Part 21 ( Unicode )

2.6K 399 57
                                    

"သူ့သားက ခြောက်နေတာတဲ့"

"ကုသိုလ်ကံ အကြောင်းတရားပေါ့ဟယ်"

"အေးလေ ဝဋ်ကြွေးတွေ"

အထွန်း မကြားချင်သော စကားများဖြစ်သော်လည်း ပီပီသသ ပင် ကြားလိုက်ရပါသည်။

စေတီဘက်သို့ မျက်နှာမူကာ ဘုရားရှိခိုးနေသော
အမေကတော့ ကြားဟန်မတူ ။

အမေ ဘုရားရှိခိုးပြီးသည် နှင့် အထွန်း အမေ့ အနားသို့ ကပ်သွားလိုက်သည်။

"အမေ အထွန်းတို့ ပြန်ကြမယ်လေ"

အထွန်း အသံတိုးတိုးဖြင့် ပြောလိုက်တော့ အမေက ခေါင်းညိတ်သည်။

"ကြီးကြီးတို့ အအေးသောက်ပါဦး"

ထမည့် ဆဲဆဲမှာပင် ရင်းနှီးနေသော အသံတစ်ခုကို ကြားလိုက်ရသည်။ ထို့နောက်တွင်တော့ အထွန်းဆီသို့ ကမ်းပေးလာသော အအေးခွက် တစ်ခွက်။

"အကိုထက်အောင် "

အအေးခွက်ဗန်း ကို ကိုင်ထားသော အကိုထက်အောင်က ရင်းရင်းနှီးနှီးပင် ပြုံးပြလာတော့ အထွန်းလည်း ပြန်ပြုံးပြရင်း အအေးကို လှမ်းယူလိုက်သည်။

ပြန်ဖို့လုပ်နေပေမယ့် လက်ထဲရောက်လာပြီပဲ၊ သောက်ရတော့မှာပေါ့ ၊ ပြီးတော့ မသောက်ရင် အလှူရှင်က စိတ်မကောင်းဖြစ်ရမှာ ။

အလှူရှင် ဒါနမြောက်အောင် သောက်လိုက်ပါ့မယ်လေ။

အထွန်းက မတ်ခွက် ဖြင့် အပြည့်ထည့်ထားသော သံပုရာရည်ကို တစ်ကြိမ်တည်းပင် မော့သောက်လိုက်သည်။

"အကို "

"ဪ အထွန်း ထပ်ထည့်ပါဦးလား"

"ဟုတ်"

မငြင်းပါဘူး ၊ အလှူရှင်က စေတနာနဲ့ တိုက်တာပဲ ။ ကိုမိုးက လွဲရင် အခြားသူတွေဆီက မစားမသောက် ချင်ပေမယ့် ဒါက အလှူပဲ။

ဒုတိယအကြိမ်ရောက်လာသော သံပုရာရည်ကို သောက်အပြီးတွင်တော့ အထွန်း ဗိုက်ပင်ပြည့်သွားပြီ။

"အထွန်း ပြန်ချင်နေပြီဆို"

"ဟုတ်"

အမေ ပြောသံကြားမှ အထွန်းလည်း ခွက်ကို သေချာ ပြန်ပေးလိုက်ပြီး ထွက်လာခဲ့တော့သည်။

ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)حيث تعيش القصص. اكتشف الآن