကို နာေအာင္လုပ္တယ္' ဆိုေသာ အေတြးမ်ိဳးေတြ မဝင္ေတာ့ဘဲ မိဘေတြအေပၚ ေၾကာက္ေတာ့မည္မဟုတ္။ မိဘႏွင့္ သားသမီးအၾကား 'အေၾကာက္တရား' အမည္ရေသာ အလႊာႀကီး ျခားတာမ်ိဳးလည္း ရိွမလာႏိုင္ပါ။

အာကာလင္းသန႔္ကို သူ ခ်ီးက်ူးသည္။ ပင္ပင္ပန္းပန္း ဖန္တီးထားရေသာ အႏုပညာလက္ရာတစ္ခုက မ်က္စိတစ္မိွတ္အတြင္း ပ်က္စီးသြားတာ စိတ္ဆိုးေဒါသမျဖစ္ရေအာင္ ေသာတာပန္ တည္ေသာပုဂၢိုလ္လည္းမဟုတ္သၫ့္ သာမန္လူတစ္ေယာက္။ အထူးသျဖင့္ စိတ္တိုလြယ္သၫ့္ သူျဖစ္ေနသည္။ ၿပီး သူကိုယ္တိုင္လည္း အာကာလင္းသန႔္ရဲ့ ေဒါသအတိမ္အနက္ကို ႀကံဳဖူးျမင္ဖူးခဲ့တာ အႀကိမ္ေရေတာင္‌ ေရတြက္၍မႏိုင္။ ထိုကဲ့သို႔ေသာလူက စိတ္လိုလက္ရ ‌ကေလးေတြကို ဝုန္းဒိုင္းႀကဲကာ ဆူၿပီး ရိုက္ခ်င္ရိုက္ေလာက္တဲ့အထိ ျဖစ္ခ်င္ခဲ့မွာေတာင္ စိတ္ေလ်ွာ့ႏိုင္ခဲ့တာ သူ ဂုဏ္ယူသည္။

"ကားပိတ္မွာနဲ႔ ခ်ိန္းထားတာ ေနာက္က်ၿပီးမွ ေရာက္ေနဦးမယ္၊ ကြၽန္ေတာ္ သြားေတာ့မယ္ ဦးျမတ္"

"ဒီအတိုင္း သြားမလို႔လား၊ အေရးႀကီးတဲ့ကိစၥ သြားေဆြးေနြးမွာကို ကိုယ့္ဆီက အားေဆး ယူၿပီးမွသြား"

"ရံုးခန္းႀကီးမွာ ဦးျမတ္ကလည္း၊ မေတာ္ အလုပ္ကိစၥနဲ႔ ဝင္လာရင္  တစ္ေယာက္ေယာက္ ေတြ့သြားမွာေပါ့"

"တစ္ေယာက္ေယာက္ ေရာက္လာတာနဲ႔ ေကာင္းသက္ တံခါးလာေခါက္မွာကို၊ ဒီအခ်ိန္ ဘယ္သူမွလည္း မလာဘူး၊ မစိုးရိမ္ပါနဲ႔ကြာ"

"ဦးျမတ္သေဘာ"

မတံု႔မဆိုင္းလ်င္ျမန္စြာျဖင့္ ပိုင္ျမင့္ျမတ္ေက်ာ္ရဲ့ ႏႈတ္ခမ္းသည္ အာကာလင္းသန႔္ရဲ့ႏႈတ္ခမ္းကို ငံုေထြးလိုက္သည္။ တစ္ဆက္တည္းဆိုသလို ပိုင္ျမင့္ျမတ္ေက်ာ္ရဲ့ လည္တိုင္ေပၚသို႔ အာကာလင္းသန႔္ရဲ့လက္မ်ားတြဲခိုသြား၏။ ယစ္မူးဖြယ္ အနမ္းၾကမ္းၾကမ္းတစ္စံုေၾကာင့္ အသံတခ်ိဳ႕မွာ ထြက္ေပၚလာလ်က္ရိွသလို အသက္ရႉသံမ်ား ျပင္းထန္လ်က္ရိွသည္။ အနမ္းဆံုးခန္းတိုင္သြားသၫ့္အခ်ိန္တြင္ သူတို႔ႏွစ္ဦးအၾကား အမ်ွင္တန္းေလးတစ္ခုက ခ်စ္ျခင္းသေကၤတတစ္ခုအျဖစ္ ေပၚေပါက္လာသည္။

အာကာလင္းသန႔္ အက်ႌကို သပ္ရပ္ေအာင္ျပန္ျပင္လိုက္ၿပီးေနာက္ ခ်ိန္းထားသၫ့္ဆီသို႔ ထြက္ခြာရန္ ျပင္သည္။

"တာ့တာ ဦးျမတ္"

"ကားကို ဂရုစိုက္ၿပီးေမာင္းဦးေနာ္ သန႔္"

အာကာလင္းသန႔္ ထြက္သြားၿပီးေနာက္ ပိုင္ျမင့္ျမတ္‌ေက်ာ္လည္း အလုပ္ပံုထဲ ေခါင္းျပန္ႏွစ္လိုက္သည္။

🍀

Continue Reading

You'll Also Like

274K 26.1K 77
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
435K 16.3K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
2.5M 156K 99
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
1.2M 63.9K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...