Part 16 ( Unicode )

2.9K 444 26
                                    


နေကြာတွေက လှတယ် ၊ ဒါပေမယ့် အထွန်း အတွက်တော့ နေကြာပန်းတွေက ယား တယ် ။

အင်္ကျီလက်ရှည်နှင့် ပုဆိုးရှည်ရှည်ကို ဝတ်ကာ ခမောက် တစ်ချပ်ကို ဆောင်းထားသော အထွန်းသည် နေကြာခင်းထဲတွင် ပေါ်လိုက် ပျောက်လိုက် ဖြစ်နေသည်။

နေကြာ‌ဆီ ထုတ်ရန်အတွက် နေကြာခင်းမှ နေကြာတို့ကို ခူးကြရသည် ။ ထို အတွက် အထွန်းတို့ ရသော ငွေက သုံးထောင် ။

တစ်နေ့လုံး နေကြာခင်းထဲ အလုပ်လုပ်နေရသောကြောင့် အထွန်း တစ်ကိုယ်လုံး ယားယံလာရသည်။

"အထွန်း ရရဲ့လား"

လှကြည်က နေကြာပန်းများကို လက်ကပွေ့ကိုင်ရင်း လှမ်းအော်သည် ။

"အေး ရတယ်"

ရတယ်လို့ပဲ ပြန်ပြောရတာပေါ့ ၊ မရ လို့မှ မဖြစ်တာ ။

"အိမ်မှာပဲ သနပ်ခါးလိမ်းနေပါလားကွာ"

"အေးလေ ၊ ဒီကို ဘာလာလုပ်တာလဲ"

လှောင်သလိုကြည့်ရင်း ပြောလိုက်သော စကားသံတို့ ကြောင့် အထွန်း မျက်နှာလေး ညှိုးသွားရသည်။

ထိုစကားကို ကြားလိုက်ရသော လှကြည်က အထွန်း ဆီသို့လျှောက်လာရင်း တစ်ဖက်မှ လူများကို ရန်တွေ့တော့သည်။

"ဟဲ့ နင်တ ကိုယ့်အလုပ်ကိုယ်လုပ်ပါလား"

"ရန်မဖြစ်ပါနဲ့ လှကြည်ရယ် ၊ စိုက်ခင်း ပိုင်ရှင် သိရင် နှင်ထုတ်ခံရလိမ့်မယ်"

ထိုအခါမှ လှကြည်က မျက်စောင်းတထိုးထိုးဖြင့် နောက်ဆုတ်သည်။

"လာ သွားမယ် အထွန်း ၊ အဲ့ကောင်တွေကို ဂရုစိုက်မနေနဲ့ "

အထွန်းလည်း တတ်နိုင်သမျှတော့ ဂရုမစိုက်ဘဲနေပါတယ် ။ ဒါပေမယ့် သူတို့က အထွန်းကို အမြဲ ဒီလိုပဲ ။ အထွန်း ကို ဆိုရင် လှောင်လိုက် ၊ ရယ်လိုက်နဲ့ ။

အထွန်းက ပိုက်ဆံ သုံးထောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်းက နေကြာခင်းကို တစ်ချက်ဝေ့ကြည့်သည် ။

စိုက်ခင်းထဲတွင် ကျန်ရှိနေသော အဝါရောင်နေကြာတို့က အနည်းငယ်ပင် ညှိုးနွမ်းကာ ခြောက်ခြောက်သွေ့သွေ့ ။

ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)जहाँ कहानियाँ रहती हैं। अभी खोजें