ပုလဲတို့ဖြင့်ဖွဲ့သီသော ( Comp...

Av TAIN_YAN_THWAY

228K 22.6K 2.3K

"ကံ့ကော်ဆိုတာ မပြောင်းလဲတဲ့ချစ်ခြင်း သက်သေ" Mer

Part 1 ( Unicode )
Part 1 ( Zawgyi )
Part_2 ( Unicode )
Part_2 ( Zawgyi )
Part 3 ( Unicode )
Part 3 ( Zawgyi )
Part 4 ( Unicode )
Part 4 ( Zawgyi )
Part 5 ( Unicode )
Part 5 (Zawgyi)
Part 6 ( Unicode )
Part 6 ( Zawgyi )
Part 7 ( Unicode )
Part 7 ( Zawgyi )
Part 8 ( Unicode )
Part 8 ( Zawgyi )
Part 9 ( Unicode )
Part 9 ( Zawgyi)
Part 10( Unicode )
Part 10 ( Zawgyi )
Part 11 ( Unicode )
Part 11 ( Zawgyi )
Part 12 ( Unicode )
Part 12 ( Zawgyi )
Part 13 ( Unicode )
Part 13 ( Zawgyi )
Part 14 ( Unicode )
Part 14 ( Zawgyi )
Part 15 ( Unicode )
Part 15 ( Zawgyi )
Part 16 ( Unicode )
Part 16 ( Zawgyi )
Part 17 ( Unicode )
Part 17 ( Zawgyi )
Part 18 ( Unicode)
Part 18 ( Zawgyi )
Part 19 ( Unicode)
Part 19 ( Zawgyi)
Part 20 ( Unicode )
Part 20 ( Zawgyi)
Part 21 ( Unicode )
Part 21 (Zawgyi )
Part 22 ( Unicode )
Part 22 ( Zawgyi)
Part 23 ( Unicode)
Part 23 (Zawgyi)
Part 24 (Unicode)
Part 24 ( Zawgyi )
Part 25 ( Unicode )
Part 25 ( Zawgyi )
Part 26 ( Unicode )
Part 26 ( Zawgyi )
Part 27 ( Unicode )
Part -27 ( Zawgyi )
Part 28 ( Unicode )
Part 28 ( Zawgyi)
Part 29 ( Unicode)
Part 29 ( Zawgyi)
Part 30 ( Unicode)
Part 30 ( Zawgyi)
Part 31 ( Unicode)
Part 31 ( Zawgyi)
Part 32 ( Unicode)
Part 32 ( Zawgyi)
Part 33 ( Unicode)
Part 33 ( Zawgyi)
Part 34 ( Unicode)
Part 34 ( Zawgyi)
Part 35 ( Zawgyi )
Part 36 ( Final )
Part 36 - Final ( Zawgyi)
Extra Final
Extra Final ( Zawgyi)

Part 35 ( Unicode)

3.1K 359 36
Av TAIN_YAN_THWAY

မြေနီလမ်းတောက်လျှောက်တွင် သစ်ပင်များက အုံ့ဆိုင်းနေသည်။ တစ်ဖက်တွင် အပင်ကြီးများရှိသလို တစ်ဖက်တွင်တော့ တောင်ကုန်းများရှိလေသည်။

စက်ဘီးနင်းလာသော ကိုမိုး၏ နောက်တွင် အထွန်းက ဘေးစောင်းထိုင်ရင်း ပတ်ဝန်းကျင်ကို ငေးကြည့်သည်။

ဒီနေ့ အထွန်းနဲ့ ကိုမိုးက အင်္ကျီ အရောင်အတူတူပဲ။
ကိုမိုးအင်္ကျီက လည်း အဖြူရောင် ၊ အထွန်းအင်္ကျီကလည်း အဖြူရောင်။ ပုဆိုးအရောင်ချင်းတော့ မတူဘူး၊ ပြီးတော့ ဖိနပ်အရောင်ချင်းလည်း မတူဘူး။
အထွန်းက သနပ်ခါးဖွေးဖွေးလိမ်းပြီး ပါးကွက်လေးပါ ကွက်ထားတာ ၊ ကိုမိုးမှာတော့ သနပ်ခါးမပါဘူး။

"ကိုမိုး"

"ဟင်"

"ကိုမိုးက ဘာလို့ သနပ်ခါးမလိမ်းတာလဲဟင်"

"အရင်ကတော့ လိမ်းပါတယ် အထွန်းရဲ့ ၊ ကြီးလာမှသာ မလိမ်းတော့တာ"

အထွန်းက မျက်‌တောင်ရှည်ရှည်လေးများကို တဖျတ်ဖျတ်ခတ်ရင်း တွေးသည်။

ကြီးလာရင် သနပ်ခါးမလိမ်းရဘူးလို့ ဘယ်သူက ပြောလို့လဲ ။ အထွန်းကတော့လေ ကြီးလာလည်းလိမ်းမှာ ၊ အသက်တွေ အများကြီး ကြီးလာလည်း လိမ်းဦးမှာ ။ ပါးကွက်လေးပါ ကွက်ပြီး လှလှလေး နေဦးမှာ။

ရွာအဝင် တံတား‌သို့ရောက်သောအခါ အထွန်းက ကျော်မိုး၏ အင်္ကျီစကို ဆွဲကိုင်သည်။

"ကိုမိုး ခဏ နားကြမလား"

"ဘာလို့လဲ အထွန်း"

"အထွန်းလေ ဒီနားက ရေတွေကို ကြည့်ချင်လို့"

လက်ညှိုးတထိုးထိုးဖြင့် ပြောနေသော အထွန်းကို ကြည့်ကာ ကျော်မိုးက ပြုံးသည်။

"ဒါဆိုလည်း ခဏ နားကြတာပေါ့ "

မြစ်ရေပြင်သည် နေရောင်ကြောင့် ငေးကြည့်စရာပင်ကောင်းနေသည်။ ကောင်းကင်တွင်တော့ ဝင်လုဆဲဆဲ နေမင်းကြောင့် ပုစွန်ဆီရောင်ပင်သန်းနေလေသည်။
အိပ်တန်းပြန်သည့် ငှက်တို့ကလည်း စီတန်းက ပျံသန်းလျက်။

အချိန်ကြာလာသည်နှင့် အမျှ နေမင်းသည် တောင်တန်းများကြားသို့ တဖြည်းဖြည်းဝင်ရင်း ပျောက်ကွယ်သွားတော့သည်။

"အထွန်း ပွဲခင်းထဲသွားရအောင် ၊ နောက်ကျနေတော့မယ် "

"ဟုတ်"

ကျော်မိုးက စက်ဘီးကို ပြန်နင်းသလို အထွန်းကလည်း ဘေးစောင်းပင်ပြန်ထိုင်သည်။ ထိုတစ်ကြိမ်တွင်တော့ အထွန်းသည် မရဲတရဲပင် ကျော်မိုး၏ အင်္ကျီစကို ကိုင်ဆွဲထားလေသည်။

********

ပွဲဈေးသည် ကြက်ပျံမကျ စည်ကားလျက်ရှိသလို လူများလွန်းသဖြင့် မတိုက်မိအောင်ပင် ရှောင်နေကြရသည်။

"အထွန်း ဘာစားချင်လဲ"

" မသိသေးဘူး"

အထွန်းက ဟိုဟိုသည်သည် ကြည့်ရင်း စားစရာရှာသည်။

ပန်းသီး ဟင့်အင်း ၊ အကြော် ဟင့်အင်း ၊ ဝက်သားတုတ်ထိုး ဟင့်အင်း။

တစ်ခု စဉ်းစားပြီးတိုင်း ခေါင်းတစ်ခါ ခါသည်။ နောက်ဆုံးတွင်တော့ အထွန်း တစ်ယောက် မုန့်လေပွေကို သွားတွေ့သည်။

"ကိုမိုး ကိုမိုး မုန့်လေပွေ စားချင်တယ်"

အင်္ကျီစကို ဆွဲကာ ကလေးတစ်ယောက်လို ပြောနေသော အထွန်းကို ကျော်မိုးက ကြည့်ရင်းရယ်သည်။

"လာ သွားဝယ်ကြမယ်"

အထွန်းက မုန့်လေပွေအချပ်ကြီးများကို ကြည့်ရင်း ရယ်သည်။

"အထွန်း ဘာတွေ သဘောကျနေတာလဲ"

"မုန့်တစ်ခုကို အထွန်းမျက်နှာ နှစ်ဆလောက်ရှိတယ်"

အရယ်တစ်ဝက်ဖြင့် ပြောလာသော အထွန်းကို ကျော်မိုးက ကြည့်သည်။ ထို့နောက် လက်တွင် ကိုင်ထားသော မုန့်လေပွေကို ကြည့်ကာ ရယ်တော့သည်။

"ဟုတ်သားပဲ အထွန်းပြောမှ သတိထားမိတယ်"

ရှေ့ဆက်လျှောက်သော လမ်းတွင် ကစားဝိုင်းများကို လည်းတွေ့ရသည်။

"အထွန်း ဆော့မလား"

"ဘာကိုလဲ"

"မြားပစ်မယ်လေ "

"ဟင့်အင်း အထွန်းမပစ်တတ်ဘူး ရှုံးသွားလိမ့်မယ်"

"ရပါတယ် အထွန်းရဲ့ စမ်းကြည့်ကြတာပေါ့"

မြား ပစ်သည့်နေရာရောက်သောအခါတွင်တော့ ကျော်မိုးက ပိုက်ဆံထုတ်သည်။ အထွန်းကတော့ ဘေးမှသာ လိုက်ကြည့်သည်။

"မြား က နှစ်ခါ ပစ်လို့ရပါတယ် "

ကိုမိုးက ခေါင်းညိတ်ကာ မြှားကို ကောက်ကိုင်သည် ။ ထို့နောက် အထွန်းကိုပေးသည်။

"ဟင့်အင်း အထွန်း မပစ်တတ်ဘူး"

"ပစ်ကြည့်ပါအထွန်းရဲ့ "

အထွန်းက မြားကို ကိုင်ကာ ထောင်ထားသော သစ်သားပြားသို့ ပစ်သည်။ သစ်သားပြားသို့ မရောက်မှာပင် ပစ်လိုက်သော မြားက မြက်ခင်းပေါ်သို့ ကျသည်။

"တွေ့လား အထွန်း မပစ်တတ်ပါဘူးဆို"

"ဒါဆို ဒီတစ်ခေါက် အကို ပစ်မယ်"

ကိုမိုးက မြားကို အသေအချာကိုင်ကာ ပစ်သည်။ ထွက်သွားသော မြား သည် သစ်သားဘောင်တွင် စိုက်ကာနေလေသည်။

ကိုမိုးက ခေါင်းငုံ့ကာရယ်ရင်း

"အကိုလည်း မပစ်တတ်ဘူး"

အထွန်းက မျက်စောင်းထိုးသည်။ သူ ပဲ ပစ်တတ်သလို လုပ်ပြီးတော့ ။

ကိုမိုးက ရယ်နေသော်လည်း အထွန်းကတော့ ရှုံးသွားသော ပိုက်ဆံကို နှမျောစွာဖြင့် ကြည့်နေမိတော့သည်။

"ကဲပါ လာ အခြားဝိုင်းဘက် သွားကြည့်ရအောင်"

အထွန်းက ခေါင်းညိတ်ရင်းပင် နောက်မှ လိုက်သည်။ ကစားဝိုင်း တစ်ခု‌နားသို့ ရောက်သောအခါ ကိုမိုးက ရပ်လိုက်သည်။ ကစားဝိုင်းမှ အသံများကတော့ ဆူဆူညံညံ။

"ကြက် ကြက် "

"ပုစွန်"

"လိပ်"

"ဟာ ဆင်တဲ့ကွာ"

လေးလက်မခန့်ရှိသော အံစာတုံး တွင် ဆင်ရုပ်၊ ကျားရုပ် ၊ ကြက်ရုပ် ၊ ပုစွန်ရုပ် ၊ ငါးရုပ်နှင့် ခြင်္သေ့ ရုပ်တို့ရှိနေသည်။

အံစာတုံး သုံးတုံး ကို စင်ပေါ်တင်ထားကာ ကြိုးဖြင့်ထိန်းထားသည်။ ကစားဝိုင်းမှ လူတစ်ယောက်က ထိန်းထားသောကြိုးကို အသာအယာကိုင်ကာဆွဲချသည်။

မြေပေါ်ဖြန့်ခင်းထားသည့် အခင်းပေါ်တွင် ထိုအရုပ်များကို သုံးရုပ် တစ်တန်း၊ တစ်ရုပ်လျှင် တစ်ကွက် တွေ့ရလေသည်။

မြေပေါ်ရှိ ရုပ်ပုံများပေါ်တွင်တော့ လောင်းထားသော ပိုက်ဆံများက အထပ်လိုက်။

"အထွန်း ကစားကြည့်မလား"

"ဟင့်အင်း "

ဟင့်အင်း ဟု ပြောလာသော အထွန်းသည် မျက်လုံးကိုတော့ အံစားတုံးသို့သာ ကြည့်နေသည်။

"အထွန်း ဘာကျမယ်ထင်လဲ"

"ပုစွန်"

ကျော်မိုးက ရုတ်တရက်ပင် ငါးရာတန်တစ်ရွက်ကို ထုတ်ကာ ပုစွန် တွင် လောင်းလိုက်တော့သည်။

ပြုတ်ကျလာသော အံစာတုံးတွင်မူ ကျား ၊ ဆင် နှင့် ငါး ။

အထွန်းက နှုတ်ခမ်းဆူသည်။

"ကိုမိုး ပိုက်ဆံ ငါးရာ ကုန်သွားပြီ"

"ဘာမှ မဖြစ်ဘူး ၊ အခြား ဝိုင်းတွေဘက်သွားရအောင် "

"ထပ်မလောင်းတော့ဘူးနော်"

"ဟုတ်ပါပြီ အထွန်းရယ် ၊ မလောင်းဘူး ကြည့်ရုံပဲ"

ကစားဝိုင်းတစ်ဝိုင်းပြီး တစ်ဝိုင်း လှည့်ပတ်ကြည့်ပြီးသော အခါတွင်တော့ ဇာတ်ပွဲဆီမှ အသံကြားရတော့သည်။

"လာ ပွဲထဲသွားရအောင် ၊ ဖျာ နေရာဦးရဦးမယ်"

ဇာတ်ပွဲ ဆီသို့ သွားကြသော လူများသည် ခြေချင်းပင် ထပ်နေသည်။

"အမလေး"

"အထွန်း ဘာဖြစ်လို့လဲ"

"ဘာမှ မဖြစ်ပါဘူး ၊ ဝင်တိုက်မိလို့"

"လာ အကို့လက်ကို တွဲထား"

"ဟင်"

မျက်လုံးအဝိုင်းသားဖြင့် ကြည့်မိလေတော့ ကိုမိုးက ပြုံးရင်း အထွန်းလက်ကို ဆွဲသည်။

"လူကွဲသွားမှာစိုးလို့"

အထွန်းကတော့ ခေါင်းပင် မမော့နိုင်ဘဲ တိတ်ဆိတ်နေမိတော့သည်။ နှလုံးခုန်သံတို့ကလည်း ဆိုင်းသံ ဗုံသံများကဲသို့ပင် ဆူဆူညံညံ။

*******

ပွဲခင်းအလယ်လောက်တွင် ထိုင်နေသော အထွန်းသည် လက်တစ်ဖက်မှ ရေပုလင်းကို ကိုင်ထားကာ တစ်ဖက်မှ မုန့်လေပွေကို ကိုင်ထားရင်း ဇာတ်စင်ဆီသို့ မျက်တောင်မခတ်တမ်းကြည့်နေသည်။

စံတော်ချိန် တီးလုံးဖြင့် ကပြဖျော်ဖြေနေသော ဇာတ်မင်းသားသည် ပြုံးရွှင်စွာ၊ ပေါ့ပါးစွာ။

အထွန်းက မင်းသားကို တစ်လှည့် ကိုမိုးကို တစ်လှည့်ကြည့်သည်။

အထွန်း စိတ်ထဲမှာပေါ့ ကိုမိုးက အချောဆုံးပဲ။ ကိုမိုးကို ဘယ်သူမှ မမီပါဘူး။

လူရွှင်တော်များ ထွက်လာသော အခါတွင်တော့ ပရိသတ်များ တဝါးဝါးဖြင့် ပွဲကျနေတော့သည်။

စင်ပေါ်တွင်တော့ လူငယ်နှစ်ယောက်က စကားပြောနေကြသည်။

"သူငယ်ချင်းရေ "

"အေး"

"ဟိုဘက်ရွာမှာ တိုးတက်နေပြီ"

"ဟုတ်လား ပြောစမ်းပါဦး "

"‌ငါ ဟိုတလောက ဟိုဘက် ရွာကို ခရီးထွက်တယ်လေ ၊ အဲဒီမှာ တိုးတက်နေတာများကွာ"

"ဘယ်လိုတိုးတက်တာတုန်း"

"အိမ်သာမှာ သောက်ရေအိုးနဲ့ "

ပရိသတ်ဆီမှ ရယ်သံများက ဝါးခနဲ ထွက်လာသည်။

"ငါသောက်ကြည့်ခဲ့တာ ရေက အေးနေတာပဲ "

ဒုတိယအကြိမ် ရယ်သံများကြားတွင် အထွန်းရယ်သံလည်း အပါအဝင်။

ခဏအကြာတွင် မိန်းကလေး တစ်ယောက်နှင့် ယောက်ျားလေးတစ်ယောက် ထွက်လာပြန်သည်။ လက်ချင်းတွဲကာ လမ်းလျှောက်နေသော ချစ်သူနှစ်ဦးသည် ကြည်ကြည်နူးနူးပင် စကား‌ဆိုကြသည်။

"အနှင်းရေ"

"ရှင့်"

"အနှင်းရဲ့ မျက်လုံးလေးတွေက လှလိုက်တာ ၊ သမင် မျက်လုံးလေးတွေ အတိုင်းပဲ "

ယောက်ျားလေး၏ စကားအဆုံးတွင် စိတ်တိုသွားဟန် ရှိသော မိန်းကလေးက တွဲထားသော လက်ကို ချက်ချင်းဖြုတ်သည်။

"မောင်မောင့် မျက်လုံးက နွားမျက်လုံး သိလား"

ထဘီစကို မကာ ဒေါသတကြီးထွက်သွားသော မိန်းကလေးသည် မျက်စောင်းတစ်ထိုးထိုးဖြင့် ပြောပြန်သည်။

"တကတည်း လူကိုများ တိရိစ္ဆာန်နဲ့ နှိုင်းရသလား"

ခပ်အုပ်အုပ်ရယ်သံများက ထပ်ထွက်လာပြန်သည်။

အချိန်ကြာလာသည်နှင့်အမျှ ဇာတ်ပွဲကလည်း နောက်ပိုင်းသို့ရောက်လာသည်။

"အထွန်း အေးနေလား"

"မအေးပါဘူး"

‌"အေးရင် ပြောနော် ၊ အကို စောင်အပါးတစ်ထည် ယူခဲ့တယ်"

"ဟုတ်"

"လာ ဒီနားတိုး"

အထွန်းက ကိုမိုးဘက်သို့ ကပ်သည်။ ‌ကိုမိုးက အိတ်ထဲမှ စောင်ပါးကို ထုတ်ပြီးသောအခါ အထွန်း ပခုံးပေါ်မှ လွှားကာ ခြုံပေးသည်။

"ခဏနေရင် အေးလာတော့မှာ ၊ ညောင်းရင် အကို့ကို မှီထား"

အထွန်း က ခေါင်းညိတ်သည်။ ခေါင်းကတော့ ကိုမိုး၏ လက်မောင်းပေါ်။

"ပတ္တစောမြားဒေဝီ စောမဲကျီ" ဟူသော ရာဇဝင် ပြဇာတ်သည် ပရိသတ်တို့ကို အကြည့်ပင် မခွာနိုင်အောင် ညှို့ယူထားသည့် အလားပင်။

မဲကျီ ဟူသော မိန်းမပျိုလေးသည် ပတ္တမြားကို ရေထဲမှ တွေ့ရာက စသည်။ ဘုရင့်ထံသို့ ဆက်သသော်လည်း ပတ္တမြားမှာ မဲကျီထံသို့ပင် ပြန်ရောက်နေလေသည်။

‌‌မိန်းမပျိုကို မိဖုရား အရာမြှောက်စားမည်ဟု အမိန့်ကျလာသော အခါတွင်တော့ ချစ်ရသူနှင့် ဝေးရမည့်အရေး တွေးကာ မိန်းမပျိုမှာ ပူပန်သောက ရောက်ရတော့သည်။

အထွန်းက ဇာတ်ပွဲ ကြည့်နေရင်း ကိုမိုးကို မေးကြည့်သည်။

"ကိုမိုး သူကလေ ကံကောင်းတာလား ၊ ကံဆိုးတာလားဟင် ၊ ပတ္တမြားတွေ့လို့ ကံကောင်းပေမယ့် အခု သူ့ရည်းစားနဲ့ ခွဲရတော့မှာ"

မျက်နှာမကောင်းစွာ ပြောနေသော အထွန်းကို ကျော်မိုးက ပြုံးရင်း ကြည့်သည်။

"အဲ့ဒီခေတ်တုန်းကတော့ ဘုရင့်အမိန့်က အရာရာကိုး "

ကျော်မိုးက ပုခုံးပေါ်မှ လျှောကျနေသော စောင်ကို ဆွဲတင်ပေးသည်။ အထွန်းကတော့ ကိုမိုး‌လက်မောင်းပေါ်မှီရင်း ပြဇာတ်ကို ဆက်ကြည့်နေလေသည်။

ကုန်းချောစကားကြောင့် ဘုရင်က အမျက်ထွက်သည်။ မိဖုရားမှာ သစ္စာမဖောက်ပြားပါကြောင်း ရှင်းပြသော်လည်း နားမဝင်။

"သတ်စေ" ဟူသော အမိန့်သံ အဆုံးတွင် ပွဲကြည့်နေသောအထွန်းသည် မျက်ရည်ကျတော့သည်။

သစ္စာဆိုခဲ့သော မိဖုရားစော‌မဲကျီ၏ ရုပ်အလောင်းသည် ရေဆန်သို့ တက်သောအခါတွင်တော့ ဇာတ်စင်ပေါ်သာမက စင်အောက်မှ ပွဲကြည်သူတို့မှာ ငိုမိကြတော့သည်။

"အထွန်း"

ကိုမိုးက ရှိုက်ငိုနေသော အထွန်းကို ပခုံးပုတ်ရင်း နှစ်သိမ့်သည်။

"အထွန်းလေ စောမဲကျီကို သနားလိုက်တာ"

တလိမ့်လိမ့်ကျနေသော မျက်ရည်ကို ကိုမိုးက လက်ကိုင်ပုဝါစဖြင့် အသာတို့ရင်း သုတ်သည်။

"မငိုနဲ့တော့လေ အထွန်းရဲ့ ၊ စောမဲကျီက သစ္စာမဖောက်ပြားမှန်း သိသွားခဲ့တာပဲ မဟုတ်လား"

"ဒါပေမယ့် သေသွားမှ ယုံကြတာလေ ၊ မသေခင်မှာ သူဘယ်လောက် ဝမ်းနည်းနေရမလဲ"

"ကဲပါ အထွန်းရယ် ၊ တိတ်တော့နော် နေတောင်ထွက်တော့မယ် ၊ ပြန်ရအောင်"

ပွဲခင်းထဲမှ လူတို့သည် အထွန်းတို့ကို မိုးလင်းမှ သတိထားမိတော့သည်။ သတိထားမိသည်နှင့် တိုးတိုးပြောသူကပြော ၊ လှည့်ကြည်ရင်း အတင်းပြောသူက ပြောဖြင့် အလုပ်များနေကြပြန်သည်။

"အထွန်း လာ စက်ဘီးပေါ်တက် ၊ သူတို့ကို ဂရုမစိုက်နဲ့"

အထွန်းက စက်ဘီးပေါ်သို့ စွေ့ခနဲပင် ကောက်ထိုင်သည်။

"ကိုမိုး ဒီကပြန်ရင်လေ ရွှေဆိုင်ကို ဝင်ကြမယ်နော်"

"အင်း ဝင်မယ်လေ ၊ အထွန်း ဘာလိုချင်လို့လဲ"

"အထွန်း အတွက်မဟုတ်ပါဘူး ၊ အမေ့ အတွက် နားကပ် ဝယ်ချင်လို့ ၊ အခု ဝင်ကြည့်ပြီးရင် အိမ်မှာ ပိုက်ဆံသွားယူမလို့"

ကျော်မိုးက ရွှေဆိုင်ကြီးကြီး တစ်ဆိုင်ရှေ့‌တွင် ရပ်သည်။

"ဒီမှာ ကြည့်ကြမလား"

"ဟုတ်"

အထွန်းက နားကပ်ပုံစံများကို ကြည့်ရင်း ခမောက် ပုံ နားကပ်ကို တွေ့သောအခါ ဝမ်းသာအားရပင် လက်ညှိုးထိုးပြသည်။

"ကိုမိုး ဒီနားကပ်လေး လှတယ်မလား"

"လှသားပဲ အထွန်းရဲ့"

ရွှေကွပ်ထားသော စိန်နားကပ်သည် တလက်လက်ပင် တောက်နေသည်။ အထွန်းက စိန်ပွင့်လေးများကို အသေအချာကြည့်ရင်း ပြုံးသည်။

စိန်ပွင့်လေးတွေက သေးပေမယ့် အမေကြိုက်မှာ သေချာပါတယ် ။

*********

Fortsätt läs

Du kommer också att gilla

With you Av ^^

Fanfiction

1M 36.9K 94
Jungkook finds out that he has 6 mates, what can he do? Will they accept him?
40.6M 1.1M 42
When Arianna marries billionaire Zach Price to save her family, she doesn't expect to fall in love with a man who'd always consider her a second choi...
1.6M 98.6K 39
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
1.7M 95.4K 87
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...