[ 🌿 𝒁𝒂𝒘𝒈𝒚𝒊 🌿 ]
ကားကိုျဖည္းျဖည္းေမာင္းကာ ၿခံဝင္းထဲဝင္လာခဲ့သည္။ အခ်ိန္က ည၁၀နာရီျဖစ္ေနၿပီ။အားရပါးရေဆာ့ကစားေနသည့္ မိုမိုေၾကာင့္သူရိန္ဈာန္ေတာ္ေတာ္ေလးထိန္းလိုက္ရသည္။
ဒါေတာင္ မျပန္ခ်င္ေသး။ အတင္းျပန္မည္ဟုေခ်ာ့ေမာ့ေခၚမွ နားေထာင္သည္။
စားခ်င္တာလဲ ဝယ္ေကြၽးရသည္။ ေဆာ့ခ်င္သည့္ေနာက္လဲ လိုက္ပို႔ရသည္။ခုလိုက်ေတာ့လဲ တကယ့္ကေလးေလးလိုပဲ။
ေဘးနားၾကည့္ေတာ့ မိုမိုကၿငိမ္လို႔။ လက္ထဲမွ မုန္႔ထုတ္တစ္ထုတ္ကိုကိုင္ထားေသးသည္။ ခုထိစားေနတာမဝေသးဘူးလားမသိ။ေတာ္ေတာ္စားနိုင္တာပဲ။
ကားတံခါးဖြင့္ၿပီးသူေအာက္ဆင္းလိုက္သည့္တိူင္ မိုမိုကမဆင္းေသး။သူကိုယ္တိုင္တံခါးဖြင့္လိုက္ၿပီး ဘဲေပါက္ေလးကိုသြားၾကည့္လိုက္သည္။
"မိုမို အိမ္ေရာက္ၿပီေလ"
အိပ္ေပ်ာ္ေနတာလဲ မဟုတ္ဘဲ ၿငိမ္ေနလ်က္။ ၾကည့္ရတာေမာေနပံုရသည္။
"မဆင္းဘူးလား"
"ကြၽန္ေတာ္ တအားေညာင္းေနတယ္ဦးဈာန္"
မ်က္နွာေလးမဲ့ကာဆိုသည့္ မိုမိုေျကာင့္သူသက္ျပင္းခ်လိုက္သည္။ မေညာင္းဘဲ ေနမလား။ ဒီေလာက္ ခုန္ေပါက္ၿပီးေဆာ့ထားတာကို။
ကားခံုေပၚ ေလ်ွာေလ်ွာေလးထိုင္ေနသည့္ ဘဲေပါက္ကို သူခ်ီလိုက္ရသည္။သူခ်ီလိုက္ေတာ့ လည္ပင္းသိုင္းဖက္ကာ ေျခေထာက္တိုတိုေလးေတြက ခါးကိုဖက္တြယ္ထား၏။
ေမးကို ပခံုးေပၚတင္ထားၿပီး ၿငိမ္ေနသူေလး။ သူခ်ီလာၿပီးအိမ္ထဲဝင္လာခဲ့၏။ ေဇာ္ရႈိင္းကေတာ့ သူတို႔၂ေယာက္ကိုၾကည့္ကာေၾကာင္ေတာင္ေတာင္။
"အိပ္ေပ်ာ္ေနတာလား"
"ဟင့္အင္း.. ကားသြားသိမ္းလိုက္ဦး..ငါေအာက္ထပ္မဆင္းေတာ့ဘူး...တံခါးေတြေသခ်ာပိတ္ေနာ္"
"ဟုတ္ကဲ့"
ေဇာ္ရႈိင္းကိုေသေသခ်ာခ်ာမွာၿပီး မိုမိုေလးကိုသယ္ကာအေပၚသို႔တတ္လာခဲ့သည္။ ခဏေနလဲ အိပ္ေတာ့မွာမို႔ သူ႔အခန္းထဲကိုသာဦးတည္ခဲ့သည္။
တကယ္လဲ ပင္ပန္းသြားပံုရသည္။ ခုထိၿငိမ္ေနလ်က္။ ခါတိုင္းဆို စကားေတြကိုေပါက္ေပါက္ေဖာက္ေနတာ။
ဆိုဖာေလးေပၚတင္ေပးလိုက္ေတာ့ အလိုက္သင့္ေလးဆင္းသည္။
မ်က္နွာေလးကေတာ့ အနည္းငယ္ႏြမ္းေနသည္။ ကစားကြင္းေခၚသြားမိတာမွားၿပီလားမသိ။
"ခဏေလးေနဦး...ၿပီးရင္ေရခ်ိဳးလိုက္ေနာ္ လန္းသြားေအာင္"
"ဟုတ္ကဲ့"
ၿပီးမွ သူလဲ ကုတ္ကိုခြၽတ္လိုက္ၿပီး သိမ္းဆည္းလိုက္သည္။ သူအရင္ေရခ်ိဳးလိုက္ၿပီး အဝတ္အစားလဲလိုက္၏။
ဆိုဖာေပၚကိုၾကည့္လိုက္ေတာ့ မိုမိုက ပက္လက္ေလး။
အနားသြားလိုက္ေတာ့ မ်က္လံုးေလးဝိုင္းကာၾကည့္လာသည္။
"ေရခ်ိဳးေတာ့ေလ...၁၀နာရီေက်ာ္ေနၿပီ"
"ဟုတ္ကဲ့"
သူေျပာေတာ့ လႈပ္စိလႈပ္စိနွင့္ ထထိုင္သည္။ ၿပီးေနာက္ မတ္တတ္ေလးရပ္ကာ အခန္းတံခါးကိုဦးတည္ေနတာမို႔ သူတားလိုက္၏။
"ဒီမွာဘဲခ်ိဳးလိုက္ေတာ့...ကိုယ္အဝတ္ေတြသြားယူထားလိုက္မယ္...ခဏေနလဲ အိ္ပ္ေတာ့မွာကို"
"ဟုတ္ကဲ့ဦးဈာန္...ဗီဒိုထဲမွအဝတ္ေတြရွိတယ္..ယူခ်င္တာသာယူလာခဲ့ေနာ္..ကြၽန္ေတာ္ခ်ိဳးနွင့္မယ္"
"အင္း သြားေတာ့...တန္းေပၚမွာတဘက္ရွိတယ္"
"ဟုတ္ကဲ့"
တေ႐ြ႕ေ႐ြ႕နွင့္ေရခ်ိဳးခန္းထဲဝင္သြားသည့္မိုမို။သူရိန္ဈာန္လဲ အခန္းထဲမွထြက္လာကာ မိုမို႔၏ အခန္းထဲသို႔လာခဲ့သည္။
ွဗီဒိုရွိရာကိုသြားကာ ဖြင့္ၾကည့္လိုက္ေတာ့ ေသေသသပ္သပ္ရွိသည့္အဝတ္အစားေလးမ်ား။ဒီကေလးက သပ္သပ္ရပ္ရပ္ေတာ့ေနတတ္သည္။
စည္းစနစ္လဲက်သည္။ တစ္ခါတစ္ခါ ထိန္းမရသိမ္းမရစားတာေသာက္တာေလးကလြဲလို႔။
သင့္ေတာ္မည့္ အက်ီၤကိုရွာရန္ၾကည့္ေတာ့ မ်က္ခံုးပင့္မိသည္။
အက်ီၤေလးေတြကေသးေသးေလးေတြ။ ပိစိေလးေတြပါ့လား။ ဒါေလးေတြကိုဝတ္တာလား။
ေတြးရင္းၿပံဳးမိေသး။ သူ႔အတြက္ေတာ့ ကေလးသာသာေလး။
အျဖဴေရာင္တီရွပ္ကိုယူကာ ေဘာင္းဘီအကြက္အပြေလးကိုထုတ္ၿပီး ဗီဒိုအားျပန္ပိတ္လိုက္သည္။
အခန္းေလးကိုေဝ့ၾကည့္လိုက္ေတာ့ရွင္းလင္းလို႔။ စာၾကည့္စားပြဲမွာလဲ စာအုပ္ေလးေတြကစီစီရီရီ။
ခပ္ဖြဖြေလးၿပံဳးကာအခန္းေလးထဲကထြက္လာခဲ့၏။သူ႔အခန္းထဲျပန္ေရာက္ေတာ့ မိုမိုကေရခ်ိဳးမၿပီးေသး။
အဝတ္အစားေတြကိုယူကာ ေရခ်ိဳးခန္းအနားသို႔သြားလိုက္သည္။ ေရခ်ိဳးေနတာၾကာၿပီမဟုတ္လား။
ခုထိမၿပီးေသး။
"မိုမို...ျမန္ျမန္ခ်ိဳးေနာ္...အေအးပတ္မယ္"
"ဟုတ္ကဲ့ ဟုတ္ကဲ့"
အထဲကအသံေလးစြာစြာထြက္လာၿပီး သူရိန္ဈာန္လဲ ဆိုဖာေပၚထိုင္ေနရင္းေစာင့္ေနလိုက္၏။ ဒီကေလးကေတာ့ တကယ္ပါပဲ။
သူသိသေလာက္ မိုမိုက ေရႀကိဳက္ပံုရသည္။ ေရကူးတာကိုသေဘာက်သည့္ေကာင္ေလး၊ေရခ်ိဳးရင္လဲ အၾကာႀကီး။
သိပ္မၾကာ ေရခ်ိဳးခန္းထဲကထြက္လာသည့္မိုမို။ သူမ်က္ခံုးပင့္လိုက္၏။ဘာေတြလုပ္ထားတာလဲ။
"ဦးဈာန္ရဲ႕ bathrobeကလဲ ႀကီးလိုက္တာ...ကြၽန္ေတာ္ဝတ္လိုက္တာ ေစာင္ၿခံဳသလိုျဖစ္သြားၿပီ...ၾကည့္ပါဦး"
လက္ေလးနွစ္ဖက္ကို ကားျပသည့္မိုမို။ သူ၏ bathrobeကိုဝတ္ထားၿပီးအ႐ြယ္ကကြာေတာ့ ကေလးေသးေသးေလးက မေတာ္တေရာ္အက်ီၤႀကီးကိုေကာက္စြတ္ထားလိုမ်ိဳးျဖစ္ေန၏။
ရယ္စရာလဲေကာင္းလွသည္။ ေျခသလံုးေရာက္ေနၿပီး အက်ီၤလက္ကလဲ စြန္းထြက္ေနတာအရွည္ႀကီး။
"ကဲ...ဒီမွာအဝတ္ေတြရွိတယ္....ဝတ္လိုက္ဦး"
"ဟုတ္"
အဝတ္ေလးေတြယူကာ အဝတ္အစားလဲခန္းထဲဝင္သြားသည့္မိုမို။ ရွက္ေတာ့ရွက္တတ္သား။
-----------------
"လာ အိပ္ေတာ့မယ္မလား"
"အင္း...ငိုက္ေတာင္ငိုက္ခ်င္ေနၿပီ"
ေမြ့ရာေပၚေလးပင္စြာတတ္လာသည့္ မိုမိုကလိပ္ကေလးလိုျဖစ္ေနသည္။ မငိုက္ဘဲေနမလား။ ေဆာ့ထားတာအၾကာႀကီးေလ။
ေခါင္းအံုးေလးေပၚအံုးၿပီးတံုးခနဲ႔လွဲခ်သြားသည့္ဘဲေပါက္ကေလး။ သူရိန္ဈာန္ေခါင္းသာခါမိသည္။
ေဆာ့တုန္းကအဲ့ဒီရုပ္မဟုတ္။ ခုေတာ့ ဖလက္ျပေနၿပီ။စားပြဲေပၚမွေဆးဗူးေလးကိုယူကာ သူလဲေမြ့ရာေပၚတတ္လိုက္၏။
ဘဲေပါက္ေလးေတာ့ လႈပ္ေတာင္မလႈပ္နိုင္ေတာ့သလိုၿငိမ္ၿငိမ္ေလးလွဲေန၏။ ေစာင္ေလးၿခံဳကာပံု႔ပံု႔ေလးလွဲေနလ်က္။
သူအနားသြားကာ ေစာင္ကိုဖယ္လိုက္ေတာ့ မိုမိုကဆက္ခနဲ႔ၾကည့္လာ၏။
"ဘာလုပ္တာလဲ"
"ေဆးလိမ္းရမယ္ေလ...ေညာင္းတယ္မလား"
သူေျပာၿပီး ေဆးဗူးေလးကိုဖြင့္ကာ ေဖာင္းေဖာင္းထုတ္ထုတ္ ေျခေထာက္ေလးေတြကိုယူကိုင္လိုက္ေတာ့ မိုမိုကအလန္႔တၾကားထထိုင္၏။
"ကိုယ့္ဘာသာလိမ္းပါ့မယ္ဦးဈာန္ရယ္...ကြၽန္ေတာ္ငရဲႀကီးမွာေၾကာက္တယ္ဗ်"
မိုမို၏ စကားေၾကာင့္သူၿပံဳးမိသည္။ ျပဴးေၾကာင္ေၾကာင္ေလးနွင့္ ေမြ့ရာေပၚ က်ံဳ႕က်ံဳ႕ေလးထိုင္ေနပံုက ခ်စ္စရာ။
"ရတယ္...ကိုယ္လိမ္းေပးမယ္...ငရဲမႀကီးဘူးဟုတ္ၿပီလား"
ေျခေထာက္ေလးကိုအသာဆြဲယူၿပီး ေဆးလိမ္းေပးလိုက္ေတာ့ ၿငိမ္ေနသည္။ ေဆးလိမ္းေနရင္းေမာ့ၾကည့္လို္က္ေတာ့ ဘဲေပါက္ကေလးက ငိုက္ေနၿပီ။
ခပ္ဖြဖြၿပံဳးရင္း ေဆးကိုေသခ်ာေလးလိမ္းေပးလိုက္၏။
"ရၿပီ....အိပ္ေတာ့"
သူေျပာမွ ဆက္ခနဲ႔ျဖစ္သြားၿပီး ေျခေထာက္ေလူေတြကိုျပန္ရုတ္၏။ ထိုစဥ္ လက္အုပ္ေလးခ်ီလာသူေလး။
"ကန္ေတာ့ေနာ္ဦးဈာန္"
ကန္ေတာ့လာသည့္ ဘဲေပါက္ေလး။ သူေခါင္းညိတ္ျပလိုက္ေတာ့မွ ဘဲေပါက္ေလးကၿပံဳးသည္။
"လာ...အိပ္ရေအာင္"
"ဟုတ္ကဲ့"
အိပ္စက္ေတာ့လဲ ထံုးစံအတိုင္း သူ႔ကိုလာဖက္သည္။ ေန႔တိုင္း လာဖက္သည့္မိုမိုက အက်င့္လိုျဖစ္ေန၏။
ေဘးနားက အရုပ္ေလးကိုယူၿပီး လက္ထဲထည့္ေပးလိုက္ေတာ့ ထိုအရုပ္ေလးကိုပါ ဖက္ၿပီးအိပ္ေတာ့သည္။
ၿပီးမွ သူလဲ အရုပ္ေလးေရာ လူေရာကို ေထြးေပြ႕လိုက္၏။သူကိုယ္တိုင္လဲ မိုိမု႔ိကို ဖက္အိပ္ရတာ အက်င့္ျဖစ္ေနၿပီ။
-----------------------
"အိမ္ျပန္ခ်င္တယ္ ေဖေဖ"
ဖုန္းေလးကို နားနားကပ္ရင္း သက္ျပင္းခ်မိသည္။ တစ္ဖက္မွသားျဖစ္သူ အိမ္ျပန္ခ်င္ေၾကာင္း တပူပူတဂ်ီဂ်ီလုပ္ေနသည္။
"ဘာလို႔လဲ မိုမိုေလး...သူရိန္ဈာန္နဲ႔ အဆင္မေျပဘူးလား"
ေခ်ာ့ေမာ့ေမးေတာ့ အင့္ခနဲ႔ရႈိက္သံေလးကထြက္လာသည္။
"ဟင့္အင္း...ဦးဈာန္က သေဘာေကာင္းတယ္..ကြၽန္ေတာ့္ကိုလဲအလိုလိုက္တယ္ အင့္!"
"ဒါဆို ဘာလို႔ျပန္ခ်င္ရတာလဲမိုမို..အားလံုးအဆင္ေျပေနတာကို"
ေလျပည္ေလးနွင့္ေျပာရင္း ေဘးနားမွဇိမ္းကိုမိုရံလွည့္ၾကည့္လိုက္သည္။ဇိမ္းကလဲ မ်က္နွာသိပ္မေကာင္း။
မိုမိုေလးက သူ႔အသဲေက်ာ္ေလးဆိုေတာ့ ဘယ္ခြဲခ်င္ပါ့မလဲ။
"ေဖေဖတို႔ကိုလြမ္းတယ္လို႔...ေဖေဖလုပ္ေပးတဲ့ ပူတင္းလဲစားခ်င္တယ္...Daddyကိုလဲလြမ္းတယ္လို႔"
"ခဏေလးပဲေလသားေလးရယ္ေနာ္...ေက်ာင္းပိတ္ရင္ျပန္လာခဲ့..ဟုတ္ၿပီလား"
"ခုျပန္ခ်င္တာပါဆို"
ငိုမဲ့မဲ့အသံေလးေၾကာင့္ မိုရံမ်က္ရည္ဝဲမိသည္။ ငယ္ငယ္ေလးထဲက ခုထိတစ္ခါမွခြဲဖူးတာမဟုတ္။
ေက်ာင္းတတ္မွခြဲဖူးတာဆိုေတာ့ အိမ္ကိုလြမ္းေနပံုရသည္။ အငယ္ေလးလိုမဟုတ္ေတာ့ ပိုလို႔ဆိုးသည္။
သူမေျပာတတ္ေတာ့။ ေဘးနားမွ ဇိမ္းက ဖုန္းကိုယူကာ မိုရံ၏ လက္ကိုဖြဖြေလးဆုပ္ကိုင္ကာနွစ္သိမ့္ဟန္ျပ၏။
"ေက်ာင္းပိတ္ေတာ့မွာကိုခဏေလာက္ေတာင့္ခံပါဦး...ေက်ာင္းပိတ္ရင္ Daddyကိုယ္တိုင္လာေခၚမယ္ေနာ္"
"အင့္!.တကယ္လား"
"ဒါေပါ့ Baby Moရယ္...Daddyကိုယ္တိုင္လာေခၚမယ္...ခုေတာ့ လိမ္လိမ္မာမာေနေနာ္"
"ဟုတ္...Dadduတို႔နဲ႔ေတြ႕ခ်င္တယ္"
ဝမ္းနည္းေနရွာသည့္ အသံေလးေၾကာင့္ သက္ျပင္းကိုသာအႀကိမ္ႀကိမ္ခ်မိသည္။ သူလဲ လြမ္းတာေပါ့။
တယုတယေမြးခဲ့ရတဲ့ သားေလး။ သူ႔ရဲ႕အဖိုးတန္ေလး။ အငယ္ေလးက ဇက္ဇက္ႀကဲေလးျဖစ္ၿပီး မိဘကုိသိပ္မကပ္။
မိုမိုေလးကေတာ့ မိဘကိုတအားကပ္သည္။ သူ႔အနားအၿမဲကပ္သည့္ သားေလး။
ဘဲရုပ္ေလးေတြျမင္တိုင္း အၿမဲတမ္းလြမ္းရသည္။
ေဘးနားမွ မ်က္နွာမေကာင္းသည့္ မိုရံ၏ ပခံုးကိုဖြဖြဖက္ကာ ေထြးေပြ႕ထားလိုက္သည္။
အဆင္ေျပမွာပါ။
-------------------
"မိုမိုေလးကို နည္းနည္းေလာက္ပိုဂရုစိုက္ေပးပါဦး သူရိန္...သူကအိမ္ျပန္ခ်င္တယ္ဆိုၿပီးငိုေနတယ္...အားနာေပမဲ့ မင္းကိုပဲ အားကိုးစရာရွိတယ္"
ဖုန္းဆက္ကာေျပာသည့္ မိုမို၏ ေဖေဖေၾကာင့္ သူအလုပ္ကိုေျဖာင့္ေအာင္မလုပ္နိုင္ေတာ့။
ျမန္ျမန္ဆန္ဆန္ အလုပ္ကိုအၿပီးသတ္ကာ အိမ္ကိုျပန္ခဲ့ရေတာ့သည္။ အရင္ရက္ကေတာင္အေကာင္း။ ခုဘာျဖစ္သြားတာလဲမသိ။
ဘဲေပါက္ကေလးကတအားစိတ္အေျပာင္းအလဲျမန္လွသည္။
အိမ္ျပန္ေနရင္း လမ္းတြင္ရွိသည့္ marketတစ္ခုသို႔ဝင္ကာ ေရခဲမုန္႔ဝယ္ရေသးသည္။ စေတာ္ဘယ္ရီေရခဲမုန္႔ႀကိဳက္လွသည့္ ဘဲေပါက္ေလးေၾကာင့္ သူနွစ္ခုဝယ္လိုက္သည္။
ဒါေလးနဲ႔ဆိုေခ်ာ့လို႔ရမွာပါ။
အိမ္ကိုျပန္ေရာက္ေတာ့ ေဇာ္ရႈိင္းက ၿခံထဲေရာက္ေန၏။ ကားေပၚကဆင္းကာ ေရခဲမုန္႔ဗူးေလးကိုယူလိုက္၏။
"မိုမိုေရာ"
"ေစာနကေတာ့ေအာက္ထပ္ဆင္းလာေသးတယ္....ထမင္းစားမယ္ဆိုလို႔ ျပင္ေပးလိုက္တယ္..ၿပီးေတာ့ ျပန္တတ္သြားတာပဲ"
ေၾသာ္ ထမင္းေတာ့စားနိုင္ေသးတာပဲ။
"အင္းအင္း...ငါသြားၾကည့္လိုက္ဦးမယ္"
"ဟုတ္ကဲ့"
ေရခဲမုန္႔ေလးကိုကိုင္ကာ အေပၚထပ္သို႔တစ္ခါတည္းတတ္လာခဲ့သည္။ အခန္းတံခါးပိတ္မထားတာမို႔ အထဲဝင္ခဲ့ေတာ့ မတ္တတ္ရပ္ေနသည့္ ဘဲေပါက္ေလး။
"ဘာလုပ္ေနတာလဲမိုမို"
သူေမးလိုက္ေတာ့ မ်က္နွာငယ္ေလးနွင့္လွည့္ျကည့္လာ၏။မ်က္လံုးေလးက လက္ထဲကေရခဲမုန္႔ကိုျမင္ေတာ့ လက္ခနဲ႔။
ေသခ်ာၾကည့္ေတာ့မွ မုန္႔ထုတ္ေလးကိုင္ထားသးသည္။ ၿပီးေတာ့ ေပါင္ခ်ိန္စက္ေပၚမွာ။
ေဘာင္းဘီအတိုေလးကိုဝတ္ထားၿပီး တီရွပ္ေလးကဖရိုဖရဲ။ လက္ထဲကမုန္႔ထုတ္ေလးကိုင္ကာ ေပါင္ခ်ိန္စက္ေပၚမွာ မ်က္နွာငယ္ေလး။
"ဘာလုပ္ေနတာလဲ"
"ဦးဈာန္"
"အင္း ေျပာေလ"
"ကြၽန္ေတာ္ ဝိတ္တတ္လာတယ္"
မ်က္နွာငယ္ေလးနွင့္ေျပာေနသည့္မိုမို၊သူရိန္ဈာန္ လဲ အနားသြားၾကည့္လိုက္ေတာ့ ေပါင္ခ်ိန္စက္တြင္ေပၚေနသည့္ ဂဏန္းေလး။
"၁၄၀"
"ကြၽန္ေတာ္ ေပါင္၂၀ေတာင္တတ္သြားတယ္ဦးဈာန္ ဟင့္! လုပ္ပါဦး"
"၂၀ေလာက္ကေလးကို...ေယာက်ာ္းေလးတစ္ေယာက္ကဒီေလာက္ေတာ့ရိွမွာေပါ့ကြာ...စိတ္မေကာင္းမျဖစ္နဲ႔ေလ"
မ်က္နွာမဲ့ေနသူေလးအား ပါးေလးကိုဖြဖြေလးပြက္သပ္ေလးလိုက္၏။
"ဒါေပမဲ့ အမ်ားႀကီးတတ္လာတယ္ေလ...ဒီကိုေရာက္တုန္းက ၁၂၀ပဲရွိတယ္"
"ဘာမွမျဖစ္ပါဘူးဆို..လာ ေရခဲမုန္႔ဝယ္လာတယ္"
သူေပးလိုက္ေတာ့ ေခါင္းေလးညိတ္ကာစားသည္။ အစားမွမေလ်ာ့တာ ဝိတ္တတ္မွာေပါ့ဘဲေပါက္ရယ္။
"ကြၽန္ေတာ္ဝလာရင္ ဦးဈာန္ခ်ီနိုင္ပါဦးမလား...ဒီမွာဗိုက္ေခါက္ေတြထြက္လာေတာ့မယ္"
တီရွပ္ေလးကိုလွန္ျပေတာ့ ဝဝလံုးလံုးေဖာင္းကားေနသည့္ဗိုက္ကေလးကေပါက္စီေလးလို။
"ခ်ီနိုင္ပါတယ္ကြာ..ဒါနဲ႔ ေပါင္ခ်ိန္စက္ကဘယ္ကရတာလဲ"
"အဲ့တာကဦးဈာန္အခန္းထဲကယူလာတာ...ေၾသာ္ ဦးဈာန္ျပန္ရင္ အဲ့တာေလးသယ္သြားလိုက္ဦးေနာ္...ကြၽန္ေတာ္မုန႔္စားေနလို႔လက္မအားဘူး"
ေရခဲမုန္႔ေလးကိုယူကာ ထိုင္ခံုေပၚသြားထိုင္ေနသည့္ မိုမို။ဘဲေပါက္ကေန ဝက္ေပါက္ျဖစ္ေတာ့မွာျမင္ေယာင္ေသး။
21.5.2021
🐣🐣🐣🐣🐣🐣🐣🐣🐣🐣🐣🐣🐣
[ 🌿 𝑼𝒏𝒊𝒄𝒐𝒅𝒆 🌿 ]
ကားကိုဖြည်းဖြည်းမောင်းကာ ခြံဝင်းထဲဝင်လာခဲ့သည်။ အချိန်က ည၁၀နာရီဖြစ်နေပြီ။အားရပါးရဆော့ကစားနေသည့် မိုမိုကြောင့်သူရိန်ဈာန်တော်တော်လေးထိန်းလိုက်ရသည်။
ဒါတောင် မပြန်ချင်သေး။ အတင်းပြန်မည်ဟုချော့မော့ခေါ်မှ နားထောင်သည်။
စားချင်တာလဲ ဝယ်ကျွေးရသည်။ ဆော့ချင်သည့်နောက်လဲ လိုက်ပို့ရသည်။ခုလိုကျတော့လဲ တကယ့်ကလေးလေးလိုပဲ။
ဘေးနားကြည့်တော့ မိုမိုကငြိမ်လို့။ လက်ထဲမှ မုန့်ထုတ်တစ်ထုတ်ကိုကိုင်ထားသေးသည်။ ခုထိစားနေတာမဝသေးဘူးလားမသိ။တော်တော်စားနိုင်တာပဲ။
ကားတံခါးဖွင့်ပြီးသူအောက်ဆင်းလိုက်သည့်တိုင် မိုမိုကမဆင်းသေး။သူကိုယ်တိုင်တံခါးဖွင့်လိုက်ပြီး ဘဲပေါက်လေးကိုသွားကြည့်လိုက်သည်။
"မိုမို အိမ်ရောက်ပြီလေ"
အိပ်ပျော်နေတာလဲ မဟုတ်ဘဲ ငြိမ်နေလျက်။ ကြည့်ရတာမောနေပုံရသည်။
"မဆင်းဘူးလား"
"ကျွန်တော် တအားညောင်းနေတယ်ဦးဈာန်"
မျက်နှာလေးမဲ့ကာဆိုသည့် မိုမိုကြောင့်သူသက်ပြင်းချလိုက်သည်။ မညောင်းဘဲ နေမလား။ ဒီလောက် ခုန်ပေါက်ပြီးဆော့ထားတာကို။
ကားခုံပေါ် လျှောလျှောလေးထိုင်နေသည့် ဘဲပေါက်ကို သူချီလိုက်ရသည်။သူချီလိုက်တော့ လည်ပင်းသိုင်းဖက်ကာ ခြေထောက်တိုတိုလေးတွေက ခါးကိုဖက်တွယ်ထား၏။
မေးကို ပခုံးပေါ်တင်ထားပြီး ငြိမ်နေသူလေး။ သူချီလာပြီးအိမ်ထဲဝင်လာခဲ့၏။ ဇော်ရှိုင်းကတော့ သူတို့၂ယောက်ကိုကြည့်ကာကြောင်တောင်တောင်။
"အိပ်ပျော်နေတာလား"
"ဟင့်အင်း.. ကားသွားသိမ်းလိုက်ဦး..ငါအောက်ထပ်မဆင်းတော့ဘူး...တံခါးတွေသေချာပိတ်နော်"
"ဟုတ်ကဲ့"
ဇော်ရှိုင်းကိုသေသေချာချာမှာပြီး မိုမိုလေးကိုသယ်ကာအပေါ်သို့တတ်လာခဲ့သည်။ ခဏနေလဲ အိပ်တော့မှာမို့ သူ့အခန်းထဲကိုသာဦးတည်ခဲ့သည်။
တကယ်လဲ ပင်ပန်းသွားပုံရသည်။ ခုထိငြိမ်နေလျက်။ ခါတိုင်းဆို စကားတွေကိုပေါက်ပေါက်ဖောက်နေတာ။
ဆိုဖာလေးပေါ်တင်ပေးလိုက်တော့ အလိုက်သင့်လေးဆင်းသည်။
မျက်နှာလေးကတော့ အနည်းငယ်နွမ်းနေသည်။ ကစားကွင်းခေါ်သွားမိတာမှားပြီလားမသိ။
"ခဏလေးနေဦး...ပြီးရင်ရေချိုးလိုက်နော် လန်းသွားအောင်"
"ဟုတ်ကဲ့"
ပြီးမှ သူလဲ ကုတ်ကိုချွတ်လိုက်ပြီး သိမ်းဆည်းလိုက်သည်။ သူအရင်ရေချိုးလိုက်ပြီး အဝတ်အစားလဲလိုက်၏။
ဆိုဖာပေါ်ကိုကြည့်လိုက်တော့ မိုမိုက ပက်လက်လေး။
အနားသွားလိုက်တော့ မျက်လုံးလေးဝိုင်းကာကြည့်လာသည်။
"ရေချိုးတော့လေ...၁၀နာရီကျော်နေပြီ"
"ဟုတ်ကဲ့"
သူပြောတော့ လှုပ်စိလှုပ်စိနှင့် ထထိုင်သည်။ ပြီးနောက် မတ်တတ်လေးရပ်ကာ အခန်းတံခါးကိုဦးတည်နေတာမို့ သူတားလိုက်၏။
"ဒီမှာဘဲချိုးလိုက်တော့...ကိုယ်အဝတ်တွေသွားယူထားလိုက်မယ်...ခဏနေလဲ အိပ်တော့မှာကို"
"ဟုတ်ကဲ့ဦးဈာန်...ဗီဒိုထဲမှအဝတ်တွေရှိတယ်..ယူချင်တာသာယူလာခဲ့နော်..ကျွန်တော်ချိုးနှင့်မယ်"
"အင်း သွားတော့...တန်းပေါ်မှာတဘက်ရှိတယ်"
"ဟုတ်ကဲ့"
တရွေ့ရွေ့နှင့်ရေချိုးခန်းထဲဝင်သွားသည့်မိုမို။သူရိန်ဈာန်လဲ အခန်းထဲမှထွက်လာကာ မိုမို့၏ အခန်းထဲသို့လာခဲ့သည်။
ှဗီဒိုရှိရာကိုသွားကာ ဖွင့်ကြည့်လိုက်တော့ သေသေသပ်သပ်ရှိသည့်အဝတ်အစားလေးများ။ဒီကလေးက သပ်သပ်ရပ်ရပ်တော့နေတတ်သည်။
စည်းစနစ်လဲကျသည်။ တစ်ခါတစ်ခါ ထိန်းမရသိမ်းမရစားတာသောက်တာလေးကလွဲလို့။
သင့်တော်မည့် အကျင်္ီကိုရှာရန်ကြည့်တော့ မျက်ခုံးပင့်မိသည်။
အကျင်္ီလေးတွေကသေးသေးလေးတွေ။ ပိစိလေးတွေပါ့လား။ ဒါလေးတွေကိုဝတ်တာလား။
တွေးရင်းပြုံးမိသေး။ သူ့အတွက်တော့ ကလေးသာသာလေး။
အဖြူရောင်တီရှပ်ကိုယူကာ ဘောင်းဘီအကွက်အပွလေးကိုထုတ်ပြီး ဗီဒိုအားပြန်ပိတ်လိုက်သည်။
အခန်းလေးကိုဝေ့ကြည့်လိုက်တော့ရှင်းလင်းလို့။ စာကြည့်စားပွဲမှာလဲ စာအုပ်လေးတွေကစီစီရီရီ။
ခပ်ဖွဖွလေးပြုံးကာအခန်းလေးထဲကထွက်လာခဲ့၏။သူ့အခန်းထဲပြန်ရောက်တော့ မိုမိုကရေချိုးမပြီးသေး။
အဝတ်အစားတွေကိုယူကာ ရေချိုးခန်းအနားသို့သွားလိုက်သည်။ ရေချိုးနေတာကြာပြီမဟုတ်လား။
ခုထိမပြီးသေး။
"မိုမို...မြန်မြန်ချိုးနော်...အအေးပတ်မယ်"
"ဟုတ်ကဲ့ ဟုတ်ကဲ့"
အထဲကအသံလေးစွာစွာထွက်လာပြီး သူရိန်ဈာန်လဲ ဆိုဖာပေါ်ထိုင်နေရင်းစောင့်နေလိုက်၏။ ဒီကလေးကတော့ တကယ်ပါပဲ။
သူသိသလောက် မိုမိုက ရေကြိုက်ပုံရသည်။ ရေကူးတာကိုသဘောကျသည့်ကောင်လေး၊ရေချိုးရင်လဲ အကြာကြီး။
သိပ်မကြာ ရေချိုးခန်းထဲကထွက်လာသည့်မိုမို။ သူမျက်ခုံးပင့်လိုက်၏။ဘာတွေလုပ်ထားတာလဲ။
"ဦးဈာန်ရဲ့ bathrobeကလဲ ကြီးလိုက်တာ...ကျွန်တော်ဝတ်လိုက်တာ စောင်ခြုံသလိုဖြစ်သွားပြီ...ကြည့်ပါဦး"
လက်လေးနှစ်ဖက်ကို ကားပြသည့်မိုမို။ သူ၏ bathrobeကိုဝတ်ထားပြီးအရွယ်ကကွာတော့ ကလေးသေးသေးလေးက မတော်တရော်အကျင်္ီကြီးကိုကောက်စွတ်ထားလိုမျိုးဖြစ်နေ၏။
ရယ်စရာလဲကောင်းလှသည်။ ခြေသလုံးရောက်နေပြီး အကျင်္ီလက်ကလဲ စွန်းထွက်နေတာအရှည်ကြီး။
"ကဲ...ဒီမှာအဝတ်တွေရှိတယ်....ဝတ်လိုက်ဦး"
"ဟုတ်"
အဝတ်လေးတွေယူကာ အဝတ်အစားလဲခန်းထဲဝင်သွားသည့်မိုမို။ ရှက်တော့ရှက်တတ်သား။
-----------------
"လာ အိပ်တော့မယ်မလား"
"အင်း...ငိုက်တောင်ငိုက်ချင်နေပြီ"
မွေ့ရာပေါ်လေးပင်စွာတတ်လာသည့် မိုမိုကလိပ်ကလေးလိုဖြစ်နေသည်။ မငိုက်ဘဲနေမလား။ ဆော့ထားတာအကြာကြီးလေ။
ခေါင်းအုံးလေးပေါ်အုံးပြီးတုံးခနဲ့လှဲချသွားသည့်ဘဲပေါက်ကလေး။ သူရိန်ဈာန်ခေါင်းသာခါမိသည်။
ဆော့တုန်းကအဲ့ဒီရုပ်မဟုတ်။ ခုတော့ ဖလက်ပြနေပြီ။စားပွဲပေါ်မှဆေးဗူးလေးကိုယူကာ သူလဲမွေ့ရာပေါ်တတ်လိုက်၏။
ဘဲပေါက်လေးတော့ လှုပ်တောင်မလှုပ်နိုင်တော့သလိုငြိမ်ငြိမ်လေးလှဲနေ၏။ စောင်လေးခြုံကာပုံ့ပုံ့လေးလှဲနေလျက်။
သူအနားသွားကာ စောင်ကိုဖယ်လိုက်တော့ မိုမိုကဆက်ခနဲ့ကြည့်လာ၏။
"ဘာလုပ်တာလဲ"
"ဆေးလိမ်းရမယ်လေ...ညောင်းတယ်မလား"
သူပြောပြီး ဆေးဗူးလေးကိုဖွင့်ကာ ဖောင်းဖောင်းထုတ်ထုတ် ခြေထောက်လေးတွေကိုယူကိုင်လိုက်တော့ မိုမိုကအလန့်တကြားထထိုင်၏။
"ကိုယ့်ဘာသာလိမ်းပါ့မယ်ဦးဈာန်ရယ်...ကျွန်တော်ငရဲကြီးမှာကြောက်တယ်ဗျ"
မိုမို၏ စကားကြောင့်သူပြုံးမိသည်။ ပြူးကြောင်ကြောင်လေးနှင့် မွေ့ရာပေါ် ကျုံ့ကျုံ့လေးထိုင်နေပုံက ချစ်စရာ။
"ရတယ်...ကိုယ်လိမ်းပေးမယ်...ငရဲမကြီးဘူးဟုတ်ပြီလား"
ခြေထောက်လေးကိုအသာဆွဲယူပြီး ဆေးလိမ်းပေးလိုက်တော့ ငြိမ်နေသည်။ ဆေးလိမ်းနေရင်းမော့ကြည့်လိုက်တော့ ဘဲပေါက်ကလေးက ငိုက်နေပြီ။
ခပ်ဖွဖွပြုံးရင်း ဆေးကိုသေချာလေးလိမ်းပေးလိုက်၏။
"ရပြီ....အိပ်တော့"
သူပြောမှ ဆက်ခနဲ့ဖြစ်သွားပြီး ခြေထောက်လေူတွေကိုပြန်ရုတ်၏။ ထိုစဉ် လက်အုပ်လေးချီလာသူလေး။
"ကန်တော့နော်ဦးဈာန်"
ကန်တော့လာသည့် ဘဲပေါက်လေး။ သူခေါင်းညိတ်ပြလိုက်တော့မှ ဘဲပေါက်လေးကပြုံးသည်။
"လာ...အိပ်ရအောင်"
"ဟုတ်ကဲ့"
အိပ်စက်တော့လဲ ထုံးစံအတိုင်း သူ့ကိုလာဖက်သည်။ နေ့တိုင်း လာဖက်သည့်မိုမိုက အကျင့်လိုဖြစ်နေ၏။
ဘေးနားက အရုပ်လေးကိုယူပြီး လက်ထဲထည့်ပေးလိုက်တော့ ထိုအရုပ်လေးကိုပါ ဖက်ပြီးအိပ်တော့သည်။
ပြီးမှ သူလဲ အရုပ်လေးရော လူရောကို ထွေးပွေ့လိုက်၏။သူကိုယ်တိုင်လဲ မိုမု့ိကို ဖက်အိပ်ရတာ အကျင့်ဖြစ်နေပြီ။
-----------------------
"အိမ်ပြန်ချင်တယ် ဖေဖေ"
ဖုန်းလေးကို နားနားကပ်ရင်း သက်ပြင်းချမိသည်။ တစ်ဖက်မှသားဖြစ်သူ အိမ်ပြန်ချင်ကြောင်း တပူပူတဂျီဂျီလုပ်နေသည်။
"ဘာလို့လဲ မိုမိုလေး...သူရိန်ဈာန်နဲ့ အဆင်မပြေဘူးလား"
ချော့မော့မေးတော့ အင့်ခနဲ့ရှိုက်သံလေးကထွက်လာသည်။
"ဟင့်အင်း...ဦးဈာန်က သဘောကောင်းတယ်..ကျွန်တော့်ကိုလဲအလိုလိုက်တယ် အင့်!"
"ဒါဆို ဘာလို့ပြန်ချင်ရတာလဲမိုမို..အားလုံးအဆင်ပြေနေတာကို"
လေပြည်လေးနှင့်ပြောရင်း ဘေးနားမှဇိမ်းကိုမိုရံလှည့်ကြည့်လိုက်သည်။ဇိမ်းကလဲ မျက်နှာသိပ်မကောင်း။
မိုမိုလေးက သူ့အသဲကျော်လေးဆိုတော့ ဘယ်ခွဲချင်ပါ့မလဲ။
"ဖေဖေတို့ကိုလွမ်းတယ်လို့...ဖေဖေလုပ်ပေးတဲ့ ပူတင်းလဲစားချင်တယ်...Daddyကိုလဲလွမ်းတယ်လို့"
"ခဏလေးပဲလေသားလေးရယ်နော်...ကျောင်းပိတ်ရင်ပြန်လာခဲ့..ဟုတ်ပြီလား"
"ခုပြန်ချင်တာပါဆို"
ငိုမဲ့မဲ့အသံလေးကြောင့် မိုရံမျက်ရည်ဝဲမိသည်။ ငယ်ငယ်လေးထဲက ခုထိတစ်ခါမှခွဲဖူးတာမဟုတ်။
ကျောင်းတတ်မှခွဲဖူးတာဆိုတော့ အိမ်ကိုလွမ်းနေပုံရသည်။ အငယ်လေးလိုမဟုတ်တော့ ပိုလို့ဆိုးသည်။
သူမပြောတတ်တော့။ ဘေးနားမှ ဇိမ်းက ဖုန်းကိုယူကာ မိုရံ၏ လက်ကိုဖွဖွလေးဆုပ်ကိုင်ကာနှစ်သိမ့်ဟန်ပြ၏။
"ကျောင်းပိတ်တော့မှာကိုခဏလောက်တောင့်ခံပါဦး...ကျောင်းပိတ်ရင် Daddyကိုယ်တိုင်လာခေါ်မယ်နော်"
"အင့်!.တကယ်လား"
"ဒါပေါ့ Baby Moရယ်...Daddyကိုယ်တိုင်လာခေါ်မယ်...ခုတော့ လိမ်လိမ်မာမာနေနော်"
"ဟုတ်...Dadduတို့နဲ့တွေ့ချင်တယ်"
ဝမ်းနည်းနေရှာသည့် အသံလေးကြောင့် သက်ပြင်းကိုသာအကြိမ်ကြိမ်ချမိသည်။ သူလဲ လွမ်းတာပေါ့။
တယုတယမွေးခဲ့ရတဲ့ သားလေး။ သူ့ရဲ့အဖိုးတန်လေး။ အငယ်လေးက ဇက်ဇက်ကြဲလေးဖြစ်ပြီး မိဘကိုသိပ်မကပ်။
မိုမိုလေးကတော့ မိဘကိုတအားကပ်သည်။ သူ့အနားအမြဲကပ်သည့် သားလေး။
ဘဲရုပ်လေးတွေမြင်တိုင်း အမြဲတမ်းလွမ်းရသည်။
ဘေးနားမှ မျက်နှာမကောင်းသည့် မိုရံ၏ ပခုံးကိုဖွဖွဖက်ကာ ထွေးပွေ့ထားလိုက်သည်။
အဆင်ပြေမှာပါ။
-------------------
"မိုမိုလေးကို နည်းနည်းလောက်ပိုဂရုစိုက်ပေးပါဦး သူရိန်...သူကအိမ်ပြန်ချင်တယ်ဆိုပြီးငိုနေတယ်...အားနာပေမဲ့ မင်းကိုပဲ အားကိုးစရာရှိတယ်"
ဖုန်းဆက်ကာပြောသည့် မိုမို၏ ဖေဖေကြောင့် သူအလုပ်ကိုဖြောင့်အောင်မလုပ်နိုင်တော့။
မြန်မြန်ဆန်ဆန် အလုပ်ကိုအပြီးသတ်ကာ အိမ်ကိုပြန်ခဲ့ရတော့သည်။ အရင်ရက်ကတောင်အကောင်း။ ခုဘာဖြစ်သွားတာလဲမသိ။
ဘဲပေါက်ကလေးကတအားစိတ်အပြောင်းအလဲမြန်လှသည်။
အိမ်ပြန်နေရင်း လမ်းတွင်ရှိသည့် marketတစ်ခုသို့ဝင်ကာ ရေခဲမုန့်ဝယ်ရသေးသည်။ စတော်ဘယ်ရီရေခဲမုန့်ကြိုက်လှသည့် ဘဲပေါက်လေးကြောင့် သူနှစ်ခုဝယ်လိုက်သည်။
ဒါလေးနဲ့ဆိုချော့လို့ရမှာပါ။
အိမ်ကိုပြန်ရောက်တော့ ဇော်ရှိုင်းက ခြံထဲရောက်နေ၏။ ကားပေါ်ကဆင်းကာ ရေခဲမုန့်ဗူးလေးကိုယူလိုက်၏။
"မိုမိုရော"
"စောနကတော့အောက်ထပ်ဆင်းလာသေးတယ်....ထမင်းစားမယ်ဆိုလို့ ပြင်ပေးလိုက်တယ်..ပြီးတော့ ပြန်တတ်သွားတာပဲ"
ဩော် ထမင်းတော့စားနိုင်သေးတာပဲ။
"အင်းအင်း...ငါသွားကြည့်လိုက်ဦးမယ်"
"ဟုတ်ကဲ့"
ရေခဲမုန့်လေးကိုကိုင်ကာ အပေါ်ထပ်သို့တစ်ခါတည်းတတ်လာခဲ့သည်။ အခန်းတံခါးပိတ်မထားတာမို့ အထဲဝင်ခဲ့တော့ မတ်တတ်ရပ်နေသည့် ဘဲပေါက်လေး။
"ဘာလုပ်နေတာလဲမိုမို"
သူမေးလိုက်တော့ မျက်နှာငယ်လေးနှင့်လှည့်ကြည့်လာ၏။မျက်လုံးလေးက လက်ထဲကရေခဲမုန့်ကိုမြင်တော့ လက်ခနဲ့။
သေချာကြည့်တော့မှ မုန့်ထုတ်လေးကိုင်ထားသးသည်။ ပြီးတော့ ပေါင်ချိန်စက်ပေါ်မှာ။
ဘောင်းဘီအတိုလေးကိုဝတ်ထားပြီး တီရှပ်လေးကဖရိုဖရဲ။ လက်ထဲကမုန့်ထုတ်လေးကိုင်ကာ ပေါင်ချိန်စက်ပေါ်မှာ မျက်နှာငယ်လေး။
"ဘာလုပ်နေတာလဲ"
"ဦးဈာန်"
"အင်း ပြောလေ"
"ကျွန်တော် ဝိတ်တတ်လာတယ်"
မျက်နှာငယ်လေးနှင့်ပြောနေသည့်မိုမို၊သူရိန်ဈာန် လဲ အနားသွားကြည့်လိုက်တော့ ပေါင်ချိန်စက်တွင်ပေါ်နေသည့် ဂဏန်းလေး။
"၁၄၀"
"ကျွန်တော် ပေါင်၂၀တောင်တတ်သွားတယ်ဦးဈာန် ဟင့်! လုပ်ပါဦး"
"၂၀လောက်ကလေးကို...ယောကျာ်းလေးတစ်ယောက်ကဒီလောက်တော့ရှိမှာပေါ့ကွာ...စိတ်မကောင်းမဖြစ်နဲ့လေ"
မျက်နှာမဲ့နေသူလေးအား ပါးလေးကိုဖွဖွလေးပွက်သပ်လေးလိုက်၏။
"ဒါပေမဲ့ အများကြီးတတ်လာတယ်လေ...ဒီကိုရောက်တုန်းက ၁၂၀ပဲရှိတယ်"
"ဘာမှမဖြစ်ပါဘူးဆို..လာ ရေခဲမုန့်ဝယ်လာတယ်"
သူပေးလိုက်တော့ ခေါင်းလေးညိတ်ကာစားသည်။ အစားမှမလျော့တာ ဝိတ်တတ်မှာပေါ့ဘဲပေါက်ရယ်။
"ကျွန်တော်ဝလာရင် ဦးဈာန်ချီနိုင်ပါဦးမလား...ဒီမှာဗိုက်ခေါက်တွေထွက်လာတော့မယ်"
တီရှပ်လေးကိုလှန်ပြတော့ ဝဝလုံးလုံးဖောင်းကားနေသည့်ဗိုက်ကလေးကပေါက်စီလေးလို။
"ချီနိုင်ပါတယ်ကွာ..ဒါနဲ့ ပေါင်ချိန်စက်ကဘယ်ကရတာလဲ"
"အဲ့တာကဦးဈာန်အခန်းထဲကယူလာတာ...ဩော် ဦးဈာန်ပြန်ရင် အဲ့တာလေးသယ်သွားလိုက်ဦးနော်...ကျွန်တော်မုန့်စားနေလို့လက်မအားဘူး"
ရေခဲမုန့်လေးကိုယူကာ ထိုင်ခုံပေါ်သွားထိုင်နေသည့် မိုမို။ဘဲပေါက်ကနေ ဝက်ပေါက်ဖြစ်တော့မှာမြင်ယောင်သေး။
21.5.2021
🐣🐣🐣🐣🐣🐣🐣🐣🐣🐣🐣🐣🐣