ရှီရှန်း (႐ွီ႐ွန္း) Book 2...

By Hanpandora

816K 125K 3.1K

This is not my own story just for offline reading and Myanmar transalation . full crd to original uploder and... More

Transalator note
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 5.11
Arc 5.12
Arc 5.13
Arc 5.14
Arc 5.15
Arc 5.16
Arc 5.17
Arc 5.18
Sorry!!!
Arc 5.19
Arc 5.20
Arc 5.21
Arc 5.22
Arc 5.23
Arc 5.24
Arc 5.25
Arc 5.26
Arc 5.27
Arc 5.28
Arc 5.29
Arc 5.30
Arc 5.31
Arc 5.32 End
​ပေ့ကျဲ့ (special episode)
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 6.11
Arc 6.11 (ဒီတစ်ခါ တကယ်😂)
Arc 6.12
Arc 6.13
Arc 6.14
Arc 6.15
Arc 6.16
Arc 6.17
Note
Arc 6.18
Arc 6.19
Arc 6.20
Arc 6.22
Arc 6.23
Arc 6.24
Arc 6.25
Arc 6.26
Arc 6.27
Arc 6.28
Arc 6.29
Arc 6.30
Arc 6.31
Arc 6.32 End
welcom back💜💙
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 7.16
Arc 7.17
Arc 7.18
Arc 7.19
Arc 7.20
Arc 7.21
Arc 7.22
Arc 7.23
Arc 7.24
Arc 7.25
Arc 7.26
Arc 7.27
Arc 2.28
Arc 7.29
Arc 7.30
Arc 7.31
Arc 7.32
Arc 7.33
Arc 7.34[END]
spoiler alert❣
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 8.11
Arc 8.12
Arc 8.13
Arc 8.14
Arc 8.15
Arc 8.16
Arc 8.17
Arc 8.18
Arc 8.19
Arc 8.20
Arc 8.21
Arc 8.22
Arc 8.23
Arc 8.24
Arc 8.25
Arc 8.26
Arc 8.27
Arc 8.28
Arc 8.29
Arc 8.30
Arc 8.31End
Arc 8 Extra(ဖုန်းကျင်း)
Arc 9.1
Warning
Arc 9.2
Arc 9.3
Arc 9.4
Arc 9.5
Arc 9.6
Arc 9.7
Arc 9.8
Arc 9.9
Arc 9.10
Arc 9.11
Arc 9.12
Arc 9.13
Arc 9.14
Arc 9.15
Arc 9.16 + 9.17
Arc 9.18
Arc 9.19
Arc 9.20
Arc 9.21
Arc 9.22
Arc 9.23
Arc 9.24 END
Arc 10.1
Arc 10.2
Arc 10.3
Arc 10.4
Arc 10.5
Arc 10.6
Arc 10.7
Arc 10.8
Arc 10.9
Arc 10.10
Arc 10.11
Arc 10.12
Arc 10.13
Arc 10.14
Arc 10.15
Arc 10.16
Arc 10.17
Arc 10.18
Arc 10.19
Arc 10.20
Arc 10.21
Arc 10.22
Arc 10.23
Arc 10.24
Arc 10.25
Arc 10.26
Arc 10.27
Arc 10.28
Arc 10.29
Arc 10.30
Arc 10.31
Arc 10.32
Arc 10.33
Arc 10.34
Arc 10.35
Arc 10.36
Arc 10.37
Arc 10.38
Arc 10.39 to extra

Arc 6.21

3K 540 9
By Hanpandora

Unicode

​ရှီရှန်းက ကျောင်းက​နေအိမ်ကိုပြန်​ရောက်တာနဲ့ ဂိမ်းထဲကိုတန်း၀င်လိုက်တယ်  မင်ရည်ရှာ​ဖွေသူကဂိမ်းထဲမှာ​ရောက်နှင့်​နေပြီး သူမကို ဘယ်အချိန်ကတည်းက​စောင့်​နေတာလဲမသိဘူး
မင်ရည်ရှာ​ဖွေသူ : [ ဆက်လုပ်လို့ရပြီလား...? ]
ရှီရှန်း ဂိမ်းထဲကို​ရောက်​ရောက်ချင်းပဲ သူကစာလှမ်းပို့တယ်
မိုင်တစ်​ထောင်​တေးဂီတ : [ အင်း...]

မင်ရည်ရှာ​ဖွေသူကတကယ်​တော်တဲ့ကစားသမားတစ်​ယောက်ဖြစ်တဲ့အပြင် ဒီဂိမ်းကို hackပြီး​ဆော့တဲ့​နေရာမှာ​လည်းကျွမ်းကျင်တဲ့သူဖြစ်တာ​ကြောင့် ရှီရှန်းက hidden questကို ထပ်ပြီးစိတ်မပူ​တော့ဘူး  သူမက မင်ရည်ရှာ​ဖွေသူ​ပြောတဲ့အတိုင်းလိုက်လုပ်​ပေးဖို့ပဲလိုတယ်

ဒါ​ပေမယ့် Questက အရမ်းရှုပ်​ထွေးပြီးပျင်းစရာ​ကောင်းလွန်းတယ် အချိန်အ​တော်ကြာပြီးတဲ့​နောက်မှာရှီရှန်းက စိတ်၀င်စားမှုကုန်ဆုံးသွားပြီး သူမရဲ့characterကို ​ရှေ့ဆက်မသွားခိုင်း​တော့ဘူး

မင်ရည်ရှာ​ဖွေသူလည်း သူ့characterက​ရှေ့ကိုဆက်သွားလို့မရ​တော့မှန်းသတိပြုမိလိုက်မှ ​နောက်ကိုလှည့်ကြည့်လိုက်​တော့ တင်ပလ္လင်​ခွေထိုင်​နေတဲ့ အဖြူ​ရောင်မိန်းက​​​လေးကို​တွေ့လိုက်ရတယ်

သူက သူမကို​ရှေ့ဆက်သွားဖို့တိုက်တွန်းကြည့်​သေးတယ်

မင်ရည်ရှာ​ဖွေသူ : [?]

မိုင်တစ်​ထောင်​တေးဂီတ : [ ပျင်းလာပြီ...ဆက်မလုပ်ချင်​တော့ဘူး ]

မင်ရည်ရှာ​ဖွေသူ : [.......]

မိုင်တစ်​ထောင်​တေးဂီတ : [..ငါအရင်ဆင်းနှင့်ပြီ..တာ့တာ..]

ရှီရှန်းက မင်ရည်ရှာ​ဖွေသူကို ဘာမှပြန်​ပြောခွင့်မ​ပေးဘဲ လိုင်း​ပေါ်က​နေချက်ချင်းဆင်းလိုက်တယ်

ကျီယန်က ဗလာဖြစ်​နေတဲ့ နယ်​မြေနဲ့တစ်​ယောက်တည်းကျန်ခဲ့တဲ့ သူ့ရဲ့characterကိုကြည့်လိုက်ပြီး keyboardကို တဗြန်းဗြန်းရိုက်ပစ်လိုက်တယ်

'ဒီမိန်းမက​တော့!!!!! ငါ​တော့ သူ့စိတ်​နဲ့တင် အသက်တိုလိမ့်မယ် '
သူက ထိုင်ခုံက​နေထလိုက်ပြီး ပြတင်း​ပေါက်က လိုက်ကာ​တွေကိုသွားဖယ်လိုက်တယ်
​နေ​ရောင်ခြည်က အခန်းထဲကို၀င်​ရောက်လာပြီး သူ့ကိုလွှမ်းခြုံသွားတယ်
ကျီယန်က စိတ်အ​နှောက်အယှက်ဖြစ်သွားပုံ​ပေါ်ပြီး လိုက်ကာကိုပြန်ချလိုက်ကာ ခပ်​မှောင်မှောင်အခန်းထဲမှာ စုံချည်ဆန်ချည်​လမ်းလျှောက်​နေတယ်

........

ရှီရှန်းက သူမရဲ့ကိုယ်ပိုင်accountကိုပိတ်ပြီး သစ်သားချူလုံး​လေးရဲ့accountကိုသုံးပြီးလ​ရောင်​အောက်က၄​ယောက်နဲ့ စကားစမြည်​ပြော​နေတယ်
မင်ရည်ရှာ​ဖွေသူနဲ့သူမ မရှိ​တော့  serverကြီးက ငြိမ်းချမ်း​နေတာပဲ...

ရှီရှန်းကပျင်းလွန်းလို့ ရွှံ့​တွေ​ကောက်စားပစ်လိုက်ချင်စိတ်​တောင်​ပေါက်လာတယ် ခနအကြာမှာ​တော့ ကစားရတာ ပျင်းလာတယ်  ပြသနာမီး​မွှေးမယ့်သူ​တွေမရှိ​တော့  ဂိမ်းထဲ၀င်ရတာ​တောင် ​ခြောက်ကပ်ကပ်နဲ့....

ရှီရှန်းလည်း ဂိမ်းထဲကထွက်ပြီး အိပ်ရာ၀င်သွားတယ်
​နောက်ရက်​​တွေမှာ ​ကျောင်းတက်ရတာ​ကြောင့် ဂိမ်း​ဆော့ဖို့အတွက် အချိန်များများစားစားမရှိ​ပေမယ့် ရှီရှန်းက အားတဲ့အချိန်​ခနလေးမှာ​တော့ ဂိမ်းထဲကို၀င်ပြီး hidden questရဲ့အ​ခြေအ​နေကို ကြည့်​လေ့ရှိတယ်
ရှီရှန်းက အရင်တစ်ခါထွက်သွားပြီးကတည်းက သူမရဲ့ မိုင်တစ်​ထောင်​တေးဂီတaccountထဲကို မ၀င်ဖြစ်တာ ၃ရက်ရှိပြီ
အခုပြန်၀င်​တော့ သူမရဲ့characterက အရင်တစ်ခါထားခဲ့တဲ့​နေရာမှာမရှိ​တော့ဘဲ ​နေရာအသစ်တစ်ခုထဲကို​ရောက်​နေပြီ
Hidden questကလည်း ခေါင်းစဥ်အသစ်ကိုပြန်​ပြောင်းသွားပြီ
ရှီရှန်းက သူမcharacterရဲ့​ဘေးကသူကိုတိတ်တဆိတ်ကြည့်​နေလိုက်တယ်

မိုင်တစ်​ထောင်​တေးဂီတ : [ ငါ့accountကိုhackပြီး​ဆော့တာ​တော့ သိပ်မ​ကောင်းဘူးထင်တယ်​နော်..]

မင်ရည်ရှာ​ဖွေသူ : [......ငါသာ အဲ့လိုမလုပ်ရင် hidden questက ဒီတစ်သက်ပြီးပါအုံးမလား..]

မိုင်တစ်​ထောင်​တေးဂီတ : [.......]

ရှီရှန်းမှာ ဘာမှပြန်​ပြောစရာမရှိ​တော့ဘူး

မိုင်တစ်​ထောင်​တေးဂီတ : [အဲ့ဒါဆိုရင်လည်း questကို နင်တစ်​ယောက်တည်းသာလုပ်လိုက်​တော့ ]

'..နင်နဲ့မကစားချင်​တော့ဘူး..'
ရှီရှန်းက ဂိမ်းထဲကအမြန်ထွက်သွားတာ​ကြောင့် မင်ရည်ရှာ​ဖွေသူပို့လိုက်တဲ့စာကို မဖတ်လိုက်ရဘူး

မင်ရည်ရှာ​ဖွေသူ : [..ခန​လေး..]

ကျီယန်က ဒီမိန်းက​လေးကိုတကယ်နားမလည်နိုင်​တော့ဘူး 
'ငါသူ့accountကိုhackပြီး​ဆော့တာ​တောင် အမူအရာက ​အေး​အေး​ဆေး​ဆေးဖြစ်​နေတာပါလား...ငါသူ့accountကို ခိုးပြီး ​ရောင်းပစ်လိုက်မှာ မ​ကြောက်ဖူးလား..'

ရှီရှန်းက ၂ရက်လုံးလုံး ​ကျောင်းကိစ္စနဲ့လုံးပမ်း​နေရတာ​ကြောင့် လိုင်း​ပေါ်ကိုသိပ်မတက်ဖြစ်ဘူး  သူမလိုင်းတက်ရင်​တောင်မှ hidden questရဲ့အ​ခြေအ​နေကို သွားကြည့်တာ​လောက်ပဲ ပြီးရင် သူမက ဘာမှ​ပြောမ​နေဘဲ ဂိမ်းထဲက ပြန်ထွက်သွား​လေ့ရှိတယ်

အဲ့ဒါ​ကြောင့် ကျီယန်က သူမရဲ့accountကို တကယ်ခိုးပြီး​ရောင်းစားချင်စိတ်​ပေါ်လာတယ်...အကြိမ်​ပေါင်းများစွာပဲ...

ရှီရှန်းအားတဲ့အချိန်မှာ စ​နေ​နေ့​တောင်​ရောက်​နေပြီ လီရှို့နဲ့စန်းယွီတို့လက်ထပ်ကြမယ့်​နေ့ပဲ...

မိုင်တစ်​ထောင်​တေးဂီတ : [..ဘာလို့အခုထိမပြီး​သေးတာလဲ...]

မင်ရည်ရှာ​ဖွေသူ : [......]

'သူမရဲ့စာထဲမှာ စိတ်မရှည်တဲ့​​လေသံက ဘာကိစ္စပါ​နေရတာလဲ... ငါတစ်ယောက်တည်း character 2ခုကိုကစား​ပေး​နေတာ​တောင် မ​ကျေနပ်နိုင်ဘူးလား...'

ရှီရှန်းက *နှစ်တစ်​ထောင်အိပ်မက်* လို့ပြန်​ပြောင်းပြီးသားဖြစ်​နေတဲ့hidden questကိုကြည့်လိုက်တယ်

'ပြီးခါနီး​နေပြီ..'

မိုင်တစ်​ထောင်​တေးဂီတ : [ပြီး​တော့မှာမလား..]

မင်ရည်ရှာ​ဖွေသူ : [ အင်း...]

မိုင်တစ်​ထောင်​တေးဂီတ : [မြန်မြန်လုပ်ရ​အောင်...serverထဲမှာ ပွဲကြီးပွဲ​ကောင်းရှိတယ် လွတ်သွားရင်နှ​မျောဖို့​ကောင်းလွန်းတယ် ]

ရှီရှန်းက မင်ရည်ရှာ​ဖွေသူနဲ့အတူ hidden questကို တက်ညီလက်ညီ၀ိုင်းကူ​ပေးလိုက်တယ်
သူမ​ပျောက်​နေတာကြာပြီဆို​တော့ serverထဲက ဂြိုလ်​ကောင်​လေး​တွေ ​ဇောင်းကြွ​နေ​လောက်ပြီ...မြန်မြန်ပြန်ပြီး ပညာ​ပြရမယ်

ရှီရှန်းက ကိုယ့်ရဲ့ ဗီလိန်တာ၀န်ကို မလွတ်တမ်းထမ်း​ဆောင်​ပေးတဲ့သူပါ​နော်...

ရှီရှန်းရဲ့နားလည်နိုင်စွမ်းကတကယ်ကိုမြင့်မားတယ် မင်ရည်ရှာ​ဖွေသူက သူမကို နည်းနည်း​​လောက်ရှင်းပြလိုက်ရုံနဲ့ ကျန်တာ​တွေကို သူမဘာသာဆက်လုပ်နိုင်တယ်  ​hidden questရဲ့နောက်ဆုံးတာ၀န်က  ​တောင်ကြားကိုပြန်ပြီး ရှီလိနဲ့ စကားသွား​​ပြောဖို့ပဲ...

........................

World chatထဲမှာ အရမ်းကိုတက်ကြွ​နေကြတယ် အချိန်က ၈နာရီထိုးခါနီးပြီဖြစ်တာ​ကြောင့်  လီရှို့နဲ့ စန်းယွီတို့ရဲ့မင်္ဂလာပွဲလည်း နီးကပ်လို့လာပြီ

မင်္ဂလာသတို့သမီး၀တ်စုံ၀တ်ဆင်ထားတဲ့စန်းယွီရဲ့အ​နောက်မှာသူမနဲ့ရင်းနှီးတဲ့ မိန်းက​လေး ကစား​ဖော်​တွေရပ်​နေပြီး သူမရဲ့​ဘေးမှာ​တော့ သတို့သား၀တ်စုံကို၀တ်ဆင်ထားတဲ့ လီရှို့ကရှိ​နေတယ်
သူတို့နှစ်​ယောက်ရဲ့အ​ရှေ့မှာ​တော့ လနတ်သခင် အကြီးအကဲယွဲ့ ရှိ​နေတယ်

(TN/ လနတ်ဘုရားက တရုတ်ဒဏ္ဍာရီရဲ့ မြှားနတ်​မောင်ပါ သူ့နန်း​ဆောင်အ​ရှေ့မှာ သစ်ပင်ကြီးရှိတယ် အဲ့ဒီသစ်ပင်မှာ လူတစ်​ယောက်ချင်းဆီရဲ့ အနီ​ရောင်ကံကြမ္မာကြိုး​လေး​တွေရှိပါတယ် လူ၂​ယောက်ရဲ့ကြိုး​လေးနှစ်ကြိုးကို ချည်​ပေးလိုက်ရင် သူတို့၂​​ယောက်က တစ်​ယောက်နဲ့တစ်​ယောက်စုံဖက် ​ပေးပြီးသားဖြစ်သွားပါပြီ )

သူတို့နှစ်​ယောက်ရဲ့ မင်္ဂလာ၀တ်စုံ​တွေက item shopက​နေ၀ယ်ထားတဲ့ ​စျေးကြီးတဲ့outfit​တွေပဲ
မင်္ဂလာစုံတွဲရဲ့​ဘေးနားမှာ ​ကောင်းချီး​ပေးသလို အလင်းတန်း​တွေ၀န်းရံ​နေတယ်

19 : 59 :  49

19 : 59 : 50

လူတိုင်းက  ဂုဏ်ပြု​ကြောင်း စာလွှာ​တွေ ဆက်တိုက်ပို့​နေကြတယ်

စန်းယွီက စိတ်လှုပ်ရှား​နေတယ်
'ငါလီရှို့တာ့ရှန်းကို  တကယ်ပဲ လက်ထပ်လိုက်ရ​တော့မှာလား..'

19 : 59 : 51

19 : 59 : 52

......

မင်္ဂလာပွဲကျင်းပဖို့ ၃စက္ကန့်အလိုမှာ systemရဲ့ dialog box က စန်းယွီရဲ့အ​​ရှေ့မှာ​ပေါ်လာတယ်

'လီရှို့ကို သင်၏ ခင်ပွန်းသည်အဖြစ် လက်ထပ်ရန်သ​ဘောတူပါသလား '
စန်းယွီက 'Yes'ကို  ခပ်မြန်မြန်နှိပ်လိုက်တယ်

ဒါ​ပေမယ့် ​နောက်တစ်စက္ကန့်မှာပဲ...

System​ကြေညာချက်..
ဂုဏ်ယူပါတယ်
မိုင်တစ်​​ထောက်​တေးဂီတ နှင့် မင်ရည်ရှာ​ဖွေသူတို့ သည် *နှစ်​တစ်​ထောင်အိပ်မက်* အမည်ရှိhidden questကို​ဖြေရှင်းနိုင်ခဲ့ပြီး လျှို့၀ှက်သမိုင်း​ကြောင်းအသစ်ကို ​ဖော်ထုတ်နိုင်ခဲ့ပါပြီ..
ဆုလာဘ်များအဖြစ် *သေခြင်းထိတိုင် မခွဲနိုင်* ဘွဲ့အမည်နှင့် *သုံးဘ၀ချစ်ကြမ္မာ* စုံတွဲoutfitsများ လက်ခံရရှိပါလိမ့်မည် 

System​ကြေညာချက်
မိုင်တစ်​ထောင်​တေးဂီတနှင့်မင်ရည်ရှာ​ဖွေသူ တို့၏ ဖူးစာကြိုးနီ အတွက် ဂုဏ်ပြုပါသည် 
ဇနီး​မောင်နှံနှစ်​ယောက် နှစ်​ပေါင်းရာ​ကျော်တိုင် လက်တွဲနိုင်ကြပါ​စေ..

System​ကြေညာချက်
နှစ်တစ်​ထောင်အိပ်မက် လျှို့၀ှက်နယ်မြေ မကြာမီပွင့်လာပါလိမ့်မည်
ကစားသမားများ စိတ်ရှည်သည်းခံစွာ ​စောင့်ဆိုင်းကြပါ...

System​ကြေညာချက်၃ခု​ပေါ်လာပြီးတာနဲ့မကြာခင်မှာ မီးရှူးမီးပန်း​တွေနဲ့ နှင်းဆီပွင့်ဖတ်​တွေကscreenတစ်ခုလုံးဖုံးအုပ်သွားတယ်

မိုင်တစ်​ထောင်​တေးဂီတ နဲ့ မင်ရည်ရှာ​ဖွေသူ ဆိုတဲ့ID နာမည်​တွေကို  systemက  special effectသုံးပြီး​ကြေညာတာ​ကြောင့် သူတို့နာမည်​တွေကို မဖုံးသွားဘူး

ဂုဏ်ပြု​ကြောင်းစာလွှာ​တွေ ပို့ပြီးခါမှပဲ စုံတွဲရဲ့နာမည်​တွေက လွဲ​နေတာကို သတိပြုမိကြတယ်
'ဟင်...နာမည်​တွေက နည်းနည်း​တော့လွဲ​နေသလိုပဲ​နော်...'

အဓိက​နေရာကို ဖြတ်ခိုးဖို့ စီစဥ်ထားကြတဲ့ လ​ရောင်​အောက်က ၄​ယောက်​တောင်မှ ​ကြောင်​တောင်​တောင်ဖြစ်သွားကြတယ်
သူတို့ကရှီရှန်းကို လိုင်းပေါ်မှာမရှိဘူးလို့ထင်ထားကြတာ အခုကဘယ်လိုဖြစ်ရတာလဲ...

World chatထဲတွင်...

ငါကပွဲကြည့်ပရိသတ်ပါ : [.........]

​လေညှင်းခံရတာကြိုက်သူ : [.........]

iF@q : [.........]

ငါ့​ပေါင်ကြားကိုဖြတ်တိုက်သွားတဲ့​လေကယားကျိကျိနဲ့ : [.........]

World chatထဲမှာ ထူးဆန်းတဲ့ တိတ်ဆိတ်မှုက ကြီးစိုး​နေတယ်

ရှီရှန်းကိုယ်တိုင်​တောင် System ​ကြေငြာချက်၃ခုကိုမြင်​တော့ဆွံ့အသွားတယ်

လွန်ခဲ့​သော ၁မိနစ်ခန့်က...

သူမနဲ့မင်ရည်ရှာ​ဖွေသူ က ဂူထဲကိုပြန်​ရောက်​နေကြပြီ

ရှီလိ : [ မင်း သူ့အတွက်​သေဖို့ဆန္ဒရှိရဲ့လား ]

'ဘယ်သူ့အတွက်သေရမှာလဲ... မင်ရည်ရှာ​ဖွေသူအတွက်လား...No​နော်... No.....ဘယ်သူ့အတွက်မှ​သေမ​ပေးနိုင်ပါဘူး...'

ရှီရှန်းက သူ့လက်ကိုမထိန်းလိုက်နိုင်ခင်မှာပဲ Noကိုသွားနှိပ်မိလိုက်ပြီ ဒါ​ပေမယ့် ​သေချာပြန်​တွေးကြည့်လိုက်​တော့ ဒီအ​ခြေအ​နေမှာဆိုရင် Yesကို​ရွေးသင့်တယ်မလား
'​သေပြီ!!!​သေပြီ!!! သွားပြီ!!! ငါမှား​ရွေးလိုက်မိပြီ...'

ရှီရှန်းအ​ရှေ့ကမြင်ကွင်းက ငလျင်လှုပ်သလိုပြင်းပြင်းထန်ထန်တုန်ခါ​သွားတယ်

ရှီလိ : [ ထင်ထားတဲ့အတိုင်းပဲ.... ဒီကမ္ဘာ​ပေါ်မှာ အချစ်စစ်ဆိုတဲ့အရာမရှိဘူး... အဲ့ဒီလိုဆိုမှ​တော့ အရာအားလုံးကိုဖျက်ဆီးပစ်လိုက်​တော့မယ် ]

သူတို့၂​ယောက်ကဘာskillမှထုတ်သုံးလို့မရတဲ့အတွက်နယ်​မြေတစ်ခုလုံးတုန်ခါ​နေပြီး character​၂ခုလုံးကတွင်းနက်ကြီးထဲကိုပြုတ်ကျသွားတာကိုထိုင်ကြည့်​နေရတယ်
ဒါ​ပေမယ့် မထင်မှတ်ထားတာကscreenကရုတ်တရပ်တည်ငြိမ်သွားပြီး systemကြေညာချက်၃ခုကတန်းစီပြီး​ပေါ်လာတယ်

.............

လ​ရောင်​​အောက်ကနှင်းပွင့်​လေး : [ ဂီတ​လေး​ရေ...ဒီရိုက်ချက်ကတကယ်ကို စပရိုက် ဖြစ်တယ်ကွာ...ဟားဟားဟား... တိုင်ကွန်း​ရေ..ငါတို့လက်မထပ်လို့ရပြီမလား...]

နှင်းပွင့်​လေးရဲ့စကားက world chatရဲ့တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်တယ်

iF@q : [ ​တေးဂီတ နဲ့ မင်ရည်တာ့ရှန်းတို့က အကြာကြီး​ပျောက်သွားပြီးမှ အချိန်ကိုက်ပြန်​ပေါ်လာကြတယ်..မင်း​တို့ရောဘယ်လိုထင်လဲ]

စည်းချက်နဲ့အညီကလိုက်ကြစို့ : [ သူတို့၂​ယောက်က လက်ထပ်ပြီးသွားပြီတဲ့ ]

ငါကပွဲကြည့်ပရိသတ်ပါ : [ ဒါက ​သွေးရိုးသားရိုး​ရော ဟုတ်ရဲ့လား ]

Transalated by Dora💜  Mia💙
19.5.21(Wednessday)

Zawgyi

​႐ွီ႐ွန္းက ေက်ာင္းက​ေနအိမ္ကိုျပန္​ေရာက္တာနဲ႔ ဂိမ္းထဲကိုတန္း၀င္လိုက္တယ္  မင္ရည္႐ွာ​ေဖြသူကဂိမ္းထဲမွာ​ေရာက္ႏွင့္​ေနၿပီး သူမကို ဘယ္အခ်ိန္ကတည္းက​ေစာင့္​ေနတာလဲမသိဘူး
မင္ရည္႐ွာ​ေဖြသူ : [ ဆက္လုပ္လို႔ရၿပီလား...? ]
႐ွီ႐ွန္း ဂိမ္းထဲကို​ေရာက္​ေရာက္ခ်င္းပဲ သူကစာလွမ္းပို႔တယ္
မိုင္တစ္​ေထာင္​ေတးဂီတ : [ အင္း...]

မင္ရည္႐ွာ​ေဖြသူကတကယ္​ေတာ္တဲ့ကစားသမားတစ္​ေယာက္ျဖစ္တဲ့အျပင္ ဒီဂိမ္းကို hackၿပီး​ေဆာ့တဲ့​ေနရာမွာ​လည္းကြၽမ္းက်င္တဲ့သူျဖစ္တာ​ေၾကာင့္ ႐ွီ႐ွန္းက hidden questကို ထပ္ၿပီးစိတ္မပူ​ေတာ့ဘူး  သူမက မင္ရည္႐ွာ​ေဖြသူ​ေျပာတဲ့အတိုင္းလိုက္လုပ္​ေပးဖို႔ပဲလိုတယ္

ဒါ​ေပမယ့္ Questက အရမ္း႐ႈပ္​ေထြးၿပီးပ်င္းစရာ​ေကာင္းလြန္းတယ္ အခ်ိန္အ​ေတာ္ၾကာၿပီးတဲ့​ေနာက္မွာ႐ွီ႐ွန္းက စိတ္၀င္စားမႈကုန္ဆုံးသြားၿပီး သူမရဲ႕characterကို ​ေ႐ွ႕ဆက္မသြားခိုင္း​ေတာ့ဘူး

မင္ရည္႐ွာ​ေဖြသူလည္း သူ႕characterက​ေ႐ွ႕ကိုဆက္သြားလို႔မရ​ေတာ့မွန္းသတိျပဳမိလိုက္မွ ​ေနာက္ကိုလွည့္ၾကည့္လိုက္​ေတာ့ တင္ပလႅင္​ေခြထိုင္​ေနတဲ့ အျဖဴ​ေရာင္မိန္းက​​​ေလးကို​ေတြ႕လိုက္ရတယ္

သူက သူမကို​ေ႐ွ႕ဆက္သြားဖို႔တိုက္တြန္းၾကည့္​ေသးတယ္

မင္ရည္႐ွာ​ေဖြသူ : [?]

မိုင္တစ္​ေထာင္​ေတးဂီတ : [ ပ်င္းလာၿပီ...ဆက္မလုပ္ခ်င္​ေတာ့ဘူး ]

မင္ရည္႐ွာ​ေဖြသူ : [.......]

မိုင္တစ္​ေထာင္​ေတးဂီတ : [..ငါအရင္ဆင္းႏွင့္ၿပီ..တာ့တာ..]

႐ွီ႐ွန္းက မင္ရည္႐ွာ​ေဖြသူကို ဘာမွျပန္​ေျပာခြင့္မ​ေပးဘဲ လိုင္း​ေပၚက​ေနခ်က္ခ်င္းဆင္းလိုက္တယ္

က်ီယန္က ဗလာျဖစ္​ေနတဲ့ နယ္​ေျမနဲ႔တစ္​ေယာက္တည္းက်န္ခဲ့တဲ့ သူ႕ရဲ႕characterကိုၾကည့္လိုက္ၿပီး keyboardကို တျဗန္းျဗန္း႐ိုက္ပစ္လိုက္တယ္

'ဒီမိန္းမက​ေတာ့!!!!! ငါ​ေတာ့ သူ႕စိတ္​နဲ႔တင္ အသက္တိုလိမ့္မယ္ '
သူက ထိုင္ခုံက​ေနထလိုက္ၿပီး ျပတင္း​ေပါက္က လိုက္ကာ​ေတြကိုသြားဖယ္လိုက္တယ္
​ေန​ေရာင္ျခည္က အခန္းထဲကို၀င္​ေရာက္လာၿပီး သူ႕ကိုလႊမ္းျခဳံသြားတယ္
က်ီယန္က စိတ္အ​ေႏွာက္အယွက္ျဖစ္သြားပုံ​ေပၚၿပီး လိုက္ကာကိုျပန္ခ်လိုက္ကာ ခပ္​ေမွာင္ေမွာင္အခန္းထဲမွာ စုံခ်ည္ဆန္ခ်ည္​လမ္းေလွ်ာက္​ေနတယ္

........

႐ွီ႐ွန္းက သူမရဲ႕ကိုယ္ပိုင္accountကိုပိတ္ၿပီး သစ္သားခ်ဴလုံး​ေလးရဲ႕accountကိုသုံးၿပီးလ​ေရာင္​ေအာက္က၄​ေယာက္နဲ႔ စကားစျမည္​ေျပာ​ေနတယ္
မင္ရည္႐ွာ​ေဖြသူနဲ႔သူမ မ႐ွိ​ေတာ့  serverႀကီးက ၿငိမ္းခ်မ္း​ေနတာပဲ...

႐ွီ႐ွန္းကပ်င္းလြန္းလို႔ ႐ႊံ႕​ေတြ​ေကာက္စားပစ္လိုက္ခ်င္စိတ္​ေတာင္​ေပါက္လာတယ္ ခနအၾကာမွာ​ေတာ့ ကစားရတာ ပ်င္းလာတယ္  ျပသနာမီး​ေမႊးမယ့္သူ​ေတြမ႐ွိ​ေတာ့  ဂိမ္းထဲ၀င္ရတာ​ေတာင္ ​ေျခာက္ကပ္ကပ္နဲ႔....

႐ွီ႐ွန္းလည္း ဂိမ္းထဲကထြက္ၿပီး အိပ္ရာ၀င္သြားတယ္
​ေနာက္ရက္​​ေတြမွာ ​ေက်ာင္းတက္ရတာ​ေၾကာင့္ ဂိမ္း​ေဆာ့ဖို႔အတြက္ အခ်ိန္မ်ားမ်ားစားစားမ႐ွိ​ေပမယ့္ ႐ွီ႐ွန္းက အားတဲ့အခ်ိန္​ခနေလးမွာ​ေတာ့ ဂိမ္းထဲကို၀င္ၿပီး hidden questရဲ႕အ​ေျခအ​ေနကို ၾကည့္​ေလ့႐ွိတယ္
႐ွီ႐ွန္းက အရင္တစ္ခါထြက္သြားၿပီးကတည္းက သူမရဲ႕ မိုင္တစ္​ေထာင္​ေတးဂီတaccountထဲကို မ၀င္ျဖစ္တာ ၃ရက္႐ွိၿပီ
အခုျပန္၀င္​ေတာ့ သူမရဲ႕characterက အရင္တစ္ခါထားခဲ့တဲ့​ေနရာမွာမ႐ွိ​ေတာ့ဘဲ ​ေနရာအသစ္တစ္ခုထဲကို​ေရာက္​ေနၿပီ
Hidden questကလည္း ေခါင္းစဥ္အသစ္ကိုျပန္​ေျပာင္းသြားၿပီ
႐ွီ႐ွန္းက သူမcharacterရဲ႕​ေဘးကသူကိုတိတ္တဆိတ္ၾကည့္​ေနလိုက္တယ္

မိုင္တစ္​ေထာင္​ေတးဂီတ : [ ငါ့accountကိုhackၿပီး​ေဆာ့တာ​ေတာ့ သိပ္မ​ေကာင္းဘူးထင္တယ္​ေနာ္..]

မင္ရည္႐ွာ​ေဖြသူ : [......ငါသာ အဲ့လိုမလုပ္ရင္ hidden questက ဒီတစ္သက္ၿပီးပါအုံးမလား..]

မိုင္တစ္​ေထာင္​ေတးဂီတ : [.......]

႐ွီ႐ွန္းမွာ ဘာမွျပန္​ေျပာစရာမ႐ွိ​ေတာ့ဘူး

မိုင္တစ္​ေထာင္​ေတးဂီတ : [အဲ့ဒါဆိုရင္လည္း questကို နင္တစ္​ေယာက္တည္းသာလုပ္လိုက္​ေတာ့ ]

'..နင္နဲ႔မကစားခ်င္​ေတာ့ဘူး..'
႐ွီ႐ွန္းက ဂိမ္းထဲကအျမန္ထြက္သြားတာ​ေၾကာင့္ မင္ရည္႐ွာ​ေဖြသူပို႔လိုက္တဲ့စာကို မဖတ္လိုက္ရဘူး

မင္ရည္႐ွာ​ေဖြသူ : [..ခန​ေလး..]

က်ီယန္က ဒီမိန္းက​ေလးကိုတကယ္နားမလည္ႏိုင္​ေတာ့ဘူး 
'ငါသူ႕accountကိုhackၿပီး​ေဆာ့တာ​ေတာင္ အမူအရာက ​ေအး​ေအး​ေဆး​ေဆးျဖစ္​ေနတာပါလား...ငါသူ႕accountကို ခိုးၿပီး ​ေရာင္းပစ္လိုက္မွာ မ​ေၾကာက္ဖူးလား..'

႐ွီ႐ွန္းက ၂ရက္လုံးလုံး ​ေက်ာင္းကိစၥနဲ႔လုံးပမ္း​ေနရတာ​ေၾကာင့္ လိုင္း​ေပၚကိုသိပ္မတက္ျဖစ္ဘူး  သူမလိုင္းတက္ရင္​ေတာင္မွ hidden questရဲ႕အ​ေျခအ​ေနကို သြားၾကည့္တာ​ေလာက္ပဲ ၿပီးရင္ သူမက ဘာမွ​ေျပာမ​ေနဘဲ ဂိမ္းထဲက ျပန္ထြက္သြား​ေလ့႐ွိတယ္

အဲ့ဒါ​ေၾကာင့္ က်ီယန္က သူမရဲ႕accountကို တကယ္ခိုးၿပီး​ေရာင္းစားခ်င္စိတ္​ေပၚလာတယ္...အႀကိမ္​ေပါင္းမ်ားစြာပဲ...

႐ွီ႐ွန္းအားတဲ့အခ်ိန္မွာ စ​ေန​ေန႔​ေတာင္​ေရာက္​ေနၿပီ လီ႐ိႈ႕နဲ႔စန္းယြီတို႔လက္ထပ္ၾကမယ့္​ေန႔ပဲ...

မိုင္တစ္​ေထာင္​ေတးဂီတ : [..ဘာလို႔အခုထိမၿပီး​ေသးတာလဲ...]

မင္ရည္႐ွာ​ေဖြသူ : [......]

'သူမရဲ႕စာထဲမွာ စိတ္မ႐ွည္တဲ့​​ေလသံက ဘာကိစၥပါ​ေနရတာလဲ... ငါတစ္ေယာက္တည္း character 2ခုကိုကစား​ေပး​ေနတာ​ေတာင္ မ​ေက်နပ္ႏိုင္ဘူးလား...'

႐ွီ႐ွန္းက *ႏွစ္တစ္​ေထာင္အိပ္မက္* လို႔ျပန္​ေျပာင္းၿပီးသားျဖစ္​ေနတဲ့hidden questကိုၾကည့္လိုက္တယ္

'ၿပီးခါနီး​ေနၿပီ..'

မိုင္တစ္​ေထာင္​ေတးဂီတ : [ၿပီး​ေတာ့မွာမလား..]

မင္ရည္႐ွာ​ေဖြသူ : [ အင္း...]

မိုင္တစ္​ေထာင္​ေတးဂီတ : [ျမန္ျမန္လုပ္ရ​ေအာင္...serverထဲမွာ ပြဲႀကီးပြဲ​ေကာင္း႐ွိတယ္ လြတ္သြားရင္ႏွ​ေမ်ာဖို႔​ေကာင္းလြန္းတယ္ ]

႐ွီ႐ွန္းက မင္ရည္႐ွာ​ေဖြသူနဲ႔အတူ hidden questကို တက္ညီလက္ညီဝိုင္းကူ​ေပးလိုက္တယ္
သူမ​ေပ်ာက္​ေနတာၾကာၿပီဆို​ေတာ့ serverထဲက ၿဂိဳလ္​ေကာင္​ေလး​ေတြ ​ေဇာင္းႂကြ​ေန​ေလာက္ၿပီ...ျမန္ျမန္ျပန္ၿပီး ပညာ​ျပရမယ္

႐ွီ႐ွန္းက ကိုယ့္ရဲ႕ ဗီလိန္တာ၀န္ကို မလြတ္တမ္းထမ္း​ေဆာင္​ေပးတဲ့သူပါ​ေနာ္...

႐ွီ႐ွန္းရဲ႕နားလည္ႏိုင္စြမ္းကတကယ္ကိုျမင့္မားတယ္ မင္ရည္႐ွာ​ေဖြသူက သူမကို နည္းနည္း​​ေလာက္႐ွင္းျပလိုက္႐ုံနဲ႔ က်န္တာ​ေတြကို သူမဘာသာဆက္လုပ္ႏိုင္တယ္  ​hidden questရဲ႕ေနာက္ဆုံးတာ၀န္က  ​ေတာင္ၾကားကိုျပန္ၿပီး ႐ွီလိနဲ႔ စကားသြား​​ေျပာဖို႔ပဲ...

........................

World chatထဲမွာ အရမ္းကိုတက္ႂကြ​ေနၾကတယ္ အခ်ိန္က ၈နာရီထိုးခါနီးၿပီျဖစ္တာ​ေၾကာင့္  လီ႐ိႈ႕နဲ႔ စန္းယြီတို႔ရဲ႕မဂၤလာပြဲလည္း နီးကပ္လို႔လာၿပီ

မဂၤလာသတို႔သမီး၀တ္စုံ၀တ္ဆင္ထားတဲ့စန္းယြီရဲ႕အ​ေနာက္မွာသူမနဲ႔ရင္းႏွီးတဲ့ မိန္းက​ေလး ကစား​ေဖာ္​ေတြရပ္​ေနၿပီး သူမရဲ႕​ေဘးမွာ​ေတာ့ သတို႔သား၀တ္စုံကို၀တ္ဆင္ထားတဲ့ လီ႐ိႈ႕က႐ွိ​ေနတယ္
သူတို႔ႏွစ္​ေယာက္ရဲ႕အ​ေ႐ွ႕မွာ​ေတာ့ လနတ္သခင္ အႀကီးအကဲယြဲ႕ ႐ွိ​ေနတယ္

(TN/ လနတ္ဘုရားက တ႐ုတ္ဒ႑ာရီရဲ႕ ျမႇားနတ္​ေမာင္ပါ သူ႕နန္း​ေဆာင္အ​ေ႐ွ႕မွာ သစ္ပင္ႀကီး႐ွိတယ္ အဲ့ဒီသစ္ပင္မွာ လူတစ္​ေယာက္ခ်င္းဆီရဲ႕ အနီ​ေရာင္ကံၾကမၼာႀကိဳး​ေလး​ေတြ႐ွိပါတယ္ လူ၂​ေယာက္ရဲ႕ႀကိဳး​ေလးႏွစ္ႀကိဳးကို ခ်ည္​ေပးလိုက္ရင္ သူတို႔၂​​ေယာက္က တစ္​ေယာက္နဲ႔တစ္​ေယာက္စုံဖက္ ​ေပးၿပီးသားျဖစ္သြားပါၿပီ )

သူတို႔ႏွစ္​ေယာက္ရဲ႕ မဂၤလာ၀တ္စုံ​ေတြက item shopက​ေန၀ယ္ထားတဲ့ ​ေစ်းႀကီးတဲ့outfit​ေတြပဲ
မဂၤလာစုံတြဲရဲ႕​ေဘးနားမွာ ​ေကာင္းခ်ီး​ေပးသလို အလင္းတန္း​ေတြ၀န္းရံ​ေနတယ္

19 : 59 :  49

19 : 59 : 50

လူတိုင္းက  ဂုဏ္ျပဳ​ေၾကာင္း စာလႊာ​ေတြ ဆက္တိုက္ပို႔​ေနၾကတယ္

စန္းယြီက စိတ္လႈပ္႐ွား​ေနတယ္
'ငါလီ႐ိႈ႕တာ့႐ွန္းကို  တကယ္ပဲ လက္ထပ္လိုက္ရ​ေတာ့မွာလား..'

19 : 59 : 51

19 : 59 : 52

......

မဂၤလာပြဲက်င္းပဖို႔ ၃စကၠန္႔အလိုမွာ systemရဲ႕ dialog box က စန္းယြီရဲ႕အ​​ေ႐ွ႕မွာ​ေပၚလာတယ္

'လီ႐ိႈ႕ကို သင္၏ ခင္ပြန္းသည္အျဖစ္ လက္ထပ္ရန္သ​ေဘာတူပါသလား '
စန္းယြီက 'Yes'ကို  ခပ္ျမန္ျမန္ႏွိပ္လိုက္တယ္

ဒါ​ေပမယ့္ ​ေနာက္တစ္စကၠန္႔မွာပဲ...

System​ေၾကညာခ်က္..
ဂုဏ္ယူပါတယ္
မိုင္တစ္​​ေထာက္​ေတးဂီတ ႏွင့္ မင္ရည္႐ွာ​ေဖြသူတို႔ သည္ *ႏွစ္​တစ္​ေထာင္အိပ္မက္* အမည္႐ွိhidden questကို​ေျဖ႐ွင္းႏိုင္ခဲ့ၿပီး လွ်ိဳ႕ဝွက္သမိုင္း​ေၾကာင္းအသစ္ကို ​ေဖာ္ထုတ္ႏိုင္ခဲ့ပါၿပီ..
ဆုလာဘ္မ်ားအျဖစ္ *ေသျခင္းထိတိုင္ မခြဲႏိုင္* ဘြဲ႕အမည္ႏွင့္ *သုံးဘ၀ခ်စ္ၾကမၼာ* စုံတြဲoutfitsမ်ား လက္ခံရ႐ွိပါလိမ့္မည္ 

System​ေၾကညာခ်က္
မိုင္တစ္​ေထာင္​ေတးဂီတႏွင့္မင္ရည္႐ွာ​ေဖြသူ တို႔၏ ဖူးစာႀကိဳးနီ အတြက္ ဂုဏ္ျပဳပါသည္ 
ဇနီး​ေမာင္ႏွံႏွစ္​ေယာက္ ႏွစ္​ေပါင္းရာ​ေက်ာ္တိုင္ လက္တြဲႏိုင္ၾကပါ​ေစ..

System​ေၾကညာခ်က္
ႏွစ္တစ္​ေထာင္အိပ္မက္ လွ်ိဳ႕ဝွက္နယ္ေျမ မၾကာမီပြင့္လာပါလိမ့္မည္
ကစားသမားမ်ား စိတ္႐ွည္သည္းခံစြာ ​ေစာင့္ဆိုင္းၾကပါ...

System​ေၾကညာခ်က္၃ခု​ေပၚလာၿပီးတာနဲ႔မၾကာခင္မွာ မီး႐ွဴးမီးပန္း​ေတြနဲ႔ ႏွင္းဆီပြင့္ဖတ္​ေတြကscreenတစ္ခုလုံးဖုံးအုပ္သြားတယ္

မိုင္တစ္​ေထာင္​ေတးဂီတ နဲ႔ မင္ရည္႐ွာ​ေဖြသူ ဆိုတဲ့ID နာမည္​ေတြကို  systemက  special effectသုံးၿပီး​ေၾကညာတာ​ေၾကာင့္ သူတို႔နာမည္​ေတြကို မဖုံးသြားဘူး

ဂုဏ္ျပဳ​ေၾကာင္းစာလႊာ​ေတြ ပို႔ၿပီးခါမွပဲ စုံတြဲရဲ႕နာမည္​ေတြက လြဲ​ေနတာကို သတိျပဳမိၾကတယ္
'ဟင္...နာမည္​ေတြက နည္းနည္း​ေတာ့လြဲ​ေနသလိုပဲ​ေနာ္...'

အဓိက​ေနရာကို ျဖတ္ခိုးဖို႔ စီစဥ္ထားၾကတဲ့ လ​ေရာင္​ေအာက္က ၄​ေယာက္​ေတာင္မွ ​ေၾကာင္​ေတာင္​ေတာင္ျဖစ္သြားၾကတယ္
သူတို႔က႐ွီ႐ွန္းကို လိုင္းေပၚမွာမ႐ွိဘူးလို႔ထင္ထားၾကတာ အခုကဘယ္လိုျဖစ္ရတာလဲ...

World chatထဲတြင္...

ငါကပြဲၾကည့္ပရိသတ္ပါ : [.........]

​ေလညႇင္းခံရတာႀကိဳက္သူ : [.........]

iF@q : [.........]

ငါ့​ေပါင္ၾကားကိုျဖတ္တိုက္သြားတဲ့​ေလကယားက်ိက်ိနဲ႔ : [.........]

World chatထဲမွာ ထူးဆန္းတဲ့ တိတ္ဆိတ္မႈက ႀကီးစိုး​ေနတယ္

႐ွီ႐ွန္းကိုယ္တိုင္​ေတာင္ System ​ေၾကျငာခ်က္၃ခုကိုျမင္​ေတာ့ဆြံ႕အသြားတယ္

လြန္ခဲ့​ေသာ ၁မိနစ္ခန္႔က...

သူမနဲ႔မင္ရည္႐ွာ​ေဖြသူ က ဂူထဲကိုျပန္​ေရာက္​ေနၾကၿပီ

႐ွီလိ : [ မင္း သူ႕အတြက္​ေသဖို႔ဆႏၵ႐ွိရဲ႕လား ]

'ဘယ္သူ႕အတြက္ေသရမွာလဲ... မင္ရည္႐ွာ​ေဖြသူအတြက္လား...No​ေနာ္... No.....ဘယ္သူ႕အတြက္မွ​ေသမ​ေပးႏိုင္ပါဘူး...'

႐ွီ႐ွန္းက သူ႕လက္ကိုမထိန္းလိုက္ႏိုင္ခင္မွာပဲ Noကိုသြားႏွိပ္မိလိုက္ၿပီ ဒါ​ေပမယ့္ ​ေသခ်ာျပန္​ေတြးၾကည့္လိုက္​ေတာ့ ဒီအ​ေျခအ​ေနမွာဆိုရင္ Yesကို​ေ႐ြးသင့္တယ္မလား
'​ေသၿပီ!!!​ေသၿပီ!!! သြားၿပီ!!! ငါမွား​ေ႐ြးလိုက္မိၿပီ...'

႐ွီ႐ွန္းအ​ေ႐ွ႕ကျမင္ကြင္းက ငလ်င္လႈပ္သလိုျပင္းျပင္းထန္ထန္တုန္ခါ​သြားတယ္

႐ွီလိ : [ ထင္ထားတဲ့အတိုင္းပဲ.... ဒီကမ႓ာ​ေပၚမွာ အခ်စ္စစ္ဆိုတဲ့အရာမ႐ွိဘူး... အဲ့ဒီလိုဆိုမွ​ေတာ့ အရာအားလုံးကိုဖ်က္ဆီးပစ္လိုက္​ေတာ့မယ္ ]

သူတို႔၂​ေယာက္ကဘာskillမွထုတ္သုံးလို႔မရတဲ့အတြက္နယ္​ေျမတစ္ခုလုံးတုန္ခါ​ေနၿပီး character​၂ခုလုံးကတြင္းနက္ႀကီးထဲကိုျပဳတ္က်သြားတာကိုထိုင္ၾကည့္​ေနရတယ္
ဒါ​ေပမယ့္ မထင္မွတ္ထားတာကscreenက႐ုတ္တရပ္တည္ၿငိမ္သြားၿပီး systemေၾကညာခ်က္၃ခုကတန္းစီၿပီး​ေပၚလာတယ္

.............

လ​ေရာင္​​ေအာက္ကႏွင္းပြင့္​ေလး : [ ဂီတ​ေလး​ေရ...ဒီ႐ိုက္ခ်က္ကတကယ္ကို စပ႐ိုက္ ျဖစ္တယ္ကြာ...ဟားဟားဟား... တိုင္ကြန္း​ေရ..ငါတို႔လက္မထပ္လို႔ရၿပီမလား...]

ႏွင္းပြင့္​ေလးရဲ႕စကားက world chatရဲ႕တိတ္ဆိတ္မႈကိုၿဖိဳခြဲလိုက္တယ္

iF@q : [ ​ေတးဂီတ နဲ႔ မင္ရည္တာ့႐ွန္းတို႔က အၾကာႀကီး​ေပ်ာက္သြားၿပီးမွ အခ်ိန္ကိုက္ျပန္​ေပၚလာၾကတယ္..မင္း​တို႔ေရာဘယ္လိုထင္လဲ]

စည္းခ်က္နဲ႔အညီကလိုက္ၾကစို႔ : [ သူတို႔၂​ေယာက္က လက္ထပ္ၿပီးသြားၿပီတဲ့ ]

ငါကပြဲၾကည့္ပရိသတ္ပါ : [ ဒါက ​ေသြး႐ိုးသား႐ိုး​ေရာ ဟုတ္ရဲ႕လား ]

Transalated by Dora💜  Mia💙
19.5.21(Wednessday)


















Continue Reading

You'll Also Like

48.5K 4.7K 14
ငါ့ကို အစားထိုးချင်တဲ့ မင်းရဲ့ဆန္ဒတွေ ပြည့်ပြည့်မြောက်မြောက် ပြည့်ဝသွားခဲ့ပြီ လွေ့ချီ...။
386K 22.2K 42
"ပိုင်ဆိုင်ချင်သောရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေ" ၏ Season 2 ဖြစ်ပါသည်။ 18th Creation Start : 9 February 2023 "ပိုင္ဆိုင္ခ်င္ေသာရပ္ဝန္းတစ္ခုအား ပို...
2.5M 244K 64
This story book presented by ZAWGYI & UNICODE. Cover Design By @Moa ZAWGYI ရင္ခုန္စရာ ဇာက္လမ္းေလးတစ္ပုဒ္ကုိ ငါ အခုေျပာျပမယ္ ..... ဇာက္လမ္းေလးက ဒီလိ...
55.1M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...