ကမ္ဘာ တစ်ဖက်ခြား

By XIaoYiJune

20.9K 1.5K 65

အချစ်ဆိုတာ တစ်ခါတစ်ရံ လွဲမှားပြီး ဖြစ်တည်လာတတ်တာမျိုး More

part 1(Unicoad)
part 1 (zawgyi)
part 2 (uni)
part 2 (Zg)
part 3 (uni)
part 3 (Zg)
Part 4 (uni)
Part 4 (Zg)
Part 5 (uni)
Part 6 (uni)
Part 6 (zg)
Part 7 (Uni)
Part 7 (Zg)
Part 8
Part 8 (Zg)
Part 9
Part 9 (Zg)
Part 10
Part 10 (Zg)
Part 11
Part 11 (Zg)
Part 12
Part 12 (Zg)
Part 13
Part 13 (Zg)
Part 14
Part 14
Part 15
Part 15
Part 16
Part 16(Zg)
Part 17
Part 17 (Zg)
Part 18
Part 18 (Zg)

Part 5 (Zg)

341 21 1
By XIaoYiJune

ကမ္ဘာတစ်ဖက်ခြား
Parrt 5

အတူ ရှိနေတဲ့လူကို လွမ်းနေတယ်ဆိုရင် ခင်များတို့ ယုံမလား?
ဟုတ်ပါတယ်... ရူးတယ်ပဲ ဆိုရင်ဆို
ကျွန်တော်နဲ့... အတူတူရှိနေတဲ့လူကို အရမ်းလွမ်းနေမိတယ်.......
****

သူ့ကို အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်ပေးနေတဲ့ သူ့ဘေးက ကိုလူချောကို နားမလည်နိုင်စွာ လှည့်ကြည့်နေမိသည်...

ကြယ်ရောင်စုံနေသော ကောင်းကင်ကို ငြိမ်သက်စွာမော့ကြည့်နေသည့် ရိပေါ်ဆိုသော သူ၏
ပြီးပြည့်စုံအောင် ချောမောလှသည့် ရုပ်ဆင်းအင်္ဂါ ၊ ဖြူဝင်းနေသည့် လည်တိုင်ကြီးနှင့်
ယောကျာ်းပီသစွာ ကြီးမားလှသည့် လည်စလုတ်ကြီးကို ဘေးတိုက်အနေအထား ငေးကြည့်နေမိသည်...

ထိုသူဟာ သူ့အစ်ကိုကို ဘယ်လောက်များတောင် ချစ်လိုက်သလဲ? ဒီဘက်ခေတ်က လူတွေဟာ
အရမ်း ဂရုစိုက်ပြီး ချစ်တတ်ကြတာပဲ....

သူ့စိတ်ထဲ ဒီခန္ဓာကိုယ်ပိုင်ရှင်ကို အားနာပြီး ဟန်ဆောင်နေမိတာကို ရှက်ရွံ့မိသည်... သို့သော်
လည်း သူ...ဘယ်လိုလုပ် တတ်နိုင်ပါ့မလဲ? သူ... ဝန်ခံလိုက်ရင်ရော... သူ့ကို ဒီအိမ်ကနေ မောင်းထုတ်လိုက်မှာလား?

ဟင့်အင်း.... ဒီလောကကြီမှာ.. သူ....သိနားလည်တာ တစ်ခုမှ မရှိလို့ ဒီနေရာကနေ ထွက်မသွား
ရဲဘူး.... ပြီးတော့ သူ့ကို အရမ်းချစ်ပြီး ဂရုစိုက်ကြတဲ့ ဒီခန္ဓာ ပိုင်ရှင်ရဲ့ မိသားစုဆီက ထွက်မသွား
ချင်ဘူး.....

"ကိုကို.... ''

ရိပေါ် ...ခေါ်လိုက်သံကြောင့် အတွေးတွေနဲ့ ယောက်ယက်ခတ်နေသော ရှောင်းကျန့်ကိုယ်လေး
တုန်တက်သွားပြီး ငေးမောနေရာမှ ခေါင်းကို ပြန်လှည့်လိုက်သည်...

သူ..... ပြန်မထူးမိသောကြောင့် သူ့အား စောင်းငဲ့ကြည့်လာသဖြင့် ကဗျာကယာ ပြန်ကြည့်လိုက်သည်...

"နောက်နေ့ကျရင်.. ကျွန်တော်နဲ့ အပြင်လိုက်ခဲ့မလား? ...''

"ဟင်... တကယ်လား....လိုက်မယ်... လိုက်မယ်....ဒါပေမယ့် အပြင်မှာက ထူးဆန်းတာတွေ
အများကြီးပဲ... ရိပေါ်လက်ကို... ကိုကို ကိုင်ထားလို့ရမလားဟင်... ''

သူ့စကားကြောင့် သူ့ခေါင်းကို ဖွဖွကိုင်ကာ ကြင်နာစွာ ပြုံးပြသည်.....
သူ့အပြုံးတွေက နွေးထွေးလှပြီး လုံခြုံသွားသလို ခံစားရသည်.....

"ရတာပေါ့... ကိုကို့ကိုလဲ ကျွန်တော်က ဘာမှအဖြစ်မခံနိုင်ပါဘူး... ကျွန်တော်တို့ဘေးမှာ bodyguard တွေလဲ ပါမှာပဲလေ... ''

"အင်း.အင်း....''

အပြင်လိုက်ရမယ်ဆိုသဖြင့် ရှောင်းကျန့်တစ်ယောက် အပျော်လွန်ပြီး.ပြုံးရယ်နေသော်လည်း
စိတ်မကောင်းပုံနှင့် သူ့ခေါင်းကို လက်ဝါးဖြင့် ခပ်ဖွဖွအုပ်ကိုင်ထားသော ရိပေါ်၏ အမူအယာ
တို့ကို နားမလည်ပုံမျိုးဖြင့် ကြည့်နေလေသည်...

ရှောင်းကျန့်....ခင်များပဲ ဖြစ်နေစေချင်ပါတယ်.
ခင်များခန္ဓာကိုယ်မှာ.ခင်များပဲ ဖြစ်နေဖို့ ဆုတောင်းပါတယ်
မနက်ဖြန် ကျွန်တော်သွားမှာက ပရောဂနှင်တဲ့ နတ်ဆရာဆိုတာကိုတော့ ခင်များကို မပြောရက်
ခဲ့ဘူး..... ကျွန်တော့်အတွေးတွေ လွန်နေတာပဲ ဖြစ်ပါစေ....

.
.
.

ကွမ်ရှီပြည်နယ် တောင်ပေါ်ဒေသကနေ ပေကျင်းမှာ လာရောက်အခြေချနေထိုင်ပြီး ပရောဂနှင်
သည့်အလုပ် ၊ ပရလောကသားတွေနှင့် ဆက်သွယ်လိုသော မိသားစုများ၏ လိုအင်များကို ဖြည့်
စွမ်းပေးသော အလုပ်များဖြင့် နာမည်ကြီးလျှက်ရှိသော နတ်ဆရာတစ်ဉီး၏ ကိုယ်ပိုင် နတ်နန်း
သို့ ခေတ်ပညာတတ်လူငယ်ဖြစ်သော ဝမ်ရိပေါ်တစ်ယောက် bodyguard များလိုက်ပါစောင့်
ရှောက်လျှက် ကားနှစ်စီးဖြင့် ရောက်ရှိလာလေသည်...

သူလို ကိုယ်လို လူငယ်များလိုပင်...ရှေးရိုးစွဲယုံကြည်မှုတို့ မရှိသည့် ဝမ်ရိပေါ်မှာ.ရှောင်းကျန့်
အတိတ်မေ့ခြင်းအပေါ် သွေးရိုးသားရိုးမဟုတ်ဟု ယူဆပြီးသည်နှင့် ကုသနည်းလမ်းပေါင်းမျိုးစုံ
အား ရှာဖွေပြီးနောက် ယခုကဲ့သို့ နတ်ဆရာ ကျောက်ဖူးလုံ၏ နတ်နန်းသို့ ရောက်ရှိလာခြင်း
ဖြစ်လေသည်...

Driver နှင့် bodyguard များမှာ ဘာအကြောင်းကြောင့် နတ်ဆရာဆီသို့ ရောက်ရှိလာကြမှန်း
မသိသော်လည်း သူတို့၏ boss အား အကျိုးအကြောင်းမေးရန် မဝံ့ရဲသဖြင့် ထားခဲ့သည့်နေရာ
မှာသာ ငြိမ်သက်စွာရပ်လို့ ကျန်ခဲ့လေသည်...

"ဒါ... ဘယ်နေရာလဲ ဟင်.... ရိ ပေါ်...''

"အင်း... ဒါ... ကိုကို့ရဲ့ ကျန်းမာရေးကို စစ်ဆေးမယ့်နေရာပဲ... ''

"ဟင်... ငါ... ငါ နေကောင်းနေပြီလေ... ''

"အင်းပါ.. ခန္ဓာကိုယ်တွင်းထဲကပါ ကျန်းမာနေဖို့လိုတယ်လေ...ခဏပဲ စစ်မှာပါ... သိပ်မကြာဘူး
ကိုကို...ဒီမှာ ခဏထိုင်ကျန်ခဲ့နော်... ကျွန်တော် စာရင်းသွားပေးလိုက်ဉီးမယ်... မကြောက်နဲ့နော်
ဟိုမှာ.. ကိုယ်ရံတော်တွေ တွေ့လား... ကိုကို့ကို စောင့်ရှောက်ပေးနေတယ်နော် ''

"အင်းအင်း.... ''

သူ....ဘာကြောင့် ရှောင်းကျန့်ကို ကလေးငယ်လေးတစ်ယောက်ကိုလို အရမ်းကြီး ဂရုစိုက်မိနေ
မှန်းမသိ.... သူ့စိတ်ထဲမှာ... မနေ့တစ်နေ့ကမှ မွေးဖွားလိုက်သည့် ကလေးငယ်တစ်ယောက်လို
ဘာဆိုဘာမှ နားမလည်တော့သည့် သည်လူကို အရာရာ.စိတ်ပူမိနေတော့တာဖြစ်သည်....

အမှန်က... သူ....ကြိုတင်ပြီး စာရင်းပေးထားပြီးသားပါ..
ရှောင်းကျန့်အား ပရောဂစစ်ခြင်းကို မသိရှိစေလိုသဖြင့် သူ.သိလိုသောအရာများအား နတ်ဆရာ
အား အရင်လာရောက် ရှင်းပြခြင်းသာဖြစ်သည်...နတ်ဆရာကလည်း.သူ.. ဆိုလိုသည့်သဘောကို ချက်ချင်းနားလည်လေသည်...

"ကိုကို... လာတော့... ရပြီ... ''

"အင်း အင်း... ''

မျက်စိသူငယ် နားသူငယ်နှင့် သူ့ကို ယုံကြည်အားကိုးနေရှာသည့် ရှောင်းကျန့်ကို သွေးရိုးသားရိုးသာ ဖြစ်ပါစေဟု တိတ်တဆိတ် ဆုတောင်းရင်း.....သနားစိတ်ဖြင့် လက်ကို တင်းတင်းဆုပ်ကိုင်ထားမိသည်......

ပရောဂစစ်နေခြင်းအား ကြောက်ရွံ့တုန်လှုပ်နေရှာသည့် ရှောင်းကျန့်ကို အားပေးလိုသော်လည်း
အနှောင့်အယှက်ဖြစ်မည်စိုးသဖြင့် ဘေးကသာ ထိုင်ကြည့်နေရသည်.... ရှောင်းကျန့်မျက်နှာဟာ
အထူးကုဆေးရုံမှာ စက်များဖြင့် စစ်ဆေးခြင်းအား ယခုလောက်ကြောက်ရွံ့ခြင်းမရှိတာကို သူ..
မြင်ထားသဖြင့် ယခု နတ်ဆရာက အင်းစာရွက်များဖြင့် မန်းမုတ်ခြင်းကိုကျမှ အလွန်အကျွံ
ကြောက်ရွံ့နေဟန်ရှိသဖြင့် သူ့ သံသယ မှန်ကန်နေပြီလားဟု ရင်ထိတ်နေမိသည်....

အတန်ကြာ စစ်ဆေးပြီးမှ ခေါင်းကို တဆတ်ဆတ်ငြိမ့်ကာ...

"ကောင်လေးမှာ အနှောင့်အယှက်တွေ ဘာတွေ မရှိပါဘူး... ဉီးခေါင်းကို ထိခိုက်ထားလို့သာ
အတိတ်မေ့ပြီး မူလပုံစံကနေ ကွဲပြားနေတာ ဖြစ်ပါလိမ့်မယ်... ဒါကြောင့် ဘာမှ စိတ်ပူနေဖို့
မလိုဘူး... သူ့ရဲ့ ခန္ဓာကိုယ်နဲ့ သူ့ဝိဉာဉ်က သဟဇာတဖြစ်တယ်... ဘာမှ ကွဲပြားနေတာမရှိဘူး''

နတ်ဆရာစကားကြောင့် နှစ်ယောက်လုံး သက်ပြင်းကြီးကြီး ချလိုက်ကြပြီး စိတ်သက်သာရာ
ရသွားတော့သည်...

"တော်သေးတာပေါ့... ကျေးဇူးတင်ပါတယ်... ဆရာ... ကျွန်တော်တို့ကို ခွင့်ပြုပါဉီး... ''

ဝမ်ရိပေါ်... ကျေးဇူးတင်စွာဖြင့် ငွေသား တစ်ချို့အား နတ်ဆရာဆီ တရိုတသေ ပေးလိုက်ပြီး
ရှောင်းကျန့်၏ အေးစက်နေသော လက်ကို ဆုပ်ကိုင်ကာ ပြန်ထွက်လာခဲ့သည်...

"ကိုကို... အရမ်းကြောက်သွားတာလား... လက်ကလေးတောင် အေးစက်လို့ ''

ရှောင်းကျန့်တစ်ယောက် 'အင်း' ဟုသာ ပြန်ပြောပြီး ခေါင်းကိုငုံ့ကာ ဝမ်ရိပေါ်နောက်သို့ လိုက်ပါ
လာလေသည်... သူ...ခေါင်းကို ငုံ့ချထားသဖြင့် မျက်နှာကို ဘယ်သူမှ အထူးတလည်လိုက်ကြည့်
မနေသောကြောင့်သာ သူ.... မျက်ရည်ဝဲလျှက်ရှိသည်ကို တခြားသူတွေ မမြင်ခဲ့ကြပါ....

သူ.... ငါ့ကို မယုံဘူးပဲ...
သူ.... က.. သူ့အစ်ကို အရမ်းချစ်တာပဲ
ဒီခန္ဓာကိုယ်ထဲက ဝိဉာဉ်ဟာ သူ့အစ်ကို မဟုတ်မှန်း သူ.... သိနေတယ်

****
Vote လေးနှိပ်ပြီး အားဆေးလေး တိုက်ကြပါဉီး
Vote မပေးတော့ မကြိုက်ဘူးထင်ပြီး ရေးရတာ အားမရှိလို့ပါ

Continue Reading

You'll Also Like

55.7K 4.3K 60
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
225K 13K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ
104K 18.1K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
151K 5.1K 33
Taekook Warning fic