ပုလဲတို့ဖြင့်ဖွဲ့သီသော ( Comp...

By TAIN_YAN_THWAY

228K 22.6K 2.3K

"ကံ့ကော်ဆိုတာ မပြောင်းလဲတဲ့ချစ်ခြင်း သက်သေ" More

Part 1 ( Unicode )
Part 1 ( Zawgyi )
Part_2 ( Unicode )
Part_2 ( Zawgyi )
Part 3 ( Unicode )
Part 3 ( Zawgyi )
Part 4 ( Unicode )
Part 4 ( Zawgyi )
Part 5 ( Unicode )
Part 5 (Zawgyi)
Part 6 ( Unicode )
Part 6 ( Zawgyi )
Part 7 ( Unicode )
Part 7 ( Zawgyi )
Part 8 ( Unicode )
Part 8 ( Zawgyi )
Part 9 ( Unicode )
Part 9 ( Zawgyi)
Part 10( Unicode )
Part 10 ( Zawgyi )
Part 11 ( Unicode )
Part 11 ( Zawgyi )
Part 12 ( Unicode )
Part 12 ( Zawgyi )
Part 13 ( Unicode )
Part 13 ( Zawgyi )
Part 14 ( Unicode )
Part 14 ( Zawgyi )
Part 15 ( Unicode )
Part 15 ( Zawgyi )
Part 16 ( Unicode )
Part 16 ( Zawgyi )
Part 17 ( Unicode )
Part 17 ( Zawgyi )
Part 18 ( Unicode)
Part 18 ( Zawgyi )
Part 19 ( Unicode)
Part 19 ( Zawgyi)
Part 20 ( Unicode )
Part 20 ( Zawgyi)
Part 21 ( Unicode )
Part 21 (Zawgyi )
Part 22 ( Unicode )
Part 22 ( Zawgyi)
Part 23 ( Unicode)
Part 23 (Zawgyi)
Part 24 (Unicode)
Part 24 ( Zawgyi )
Part 25 ( Unicode )
Part 25 ( Zawgyi )
Part 26 ( Unicode )
Part 26 ( Zawgyi )
Part 27 ( Unicode )
Part -27 ( Zawgyi )
Part 28 ( Unicode )
Part 28 ( Zawgyi)
Part 29 ( Unicode)
Part 29 ( Zawgyi)
Part 30 ( Unicode)
Part 30 ( Zawgyi)
Part 31 ( Unicode)
Part 31 ( Zawgyi)
Part 32 ( Unicode)
Part 32 ( Zawgyi)
Part 33 ( Zawgyi)
Part 34 ( Unicode)
Part 34 ( Zawgyi)
Part 35 ( Unicode)
Part 35 ( Zawgyi )
Part 36 ( Final )
Part 36 - Final ( Zawgyi)
Extra Final
Extra Final ( Zawgyi)

Part 33 ( Unicode)

2.4K 358 33
By TAIN_YAN_THWAY

"သူတို့နှစ်ယောက်က ဘာတွေလဲ"

"အခြောက်နဲ့ တွဲတာတဲ့လား "

"ယောက်ျားအချင်းချင်းကွာ ၊ ရွံစရာကြီး"

အထွန်းတို့ နှစ်ယောက် တတွဲတွဲ ဖြစ်နေကြသည်ကို အတင်းပြောသူများကလည်း ပြောကြသည်။ နှာခေါင်းရှုံ့သူများကလည်း ရှုံ့ကြသည်။ လှောင်ကြသူများကြလည်း လှောင်ကြသည်။

ထိုသို့ကြုံရတိုင်း အထွန်း ကိုမိုးကို အားနာရပါသည်။

"အထွန်း ဒီနေ့ ပန်းသွားဝယ်ရအောင်"

"ပန်း"

"အင်း အထွန်း ပန်းကြိုက်တယ်မလား"

အထွန်း ခေါင်းညိတ်ပြလိုက်မိသည်။ ကြိုက်တာပေါ့ အထွန်းပန်းတွေကို အရမ်းကြိုက်တာပေါ့။

ပန်းဥယျာဉ် သို့ရောက်သောအခါ အထွန်းက ပန်းပင်များကို အနီးကပ် လိုက်ကြည့်သည်။

"ကိုမိုး ဘာပန်းဝယ်မလို့လဲ"

"မသိသေးဘူး အတူတူရွေးကြမယ်လေ"

စိုက်ခင်းပိုင်ရှင်ကတော့ အထွန်းတို့ နှစ်ယောက်ကို ကွက်ကြည့် ကွက်ကြည့်။

နှင်းဆီပန်းအိုးနား‌သို့ ရောက်သောအခါ ကိုမိုးက ခဏရပ်သည်။ အရောင်အသွေး စုံနေသော နှင်းဆီတို့သည် မွှေးကြိုင်ကာ သင်းသင်းပျံ့ပျံ့ပင် ရှိနေသည်။

နှင်းဆီအဖြူရောင်တို့က တစ်တန်း ၊ နှင်းဆီ အနီရောင်က တစ်တန်း ၊ အဝါရောင် ၊ နီညိုရောင် စသည်ဖြင့် တစ်တန်းစီ စီထားသောကြောင့် အရောင်အသွေးစုံသော နှင်းဆီခင်းသည် မျက်စိအေးစရာဖြစ်နေသည်။

"အထွန်း နှင်းဆီပန်းလိုချင်လား"

"ဟင့်အင်း ၊ ကိုမိုး ကြိုက်ရင်တော့ ယူလေ"

"ဘာလို့လဲ အထွန်းရဲ့ ၊ နှင်းဆီပန်း မကြိုက်လို့လား"

"ဟင့်အင်း အထွန်းက ဆူးရှိတဲ့ပန်းကို မကြိုက်ဘူး"

ကိုမိုးသိလား ၊ အထွန်းကလေ ဆူးမရှိတဲ့ ပန်းတွေကိုပဲ သဘောကျတာ။

ကိုမိုးက ဘေးဘီသို့ လှည့်ပတ်ကြည့်သည်။

"ဒါဆို စံပယ်ရော"

" ကြိုက်တယ် "

အထွန်းက ခေါင်းညိတ်ရင်းဖြေ‌တော့ ကိုမိုးက စံပယ်ပင်
ဘက်သို့လျှောက်သည်။

စံပယ်အိုးတို့ကိုတွေ့သော်လည်း စံပယ်ပန်းတို့က ပုံစံမတူ။

"အန်တီရေ စံပယ်ပင် လိုချင်လို့"

"အေး လာပြီ"

အထွန်းတို့ကို တစ်ချက်တစ်ချက် လှည့်ကြည့်နေသော ပိုင်ရှင်သည် ချက်ချင်းပင်ရောက်လာသည်။

"ဘယ်အပင် ကြိုက်လဲ ၊ ဒါက ရွှေစံပယ် ၊ ဒါက ဆယ့်နှစ်ရာသီစံပယ် ၊ ဒီဘက်က စံပယ်လည်ဆံလို့လည်း ခေါ်တယ် ၊ မွှေးတာကတော့ ရွှေစံပယ်က ပိုမွှေးတာပေါ့ "

"ဆယ့်နှစ်ရာသီ စံပယ်ကရော"

"သူကတော့ ရွှေစံပယ်လောက်မမွှေးပေမယ့် တစ်နှစ်လုံးပွင့်တယ် "

"ဟိုဘက်က အပင်ကရော"

"အဲဒါလေးက အိုးပုတ်စံပယ်လို့ခေါ်တယ်"

ကိုမိုးက ခေါင်းညိတ်ရင်း အထွန်းဘက်သို့ကြည့်သည်။

"အထွန်း ဘယ်ဟာကြိုက်လဲ"

"ဆယ့်နှစ်ရာသီ စံပယ်လေး"

"အန်တီ ဆယ့်နှစ်ရာသီစံပယ် နှစ်အိုးယူမယ်‌"

ပန်းအိုးနှစ်အိုးရလာသောအခါ ကိုမိုးက အထွန်းကို တစ်အိုးပေးသည်။

"တစ်ပင်က အထွန်းအတွက် ဝယ်ပေးတာ "

"ကိုမိုးကရော"

"တစ်ပင် ယူသွားမယ်လေ ၊ အထွန်းဆီမှာ တစ်ပင်
အကို့ဆီမှာ တစ်ပင် ထားမယ်"

"ဟုတ် "

အပြန်လမ်းတွင် အထွန်းသည် လက်တစ်ဖက်က စံပယ်အိုးကို ပိုက်ရင်း အခြားတစ်ဖက်က ကိုမိုး၏ အင်္ကျီစကို အသာဆွဲထားသည်။

လမ်းတောက်လျှောက်တွင်တော့ အထွန်းတို့ကို ကွက်ကြည့် ကွက်ကြည့်။
အချို့က တိုးတိုးကပ်ကာ စကားပြောရင်း အထွန်းတို့ဘက်သို့ ကြည့်သည်။ အချို့ကတော့ မျက်နှာမဲ့ကာ တစ်ဖက်သို့လှည့်သွားကြသည်။

အထွန်းက ဆွဲထားသော အင်္ကျီစကို လွှတ်ကာ ခေါင်းငုံ့ထားလိုက်တော့သည်။

အထွန်း စိတ်ထဲ မကောင်းလိုက်လိုက်တာ။ အထွန်းတို့ကို ဘာလို့အဲလိုမျိုး ကြည့်ကြတာလဲ။
အထွန်းကို အဲလို ကြည့်တာက ရပါတယ် ။
ကိုမိုးကိုတော့ အဲလို မျက်လုံးတွေနဲ့ မကြည့်ကြပါနဲ့။

*********

အထွန်းတစ်ယောက် မီးပူတိုက်နေသော အချိန်တွင်
အမေက အနားကပ်ကာ လာထိုင်သည်။

"အထွန်း"

"အမေ ဘာလိုလို့လဲ"

"ဘာမှမလိုပါဘူး အမေသိချင်တာရှိလို့"

"ဟုတ်"

"ကျော်မိုးနဲ့ တွဲသွားတွဲလာ လုပ်တဲ့ကိစ္စကို လူတွေ ပြောနေကြတယ်"

မီးပူတိုက်နေသော အထွန်းလက်တို့ ရပ်တန့်သွားရသည်။

"လူတွေပြောနေကြတာ ၊ အထွန်းတို့က .."

အမေက စကားကို ဆုံးအောင်ပင် မပြောဘဲ သက်ပြင်းချသည်။

"အမေ အဲဒါကလေ"

"ခု လူတွေ ပြောနေကြတာက ကျော်မိုးတို့က ချမ်းသာလို့ ၊ ပိုက်ဆံရှိလို့ အထွန်းက လိုက်ကပ်ပါတယ် လို့ပြောနေကြတယ် "

"အဲလိုမဟုတ်ပါဘူး အမေရဲ့ "

"ငါ့သားက အဲလိုမဟုတ်မှန်း သိတာပေါ့ ၊ ဒါပေမယ့် လူတွေက ပြောချင်ဆိုချင်စိတ်ပဲ ရှိကြတာ "

"..........."

"အမေတို့က ဆင်းရဲပေမယ့် ရိုးရိုးသားသားပဲ နေလာတာ ၊ လူပြောခံရမယ့် ကိစ္စတွေ မလုပ်ပါနဲ့လား အထွန်းရယ်"

အမေ အခန်းထဲ ဝင်သွားသည်အထိ အထွန်းတစ်ယောက် ငိုင်နေမိသည်။

အထွန်းတို့က ဒီလိုမျိုး ရင်းရင်း နှီးနှီး နေလို့ မရတော့လို့လား ၊ အထွန်းက ကိုမိုးကို သဘောကျလို့ ဒီလိုနေတာပါ ၊ ကိုမိုးရဲ့ ပိုက်ဆံတွေကိုလည်း မမက်ပါဘူး။

လူတွေကလေ အထွန်းကို ဆိုရင် အရမ်းပြောချင်ကြတာပဲ။ အထွန်းမှာ အပြစ်မရှိရင်တောင် မရရအောင်ရှာပြီး အပြစ်တင်ချင်ကြတာပဲ။

အထွန်းက မီးပူတိုက်ရင်း မျက်ရည်ကျသည်။
အမေ စိတ်ပူလည်း မှန်ပေမယ့် ၊ အထွန်းဘက်က မှားတာမှ မရှိတာ။
ပြီးတော့ အထွန်းလေ ကိုမိုးနဲ့ မဝေးချင်ဘူး။

လူတွေကဲ့ရဲ့ကြမှာ သိပေမယ့် အထွန်းနည်းနည်းလောက်ဖြစ်ဖြစ် ဆက်နေချင်သေးတယ်။
မီးဖြစ်နေရင်တောင် ပူမှန်းသိသိနဲ့ ဆက်တိုးချင်မိတယ်။

အထွန်း ဘာမှ မလုပ်ရင်လည်း လူတွေရဲ့ အပြောအဆိုက လွတ်တာမှ မဟုတ်ဘဲ။

****

"လှကြည်"

"ဟဲ့ အထွန်း ငါ သတင်းတွေကြားလို့ပြေးလာတာ"

ဆိုင်သို့ရောက်ရောက်ချင်းပင် လှကြည်က ဆိုင်ပေါ်တက်ထိုင်တော့သည်။

"ဘာကိုလဲ"

"ဘာကို ရှိရမှာလဲ ၊ နင်နဲ့ နင့် ကိုမိုး ကိစ္စ"

အထွန်းက သက်ပြင်းချသည်။

"နင်လည်း သိသွားပြီပဲ "

"ဟဲ့ မသိလို့ကမလား ၊ နင်တို့ ကိစ္စကို တစ်မြို့လုံးသိတယ် ၊ အမြဲတမ်းတတွဲတွဲနဲ့ သွားနေကြတာဆိုပြီး "

အထွန်း တစ်ယောက်စကားပင် ပြန်မပြောမိတော့။

"ဟဲ့ တကယ်လား ၊ နင်တို့က တကယ် ရည်းစား ဖြစ်နေကြတာလား "

အထွန်း တိတ်ဆိတ်သွားမိသည်။
ရည်စားဖြစ်သည်ဟု ဆိုရအောင်လည်း ချစ်သည်ကြိုက်သည် ဟူသော စကားကို ကိုမိုးက ပြောခဲ့ခြင်းမရှိ။

ဒါပေ‌မယ့်လည်း ကိုမိုးက ချစ်တယ်လို့သာ မပြောတာ၊ အထွန်းကို အရမ်းဂရုစိုက်တာ။ အရမ်းလည်း ကြင်နာတာ ။ ပြီးတော့ အထွန်းအပေါ်ကိုဆိုရင် အမြဲတမ်း နွေးထွေးတာ။

"ဟဲ့ ငါမေးတာကို ဖြေဦး ၊ နင်တို့က တကယ် ရည်းစားတွေလား လို့"

"မဟုတ်ပါဘူး "

"ဘယ်လို ဘယ်လို "

"အင်း ကိုမိုးက ငါ့ကို ရည်းစားစကားမပြောသေးဘူး"

လှကြည်က ရင်ဘတ်ကို လက်ဖြင့်ဖိကာ "အထွန်းရယ်" ဟု ရေရွတ်သည်။

အထွန်းကတော့ စကားပြန်မပြောမိ။

ရည်းစားလို့ပြောရင်လည်း လူတွေက ပြောကြမှာ ၊ မဟုတ်ဘူးဆိုရင်လည်း လူတွေက ဝိုင်းပြောကြမှာ။

********

AN:

တိုက်ပွဲတွေကတော့ ပြင်းထန်လာပါတယ်
ဘေးကင်းအောင်နေကြပါနော်
အထိအခိုက်ရှိလာခဲ့ရင် ထိခိုက်သွားတဲ့သူက မအလတို့ဘက်ကပဲ ဖြစ်ပါစေ
အရာရာ ဂရုစိုက်ကြပါနော်





Continue Reading

You'll Also Like

79.1K 2.1K 183
Y/n was a girl, who lived in the nether, for all her life, until at the age of 18 she became a Shadow knight. Chaos happended and some intruders esca...
61.1K 1.7K 26
When Gracie is kidnapped by a strange boy in the middle of the night she fears the worst, and she's right. I mean, who would want to marry a crazy va...
With you By ^^

Fanfiction

1M 36.9K 94
Jungkook finds out that he has 6 mates, what can he do? Will they accept him?
15.6K 103 21
fundamental paper education and all characters are not owned by me, but owned by Kaaatie on youtube.