ချစ်သူ့စကား ရင်နှင့်ကြားစေ
Av SpringGenAerri
428K 30.4K 834
အချစ်ဟာ ပျားရည်မြစ် အချစ်ဟာ စမ်းရေအေး အချစ်ဟာ ဆောင်းနှင်းရည်နဲ့သီးတဲ့ချိုမြိန်သစ်သီး အချစ်ဟာ နွေဦးရဲ့လေပြေ အ... Mer
part(1)
part(2)
part(3)
part(4)
part(5)
part(6)
part(7)
part(8)
part(9)
part(10)
part(11)
part(12)
part(13)
part(14)
part(15)
part(16)
part(17)
part(18)
part(19)
part(20)
part(21)
part(22)
part(23)
part(24)
part(25)
part(26)
part(27)
part(28)
part(29)
part(30)
part(31)
part(32)
part(33)
part(34)
part(35)
part(36)
part(37)
part(38)
part(39)
part(40)
part(41)
part(42)
part(44)
part(45)
part(46)
part(47)
part(48)
part(49)
part(50)
part(51)
part(52)
part(53)
part(54)
Sorry
part(55)
part(56)
part(57)
part(58)
part(59)
part(60)Ending
part(43)
5.1K 390 8
Av SpringGenAerri
Unicode
ညနေရုံးဆင်းတော့....ရဲရင့် မိုးဦးကို စကားပြောဖို့ပြင်ရသည်။
မြတ်နိုးရော အပြင်မှာစောင့်နေသည်။
သူလဲ လိုအပ်ရင်တောင်းပန်ဖို့ပေါ့။
"အကို....အကိုမိုးဦး..." 
ရဲရင့်အသံတုန်တုန်နှင့်ခေါ်သည်။
"ဟင်.....အော ... ရဲရင့်...ပြောစရာရှိလို့လား"
"ကျွန်တော့်ကြောင့်အလုပ်ထွက်တာလား အကို....ဒါဆိုရင်တော့....ကိုမိုးဦးရယ်.....ကျွန်တော် အနူးအညွတ်တောင်းပန်ပါတယ်....အေးချမ်း ကျွန်တော့်ကြောင့် ပြသနာဖြစ်ရတာပါ...."
"ဟာ....ရဲရင့်....မဟုတ်ပါဘူးကွာ.....အေး...အေး..sorry ငါ့ညီရာ....ကိုယ်တစ်ကယ်မတွေးမိခဲ့တာ....မင်းကြောင့်လို့ထင်သွားတာလား.... sorry ကွာ"
မိုးဦး ရဲရင့်ဘက်ကို မတွေးမိခဲ့ဘူးလေ။ ရဲရင့်ခမျာ သူ့ကြောင့်လို့တွေးနေမှာပေါ့။တကယ်က သော့်အတွက်ပဲတွေးခဲ့မိတာ....ရဲရင့်ဘက်ကို တွေးကိုမတွေးမိ။
"တကယ်လား..အကိုရာ...ကျွန်တော်စိတ်မကောင်းလွန်းလို့ဘယ်လိုလုပ်ရပါ့မလဲ"
"တကယ်ပါကွာ....တကယ်...မင်းကြောင့်မဟုတ်ပါဘူးကွာ"
ရဲရင့်ကို မိုးဦး အကျိုးအကြောင်းရှင်းပြထားလိုက်သည်။
သော် ရန်ကုန်မှာ အိမ်တွင်းပုန်းလုပ်နေလို့မဖြစ်ကြောင်း...အပြင်ထွက်ရင်လဲ မိုးဦးက စိတ်မချတော့။ ဒါကြောင့် ၂၄နာရီတူတူရှိရဖို့ ရန်ကုန်ကိုစွန့်ခွာချင်သည်ဖြစ်ကြောင်းပေါ့။
"အလုပ်က ရဲရင့်တို့ မြင့်မိုရ်တို့ မြတ်နိုးတို့ရှိနေလို့ ကိုယ်စိတ်ချပါတယ်....မသိတာ မရှင်းတာရှိရင် အချိန်မရွေးဖုန်းဆက်ပေါ့....ပြီးတော့....သော့်ကို ရန်ကုန်မှာမထားချင်တာကြောင့်ပါပဲ ကျန်တာဘာမှစိတ်ထဲမထားနဲ့..ရဲရင့်က ကိုယ့်ညီပဲလေ"
ရဲရင့်....ခေါင်းလေးညိမ့်ကာသာ။
.
.
.
"သော်....သည်းသော်လေး"
သော် စာလုပ်နေတာ....ကိုက ကုတင်ကနေလှမ်းခေါ်နေတာပါ။
"ဗျာ...ကို...အိပ်နှင့်ပါလား"
"သော် စာပြီးတော့မှာလား.....ကို ပြောစရာရှိလို့"
"ဒါဆို ခဏပဲနော်.....ကို"
သော့်ကို စောင့်နေရင်း....မိုးဦး အနာဂတ်အတွက်အစီအစဥ်ချကာနေမိသည်။
သော်လေး....ပျော်ရွှင်ဖို့....အေးချမ်းဖို့။
"ကို...."
မိုးဦးရင်ခွင်ထဲ ခေါင်းလေးတိုးဝင်ကာခေါ်သည်။
"အင်း.....သည်းသော်လေး...ကို မေးချင်တာရှိတယ်...."
"ဘာမေးမှာလဲ မေးလေ"
"သော်....ကိုတို့မြို့လေးကို ပြန်ချင်လား"
"ဟင့်အင်း....."
မျက်နှာပျက်ကာ ချက်ချင်းဖြေသည်။
မျက်လုံးဝိုင်းတွေပြူးကျယ်ကာ မိုးဦးရင်ခွင်ထဲမှထပြီး မိုးဦးကို နားမလည်သလိုငေးကြည့်နေသည်။
"သော် မပြန်ချင်ရင်မပြန်ရပါဘူးကွာ...ကိုက ဒီတိုင်းမေးကြည့်တာပါ....ချစ်ကလေးက ငိုတော့မလို့လား"
သော့်ပါးလေး ဆွဲရင်း မိုးဦးပြောတော့မှ....မျက်တောင်လေးပုတ်ခတ် ပုတ်ခတ်နှင့် ကြည့်နေသည်။
"သော်ကလေ......မပြန်ချင်ဘူး...သိလား ကို...ဒါပေမဲ့...ပြန်မှတော့ဖြစ်မယ်ထင်တယ်...."
"ဟုတ်လား...ဘာဖြစ်လို့လဲ သော်လေး"
"အဖွားက သော့်ကို အိမ်အမွေပေးခဲ့တာလေ....သော် စာချုပ်ကိုဖွက်ထားခဲ့တာ....ပြန်ပေးချင်လို့"
"အင်း...ပေးရမှာပေါ့"
"သော်....စာမေးပွဲ ဖြေပြီးရင်...သွားပြန်ပေးရအောင်....နော်..... ကို.....ပြီးရင်တော့...သော်တို့ အဲ့မြို့ကို ဘယ်တော့မှ မပြန်ဘူး သိလား ကို....သော် အရမ်းကြောက်တယ်...ဘာမှပြန်မတွေးချင်ဘူး"
"အင်းပါ....အင်းပါ သော်ရယ်....သော်လေးစိတ်ညစ်မဲ့အလုပ် တစ်ခုမှမလုပ်စေရဘူးကွာ...သော့်သဘောဖြစ်စေရမယ်"
"သော်ကလဲ...အရာရာ ကို့သဘောပါပဲ...ဒါလေးတစ်ခုပဲ သော် တောင်းဆိုချင်တာပါ.... သော်က... သော်က.. ကြောက်လို့"
ရင်ခွင်ထဲတိုးဝင်လာတဲ့ ခေါင်းလေးကို ဖိကပ်နမ်းရှိုက်ရင်း......
"စာမေးပွဲ ပြီးရင် ဘယ်မှအရင်မသွားရပါဘူး.....ကိုနဲ့ လက်ထပ်ရမယ်လေ"
"လက်မှတ်ပဲထိုးကြမလား ကို....တရားဝင်ခွင့်ပြုထားတာမှမဟုတ်တာ... တော်ကြာ.... "
"အင်းပါ.....ကို စီစဥ်ပြီးပြီ...သော်...လက်မှတ်ထိုးမယ် ပြီးရင် ရင်းနှီးတဲ့မိတ်ဆွေတွေနဲ့... ကုမ္ပဏီကလူတွေ... သူငယ်ချင်းတွေကို ညဘက် dinner ကျွေးမယ်လေ"
"ကို...စီစဥ်ပြီးပြီ...ဟုတ်လား"
မယုံသလို ပြန်မေး​နေသေးသည်။
သူ့ကို ချစ်လွန်းလို့...ပိုင်ဆိုင်ချင်လွန်းလို့ စောင့်မှမစောင့်နိုင်တော့တာ မသိဘူးလား။ မြန်လေကောင်းလေ အကုန်စီစဥ်နေတာပေါ့။
တရားဝင်ခွင့်မပြုလို့ပဲ ဒီလောက်လုပ်ရတာ။ တကယ်ဆို မိုးဦး တလောကလုံးကို ကြေငြါပစ်ချင်တာပါ။
သော်က မိုးဦးအပိုင်ပါလို့။
ခုလဲ သော်က မိုးဦးအပိုင်ဆိုပေမဲ့....အားမရဘူး။ တကယ်ပြောတာ.....
ချစ်သူနဲ့ အိမ်ထောင်ဖက်ဆိုတာ တူမှမတူတာ။
ချစ်သူက ဆိုင်သာဆိုင်သည် မပိုင်။
အိမ်ထောင်ဖက်က ဆိုင်သည် ပိုင်သည်။
သူနှင့်ပတ်သက်သမျှ....ခြွင်းချက်မရှိ မိမိအပိုင်။
သူနာဖျားရင် ကိုယ်ပြုစုရမည်။
ကိုယ်နာဖျားရင် သူပြုစုရမည်။
တစ်ခုရှိရင် တစ်ဝက်စီ ဝေမျှခံစားခွင့်ပိုင်ဆိုင်ခွင့်ရှိကြရသည်။ ဆင်းရဲတူတူ ချမ်းသာတူတူပင်ဖြစ်သည်။
ချစ်သူက  အချစ်ကို အခြေခံသည်။
အိမ်ထောင်ဖက်က သစ္စာ မေတ္တာ အချစ် နှင့်အတူ အရာအားလုံးဝေမျှကြရမည့် တစ်ဦးတည်းသော ကိုယ်ပိုင်ဆိုင်ရာ....အသည်းနင့်ရတဲ့ ကိုယ့်ရဲ့ တစ်ဦးတည်းသော တန်ဖိုးဖြတ်မရသူလေ။
အိမ်မက်တွေ အတူတူမက်ကြရမည်။
အနာဂတ်ကိုအတူတူပုံဖော်ကြမည်။
စိတ်ကူးသမျှ ထပ်တူကျဖို့ ညှိနှိုင်းကြရမည်။
တစ်ခါတစ်ရံ....သဘောထား ကွဲလွဲကြမည်။
တစ်ခါတစ်ရံ....အချစ်စမ်းကြမည်။
တစ်ခါတစ်ရံ....ကြည်နူးမည်။
တစ်ခါထက်တစ်ခါ ပိုတိုးချစ်ကြမည်။
ကြားလေသွေးရင် ဝေးမှာစိုးသည့်အလား တိုးဖက်ထားမည်။
ချစ်သူဘဝ မတင့်တယ်သောအရာတွေ များသည်။
စောင့်ထိန်းရန်များသည်။
အိမ်ထောင်သည်ဘဝကတော့ ထိုသို့မဟုတ်တော့ပါ။
လူအများရှေ့ ဆင်ခြင်ရသည်ဆိုပေမဲ့လေ.....နှစ်ယောက်ထဲတော့ စိတ်တိုင်းကျ ချစ်ခွင့်ရှိသည်မှလား။
ကိုယ့် အသည်းပေါက်ကို ခံတွင်းထဲ ထည့်ငုံထားချင်သည်။ဘာမှငဲ့စရာမလိုဘူးလေ။ ကိုယ့်အိမ်ထောင်ဖက်ဖြစ်နေမှပဲဟာ။
အရမ်းချစ်ပစ်ချင်သည်။ ဒါလဲ ငဲ့စရာမလို......ကိုယ် ပိုင်ဆိုင်သည့် သူလေ။
ခုတော့...မိုးဦး.....သော့်အပေါ် အများကြီး ဆင်ခြင်ရသည်။
စာမေးပွဲလဲရှိသည်။ ပြီးတော့ သော်က အချစ်နယ်ကျွံတာ သိပ်အသားမကျရှာ။ ဒါကြောင့် သော့်မှာ ပိုပြီးနာကျင်ရသည်။ မိုးဦးအလိုကို လိုက်လျောပြီးရင် တစ်ကြိမ်တစ်ခါပဲချစ်လိုက်...နောက်နေ့ မဖျားရုံတမယ်။
အဲ့လောက်ထိ......အချစ်ကြမ်းသည့်ဒဏ်မခံနိုင်သူပါ။
လက်ထပ်ပြီးရင်တော့ သော့် စိတ်ခံစားချက်တစ်မျိုးဖြစ်သွားနိုင်သည်။
သော့်စိတ်တွေ မိုးဦးအပေါ်ပုံချဖို့.....မိုးဦးကြိုးစားမည်။
ကြိုးကို ကြိုးစားရမည်။ဒါအရေးကြီးဆုံး😉😉
ခု....သော့်စိတ်က မိုးဦးအပေါ် ဘယ်လောက်ပုံထားပါစေ။ အချစ်ကြမ်းသည့်အချိန်ရောက်ရင်....လန့်နေမြဲ....ကြောက်နေမြဲ.....ရှက်နေမြဲ။
"သော်.....honey moon ဘယ်သွားချင်လဲ"
"ဟင်......အင်းးးးး"
မျက်လုံးလေး ထောင့်ကပ်ကာစဥ်းစားခန်းဝင်နေသည်။
ချစ်လိုက်ရတာ သည်းသော်ရယ်။
ကဲ.....ပြောစမ်း.....ကမ္ဘာမြေအဆုံးထိ ကို လိုက်ပို့ပါ့မယ်....စကြာဝဠာအထိလား.....ကို လိုက်ပို့ပါ့မယ် သည်းသော်ရယ်။
"ကို.....သိလား...."
ဝမ်းသာအားရမေးသံ....သူ သိသွားပြီပေါ့ honey moon ထွက်ချင်နေတဲ့နေရာ
"အင်း....အင်း....ပြောပြပါအုံး...ကိုယ့်အချစ်ကဘယ်သွားချင်တာလဲ"
"သော် ပြောဖူးတယ်လေ ကိုရယ်....ဦးလေးသန်းတို့ရွာလေ.....အရမ်းသာယာတာပါဆို....သော်သွားလည်ချင်တယ် ကို....အဲ့ရွာလေးကို သော်ချစ်တယ်"
"ဒါပေါ့....သော်လေး ကြိုက်တဲ့နေရာသွားမယ်လေ....ဒါနဲ့ သည်းသော်က အဲ့ရွာကိုအရမ်းသဘောကျတာလား"
"ဟုတ်....ကို...အရမ်းသ​​ဘောကျတယ်....ရွာလေးက သာယာလို့"
မျက်နှာလေးကို ဝင်းပလို့...အသံ​ေလးများရွှင်လို့...မျက်လုံးလေးများအရောင်တလက်လက်..... တကယ်ကြီး သော် သဘောကျတာပဲကိုး။
"အဲ့....ရွာမှာ အပြီးနေချင်လား....သော်"
"တကယ်လား....ကို...နေမယ်.... နေမယ်လေ..... ဟင်... ကို့အလုပ်ကရန်ကုန်မှာပဲဟာ....ကိုနော်...မဖြစ်နိုင်တာနဲ့ လူကိုနောက်တယ်"
"ကို့ သည်းသော် ဖြစ်ချင်ရင် အားလုံးဖြစ်နိုင်တယ်.... ဘာလို့မဖြစ်နိုင်ရမှာလဲ"
မိုးဦး....သော်ရဲ့ပါးနှစ်ဖက်ကို လက်နဲ့ဆွဲကာပြောသည်။
"ဟို.....ကိုရယ်.....သော်ပြောတာက ရုတ်တရက် အဲ့ရွာလေးသတိရလို့ ပြောမိတာပါ.....အပြီးနေဖို့တော့.... သော့်အတွက်နဲ့ လုပ်လို့ဖြစ်ပါ့မလား...ကို့က အရေးကြီးဆုံး"
မိုးဦးမေးဖျားကိုလှမ်းနမ်းရင်း...အချွဲပိုလိုက်သေးသည်။
ဒီက မကြွေဘူးဆိုတော့......လုပ်နေလိုက် သည်းသော်လေးရေ။
"သော်ရယ်.....ကို့ကိုယုံပါ....အရမ်း..... အရမ်း....ချစ်လို့....အားလုံးပုံအပ်ပေးချင်တယ်....ဘယ်လိုလုပ်မလဲ"
.
.
ကိုကလေ.....သော့်ကို ရူးအောင်လို့ စကားတွေတတ်နေတာ။
သော် စာမေးပွဲရှိလို့တဲ့....အိမ်အလုပ်သိပ်ကိုမခိုင်းတော့။ အားလုံးလိုလို ကိုကပဲ ရုံးမသွားခင်မှီအောင်လုပ်သည်။
အတူနေဖို့ဆို လုံးဝမတောင်းဆိုတော့။
လက်ထပ်ဖို့တော့ ခဏ ခဏပြောပေမဲ့ပေါ့.....
နမ်းလဲ သိပ်မနမ်းတော့.....ကိုက နမ်းမိရင် သော့်ကို ကြမ်းမိမှာစိုးလို့ ဆိုလားပဲ။
သော်ကတော့.....ကိုတောင်းဆိုလာခဲ့ရင်.....ဘယ် အင်အားနဲ့ ငြင်းရမှာလဲ။
ကို့ အနမ်းတွေနဲ့တင် လူက မူးမေ့ချင်တာ အခါခါလေ။
ကို့အနမ်းတွေ သော် စွဲလမ်းနေပြီ။
ကို့အနမ်းတွေ လွမ်းသည်။ အရမ်းလွမ်းမိသည်။
တွေးရင်း..... သော့်ကိုငုံ့ကြည့်နေတဲ့ ကို့လည်ပင်းဆီ သော့်လက်လေးများ ရောက်သွားသည်။
"ကို...."
တုန်ရီလှိုက်မောနေတဲ့....အသံတိုးဖွဖွ....
"ဟင်....သည်းသော်"
"သော်.....ကို့ကို နမ်းချင်တယ်"
မိုးဦး ခေါင်းငုံ့ပေးလိုက်တော့.....နှုတ်ခမ်းဆီကို လာထိတဲ့ လက်လေးတွေ...မိုးဥွီး မေးဖျားကနေဆွဲမော့်ကာ....
လည်ပင်းကို သော် စုပ်ယူသည်။ နမ်းသည်။ ဖွဖွလေး....နမ်းသည်။စိတ်တိုင်းကျအကြာကြီး နမ်းသည်။ မိုးဦးလို ကိုက်တော့မကိုက်ပါ။
ပြီးမှ မိုးဦး နှုတ်ခမ်းဆီ....သူ့နှုတ်ခမ်းလေး ဖိကပ်လာသည်။တကယ်တမ်း နမ်းဖို့တောင်းဆိုတာ သော် ဆိုပေမဲ့ နမ်းတော့ မိုးဦးပါပဲ။
တရှိုက်မက်မက်နမ်းမိသည်။ ညင်သာဖို့လဲမမေ့။
နမ်းမဝဘူး။ ထပ်ကာ ထပ်ကာ အနမ်းလှိုင်းလုံးကြီးပေါ်မှာ.....
ချစ်တယ်...သော်ရယ်.....
ကို အရမ်းချစ်တယ် သည်းသော်ရယ်........
.
.
.
.
.
.
.
ဆက်ရန်.....................
Zawgyi
Unicode
"အကို....အကိုမိုးဦး..." 
.
.
.
"သော်....သည်းသော်လေး"
"ဒါဆို ခဏပဲနော်.....ကို"
"ကို...."
"ဘာမေးမှာလဲ မေးလေ"
"ဟင့်အင်း....."
"အင်း...ပေးရမှာပေါ့"