[ ❀ 𝒁𝒂𝒘𝒈𝒚𝒊 ❀ ]
စာမေးပွဲပြီးသွား၍ မိုမိုပျော်မြူးနေသည်။အိမ်ကိုပြန်ရတော့မည်။ ဖေဖေတို့နှင့်လဲ တွေ့ရတော့မည်။
စာမေးပွဲမဖြေခင်ကတည်းကစလို့ ဖြေပြီးသည့်အထိ ဦးဈာန်က မိုမို့အား လိုလေသေးမရှိအောင်အစစအရာရာစီစဉ်ပေးသည်။
စားချင်တာတွေလဲကျွေးသည်။မတည့်တာတွေတော့မကျွေးပေ။ စားပြီးရင်လဲ ဆေးတိုက်သည်။ ကျောင်းပို့ကျောင်းကြိုလဲ အားလုံး ကိုယ်တိုင်လိုက်ပို့သည်။
စာမေးပွဲရက်တော့ မိုမိုဈေးဗန်းမခင်းဖြစ်သေးပေ။ဦးဈာန်ကလဲ ဒုံရင်းကဒုံရင်းပင်။ ဂရုစိုက်တာတော့ ဂရုစိုက်ပေမဲ့ မိုမိုကလောဘကြီးသည်။
အခုအဖြစ်က အဖေနှင့်သားလိုဖြစ်နေတော့စိတ်မရှည်တော့ပေ။ နောက်တစ်ခေါက်ပြန်လာမှပဲ ဆက်ပြီးဈေးဗန်းခင်းတော့မည်ဟုဆုံးဖြတ်ထသည်။
မနက်ရောက်ရင် Daddy လာခေါ်မှာဖြစ်လို့ ဒီညကတည်းက လိုအပ်တာလေးတွေကို လွယ်အိတ်လေးထဲထည့်ထားရသည်။
မနက်ကျရင် သီသီရီရီမဖြစ်အောင် ကြိုတင်ပြင်ဆင်ထားလိုက်သည်။ သိပ်တော့မလိုအပ်။ အရေးကြီးတာလောက်သာထည့်ထားပြီး ကျန်တာတွေထားခဲ့လိုက်သည်။
သေသေချာချာပြင်ဆင်ပြီးနောက် မောသွားရသည်။လုပ်လိုက်တော့လဲ ကြာသား။ နာရီကြည့်လိုက်တော့ ညနေ၅နာရီ။ ဦးဈာန်က ၇နာရီလောက်မှပြန်လာမယ်လို့ပြောထားသည်။
အလုပ်တွေရှုပ်နေပုံရသည်။ သူသွားပြီး ဖုန်းဆက်ကာ မနှောက်ယှက်တော့။ညမှပဲ ဦးဈာန်နဲ့အတူတူသွားအိပ်မည်။
မနက်ယူရမည့် လွယ်အိတ်လေးကိုဆိုဖာပေါ်တင်လိုက်ပြီး အခန်းထဲမှထွက်လာခဲ့သည်။ ဟိုဘက်အိမ်ကိုသွားပြီး နှုတ်ဆက်ရဦးမည်။
ဇေယျက သူပြန်မှာကိုသိပေမဲ့ မနက်ပြန်မယ်ဆိုတာကိုညီအကို၂ယောက်စလုံးကမသိသေး။
ဇေယျ၏ အကိုကြီးကလဲ မိုမို့ကိုညီလေးတစ်ယောက်လိုချစ်ခင်ရှာသည်။ သူ့ညီလေးနှင့် သူငယ်ချင်းလုပ်ကာဆော့ပေးတာကိုလဲ ကျေးဇူးတင်နေပုံရသည်။