နွေးထွေးမှုတို့လွှမ်းခြုံကာ(...

By reli_08

39K 1.5K 18

Cover photo credit to the rightful owner. အဆိုးဆုံးအခြေအနေမှာတောင် ကျွန်တော့်ကို မစွန့်လွှတ်ခဲ့ဘဲ သူ့ရင်ခွင်မ... More

အမှာစာ(အမွာစာ)
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35 (Final)
Extra-1
Extra-2
Extra Final
Facts
ကျေးဇူးတင်လွှာ(ေက်းဇူးတင္လႊာ)
New Fic

Part 28

761 29 0
By reli_08

(Unicode)

ကလေးတွေ မွေးဖို့ ဘယ်လောက်မှ မလိုတော့ပေ။ နေ့စေ့လစေ့အချိန်သို့ ရောက်နေပြီဖြစ်သော အာကာလင်းသန့်ကို အနီးကပ်စောင့်ရှောက်ရန် ပိုင်မြင့်မြတ်ကျော်မှာ အလုပ်တောင် မသွားတော့။ အိမ်မှာသာနေပြီး အလုပ်လုပ်ဖြစ်သည်။ ဒီရက်ပိုင်းအတွင်း ဘယ်အချိန်ဖြစ်ဖြစ် ဗိုက်ထနာနာ အဆင်သင့်သွားနိုင်ရန် ဆေးရုံတက်စဉ် လိုအပ်မည့် ပစ္စည်းတွေကို ထည့်ထားသော ခြင်းတွေမှာလည်း သူတို့ရဲ့ အခန်းတွင်း၌ နေရာယူထားပြီးသားပင်။ ထိုကဲ့သို့ ပြင်ဆင်မှုတွေကို ပိုင်မြင့်မြတ်ကျော်က အစ်မဖြစ်သူ မမြိုင်ကို ဖုန်းဆက်ကာ အပူကပ်မေးပြီး အရာရာအား အစအဆုံး ပြင်ဆင်ထားခဲ့လေသည်။ ဘယ်နေရာပဲဖြစ်ဖြစ် ကြိုတင်ပြင်ဆင်ထားလျှင် ပိုမိုအဆင်ပြေချောမွေ့တတ်သည် မဟုတ်ပေလား။

အာကာလင်းသန့် ပူဆာ၍ သူတို့နှစ်ယောက် အာကာလင်းသန့်ရဲ့ မိဘတွေအိမ်သို့ ရောက်နေကြသည်။ အာကာလင်းသန့်က သူ့ရဲ့ အသည်းကျော် တူတော်မောင်ကာကာ့ကို သတိရသည် ဆိုလေတော့ ပိုင်မြင့်မြတ်ကျော် မငြင်းနိုင်။ လိုက်ပို့ပေးဖြစ်သည်။

ကာကာက အခုဆို စကားတွေလည်း တော်တော်များများ လည်လည်ဝယ်ဝယ်ပြောတတ်ကာ သွက်သွက်လက်လက်နှင့် ပြေးလွှားပြီးတောင် ကစားတတ်နေပြီ။ အာကာမင်းခန့်ကျတော့ လေယာဉ်မှူးဖြစ်ပြန်၊ ခွန်းဝဏ္ဏသည်လည်း ဆေးခန်းတစ်နေ့လုံးထိုင်တော့ မအားပြန်သည့်အတွက် ကာကာ့ကို ဒိုင်ခံထိန်းသူများက အဘိုးအဘွားတွေသာ ဖြစ်နေ၏။ မျက်နှာချိုချိုလေးနှင့် ပြောတတ်သည့် ဖိုးပြုံးချိုလေးကာကာ့ကို အာကာလင်းသန့် အသည်းတယားယားဖြစ်ပြီး ချစ်တာလည်း မဆန်းလှပါ။

အာကာလင်းသန့်တစ်ယောက် ဧည့်ခန်းကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်၍ ကာကာဆော့နေသည်ကို ဘေးမှ ထိုင်ကြည့်ရင်း ထိန်းနေသည်။ ပိုင်မြင့်မြတ်ကျော်မှာ ယောက္ခထီး ယောက္ခမတို့နှင့် စကားဝိုင်းဖွဲ့နေ၏။ အာကာလင်းသန့်ဆန္ဒကြောင့် ဦးထိုက်ဝင်းဆွေဆီက အကူအညီအဖြစ် ရယူခဲ့သော ငွေကို လုပ်ငန်းပုံမှန်လည်ပတ်လာသည့်အချိန်မှစ၍ ဖြည်းဖြည်းချင်း ပြန်ပေးခဲ့တာ ယခုဆို ငွေအကုန်လုံး ပြည့်သွားပြီဖြစ်သည်။ ဦးထိုက်ဝင်းဆွေတို့က ပြန်မယူဘဲ လက်ဖွဲ့ငွေအဖြစ်သာ သဘောထားလိုက်ရန်ပြောသော်ငြား သူကိုယ်တိုင် မယူ,ယူအောင် နားချပြောဆိုကာ ပြန်ဆပ်ခဲ့၏။ သူလက်ခံခဲ့သည်ဆိုကတည်းက တစ်ချိန်ချိန်မှာ ပြန်ပေးဖို့ ရည်ရွယ်ချက်ထားခဲ့ပြီးမှသာ ခေါင်းညိတ်ခဲ့ခြင်း။

"သားငယ်ကိုကြည့်ရတာ တော်တော်ပျော်နေပုံပဲ၊ မျက်နှာကလည်း ကြည်လင်နေတယ်၊ စိတ်ချမ်းသာနေရင် လူတစ်ယောက်က ရုပ်ပိုင်းဆိုင်ရာပါ ပြောင်းလဲမှုရှိတယ်ထင်ပါရဲ့၊ ကြည့်ပါဦး၊ သူ့မျက်နှာလေးမှာ သူ့ရဲ့ ပျော်ရွှင်မှုတွေ အတိုင်းသား မြင်နေရတယ်၊ ဒါတွေအားလုံး မောင်ရင့်ကြောင့်ပါကွယ်၊ မားတို့သားငယ်ကို အခုလိုမျိုး ပြုံးနေတာ မြင်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်"

"‌ကျွန်တော့်ကို ကျေးဇူးတင်ဖို့မလိုပါဘူးဗျာ၊ ကျွန်တော်ကသာ ပါးနဲ့မားကို အားနာနေရတာ၊ မားတို့သားငယ်ကို ယောကျာ်းလေးတန်မဲ့ ကိုယ်ဝန်ဆောင်စေမိတာကြောင့်"

"အိုကွယ်၊ အားနာ‌တာတွေ ပြောမနေနဲ့၊ မောင်ရင် ဘာလို့ ခွင့်ပြုခဲ့တယ်ဆိုတာ မားတို့သိတယ်"

ထိုအခါမှ လပေါင်းများစွာ လေးလံနေခဲ့သော ပိုင်မြင့်မြတ်ကျော်ရဲ့ အားနာစိတ်တို့ ပျောက်ပြယ်သွားလေ၏။

"မင်း လုပ်ငန်းတွေ အဆင်ပြေတယ်မလား"

"ပြေပါတယ်၊ အခုတလော ပွဲလုပ်တဲ့သူတွေ ပိုများတော့ အလုပ်ကတော့ ရှုပ်တာပေါ့လေ၊ ကျွန်တော်ကိုယ်တိုင် ကုမ္ပဏီ မသွားနိုင်သေးတော့ အိမ်ကပဲ ညွှန်ကြားနေရတာ သိပ်အားရတယ်လို့လည်း မဟုတ်ပါဘူးဗျာ၊ ဒါပေမဲ့ သန့်ကလည်း ကျွန်တော် အချိန်ပြည့် အနားမှာ ရှိနေမှဖြစ်မှာ၊ အားမရပေမယ့် အလုပ်ကို တစ်ထစ် အလျှော့ပေးလိုက်ရတာပေါ့"

ထို့နောက် ဦးထိုက်ဝင်းဆွေနှင့် သူ လက်ရှိ စီးပွားရေးလောကမှာ ကြုံတွေ့နေရသမျှတွေကို ဆက်လက်ပြောဖြစ်ကြသည်။

ပိုင်မြင့်မြတ်ကျော်တို့ ဆွေးနွေးနေကြချိန်မှာ အာကာလင်းသန့်နှင့် ကာကာတို့ တူအရီးသည်လည်း သူတို့ကမ္ဘာနှင့်သူတို့ သီးသန့်ဖြစ်နေကြ၏။

"ကာကာကတော်လိုက်တာကွာ၊ တာဝါတိုင်တစ်ခုလုံးကို ပြီးအောင်ဆောက်နိုင်တယ်"

အာကာလင်းသန့် လက်ခုပ်တီးပြီး ချီးကျူးလေတော့ ကာကာ့ရဲ့မျက်နှာလေးက ပိုမိုပြုံးသွားပြီး တခစ်ခစ်နှင့် ရယ်သွားသည်။ လက်သေးသေးလေးနှစ်ဖက်ကို သူ့ကဲ့သို့ ပူးကပ်ကာ လက်ခုပ်လိုက်တီးသည့် ကာကာ့ရဲ့ ပါးဖောင်းဖောင်းလေးတစ်ဖက်ကို ရွှတ်ကနဲနေအောင် သူ ငုံ့နမ်းမိသွားသည်။

"ဦးငယ်တို့ မုန့်သွားစားကြမယ်၊ ကာကာရော ဗိုက်ဆာလား"

"ဆာတယ်"

"ဒါဆို မုန့်သွားစားကြမယ်"

ကာကာ့ကို အရင်မတ်တပ်ရပ်စေသည်။ ကာကာက မတ်တပ်ရပ်ပြီးသား ဖြစ်သွားမှ သူလည်း ထရန် စိုင်းပြင်းသည်။

"အ"

ခြေထောက်ကို အနည်းငယ် ကြွကာ မတ်တပ်ရပ်ဖို့ အစပျိုးသည့် အချိန်မှာပဲ ရုတ်တရက် ဗိုက်ထဲမှ ဆစ်ကနဲ နာကျင်မှုကြောင့် ကြမ်းပြင်ပေါ်တွင် ပြန်ထိုင်ချဖြစ်သွားသည်။ ပိုင်မြင့်မြတ်ကျော်တို့က စကားပြောနေကြ၍ သူ့အခြေအနေကို သတိမထားမိလိုက်ကြ။ သို့ပေမယ့် ကာကာတစ်ယောက်ကတော့ မြင်လိုက်သည်။

"ဦးငယ် ဘာဖြစ်တာလဲ"

"ဦးငယ် ဘာမှမဖြစ်ဘူး၊ ကာကာ့ ညီလေးနဲ့ ညီမလေးနေတဲ့နေရာက နည်းနည်းနာသွားတာ၊ အခု မနာတော့ဘူး၊ ကာကာ စိတ်မပူနဲ့နော်"

ဤတစ်ကြိမ် မတ်တပ်ရပ်ဖို့ ကြိုးစားရာတွင် ဝမ်းဗိုက်က နာကျင်မှုကို မခံစားရဘဲ ကောင်းမွန်စွာ ရပ်လိုက်နိုင်သည်။ ထို့ကြောင့် သူ့စိတ်ထဲ ထွေထွေထူးထူး တွေးမနေတော့။ မွေးဖို့ရက်လိုသေးသည်ဟုသာ စိတ်ထဲမှတ်ပြီး ကာကာ့လက်ကိုဆွဲကာ ထမင်းစားခန်းဆီသို့ ဦးတည်လေသည်။

ကာကာက cerealနှင့်နွားနို့ကို ကလေးတွေအတွက် သီးသန့်ထုတ်ထားသည့် ဇွန်းလေးနှင့် သူ့ဘာသာခပ်ပြီး စားနေတာကို အာကာလင်းသန့် ကြည့်နေမိသည်။ စားပွဲခုံမှာ လူကြီးတွေနှင့်အတူ ကာကာပါထိုင်ပြီး စားဖို့ ထိုင်ခုံလေး လုပ်ပေးထားတော့ ကာကာ့အတွက် အဆင်ပြေ၏။

"စားလို့ကောင်းလား"

"စားကောင်းတယ်"

"ဦးငယ်လည်း ကာကာ့ကို အားကျလို့ မုန့်စားလိုက်ဦးမယ်"

မားချက်ပေးထားသည့် ရှမ်းခေါက်ဆွဲကို ခေါင်းမဖော်တမ်း သူစားမိသည်။ တစ်ခါတရံ လာလည်မှ စားရသည်ဖြစ်၍ တစ်ပန်းကန်နှင့် မတင်းတိမ်နိုင်။ မမွှေးအား နောက်တစ်ပန်းကန် ထပ်ထည့်ခိုင်းရသည်။

"အစ်ကိုလေး၊ ဒီတစ်ပန်းကန်နဲ့ မဝရင် ထပ်ယူဦး၊ မစားနိုင်တော့လည်း အိမ်ယူသွားပေါ့၊ မမွှေး ချိုင့်နဲ့ ထည့်ပေးမယ်"

"ရတယ် မမွှေး၊ ကျွန်တော် ဒီလောက်နဲ့ ဝပြီ"

"အစ်ကိုလေး တစ်ခုခုလိုရင် လှမ်းခေါ်လိုက်၊ မမွှေး မီးဖိုချောင်မှာ ဟင်းသွားချက်ပြီ"

မမွှေးကို 'သွား' ဆိုသည့် သဘောဖြင့် လက်အမူအယာ ပြလိုက်ရသည်။ သူကိုယ်တိုင်ကတော့ ရှမ်းခေါက်ဆွဲပန်းကန်ထဲ ခေါင်းဝင်တော့မတတ် ဖြစ်နေ၍ စကားတောင်မပြောနိုင်။ စားရင်းသောက်ရင်းနဲ့ ဘေးမှ ကာကာ့ကို တစ်ချက်တစ်ချက် လှမ်းကြည့်ရသေးသည်။ ကာကာက သူ့လို ပုံပျက်ပန်းပျက် အငမ်းမရစားမနေ။ တည်ငြိမ်စွာ စားစရာရှိသည်ကို စားသည်။ အသက်သုံးနှစ်အရွယ်ကလေးက လူကြီးတစ်ယောက်လို အေးအေးဆေးဆေးဖြစ်ပြီး သူက ဆန့်ကျင်ဘက်ဆန်စွာ ဖြစ်နေသည်ကို ပိုင်မြင့်မြတ်ကျော်သာ မြင်သွားရင် အရှက်တွေတော့ ကွဲဦးမည်။ ကွဲလည်း ဘာအဆန်းလဲ။ ဒီခင်ပွန်းနဲ့ ဒီခင်ပွန်းတောင် ဖြစ်နေပြီ။ ထို့အပြင် သူအရင်တုန်းက ပြဿနာ‌ပေါင်းစုံကို ရှာခဲ့သေးတာ ဒါလေးလောက်နဲ့တော့ မမှုရေးချမမှု။ လင်ခင်ပွန်းတွေကြား ဘာမှဖြစ်စရာကို မလိုတာ။ ပိုင်မြင့်မြတ်ကျော်က သူ့ကို မြင်ရင်တောင် ပိုပြီးချစ်သွားဦးမည်ဆိုတာ သူလောင်းရဲသည်။

"တူအရီးနှစ်ယောက် ကိုယ့်ကိုတောင် မခေါ်ဘူး၊ တိတ်‌တိတ်လေး မုန့်လာစားကြတယ်"

အာကာလင်းသန့်ရဲ့အတွေးတွေ ဆုံးခန်းမတိုင်လိုက်ခင်မှာပဲ ပိုင်မြင့်မြတ်ကျော်မှာ ထမင်းစားခန်းထဲ ဝင်လာလေသည်။ ပြီးနောက် သူ့ဘေးနားရှိခုံတွင် ဝင်ထိုင်သည်။

"ဦးမြတ်က လေပေါနေလို့ ခေါ်မလာတာ၊ ဟုတ်တယ်မလား ကာကာ၊ လေးပိုင်က ဘွားဘွားတို့နဲ့ စကားများနေတာမို့လို့ ဦးငယ်တို့ ခေါ်မလာတာနော်"

ပြောင်သလင်းခါနေတဲ့ ပန်းကန်ထဲကို တူပစ်ချပြီးနောက် ကာကာ့ဘက်ကိုလှည့်ကာ စစ်ကူခေါ်နေသည့် မောင်ဗိုက်ကို ပိုင်မြင့်မြတ်ကျော်မှာ ဆွဲနမ်းပစ်ချင်စိတ်က တဖွားဖွား။ ကလေးတစ်ယောက်လို ပလုတ်ပလောင်းနှင့် ရှမ်းခေါက်ဆွဲကို ခေါင်းမဖော်နိုင်အောင်‌ လွေးနေတာကို သူ အတန်ကြာ ရပ်ကြည့်နေခဲ့သေးသည်။ ထိုအချိန်ကတည်းက သူ့စိတ်ထဲ မရိုးမရွတွေဖြစ်ပြီး အသည်းထဲမှာကျလိကျလိနှင့်ရယ်ပါ။ ကလေးနှစ်ယောက်ကို ကိုယ်ဝန်လွယ်ထားသည့် သူ့ရဲ့ မောင်ဗိုက်ကတော့ သူ့မျက်လုံးထဲမှာ ကလေးထက်တောင် ကလေးဆန်ပြီး အသည်းယားဖွယ်ကောင်း၏။ အိမ်ရောက်မှပဲ မျက်နှာတစ်ပြင်လုံးအနှံ့ရော ဗိုက်လုံးလုံးလေးကိုပါ အနမ်းဗုံးကြဲချတော့မည်။ လောလောဆယ် ကာကာ့ အဖြေကိုသာ စောင့်ဆိုင်းမိသည်။

"ဟုတ်တယ်"

အာကာလင်းသန့်က 'ဘယ်လိုလဲ' ဟု အနက်အဓိပ္ပယ်ဖြင့် မျက်ခုံးပင့်ကာ ပိုင်မြင့်မြတ်ကျော်ကို ကြည့်သည်။

"ကာကာက လေးပိုင်ကို မချစ်လို့ မုန့်စားဖို့ ဦးငယ် လာမခေါ်တာ မှန်တယ် ပြောတာပေါ့၊ လေးပိုင် စိတ်မကောင်းဖြစ်သွားပြီ"

"ဟုတ်ဘူး၊ လေးပိုင်ကိုလည်း ချစ်တယ်"

ကာကာက ပြာပြာသလဲဖြင့် သူ့ကိုလည်း ချစ်တယ်ဆိုသည့်အကြောင်း ပြောရှာသည်။

"လေးပိုင်ကလည်း ချစ်ပါတယ်ဗျာ"

ထိုမှပဲ ကာကာတစ်ယောက် ခေါင်းငုံ့ကာ မုန့်ပြန်စားသည်။ ကလေးဆိုတော့ လူကြီးတွေလိုမျိုး မြန်မြန်ဆန်ဆန် မစားနိုင်သေး။ သူ့ဇွန်းလေးကို သူကိုင်ပြီး ခပ်ဖြည်းဖြည်းနှင့် မှန်မှန်စားသည်။ အနားရှိ လူကြီးတွေကိုလည်း ခွံ့မကျွေးခိုင်းပါ။ ငယ်စဉ်ကတည်းက ကိုယ့်အားကိုယ်ကိုးတတ်အောင် ခွန်းဝဏ္ဏက သွန်သင်ထားသောကြောင့်ဖြစ်သည်။

"ဦးမြတ် ရှမ်းခေါက်ဆွဲ စားဦးမလား၊ မမွှေးကို ယူလာခိုင်းလိုက်မယ်"

"မစားတော့ဘူး သန့်၊ ကိုယ်ဗိုက်ပြည့်နေပြီ"

"ဒါဆိုလည်း ပြီးတာပဲ"

နှစ်ယောက်သား ခဏနေရင် ပြန်ကြမည်တွေးထားသော်ငြား ခွန်းဝဏ္ဏပြန်ရောက်လာ၍ စကားပြောဖြစ်နေကြတာနှင့် မပြန်ဖြစ်ကြ။ ထို့ကြောင့် ညနေစောင်းသွားတော့သည်။

အာကာမင်းခန့်တို့ မိသားစုက အာကာမင်းခန့်နဲ့ခွန်းဝဏ္ဏတို့ အရင်နေသည့် ကွန်ဒိုတွင် မနေတော့ဘဲ မိဘတွေအိမ်သို့ လာနေသည်။ အာကာလင်းသန့် မရှိတော့သည့် နောက်ပိုင်း လူကြီးတွေပဲ ပျင်းခြောက်ခြောက်ဖြစ်ကာ ကျန်ခဲ့သည်က တစ်ကြောင်း၊ အဖေနှစ်ယောက်မရှိသည့်အချိန် ကာကာ့ကို ကလေးထိန်းနှင့် မထားခဲ့ချင်သည်က တစ်ကြောင်း ဖြစ်လေတော့ ဤအိမ်တွင်သာ လာနေကြခြင်းပင်။ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို သူတို့မိသားစု ရောက်လာသည့်အတွက် လူကြီးတွေလည်း ဆည်းလည်းလေး ကာကာ့ကြောင့် မပျင်းရသလို အဖေနှစ်ယောက်လည်း စိတ်အေးရသည်။ ထို့အပြင် အာကာမင်းခန့်က နောက်လဆိုရင် သူ့ အလုပ်ကထွက်ပြီး ဆက်ခံသူအဖြစ် ဦးထိုက်ဝင်းဆွေရဲ့ ကုမ္ပဏီကို ဦးစီးတော့မည် ဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ကိုကို့အတွက်ရော အဖေနှစ်ယောက်လုံးနှင့် နေ့တိုင်း စုံစုံလင်လင် နေနိုင်တော့မည့် ကာကာ့အတွက် သူ ဝမ်းသာရသည်။

သူတို့တွေ အိမ်သို့ပြန်သည့်အချိန်တွင် ရန်ကုန်ရဲ့ လမ်းတွေထက် မီးရောင်စုံများ ကြီးစိုးနေသည်။ မြို့ပြရဲ့ ဆူညံမှုနဲ့ စည်ကားမှုတွေက နေ့ဘက်ဆိုလျှင် တစ်မျိုး၊ ညဘက်ဆိုလျှင် တစ်သွယ်ဖြင့် အရှိန်အဝါသည် မပြတ်။ ကျေးလက်ဒေသမှာတော့ မြို့ပြနှင့် ကွဲပြားမည်ထင်၏။ သစ်ရိပ်ဝါးရိပ်တွေ လွှမ်းမိုးထားရာ အိမ်ဝိုင်းလေးတွေရဲ့ အိမ်ရှေ့ ကွပ်ပျစ်တွေပေါ်မှာ သဘာဝလေ အစစ်အမှန်ကို ရှူရှိုက်ရင်း ရေနွေးအိုးတွေချ၊ လက်ဖက်ပန်းကန်တွေချရင်း မိသားစု အိမ်နီးချင်းတွေ စကားစမြည်ပြောနေကြတာ ရှိမှာဖြစ်သလို အိမ်ထဲ၌ မိသားစုတွေ တီဗွီထိုင်ကြည့်ရင်း ဇာတ်လမ်းအကြောင်း ဆွေးနွေးနေတာလည်း ရှိမည်။ တစ်ခါ‌တလေတော့လည်း မွန်းကြပ်လွန်းတဲ့ မြို့ပြလူနေမှုစနစ်တွေက ရုန်းထွက်ပြီး ကျေးလက်တောရွာလေးမှာ ပိုင်မြင့်မြတ်ကျော်နဲ့အတူ ကလေးတွေနဲ့ အေးအေးချမ်းချမ်း တိတ်တိတ်ဆိတ်ဆိတ် သွားနေချင်စိတ် ဖြစ်မိသား။

"အ"

လွန်ခဲ့သည့် နှစ်နာရီလောက်က စတင်၍ ခံစားရသည့် နာကျင်မှုမျိုးကို ထပ်မံခံစားရပြန်သည်။ ကြားထဲတွင်လည်း မိနစ်(၂၀)ခြား တစ်ခါ ‌နာနေရာမှ ယခုတစ်ခေါက်တွင်တော့ ခဏလေးနှင့် မပြီးသွားဘဲ နာကျင်မှုက အဆတ်မပြတ်ဖြစ်လာသည်။ မခံမရပ်နိုင်လောက်သည်အထိ ခံစားလာရချိန်တွင် သူ ဘာဖြစ်နေမှန်း အာကာလင်းသန့် သူ့ကိုယ်သူ သိလိုက်ပြီ။

"ဦးမြတ်"

နာကျင်မှုကို အန်တုကာ ခေါ်ရင်း တစ်ပြိုင်နက်တည်းမှာပဲ ပိုင်မြင့်မြတ်ကျော်ရဲ့ အင်္ကျီစကို အားကိုးတကြီး လှမ်းဆွဲမိသွား၏။

"ဘာလို့လဲ သန့်"

"ကျွန်တော်နာလို့ ဦးမြတ်"

"ဘယ်နားကနာတာလဲ"

"ဗိုက်နာနေတာ ဗိုက် ‌...ဗိုက်"

"ဗိုက်နာတာဆိုတော့ ကလေးမွေးချင်တာလား"

"အခုနာနေတာက ကလေးမွေးချင်တာမဟုတ်လို့ အိမ်သာတက်ရမှာလား၊ ဆေးရုံကိုမောင်း၊အ...နာလိုက်တာ၊ ဦးမြတ်ကို ပြောနေရတာနဲ့ မွေးတော့မှာပဲ"

အာကာလင်းသန့်ရဲ့ နာကျင်နေသည့်ပုံကို ကြည့်ရင်း ပိုင်မြင့်မြတ်ကျော် ချွေးစေးများ ပျံလာတော့သည်။ ဆေးရုံဆီသို့ ကားကို ဦးတည်ချက်ပြောင်းပြီး အရှိန်ပိုမြန်ကာ မောင်းမိသည်။ ကားမောင်းနေရင်းနဲ့ ဘေးကနေ အာကာလင်းသန့်ကို တတွတ်တွတ် အားတင်းထားရန် အားပေးရသေးသည်။ အာကာလင်းသန့် ခံစားနေရသမျှ နာကျင်မှုတွေကို အစားယူပစ်ချင်စိတ်တွေကလည်း ပေါက်လာ၏။

🍀

(Zawgyi)

ကေလးေတြ ေမြးဖို႔ ဘယ္ေလာက္မွ မလိုေတာ့ေပ။ ေန့ေစ့လေစ့အခ်ိန္သို႔ ေရာက္ေနၿပီျဖစ္ေသာ အာကာလင္းသန႔္ကို အနီးကပ္ေစာင့္ေရွာက္ရန္ ပိုင္ျမင့္ျမတ္ေက်ာ္မွာ အလုပ္ေတာင္ မသြားေတာ့။ အိမ္မွာသာေနၿပီး အလုပ္လုပ္ျဖစ္သည္။ ဒီရက္ပိုင္းအတြင္း ဘယ္အခ်ိန္ျဖစ္ျဖစ္ ဗိုက္ထနာနာ အဆင္သင့္သြားႏိုင္ရန္ ေဆးရံုတက္စဉ္ လိုအပ္မၫ့္ ပစၥည္းေတြကို ထၫ့္ထားေသာ ျခင္းေတြမွာလည္း သူတို႔ရဲ့ အခန္းတြင္း၌ ေနရာယူထားၿပီးသားပင္။ ထိုကဲ့သို႔ ျပင္ဆင္မႈေတြကို ပိုင္ျမင့္ျမတ္ေက်ာ္က အစ္မျဖစ္သူ မၿမိဳင္ကို ဖုန္းဆက္ကာ အပူကပ္ေမးၿပီး အရာရာအား အစအဆံုး ျပင္ဆင္ထားခဲ့ေလသည္။ ဘယ္ေနရာပဲျဖစ္ျဖစ္ ႀကိဳတင္ျပင္ဆင္ထားလ်ွင္ ပိုမိုအဆင္ေျပေခ်ာေမြ့တတ္သည္ မဟုတ္ေပလား။

အာကာလင္းသန႔္ ပူဆာ၍ သူတို႔ႏွစ္ေယာက္ အာကာလင္းသန႔္ရဲ့ မိဘေတြအိမ္သို႔ ေရာက္ေနၾကသည္။ အာကာလင္းသန႔္က သူ႔ရဲ့ အသည္းေက်ာ္ တူေတာ္ေမာင္ကာကာ့ကို သတိရသည္ ဆိုေလေတာ့ ပိုင္ျမင့္ျမတ္ေက်ာ္ မျငင္းႏိုင္။ လိုက္ပို႔ေပးျဖစ္သည္။

ကာကာက အခုဆို စကားေတြလည္း ေတာ္ေတာ္မ်ားမ်ား လည္လည္ဝယ္ဝယ္ေျပာတတ္ကာ သြက္သြက္လက္လက္ႏွင့္ ေျပးလႊားၿပီးေတာင္ ကစားတတ္ေနၿပီ။ အာကာမင္းခန႔္က်ေတာ့ ေလယာဉ္မွဴးျဖစ္ျပန္၊ ခြန္းဝဏၰသည္လည္း ေဆးခန္းတစ္ေန့လံုးထိုင္ေတာ့ မအားျပန္သၫ့္အတြက္ ကာကာ့ကို ဒိုင္ခံထိန္းသူမ်ားက အဘိုးအဘြားေတြသာ ျဖစ္ေန၏။ မ်က္ႏွာခ်ိဳခ်ိဳေလးႏွင့္ ေျပာတတ္သၫ့္ ဖိုးၿပံဳးခ်ိဳေလးကာကာ့ကို အာကာလင္းသန႔္ အသည္းတယားယားျဖစ္ၿပီး ခ်စ္တာလည္း မဆန္းလွပါ။

အာကာလင္းသန႔္တစ္ေယာက္ ဧၫ့္ခန္းၾကမ္းျပင္ေပၚတြင္ တင္ပ်ဉ္ေခြထိုင္၍ ကာကာေဆာ့ေနသည္ကို ေဘးမွ ထိုင္ၾကၫ့္ရင္း ထိန္းေနသည္။ ပိုင္ျမင့္ျမတ္ေက်ာ္မွာ ေယာကၡထီး ေယာကၡမတို႔ႏွင့္ စကားဝိုင္းဖြဲ႔ေန၏။ အာကာလင္းသန႔္ဆႏၵေၾကာင့္ ဦးထိုက္ဝင္းေဆြဆီက အကူအညီအျဖစ္ ရယူခဲ့ေသာ ေငြကို လုပ္ငန္းပံုမွန္လည္ပတ္လာသၫ့္အခ်ိန္မွစ၍ ျဖည္းျဖည္းခ်င္း ျပန္ေပးခဲ့တာ ယခုဆို ေငြအကုန္လံုး ျပၫ့္သြားၿပီျဖစ္သည္။ ဦးထိုက္ဝင္းေဆြတို႔က ျပန္မယူဘဲ လက္ဖြဲ႔ေငြအျဖစ္သာ သေဘာထားလိုက္ရန္ေျပာေသာ္ျငား သူကိုယ္တိုင္ မယူ,ယူေအာင္ နားခ်ေျပာဆိုကာ ျပန္ဆပ္ခဲ့၏။ သူလက္ခံခဲ့သည္ဆိုကတည္းက တစ္ခ်ိန္ခ်ိန္မွာ ျပန္ေပးဖို႔ ရည္ရြယ္ခ်က္ထားခဲ့ၿပီးမွသာ ေခါင္းညိတ္ခဲ့ျခင္း။

"သားငယ္ကိုၾကၫ့္ရတာ ေတာ္ေတာ္ေပ်ာ္ေနပံုပဲ၊ မ်က္ႏွာကလည္း ၾကည္လင္ေနတယ္၊ စိတ္ခ်မ္းသာေနရင္ လူတစ္ေယာက္က ရုပ္ပိုင္းဆိုင္ရာပါ ေျပာင္းလဲမႈရိွတယ္ထင္ပါရဲ့၊ ၾကၫ့္ပါဦး၊ သူ႔မ်က္ႏွာေလးမွာ သူ႔ရဲ့ ေပ်ာ္ရႊင္မႈေတြ အတိုင္းသား ျမင္ေနရတယ္၊ ဒါေတြအားလံုး ေမာင္ရင့္ေၾကာင့္ပါကြယ္၊ မားတို႔သားငယ္ကို အခုလိုမ်ိဳး ၿပံဳးေနတာ ျမင္ရတဲ့အတြက္ ေက်းဇူးတင္ပါတယ္"

"‌ကြၽန္ေတာ့္ကို ေက်းဇူးတင္ဖို႔မလိုပါဘူးဗ်ာ၊ ကြၽန္ေတာ္ကသာ ပါးနဲ႔မားကို အားနာေနရတာ၊ မားတို႔သားငယ္ကို ေယာက်ာ္းေလးတန္မဲ့ ကိုယ္ဝန္ေဆာင္ေစမိတာေၾကာင့္"

"အိုကြယ္၊ အားနာ‌တာေတြ ေျပာမေနနဲ႔၊ ေမာင္ရင္ ဘာလို႔ ခြင့္ျပဳခဲ့တယ္ဆိုတာ မားတို႔သိတယ္"

ထိုအခါမွ လေပါင္းမ်ားစြာ ေလးလံေနခဲ့ေသာ ပိုင္ျမင့္ျမတ္ေက်ာ္ရဲ့ အားနာစိတ္တို႔ ေပ်ာက္ျပယ္သြားေလ၏။

"မင္း လုပ္ငန္းေတြ အဆင္ေျပတယ္မလား"

"ေျပပါတယ္၊ အခုတေလာ ပြဲလုပ္တဲ့သူေတြ ပိုမ်ားေတာ့ အလုပ္ကေတာ့ ရႈပ္တာေပါ့ေလ၊ ကြၽန္ေတာ္ကိုယ္တိုင္ ကုမၸဏီ မသြားႏိုင္ေသးေတာ့ အိမ္ကပဲ ၫႊန္ၾကားေနရတာ သိပ္အားရတယ္လို႔လည္း မဟုတ္ပါဘူးဗ်ာ၊ ဒါေပမဲ့ သန႔္ကလည္း ကြၽန္ေတာ္ အခ်ိန္ျပၫ့္ အနားမွာ ရိွေနမျွဖစ္မွာ၊ အားမရေပမယ့္ အလုပ္ကို တစ္ထစ္ အေလ်ွာ့ေပးလိုက္ရတာေပါ့"

ထို႔ေနာက္ ဦးထိုက္ဝင္းေဆြႏွင့္ သူ လက္ရိွ စီးပြားေရးေလာကမွာ ႀကံဳေတြ့ေနရသမ်ွေတြကို ဆက္လက္ေျပာျဖစ္ၾကသည္။

ပိုင္ျမင့္ျမတ္ေက်ာ္တို႔ ေဆြးေနြးေနၾကခ်ိန္မွာ အာကာလင္းသန႔္ႏွင့္ ကာကာတို႔ တူအရီးသည္လည္း သူတို႔ကမ႓ာႏွင့္သူတို႔ သီးသန႔္ျဖစ္ေနၾက၏။

"ကာကာကေတာ္လိုက္တာကြာ၊ တာဝါတိုင္တစ္ခုလံုးကို ၿပီးေအာင္ေဆာက္ႏိုင္တယ္"

အာကာလင္းသန႔္ လက္ခုပ္တီးၿပီး ခ်ီးက်ူးေလေတာ့ ကာကာ့ရဲ့မ်က္ႏွာေလးက ပိုမိုၿပံဳးသြားၿပီး တခစ္ခစ္ႏွင့္ ရယ္သြားသည္။ လက္ေသးေသးေလးႏွစ္ဖက္ကို သူ႔ကဲ့သို႔ ပူးကပ္ကာ လက္ခုပ္လိုက္တီးသၫ့္ ကာကာ့ရဲ့ ပါးေဖာင္းေဖာင္းေလးတစ္ဖက္ကို ရႊတ္ကနဲေနေအာင္ သူ ငံု႔နမ္းမိသြားသည္။

"ဦးငယ္တို႔ မုန႔္သြားစားၾကမယ္၊ ကာကာေရာ ဗိုက္ဆာလား"

"ဆာတယ္"

"ဒါဆို မုန္႔သြားစားၾကမယ္"

ကာကာ့ကို အရင္မတ္တပ္ရပ္ေစသည္။ ကာကာက မတ္တပ္ရပ္ၿပီးသား ျဖစ္သြားမွ သူလည္း ထရန္ စိုင္းျပင္းသည္။

"အ"

ေျခေထာက္ကို အနည္းငယ္ ႂကြကာ မတ္တပ္ရပ္ဖို႔ အစပ်ိဳးသၫ့္ အခ်ိန္မွာပဲ ရုတ္တရက္ ဗိုက္ထဲမွ ဆစ္ကနဲ နာက်င္မႈေၾကာင့္ ၾကမ္းျပင္ေပၚတြင္ ျပန္ထိုင္ခ်ျဖစ္သြားသည္။ ပိုင္ျမင့္ျမတ္ေက်ာ္တို႔က စကားေျပာေနၾက၍ သူ႔အေျခအေနကို သတိမထားမိလိုက္ၾက။ သို႔ေပမယ့္ ကာကာတစ္ေယာက္ကေတာ့ ျမင္လိုက္သည္။

"ဦးငယ္ ဘာျဖစ္တာလဲ"

"ဦးငယ္ ဘာမွမျဖစ္ဘူး၊ ကာကာ့ ညီေလးနဲ႔ ညီမေလးေနတဲ့ေနရာက နည္းနည္းနာသြားတာ၊ အခု မနာေတာ့ဘူး၊ ကာကာ စိတ္မပူနဲ႔ေနာ္"

ဤတစ္ႀကိမ္ မတ္တပ္ရပ္ဖို႔ ႀကိဳးစားရာတြင္ ဝမ္းဗိုက္က နာက်င္မႈကို မခံစားရဘဲ ေကာင္းမြန္စြာ ရပ္လိုက္ႏိုင္သည္။ ထို႔ေၾကာင့္ သူ႔စိတ္ထဲ ေထြေထြထူးထူး ေတြးမေနေတာ့။ ေမြးဖို႔ရက္လိုေသးသည္ဟုသာ စိတ္ထဲမွတ္ၿပီး ကာကာ့လက္ကိုဆြဲကာ ထမင္းစားခန္းဆီသို႔ ဦးတည္ေလသည္။

ကာကာက cerealႏွင့္ႏြားႏို႔ကို ကေလးေတြအတြက္ သီးသန႔္ထုတ္ထားသၫ့္ ဇြန္းေလးႏွင့္ သူ႔ဘာသာခပ္ၿပီး စားေနတာကို အာကာလင္းသန႔္ ၾကၫ့္ေနမိသည္။ စားပြဲခံုမွာ လူႀကီးေတြႏွင့္အတူ ကာကာပါထိုင္ၿပီး စားဖို႔ ထိုင္ခံုေလး လုပ္ေပးထားေတာ့ ကာကာ့အတြက္ အဆင္ေျပ၏။

"စားလို႔ေကာင္းလား"

"စားေကာင္းတယ္"

"ဦးငယ္လည္း ကာကာ့ကို အားက်လို႔ မုန႔္စားလိုက္ဦးမယ္"

မားခ်က္ေပးထားသၫ့္ ရွမ္းေခါက္ဆြဲကို ေခါင္းမေဖာ္တမ္း သူစားမိသည္။ တစ္ခါတရံ လာလည္မွ စားရသည္ျဖစ္၍ တစ္ပန္းကန္ႏွင့္ မတင္းတိမ္ႏိုင္။ မေမႊးအား ေနာက္တစ္ပန္းကန္ ထပ္ထၫ့္ခိုင္းရသည္။

"အစ္ကိုေလး၊ ဒီတစ္ပန္းကန္နဲ႔ မဝရင္ ထပ္ယူဦး၊ မစားႏိုင္ေတာ့လည္း အိမ္ယူသြားေပါ့၊ မေမႊး ခ်ိဳင့္နဲ႔ ထၫ့္ေပးမယ္"

"ရတယ္ မေမႊး၊ ကြၽန္ေတာ္ ဒီေလာက္နဲ႔ ဝၿပီ"

"အစ္ကိုေလး တစ္ခုခုလိုရင္ လွမ္းေခၚလိုက္၊ မေမႊး မီးဖိုေခ်ာင္မွာ ဟင္းသြားခ်က္ၿပီ"

မေမႊးကို 'သြား' ဆိုသၫ့္ သေဘာျဖင့္ လက္အမူအယာ ျပလိုက္ရသည္။ သူကိုယ္တိုင္ကေတာ့ ရွမ္းေခါက္ဆြဲပန္းကန္ထဲ ေခါင္းဝင္ေတာ့မတတ္ ျဖစ္ေန၍ စကားေတာင္မေျပာႏိုင္။ စားရင္းေသာက္ရင္းနဲ႔ ေဘးမွ ကာကာ့ကို တစ္ခ်က္တစ္ခ်က္ လွမ္းၾကၫ့္ရေသးသည္။ ကာကာက သူ႔လို ပံုပ်က္ပန္းပ်က္ အငမ္းမရစားမေန။ တည္ၿငိမ္စြာ စားစရာရိွသည္ကို စားသည္။ အသက္သံုးႏွစ္အရြယ္ကေလးက လူႀကီးတစ္ေယာက္လို ေအးေအးေဆးေဆးျဖစ္ၿပီး သူက ဆန႔္က်င္ဘက္ဆန္စြာ ျဖစ္ေနသည္ကို ပိုင္ျမင့္ျမတ္ေက်ာ္သာ ျမင္သြားရင္ အရွက္ေတြေတာ့ ကြဲဦးမည္။ ကြဲလည္း ဘာအဆန္းလဲ။ ဒီခင္ပြန္းနဲ႔ ဒီခင္ပြန္းေတာင္ ျဖစ္ေနၿပီ။ ထို႔အျပင္ သူအရင္တုန္းက ျပႆနာ‌ေပါင္းစံုကို ရွာခဲ့ေသးတာ ဒါေလးေလာက္နဲ႔ေတာ့ မမႈေရးခ်မမႈ။ လင္ခင္ပြန္းေတြၾကား ဘာမျွဖစ္စရာကို မလိုတာ။ ပိုင္ျမင့္ျမတ္ေက်ာ္က သူ႔ကို ျမင္ရင္ေတာင္ ပိုၿပီးခ်စ္သြားဦးမည္ဆိုတာ သူေလာင္းရဲသည္။

"တူအရီးႏွစ္ေယာက္ ကိုယ့္ကိုေတာင္ မေခၚဘူး၊ တိတ္‌တိတ္ေလး မုန႔္လာစားၾကတယ္"

အာကာလင္းသန႔္ရဲ့အေတြးေတြ ဆံုးခန္းမတိုင္လိုက္ခင္မွာပဲ ပိုင္ျမင့္ျမတ္ေက်ာ္မွာ ထမင္းစားခန္းထဲ ဝင္လာေလသည္။ ၿပီးေနာက္ သူ႔ေဘးနားရိွခံုတြင္ ဝင္ထိုင္သည္။

"ဦးျမတ္က ေလေပါေနလို႔ ေခၚမလာတာ၊ ဟုတ္တယ္မလား ကာကာ၊ ေလးပိုင္က ဘြားဘြားတို႔နဲ႔ စကားမ်ားေနတာမို႔လို႔ ဦးငယ္တို႔ ေခၚမလာတာေနာ္"

ေျပာင္သလင္းခါေနတဲ့ ပန္းကန္ထဲကို တူပစ္ခ်ၿပီးေနာက္ ကာကာ့ဘက္ကိုလွၫ့္ကာ စစ္ကူေခၚေနသၫ့္ ေမာင္ဗိုက္ကို ပိုင္ျမင့္ျမတ္ေက်ာ္မွာ ဆြဲနမ္းပစ္ခ်င္စိတ္က တဖြားဖြား။ ကေလးတစ္ေယာက္လို ပလုတ္ပေလာင္းႏွင့္ ရွမ္းေခါက္ဆြဲကို ေခါင္းမေဖာ္ႏိုင္ေအာင္‌ ေလြးေနတာကို သူ အတန္ၾကာ ရပ္ၾကၫ့္ေနခဲ့ေသးသည္။ ထိုအခ်ိန္ကတည္းက သူ႔စိတ္ထဲ မရိုးမရြေတျြဖစ္ၿပီး အသည္းထဲမွာက်လိက်လိႏွင့္ရယ္ပါ။ ကေလးႏွစ္ေယာက္ကို ကိုယ္ဝန္လြယ္ထားသၫ့္ သူ႔ရဲ့ ေမာင္ဗိုက္ကေတာ့ သူ႔မ်က္လံုးထဲမွာ ကေလးထက္ေတာင္ ကေလးဆန္ၿပီး အသည္းယားဖြယ္ေကာင္း၏။ အိမ္ေရာက္မွပဲ မ်က္ႏွာတစ္ျပင္လံုးအႏွံ႔ေရာ ဗိုက္လံုးလံုးေလးကိုပါ အနမ္းဗံုးႀကဲခ်ေတာ့မည္။ ေလာေလာဆယ္ ကာကာ့ အေျဖကိုသာ ေစာင့္ဆိုင္းမိသည္။

"ဟုတ္တယ္"

အာကာလင္းသန႔္က 'ဘယ္လိုလဲ' ဟု အနက္အဓိပၸယ္ျဖင့္ မ်က္ခံုးပင့္ကာ ပိုင္ျမင့္ျမတ္ေက်ာ္ကို ၾကၫ့္သည္။

"ကာကာက ေလးပိုင္ကို မခ်စ္လို႔ မုန႔္စားဖို႔ ဦးငယ္ လာမေခၚတာ မွန္တယ္ ေျပာတာေပါ့၊ ေလးပိုင္ စိတ္မေကာင္းျဖစ္သြားၿပီ"

"ဟုတ္ဘူး၊ ေလးပိုင္ကိုလည္း ခ်စ္တယ္"

ကာကာက ျပာျပာသလဲျဖင့္ သူ႔ကိုလည္း ခ်စ္တယ္ဆိုသၫ့္အေၾကာင္း ေျပာရွာသည္။

"ေလးပိုင္ကလည္း ခ်စ္ပါတယ္ဗ်ာ"

ထိုမွပဲ ကာကာတစ္ေယာက္ ေခါင္းငံု႔ကာ မုန႔္ျပန္စားသည္။ ကေလးဆိုေတာ့ လူႀကီးေတြလိုမ်ိဳး ျမန္ျမန္ဆန္ဆန္ မစားႏိုင္ေသး။ သူ႔ဇြန္းေလးကို သူကိုင္ၿပီး ခပ္ျဖည္းျဖည္းႏွင့္ မွန္မွန္စားသည္။ အနားရိွ လူႀကီးေတြကိုလည္း ခြံ႔မေကြၽးခိုင္းပါ။ ငယ္စဉ္ကတည္းက ကိုယ့္အားကိုယ္ကိုးတတ္ေအာင္ ခြန္းဝဏၰက သြန္သင္ထားေသာေၾကာင့္ျဖစ္သည္။

"ဦးျမတ္ ရွမ္းေခါက္ဆြဲ စားဦးမလား၊ မေမႊးကို ယူလာခိုင္းလိုက္မယ္"

"မစားေတာ့ဘူး သန႔္၊ ကိုယ္ဗိုက္ျပၫ့္ေနၿပီ"

"ဒါဆိုလည္း ၿပီးတာပဲ"

ႏွစ္ေယာက္သား ခဏေနရင္ ျပန္ၾကမည္ေတြးထားေသာ္ျငား ခြန္းဝဏၰျပန္ေရာက္လာ၍ စကားေျပာျဖစ္ေနၾကတာႏွင့္ မျပန္ျဖစ္ၾက။ ထို႔ေၾကာင့္ ညေနေစာင္းသြားေတာ့သည္။

အာကာမင္းခန႔္တို႔ မိသားစုက အာကာမင္းခန႔္နဲ႔ခြန္းဝဏၰတို႔ အရင္ေနသၫ့္ ကြန္ဒိုတြင္ မေနေတာ့ဘဲ မိဘေတြအိမ္သို႔ လာေနသည္။ အာကာလင္းသန႔္ မရိွေတာ့သၫ့္ ေနာက္ပိုင္း လူႀကီးေတြပဲ ပ်င္းေျခာက္ေျခာက္ျဖစ္ကာ က်န္ခဲ့သည္က တစ္ေၾကာင္း၊ အေဖႏွစ္ေယာက္မရိွသၫ့္အခ်ိန္ ကာကာ့ကို ကေလးထိန္းႏွင့္ မထားခဲ့ခ်င္သည္က တစ္ေၾကာင္း ျဖစ္ေလေတာ့ ဤအိမ္တြင္သာ လာေနၾကျခင္းပင္။ တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ ဆိုသလို သူတို႔မိသားစု ေရာက္လာသၫ့္အတြက္ လူႀကီးေတြလည္း ဆည္းလည္းေလး ကာကာ့ေၾကာင့္ မပ်င္းရသလို အေဖႏွစ္ေယာက္လည္း စိတ္ေအးရသည္။ ထို႔အျပင္ အာကာမင္းခန႔္က ေနာက္လဆိုရင္ သူ႔ အလုပ္ကထြက္ၿပီး ဆက္ခံသူအျဖစ္ ဦးထိုက္ဝင္းေဆြရဲ့ ကုမၸဏီကို ဦးစီးေတာ့မည္ ျဖစ္သည္။

ဘယ္လိုပဲျဖစ္ျဖစ္ ကိုကို႔အတြက္ေရာ အေဖႏွစ္ေယာက္လံုးႏွင့္ ေန့တိုင္း စံုစံုလင္လင္ ေနႏိုင္ေတာ့မၫ့္ ကာကာ့အတြက္ သူ ဝမ္းသာရသည္။

သူတို႔ေတြ အိမ္သို႔ျပန္သၫ့္အခ်ိန္တြင္ ရန္ကုန္ရဲ့ လမ္းေတြထက္ မီးေရာင္စံုမ်ား ႀကီးစိုးေနသည္။ ၿမိဳ႔ျပရဲ့ ဆူညံမႈနဲ႔ စည္ကားမႈေတြက ေန့ဘက္ဆိုလ်ွင္ တစ္မ်ိဳး၊ ညဘက္ဆိုလ်ွင္ တစ္သြယ္ျဖင့္ အရိွန္အဝါသည္ မျပတ္။ ေက်းလက္ေဒသမွာေတာ့ ၿမိဳ႔ျပႏွင့္ ကြဲျပားမည္ထင္၏။ သစ္ရိပ္ဝါးရိပ္ေတြ လႊမ္းမိုးထားရာ အိမ္ဝိုင္းေလးေတြရဲ့ အိမ္ေရ႔ွ ကြပ္ပ်စ္ေတြေပၚမွာ သဘာဝေလ အစစ္အမွန္ကို ရႉရိႈက္ရင္း ေရႏြေးအိုးေတြခ်၊ လက္ဖက္ပန္းကန္ေတြခ်ရင္း မိသားစု အိမ္နီးခ်င္းေတြ စကားစျမည္ေျပာေနၾကတာ ရိွမွာျဖစ္သလို အိမ္ထဲ၌ မိသားစုေတြ တီဗြီထိုင္ၾကၫ့္ရင္း ဇာတ္လမ္းအေၾကာင္း ေဆြးေနြးေနတာလည္း ရိွမည္။ တစ္ခါ‌တေလေတာ့လည္း မြန္းၾကပ္လြန္းတဲ့ ၿမိဳ႔ျပလူေနမႈစနစ္ေတြက ရုန္းထြက္ၿပီး ေက်းလက္ေတာရြာေလးမွာ ပိုင္ျမင့္ျမတ္ေက်ာ္နဲ႔အတူ ကေလးေတြနဲ႔ ေအးေအးခ်မ္းခ်မ္း တိတ္တိတ္ဆိတ္ဆိတ္ သြားေနခ်င္စိတ္ ျဖစ္မိသား။

"အ"

လြန္ခဲ့သၫ့္ ႏွစ္နာရီေလာက္က စတင္၍ ခံစားရသၫ့္ နာက်င္မႈမ်ိဳးကို ထပ္မံခံစားရျပန္သည္။ ၾကားထဲတြင္လည္း မိနစ္(၂၀)ျခား တစ္ခါ ‌နာေနရာမွ ယခုတစ္ေခါက္တြင္ေတာ့ ခဏေလးႏွင့္ မၿပီးသြားဘဲ နာက်င္မႈက အဆတ္မျပတ္ျဖစ္လာသည္။ မခံမရပ္ႏိုင္ေလာက္သည္အထိ ခံစားလာရခ်ိန္တြင္ သူ ဘာျဖစ္ေနမွန္း အာကာလင္းသန႔္ သူ႔ကိုယ္သူ သိလိုက္ၿပီ။

"ဦးျမတ္"

နာက်င္မႈကို အန္တုကာ ေခၚရင္း တစ္ၿပိဳင္နက္တည္းမွာပဲ ပိုင္ျမင့္ျမတ္ေက်ာ္ရဲ့ အက်ႌစကို အားကိုးတႀကီး လွမ္းဆြဲမိသြား၏။

"ဘာလို႔လဲ သန႔္"

"ကြၽန္ေတာ္နာလို႔ ဦးျမတ္"

"ဘယ္နားကနာတာလဲ"

"ဗိုက္နာေနတာ ဗိုက္ ‌...ဗိုက္"

"ဗိုက္နာတာဆိုေတာ့ ကေလးေမြးခ်င္တာလား"

"အခုနာေနတာက ကေလးေမြးခ်င္တာမဟုတ္လို႔ အိမ္သာတက္ရမွာလား၊ ေဆးရံုကိုေမာင္း၊အ...နာလိုက္တာ၊ ဦးျမတ္ကို ေျပာေနရတာနဲ႔ ေမြးေတာ့မွာပဲ"

အာကာလင္းသန႔္ရဲ့ နာက်င္ေနသည့္ပံုကို ၾကၫ့္ရင္း ပိုင္ျမင့္ျမတ္ေက်ာ္ ေခြၽးေစးမ်ား ပ်ံလာေတာ့သည္။ ေဆးရံုဆီသို႔ ကားကို ဦးတည္ခ်က္ေျပာင္းၿပီး အရိွန္ပိုျမန္ကာ ေမာင္းမိသည္။ ကားေမာင္းေနရင္းနဲ႔ ေဘးကေန အာကာလင္းသန႔္ကို တတြတ္တြတ္ အားတင္းထားရန္ အားေပးရေသးသည္။ အာကာလင္းသန႔္ ခံစားေနရသမ်ွ နာက်င္မႈေတြကို အစားယူပစ္ခ်င္စိတ္ေတြကလည္း ေပါက္လာ၏။

🍀

Continue Reading

You'll Also Like

209K 8.4K 42
ស្នេហាជាអ្វីដែលមិនធ្លាប់កើតមានក្នុងវចនានុក្រមរបស់ចន ជុងហ្គុកម៉ាហ្វៀឈាមត្រជាក់ដែលគ្រប់គ្នាខ្លាចរអា ប៉ុន្តែវត្តមានរបស់ក្មេងប្រុសម្នាក់ដែលដាក់នាមជាភរិយា...
449K 39.1K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
1.2M 63.9K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
435K 16.3K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...